အပိုင်း ၁၁၁။ ကြိုးတန်းပေါ်မှာ (အလွန်အန္တရာယ်များသောအခြေအနေ)
ဆူးလားမိသားစုရဲ့ဌာနချုပ်ကနေ အလင်းစူးစူးတစ်ခု ချက်ချင်း ပျံသန်းထွက်လာပြီး ဆူးလားမိသားစုခေါင်းဆောင်နဲ့ အကြီးပိုင်းလူအိုကြီးတွေရဲ့ ပုံသဏ္ဍာန်တွေ လေထဲ ထွက်ပေါ်လာ၏။ သူတို့က ပင်းလိန်ထျင်းကို စူးစူးရဲရဲကြည့်လိုက်ကြကာ သတိကြီးကြီးထားလိုက်ကြ၏။
ဆူးလားမိသားစုရဲ့ အသန်မာဆုံးကျင့်ကြံသူက ကာလွမ်သလာရဲ့ဖခင် ကျန်းပါးလား ဖြစ်သည်။ သူက နတ်ဘုရားဘုရင်နယ်ပယ် ထိပ်ပိုင်းအဆင့်ဖြစ်တဲ့ အဆင့်ကိုးကို ရောက်နေပြီဖြစ်ပြီး နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့်ကိုရောက်ဖို့ တစ်ဆင့်ပဲ လိုတော့တာဖြစ်သည်။
ဒါပေမဲ့ အဲ့ဒီ့ တစ်ဆင့်ကလည်း မိုင်တစ်သောင်းရှစ်ထောင်လိုကို ဝေးကွာလှသည်။ နတ်ဘုရားဘုရင်နယ်ပယ်နဲ့ နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့်တို့ကြား ကွာဟချက်က အရမ်း ကြီးမားလှသည်။ ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားဘုရင်နယ်ပယ်အဆင့်ကို ကျော်ဖြတ်ပြီးပြီဆိုတာနဲ့ သူတို့ရဲ့ ဝိညာဉ်နဲ့ စိတ်ဝိညာဉ်စွမ်းအားတို့ဟာ အခြေခံကျတဲ့ပြောင်းလဲမှုတွေ ဖြစ်ပွါးသွားကြမှာဖြစ်သည်။ နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ ဝိညာဉ်က ပိုပြီး သန်မာသည်။ သူတို့ စိတ်ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှုအောက် သက်ရောက်တဲ့အခြေအနေမျိုးမှာ သူတို့ရဲ့ကျင့်ကြံဆင့်နဲ့ ပြိုင်ဘက်ရဲ့ ကျင့်ကြံဆင့်အကြား ကွာဟချက်က မကြီးမားသ၍ သူတို့ဝိညာဉ်တွေ တစ်စစီပြန့်ကျဲသွားမယ့်အရေးကနေ ကာကွယ်နိုင်သည်ပင်။
သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေ ပြောင်းလဲတာနဲ့ပတ်သက်လို့်က နတ်ဘုရားဥဿျှောင်နယ်ပယ်ပညာရှင်တစ်ယောက် ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်သည်။ သူတို့ စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားတဲ့အချိန်မှာ သူတို့ပတ်လည်က စွမ်းအင်တွေကို မြန်မြန်ဆန်ဆန် စုပ်ယူနိုင်ပြီး သူတို့ရဲ့သွေးကြောထဲကို ပြန်ဖြည့်နိုင်သည်။ အဲ့ဒီ့စွမ်းရည်က နတ်ဘုရားဘုရင်နယ်ပယ်အဆင့်ပညာရှင်တွေ မရနိုင်တဲ့အရာပါ။
အဲ့တာကြောင့်လည်း ပင်းလိန်ထျင်း ပေါ်လာတဲ့အခါမှာ ဆူးလားမိသားစုက သူတို့ရဲ့အခြေအနေတွေ အဆိုးဘက် ပြောင်းကုန်ပြီလို့ ခံစာလိုက်ကြရတာဖြစ်သည်။
"ပင်းလိန်ထျင်း၊ တစ်လပြည့်ဖို့ တစ်ရက် ကျန်သေးတယ်လေ။ မင်းက ကတိချိုးဖောက်မလို့လား?" ကျန်းပါးလားက က ပင်းလိန်ထျင်းရဲ့ မချေမငံ နှိမ်နှိမ်ချိုးချိုးအပြုအမူကို ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ထိန်းထားလိုက်ရင်း အော်လိုက်သည်။
ပင်းလိန်ထျင်းက ဂရုမစိုက်ဟန် ပြုံးလိုက်ပြီး နှာမှုတ်လိုက်သည်၊ "ကျန်းပါးလား၊ မင်းက အရမ်းတုံးတာပဲ။ အဲ့ဒီ့ ကတိလို့ အမည်တပ်ထားတဲ့အကြောင်းအရာက အားကြီးတဲ့ကျင့်ကြံသူက သတ်မှတ်တာလေ။ ငါ မင်းတို့ကို ရက်ရက်ရောရောနဲ့ တစ်လကြီးများတောင် ပေးပြီးသွားပြီ။ ငါ့ လာပြီး စျေးဆစ်ပိုင်ခွင့် မင်းမှာရှိတယ်လို့များ မင်း ထင်နေသလား? ဆူးလားမိသားစုကို သုတ်သင်ရှင်းလင်းဖို့ ငါ စိတ်ပူမနေဘူးနော်။ ငါ့သည်းခံနိုင်စွမ်းတွေ ကုန်သွားပြီ၊ မင်းတို့ ငါ့ကို ဒီနေ့ပဲ အဖြေပေးရမယ်။ တိုက်မလား၊ အညံ့ခံမလား?"
နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ရဲ့ မြောက်ဘက်ပိုင်းနယ်မြေက အခြားဧရိယာတွေနဲ့ မတူချေ၊ အကြောင်းကတော့ ဒီမှာရှိကြတဲ့ကျင့်ကြံသူတွေက ပြည်ပြေးတွေ ဖြစ်ကြသည်။ ဒီကလူအများစုက အခြားဒေသတွေမှာ သွားရောက် နေထိုင်ခြင်း မပြုနိုင်ကြသူတွေ၊ ဒါမှမဟုတ် ထွက်ပြေးလွတ်မြောက်လာတဲ့ ကျင့်ကြံသူလူဆိုးတွေ ဖြစ်ကြသည်။ အကျိုးဆက်အနေနဲ့ ဒီမှာ လူမျိုးပေါင်း အစုံရှိပြီး သူတို့ရဲ့ စွမ်းအားတွေက အဆင့်တွေ မတူကွဲပြားကြသည်။
အတော်လေးသန်မာအားကြီးကြတဲ့ ကျင့်ကြံသူတွေက ရေခဲတောင်ကြားကလိုမျိုး မြောက်ဘက်ပိုင်းနယ်မြေမှာ ကိုယ်ပိုင်ဂိုဏ်းဂဏမျိုး ဆောက်တည် အခြေပြုထားကြသည်။ အားနည်းတဲ့အင်အားစုတွေလည်း အတော်များများရှိပြီး အများစုကတော့ ထင်ပေါ်ချင်ကြတဲ့ကျင့်ကြံသူတွေ တည်ထောင်ထားကြတာပဲဖြစ်သည်။ ဒါပေမဲ့ အတိအကျပြောရရင်တော့ မြောက်ဘက်ပိုင်းနယ်မြေဟာ အရမ်း မငြိမ်မသက်ဂယက်ထနေတာကြောင့် လူအနည်းစုကပဲသာ အင်အားစုတွေဆီ သွားရောက်ပူးပေါင်းလိုကြတာဖြစ်ပြီး လူဆိုးကျင့်ကြံသူတွေက တကိုယ်တည်း သီးခြား နေတတ်ကြသည်။ အကျိုးဆက်အနေနဲ့ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်အတွင်းမှာ မြောက်ဘက်ပိုင်းနယ်မြေက အင်အားစုတွေက အားအနည်းဆုံးပင်။
အဲ့တာကြောင့် အဲ့ဒီ့ရေခဲတောင်ကြားက အရမ်းရန်လိုနေပြီး သူတို့ရဲ့နယ်မြေတွေကို ချဲ့ထွင်လာရဲကြတာပဲဖြစ်သည်။
သူတို့မှာ နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့် ပညာရှင်နှစ်ယောက်ရှိတာကြောင့် မြောက်ဘက်ပိုင်းနယ်မြေထဲမှာ သူတို့အလိုရှိတဲ့အတိုင်း ဘာမဆို လုပ်နိုင်နေကြသည်။
လူအများစုက အဲ့တာနဲ့ပတ်သက်ပြီး သဘောတူထားကြပြီး မြောက်ဘက်ပိုင်နယ်မြေကလူတွေက အဲ့အကြောင်းကို ကောင်းကောင်းသိကြ၏။
ဒါကတော့ ဆူးလားမိသားစုက ဘာကြောင့် ရေခဲတောင်ကြားကို ရင်ဆိုင်ဖို့ ကြောက်လန့်နေကြသလဲဆိုတာပါပဲ။ သူတို့ရဲ့နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့်ရောက် ကျင့်ကြံသူတစ်ယောက်ကတောင် ဆူးလားမိသားစုကို အပြည့်အဝ နှိမ်နင်းနိုင်စွမ်းရှိ၏။
ဆူးလားမိသားစုက ရေခဲတောင်ကြားရဲ့ စွမ်းအားကို ကြောက်ကြပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဘဝမြစ်ကို လုံးဝ မလွှဲပြောင်းပေးနိုင်ပေ။ ဆူးလားမိသားစုရဲ့ သွေးဆက်တွေကို မူလကတည်းက ဖိနှိပ်ထားခြင်းခံထားရ၏။ တကယ်လို့ သူတို့သာ ဘဝမြစ်ကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ဆူးလားမိသားစု ပျက်စီးဆုံးရှုံး လဲပြိုသွားတဲ့လမ်း လျောက်လှမ်းသွားတာကို ကြည့်ပဲကြည့်နေနိုင်ကြတော့မည်။ အဲ့တာက ဆူးလားမိသားစုထဲက ဘယ်မိသားစုဝင်ကမှ မမြင်ချင်တဲ့ အဆုံးသတ်ပဲဖြစ်၏။
"ငါ မင်းကို ဘဝမြစ် လုံးဝ မပေးနိုင်ဘူး။"
ဒေါသထွက်လာတာနဲ့အမျှ ကျန်းပါးလားရဲ့ မျက်တောင်တွေ တဖြတ်ဖြတ် ပါးပါးလေး ခတ်သွား၏။
သူက ဆူးလားမိသားစုရဲ့ တောက်ပခဲ့တဲ့နေ့ရက်တွေကို ပြန်တမ်းတသွားမိတော့သည်။ သူတို့က ဒုတိယအဆင့်အင်အားစုတစ်ခုရဲ့ အနိုင်ကျင့်ခြင်းကို ခံရတဲ့အထိ အခြေအနေတွေ ထိုးကျသွားမယ်လို့ ဘယ်သူက ထင်ခဲ့ကြမှာလဲ? သူ့မှာ တမလွန်က ဘိုးဘေးဘီဘင်တွေကို မျက်နှာမပြရဲတော့ပေ။
ဒါပေမဲ့ သူတို့က တခြားသူတွေလောက် စွမ်းအားမကြီးပေမဲ့ ဆူးလားမိသားစုက သူတို့ရဲ့မာနကို တက်အနင်းတော့ မခံနိုင်။
သူတို့က ဘဝမြစ်ကို လိုချင်ကြတယ်ဆိုရင် အဲ့အတွက် တန်ရာတန်ကြေးတစ်ခုခုတော့ ပေးဆပ်ရမှာပဲ!
"အရမ်းကောင်းတယ်၊ ကြည့်ရတာ ဆူးလားမိသားစုကလူတွေအကုန်လုံးက ခေါင်းမာတဲ့သူတွေချည်းပဲ။ အဲ့တာဆို ငါ့ရဲ့ ရိုင်းပြမှုအပေါ် အပြစ်လာမတင်နဲ့။" ပင်းလိန်ထျင်းက ကျင်းပါးလားရဲံ အေးစက်တဲ့အမူအယာကို ကြည့်လိုက်ပြီး ဒေါသတကြီး ရယ်လိုက်သည်။ သူ့အနောက်က ပညာရှင်တွေအကုန်လုံးကို သူက လက်ဝှေ့ယမ်းပြလိုက်ပြီး အညှာအတာမဲ့ ပြောလိုက်သည်၊ "ရေခဲတောင်ကြားက တပည့်တို့၊ နားထောင်ကြ! သူတို့ကို သတ်ပစ်!"
"ကောင်းပါပြီ!' ပင်းလိန်ထျင်းရဲ့ အမိန့်ကို ကြားတော့ သူတို့က ချက်ချင်း ပြိုင်တူ ခေါင်းညိိတ်လိုက်ကြသည်။
အဲ့နောက်မှာတော့ နတ်ဘုရားဘုရင်နယ်ပယ်အဆင့် ပညာရှင်တွေရဲ့ အားကြီးတဲ့အရှိန်အဝါက သူတို့ကိုယ်ထဲကနေ ထွက်လာကာ ဆူးလားမိသားစုဆီ တဟုန်ထိုး ပြေးသွားလိုက်ကြသည်။ သူတို့ပတ်လည်က လေက လေတိုးသံတရွှီရွှီဖြစ်လာပြီး သူတို့ရဲ့အော်သ့က လေထဲ ပဲ့တင်ထပ်သွား၏။ မြင်ကွင်းက အံ့ချီးဘနန်းပင်။
"ဆူးလားမိသားစုရဲ့တပည့်တွေ၊ ငါတို့ ဒီနေ့ဘယ်လောက်ပဲပင်ပန်းပင်ပန်း၊ ရေခဲတောင်ကြားက လူတစ်ဦးတစ်ယောက်ကိုမှ အသက်ရှင်လျက် ချန်မထားကြနဲ့!"
ရေခဲတောင်ကြားက ပညာရှင်တွေနဲ့ရင်ဆိုင်လိုက်ကာ ကျန်းပါးလားက သူ့လက်ကို မြှောက်ပြီး ဆူးလားမိသားစုရဲ့တပည့်တပန်းတွေအားလုံးကို အော်ပြောလိုက်သည်။ သူတို့အခု ဒီအခြေအနေအထိ ကျဆင်းသွားပြီ၊ ဆူးလားမိသားစု ပြန်မနိုးထနိုင်တော့ဘူး။ ရေခဲတောင်ကြားကလူတွေက သူတို့ရဲ့အနိုင်ကျင့်မှုကို အလွန်အကျူး လုပ်လာကြပြီဖြစ်သည်။ အဲ့တာကြောင့် သူတို့ဒီနေ့ သေရရင်တောင်မှ သူရဲဘောကြောင်တစ်ယောက်အနေနဲ့ သေရတာထက် သူရဲကောင်းတစ်ယောက်အနေနဲ့ပဲ သေတာ ပိုမြတ်သည်ပင်။
ကျန်းပါးလားရဲ့ အမိန့်ကို ကြားတော့ သူ့အနောက်မှာရှိနေကြတဲ့ ဆူးလားမိသားစုရဲ့တပည့်တွေအားလုံးက သံပြိုင်အော်လိုက်ကြပြီဂ သူတို့ရဲ့စိတ်ဆုံးဖြတ်ချက်ကို ပြလိုက်ကြကာ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုအတွက် အဆင့်သင့်ဖြစ်အောင် လုပ်လိုက်ကြသည်။ သူတို့ရဲ့လက်နက်တွေကို ရေခဲတောင်ကြားကတပည့်တွေဆီ ဦးတည်လိုက်ကြပြီး တိုးဝင်သွားကြသည်။
ဆူးလားမိသားစုရဲ့သွေးဆက်ကသာ ထူးခြားနေသည်မဟုတ်၊ သူတို့က တခြားသူတွေထက်ပိုပြီး ရဲစွမ်းသတ္တိရှိကြကာ မကြောက်မရွံ့စိတ်ရှိကြ၏။ တိုက်ပွဲစသည်နှင့် အကြီးများအနည်းငယ်ကလည်း ဝင်ရောက်ပါဝင်လာကြပြီး တိုက်ပွဲက တဖြည်းဖြည်း မတိုးသာ မဆုတ်သာ အခြေအနေ ဖြစ်လာတော့သည်။ ဒါပေမဲ့ အကယ်၍ တိုက်ပွဲကို ရှေ့ဆက်သွားမယ်ဆိုရင် ဆူးလားမိသားစုက အနှေးနဲ့အမြန် ရှုံးရမှာပင်။
"တောင့်ခံဖို့ဆိုတာ အချီးအနှီးပဲ၊ ဆူးလားမိသားစုက ပြီးသွားပြီ။" ပင်းလိန်ထျင်းက တိုက်ပွဲကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက် ရယ်မောလိုက်သည်။
ကျန်းပါးလား စကားပြန်ပြောတာကို သူ မစောင့်တော့ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ဝတ်ရုံလက်ထဲကနေ ပြင်းထန်တဲ့လေမုန်တိုင်းတစ်ခုကို ရုတ်တရက် ဖန်တီးလိုက်ပြီး ကျန်းပါးလားထံ ပစ်သွင်းလိုက်၏။ ပြင်းထန်လှတဲ့အရှိန်က သူ့ဆီ ရောက်လာတာနဲ့အမျှ သူ့မျက်နှာကလည်း အနည်းငယ် ပြောင်းလဲသွား၏။
သူ့လက်ထဲ အနီရင့်ရောင် မြေခုတ်ပုဆိန်တစ်ခု ရုတ်ချည်းရောက်လာပြီး ပုဆိန်ကို မြှောက်လိုက်ကာ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေကို အထက်သို့ ဆန်တက်စေလိုက်သည်။ ပုဆိန်ကို ရှေ့သို့လွှဲလိုက်ပြီး တူညီတဲ့စွမ်းအားရှိတဲ့မီးတောက်တစ်ခုကို အရှေ့သို့ ပေါက်ကွဲထုတ်လွှတ်လိုက်၏။ အဲ့တာက လေထုနဲ့ပေါင်းစပ်သွားပြီး လေထဲမှာပဲ တိုက်ခိုက်လိုက်သည်။ သူတို့အချင်းချင်း ပေါင်းစပ်သွားပြီးနောက် ပြင်းထန်တဲ့မီးတော်ကအဖြစ် ပေါက်ကွဲသွားတော့သည်။ ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် တိုက်ခိုက်မှုနှစ်ခုက အဆုံးသို့ တဖြည်းဖြည်း ရောက်လာပြီဖြစ်သည်။
ကျန်းပါးလား အနည်းငယ် ဖြူဖြော့လာသည်။ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ခန့်ကို သူ အသုံးပြုပြီးပြီဖြစ်ပြီး သူ့ရန်သူရဲ့တိုက်ခိုက်မှုကို မနည်း ထိန်းရုံသာ ထိန်းထားနိုင်တော့သည်။ ပင်းလိန်ထျင်းရဲ့ တည်ငြိမ်နေတဲ့အမူအယာကို ကြည့်ရုံနဲ့ ပင်းလိန်ထျင်းက စွမ်းအင်အနည်းငယ်ကိုသာ အသုံးပြုပြီးသေးမှန်း သူသိလိုက်သည်။ နတ်ဘုရားဘုရင်နယ်ပယ်အဆင့်နဲ့ နတ်ဘုရားဥဿျှောင်နယ်ပယ်တို့အကြားက ခြားနားချက်က တကယ်ကို များပြားလွန်းလှတာပင်။ အဲ့တာက ကျင့်ကြံမှုလမ်းကြောင်းပေါ်မှာ အကြီးဆုံး ကွာဟချက်ပဲဆိုတာ ယုံမှားဖွယ်မရှိ။
ပင်းလိန်ထျင်းက ကျန်းပါးလားရဲ့အမူအယာကို ကြည့်လိုက်ပြီး အေးစက်စက်အပြုံးတစ်ခု ပေးလိုက်သည်။ အဲ့နောက် သူက သွးအေးရက်စက်စွာ အော်လိုက်၏၊ "မင်း မထိန်းနိုင်တော့ဘူးဆိုတော့ အဲ့တာဆို ငါ မင်းကို ဒီနောက်တစ်ကွက်နဲ့ ငရဲပို့ပေးလိုက်မယ်။"
သူ့ရဲ့အသံက ထွက်လာစဉ်မှာပဲ သူ့ကိုယ်ထဲကနေ အေးခဲနေတဲ့ အဖြူရောင်စိတ်ဝိညာဉ်စွမ်းအင်က အမြန်ထွက်လာပြီး ပင်းလိန်ထျင်းကို လွှမ်းခြုံလိုက်သည်။
ကျန်းပါးလားက ပင်းလိန်ထျင်းကိုယ်ထဲကနေ ထုတ်လွှတ်လိုက်တဲ့ အရိုးထဲထိစိမ့်သွားတဲ့အရှိန်အဝါတစ်ခု ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ပတ်လည်က အလုံးစုံ အေးခဲသွားတော့သည်။ ပင်းလိန်ထျင်းက အဆုံးသတ်တိုက်ကွက် ထုတ်တော့မယ့်ပုံ ပေါ်နေတာကြောင့် သူ ပိုပြီး သတိကပ်လိုက်၏။
"ရေခဲအကျဉ်းထောင်!"
"Ice Prison!"
အဖြူရောင်စက်ဝန်းရဲ့အလယ်ကနေ တိုးညှင်းတဲ့ အသံဩဩတစ်ခု ထွက်လာသည်။ ခြိမ်းခြောက်နေတဲ့ ရေခဲတမျှအေးစက်တဲ့လေမုန်တိုင်းတစ်ခုက ပင်းလိန်ထျင်းရပ်နေရာနေရာမှ ချက်ချင်း ထွက်လာပြီး ငါးမီတာပတ်လည်မှာရှိတဲ့ အရာအားလုံးကို တမဟုတ်ချင်း အေးခဲသွားစေတော့သည်။ လေထဲ ရေခဲအမှုန်လေးတွေနဲ့ ပြည့်သွားပြီး အေးစက်မှုက သူ့ရဲ့ကာကွယ်မှုကို ဆက်တိုက် အားနည်းစေ၏။
ပင်းလိန်ထျင်းရဲ့ ရေခဲအကျဉ်းထောင်ကို ကြားဖူးတာကြောင့် ကျန်းပါးလားရဲ့ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။ အဲ့တာက ရေခဲတောင်ကြားရဲ့ ထူးခြားတဲ့နည်းပညာပင်။ ရေခဲအကျဉ်းထောင်ထဲ ချိတ်ပိတ်ခံလိုက်ရတာနဲ့ အသုံးပြုသူထက် အားနည်းတဲ့ဘယ်သူမဆို သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေကို တစ်ဝက်တိတိ ဖိနှိပ်ခံလိုက်ရမှာပင်။ တစ်စုံတစ်ယောက် ထောင်ခြောက်ထဲ ရောက်သွားပြီဆိုတာနဲ့ တစ်ခုတည်းသော ရလဒ်ကတော့ အသတ်ခံရတာပဲဖြစ်သည်။ အခြေအနေက အဆိုး ပြောင်းသွားပြီးဖြစ်သည်!
"ဟားဟားဟား၊ ကျန်းပါးလား၊ မင်းကို အခု ဘယ်သူက လာကယ်တော့မလဲ? ငရဲသာ သွားလိုက်တော့!" ပင်းလိန်ထင်းက ရုတ်တရက် ထရယ်လိုက်ပြီး ကျန်းပါးလားရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို ရုပ်အလောင်းတစ်ခုအား ကြည့်နေသလို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာတော့ သူ့ရန်သူက သေဆုံသွားပြီ၊ မရှောင်နိုင်တော့ဘူးပင်။ သူ ပြောပြီးသွားသည်နှင့် သူ့လက်ကို မြှောက်လိုက်ပြီးနောက် လက်ထဲ အေးစက်တဲ့လေ ထုတ်လွှတ်နေသည်ံ့ ရေခဲပန်းဆွဲတစ်ခု ပေါ်လာသည်။ အဲ့နောက်မှာတော့ မရွေ့နိုင်တော့တဲ့ ကျန်းပါးလားထံ ချက်ချင်း ပစ်လွှတ်လိုက်၏။
ကျန်းပါးလားက သူ့ဆီ လာနေတဲ့ ကြောက်စရာကောင်းတဲ့ ရေခဲပန်းဆွဲကို မျက်လုံးအစုံပြူးပြီး ကြည့်လိုက််သည်။ အားကိုးရာမဲ့နေဟန်နဲ့ စိတ်ပျက်အားငယ်ဟန်တို့က သူ့ရဲ့အထီးကျန်မျက်နှာထက် ဖြတ်ပြေးသွား၏။
မျှော်လင့်ချက်တွေအားလုံး အရှုံးပေးရတော့မယ့်အခြေအနေမှာပဲ အနက်ရောင်အလင်းတန်းတစ်ခု ရုတ်တရက် ရေခဲအကျဉ်းထောင်ကို ထိုးခွဲလိုက်သည်။ အနက်ရောင်အလင်းက ကျန်းပါးလားဆီမရော်ကခင်မှာပဲ ရေခဲပန်းဆွဲနဲ့ ပေါင်းစပ်သွားကာ ရေခဲပန်းဆွဲကို တစ်စဆီ အပိုင်းပိုင်းအစစ ကွဲကျေသွားစေ၏။ အပိုင်းအစတို့က ကျန်းပါးလားရဲ့အရှေ့ တစစီပြန့်ကျဲသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
အဲ့နောက်ချက်ချင်းပဲ မိုးခြိမ်းသံလို ပေါက်ကွဲသံကြီးက ပတ်လည်အနှံ့ မြည်ဟီးသွားပြီး ရေခဲအကျဉ်းထောင်ကို တစ်ချက်တည်းနှင့် ဖျက်ဆီးလိုက်ကာ...
ရေခဲအကျဉ်းထောင် ပြိုလဲသွားမှုက ကျန်းပါးလားကို အံ့အားသင့်စေရုံသာမက အခြားတစ်ဖက်မှာ ရပ်နေတဲ့ ပင်းလိန်ထျင်းကိုတောင် မယုံနိုင်ခြင်းများစွာနဲ့ မျက်လုံးအစုံ ပြူးကျယ်သွားစေတော့သည်။ နှစ်ဖက်လုံးက ဘာမှန်းမသိလိုက်ကြဘဲ ကြောင်အမ်းနေကြ၏။
ရေခဲအကျဉ်းထောင် ပြိုလဲသွားပြီးနောက် အနက်ရောင်ပုံသဏ္ဍာန်တစ်ခုက သူတို့ရဲ့အမြင်ထဲ ထွက်ပေါ်လာသည်။
တိုက်ခိုက်တာတွေ ရပ်သွားတာကြောင့် တိုက်ပွဲပြင်က တိတ်ဆိတ်သွားပြီဖြစ်သည်။ သူတို့အားလုံးက လေထဲ ရပ်နေတဲ့ အနက်ရောင်ပုံသဏ္ဍာန်ဆီ ခေါင်းမော့ကြည့်လိုက်ကြသည်။
ရင်းနှီးနေတဲ့မျက်နှာက သူတို့မြင်ကွင်းထဲ ဝင်လာချိန်မှာတော့ ဆူးလားမိသားစုရဲ့ တပည့်တွေအားလုံးအပြင် အကြီးတွေတောင်မှ တစ်ဦးချင်းတစ်ယောက်ချင်းတိုင်း ကျောက်ရုပ်လို တောင့်သွားကြ၏။ လူငယ်ခေါင်းဆောင်လေးက ဘယ်တုန်းက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ကို ရောက်လာတာလဲ၊ ဘယ်လိုဖြစ်လို့ အရင်ကထက် ပိုပြီး စွမ်းအားကြီးလာရတာလဲ?"
ဒါပေမဲ့ တကယ့်အံ့ဩမှုအစစ်ကတော့ မလာသေးချေ။ ကာလွမ်သလာရဲ့အနောက်မှာ စွမ်းအားကြီးတဲ့ အရှိန်အဝါ ခုနှစ်ခု၊ ရှစ်ခုက ရုတ်တရက်ပေါ်ပေါက်လာပြီး နတ်ဘုရားဘုရင်နယ်ပယ်အဆင့်ရဲ့ အဆင့်မြင့်တန်းမှာရှိနေကြတဲ့ ပညာရှင်တွေက ချက်ချင်း သူတို့အရှေ့ ပေါ်ပေါက်လာကြသည်။ လူတိုင်းက သူတို့မျက်စိရှေ့မှာ ပေါ်ထွက်လာကြတာတွေအပေါ် အံ့အာသင့် ကြောင်အမ်းနေကြချိန်မှာ မလှမ်းမကမ်းက ပင်းလိန်ထျင်းက ရုတ်တရက် ထအော်ဟစ်လိုက်၏။
"သောက်ကျင့်ယုတ်ကောင်! ဘယ်သူက ငါ့ လာချုံခို တိုက်ရဲတာလဲ?"
ပင်းလိန်ထျင်းက ဟောက်ဟမ်းလိုက်ပြီးနောက် ချက်ချင်း နောက်ဆုတ်သွား၏။ ဒါပေမဲ့ သူ့ကိုယ်ပတ်လည်က ရေခဲအရှိန်အဝါက မယှဉ်နိုင်တဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်တိုးမိပုံရကာ အလျင်အမြန် အရေပျော်ကျသွားတော့သည်။ အနီရောင်စွမ်းအင်ပေါက်ကွဲမှုတစ်ခုက သူ့ကိုယ်ပတ်လည် ထွက်လာသည်။ စွမ်းအင်ဖြတ်သန်းသွားသည်နှင့် သူ့မှာ ခုခံဖို့ ခွန်အားတစ်စွန်းတစ်စတောင် မကျန်တော့တဲ့အထိ သူ့ကိုယ်ခန္ဓာက ပရမ်းပတာဖြစ်သွားတော့သည်။
အဲ့တာကိုမြင်လိုက်ရတဲ့လူတွေက အောက်မေးရိုးပြုတ်ကျမတတ် ထိတ်လန့်သွားကြတော့သည်။
နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့် စွမ်းအားကြီးတဲ့ ပညာရှင် တစ်ယောက်က ခုလိုကြီး အတိုက်ခံလိုက်ရတယ်?
"ဟားဟား၊ ဒါ တကယ်တော့ တော်တော် အသုံးဝင်တာပဲ။" ကောင်းကင်ထက်မှာ လူငယ်လေးတစ်ယောက် ပေါ်လာပြီး သူ့ရဲ့ နူးညံ့တဲ့အသံလေးနဲ့ပြောလိုက်သည်။ သူက အရပ်ရှည်ရှည် ပိန်ပိန်ပေမဲ့ သူ့ရဲ့ ခန့်ညားလှပတဲ့သွင်ပြင်ကတော့ အသက်နှစ်ဆယ်တောင်မရှိသေးဟန် ပေါက်နေသည်။ မီးတောက် ရစ်ပတ်ထားတဲ့ သူ့သဏ္ဍာန်က လူတိုင်းရှေ့ ကြီးကျယ်ခန်းနားစွာ ပေါ်ထွက်လာ၏။
ကမ္ဘာကြီးက ချက်ချင်း အပ်ကျသံကြားမတတ် တိတ်ဆိတ်သွားတော့သည်...
(အင်တာနက်ပျက်သွားလို့ ခုမှ တင်လိုက်ပါတယ်၊ အပိုင်း ၁၁၂ နဲ့ ၁၁၃ လည်း ရေးပြီးပါပြီ။ ချက်ချင်းတင်လိုက်ရင် မမြင်ဘဲ အပိုင်းကျော်ဖတ်မိကြမှာစိုးလို့ တစ်နာရီခြားပြီး တင်ပေးပါမယ်နော်။ ကျေးဇူးပါ)
20220103; 0554
Stay tuned for the next chapter:
112. Fighting the Black Spirit
🥰Thanks for reading, sharing, comments and votes.🥰
—————————— 👀 —————————
အပိုင္း ၁၁၁။ ႀကိဳးတန္းေပၚမွာ (အလြန္အႏၲရာယ္မ်ားေသာအေျခအေန)
ဆူးလားမိသားစုရဲ့ဌာနခ်ဳပ္ကေန အလင္းစူးစူးတစ္ခု ခ်က္ခ်င္း ပ်ံသန္းထြက္လာၿပီး ဆူးလားမိသားစုေခါင္းေဆာင္နဲ႔ အႀကီးပိုင္းလူအိုႀကီးေတြရဲ့ ပုံသ႑ာန္ေတြ ေလထဲ ထြက္ေပၚလာ၏။ သူတို႔က ပင္းလိန္ထ်င္းကို စူးစူးရဲရဲၾကည့္လိုက္ၾကကာ သတိႀကီးႀကီးထားလိုက္ၾက၏။
ဆူးလားမိသားစုရဲ့ အသန္မာဆုံးက်င့္ႀကံသူက ကာလြမ္သလာရဲ့ဖခင္ က်န္းပါးလား ျဖစ္သည္။ သူက နတ္ဘုရားဘုရင္နယ္ပယ္ ထိပ္ပိုင္းအဆင့္ျဖစ္တဲ့ အဆင့္ကိုးကို ေရာက္ေနၿပီျဖစ္ၿပီး နတ္ဘုရားဥႆၽွောင္နယ္ပယ္အဆင့္ကိုေရာက္ဖို႔ တစ္ဆင့္ပဲ လိုေတာ့တာျဖစ္သည္။
ဒါေပမဲ့ အဲ့ဒီ့ တစ္ဆင့္ကလည္း မိုင္တစ္ေသာင္းရွစ္ေထာင္လိုကို ေဝးကြာလွသည္။ နတ္ဘုရားဘုရင္နယ္ပယ္နဲ႔ နတ္ဘုရားဥႆၽွောင္နယ္ပယ္အဆင့္တို႔ၾကား ကြာဟခ်က္က အရမ္း ႀကီးမားလွသည္။ က်င့္ႀကံသူတစ္ေယာက္က နတ္ဘုရားဘုရင္နယ္ပယ္အဆင့္ကို ေက်ာ္ျဖတ္ၿပီးၿပီဆိုတာနဲ႔ သူတို႔ရဲ့ ဝိညာဥ္နဲ႔ စိတ္ဝိညာဥ္စြမ္းအားတို႔ဟာ အေျခခံက်တဲ့ေျပာင္းလဲမႈေတြ ျဖစ္ပြါးသြားၾကမွာျဖစ္သည္။ နတ္ဘုရားဥႆၽွောင္နယ္ပယ္အဆင့္ကၽြမ္းက်င္ပညာရွင္တစ္ေယာက္ရဲ့ ဝိညာဥ္က ပိုၿပီး သန္မာသည္။ သူတို႔ စိတ္ဝိညာဥ္စြမ္းအင္တိုက္ခိုက္မႈေအာက္ သက္ေရာက္တဲ့အေျခအေနမ်ိဳးမွာ သူတို႔ရဲ့က်င့္ႀကံဆင့္နဲ႔ ၿပိဳင္ဘက္ရဲ့ က်င့္ႀကံဆင့္အၾကား ကြာဟခ်က္က မႀကီးမားသ၍ သူတို႔ဝိညာဥ္ေတြ တစ္စစီျပန္႔က်ဲသြားမယ့္အေရးကေန ကာကြယ္နိုင္သည္ပင္။
သူတို႔ရဲ့စိတ္ဝိညာဥ္စြမ္းအင္ေတြ ေျပာင္းလဲတာနဲ႔ပတ္သက္လို႔္က နတ္ဘုရားဥႆၽွောင္နယ္ပယ္ပညာရွင္တစ္ေယာက္ ေကာင္းကင္နဲ႔ေျမႀကီးရဲ့ စိတ္ဝိညာဥ္စြမ္းအင္ေတြကို ေျပာင္းလဲေအာင္ လုပ္ေဆာင္နိုင္သည္။ သူတို႔ စိတ္ဝိညာဥ္စြမ္းအင္ေတြ ကုန္ခမ္းသြားတဲ့အခ်ိန္မွာ သူတို႔ပတ္လည္က စြမ္းအင္ေတြကို ျမန္ျမန္ဆန္ဆန္ စုပ္ယူနိုင္ၿပီး သူတို႔ရဲ့ေသြးေၾကာထဲကို ျပန္ျဖည့္နိုင္သည္။ အဲ့ဒီ့စြမ္းရည္က နတ္ဘုရားဘုရင္နယ္ပယ္အဆင့္ပညာရွင္ေတြ မရနိုင္တဲ့အရာပါ။
အဲ့တာေၾကာင့္လည္း ပင္းလိန္ထ်င္း ေပၚလာတဲ့အခါမွာ ဆူးလားမိသားစုက သူတို႔ရဲ့အေျခအေနေတြ အဆိုးဘက္ ေျပာင္းကုန္ၿပီလို႔ ခံစာလိုက္ၾကရတာျဖစ္သည္။
"ပင္းလိန္ထ်င္း၊ တစ္လျပည့္ဖို႔ တစ္ရက္ က်န္ေသးတယ္ေလ။ မင္းက ကတိခ်ိဳးေဖာက္မလို႔လား?" က်န္းပါးလားက က ပင္းလိန္ထ်င္းရဲ့ မေခ်မငံ ႏွိမ္ႏွိမ္ခ်ိဳးခ်ိဳးအျပဳအမူကို ၾကည့္လိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ ထိန္းထားလိုက္ရင္း ေအာ္လိုက္သည္။
ပင္းလိန္ထ်င္းက ဂ႐ုမစိုက္ဟန္ ျပဳံးလိုက္ၿပီး ႏွာမႈတ္လိုက္သည္၊ "က်န္းပါးလား၊ မင္းက အရမ္းတုံးတာပဲ။ အဲ့ဒီ့ ကတိလို႔ အမည္တပ္ထားတဲ့အေၾကာင္းအရာက အားႀကီးတဲ့က်င့္ႀကံသူက သတ္မွတ္တာေလ။ ငါ မင္းတို႔ကို ရက္ရက္ေရာေရာနဲ႔ တစ္လႀကီးမ်ားေတာင္ ေပးၿပီးသြားၿပီ။ ငါ့ လာၿပီး ေစ်းဆစ္ပိုင္ခြင့္ မင္းမွာရွိတယ္လို႔မ်ား မင္း ထင္ေနသလား? ဆူးလားမိသားစုကို သုတ္သင္ရွင္းလင္းဖို႔ ငါ စိတ္ပူမေနဘူးေနာ္။ ငါ့သည္းခံနိုင္စြမ္းေတြ ကုန္သြားၿပီ၊ မင္းတို႔ ငါ့ကို ဒီေန႔ပဲ အေျဖေပးရမယ္။ တိုက္မလား၊ အညံ့ခံမလား?"
နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္ရဲ့ ေျမာက္ဘက္ပိုင္းနယ္ေျမက အျခားဧရိယာေတြနဲ႔ မတူေခ်၊ အေၾကာင္းကေတာ့ ဒီမွာရွိၾကတဲ့က်င့္ႀကံသူေတြက ျပည္ေျပးေတြ ျဖစ္ၾကသည္။ ဒီကလူအမ်ားစုက အျခားေဒသေတြမွာ သြားေရာက္ ေနထိုင္ျခင္း မျပဳနိုင္ၾကသူေတြ၊ ဒါမွမဟုတ္ ထြက္ေျပးလြတ္ေျမာက္လာတဲ့ က်င့္ႀကံသူလူဆိုးေတြ ျဖစ္ၾကသည္။ အက်ိဳးဆက္အေနနဲ႔ ဒီမွာ လူမ်ိဳးေပါင္း အစုံရွိၿပီး သူတို႔ရဲ့ စြမ္းအားေတြက အဆင့္ေတြ မတူကြဲျပားၾကသည္။
အေတာ္ေလးသန္မာအားႀကီးၾကတဲ့ က်င့္ႀကံသူေတြက ေရခဲေတာင္ၾကားကလိုမ်ိဳး ေျမာက္ဘက္ပိုင္းနယ္ေျမမွာ ကိုယ္ပိုင္ဂိုဏ္းဂဏမ်ိဳး ေဆာက္တည္ အေျချပဳထားၾကသည္။ အားနည္းတဲ့အင္အားစုေတြလည္း အေတာ္မ်ားမ်ားရွိၿပီး အမ်ားစုကေတာ့ ထင္ေပၚခ်င္ၾကတဲ့က်င့္ႀကံသူေတြ တည္ေထာင္ထားၾကတာပဲျဖစ္သည္။ ဒါေပမဲ့ အတိအက်ေျပာရရင္ေတာ့ ေျမာက္ဘက္ပိုင္းနယ္ေျမဟာ အရမ္း မၿငိမ္မသက္ဂယက္ထေနတာေၾကာင့္ လူအနည္းစုကပဲသာ အင္အားစုေတြဆီ သြားေရာက္ပူးေပါင္းလိုၾကတာျဖစ္ၿပီး လူဆိုးက်င့္ႀကံသူေတြက တကိုယ္တည္း သီးျခား ေနတတ္ၾကသည္။ အက်ိဳးဆက္အေနနဲ႔ နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္အတြင္းမွာ ေျမာက္ဘက္ပိုင္းနယ္ေျမက အင္အားစုေတြက အားအနည္းဆုံးပင္။
အဲ့တာေၾကာင့္ အဲ့ဒီ့ေရခဲေတာင္ၾကားက အရမ္းရန္လိုေနၿပီး သူတို႔ရဲ့နယ္ေျမေတြကို ခ်ဲ႕ထြင္လာရဲၾကတာပဲျဖစ္သည္။
သူတို႔မွာ နတ္ဘုရားဥႆၽွောင္နယ္ပယ္အဆင့္ ပညာရွင္ႏွစ္ေယာက္ရွိတာေၾကာင့္ ေျမာက္ဘက္ပိုင္းနယ္ေျမထဲမွာ သူတို႔အလိုရွိတဲ့အတိုင္း ဘာမဆို လုပ္နိုင္ေနၾကသည္။
လူအမ်ားစုက အဲ့တာနဲ႔ပတ္သက္ၿပီး သေဘာတူထားၾကၿပီး ေျမာက္ဘက္ပိုင္နယ္ေျမကလူေတြက အဲ့အေၾကာင္းကို ေကာင္းေကာင္းသိၾက၏။
ဒါကေတာ့ ဆူးလားမိသားစုက ဘာေၾကာင့္ ေရခဲေတာင္ၾကားကို ရင္ဆိုင္ဖို႔ ေၾကာက္လန္႔ေနၾကသလဲဆိုတာပါပဲ။ သူတို႔ရဲ့နတ္ဘုရားဥႆၽွောင္နယ္ပယ္အဆင့္ေရာက္ က်င့္ႀကံသူတစ္ေယာက္ကေတာင္ ဆူးလားမိသားစုကို အျပည့္အဝ ႏွိမ္နင္းနိုင္စြမ္းရွိ၏။
ဆူးလားမိသားစုက ေရခဲေတာင္ၾကားရဲ့ စြမ္းအားကို ေၾကာက္ၾကေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔က ဘဝျမစ္ကို လုံးဝ မလႊဲေျပာင္းေပးနိုင္ေပ။ ဆူးလားမိသားစုရဲ့ ေသြးဆက္ေတြကို မူလကတည္းက ဖိႏွိပ္ထားျခင္းခံထားရ၏။ တကယ္လို႔ သူတို႔သာ ဘဝျမစ္ကို ဆုံးရႈံးလိုက္ရမယ္ဆိုရင္ ဆူးလားမိသားစု ပ်က္စီးဆုံးရႈံး လဲၿပိဳသြားတဲ့လမ္း ေလ်ာက္လွမ္းသြားတာကို ၾကည့္ပဲၾကည့္ေနနိုင္ၾကေတာ့မည္။ အဲ့တာက ဆူးလားမိသားစုထဲက ဘယ္မိသားစုဝင္ကမွ မျမင္ခ်င္တဲ့ အဆုံးသတ္ပဲျဖစ္၏။
"ငါ မင္းကို ဘဝျမစ္ လုံးဝ မေပးနိုင္ဘူး။"
ေဒါသထြက္လာတာနဲ႔အမၽွ က်န္းပါးလားရဲ့ မ်က္ေတာင္ေတြ တျဖတ္ျဖတ္ ပါးပါးေလး ခတ္သြား၏။
သူက ဆူးလားမိသားစုရဲ့ ေတာက္ပခဲ့တဲ့ေန႔ရက္ေတြကို ျပန္တမ္းတသြားမိေတာ့သည္။ သူတို႔က ဒုတိယအဆင့္အင္အားစုတစ္ခုရဲ့ အနိုင္က်င့္ျခင္းကို ခံရတဲ့အထိ အေျခအေနေတြ ထိုးက်သြားမယ္လို႔ ဘယ္သူက ထင္ခဲ့ၾကမွာလဲ? သူ႔မွာ တမလြန္က ဘိုးေဘးဘီဘင္ေတြကို မ်က္ႏွာမျပရဲေတာ့ေပ။
ဒါေပမဲ့ သူတို႔က တျခားသူေတြေလာက္ စြမ္းအားမႀကီးေပမဲ့ ဆူးလားမိသားစုက သူတို႔ရဲ့မာနကို တက္အနင္းေတာ့ မခံနိုင္။
သူတို႔က ဘဝျမစ္ကို လိုခ်င္ၾကတယ္ဆိုရင္ အဲ့အတြက္ တန္ရာတန္ေၾကးတစ္ခုခုေတာ့ ေပးဆပ္ရမွာပဲ!
"အရမ္းေကာင္းတယ္၊ ၾကည့္ရတာ ဆူးလားမိသားစုကလူေတြအကုန္လုံးက ေခါင္းမာတဲ့သူေတြခ်ည္းပဲ။ အဲ့တာဆို ငါ့ရဲ့ ရိုင္းျပမႈအေပၚ အျပစ္လာမတင္နဲ႔။" ပင္းလိန္ထ်င္းက က်င္းပါးလားရဲံ ေအးစက္တဲ့အမူအယာကို ၾကည့္လိုက္ၿပီး ေဒါသတႀကီး ရယ္လိုက္သည္။ သူ႔အေနာက္က ပညာရွင္ေတြအကုန္လုံးကို သူက လက္ေဝွ႕ယမ္းျပလိုက္ၿပီး အညႇာအတာမဲ့ ေျပာလိုက္သည္၊ "ေရခဲေတာင္ၾကားက တပည့္တို႔၊ နားေထာင္ၾက! သူတို႔ကို သတ္ပစ္!"
"ေကာင္းပါၿပီ!' ပင္းလိန္ထ်င္းရဲ့ အမိန္႔ကို ၾကားေတာ့ သူတို႔က ခ်က္ခ်င္း ၿပိဳင္တူ ေခါင္းညိိတ္လိုက္ၾကသည္။
အဲ့ေနာက္မွာေတာ့ နတ္ဘုရားဘုရင္နယ္ပယ္အဆင့္ ပညာရွင္ေတြရဲ့ အားႀကီးတဲ့အရွိန္အဝါက သူတို႔ကိုယ္ထဲကေန ထြက္လာကာ ဆူးလားမိသားစုဆီ တဟုန္ထိုး ေျပးသြားလိုက္ၾကသည္။ သူတို႔ပတ္လည္က ေလက ေလတိုးသံတရႊီရႊီျဖစ္လာၿပီး သူတို႔ရဲ့ေအာ္သ့က ေလထဲ ပဲ့တင္ထပ္သြား၏။ ျမင္ကြင္းက အံ့ခ်ီးဘနန္းပင္။
"ဆူးလားမိသားစုရဲ့တပည့္ေတြ၊ ငါတို႔ ဒီေန႔ဘယ္ေလာက္ပဲပင္ပန္းပင္ပန္း၊ ေရခဲေတာင္ၾကားက လူတစ္ဦးတစ္ေယာက္ကိုမွ အသက္ရွင္လ်က္ ခ်န္မထားၾကနဲ႔!"
ေရခဲေတာင္ၾကားက ပညာရွင္ေတြနဲ႔ရင္ဆိုင္လိုက္ကာ က်န္းပါးလားက သူ႔လက္ကို ေျမႇာက္ၿပီး ဆူးလားမိသားစုရဲ့တပည့္တပန္းေတြအားလုံးကို ေအာ္ေျပာလိုက္သည္။ သူတို႔အခု ဒီအေျခအေနအထိ က်ဆင္းသြားၿပီ၊ ဆူးလားမိသားစု ျပန္မနိုးထနိုင္ေတာ့ဘူး။ ေရခဲေတာင္ၾကားကလူေတြက သူတို႔ရဲ့အနိုင္က်င့္မႈကို အလြန္အက်ဴး လုပ္လာၾကၿပီျဖစ္သည္။ အဲ့တာေၾကာင့္ သူတို႔ဒီေန႔ ေသရရင္ေတာင္မွ သူရဲေဘာေၾကာင္တစ္ေယာက္အေနနဲ႔ ေသရတာထက္ သူရဲေကာင္းတစ္ေယာက္အေနနဲ႔ပဲ ေသတာ ပိုျမတ္သည္ပင္။
က်န္းပါးလားရဲ့ အမိန္႔ကို ၾကားေတာ့ သူ႔အေနာက္မွာရွိေနၾကတဲ့ ဆူးလားမိသားစုရဲ့တပည့္ေတြအားလုံးက သံၿပိဳင္ေအာ္လိုက္ၾကၿပီဂ သူတို႔ရဲ့စိတ္ဆုံးျဖတ္ခ်က္ကို ျပလိုက္ၾကကာ ျပင္းထန္တဲ့တိုက္ပြဲတစ္ခုအတြက္ အဆင့္သင့္ျဖစ္ေအာင္ လုပ္လိုက္ၾကသည္။ သူတို႔ရဲ့လက္နက္ေတြကို ေရခဲေတာင္ၾကားကတပည့္ေတြဆီ ဦးတည္လိုက္ၾကၿပီး တိုးဝင္သြားၾကသည္။
ဆူးလားမိသားစုရဲ့ေသြးဆက္ကသာ ထူးျခားေနသည္မဟုတ္၊ သူတို႔က တျခားသူေတြထက္ပိုၿပီး ရဲစြမ္းသတၱိရွိၾကကာ မေၾကာက္မရြံ့စိတ္ရွိၾက၏။ တိုက္ပြဲစသည္ႏွင့္ အႀကီးမ်ားအနည္းငယ္ကလည္း ဝင္ေရာက္ပါဝင္လာၾကၿပီး တိုက္ပြဲက တျဖည္းျဖည္း မတိုးသာ မဆုတ္သာ အေျခအေန ျဖစ္လာေတာ့သည္။ ဒါေပမဲ့ အကယ္၍ တိုက္ပြဲကို ေရွ႕ဆက္သြားမယ္ဆိုရင္ ဆူးလားမိသားစုက အေႏွးနဲ႔အျမန္ ရႈံးရမွာပင္။
"ေတာင့္ခံဖို႔ဆိုတာ အခ်ီးအႏွီးပဲ၊ ဆူးလားမိသားစုက ၿပီးသြားၿပီ။" ပင္းလိန္ထ်င္းက တိုက္ပြဲကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေအးစက္စက္ ရယ္ေမာလိုက္သည္။
က်န္းပါးလား စကားျပန္ေျပာတာကို သူ မေစာင့္ေတာ့ဘဲ သူ႔လက္ကို ေဝွ႕ယမ္းလိုက္ၿပီး သူ႔ဝတ္႐ုံလက္ထဲကေန ျပင္းထန္တဲ့ေလမုန္တိုင္းတစ္ခုကို ႐ုတ္တရက္ ဖန္တီးလိုက္ၿပီး က်န္းပါးလားထံ ပစ္သြင္းလိုက္၏။ ျပင္းထန္လွတဲ့အရွိန္က သူ႔ဆီ ေရာက္လာတာနဲ႔အမၽွ သူ႔မ်က္ႏွာကလည္း အနည္းငယ္ ေျပာင္းလဲသြား၏။
သူ႔လက္ထဲ အနီရင့္ေရာင္ ေျမခုတ္ပုဆိန္တစ္ခု ႐ုတ္ခ်ည္းေရာက္လာၿပီး ပုဆိန္ကို ေျမႇာက္လိုက္ကာ သူ႔ရဲ့စိတ္ဝိညာဥ္စြမ္းအင္ေတြကို အထက္သို႔ ဆန္တက္ေစလိုက္သည္။ ပုဆိန္ကို ေရွ႕သို႔လႊဲလိုက္ၿပီး တူညီတဲ့စြမ္းအားရွိတဲ့မီးေတာက္တစ္ခုကို အေရွ႕သို႔ ေပါက္ကြဲထုတ္လႊတ္လိုက္၏။ အဲ့တာက ေလထုနဲ႔ေပါင္းစပ္သြားၿပီး ေလထဲမွာပဲ တိုက္ခိုက္လိုက္သည္။ သူတို႔အခ်င္းခ်င္း ေပါင္းစပ္သြားၿပီးေနာက္ ျပင္းထန္တဲ့မီးေတာ္ကအျဖစ္ ေပါက္ကြဲသြားေတာ့သည္။ ဆယ့္ငါးမိနစ္ခန္႔ၾကာၿပီးေနာက္ တိုက္ခိုက္မႈႏွစ္ခုက အဆုံးသို႔ တျဖည္းျဖည္း ေရာက္လာၿပီျဖစ္သည္။
က်န္းပါးလား အနည္းငယ္ ျဖဴေျဖာ့လာသည္။ သူ႔ရဲ့စိတ္ဝိညာဥ္စြမ္းအား တစ္ဝက္ခန္႔ကို သူ အသုံးျပဳၿပီးၿပီျဖစ္ၿပီး သူ႔ရန္သူရဲ့တိုက္ခိုက္မႈကို မနည္း ထိန္း႐ုံသာ ထိန္းထားနိုင္ေတာ့သည္။ ပင္းလိန္ထ်င္းရဲ့ တည္ၿငိမ္ေနတဲ့အမူအယာကို ၾကည့္႐ုံနဲ႔ ပင္းလိန္ထ်င္းက စြမ္းအင္အနည္းငယ္ကိုသာ အသုံးျပဳၿပီးေသးမွန္း သူသိလိုက္သည္။ နတ္ဘုရားဘုရင္နယ္ပယ္အဆင့္နဲ႔ နတ္ဘုရားဥႆၽွောင္နယ္ပယ္တို႔အၾကားက ျခားနားခ်က္က တကယ္ကို မ်ားျပားလြန္းလွတာပင္။ အဲ့တာက က်င့္ႀကံမႈလမ္းေၾကာင္းေပၚမွာ အႀကီးဆုံး ကြာဟခ်က္ပဲဆိုတာ ယုံမွားဖြယ္မရွိ။
ပင္းလိန္ထ်င္းက က်န္းပါးလားရဲ့အမူအယာကို ၾကည့္လိုက္ၿပီး ေအးစက္စက္အျပဳံးတစ္ခု ေပးလိုက္သည္။ အဲ့ေနာက္ သူက သြးေအးရက္စက္စြာ ေအာ္လိုက္၏၊ "မင္း မထိန္းနိုင္ေတာ့ဘူးဆိုေတာ့ အဲ့တာဆို ငါ မင္းကို ဒီေနာက္တစ္ကြက္နဲ႔ ငရဲပို႔ေပးလိုက္မယ္။"
သူ႔ရဲ့အသံက ထြက္လာစဥ္မွာပဲ သူ႔ကိုယ္ထဲကေန ေအးခဲေနတဲ့ အျဖဴေရာင္စိတ္ဝိညာဥ္စြမ္းအင္က အျမန္ထြက္လာၿပီး ပင္းလိန္ထ်င္းကို လႊမ္းျခဳံလိုက္သည္။
က်န္းပါးလားက ပင္းလိန္ထ်င္းကိုယ္ထဲကေန ထုတ္လႊတ္လိုက္တဲ့ အရိုးထဲထိစိမ့္သြားတဲ့အရွိန္အဝါတစ္ခု ခံစားလိုက္ရၿပီး ပတ္ဝန္းက်င္ပတ္လည္က အလုံးစုံ ေအးခဲသြားေတာ့သည္။ ပင္းလိန္ထ်င္းက အဆုံးသတ္တိုက္ကြက္ ထုတ္ေတာ့မယ့္ပုံ ေပၚေနတာေၾကာင့္ သူ ပိုၿပီး သတိကပ္လိုက္၏။
"ေရခဲအက်ဥ္းေထာင္!"
"Ice Prison!"
အျဖဴေရာင္စက္ဝန္းရဲ့အလယ္ကေန တိုးညႇင္းတဲ့ အသံဩဩတစ္ခု ထြက္လာသည္။ ၿခိမ္းေျခာက္ေနတဲ့ ေရခဲတမၽွေအးစက္တဲ့ေလမုန္တိုင္းတစ္ခုက ပင္းလိန္ထ်င္းရပ္ေနရာေနရာမွ ခ်က္ခ်င္း ထြက္လာၿပီး ငါးမီတာပတ္လည္မွာရွိတဲ့ အရာအားလုံးကို တမဟုတ္ခ်င္း ေအးခဲသြားေစေတာ့သည္။ ေလထဲ ေရခဲအမႈန္ေလးေတြနဲ႔ ျပည့္သြားၿပီး ေအးစက္မႈက သူ႔ရဲ့ကာကြယ္မႈကို ဆက္တိုက္ အားနည္းေစ၏။
ပင္းလိန္ထ်င္းရဲ့ ေရခဲအက်ဥ္းေထာင္ကို ၾကားဖူးတာေၾကာင့္ က်န္းပါးလားရဲ့ မ်က္ႏွာက ခ်က္ခ်င္း ျဖဴေဖ်ာ့သြားသည္။ အဲ့တာက ေရခဲေတာင္ၾကားရဲ့ ထူးျခားတဲ့နည္းပညာပင္။ ေရခဲအက်ဥ္းေထာင္ထဲ ခ်ိတ္ပိတ္ခံလိုက္ရတာနဲ႔ အသုံးျပဳသူထက္ အားနည္းတဲ့ဘယ္သူမဆို သူတို႔ရဲ့စိတ္ဝိညာဥ္စြမ္းအင္ေတြကို တစ္ဝက္တိတိ ဖိႏွိပ္ခံလိုက္ရမွာပင္။ တစ္စုံတစ္ေယာက္ ေထာင္ေျခာက္ထဲ ေရာက္သြားၿပီဆိုတာနဲ႔ တစ္ခုတည္းေသာ ရလဒ္ကေတာ့ အသတ္ခံရတာပဲျဖစ္သည္။ အေျခအေနက အဆိုး ေျပာင္းသြားၿပီးျဖစ္သည္!
"ဟားဟားဟား၊ က်န္းပါးလား၊ မင္းကို အခု ဘယ္သူက လာကယ္ေတာ့မလဲ? ငရဲသာ သြားလိုက္ေတာ့!" ပင္းလိန္ထင္းက ႐ုတ္တရက္ ထရယ္လိုက္ၿပီး က်န္းပါးလားရဲ့ ျဖဴေဖ်ာ့ေနတဲ့ မ်က္ႏွာကို ႐ုပ္အေလာင္းတစ္ခုအား ၾကည့္ေနသလို စိုက္ၾကည့္လိုက္သည္။ သူ႔မ်က္လုံးထဲမွာေတာ့ သူ႔ရန္သူက ေသဆုံသြားၿပီ၊ မေရွာင္နိုင္ေတာ့ဘူးပင္။ သူ ေျပာၿပီးသြားသည္ႏွင့္ သူ႔လက္ကို ေျမႇာက္လိုက္ၿပီးေနာက္ လက္ထဲ ေအးစက္တဲ့ေလ ထုတ္လႊတ္ေနသည္ံ့ ေရခဲပန္းဆြဲတစ္ခု ေပၚလာသည္။ အဲ့ေနာက္မွာေတာ့ မေရြ႕နိုင္ေတာ့တဲ့ က်န္းပါးလားထံ ခ်က္ခ်င္း ပစ္လႊတ္လိုက္၏။
က်န္းပါးလားက သူ႔ဆီ လာေနတဲ့ ေၾကာက္စရာေကာင္းတဲ့ ေရခဲပန္းဆြဲကို မ်က္လုံးအစုံျပဴးၿပီး ၾကည့္လိုက္္သည္။ အားကိုးရာမဲ့ေနဟန္နဲ႔ စိတ္ပ်က္အားငယ္ဟန္တို႔က သူ႔ရဲ့အထီးက်န္မ်က္ႏွာထက္ ျဖတ္ေျပးသြား၏။
ေမၽွာ္လင့္ခ်က္ေတြအားလုံး အရႈံးေပးရေတာ့မယ့္အေျခအေနမွာပဲ အနက္ေရာင္အလင္းတန္းတစ္ခု ႐ုတ္တရက္ ေရခဲအက်ဥ္းေထာင္ကို ထိုးခြဲလိုက္သည္။ အနက္ေရာင္အလင္းက က်န္းပါးလားဆီမေရာ္ကခင္မွာပဲ ေရခဲပန္းဆြဲနဲ႔ ေပါင္းစပ္သြားကာ ေရခဲပန္းဆြဲကို တစ္စဆီ အပိုင္းပိုင္းအစစ ကြဲေက်သြားေစ၏။ အပိုင္းအစတို႔က က်န္းပါးလားရဲ့အေရွ႕ တစစီျပန္႔က်ဲသြားၿပီး တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေတာ့သည္။
အဲ့ေနာက္ခ်က္ခ်င္းပဲ မိုးၿခိမ္းသံလို ေပါက္ကြဲသံႀကီးက ပတ္လည္အႏွံ့ ျမည္ဟီးသြားၿပီး ေရခဲအက်ဥ္းေထာင္ကို တစ္ခ်က္တည္းႏွင့္ ဖ်က္ဆီးလိုက္ကာ...
ေရခဲအက်ဥ္းေထာင္ ၿပိဳလဲသြားမႈက က်န္းပါးလားကို အံ့အားသင့္ေစ႐ုံသာမက အျခားတစ္ဖက္မွာ ရပ္ေနတဲ့ ပင္းလိန္ထ်င္းကိုေတာင္ မယုံနိုင္ျခင္းမ်ားစြာနဲ႔ မ်က္လုံးအစုံ ျပဴးက်ယ္သြားေစေတာ့သည္။ ႏွစ္ဖက္လုံးက ဘာမွန္းမသိလိုက္ၾကဘဲ ေၾကာင္အမ္းေနၾက၏။
ေရခဲအက်ဥ္းေထာင္ ၿပိဳလဲသြားၿပီးေနာက္ အနက္ေရာင္ပုံသ႑ာန္တစ္ခုက သူတို႔ရဲ့အျမင္ထဲ ထြက္ေပၚလာသည္။
တိုက္ခိုက္တာေတြ ရပ္သြားတာေၾကာင့္ တိုက္ပြဲျပင္က တိတ္ဆိတ္သြားၿပီျဖစ္သည္။ သူတို႔အားလုံးက ေလထဲ ရပ္ေနတဲ့ အနက္ေရာင္ပုံသ႑ာန္ဆီ ေခါင္းေမာ့ၾကည့္လိုက္ၾကသည္။
ရင္းႏွီးေနတဲ့မ်က္ႏွာက သူတို႔ျမင္ကြင္းထဲ ဝင္လာခ်ိန္မွာေတာ့ ဆူးလားမိသားစုရဲ့ တပည့္ေတြအားလုံးအျပင္ အႀကီးေတြေတာင္မွ တစ္ဦးခ်င္းတစ္ေယာက္ခ်င္းတိုင္း ေက်ာက္႐ုပ္လို ေတာင့္သြားၾက၏။ လူငယ္ေခါင္းေဆာင္ေလးက ဘယ္တုန္းက နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္ကို ေရာက္လာတာလဲ၊ ဘယ္လိုျဖစ္လို႔ အရင္ကထက္ ပိုၿပီး စြမ္းအားႀကီးလာရတာလဲ?"
ဒါေပမဲ့ တကယ့္အံ့ဩမႈအစစ္ကေတာ့ မလာေသးေခ်။ ကာလြမ္သလာရဲ့အေနာက္မွာ စြမ္းအားႀကီးတဲ့ အရွိန္အဝါ ခုႏွစ္ခု၊ ရွစ္ခုက ႐ုတ္တရက္ေပၚေပါက္လာၿပီး နတ္ဘုရားဘုရင္နယ္ပယ္အဆင့္ရဲ့ အဆင့္ျမင့္တန္းမွာရွိေနၾကတဲ့ ပညာရွင္ေတြက ခ်က္ခ်င္း သူတို႔အေရွ႕ ေပၚေပါက္လာၾကသည္။ လူတိုင္းက သူတို႔မ်က္စိေရွ႕မွာ ေပၚထြက္လာၾကတာေတြအေပၚ အံ့အာသင့္ ေၾကာင္အမ္းေနၾကခ်ိန္မွာ မလွမ္းမကမ္းက ပင္းလိန္ထ်င္းက ႐ုတ္တရက္ ထေအာ္ဟစ္လိုက္၏။
"ေသာက္က်င့္ယုတ္ေကာင္! ဘယ္သူက ငါ့ လာခ်ဳံခို တိုက္ရဲတာလဲ?"
ပင္းလိန္ထ်င္းက ေဟာက္ဟမ္းလိုက္ၿပီးေနာက္ ခ်က္ခ်င္း ေနာက္ဆုတ္သြား၏။ ဒါေပမဲ့ သူ႔ကိုယ္ပတ္လည္က ေရခဲအရွိန္အဝါက မယွဥ္နိုင္တဲ့ၿပိဳင္ဘက္နဲ႔ ရင္ဆိုင္တိုးမိပုံရကာ အလ်င္အျမန္ အေရေပ်ာ္က်သြားေတာ့သည္။ အနီေရာင္စြမ္းအင္ေပါက္ကြဲမႈတစ္ခုက သူ႔ကိုယ္ပတ္လည္ ထြက္လာသည္။ စြမ္းအင္ျဖတ္သန္းသြားသည္ႏွင့္ သူ႔မွာ ခုခံဖို႔ ခြန္အားတစ္စြန္းတစ္စေတာင္ မက်န္ေတာ့တဲ့အထိ သူ႔ကိုယ္ခႏၶာက ပရမ္းပတာျဖစ္သြားေတာ့သည္။
အဲ့တာကိုျမင္လိုက္ရတဲ့လူေတြက ေအာက္ေမးရိုးျပဳတ္က်မတတ္ ထိတ္လန္႔သြားၾကေတာ့သည္။
နတ္ဘုရားဥႆၽွောင္နယ္ပယ္အဆင့္ စြမ္းအားႀကီးတဲ့ ပညာရွင္ တစ္ေယာက္က ခုလိုႀကီး အတိုက္ခံလိုက္ရတယ္?
"ဟားဟား၊ ဒါ တကယ္ေတာ့ ေတာ္ေတာ္ အသုံးဝင္တာပဲ။" ေကာင္းကင္ထက္မွာ လူငယ္ေလးတစ္ေယာက္ ေပၚလာၿပီး သူ႔ရဲ့ ႏူးညံ့တဲ့အသံေလးနဲ႔ေျပာလိုက္သည္။ သူက အရပ္ရွည္ရွည္ ပိန္ပိန္ေပမဲ့ သူ႔ရဲ့ ခန္႔ညားလွပတဲ့သြင္ျပင္ကေတာ့ အသက္ႏွစ္ဆယ္ေတာင္မရွိေသးဟန္ ေပါက္ေနသည္။ မီးေတာက္ ရစ္ပတ္ထားတဲ့ သူ႔သ႑ာန္က လူတိုင္းေရွ႕ ႀကီးက်ယ္ခန္းနားစြာ ေပၚထြက္လာ၏။
ကမၻာႀကီးက ခ်က္ခ်င္း အပ္က်သံၾကားမတတ္ တိတ္ဆိတ္သြားေတာ့သည္...
(အင္တာနက္ပ်က္သြားလို႔ ခုမွ တင္လိုက္ပါတယ္၊ အပိုင္း ၁၁၂ နဲ႔ ၁၁၃ လည္း ေရးၿပီးပါၿပီ။ ခ်က္ခ်င္းတင္လိုက္ရင္ မျမင္ဘဲ အပိုင္းေက်ာ္ဖတ္မိၾကမွာစိုးလို႔ တစ္နာရီျခားၿပီး တင္ေပးပါမယ္ေနာ္။ ေက်းဇူးပါ)
20220103; 0554
Stay tuned for the next chapter:
112. Fighting the Black Spirit
🥰Thanks for reading, sharing, comments and votes.🥰
—————————— 👀 —————————