အပိုင်း ၁၃၄။ တောင်းပန်မှုနဲ့ ပြန်ပေးဆပ်ရမှု
အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေလောက်တဲ့ အတိုက်ခိုက်ခံလိုက်ရမှုကတော့ ဒီစာကြောင်းနဲ့ပဲ အစပြုတာဖြစ်သည်။
အဲ့စာကြောင်းကို ကြားသွားကြတဲ့ လောင်နန်ရှုနဲ့ အခြားသူတွေရဲ့ မျက်နှာတို့က မရှုံ့တွသွားဘဲ မနေနိုင်တော့ပေ။ Rock Paper Scissors ကစားနည်းကို အရှုံးပေးခိုင်းတာဟာ တိုက်ရိုက်ယှဉ်ပြိုင် အနိုင်ယူလိုက်တာထက်ကို ထောင်ပေါင်းများစွာ အရှက်ရစေ၏။ လောင်နန်ရှုက ကနဦးတုန်းကတော့ သူ နိုင်နိုင် ရှုံးရှုံး ဂရုမစိုက်ခဲ့ပေမဲ့ သူ့အပေါ် အလွန်အမင်း ဂုဏ်ယူနေပြီး အခြားသူတွေအရှေ့ ကြွားလုံးထုတ်နေတတ်လေ့ရှိတဲ့ သူ့အဘိုးအတွက် မျက်နှာတော့ သူအပျက်မခံနိုင်။
သူ့အဘိုးသာ သူက စတောင် မစရသေးဘဲ အရှုံးပေးလိုက်တယ်ဆိုတာကို သိသွားခဲ့ရင် သူ့အဘိုးက တစ်စက္ကန့်အတွင်းမှာ ပေါ်လာပြီး အရှက်ရစေတဲ့သူ့ကို လည်ပင်ညှစ်သတ်ပစ်လိုက်မှာ ယုံမှားသံသယမရှိပေ။
"မလိုဘူး။ ငါ နိုင်နိုင်ရှုံးရှုံး၊ မျှမျှတတဖြစ်အောင် လုပ်မယ်။ စတောင် မပြိုင်ရသေးဘဲ ရှုံးပါတယ်လို့ ဝန်ခံရတာက ယောက်ျားတစ်ယောက် လုပ်မယ့်အရာမဟုတ်ဘူး။ အဲ့တာကြောင့် Rock Paper Scissors ဘယ်လိုကစားရသလဲဆိုတာ ငါ့ကို ရှင်းပြပေးပါ။" လောင်နန်ရှုက အမူအယာကင်းမဲ့စွာ ပြောလိုက်သည်။
"သနားစရာပဲ!' ဖုန့်ရှီက သက်ပြင်းလေးတွဲ့စွာ ချလိုက်၏၊ စိတ်ပျက်နေတဲ့ သူ့အမူအယာက ဖော်ပြလို့တောင် မရနိုင်ပေ။
လောင်နန်ရှုတစ်ယောက် သူ့အမူအယာထိန်းနိုင်စွမ်းတို့ ထပ်မံ ပျောက်ဆုံးသွားရပြန်သည်။ ဘာကို သနားစရာလဲ? သူက ရှုံးတယ်လို့ ဝန်မခံတာက သနားစရာလား?
ကြည့်ရတာတော့ အဲ့တာပဲဖြစ်လိမ့်မယ်။ ဖုန့်ရှီအပေါ် ရှိတဲ့ ကာလွမ်သလာရဲ့ နားလည်မှုအရ လောင်နန်ရှုကိုသာ ကိုယ်ချင်းစာသနားစိတ်နဲ့ မကြည့်မိဘဲ မနေနိုင်တော့ပေ။ ရည်မှန်းချက်ကြီးပြီး မာနကြီးတဲ့လူတစ်ယောက်က မြက်ပင်လေးတွေကို ဆုပ်ကိုင်နေရလောက်တဲ့အထိ ရယ်သွမ်းဖွယ်ဖြစ်ရပ် ဖြစ်သွားရရှာတယ်။ သူ သနားဂရုဏာမသက်မိဘူးဆိုရင် ညာတာပင်။ လောင်နန်ရှုက 'ကောင်းလိုက်တဲ့လုပ်ရပ်' ဆိုတဲ့စာကြောင်းမျိုးနဲ့ပတ်သက်လို့ သေချာပေါက် တွေးတော့မှာမဟုတ်ဘူးလို့ သူ ထင်မိသည်။
မသနားတော့ဘူး။ ဖုန့်ရှီက Rock Paper Scissors ကိုပဲ ရှင်းပြလိုက်တော့သည်။ မျှမျှတတဖြစ်ဖို့အတွက် သူက အကြိမ်အနည်းငယ်လောက် သရုပ်ပြလိုက်ပြီး လောင်နန်ရှုက နားလည်ကြောင်း ခေါင်းညိတ်လိုက်တဲ့အခါမှသာ သူတို့နှစ်ဦးသား နောက်ဆုံးတော့ ခရမ်းရောင်သလင်း တစ်သန်းလောင်းထားတဲ့ Rock Paper Scissors တစ်လှည့်တည်းနဲ့အပြတ် ပြိုင်ပွဲကို စတင်တော့သည်။
ဒါပေမဲ့ ဒီလောကကြီးမှာ ရိုးရှင်းတယ်ဆိုတာ ဘာမှ မရှိ။ လူနည်းစုကတော့ ပြဿနာရှာဖို့ အမြဲ ရှိနေမြဲပင်။
ဖုန့်ရှီနဲ့ လောင်နန်ရှုတို့ သူတို့ရဲ့ အင်္ကျီလက်တွေ ပင့်တင်လိုက်ပြီး Rock Paper Scissors ရွေးချယ်ဖို့ ပြုတော့မယ့်အချိန်မှာပဲ အပြင်ဘက်ကနေ ဒေါသတကြီး အော်ဟစ်လိုက်သံကြီးတစ်ခု ထွက်ပေါ်လာတာက၊ "မိမစစ် ဖမစစ်တွေ! ဘယ်သူလဲ? ဘယ်သူက ငါ့ညီကို အနာတရဖြစ်အောင်လုပ်တာလဲ? မင်းတို့ရဲ့ဖင်ကို ဒီသယ်လာခဲ့!"
သီနိုမိသားစုက သူ့အသံကို ကြားတဲ့အချိန်မှာတော့ ကယ်တင်ရှင် ရောက်လာသည့်အလား သူတို့ရဲ့ မျက်နှာအမူအယာက ချက်ချင်းပဲ အပျော်တွေနဲ့ ပြည့်သွားကြတော့သည်။ သူတို့က ပလိပ်ရောဂါ ကပ်ဘေး အကူးခံရမှာစိုးသည့်အလား တည်းခိုခန်းထဲကနေ အပြေးထွက်သွားကြပြီး မိုလန်းဘေးနားမှာရပ်နေတဲ့ အသက်လတ်အရွယ်ရှိတဲ့ မုတ်ဆိတ်ထူထူလူကြီးဆီသို့ အပြေးသွားလိုက်ကြတော့သည်။
မိုသောင် ပေါ်လာတာကို တွေ့လိုက်ရတော့ မိုလန်းရဲ့ လက်ဝဲကိုယ်ရံတော်က စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်တော့သည်။ ဒါပေမဲ့ သူ့မျက်နှာအမူအယာက ပူဆွေးသောကရောက်နေသလိုမျိုး၊ မခံမရပ်နိုင်အောင် နာကျည်းနေသလိုမျိုး ချက်ချင်းပဲ ပြောင်းသွားကာ အကျယ်ကြီး အော်လိုက်တော့၏၊ "အကြီးအကဲမိုသောင်၊ အကြီးအကဲမိုလန်းအတွက် လက်စားချေပေးရမယ်။"
"ဘာဖြစ်တာလဲ? ထရပ်ပြီး ငါ့ကိုပြောစမ်း "မိုသောင်ရဲ့ မျက်နှာက ဒေါသတွေနဲ့ ပြည့်နှက်နေကာ အရင်ကထက် ပိုလို့ ဟိတ်အပြည့် ဟန်အပြည့် ဖြစ်လို့နေသည်။
မိုသောင်နဲ့ မိုလန်က အမွှာတွေ ဖြစ်ကြပေမဲ့ သူတို့နှစ်ယောက်က ဘာတစ်ခုမှ မတူကြ။ တစ်ယောက်က ပိန်ပိန်ပါးပါး၊ တခြားတစ်ယောက်က သန်သန်မာမာ ထွားထွားကျိုင်းကျိုင်း။ သူတို့ရဲ့သွင်ပြင်က ကမ္ဘာကြီးလောက် ခြားနားပေမဲ့ အဲ့တာက သူတို့နှစ်ဦးကြားက သံယောဇဉ်ကိုတော့ သက်ရောက်မှုမရှိပေ။ အမွှာတွေကြားက စိတ်ဝိညာဉ်ဆက်သွယ်ချက်က သိသာထင်ရှားလွန်းလှကာ အဲ့တာကြောင့်လည်း မိုသောင် ဒီနေရာကို အတိအကျ ရောက်ချလာရခြင်းလည်း ဖြစ်သည်ပင်။ ရက် အတန်ကြာအောင် စိတ်မသက်မသာဖြစ်နေတဲ့ ခံစားချက်တို့က သူ့ရဲံ ကျင့်ကြံမှုကို စတင် နှောက်ယှက်နေခဲ့၏။
ပုံမှန်ဆို ကိစ္စတစ်ခုရှိတယ်ဆိုရင် အဲ့တာဆို မိုလန်းမှာ တစ်ခုခု ဖြစ်နေတဲ့ နမိတ်ဖြစ်တာကြောင့် မိုသောင်က လူတစ်ချို့နဲ့အတူ အပြေး လာခဲ့တာဖြစ်သည်။ ဒါပေမဲ့ သူတို့ ကောင်းကင် အနားသတ်မြို့ကို ရောက်တဲ့အချိန်မှာတော့ မိုလန်းရဲ့ ဖြစ်ရပ်ဆိုးအကြောင်း သိရှိသွားကြတာမို့ မိုသောင်က ဒီကို ဒေါနဲ့ မောနဲ့ အပြေး လာခဲ့တာဖြစ်သည်။ တရားခံကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဆုတ်ဖြဲချင်တာကလွဲရင် သူ ဘာမှ မလုပ်ချင်။
မိုသောင်က မိုလန်းနဲ့ မတူပေ။ သူတို့က အမွှာတွေ ဆိုပေမဲ့ သူတို့ရဲ့ ကျင့်ကြံဆင့်က အဆင့်တွေ တော်တော်လေး ကွာနေသည်။ အကြောင်းရင်းကတော့ မိုသောင်က လေ့ကျင့်ရတာကို နှစ်ခြိုက်ပြီး နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် အဆင့်ကိုး ထိပ်ဆုံးရောက်တဲ့အထိ ကျင့်ကြံပြီးပြီဖြစ်ကာ ကြီးမြတ်တဲ့ ကောင်းကင်နတ်ဘုရားကလွဲရင် ဒါမျိုး ရောက်နေတာ ပထမဆုံးသူလို့ ဆိုကြသည်။ အဲ့တာကြောင့်လည်း လက်ဝဲကိုယ်ရံတော်နဲ့ အခြားသူတွေက မိုသောင်ကို မြင်တော့် ဝမ်းသာသွားကြတာပဲဖြစ်သည်။ သူတို့က သခင်လေး မိုလန်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကို ချက်ချင်းပဲ အစီရင်ခံလိုက်ကြပေမဲ့ သူတို့ကနေ စပြီး ပြဿနာရှာတဲ့အပိုင်းကိုတော့ ချန်ထားခဲ့လိုက်ကြ၏။
"ငမိုက်သားတွေ! သီနိုမိသားစုကို အနိုင်ကျင့်လို့ရမယ်လို့ တကယ်ကြီဂ ထင်နေကြတာလား?" မိုသောင် ပိုနားထောင်ရလေလေ ပိုပြီး စိတ်တိုလာရလေလေပင်။ ဒေါသတွေ ပေါက်ထွက်တော့မယ့်အလား သူ့ရဲ့ နီစွေးနေတဲ့မျက်လုံးတို့နဲ့ တည်းခိုခန်းထဲကို ဝေ့ဝဲကြည့်လိုက်၏။ မိုသောင်ရဲ့ ရှုံ့တွနေတဲ့မျက်နှာက ရက်စက်တဲ့ ခြင်္သေ့တစ်ကောင်အလား အချိန်မရွေး ပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေသည်ပင်။
လက်ဝဲကိုယ်ရံတော်က ဆက်ပြောလိုက်သည်၊ "အကြီးအကဲမိုသောင်၊ တရားခံတွေက ဒီတည်းခိုခန်းထဲမှာ၊ အဲ့ဒီ့ လူနှစ်ယောက်ပဲ။"
မိုသောင်က လက်ဝဲကိုယ်ရံတော် ညွှန်ပြလိုက်တဲ့ဆီ ကြည့်လိုက်တော့ တောက်တောက်ပပ ပြုံးနေတဲ့ ကောင်လေးရဲ့မျက်နှာကို တွေ့လိုက်ရသည်။ သူ့နှလုံးသားထဲက ဒေါသတို့ ပိုကြီးထွားလာရပြီး သူ့လမ်းမှာ ပိတ်နေတဲ့လူတွေအကုန်လုံးကို တွန်းဖယ်ပစ်လိုက်၏။ သူက ခြေလှမ်းကျဲကြီးတွေနဲ့ တည်းခိုခနိးထဲကို ဝင်သွားလိုက်ကာ ကောင်လေးထံကို သတ်ဖြစ်ချင်စိတ်အပြည့်နဲ့ လျောက်သွားလိုက်သည်။ နှစ်မီတာလောက်ပဲ ကွာတော့တဲ့အချိန်မှာတော့ သူ့ကျောဘက်ကနေ လေးလံတဲ့ဓါးကြီးကို မပြောမဆိုနဲ့ ဆွဲထုတ်လိုက်ပြီး ကောင်လေးဆီ လွှဲယမ်းလိုက်၏။
မိုသောင်အကြောင်း ကောလဟလတွေ ကြားဖူးကြပေမဲ့ သူ ခုလိုမျိုး တိုက်ရိုက်ကြီး တိုက်ခိုက်လိမ့်မယ်လို့ သူတို့တွေထင်မထားခဲ့ကြပေ။
"မိုသောင်၊ မင်း အရမ်းလွန်မလာရင်ကောင်းမယ်။" လောင်နန်ရှုက လည်ပင်တွေ နီရဲလာကာ ဒေါသတကြီး အော်လိုက်၏။
ဒါပေမဲ့ အဲ့တာ အရမ်း နောက်ကျသွားပြီဖြစ်သည်။ အဲ့အပြင် သူနဲ့ မိုသောင်တို့အကြားက စွမ်းအားကွာဟချက်က အလွန်ကြီးမား၏။ သူအထိုးခံလိုက်ရမယ်ဆိုရင် အတွင်းဒဏ်ရာတွေ ရသွားမှာဖြစ်သည်။ ဒါပေမဲ့လည်း သူ ဘာမှမလုပ်ဘဲ မိုသောင် ဖုန့်ရှီနဲ့ အခြားသူတွေကို ထိခိုက်အောင် လုပ်မှာကိုတော့ ရပ်ပဲတော့ ကြည့်မနေနိုင်။ ငရဲမင်းကြီးက မိုလန်းကို တစ်ချက်တည်းနဲ့ အနိုင်တိုက်ခဲ့လိုက်တာကို သူ လုံးဝ မေ့သွား၏။ သူက တိုက်ခိုက်မှုကို အပြေး ကြားဝင်ဖျက်တော့မယ့်အချိန်မှာပဲ သူနဲ့အနီးဆုံးမှာရပ်နေတဲ့ ကျုံးဝူချင်းက သူ့ကို ချက်ချင်းပဲ တားလိုက်သည်။
"လောင်နန်ရှု၊ စိတ်မရှည်မဖြစ်နဲ့!"
ကျုံးဝူချင်းရဲ့ စကားတွေက သူ့ကို ချက်ချင်း တည်ငြိမ်သွားစေသည်။ သူ့ခေါင်းကို မော့ကြည့်လိုက်တော့ မိုသောင်ရဲ့ကိုယ်ခန္ဓာက တောင့်တောင့်ကြီးဖြစ်နေတာကို တွေ့သွား၏။ သူ့ရဲ့ ဓါးက သူ့ခေါင်းထက် ပင့်မြှောက်ထားလျက်တန်းလန်းကြီးနဲ့ အေးခဲတောင့်သွားသလိုမျိုးပင်။ မိုသောင်ရဲ့ အမူအယာက အတော့ကို အရုပ်ဆိုးနေကာ စိန်အဆိပ်မြိုချထားမိသည့်အလား ဖြစ်နေသည်။ ချွေးစက်တို့က ပဲစေ့အရွယ်လောက် ကြီးမားကာ သူ့နဖူထက်ကနေ တစ်စက်ချင်းစီ ကျနေ၏။ မိုသောင်ရဲ့ မျက်လုံးတို့က အဲ့ဒီ့အမျိုးသားကို အထိတ်တလန့်နဲ့ ကြည့်နေရင်းနဲ့ ရဲတွတ်နေသည်မှာ ကြေးနီရောင်ခေါင်းလောင်းတွေအလားပင်။
ငရဲမင်းကြီးက သက်တောင့်သက်သာနဲ့ ရေနွေးကြမ်းပူတစ်ခွက်ကို ငုံသောက်နေသည်။ သူ့ရဲ့ ရေဆာနေမှုကို ဖြေလျော့ဖို့အတွက်ပဲဆိုပေမဲ့ သူ့အနေနဲ့ ဒီရေနွေးကြမ်းကို သောက်ရတာ အရသာ အတော် ကောင်းတယ်လို့ ခံစားရ၏။
ဖုန့်ရှီက နာခံစွာနဲ့ပင် သူ့ခွက်ကို အဆက်မပြတ် ဖြည့်ပေးနေရင်း ဓါးဆွဲထုတ်လိုက်တဲ့ ချွေးပြိုက်ပြိုက်ကျနေတဲ့ မိုသောင်ကို သိချင်စိတ်အပြည့်နဲ့ ကြည့်လိုက်၏။ သူ့မျက်နှာပေါ်က အပြုံးက ပိုလို့ တောက်ပကြီးမားလာသည်မှာ မျောက်တွေ လျောက်ပတ်ပြေးနေတာကိုကြည့်နေသည့်အလား။ 'အို၊ အဲ့တာမမှန်ဘူး၊ လူဝံကြီးဆိုတာကမှ ပိုအဓိပ္ပါယ်ရှိမယ်' လို့ တွေးလိုက်ပြီးနောက် မီးကို ဆီဖြည့်လိုက်၏။
"ခေါင်းဆောင်၊ သူ ဘာဖြစ်နေတာလဲ? သူ့ကျောရိုး အဆစ်လွဲသွားတာလား?"
"ဖြစ်နိုင်ပါတယ်!" ငရဲမင်းကြီက ပူးပေါင်းမှုရှိရှိနဲ့ ပြန်ဖြေလိုက်သည်။
ဖုန့်ရှီက ခပ်မြန်မြန် သက်ပြင်းချလိုက်ကာ၊ "ထင်ထားတဲ့အတိုင်းပဲ၊ လူတွေက အသက်ကြီးလာရင် အသုံးမတည့် ဖြစ်လာကြတာပဲ။ ကျောရိုးဆစ်လွဲသွားတာက သူ့ဓါးကို ဆွဲထုတ်လိုက်လို့ဖြစ်မယ်။ ကျွန်တော်သာဆိုရင် .... ကျွန်တော် အိမ်မှာပဲ နေနေလိုက်တော့မှာ။"
"တကယ်လို့ ရှီ တကယ်ပဲ အဲ့လိုလုပ်နိုင်တယ်ဆိုရင် အဲ့တာဆို ကိုယ်က ရှီ့ကို အိုမင်းသွားအောင် လုပ်နိုင်တယ်။" ငရဲမင်းကြီးက ခပ်ဖော့ဖော့ပြုံးလိုက်၏။
ဖုန့်ရှီက သူ့နှာခေါင်းကို သူ ထိလိုက်ပြီးနောက် ခပ်ရှက်ရှက်ပဲ ပြောလိုက်တော့သည်၊ "အာ....မလိုပါဘူး.. မလိုဘူး။ ကျွန်တော် သူ့လိုမျိုး အဆုံးသတ်သွားရမယ်ဆိုရင်တော့ ကျွန်တော် အသက်ဆယ့်ရှစ်နှစ်နဲ့ လူစွမ်းကောင်းတစ်ယောက်ဖြစ်လာတာကပဲ ပိုကောင်းလိမ့်မယ်!"
လူအုပ်ထဲက အချို့က သူ့ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတို့ကြောင့် မြူးလာပြီး ရယ်ချင်တာကို မထိန်းနိုင်ဖြစ်လာရကာ လေထုက အနည်းငယ် ပျော့ပျောင်းသွား၏။
မိုသောင်တစ်ယောက်မှာတော့ သူ့မျက်နှာကြီး ရဲတွက်လာတဲ့အထိ ရယ်သွမ်းသွေးခံနေရတာကြောင့် သူ့နှလုံးသာားထဲက ဒေါသတရားတို့က တစ်လိပ်လိပ်တက်လာပေမဲ့ ဘယ်ပုံချရမှန်းမသိ ဖြစ်နေရသည်။ အဲ့အပြင် သူ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ သူ့ဓါးကို ဆွဲမထုတ်နိုင်ဖြစ်နေတာကြောင့် အဆုံးမတော့ လက်လျော့လိုက်ရတော့၏။ တစ်ချိန်တည်းမှာပဲ မရယ်မပြုံးမျက်နှာနဲ့လူကြီးက သူ့ထက် ပိုပြီး စွမ်းအားကြီးနေတယ်ဆိုတာကို သူ သိလိုက်ရသည်။ သီနိုမိသားစုက အလွန်အမင်း မာထန်လွန်းလှတဲ့ သတ္တုပြားကို ကန်မိသွားပြီဆိုတာ သူ နောက်ဆုံးတော့ သိသွားတော့သည်။
"ဆြာ ဘယ်လိုလုပ်ချင်တာပါလဲ?" မိုသောင်ရဲ့မျက်နှာက ပိုလို့ နက်မှောင်လာပြီး နောက်ဆုံးတော့ သူ့ရဲ့ မောက်မာတဲ့ သဘောထားကို လွှတ်ချလိုက်ကာ သူ့ကိုယ်သူ နှိမ်ချလို့ အစပြုကာ စကားပြောလိုက်သည်။
ငရဲမင်းကြီးက ရေနွေးကြမ်းပန်းကန်ရဲ့ နှုတ်ခမ်းသားကို ပွတ်နေရင်းနဲ့ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး၊ "ဘာမှမလုပ်ချင်ဘူး။"
"မင်း...." မိုသောင်က ထပ်မံအေးခဲတောင့်တင်းသွားတာမို့ စကားလုံးတို့ ထပ်မပြောနိုင်တော့ပေ။ အကျိုးဆက်အနေနဲ့ သူက ငရဲမင်းကြီးကို အစိမ်းလိုက် စူးစူးရဲရဲ စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဖုန့်ရှီက ငရဲမင်းကြီးရဲ့ အင်္ကျီလက်ကို ဆွဲလိုက်ရင်း သူ့မျက်လုံးတို့နဲ့ သူ့သွားစွယ်တို့က လက်ခနဲ ဖြစ်နေ၏။
ငရဲမင်းကြီးက သူ့ကို ပြုံးနေတဲ့မျက်လုံးတို့နဲ့ ကြ်ည့လိုက်ပြီးနောက် ချက်ချင်းပဲ ကောင်လေး သူ့ကိုပြောချင်နေတဲ့ စကားကို သိသွားတာကြောင့် မိုသောင်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးတို့က အေးစက်လာကာ မြှောက်ထားတဲ့ ရေနွေးကြမ်းပန်းကန်ကို ချလိုက်ပြီးနောက် ညှိနှိုင်းခွင့်မရှိတဲ့အပြုအမူနဲ့ ပြောလိုက်တာက၊ "တောင်းပန်!"
မိုသောင်က ဒေါသငယ်ထိပ်ရောက်သွားတာကြောင့် မထိန်းနိုင်မသိမ်းနိုင်ဖြစ်လုလု ဖြစ်သွားပြီး ငရဲမင်းကြီးကို သူ့ရဲ့ နက်မှောင်နေတဲ့မျက်လုံးအစုံနဲ့ စိုက်ကြည့်လိုက်သည်။
သီနိုမိသားစုဝင်က အတိုက်ခံရသူဆိုတာ ရှင်းနေပါလျက်နဲ့ တိုက်ခိုက်လိုက်သူက မတောင်းပန်တဲ့အပြင် သူတောင်းပန်တာကိုတောင် ခံချင်သေးတယ်။ ဒါ သီနိုမိသားစုက အပြင်ပန်းမှာတော့ သန်မာချင်ယောင် ဆောင်နေပြီး တကယ်တမ်းတော့ အတွင်းဘက်မှာ ပျော့ညံ့အားနည်းတဲ့သူလို့ ကမ္ဘာကြီးကို ပြောချင်နေတာမဟုတ်ဘူးလား? သူတို့ကို အနိုင်ကျင့်လိုကတဲ့ ဒီနှစ်ယောက်သုံးယောက်လောက်ကိုတောင် သူတို့ ပြန်မတုံ့ပြန်နိုင်သေးဘူး။ တကယ်လို့ ဒီသတင်းသား ပျံ့သွားမယ်ဆိုရင် သူတို့ရဲ့ ဂုဏ်သတင်းက ဟိုးအောက်ခြေအထိ ကျသွားရုံသာမကဘူး၊ သီနိုကုန်သည်ကြီးများအသင်းရဲ့ ကျော်ကြားမှုနဲ့ ဂုဏ်သိက္ခာပါ ရေစုန်မြောသွားမှာ!
သီနိုမိသားစုလို စွမ်းအားကြီးတဲ့ အင်အားစုတစ်ခုအနေနဲ့ တခြားသူတွေက သူတို့အပေါ်ထားတဲ့ မလိုမုန်းထားမှုက စုပုံလိုက်ရင် သမုဒ္ဒရာကြီးတစ်ခုလုံးပြည့်လောက်တဲ့အထိ များပြားလွန်းလှသည်။ အဲ့အပြင် သူတို့ပတ်လည်က အင်အားစုအသေးတွေက မိသားစုရဲ့ ဂုဏ်သတင်းနဲ့ အင်အားကြီးမားမှုတို့ကြောင့် ဘာပြဿနာမှ မရှာရဲကြတာဖြစ်သည်။ အဲ့တာကြောင့် အင်အားကြီးတဲ့ မိသားစုတစ်ခုက သူတို့ရဲ့ ဂုဏ်သတင်းကို နည်းနည်းလေးတောင်မှ အထိခိုက်မခံနိုင်ကြတာပင်။
လူရှေ့သူရှေ့ တောင်းပန်ရတာထက် သူ့ကို သတ်လိုက်တာကမှ နာကျင်မှု ပိုသက်သာဦးမည်။
မိုသောင်က ကျင့်ကြံရတာကို နှစ်ခြိုက်ပေမဲ့ သူက သူ့အဆင့် သူမသိသူတော့မဟုတ်တာကြောင့် တောင်းပန်ရုံကလွဲပြီး အခြားနည်းလမ်း မရှိဖြစ်နေသည်!
"မိသားစုနဲ့ နာမည်ဂုဏ်သတင်းကြောင့် ငါ တောင်းပန်နိုင်တာ ဘာမှမရှိဘူး။ ဒီနေ့ဖြစ်ရပ်နဲ့ပတ်သက်ရင် ဆြာက တကယ်ပဲ မှန်နေပါရဲ့လား? သီနိုမိသားစုက ဘာ့ကြောင့် တောင်းပန်ပြင်ဆင်ပေးရမှာလဲ?" မိုသောင်က ဖြစ်ရပ်ရဲ့ အကြောင်းရင်းကို မသိသလို၊ လက်ဝဲကိုယ်ရံတော်က သခင်လေးလုပ်ခဲ့တဲ့ အရှုပ်ထုပ်တစ်ခုလုံးကို သူ့ကို မပြောပြနိုင်ပေ။ သူ့အနေနဲ့ အမှန်တရားတစ်စိတ်တစ်ဒေသကို ပြောနိုင်ပေမဲ့လည်း သူ့ကိုယ်သူတော့ ကြိုးကွင်းမစွပ်နိုင်။
"လူဝံကြီး၊ မင်း မှားနေပြီ။" ဖုန့်ရှီက ပြောလိုက်သည်။
ငါပြောတဲ့ထဲမှာ ဘယ်အပိုင်းက မှားနေလို့လဲ?" မိုသောင်က ကောင်လေး သူ့ကိုညွှန်းဆိုလိုက်တဲ့ နာမည်ပြောင်ကို မကြိုက်ပေမဲ့လည်း အငြင်းပွါးရမယ့်အချိန်မဟုတ်ပေ။ သူပြောခဲ့တာမှာ အမှားပါတယ်လို့ သူမထင်သလို မိသားစုရဲ့ နာမည်ဂုဏ်သတင်းကလည်း သီနိုမိသားစုဝင်တပည့်တိုင်း တလေးတစား လိုက်နာရမည့်အရာပဲဖြစ်သည်။
ဖုန့်ရှီက လက်ညှိုးငေါက်ငေါက်ထိုးလိုက်ရင်း၊ "မင်းပြောသမျှ အကုန်လုံးက အမှားတွေချည်းပဲ။ ဒီပြဿနာတွေရဲ့ အစကက မင်းတို့ရဲ့ ဆိုးသွမ်းနေတဲ့ သခင်လေးကနေ စတာပဲ။ အဲ့တာ သူ့အမှား! မင်း ငါ့ကို မယုံရင် မင်းလူတွေကို မင်းမေးကြည့်။ စိတ်မပူပါနဲ့၊ တကယ်လို့ သူတို့တွေ အမှန်တရားကို ဖုံးကွယ်ထားရဲရင် ငါ သူတို့ကို အဆိပ်ခတ်ပြီး အသံတိတ်သွားအောင် လုပ်လိုက်မယ်!"
သူက သူတို့ကို ခြိမ်းခြောက်လိုက်တာ။ သူက သေချာပေါက်ကြီးကို သူတို့ကို ခြိမ်းခြောက်လိုက်တာ!
မိုသောင် သွေးအန်လုလု ဖြစ်သွားရပေမဲ့ သူက လက်ဝဲကိုယ်ရံတော်ကိုတော့ လှမ်းခေါ်လိုက်သေးသည်။
တစ်ဖက်လူက သူ့ကို ရည်ညွှန်းလိုက်တာကို ကြားတော့ လူအုပ်ကြားထဲ ပြေးဝင်ပုန်းလိုက်ချင်တော့သည်။ ဒါပေမဲ့လည်း အဆုံးမတော့ သူ ထွက်မပြေးနိုင်ပေ။ မိုသောင်ရဲ့ ဟိန်းဟောက်သံကို ကြားတော့ သူက သဘာဝမကျတဲ့မျက်နှာအမူအယာနဲ့ လျှောက်လှမ်းကာ ထွက်လာ၏။ သူနဲ့အတူ တခြားသူတစ်ယောက်ကိုပါ အပါ ဆွဲခေါ်လာခဲ့သည်။ အဲ့လူကတော့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့သူဖြစ်တဲ့ ချွမ်ရှန်းပင်။
အကြီးအကဲမိုသောင်ရဲ့ မျက်နှာပေါ်က ဒေါသတရားတို့ကို ရင်ဆိုင်လိုက်ရတော့ ချွမ်ရှန်း မညာဝံ့တော့ဘဲ ဖြစ်ရပ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်တော့သည်။ ဒါပေမဲ့ သူ ပိုပြီး ပြောလေလေ၊ မိုသောင်ရဲ့ မျက်နှာ ပိုလို့ နက်မှောင်လာလေလေပင်။ သူပြောလိုက်တဲ့စကားတွေထဲမှာ ဘာက ဒီလိုဖြစ်စေတာလဲဆိုတာ တွေးနေရင်းနဲ့ပဲ သူ့ခေါင်းကို သူ အမှုန့်မှုန့်ဖြစ်အောင် ကြိတ်ခြေချင်နေတော့သည်။ ဒါပေမဲ့လည်း သူ့မှာ နောင်တရဖို့ အချိန်မရှိပေ။
မိုသောင်က ကျိုးကြောင်းမဆုံးဖြတ်နိုင်သူတစ်ယောက်တော့မဟုတ်။ မိုလန်လိုပဲ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် သူ ဂရုမစိုက်၊ သီနိုမိသားစုကို လာစော်ကားအနိုင်ကျင့်ဝံ့သူ ဘယ်သူမဆို သူတို့ ပြန်တိုက်ခိုက်ဖို့ တုန့်ဆိုင်းနေမှာမဟုတ်ပေ။ ဒါပေမဲ့ အဲ့တာကလည်း ပြိုင်ဖက်က သူတို့ထက် အားနည်းတဲ့သူဖြစ်ရမယ်ဆိုတဲ့ အခြေခံအချက်ပေါ် မူတည်နေတာကြောင့် ပြိုင်ဖက်က ထင်မှတ်မထားလောက်အောင် သန်မာအားကြီးနေတဲ့ ပညာရှင်တစ်ယောက်ဖြစ်တဲ့အချိန်မှာတော့ သီနိုမိသားစုရဲ့ မောက်မာမှုနဲ့ ရက်စက်ရုန့်ရင်းကြမ်းတမ်းမှုတို့က အလုပ်မဖြစ်တော့ချေ။
"ဘာဖြစ်လို့လဲ၊ လူဝံကြီး?" ဖုန့်ရှီက သူ့ကို အပြုံးတစ်ပွင့်နဲ့အတူ မေးလိုက်သည်။
20220327; 1145
Stay tuned for the next chapter:
135. The King of the Netherworld's Warning
🥰Thanks for reading, sharing, comments and votes.🥰
—————————— 👀 —————————
အပိုင္း ၁၃၄။ ေတာင္းပန္မႈနဲ႔ ျပန္ေပးဆပ္ရမႈ
အစိတ္စိတ္အမႊာမႊာ ျဖစ္သြားေစေလာက္တဲ့ အတိုက္ခိုက္ခံလိုက္ရမႈကေတာ့ ဒီစာေၾကာင္းနဲ႔ပဲ အစျပဳတာျဖစ္သည္။
အဲ့စာေၾကာင္းကို ၾကားသြားၾကတဲ့ ေလာင္နန္ရႈနဲ႔ အျခားသူေတြရဲ့ မ်က္ႏွာတို႔က မရႈံ႔တြသြားဘဲ မေနနိုင္ေတာ့ေပ။ Rock Paper Scissors ကစားနည္းကို အရႈံးေပးခိုင္းတာဟာ တိုက္ရိုက္ယွဥ္ၿပိဳင္ အနိုင္ယူလိုက္တာထက္ကို ေထာင္ေပါင္းမ်ားစြာ အရွက္ရေစ၏။ ေလာင္နန္ရႈက ကနဦးတုန္းကေတာ့ သူ နိုင္နိုင္ ရႈံးရႈံး ဂ႐ုမစိုက္ခဲ့ေပမဲ့ သူ႔အေပၚ အလြန္အမင္း ဂုဏ္ယူေနၿပီး အျခားသူေတြအေရွ႕ ႂကြားလုံးထုတ္ေနတတ္ေလ့ရွိတဲ့ သူ႔အဘိုးအတြက္ မ်က္ႏွာေတာ့ သူအပ်က္မခံနိုင္။
သူ႔အဘိုးသာ သူက စေတာင္ မစရေသးဘဲ အရႈံးေပးလိုက္တယ္ဆိုတာကို သိသြားခဲ့ရင္ သူ႔အဘိုးက တစ္စကၠန္႔အတြင္းမွာ ေပၚလာၿပီး အရွက္ရေစတဲ့သူ႔ကို လည္ပင္ညႇစ္သတ္ပစ္လိုက္မွာ ယုံမွားသံသယမရွိေပ။
"မလိုဘူး။ ငါ နိုင္နိုင္ရႈံးရႈံး၊ မၽွမၽွတတျဖစ္ေအာင္ လုပ္မယ္။ စေတာင္ မၿပိဳင္ရေသးဘဲ ရႈံးပါတယ္လို႔ ဝန္ခံရတာက ေယာက္်ားတစ္ေယာက္ လုပ္မယ့္အရာမဟုတ္ဘူး။ အဲ့တာေၾကာင့္ Rock Paper Scissors ဘယ္လိုကစားရသလဲဆိုတာ ငါ့ကို ရွင္းျပေပးပါ။" ေလာင္နန္ရႈက အမူအယာကင္းမဲ့စြာ ေျပာလိုက္သည္။
"သနားစရာပဲ!' ဖုန္႔ရွီက သက္ျပင္းေလးတြဲ႕စြာ ခ်လိုက္၏၊ စိတ္ပ်က္ေနတဲ့ သူ႔အမူအယာက ေဖာ္ျပလို႔ေတာင္ မရနိုင္ေပ။
ေလာင္နန္ရႈတစ္ေယာက္ သူ႔အမူအယာထိန္းနိုင္စြမ္းတို႔ ထပ္မံ ေပ်ာက္ဆုံးသြားရျပန္သည္။ ဘာကို သနားစရာလဲ? သူက ရႈံးတယ္လို႔ ဝန္မခံတာက သနားစရာလား?
ၾကည့္ရတာေတာ့ အဲ့တာပဲျဖစ္လိမ့္မယ္။ ဖုန္႔ရွီအေပၚ ရွိတဲ့ ကာလြမ္သလာရဲ့ နားလည္မႈအရ ေလာင္နန္ရႈကိုသာ ကိုယ္ခ်င္းစာသနားစိတ္နဲ႔ မၾကည့္မိဘဲ မေနနိုင္ေတာ့ေပ။ ရည္မွန္းခ်က္ႀကီးၿပီး မာနႀကီးတဲ့လူတစ္ေယာက္က ျမက္ပင္ေလးေတြကို ဆုပ္ကိုင္ေနရေလာက္တဲ့အထိ ရယ္သြမ္းဖြယ္ျဖစ္ရပ္ ျဖစ္သြားရရွာတယ္။ သူ သနားဂ႐ုဏာမသက္မိဘူးဆိုရင္ ညာတာပင္။ ေလာင္နန္ရႈက 'ေကာင္းလိုက္တဲ့လုပ္ရပ္' ဆိုတဲ့စာေၾကာင္းမ်ိဳးနဲ႔ပတ္သက္လို႔ ေသခ်ာေပါက္ ေတြးေတာ့မွာမဟုတ္ဘူးလို႔ သူ ထင္မိသည္။
မသနားေတာ့ဘူး။ ဖုန္႔ရွီက Rock Paper Scissors ကိုပဲ ရွင္းျပလိုက္ေတာ့သည္။ မၽွမၽွတတျဖစ္ဖို႔အတြက္ သူက အႀကိမ္အနည္းငယ္ေလာက္ သ႐ုပ္ျပလိုက္ၿပီး ေလာင္နန္ရႈက နားလည္ေၾကာင္း ေခါင္းညိတ္လိုက္တဲ့အခါမွသာ သူတို႔ႏွစ္ဦးသား ေနာက္ဆုံးေတာ့ ခရမ္းေရာင္သလင္း တစ္သန္းေလာင္းထားတဲ့ Rock Paper Scissors တစ္လွည့္တည္းနဲ႔အျပတ္ ၿပိဳင္ပြဲကို စတင္ေတာ့သည္။
ဒါေပမဲ့ ဒီေလာကႀကီးမွာ ရိုးရွင္းတယ္ဆိုတာ ဘာမွ မရွိ။ လူနည္းစုကေတာ့ ျပႆနာရွာဖို႔ အျမဲ ရွိေနျမဲပင္။
ဖုန္႔ရွီနဲ႔ ေလာင္နန္ရႈတို႔ သူတို႔ရဲ့ အကၤ်ီလက္ေတြ ပင့္တင္လိုက္ၿပီး Rock Paper Scissors ေရြးခ်ယ္ဖို႔ ျပဳေတာ့မယ့္အခ်ိန္မွာပဲ အျပင္ဘက္ကေန ေဒါသတႀကီး ေအာ္ဟစ္လိုက္သံႀကီးတစ္ခု ထြက္ေပၚလာတာက၊ "မိမစစ္ ဖမစစ္ေတြ! ဘယ္သူလဲ? ဘယ္သူက ငါ့ညီကို အနာတရျဖစ္ေအာင္လုပ္တာလဲ? မင္းတို႔ရဲ့ဖင္ကို ဒီသယ္လာခဲ့!"
သီနိုမိသားစုက သူ႔အသံကို ၾကားတဲ့အခ်ိန္မွာေတာ့ ကယ္တင္ရွင္ ေရာက္လာသည့္အလား သူတို႔ရဲ့ မ်က္ႏွာအမူအယာက ခ်က္ခ်င္းပဲ အေပ်ာ္ေတြနဲ႔ ျပည့္သြားၾကေတာ့သည္။ သူတို႔က ပလိပ္ေရာဂါ ကပ္ေဘး အကူးခံရမွာစိုးသည့္အလား တည္းခိုခန္းထဲကေန အေျပးထြက္သြားၾကၿပီး မိုလန္းေဘးနားမွာရပ္ေနတဲ့ အသက္လတ္အရြယ္ရွိတဲ့ မုတ္ဆိတ္ထူထူလူႀကီးဆီသို႔ အေျပးသြားလိုက္ၾကေတာ့သည္။
မိုေသာင္ ေပၚလာတာကို ေတြ႕လိုက္ရေတာ့ မိုလန္းရဲ့ လက္ဝဲကိုယ္ရံေတာ္က စိတ္သက္သာရာရစြာနဲ႔ သက္ျပင္းခ်လိုက္ေတာ့သည္။ ဒါေပမဲ့ သူ႔မ်က္ႏွာအမူအယာက ပူေဆြးေသာကေရာက္ေနသလိုမ်ိဳး၊ မခံမရပ္နိုင္ေအာင္ နာက်ည္းေနသလိုမ်ိဳး ခ်က္ခ်င္းပဲ ေျပာင္းသြားကာ အက်ယ္ႀကီး ေအာ္လိုက္ေတာ့၏၊ "အႀကီးအကဲမိုေသာင္၊ အႀကီးအကဲမိုလန္းအတြက္ လက္စားေခ်ေပးရမယ္။"
"ဘာျဖစ္တာလဲ? ထရပ္ၿပီး ငါ့ကိုေျပာစမ္း "မိုေသာင္ရဲ့ မ်က္ႏွာက ေဒါသေတြနဲ႔ ျပည့္ႏွက္ေနကာ အရင္ကထက္ ပိုလို႔ ဟိတ္အျပည့္ ဟန္အျပည့္ ျဖစ္လို႔ေနသည္။
မိုေသာင္နဲ႔ မိုလန္က အမႊာေတြ ျဖစ္ၾကေပမဲ့ သူတို႔ႏွစ္ေယာက္က ဘာတစ္ခုမွ မတူၾက။ တစ္ေယာက္က ပိန္ပိန္ပါးပါး၊ တျခားတစ္ေယာက္က သန္သန္မာမာ ထြားထြားက်ိဳင္းက်ိဳင္း။ သူတို႔ရဲ့သြင္ျပင္က ကမၻာႀကီးေလာက္ ျခားနားေပမဲ့ အဲ့တာက သူတို႔ႏွစ္ဦးၾကားက သံေယာဇဥ္ကိုေတာ့ သက္ေရာက္မႈမရွိေပ။ အမႊာေတြၾကားက စိတ္ဝိညာဥ္ဆက္သြယ္ခ်က္က သိသာထင္ရွားလြန္းလွကာ အဲ့တာေၾကာင့္လည္း မိုေသာင္ ဒီေနရာကို အတိအက် ေရာက္ခ်လာရျခင္းလည္း ျဖစ္သည္ပင္။ ရက္ အတန္ၾကာေအာင္ စိတ္မသက္မသာျဖစ္ေနတဲ့ ခံစားခ်က္တို႔က သူ႔ရဲံ က်င့္ႀကံမႈကို စတင္ ေႏွာက္ယွက္ေနခဲ့၏။
ပုံမွန္ဆို ကိစၥတစ္ခုရွိတယ္ဆိုရင္ အဲ့တာဆို မိုလန္းမွာ တစ္ခုခု ျဖစ္ေနတဲ့ နမိတ္ျဖစ္တာေၾကာင့္ မိုေသာင္က လူတစ္ခ်ိဳ႕နဲ႔အတူ အေျပး လာခဲ့တာျဖစ္သည္။ ဒါေပမဲ့ သူတို႔ ေကာင္းကင္ အနားသတ္ၿမိဳ႕ကို ေရာက္တဲ့အခ်ိန္မွာေတာ့ မိုလန္းရဲ့ ျဖစ္ရပ္ဆိုးအေၾကာင္း သိရွိသြားၾကတာမို႔ မိုေသာင္က ဒီကို ေဒါနဲ႔ ေမာနဲ႔ အေျပး လာခဲ့တာျဖစ္သည္။ တရားခံကို အပိုင္းပိုင္းအစစ ျဖစ္ေအာင္ ဆုတ္ျဖဲခ်င္တာကလြဲရင္ သူ ဘာမွ မလုပ္ခ်င္။
မိုေသာင္က မိုလန္းနဲ႔ မတူေပ။ သူတို႔က အမႊာေတြ ဆိုေပမဲ့ သူတို႔ရဲ့ က်င့္ႀကံဆင့္က အဆင့္ေတြ ေတာ္ေတာ္ေလး ကြာေနသည္။ အေၾကာင္းရင္းကေတာ့ မိုေသာင္က ေလ့က်င့္ရတာကို ႏွစ္ၿခိဳက္ၿပီး နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ အဆင့္ကိုး ထိပ္ဆုံးေရာက္တဲ့အထိ က်င့္ႀကံၿပီးၿပီျဖစ္ကာ ႀကီးျမတ္တဲ့ ေကာင္းကင္နတ္ဘုရားကလြဲရင္ ဒါမ်ိဳး ေရာက္ေနတာ ပထမဆုံးသူလို႔ ဆိုၾကသည္။ အဲ့တာေၾကာင့္လည္း လက္ဝဲကိုယ္ရံေတာ္နဲ႔ အျခားသူေတြက မိုေသာင္ကို ျမင္ေတာ့္ ဝမ္းသာသြားၾကတာပဲျဖစ္သည္။ သူတို႔က သခင္ေလး မိုလန္နဲ႔ပတ္သက္တဲ့ ျဖစ္ရပ္ေတြကို ခ်က္ခ်င္းပဲ အစီရင္ခံလိုက္ၾကေပမဲ့ သူတို႔ကေန စၿပီး ျပႆနာရွာတဲ့အပိုင္းကိုေတာ့ ခ်န္ထားခဲ့လိုက္ၾက၏။
"ငမိုက္သားေတြ! သီနိုမိသားစုကို အနိုင္က်င့္လို႔ရမယ္လို႔ တကယ္ႀကီဂ ထင္ေနၾကတာလား?" မိုေသာင္ ပိုနားေထာင္ရေလေလ ပိုၿပီး စိတ္တိုလာရေလေလပင္။ ေဒါသေတြ ေပါက္ထြက္ေတာ့မယ့္အလား သူ႔ရဲ့ နီေစြးေနတဲ့မ်က္လုံးတို႔နဲ႔ တည္းခိုခန္းထဲကို ေဝ့ဝဲၾကည့္လိုက္၏။ မိုေသာင္ရဲ့ ရႈံ႔တြေနတဲ့မ်က္ႏွာက ရက္စက္တဲ့ ျခေသၤ့တစ္ေကာင္အလား အခ်ိန္မေရြး ေပါက္ကြဲဖို႔ အဆင္သင့္ျဖစ္ေနသည္ပင္။
လက္ဝဲကိုယ္ရံေတာ္က ဆက္ေျပာလိုက္သည္၊ "အႀကီးအကဲမိုေသာင္၊ တရားခံေတြက ဒီတည္းခိုခန္းထဲမွာ၊ အဲ့ဒီ့ လူႏွစ္ေယာက္ပဲ။"
မိုေသာင္က လက္ဝဲကိုယ္ရံေတာ္ ညႊန္ျပလိုက္တဲ့ဆီ ၾကည့္လိုက္ေတာ့ ေတာက္ေတာက္ပပ ျပဳံးေနတဲ့ ေကာင္ေလးရဲ့မ်က္ႏွာကို ေတြ႕လိုက္ရသည္။ သူ႔ႏွလုံးသားထဲက ေဒါသတို႔ ပိုႀကီးထြားလာရၿပီး သူ႔လမ္းမွာ ပိတ္ေနတဲ့လူေတြအကုန္လုံးကို တြန္းဖယ္ပစ္လိုက္၏။ သူက ေျခလွမ္းက်ဲႀကီးေတြနဲ႔ တည္းခိုခနိးထဲကို ဝင္သြားလိုက္ကာ ေကာင္ေလးထံကို သတ္ျဖစ္ခ်င္စိတ္အျပည့္နဲ႔ ေလ်ာက္သြားလိုက္သည္။ ႏွစ္မီတာေလာက္ပဲ ကြာေတာ့တဲ့အခ်ိန္မွာေတာ့ သူ႔ေက်ာဘက္ကေန ေလးလံတဲ့ဓါးႀကီးကို မေျပာမဆိုနဲ႔ ဆြဲထုတ္လိုက္ၿပီး ေကာင္ေလးဆီ လႊဲယမ္းလိုက္၏။
မိုေသာင္အေၾကာင္း ေကာလဟလေတြ ၾကားဖူးၾကေပမဲ့ သူ ခုလိုမ်ိဳး တိုက္ရိုက္ႀကီး တိုက္ခိုက္လိမ့္မယ္လို႔ သူတို႔ေတြထင္မထားခဲ့ၾကေပ။
"မိုေသာင္၊ မင္း အရမ္းလြန္မလာရင္ေကာင္းမယ္။" ေလာင္နန္ရႈက လည္ပင္ေတြ နီရဲလာကာ ေဒါသတႀကီး ေအာ္လိုက္၏။
ဒါေပမဲ့ အဲ့တာ အရမ္း ေနာက္က်သြားၿပီျဖစ္သည္။ အဲ့အျပင္ သူနဲ႔ မိုေသာင္တို႔အၾကားက စြမ္းအားကြာဟခ်က္က အလြန္ႀကီးမား၏။ သူအထိုးခံလိုက္ရမယ္ဆိုရင္ အတြင္းဒဏ္ရာေတြ ရသြားမွာျဖစ္သည္။ ဒါေပမဲ့လည္း သူ ဘာမွမလုပ္ဘဲ မိုေသာင္ ဖုန္႔ရွီနဲ႔ အျခားသူေတြကို ထိခိုက္ေအာင္ လုပ္မွာကိုေတာ့ ရပ္ပဲေတာ့ ၾကည့္မေနနိုင္။ ငရဲမင္းႀကီးက မိုလန္းကို တစ္ခ်က္တည္းနဲ႔ အနိုင္တိုက္ခဲ့လိုက္တာကို သူ လုံးဝ ေမ့သြား၏။ သူက တိုက္ခိုက္မႈကို အေျပး ၾကားဝင္ဖ်က္ေတာ့မယ့္အခ်ိန္မွာပဲ သူနဲ႔အနီးဆုံးမွာရပ္ေနတဲ့ က်ဳံးဝူခ်င္းက သူ႔ကို ခ်က္ခ်င္းပဲ တားလိုက္သည္။
"ေလာင္နန္ရႈ၊ စိတ္မရွည္မျဖစ္နဲ႔!"
က်ဳံးဝူခ်င္းရဲ့ စကားေတြက သူ႔ကို ခ်က္ခ်င္း တည္ၿငိမ္သြားေစသည္။ သူ႔ေခါင္းကို ေမာ့ၾကည့္လိုက္ေတာ့ မိုေသာင္ရဲ့ကိုယ္ခႏၶာက ေတာင့္ေတာင့္ႀကီးျဖစ္ေနတာကို ေတြ႕သြား၏။ သူ႔ရဲ့ ဓါးက သူ႔ေခါင္းထက္ ပင့္ေျမႇာက္ထားလ်က္တန္းလန္းႀကီးနဲ႔ ေအးခဲေတာင့္သြားသလိုမ်ိဳးပင္။ မိုေသာင္ရဲ့ အမူအယာက အေတာ့ကို အ႐ုပ္ဆိုးေနကာ စိန္အဆိပ္ၿမိဳခ်ထားမိသည့္အလား ျဖစ္ေနသည္။ ေခၽြးစက္တို႔က ပဲေစ့အရြယ္ေလာက္ ႀကီးမားကာ သူ႔နဖူထက္ကေန တစ္စက္ခ်င္းစီ က်ေန၏။ မိုေသာင္ရဲ့ မ်က္လုံးတို႔က အဲ့ဒီ့အမ်ိဳးသားကို အထိတ္တလန္႔နဲ႔ ၾကည့္ေနရင္းနဲ႔ ရဲတြတ္ေနသည္မွာ ေၾကးနီေရာင္ေခါင္းေလာင္းေတြအလားပင္။
ငရဲမင္းႀကီးက သက္ေတာင့္သက္သာနဲ႔ ေရေႏြးၾကမ္းပူတစ္ခြက္ကို ငုံေသာက္ေနသည္။ သူ႔ရဲ့ ေရဆာေနမႈကို ေျဖေလ်ာ့ဖို႔အတြက္ပဲဆိုေပမဲ့ သူ႔အေနနဲ႔ ဒီေရေႏြးၾကမ္းကို ေသာက္ရတာ အရသာ အေတာ္ ေကာင္းတယ္လို႔ ခံစားရ၏။
ဖုန္႔ရွီက နာခံစြာနဲ႔ပင္ သူ႔ခြက္ကို အဆက္မျပတ္ ျဖည့္ေပးေနရင္း ဓါးဆြဲထုတ္လိုက္တဲ့ ေခၽြးၿပိဳက္ၿပိဳက္က်ေနတဲ့ မိုေသာင္ကို သိခ်င္စိတ္အျပည့္နဲ႔ ၾကည့္လိုက္၏။ သူ႔မ်က္ႏွာေပၚက အျပဳံးက ပိုလို႔ ေတာက္ပႀကီးမားလာသည္မွာ ေမ်ာက္ေတြ ေလ်ာက္ပတ္ေျပးေနတာကိုၾကည့္ေနသည့္အလား။ 'အို၊ အဲ့တာမမွန္ဘူး၊ လူဝံႀကီးဆိုတာကမွ ပိုအဓိပၸါယ္ရွိမယ္' လို႔ ေတြးလိုက္ၿပီးေနာက္ မီးကို ဆီျဖည့္လိုက္၏။
"ေခါင္းေဆာင္၊ သူ ဘာျဖစ္ေနတာလဲ? သူ႔ေက်ာရိုး အဆစ္လြဲသြားတာလား?"
"ျဖစ္နိုင္ပါတယ္!" ငရဲမင္းႀကီက ပူးေပါင္းမႈရွိရွိနဲ႔ ျပန္ေျဖလိုက္သည္။
ဖုန္႔ရွီက ခပ္ျမန္ျမန္ သက္ျပင္းခ်လိုက္ကာ၊ "ထင္ထားတဲ့အတိုင္းပဲ၊ လူေတြက အသက္ႀကီးလာရင္ အသုံးမတည့္ ျဖစ္လာၾကတာပဲ။ ေက်ာရိုးဆစ္လြဲသြားတာက သူ႔ဓါးကို ဆြဲထုတ္လိုက္လို႔ျဖစ္မယ္။ ကၽြန္ေတာ္သာဆိုရင္ .... ကၽြန္ေတာ္ အိမ္မွာပဲ ေနေနလိုက္ေတာ့မွာ။"
"တကယ္လို႔ ရွီ တကယ္ပဲ အဲ့လိုလုပ္နိုင္တယ္ဆိုရင္ အဲ့တာဆို ကိုယ္က ရွီ့ကို အိုမင္းသြားေအာင္ လုပ္နိုင္တယ္။" ငရဲမင္းႀကီးက ခပ္ေဖာ့ေဖာ့ျပဳံးလိုက္၏။
ဖုန္႔ရွီက သူ႔ႏွာေခါင္းကို သူ ထိလိုက္ၿပီးေနာက္ ခပ္ရွက္ရွက္ပဲ ေျပာလိုက္ေတာ့သည္၊ "အာ....မလိုပါဘူး.. မလိုဘူး။ ကၽြန္ေတာ္ သူ႔လိုမ်ိဳး အဆုံးသတ္သြားရမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္ အသက္ဆယ့္ရွစ္ႏွစ္နဲ႔ လူစြမ္းေကာင္းတစ္ေယာက္ျဖစ္လာတာကပဲ ပိုေကာင္းလိမ့္မယ္!"
လူအုပ္ထဲက အခ်ိဳ႕က သူ႔ရဲ့ အဓိပၸါယ္မရွိတဲ့ စကားတို႔ေၾကာင့္ ျမဴးလာၿပီး ရယ္ခ်င္တာကို မထိန္းနိုင္ျဖစ္လာရကာ ေလထုက အနည္းငယ္ ေပ်ာ့ေပ်ာင္းသြား၏။
မိုေသာင္တစ္ေယာက္မွာေတာ့ သူ႔မ်က္ႏွာႀကီး ရဲတြက္လာတဲ့အထိ ရယ္သြမ္းေသြးခံေနရတာေၾကာင့္ သူ႔ႏွလုံးသာားထဲက ေဒါသတရားတို႔က တစ္လိပ္လိပ္တက္လာေပမဲ့ ဘယ္ပုံခ်ရမွန္းမသိ ျဖစ္ေနရသည္။ အဲ့အျပင္ သူ ဘယ္ေလာက္ပဲ ႐ုန္းကန္ေနပါေစ သူ႔ဓါးကို ဆြဲမထုတ္နိုင္ျဖစ္ေနတာေၾကာင့္ အဆုံးမေတာ့ လက္ေလ်ာ့လိုက္ရေတာ့၏။ တစ္ခ်ိန္တည္းမွာပဲ မရယ္မျပဳံးမ်က္ႏွာနဲ႔လူႀကီးက သူ႔ထက္ ပိုၿပီး စြမ္းအားႀကီးေနတယ္ဆိုတာကို သူ သိလိုက္ရသည္။ သီနိုမိသားစုက အလြန္အမင္း မာထန္လြန္းလွတဲ့ သတၱဳျပားကို ကန္မိသြားၿပီဆိုတာ သူ ေနာက္ဆုံးေတာ့ သိသြားေတာ့သည္။
"ၾဆာ ဘယ္လိုလုပ္ခ်င္တာပါလဲ?" မိုေသာင္ရဲ့မ်က္ႏွာက ပိုလို႔ နက္ေမွာင္လာၿပီး ေနာက္ဆုံးေတာ့ သူ႔ရဲ့ ေမာက္မာတဲ့ သေဘာထားကို လႊတ္ခ်လိုက္ကာ သူ႔ကိုယ္သူ ႏွိမ္ခ်လို႔ အစျပဳကာ စကားေျပာလိုက္သည္။
ငရဲမင္းႀကီးက ေရေႏြးၾကမ္းပန္းကန္ရဲ့ ႏႈတ္ခမ္းသားကို ပြတ္ေနရင္းနဲ႔ သူ႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး၊ "ဘာမွမလုပ္ခ်င္ဘူး။"
"မင္း...." မိုေသာင္က ထပ္မံေအးခဲေတာင့္တင္းသြားတာမို႔ စကားလုံးတို႔ ထပ္မေျပာနိုင္ေတာ့ေပ။ အက်ိဳးဆက္အေနနဲ႔ သူက ငရဲမင္းႀကီးကို အစိမ္းလိုက္ စူးစူးရဲရဲ စိုက္ၾကည့္ေန႐ုံသာ တတ္နိုင္ေတာ့သည္။
ဖုန္႔ရွီက ငရဲမင္းႀကီးရဲ့ အကၤ်ီလက္ကို ဆြဲလိုက္ရင္း သူ႔မ်က္လုံးတို႔နဲ႔ သူ႔သြားစြယ္တို႔က လက္ခနဲ ျဖစ္ေန၏။
ငရဲမင္းႀကီးက သူ႔ကို ျပဳံးေနတဲ့မ်က္လုံးတို႔နဲ႔ ၾက္ည့လိုက္ၿပီးေနာက္ ခ်က္ခ်င္းပဲ ေကာင္ေလး သူ႔ကိုေျပာခ်င္ေနတဲ့ စကားကို သိသြားတာေၾကာင့္ မိုေသာင္ကို ၾကည့္လိုက္ၿပီး သူ႔မ်က္လုံးတို႔က ေအးစက္လာကာ ေျမႇာက္ထားတဲ့ ေရေႏြးၾကမ္းပန္းကန္ကို ခ်လိုက္ၿပီးေနာက္ ညႇိႏွိုင္းခြင့္မရွိတဲ့အျပဳအမူနဲ႔ ေျပာလိုက္တာက၊ "ေတာင္းပန္!"
မိုေသာင္က ေဒါသငယ္ထိပ္ေရာက္သြားတာေၾကာင့္ မထိန္းနိုင္မသိမ္းနိုင္ျဖစ္လုလု ျဖစ္သြားၿပီး ငရဲမင္းႀကီးကို သူ႔ရဲ့ နက္ေမွာင္ေနတဲ့မ်က္လုံးအစုံနဲ႔ စိုက္ၾကည့္လိုက္သည္။
သီနိုမိသားစုဝင္က အတိုက္ခံရသူဆိုတာ ရွင္းေနပါလ်က္နဲ႔ တိုက္ခိုက္လိုက္သူက မေတာင္းပန္တဲ့အျပင္ သူေတာင္းပန္တာကိုေတာင္ ခံခ်င္ေသးတယ္။ ဒါ သီနိုမိသားစုက အျပင္ပန္းမွာေတာ့ သန္မာခ်င္ေယာင္ ေဆာင္ေနၿပီး တကယ္တမ္းေတာ့ အတြင္းဘက္မွာ ေပ်ာ့ညံ့အားနည္းတဲ့သူလို႔ ကမၻာႀကီးကို ေျပာခ်င္ေနတာမဟုတ္ဘူးလား? သူတို႔ကို အနိုင္က်င့္လိုကတဲ့ ဒီႏွစ္ေယာက္သုံးေယာက္ေလာက္ကိုေတာင္ သူတို႔ ျပန္မတုံ႔ျပန္နိုင္ေသးဘူး။ တကယ္လို႔ ဒီသတင္းသား ပ်ံ႕သြားမယ္ဆိုရင္ သူတို႔ရဲ့ ဂုဏ္သတင္းက ဟိုးေအာက္ေျခအထိ က်သြား႐ုံသာမကဘူး၊ သီနိုကုန္သည္ႀကီးမ်ားအသင္းရဲ့ ေက်ာ္ၾကားမႈနဲ႔ ဂုဏ္သိကၡာပါ ေရစုန္ေျမာသြားမွာ!
သီနိုမိသားစုလို စြမ္းအားႀကီးတဲ့ အင္အားစုတစ္ခုအေနနဲ႔ တျခားသူေတြက သူတို႔အေပၚထားတဲ့ မလိုမုန္းထားမႈက စုပုံလိုက္ရင္ သမုဒၵရာႀကီးတစ္ခုလုံးျပည့္ေလာက္တဲ့အထိ မ်ားျပားလြန္းလွသည္။ အဲ့အျပင္ သူတို႔ပတ္လည္က အင္အားစုအေသးေတြက မိသားစုရဲ့ ဂုဏ္သတင္းနဲ႔ အင္အားႀကီးမားမႈတို႔ေၾကာင့္ ဘာျပႆနာမွ မရွာရဲၾကတာျဖစ္သည္။ အဲ့တာေၾကာင့္ အင္အားႀကီးတဲ့ မိသားစုတစ္ခုက သူတို႔ရဲ့ ဂုဏ္သတင္းကို နည္းနည္းေလးေတာင္မွ အထိခိုက္မခံနိုင္ၾကတာပင္။
လူေရွ႕သူေရွ႕ ေတာင္းပန္ရတာထက္ သူ႔ကို သတ္လိုက္တာကမွ နာက်င္မႈ ပိုသက္သာဦးမည္။
မိုေသာင္က က်င့္ႀကံရတာကို ႏွစ္ၿခိဳက္ေပမဲ့ သူက သူ႔အဆင့္ သူမသိသူေတာ့မဟုတ္တာေၾကာင့္ ေတာင္းပန္႐ုံကလြဲၿပီး အျခားနည္းလမ္း မရွိျဖစ္ေနသည္!
"မိသားစုနဲ႔ နာမည္ဂုဏ္သတင္းေၾကာင့္ ငါ ေတာင္းပန္နိုင္တာ ဘာမွမရွိဘူး။ ဒီေန႔ျဖစ္ရပ္နဲ႔ပတ္သက္ရင္ ၾဆာက တကယ္ပဲ မွန္ေနပါရဲ့လား? သီနိုမိသားစုက ဘာ့ေၾကာင့္ ေတာင္းပန္ျပင္ဆင္ေပးရမွာလဲ?" မိုေသာင္က ျဖစ္ရပ္ရဲ့ အေၾကာင္းရင္းကို မသိသလို၊ လက္ဝဲကိုယ္ရံေတာ္က သခင္ေလးလုပ္ခဲ့တဲ့ အရႈပ္ထုပ္တစ္ခုလုံးကို သူ႔ကို မေျပာျပနိုင္ေပ။ သူ႔အေနနဲ႔ အမွန္တရားတစ္စိတ္တစ္ေဒသကို ေျပာနိုင္ေပမဲ့လည္း သူ႔ကိုယ္သူေတာ့ ႀကိဳးကြင္းမစြပ္နိုင္။
"လူဝံႀကီး၊ မင္း မွားေနၿပီ။" ဖုန္႔ရွီက ေျပာလိုက္သည္။
ငါေျပာတဲ့ထဲမွာ ဘယ္အပိုင္းက မွားေနလို႔လဲ?" မိုေသာင္က ေကာင္ေလး သူ႔ကိုညႊန္းဆိုလိုက္တဲ့ နာမည္ေျပာင္ကို မႀကိဳက္ေပမဲ့လည္း အျငင္းပြါးရမယ့္အခ်ိန္မဟုတ္ေပ။ သူေျပာခဲ့တာမွာ အမွားပါတယ္လို႔ သူမထင္သလို မိသားစုရဲ့ နာမည္ဂုဏ္သတင္းကလည္း သီနိုမိသားစုဝင္တပည့္တိုင္း တေလးတစား လိုက္နာရမည့္အရာပဲျဖစ္သည္။
ဖုန္႔ရွီက လက္ညႇိုးေငါက္ေငါက္ထိုးလိုက္ရင္း၊ "မင္းေျပာသမၽွ အကုန္လုံးက အမွားေတြခ်ည္းပဲ။ ဒီျပႆနာေတြရဲ့ အစကက မင္းတို႔ရဲ့ ဆိုးသြမ္းေနတဲ့ သခင္ေလးကေန စတာပဲ။ အဲ့တာ သူ႔အမွား! မင္း ငါ့ကို မယုံရင္ မင္းလူေတြကို မင္းေမးၾကည့္။ စိတ္မပူပါနဲ႔၊ တကယ္လို႔ သူတို႔ေတြ အမွန္တရားကို ဖုံးကြယ္ထားရဲရင္ ငါ သူတို႔ကို အဆိပ္ခတ္ၿပီး အသံတိတ္သြားေအာင္ လုပ္လိုက္မယ္!"
သူက သူတို႔ကို ၿခိမ္းေျခာက္လိုက္တာ။ သူက ေသခ်ာေပါက္ႀကီးကို သူတို႔ကို ၿခိမ္းေျခာက္လိုက္တာ!
မိုေသာင္ ေသြးအန္လုလု ျဖစ္သြားရေပမဲ့ သူက လက္ဝဲကိုယ္ရံေတာ္ကိုေတာ့ လွမ္းေခၚလိုက္ေသးသည္။
တစ္ဖက္လူက သူ႔ကို ရည္ညႊန္းလိုက္တာကို ၾကားေတာ့ လူအုပ္ၾကားထဲ ေျပးဝင္ပုန္းလိုက္ခ်င္ေတာ့သည္။ ဒါေပမဲ့လည္း အဆုံးမေတာ့ သူ ထြက္မေျပးနိုင္ေပ။ မိုေသာင္ရဲ့ ဟိန္းေဟာက္သံကို ၾကားေတာ့ သူက သဘာဝမက်တဲ့မ်က္ႏွာအမူအယာနဲ႔ ေလၽွာက္လွမ္းကာ ထြက္လာ၏။ သူနဲ႔အတူ တျခားသူတစ္ေယာက္ကိုပါ အပါ ဆြဲေခၚလာခဲ့သည္။ အဲ့လူကေတာ့ ကိုယ္တိုင္ကိုယ္က် ပါဝင္ခဲ့တဲ့သူျဖစ္တဲ့ ခၽြမ္ရွန္းပင္။
အႀကီးအကဲမိုေသာင္ရဲ့ မ်က္ႏွာေပၚက ေဒါသတရားတို႔ကို ရင္ဆိုင္လိုက္ရေတာ့ ခၽြမ္ရွန္း မညာဝံ့ေတာ့ဘဲ ျဖစ္ရပ္တစ္ခုလုံးကို ရွင္းရွင္းလင္းလင္း ရွင္းျပလိုက္ေတာ့သည္။ ဒါေပမဲ့ သူ ပိုၿပီး ေျပာေလေလ၊ မိုေသာင္ရဲ့ မ်က္ႏွာ ပိုလို႔ နက္ေမွာင္လာေလေလပင္။ သူေျပာလိုက္တဲ့စကားေတြထဲမွာ ဘာက ဒီလိုျဖစ္ေစတာလဲဆိုတာ ေတြးေနရင္းနဲ႔ပဲ သူ႔ေခါင္းကို သူ အမႈန္႔မႈန္႔ျဖစ္ေအာင္ ႀကိတ္ေျခခ်င္ေနေတာ့သည္။ ဒါေပမဲ့လည္း သူ႔မွာ ေနာင္တရဖို႔ အခ်ိန္မရွိေပ။
မိုေသာင္က က်ိဳးေၾကာင္းမဆုံးျဖတ္နိုင္သူတစ္ေယာက္ေတာ့မဟုတ္။ မိုလန္လိုပဲ ဘယ္သူမွန္တယ္ ဘယ္သူမွားတယ္ သူ ဂ႐ုမစိုက္၊ သီနိုမိသားစုကို လာေစာ္ကားအနိုင္က်င့္ဝံ့သူ ဘယ္သူမဆို သူတို႔ ျပန္တိုက္ခိုက္ဖို႔ တုန္႔ဆိုင္းေနမွာမဟုတ္ေပ။ ဒါေပမဲ့ အဲ့တာကလည္း ၿပိဳင္ဖက္က သူတို႔ထက္ အားနည္းတဲ့သူျဖစ္ရမယ္ဆိုတဲ့ အေျခခံအခ်က္ေပၚ မူတည္ေနတာေၾကာင့္ ၿပိဳင္ဖက္က ထင္မွတ္မထားေလာက္ေအာင္ သန္မာအားႀကီးေနတဲ့ ပညာရွင္တစ္ေယာက္ျဖစ္တဲ့အခ်ိန္မွာေတာ့ သီနိုမိသားစုရဲ့ ေမာက္မာမႈနဲ႔ ရက္စက္႐ုန္႔ရင္းၾကမ္းတမ္းမႈတို႔က အလုပ္မျဖစ္ေတာ့ေခ်။
"ဘာျဖစ္လို႔လဲ၊ လူဝံႀကီး?" ဖုန္႔ရွီက သူ႔ကို အျပဳံးတစ္ပြင့္နဲ႔အတူ ေမးလိုက္သည္။
20220327; 1145
Stay tuned for the next chapter:
135. The King of the Netherworld's Warning
🥰Thanks for reading, sharing, comments and votes.🥰
—————————— 👀 —————————