အပိုင်း ၁၁၃။ လျိုးလီသားရဲ
အနက်ရောင်ဝတ်လူက ထိတ်လန့်တကြားဖြစ်သွားပြီး ချက်ချင်းပဲ သူတော့ သေမင်းတမာန် မာန်နတ်နဲ့တိုးပြီဆိုတာ သူ သိလိုက်သည်။
အနီရောင်နဲ့ကောင်လေးက နတ်ဘုရားဥဿျှောင်နယ်ပယ် ပထမအဆင့်ပဲ ရှိနေသေးပေမဲ့ သူသုံးလိုက်တဲ့ မီးဓါတ်စွမ်းရည်က အနက်ဝတ်လူရဲ့စွမ်းအားကို ထိန်းချုပ်ထားလိုက်ဟန် ပေါ်သည်။ အဲ့တာကြောင့် တဖက်လူက ပထမကျော့မှာတင်ကို အနိုင်တိုက်ခံလိုက်ရခြင်းပင်။
အနက်ဝတ်လူက ဒီလို ထူးချွန်ပြောင်မြောက်တဲ့လူငယ်တစ်ယောက်က ကျဆင်းနေတဲ့ ဆူးလားမိသားစုထဲ ရုတ်တရက် ပေါ်ထွက်လာတာကို ထူးဆန်းသလို ခံစားလိုက်ရသည်။ ဆူးလားမိသားစုသွေးဆက်က အခြားကျင့်ကြံသူတွေလိုမျိုး နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့် မရောက်နိုင်ချေ၊ ပြီးတော့ သူတို့မှာ သိမ်မွေ့နက်နဲပညာရပ်အဆင့်မြင့်အဆင့်စာအုပ်တစ်အုပ်လည်း လုံးဝရှိမှာမဟုတ်။ အခုတော့ နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့် ပညာရှင်နှစ်ယောက် မိသားစုထဲ ရှိနေတာမို့ အနက်ဝတ်လူ ထူးဆန်းသလို မခံစားရဘဲ မနေနိုင်တော့ချေ။
အနက်ဝတ်လူက တိုက်ပွဲအရှုပ်အထွေးထဲ ပါနေတဲ့လူတွေကို တစ်ချက်ကြည့်လိုက်ပြီး ရေခဲတောင်ကြားကလူတွေနဲ့ တိုက်နေတဲ့ အမဲလိုက်အဖွဲ့ဝင်တွေကို မြင်တော့ ရုတ်တရက် မျက်စိပြူးကျယ်သွားတော့သည်။ 'နူးညံ့တဲ့အစိမ်းရောင်ချပ်ဝတ်တန်ဆာနဲ့ နဖူးပေါ်က အစိမ်းရောင်ပိုးသားခေါင်းပတ်၊ ဒါ အစိမ်းရောင်ငရဲသားအမဲလိုက်အဖွဲ့ရဲ့ အထူးဝတ်စုံမဟုတ်ဘူးလား?'
အနက်ဝတ်လူက ဆူးလားမိသားစုရဲ့မူလအခြေစိုက်က ငရဲပြည်မှာဆိုတာ မှတ်မိသွား၏။ ကြည့်ရတာ ဆူးလားမိသားစုက ဖော်လိုက်တာကြောင့် သူ့တည်ရှိရာနေရာကို ငရဲသားတွေ သိသွားကြပြီထင်တယ်။
အဲ့နောက် သူ့အကြည့်ကို အနီရောင်နဲ့ကောင်လေးအပေါ် ပို့လိုက်ရင်း တဖက်လူက ဘုရင်ကြီးလွှတ်လိုက်တဲ့ သူ့ဖမ်းမယ့်သူ ဖြစ်ရမယ်လို့ ယူဆလိုက်သည်။
အနက်ဝတ်လူက ချက်ချင်း လန့်သွားရကာ၊ 'အဲ့တာက တကယ်ပဲ ကောင်လေးရဲ့ တာဝန်ဆိုရင် သူ ငါ့ကို တိုက်ဖို့ လျို့ဝှက်လက်နက်အချို့ ယူလာမှာပဲ။ ဒီမှာနေတာက မြောက်ဘက်ပိုင်းဒေသကို တိုက်မယ့်အစီအစဉ်ပဲ ကျရှုံးသွားတာမဟုတ်ဘဲ ငါ့အသက်တောင် အန္တရာယ်ရှိနေပြီပဲ' လူကြီးက တွေးလိုက်ပြီးနောက် ရုတ်တရက် ထအော်လိုက်သည်။ အဲ့နောက် သူ့ကိုယ်ကနေ အနက်ရောင်အငွေ့တို့ ထုတ်လွှတ်လိုက်ကာ အနက်ရောင်အလင်းတန်းအဖြစ်ပြောင်းလိုက်ပြီး ပျံသန်းထွက်ပြေးဖို့ ကြိုးစားလိုက်သည်။
ဒါပေမဲ့ အက်ကွဲကြောင်းတစ်ခုက သူ့အရှေ့တိတ်တဆိတ် ပေါ်လာတော့သည်။ အဲ့နောက် သားရဲတစ်ကောင်က သူ့ရဲ့ ကြီးမားတဲ့ လက်သည်းနဲ့ အနက်ဝတ်လူကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး အေးစက်စက်ပြောလိုက်သည၊ "နောက်ပြန်ဆုတ်လိုက်!"
အနက်ရောင်အလင်းတန်းဖြစ်နေတဲ့ အနက်ဝတ်လူက ချက်ချင်းပဲ မျက်နှာအမူအယာ ပျက်ယွင်းသွားပေမဲ့ အားလုံးက ရုတ်တရက် ဖြစ်ပေါ်လာတာဖြစ်တာကြောင့် သူ့မျက်နှာ အရိုက်ခံလိုက်ရတာကို သူ ကြည့်ပဲ ကြည့်နေနိုင်တော့သည်။
အနက်ဝတ်လူက ဖုန့်ရှီအရှေ့ဘက်က မြေကြီးပေါ် ပြိုလဲကျသွားပြီး သူ့ပတ်လည်က အနက်ရောင်မြူခိုးတွေက ကောင်းကင်ဖြိုဖျက်သားရဲကြောင့် ပျောက်ကွယ်သွားပြီဖြစ်သည်။ အဲ့နောက် နောက်ဆုံးတော့ သူ့မျက်နှာ ပေါ်လာ၏။ လူကြီးက လေးထောင့်မျက်နှာရှိကာ မျက်ခုံးထူထူနဲ့ ယောက်ျားပီသသော သွင်ပြင်ရှိသည်။ ဒါပေမဲ့ သူ့နဖူးပတ်လည်က အနက်ရောင်အငွေ့တွေက သူ့မျက်နှာကို မှုန်ဝါးနေစေပြီး အကျည်းတန်သွင်ပြင် ဖြစ်နေစေသည်။ သူ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားပြီးနောက် သူ့မျက်နှာကလည်း လုံးဝကို ဖြူလျော်သွားတော့သည်။
"ယန်ကျန်း?" ကျင်းပါးလားက အဲ့မျက်နှာကို မြင်တဲ့အခါမှာ ချက်ချင်း ထအော်လိုက်၏။
သူ့အသံက လူတိုင်းရဲ့အာရုံကို ဆွဲဆောင်လိုက်ပြီး သူတို့အားလုံးက သိချင်စိတ်နဲ့ ကြည့်လိုက်ကြသည်။ ကြည့်ရတာ ကျန်းပါးလားက အနက်ဝတ်လူကို သိနေပုံရ၏။
ယန်ကျန်းက နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့် ပညာရှင်ဖြစ်ပြီး အနက်ဝတ်လူရဲ့လက်ပေါ်မှာ သေဆုံးသွားခဲ့တာဖြစ်သည်။ အဲ့အချိန်တုန်းက ယန်ကျန်းရဲ့အသားတွေ အရေခွံချွတ်ခံရပြီး အရိုးခည်းသပ်သပ် ကျန်တော့တာကို လူတိုင်း မျက်မြင်တွေ့ခဲ့ကြသည်။ အဲ့တာဆို အခု သူတို့အရှေ့က လူက ဘယ်သူလဲ?
"အဖေ၊ သူက တကယ့် ယန်ကျန်းအစစ်မဟုတ်ဘူး။ ယန်ကျန်းက သေသွားတာကြာပြီ။ ကျွန်တော် ပြီးမှ ရှင်းပြပေးမယ်။" ကာလွမ်သလာက သူ့အဖေရဲ့ သံသယကို သိပေမဲ့ အမှန်တရားကို ရှင်းပြဖို့ အချိန်ကောင်းမဟုတ်သေးပေ။
ကျန်းပါးလားက မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မမေးတော့။
လေထဲ ရပ်နေတဲ့ ဖုန့်ရှီက သူ့မျက်ခုံးတို့ပင့်လိုက်ပြီး ဆိုးညစ်ညစ်ပြုံးလိုက်ကာ၊ "ဒါဆို မင်းက တကယ်ပဲ ဝိညာဉ်နက်ဆယ်ယောက်ထဲက တစ်ယောက်ပေါ့။ ငါ မင်းကို ရှာဖို့တောင်မလိုတော့ဘူးပဲ၊ မင်းကိုယ်မင်း ငါ့ဆီ လာခဲ့တာ။ အရမ်းကောင်းပဲ!"
"အဟမ်း၊ မင်းက ဘုရင်ကြီးစေလွှတ်လိုက်တာဖြစ်မယ်။ မင်း ငါတို့အားလုံးကို ပြန်ဖမ်းနိုင်မယ်လို့ မင်း ထင်နေတာလား? အိမ်မက်မက်မနေနဲ့! ငါက အားလုံးထဲမှာ အားအနည်းဆုံးတစ်ယောက်။ မင်း ငါ့ကို အနိုင်တိုက်နိုင်ကောင်း တိုက်နိုင်လိမ့်မယ်၊ ဒါပေမဲ့ ငါ့အဖော်တွေကတော့ မင်းကို ပေါ့ပေါ့ပါးပါးလေးနဲ့ကို သတ်နိုင်တယ်။" အနက်ဝတ်လူက ရက်စက်ကြမ်းကြုတ်စွာ ရီလိုက်သည်။ သေချာပေါက် သူ့ဘက် အခြေအနေ မကောင်းနေပေမဲ့ လုံးဝ ထိတ်လန့်မနေပုံရသည်ပင်။
ဖုန့်ရှီက တအံ့တဩကြည့်လိုက်ပြီး ပြောလိုက်သည်၊ "မင်းတို့ ဝိညာဉ်နက်ဆယ်ယောက်ကို ငါ ဖမ်းလိမ့်မယ်လို့ ဘယ်တုန်းကပြောမိလို့်လဲ?"
အနက်ဝတ်လူက သူ့ထက် ပိုပြီး အံ့အားသင့်သွားရကာ၊ "မင်းက ငါ့ဖမ်းဖို့ ဒီလာတာမဟုတ်ဘူးလား?"
ဖုန့်ရှီက သဘောတကျကြီးပြုံးလိုက်ကာ၊ "မဟုတ်ဘူးပေါ့။ ငါ မင်းကို သတ်ဖို့လာတာလေ။"
အနက်ဝတ်လူက ပထမတစ်ပိုင်းကြားတဲ့အချိန်မှာ အနည်းငယ် ဝမ်းမြောက်သွားပေမဲ့ ဒုတိယတစ်ပိုင်းကြားလည်းကြားရော သူ့ဒေါသတို့ ပြန်ထွက်လာပြီး ကောင်လေး သူ့ကို နောက်နေမှန်း သဘောပေါက်သွားတော့သည်။
"လီဇီလေးရေ၊ ထွက်လာခဲ့တော့! အနက်ဝတ်လူ ဘာမှမတုန့်ပြန်သေးခင်မှာပဲ ဖုန့်ရှီက ရုတ်တရက် ကောင်းကင်ကို ကြည့်ပြီးအော်လိုက်သည်။
သူ အဲ့ဒီ့ 'လဇ်လေး' ဆိုတဲ့စကားကိုသာ မပြောလိုက်ရင် သူ့ပုံစံက ပိုလို့ဩဇာလွှမ်းမိုးနေဟန် ပေါ်နေမှာပင်။
သူ့အသံ ပျောက်သွားသည်နှင့် သူ့ခေါင်းထက် ဝဲကတော့တစ်ခု ရုတ်တရက် မွှေ့ယမ်းသွားပြီး ချွင်ကနဲမြည်သံတစ်ခုနဲ့အတူ ဝဲကတော့ထဲကနေ မိစ္ဆာသားရဲအသေးလေးတစ်ကောင် ထွက်လာ၏။ အဲ့တာကတော့ ဖုန့်ရှီ အခုလေးတင် ခေါ်ထုတ်လိုက်တဲ့ လျိုးလီပင်။ သူ ပေါ်လာတာနဲ့ အနက်ဝတ်လူက ချက်ချင်းပဲ ကြောက်လန့်တကြားအော်လိုက်ပြီး နောက်ခြေလှမ်းအနည်းငယ် ဆုတ်သွားရတော့သည်။
"ဒါ လျိုးလီသားရဲ!"
ဝိညာဉ်စားသားရဲလို့ခေါ်တဲ့ လျိုးလီသားရဲက တစ္ဆေလောကရဲ့ ရတနာဖြစ်သည်။ သူက ဝိညာဉ်တွေကို စားပြီး ဝိညာဉ်တွေအားလုံးအတွက် မမြင်ရတဲ့ပြိုင်ဘက်တစ်ကောင်ပင်။ ဝိညာဉ်နက်တွေ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ဝိညာဉ်စားသားရဲက လွယ်လွယ်ကူကူ စားလိုက်နိုင်သည်ပင်။
အဲ့တာကြောင့် အနက်ဝတ်လူက အခု အလွန့်အလွန်ကို ထိတ်လန့်တုန်လှုပ်သွားရတာဖြစ်သည်။
သူ့ရဲ့ သေးငယ်တဲ့ပုံဆင်းအင်္ဂါကြောင့် လျိုးလီသားရဲက သူ ပေါ်ထွက်လာပြီးကတည်းက ဖုန့်ရှီရဲ့ပုခုံးပေါ် တချိန်လုံး နေနေကာ ရောင်စုံမျက်လုံးတို့နဲ့ ဝိညာဉ်နက်ကို ကြည့်နေ၏။ အခု ဝိညာဉ်နက်ရဲ့ တုန်ရီနေတဲ့သဏ္ဍာန်ကို သူ့ရဲ့ဖုံးကွယ်ထားမှုအောက်ကနေ အကုန် မြင်နေရသည်။ ဒီသားရဲမျိုးတွေက ဝိညာဉ်တွေအပေါ် ဖိအားပေးဖို့ မွေးဖွားလာတာဖြစ်သည်၊ အထူးသဖြင့် အပစ်ရှိတဲ့ဝိညာဉ်တွေအပေါ်ပေါ့။ အဲ့တာကြောင့် အနက်ဝတ်လူက သားရဲကိုကြည့်ကာ တုံ့ပြန်တိုက်ဖို့ သတ္တိမရှိတော့ဘဲ သူ့ကိုယ်ပတ်လည်တလျောက် အနက်ရောင်အငွေ့တွေ ထွက်နေကာ မြေပေါ် မှောက်လျက်လဲ ဝပ်တွားပြီးသာ နေနိုင်တော့သည်။
ဖုန့်ရှီက ပြောလိုက်၏၊ "လီဇီလေး၊ သူ့ကိုစားလိုက်"
သားရဲက သူ့စကားကို နားလည်ပုံရသည်။ သူ့ကိုယ်ခန္ဓာကနေ အရောင်စုံအလင်းတို့ ထုတ်လွှတ်နေသည်မှာ တောက်ပနေတဲ့နေလုံးလိုပင်။ သူ့ရဲ့သေးငယ်တဲ့ပါးစပ်လေးကို ဖွင့်ဟလိုက်တော့ အားပြင်းတဲ့စုပ်အားတစ်ခုကို လွှတ်ထုတ်လိုက်၏။ တချိန်တည်းမှာပဲ အနက်ဝတ်လူက သူ့ရဲ့ပုံရိပ်မှန်ဖြစ်တဲ့ ဝိညာဉ်နက်အဖြစ်ပြောင်းလိုက်ကာ လေထဲလွင့်မြောသွားပြီး စူးစူးဝါးဝါး အော်လိုက်တော့သည်။
ဝိညာဉ်နက်ပေါ်လာတဲ့အချိန်မှာပဲ သားရဲရဲ့ပါးစပ်ထဲ အစုပ်ခံလိုက်ရပြီးနောက် သားရဲက ဝိညာဉ်ကို အနည်းငယ်ကိုက်လိုက်ကာ မြိုချလိုက်တော့သည်။
အဲ့လိုနဲ့ မြောက်ပိုင်းဒေသကို ဘေးဒုက္ခတွေ ယူဆောင်လာခဲ့တဲ့ ဝိညာဉ်နက် သေဆုံးသွားတော့သည်။ နတ်ဘုရားဥဿျှောင်နယ်ပယ်ပညာရှင် နှစ်ယောက်ကို ဆုံးရှုံးသွားပြီးနောက်မှာတော့ ရေခဲတောင်ကြားက သူတို့ရဲ့ နယ်မြေချဲ့ထွင်တဲ့အစီအစဉ်ကို ဆက်နိုင်တော့မှာမဟုတ်တော့၊ တည်ရှိဖို့တောင် အတော် ကြိုးစားရမှာဖြစ်သည်။ အဆုံးမတော့ သူတို့က အရင်က အရမ်းကို များပြားလှတဲ့အင်အားစုတွေကို ရန်စခဲ့တာကြောင့် ရေခဲတောင်ကြားမှာ နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့် ကျင့်ကြံသူပညာရှင် မရှိတော့ဘူးဆိုတာနဲ့ သူတို့ရဲ့ ရန်သူတွေဟာ အချိန်မဆိုင်းဘဲ သူတို့ဆီရောက်လာကြတော့မှာဖြစ်သည်။ ဒါပေမဲ့ သူတို့ကြမ္မာအတွက် ဘယ်သူကမှ စိတ်ပူပေးကြမှာမဟုတ်ချေ။
ဗိုက်အဝ စားလိုက်ရတဲ့ လျိုးလီသားရဲက ဖုန့်ရှီ သူ့ကို မကြည့်တော့တဲ့အချိန်မှာ ခပ်လှမ်းလှမ်းက တောင်တစ်တောင်ကို ကျပန်း ဖြတ်ခနဲတစ်ချက် ကြည့်လိုက်ပြီး လူအတိုင်းပဲ သန်းဝေလိုက်ကာ မျက်လုံးမှိတ်ရင်း တိတ်တိတ်ဆိတ်ဆိတ် အနားယူလိုက်တော့သည်။
တောင်အနောက်မှာတော့ အနက်ရောင်အရိပ်တစ်ခု အလျင်အမြန် ပျံပြေးသွား၏။
ကျန်နေသေးတဲ့ ရေခဲတောင်ကြားကလူတွေအကုန်လုံး အနိုင်တိုက်ပြီးတဲ့အချိန်မှာတော့ ဆူးလားမိသားစုက နောက်ဆုံး ပြန်တည်ငြိမ်သွားတော့သည်။ ရေခဲတောင်ကြားကလူတွေ ပြန်လာမှာကို သူတို့ စိုးရိမ်စရာမလိုတော့ပေ။ ရေခဲတောင်ကြားဟာ ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားပြီလို့ အားလုံး ယုံကြည့်သွားကြ၏။
ဆူးလားမိသားစုက မိသားစုဝင်တပည့်အနည်းငယ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေမဲ့ ဖုန့်ရှီနဲ့ သူ့အဖော်တွေ အချိန်မီ ရောက်လာခဲ့တာကြောင့် သူတို့မိသားစုဝင်တွေ တစ်ယောက်မှ မသေခဲ့။
သူတို့တွေအကုန်လုံး တချိန်က အရမ်းကို စိတ်ဓါတ်ကျနေခဲ့ကြတာကြောင့် အခုဖြစ်ရပ်က ဆူးလားမိသားစုကလူတွေအတွက် တကယ်ကို ကံကောင်းတာပင်။ အဲ့တာကြောင့် အခု အားလုံးက အတော့ကို ပျော်နေဟန်ပေါ်ပြီး အချို့က ဖုန့်ရှီနဲ့သူ့အဖော်တွေနား ဝိုင်းစု ကြည့်နေကြတော့သည်။ အပစ်ကင်းစင်တဲ့မျက်နှာနဲ့ ကောင်လေးက ကောင်းကင်ထက်မှာ ပင်းလိန်ထျင်းနဲ့ အနက်ဝတ်လူတို့ကို ရက်ရက်စက်စက် နှိမ်နင်းနိုင်လိမ့်မယလို့ မယုံနိုင် ဖြစ်နေရတာကြောင့် ဖုန့်ရှီက အများစုရဲ့အာရုံစိုက်မှုကို ရနေ၏။
"အခု ဘာတွေဖြစ်သွားတာလဲဆိုတာ မင်း ပြောနိုင်ပြီ။" ကျန်းပါးလားက နောက်ဆုံးတော့ မေးလိုက်တော့သည်။
အဲ့တာက ဆူးလားမိသားစုဝင်တွေအားလုံး သိချင်ြပြီး စိုးရိမ်နေကြတာ ဖြစ်တာကြောင့် သူတို့အကုန်လုံး နားစွင့်လိုက်ကြ၏။
ကာလွမ်သလာက ခန်းမထဲကလူတွေကို တစ်ချက် ကြည့်လိုက်သည်။ ဒီမှာ အကြီးတွေနဲ့ သူတို့မိသားစု အနာဂတ်ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ အရေးကြီးတဲ့ မိသားစုဝင်တပည့်တွေပဲ ရှိတာကြောင့် ကာလွမ်သလာက သူတို့ လျို့ဝှက်ချက်ကို လုံးဝ လျောက်မပြောမှာ သေချာတာကြောင့် အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်၊ "အဖေ၊ မေးချင်တာ ဘာမဆို မေးပါ။"
"အနီနဲ့သူငယ်ချင်းလေးက ဘယ်သူလဲ?"
ကာလွမ်သလာက သူ့အဖေရဲ့ အဓိကအချက်ကို တည့်တိုးပြောတတ်တဲ့ စွမ်းရည်ကို လေးစားသည်။ အမဲလိုက်အဖွဲ့ဝင်တွေက ဖုန့်ရှီကို အတော် လေးစားနေမှန်း သိသာနေသည်။ အဲ့တာကို ကာလွမ်သလာတောင်မှ ပြောနိုင်နေရင် သူ့အဖေဆို ပြောစရာကို မလိုတော့ပေ။ တစ်ခုခု ထူးခြားမှန်း သိနေမှာပင်။
"အဖေ၊ သူက ငရဲမင်းကြီးနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့သူဆိုတာပဲ ကျွန်တော် ပြောနိုင်တယ်။ ကျွန်တော် သူ့ကြောင့်သာ ဒီနေ့ ဒီလိုမျိုး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာ။ သူ့ကြောင့်သာမဟုတ်ရင် ဆူးလားမိသားစုက တည်ရှိတော့မှာကိုမဟုတ်တော့ဘူး။ လတ်တလောမှာ ကျွန်တော် ကောင်းကင်ထွတ်ထိပ်နန်းတော်သွားခဲ့ပြီး ကျွန်တော်တို့မိသားစုက နန်းတော်အပေါ် ထာဝရ သစ္စာစောင့်သိပါမယ်လို့ ဘုရင်ကြီးရှေ့ ကတိပြုခဲ့ပါတယ်!"
ကာလွမ်သလာရဲ့စကားတွေက လူတိုင်းရဲ့စိတ်ထဲ တုန်လှုပ်သွားစေ၏။
"ဒီကျောက်စိမ်းဖြတ်ပိုင်းလေးမှာ ကျွန်တော်တို့ ကျင့်ကြံဖို့သင့်တော်တဲ့ သိုင်းပညာရပ်ကို ရေးမှတ်ထားတယ်။ အဲ့တာက ဝိညာဉ်ကိုးလှည့်လို့် ခေါ်တယ်။ ဘုရင်ကြီးက အဲ့တာကို ဆုအနေနဲ့ ကျွန်တော်တို့မိသားစုကို ပေးအပ်ခဲ့တယ်။ အခု ဒီသိုင်းပညာရပ်နဲ့ ကျွန်တော်တို့မိသားစု ဘယ်တော့မှ သွေးဆက်ထိန်းချုပ်မှု ခံရတော့မှာမဟုတ်တော့ဘူး၊ ကျွန်တော်တို့မိသားစု ပျက်ဆီးယိုယွင်းသွားတော့မှာမဟုတ်တော့ဘူး။ ကျွန်တော်တို့ စည်းလုံးနေသ၍ ကျွန်တော်တို့မိသားစု ဦးပြန်မော့လာတော့မှာ!"
ကာလွမ်သလာရဲ့အသံက တည်ငြိမ်နေပေမဲ့ သူ့စကား နားထောင်နေကြတဲ့လူတွေကတော့ စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြတော့ပေ၊ သူတို့ နောက်ဆုံးတော့ မျှော်လင့်ချက် အလင်းရောင် မြင်လိုက်ရပြီလေ။ သူတို့ ကျင့်ကြံဆင့် နောက်တစ်ဆင့် တက်သွားတာတောင်မှ အခုလိုခံစာချက်မျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။ နန်းတော်ကို သွားခဲ့ဖူးတဲ့ လူအိုကြီးနှစ်ယောက်ကတော့ စတင်ပြီး မျက်ရည်တွေတွေ ကျနေတော့၏။
"ကောင်းလိုက်တာ၊ အရမ်းကောင်းတာပဲ!" ကျန်းပါးလားက ရုတ်တရက်ကြီး အသက်ကြီးသွားပုံပေါက်ကာ တုန်ရီနေတဲ့ လက်အစုံနဲ့ ကာလွမ်သလာရဲ့ပုခုံးကို ပုတ်လိုက်တော့သည်။
သူအခုပြောပြလိုက်တဲ့ သိုင်းပညာရပ်က သူတို့မိသားစုအတွက် အရမ်းကို အရေးပါတာကြောင့် သူ့အဖေနဲ့ အခြားမိသားစုဝင်တွေက အပျော်တွေကြောင့် အခုလို ပြုမူနေကြတယ်ဆိုတာ ကာလွမ်သလာသိ၏။
"တတိယညီ၊ မင်းအပေါ် ငါတို့မိသားစု ကျေးဇူးကြွေးတင်သွားပြီ!" ကာလွမ်သလာရဲ့အကိုအကြီးဆုံးဖြစ်တဲ့ ကာလွမ်သလာလိန် (ကာလွမ်သလာမိုးချုန်း)က ရှေ့တက်လာကာ စိတ်လှုပ်ရှားနေတဲ့အသံနဲ့ ပြောလိုက်ပြီး ကာလွမ်သလာအတွက် ဂုဏ်ယူနေရမှု ခံစားနေရသည်။
ကာလွမ်သလာက ခေါင်းခါယမ်းလိုက်ပြီး တစ်စုံတစ်ခု ပြောတော့မယ့်အချိန်မှာပဲ အနီရောင်အရိပ်တစ်ခု ရုတ်တရက် အတွင်းထဲ တိုးဝင်လာသည်။
"ကာလွမ်သလာ၊ ငါ့မှာ သတင်းဆိုးအချို့ရှိတယ်။" သတင်းဆိုးရှိတယ်လို့ ပြောကာ အတွင်းထဲ ပြေးဝင်လာတဲ့ ဖုန့်ရှီက သူ့မျက်နှာထက် အတော်ကို ပျော်ရွှင်ဝမ်းမြောက်နေပုံပေါ်နေ၏။ ဒါပေမဲ့ သူက အဲ့ကလူတွေရဲ့ မျက်လုံးရဲရဲတွေကို မြင်လိုက်ရတော့ ချက်ချင်း အလန့်တကြားမေးလိုက်တော့သည်၊ "ဘာလို့ အခု မင်းတို့အားလုံး ငိုနေကြတာလဲ?"
20220108; 1605
Stay tuned for the next chapter:
114. Steamed Dishes?
🥰Thanks for reading, sharing, comments and votes.🥰
—————————— 👀 —————————
အပိုင္း ၁၁၃။ လ်ိဳးလီသားရဲ
အနက္ေရာင္ဝတ္လူက ထိတ္လန္႔တၾကားျဖစ္သြားၿပီး ခ်က္ခ်င္းပဲ သူေတာ့ ေသမင္းတမာန္ မာန္နတ္နဲ႔တိုးၿပီဆိုတာ သူ သိလိုက္သည္။
အနီေရာင္နဲ႔ေကာင္ေလးက နတ္ဘုရားဥႆၽွောင္နယ္ပယ္ ပထမအဆင့္ပဲ ရွိေနေသးေပမဲ့ သူသုံးလိုက္တဲ့ မီးဓါတ္စြမ္းရည္က အနက္ဝတ္လူရဲ့စြမ္းအားကို ထိန္းခ်ဳပ္ထားလိုက္ဟန္ ေပၚသည္။ အဲ့တာေၾကာင့္ တဖက္လူက ပထမေက်ာ့မွာတင္ကို အနိုင္တိုက္ခံလိုက္ရျခင္းပင္။
အနက္ဝတ္လူက ဒီလို ထူးခၽြန္ေျပာင္ေျမာက္တဲ့လူငယ္တစ္ေယာက္က က်ဆင္းေနတဲ့ ဆူးလားမိသားစုထဲ ႐ုတ္တရက္ ေပၚထြက္လာတာကို ထူးဆန္းသလို ခံစားလိုက္ရသည္။ ဆူးလားမိသားစုေသြးဆက္က အျခားက်င့္ႀကံသူေတြလိုမ်ိဳး နတ္ဘုရားဥႆၽွောင္နယ္ပယ္အဆင့္ မေရာက္နိုင္ေခ်၊ ၿပီးေတာ့ သူတို႔မွာ သိမ္ေမြ႕နက္နဲပညာရပ္အဆင့္ျမင့္အဆင့္စာအုပ္တစ္အုပ္လည္း လုံးဝရွိမွာမဟုတ္။ အခုေတာ့ နတ္ဘုရားဥႆၽွောင္နယ္ပယ္အဆင့္ ပညာရွင္ႏွစ္ေယာက္ မိသားစုထဲ ရွိေနတာမို႔ အနက္ဝတ္လူ ထူးဆန္းသလို မခံစားရဘဲ မေနနိုင္ေတာ့ေခ်။
အနက္ဝတ္လူက တိုက္ပြဲအရွုပ္အေထြးထဲ ပါေနတဲ့လူေတြကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေရခဲေတာင္ၾကားကလူေတြနဲ႔ တိုက္ေနတဲ့ အမဲလိုက္အဖြဲ႕ဝင္ေတြကို ျမင္ေတာ့ ႐ုတ္တရက္ မ်က္စိျပဴးက်ယ္သြားေတာ့သည္။ 'ႏူးညံ့တဲ့အစိမ္းေရာင္ခ်ပ္ဝတ္တန္ဆာနဲ႔ နဖူးေပၚက အစိမ္းေရာင္ပိုးသားေခါင္းပတ္၊ ဒါ အစိမ္းေရာင္ငရဲသားအမဲလိုက္အဖြဲ႕ရဲ့ အထူးဝတ္စုံမဟုတ္ဘူးလား?'
အနက္ဝတ္လူက ဆူးလားမိသားစုရဲ့မူလအေျခစိုက္က ငရဲျပည္မွာဆိုတာ မွတ္မိသြား၏။ ၾကည့္ရတာ ဆူးလားမိသားစုက ေဖာ္လိုက္တာေၾကာင့္ သူ႔တည္ရွိရာေနရာကို ငရဲသားေတြ သိသြားၾကၿပီထင္တယ္။
အဲ့ေနာက္ သူ႔အၾကည့္ကို အနီေရာင္နဲ႔ေကာင္ေလးအေပၚ ပို႔လိုက္ရင္း တဖက္လူက ဘုရင္ႀကီးလႊတ္လိုက္တဲ့ သူ႔ဖမ္းမယ့္သူ ျဖစ္ရမယ္လို႔ ယူဆလိုက္သည္။
အနက္ဝတ္လူက ခ်က္ခ်င္း လန္႔သြားရကာ၊ 'အဲ့တာက တကယ္ပဲ ေကာင္ေလးရဲ့ တာဝန္ဆိုရင္ သူ ငါ့ကို တိုက္ဖို႔ လ်ိဳ႕ဝွက္လက္နက္အခ်ိဳ႕ ယူလာမွာပဲ။ ဒီမွာေနတာက ေျမာက္ဘက္ပိုင္းေဒသကို တိုက္မယ့္အစီအစဥ္ပဲ က်ရွုံးသြားတာမဟုတ္ဘဲ ငါ့အသက္ေတာင္ အႏၲရာယ္ရွိေနၿပီပဲ' လူႀကီးက ေတြးလိုက္ၿပီးေနာက္ ႐ုတ္တရက္ ထေအာ္လိုက္သည္။ အဲ့ေနာက္ သူ႔ကိုယ္ကေန အနက္ေရာင္အေငြ႕တို႔ ထုတ္လႊတ္လိုက္ကာ အနက္ေရာင္အလင္းတန္းအျဖစ္ေျပာင္းလိုက္ၿပီး ပ်ံသန္းထြက္ေျပးဖို႔ ႀကိဳးစားလိုက္သည္။
ဒါေပမဲ့ အက္ကြဲေၾကာင္းတစ္ခုက သူ႔အေရွ႕တိတ္တဆိတ္ ေပၚလာေတာ့သည္။ အဲ့ေနာက္ သားရဲတစ္ေကာင္က သူ႔ရဲ့ ႀကီးမားတဲ့ လက္သည္းနဲ႔ အနက္ဝတ္လူကို ျပင္းျပင္းထန္ထန္ ရိုက္လိုက္ၿပီး ေအးစက္စက္ေျပာလိုက္သည၊ "ေနာက္ျပန္ဆုတ္လိုက္!"
အနက္ေရာင္အလင္းတန္းျဖစ္ေနတဲ့ အနက္ဝတ္လူက ခ်က္ခ်င္းပဲ မ်က္ႏွာအမူအယာ ပ်က္ယြင္းသြားေပမဲ့ အားလုံးက ႐ုတ္တရက္ ျဖစ္ေပၚလာတာျဖစ္တာေၾကာင့္ သူ႔မ်က္ႏွာ အရိုက္ခံလိုက္ရတာကို သူ ၾကည့္ပဲ ၾကည့္ေနနိုင္ေတာ့သည္။
အနက္ဝတ္လူက ဖုန္႔ရွီအေရွ႕ဘက္က ေျမႀကီးေပၚ ၿပိဳလဲက်သြားၿပီး သူ႔ပတ္လည္က အနက္ေရာင္ျမဴခိုးေတြက ေကာင္းကင္ၿဖိဳဖ်က္သားရဲေၾကာင့္ ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။ အဲ့ေနာက္ ေနာက္ဆုံးေတာ့ သူ႔မ်က္ႏွာ ေပၚလာ၏။ လူႀကီးက ေလးေထာင့္မ်က္ႏွာရွိကာ မ်က္ခုံးထူထူနဲ႔ ေယာက္်ားပီသေသာ သြင္ျပင္ရွိသည္။ ဒါေပမဲ့ သူ႔နဖူးပတ္လည္က အနက္ေရာင္အေငြ႕ေတြက သူ႔မ်က္ႏွာကို မွုန္ဝါးေနေစၿပီး အက်ည္းတန္သြင္ျပင္ ျဖစ္ေနေစသည္။ သူ ဆိုးဆိုးဝါးဝါး ဒဏ္ရာရသြားၿပီးေနာက္ သူ႔မ်က္ႏွာကလည္း လုံးဝကို ျဖဴေလ်ာ္သြားေတာ့သည္။
"ယန္က်န္း?" က်င္းပါးလားက အဲ့မ်က္ႏွာကို ျမင္တဲ့အခါမွာ ခ်က္ခ်င္း ထေအာ္လိုက္၏။
သူ႔အသံက လူတိုင္းရဲ့အာ႐ုံကို ဆြဲေဆာင္လိုက္ၿပီး သူတို႔အားလုံးက သိခ်င္စိတ္နဲ႔ ၾကည့္လိုက္ၾကသည္။ ၾကည့္ရတာ က်န္းပါးလားက အနက္ဝတ္လူကို သိေနပုံရ၏။
ယန္က်န္းက နတ္ဘုရားဥႆၽွောင္နယ္ပယ္အဆင့္ ပညာရွင္ျဖစ္ၿပီး အနက္ဝတ္လူရဲ့လက္ေပၚမွာ ေသဆုံးသြားခဲ့တာျဖစ္သည္။ အဲ့အခ်ိန္တုန္းက ယန္က်န္းရဲ့အသားေတြ အေရခြံခၽြတ္ခံရၿပီး အရိုးခည္းသပ္သပ္ က်န္ေတာ့တာကို လူတိုင္း မ်က္ျမင္ေတြ႕ခဲ့ၾကသည္။ အဲ့တာဆို အခု သူတို႔အေရွ႕က လူက ဘယ္သူလဲ?
"အေဖ၊ သူက တကယ့္ ယန္က်န္းအစစ္မဟုတ္ဘူး။ ယန္က်န္းက ေသသြားတာၾကာၿပီ။ ကၽြန္ေတာ္ ၿပီးမွ ရွင္းျပေပးမယ္။" ကာလြမ္သလာက သူ႔အေဖရဲ့ သံသယကို သိေပမဲ့ အမွန္တရားကို ရွင္းျပဖို႔ အခ်ိန္ေကာင္းမဟုတ္ေသးေပ။
က်န္းပါးလားက မ်က္ေမွာင္ၾကဳတ္ကာ ေခါင္းညိတ္လိုက္ၿပီး ဘာမွထပ္မေမးေတာ့။
ေလထဲ ရပ္ေနတဲ့ ဖုန္႔ရွီက သူ႔မ်က္ခုံးတို႔ပင့္လိုက္ၿပီး ဆိုးညစ္ညစ္ျပဳံးလိုက္ကာ၊ "ဒါဆို မင္းက တကယ္ပဲ ဝိညာဥ္နက္ဆယ္ေယာက္ထဲက တစ္ေယာက္ေပါ့။ ငါ မင္းကို ရွာဖို႔ေတာင္မလိုေတာ့ဘူးပဲ၊ မင္းကိုယ္မင္း ငါ့ဆီ လာခဲ့တာ။ အရမ္းေကာင္းပဲ!"
"အဟမ္း၊ မင္းက ဘုရင္ႀကီးေစလႊတ္လိုက္တာျဖစ္မယ္။ မင္း ငါတို႔အားလုံးကို ျပန္ဖမ္းနိုင္မယ္လို႔ မင္း ထင္ေနတာလား? အိမ္မက္မက္မေနနဲ႔! ငါက အားလုံးထဲမွာ အားအနည္းဆုံးတစ္ေယာက္။ မင္း ငါ့ကို အနိုင္တိုက္နိုင္ေကာင္း တိုက္နိုင္လိမ့္မယ္၊ ဒါေပမဲ့ ငါ့အေဖာ္ေတြကေတာ့ မင္းကို ေပါ့ေပါ့ပါးပါးေလးနဲ႔ကို သတ္နိုင္တယ္။" အနက္ဝတ္လူက ရက္စက္ၾကမ္းၾကဳတ္စြာ ရီလိုက္သည္။ ေသခ်ာေပါက္ သူ႔ဘက္ အေျခအေန မေကာင္းေနေပမဲ့ လုံးဝ ထိတ္လန္႔မေနပုံရသည္ပင္။
ဖုန္႔ရွီက တအံ့တဩၾကည့္လိုက္ၿပီး ေျပာလိုက္သည္၊ "မင္းတို႔ ဝိညာဥ္နက္ဆယ္ေယာက္ကို ငါ ဖမ္းလိမ့္မယ္လို႔ ဘယ္တုန္းကေျပာမိလို႔္လဲ?"
အနက္ဝတ္လူက သူ႔ထက္ ပိုၿပီး အံ့အားသင့္သြားရကာ၊ "မင္းက ငါ့ဖမ္းဖို႔ ဒီလာတာမဟုတ္ဘူးလား?"
ဖုန္႔ရွီက သေဘာတက်ႀကီးျပဳံးလိုက္ကာ၊ "မဟုတ္ဘူးေပါ့။ ငါ မင္းကို သတ္ဖို႔လာတာေလ။"
အနက္ဝတ္လူက ပထမတစ္ပိုင္းၾကားတဲ့အခ်ိန္မွာ အနည္းငယ္ ဝမ္းေျမာက္သြားေပမဲ့ ဒုတိယတစ္ပိုင္းၾကားလည္းၾကားေရာ သူ႔ေဒါသတို႔ ျပန္ထြက္လာၿပီး ေကာင္ေလး သူ႔ကို ေနာက္ေနမွန္း သေဘာေပါက္သြားေတာ့သည္။
"လီဇီေလးေရ၊ ထြက္လာခဲ့ေတာ့! အနက္ဝတ္လူ ဘာမွမတုန္႔ျပန္ေသးခင္မွာပဲ ဖုန္႔ရွီက ႐ုတ္တရက္ ေကာင္းကင္ကို ၾကည့္ၿပီးေအာ္လိုက္သည္။
သူ အဲ့ဒီ့ 'လဇ္ေလး' ဆိုတဲ့စကားကိုသာ မေျပာလိုက္ရင္ သူ႔ပုံစံက ပိုလို႔ဩဇာလႊမ္းမိုးေနဟန္ ေပၚေနမွာပင္။
သူ႔အသံ ေပ်ာက္သြားသည္ႏွင့္ သူ႔ေခါင္းထက္ ဝဲကေတာ့တစ္ခု ႐ုတ္တရက္ ေမႊ႕ယမ္းသြားၿပီး ခၽြင္ကနဲျမည္သံတစ္ခုနဲ႔အတူ ဝဲကေတာ့ထဲကေန မိစၧာသားရဲအေသးေလးတစ္ေကာင္ ထြက္လာ၏။ အဲ့တာကေတာ့ ဖုန္႔ရွီ အခုေလးတင္ ေခၚထုတ္လိုက္တဲ့ လ်ိဳးလီပင္။ သူ ေပၚလာတာနဲ႔ အနက္ဝတ္လူက ခ်က္ခ်င္းပဲ ေၾကာက္လန္႔တၾကားေအာ္လိုက္ၿပီး ေနာက္ေျခလွမ္းအနည္းငယ္ ဆုတ္သြားရေတာ့သည္။
"ဒါ လ်ိဳးလီသားရဲ!"
ဝိညာဥ္စားသားရဲလို႔ေခၚတဲ့ လ်ိဳးလီသားရဲက တေစၧေလာကရဲ့ ရတနာျဖစ္သည္။ သူက ဝိညာဥ္ေတြကို စားၿပီး ဝိညာဥ္ေတြအားလုံးအတြက္ မျမင္ရတဲ့ၿပိဳင္ဘက္တစ္ေကာင္ပင္။ ဝိညာဥ္နက္ေတြ ဘယ္ေလာက္ပဲ စြမ္းအားႀကီးႀကီး ဝိညာဥ္စားသားရဲက လြယ္လြယ္ကူကူ စားလိုက္နိုင္သည္ပင္။
အဲ့တာေၾကာင့္ အနက္ဝတ္လူက အခု အလြန္႔အလြန္ကို ထိတ္လန္႔တုန္လွုပ္သြားရတာျဖစ္သည္။
သူ႔ရဲ့ ေသးငယ္တဲ့ပုံဆင္းအဂၤါေၾကာင့္ လ်ိဳးလီသားရဲက သူ ေပၚထြက္လာၿပီးကတည္းက ဖုန္႔ရွီရဲ့ပုခုံးေပၚ တခ်ိန္လုံး ေနေနကာ ေရာင္စုံမ်က္လုံးတို႔နဲ႔ ဝိညာဥ္နက္ကို ၾကည့္ေန၏။ အခု ဝိညာဥ္နက္ရဲ့ တုန္ရီေနတဲ့သ႑ာန္ကို သူ႔ရဲ့ဖုံးကြယ္ထားမွုေအာက္ကေန အကုန္ ျမင္ေနရသည္။ ဒီသားရဲမ်ိဳးေတြက ဝိညာဥ္ေတြအေပၚ ဖိအားေပးဖို႔ ေမြးဖြားလာတာျဖစ္သည္၊ အထူးသျဖင့္ အပစ္ရွိတဲ့ဝိညာဥ္ေတြအေပၚေပါ့။ အဲ့တာေၾကာင့္ အနက္ဝတ္လူက သားရဲကိုၾကည့္ကာ တုံ႔ျပန္တိုက္ဖို႔ သတၱိမရွိေတာ့ဘဲ သူ႔ကိုယ္ပတ္လည္တေလ်ာက္ အနက္ေရာင္အေငြ႕ေတြ ထြက္ေနကာ ေျမေပၚ ေမွာက္လ်က္လဲ ဝပ္တြားၿပီးသာ ေနနိုင္ေတာ့သည္။
ဖုန္႔ရွီက ေျပာလိုက္၏၊ "လီဇီေလး၊ သူ႔ကိုစားလိုက္"
သားရဲက သူ႔စကားကို နားလည္ပုံရသည္။ သူ႔ကိုယ္ခႏၶာကေန အေရာင္စုံအလင္းတို႔ ထုတ္လႊတ္ေနသည္မွာ ေတာက္ပေနတဲ့ေနလုံးလိုပင္။ သူ႔ရဲ့ေသးငယ္တဲ့ပါးစပ္ေလးကို ဖြင့္ဟလိုက္ေတာ့ အားျပင္းတဲ့စုပ္အားတစ္ခုကို လႊတ္ထုတ္လိုက္၏။ တခ်ိန္တည္းမွာပဲ အနက္ဝတ္လူက သူ႔ရဲ့ပုံရိပ္မွန္ျဖစ္တဲ့ ဝိညာဥ္နက္အျဖစ္ေျပာင္းလိုက္ကာ ေလထဲလြင့္ေျမာသြားၿပီး စူးစူးဝါးဝါး ေအာ္လိုက္ေတာ့သည္။
ဝိညာဥ္နက္ေပၚလာတဲ့အခ်ိန္မွာပဲ သားရဲရဲ့ပါးစပ္ထဲ အစုပ္ခံလိုက္ရၿပီးေနာက္ သားရဲက ဝိညာဥ္ကို အနည္းငယ္ကိုက္လိုက္ကာ ၿမိဳခ်လိုက္ေတာ့သည္။
အဲ့လိုနဲ႔ ေျမာက္ပိုင္းေဒသကို ေဘးဒုကၡေတြ ယူေဆာင္လာခဲ့တဲ့ ဝိညာဥ္နက္ ေသဆုံးသြားေတာ့သည္။ နတ္ဘုရားဥႆၽွောင္နယ္ပယ္ပညာရွင္ ႏွစ္ေယာက္ကို ဆုံးရွုံးသြားၿပီးေနာက္မွာေတာ့ ေရခဲေတာင္ၾကားက သူတို႔ရဲ့ နယ္ေျမခ်ဲ႕ထြင္တဲ့အစီအစဥ္ကို ဆက္နိုင္ေတာ့မွာမဟုတ္ေတာ့၊ တည္ရွိဖို႔ေတာင္ အေတာ္ ႀကိဳးစားရမွာျဖစ္သည္။ အဆုံးမေတာ့ သူတို႔က အရင္က အရမ္းကို မ်ားျပားလွတဲ့အင္အားစုေတြကို ရန္စခဲ့တာေၾကာင့္ ေရခဲေတာင္ၾကားမွာ နတ္ဘုရားဥႆၽွောင္နယ္ပယ္အဆင့္ က်င့္ႀကံသူပညာရွင္ မရွိေတာ့ဘူးဆိုတာနဲ႔ သူတို႔ရဲ့ ရန္သူေတြဟာ အခ်ိန္မဆိုင္းဘဲ သူတို႔ဆီေရာက္လာၾကေတာ့မွာျဖစ္သည္။ ဒါေပမဲ့ သူတို႔ၾကမၼာအတြက္ ဘယ္သူကမွ စိတ္ပူေပးၾကမွာမဟုတ္ေခ်။
ဗိုက္အဝ စားလိုက္ရတဲ့ လ်ိဳးလီသားရဲက ဖုန္႔ရွီ သူ႔ကို မၾကည့္ေတာ့တဲ့အခ်ိန္မွာ ခပ္လွမ္းလွမ္းက ေတာင္တစ္ေတာင္ကို က်ပန္း ျဖတ္ခနဲတစ္ခ်က္ ၾကည့္လိုက္ၿပီး လူအတိုင္းပဲ သန္းေဝလိုက္ကာ မ်က္လုံးမွိတ္ရင္း တိတ္တိတ္ဆိတ္ဆိတ္ အနားယူလိုက္ေတာ့သည္။
ေတာင္အေနာက္မွာေတာ့ အနက္ေရာင္အရိပ္တစ္ခု အလ်င္အျမန္ ပ်ံေျပးသြား၏။
က်န္ေနေသးတဲ့ ေရခဲေတာင္ၾကားကလူေတြအကုန္လုံး အနိုင္တိုက္ၿပီးတဲ့အခ်ိန္မွာေတာ့ ဆူးလားမိသားစုက ေနာက္ဆုံး ျပန္တည္ၿငိမ္သြားေတာ့သည္။ ေရခဲေတာင္ၾကားကလူေတြ ျပန္လာမွာကို သူတို႔ စိုးရိမ္စရာမလိုေတာ့ေပ။ ေရခဲေတာင္ၾကားဟာ ဆိုးဆိုးဝါးဝါး အဆုံးသတ္သြားၿပီလို႔ အားလုံး ယုံၾကည့္သြားၾက၏။
ဆူးလားမိသားစုက မိသားစုဝင္တပည့္အနည္းငယ္က ျပင္းျပင္းထန္ထန္ ဒဏ္ရာရသြားေပမဲ့ ဖုန္႔ရွီနဲ႔ သူ႔အေဖာ္ေတြ အခ်ိန္မီ ေရာက္လာခဲ့တာေၾကာင့္ သူတို႔မိသားစုဝင္ေတြ တစ္ေယာက္မွ မေသခဲ့။
သူတို႔ေတြအကုန္လုံး တခ်ိန္က အရမ္းကို စိတ္ဓါတ္က်ေနခဲ့ၾကတာေၾကာင့္ အခုျဖစ္ရပ္က ဆူးလားမိသားစုကလူေတြအတြက္ တကယ္ကို ကံေကာင္းတာပင္။ အဲ့တာေၾကာင့္ အခု အားလုံးက အေတာ့ကို ေပ်ာ္ေနဟန္ေပၚၿပီး အခ်ိဳ႕က ဖုန္႔ရွီနဲ႔သူ႔အေဖာ္ေတြနား ဝိုင္းစု ၾကည့္ေနၾကေတာ့သည္။ အပစ္ကင္းစင္တဲ့မ်က္ႏွာနဲ႔ ေကာင္ေလးက ေကာင္းကင္ထက္မွာ ပင္းလိန္ထ်င္းနဲ႔ အနက္ဝတ္လူတို႔ကို ရက္ရက္စက္စက္ ႏွိမ္နင္းနိုင္လိမ့္မယလို႔ မယုံနိုင္ ျဖစ္ေနရတာေၾကာင့္ ဖုန႔္ရွီက အမ်ားစုရဲ့အာ႐ုံစိုက္မွုကို ရေန၏။
"အခု ဘာေတြျဖစ္သြားတာလဲဆိုတာ မင္း ေျပာနိုင္ၿပီ။" က်န္းပါးလားက ေနာက္ဆုံးေတာ့ ေမးလိုက္ေတာ့သည္။
အဲ့တာက ဆူးလားမိသားစုဝင္ေတြအားလုံး သိခ်င္ျၿပီး စိုးရိမ္ေနၾကတာ ျဖစ္တာေၾကာင့္ သူတို႔အကုန္လုံး နားစြင့္လိုက္ၾက၏။
ကာလြမ္သလာက ခန္းမထဲကလူေတြကို တစ္ခ်က္ ၾကည့္လိုက္သည္။ ဒီမွာ အႀကီးေတြနဲ႔ သူတို႔မိသားစု အနာဂတ္ရဲ့ ေမၽွာ္လင့္ခ်က္ျဖစ္တဲ့ အေရးႀကီးတဲ့ မိသားစုဝင္တပည့္ေတြပဲ ရွိတာေၾကာင့္ ကာလြမ္သလာက သူတို႔ လ်ိဳ႕ဝွက္ခ်က္ကို လုံးဝ ေလ်ာက္မေျပာမွာ ေသခ်ာတာေၾကာင့္ အမွန္အတိုင္း ေျပာဖို႔ ဆုံးျဖတ္လိုက္သည္၊ "အေဖ၊ ေမးခ်င္တာ ဘာမဆို ေမးပါ။"
"အနီနဲ႔သူငယ္ခ်င္းေလးက ဘယ္သူလဲ?"
ကာလြမ္သလာက သူ႔အေဖရဲ့ အဓိကအခ်က္ကို တည့္တိုးေျပာတတ္တဲ့ စြမ္းရည္ကို ေလးစားသည္။ အမဲလိုက္အဖြဲ႕ဝင္ေတြက ဖုန္႔ရွီကို အေတာ္ ေလးစားေနမွန္း သိသာေနသည္။ အဲ့တာကို ကာလြမ္သလာေတာင္မွ ေျပာနိုင္ေနရင္ သူ႔အေဖဆို ေျပာစရာကို မလိုေတာ့ေပ။ တစ္ခုခု ထူးျခားမွန္း သိေနမွာပင္။
"အေဖ၊ သူက ငရဲမင္းႀကီးနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိတဲ့သူဆိုတာပဲ ကၽြန္ေတာ္ ေျပာနိုင္တယ္။ ကၽြန္ေတာ္ သူ႔ေၾကာင့္သာ ဒီေန႔ ဒီလိုမ်ိဳး ေအာင္ျမင္ေအာင္ လုပ္ေဆာင္နိုင္ခဲ့တာ။ သူ႔ေၾကာင့္သာမဟုတ္ရင္ ဆူးလားမိသားစုက တည္ရွိေတာ့မွာကိုမဟုတ္ေတာ့ဘူး။ လတ္တေလာမွာ ကၽြန္ေတာ္ ေကာင္းကင္ထြတ္ထိပ္နန္းေတာ္သြားခဲ့ၿပီး ကၽြန္ေတာ္တို႔မိသားစုက နန္းေတာ္အေပၚ ထာဝရ သစၥာေစာင့္သိပါမယ္လို႔ ဘုရင္ႀကီးေရွ႕ ကတိျပဳခဲ့ပါတယ္!"
ကာလြမ္သလာရဲ့စကားေတြက လူတိုင္းရဲ့စိတ္ထဲ တုန္လွုပ္သြားေစ၏။
"ဒီေက်ာက္စိမ္းျဖတ္ပိုင္းေလးမွာ ကၽြန္ေတာ္တို႔ က်င့္ႀကံဖို႔သင့္ေတာ္တဲ့ သိုင္းပညာရပ္ကို ေရးမွတ္ထားတယ္။ အဲ့တာက ဝိညာဥ္ကိုးလွည့္လို႔္ ေခၚတယ္။ ဘုရင္ႀကီးက အဲ့တာကို ဆုအေနနဲ႔ ကၽြန္ေတာ္တို႔မိသားစုကို ေပးအပ္ခဲ့တယ္။ အခု ဒီသိုင္းပညာရပ္နဲ႔ ကၽြန္ေတာ္တို႔မိသားစု ဘယ္ေတာ့မွ ေသြးဆက္ထိန္းခ်ဳပ္မွု ခံရေတာ့မွာမဟုတ္ေတာ့ဘူး၊ ကၽြန္ေတာ္တို႔မိသားစု ပ်က္ဆီးယိုယြင္းသြားေတာ့မွာမဟုတ္ေတာ့ဘူး။ ကၽြန္ေတာ္တို႔ စည္းလုံးေနသ၍ ကၽြန္ေတာ္တို႔မိသားစု ဦးျပန္ေမာ့လာေတာ့မွာ!"
ကာလြမ္သလာရဲ့အသံက တည္ၿငိမ္ေနေပမဲ့ သူ႔စကား နားေထာင္ေနၾကတဲ့လူေတြကေတာ့ စိတ္မလွုပ္ရွားဘဲ မေနနိုင္ၾကေတာ့ေပ၊ သူတို႔ ေနာက္ဆုံးေတာ့ ေမၽွာ္လင့္ခ်က္ အလင္းေရာင္ ျမင္လိုက္ရၿပီေလ။ သူတို႔ က်င့္ႀကံဆင့္ ေနာက္တစ္ဆင့္ တက္သြားတာေတာင္မွ အခုလိုခံစာခ်က္မ်ိဳး တစ္ခါမွ မျဖစ္ခဲ့ဖူးေခ်။ နန္းေတာ္ကို သြားခဲ့ဖူးတဲ့ လူအိုႀကီးႏွစ္ေယာက္ကေတာ့ စတင္ၿပီး မ်က္ရည္ေတြေတြ က်ေနေတာ့၏။
"ေကာင္းလိုက္တာ၊ အရမ္းေကာင္းတာပဲ!" က်န္းပါးလားက ႐ုတ္တရက္ႀကီး အသက္ႀကီးသြားပုံေပါက္ကာ တုန္ရီေနတဲ့ လက္အစုံနဲ႔ ကာလြမ္သလာရဲ့ပုခုံးကို ပုတ္လိုက္ေတာ့သည္။
သူအခုေျပာျပလိုက္တဲ့ သိုင္းပညာရပ္က သူတို႔မိသားစုအတြက္ အရမ္းကို အေရးပါတာေၾကာင့္ သူ႔အေဖနဲ႔ အျခားမိသားစုဝင္ေတြက အေပ်ာ္ေတြေၾကာင့္ အခုလို ျပဳမူေနၾကတယ္ဆိုတာ ကာလြမ္သလာသိ၏။
"တတိယညီ၊ မင္းအေပၚ ငါတို႔မိသားစု ေက်းဇူးေႂကြးတင္သြားၿပီ!" ကာလြမ္သလာရဲ့အကိုအႀကီးဆုံးျဖစ္တဲ့ ကာလြမ္သလာလိန္ (ကာလြမ္သလာမိုးခ်ဳန္း)က ေရွ႕တက္လာကာ စိတ္လွုပ္ရွားေနတဲ့အသံနဲ႔ ေျပာလိုက္ၿပီး ကာလြမ္သလာအတြက္ ဂုဏ္ယူေနရမွု ခံစားေနရသည္။
ကာလြမ္သလာက ေခါင္းခါယမ္းလိုက္ၿပီး တစ္စုံတစ္ခု ေျပာေတာ့မယ့္အခ်ိန္မွာပဲ အနီေရာင္အရိပ္တစ္ခု ႐ုတ္တရက္ အတြင္းထဲ တိုးဝင္လာသည္။
"ကာလြမ္သလာ၊ ငါ့မွာ သတင္းဆိုးအခ်ိဳ႕ရွိတယ္။" သတင္းဆိုးရွိတယ္လို႔ ေျပာကာ အတြင္းထဲ ေျပးဝင္လာတဲ့ ဖုန္႔ရွီက သူ႔မ်က္ႏွာထက္ အေတာ္ကို ေပ်ာ္ရႊင္ဝမ္းေျမာက္ေနပုံေပၚေန၏။ ဒါေပမဲ့ သူက အဲ့ကလူေတြရဲ့ မ်က္လုံးရဲရဲေတြကို ျမင္လိုက္ရေတာ့ ခ်က္ခ်င္း အလန္႔တၾကားေမးလိုက္ေတာ့သည္၊ "ဘာလို႔ အခု မင္းတို႔အားလုံး ငိုေနၾကတာလဲ?"
20220108; 1605
Stay tuned for the next chapter:
114. Steamed Dishes?
🥰Thanks for reading, sharing, comments and votes.🥰
—————————— 👀 —————————