အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အ...

By Hnine-Wai

356K 55.7K 1.5K

စာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေ... More

0. Prologue
1. The Abnormality
2. The Golden Wandering Soul
3. The Desire Sea
4. That Thing
5. Clothes
6. Touch it
7. The Space Art
8. Leader
9. The Dreamland in the Flower Sea
10. The Coveted Gem
11. The Truth
12. To the Netherworld
13. Flying Chicken
14. Signing the Contract with a Chicken
15. The Power Light Ball
16. The Center of the Market
17. The Dispute
18. Dongfang Ling'er
19. Colluding with Each Other
20. Time Is Up
21. Dangerous Moment
22. The Intimidation from King of the Netherworld
23. Punishment
24. Instruction from King of the Netherworld
25. Passing the Buck
26. Massive Collection of Books
27. God of Books
28. The Origin of the Three Worlds
29. The Immortal Body
30. The King's Thought
31. The Origin of the Large Competition
32. Super Genius
33. Strength Test
34. Men and Women
35. Punishment from the Way of Heaven
36. The Evil Plan
37. God of Bad Luck
38. Boy with Boundless Merits
39. Destined Disaster
40. Making Fun of Everyone
41. Subduing God of Bad Luck
42. Too Great Pleasure Will Bring about Sadness
43. Bottom Hitting the Ground
44. Does Your Butt Hurt
45. Uncle White's Indifference
46. When a Secret Becomes...
47. Call Me Thief Master
48. Strong Opponent
49. Tree of the World
50. Imprisonment and Concession
51. Wooden Ring
52. Poor God of Books
53. The Instigation of God of Books
54. Reaching the Next Grade
55. Failing to Get Up
56. The Assessment (1)
57. The Assessment (2)
58. The Assessment (3)
59. The Assessment (4)
60. The Assessment (5)
61. The Assessment (6)
62. Suffering Grievance
63. Profound Art
64. White Crystal
65. Tender Flesh
66. Expanding Veins
67. Drawing Lots
68. Ming Qingyu's Decision
69. Sky Breaking Beast
70. Inducement
71. Suffering the Beatings
72. Recognition
73. Fighting Uncle White
74. Playing the Villain
75. Good At Tolerating Pain
76. Contribution Value and Crystal Card
77. Record
78. The Match within the Match
79. Violent Team
80. Being Provoked
81. Heaven Sect
82. Doomed
83. When Facing Great Disaster, Go Separate Ways
84. Asset
85. The Stakes
86. One Can't Avoid His Enemy
87. The Great Black Explosion
88. His Long-Lost Son
89. Feng Xi's Intention
90. Closure
91. The Final Match
92. Owing a Debt of Gratitude
93. Jade Slip
94. The Escaped Black Spirits
95. The Situation in the Ghost World
96. Summoning
97. Assumptions and the Answer
98. Incident in the Northern Area
99. Making a Vow and the Weapon Palace
100. The Accident
101. The Coldblooded Carendra
102. Behind Their Back
103. The Twin Fiends
104. Come Back
105. The Red Lotus Hell
107. Tricked and Kissed
108. Love Each Other
109. God Perishing Spear Art
110. Setting Out
111. Hanging by a Thread
112. Fighting the Black Spirit
113. Liuli Beast
114. Steamed Dishes?
115. Bullying the Weak
116. Transmission Ritual
117. Crystal Mouse
118. It Is the Truth!
119. Kisses
120. Abduct the King
121. East Sun Demon
122. The Tragedy of East Sun Demon
123. Appeasement and Blackmail
124. Feng Xi's Luck
125. Tracks
126. Feng Family
127. Gouged and Cut
128. Changing Faces
129. I Won't Forget This Time
130. Division of Power
131. Who's Right and Who's Wrong
132. Recognized
133. Why Don't You Admit Defeat
134. Apologies and Repayment
135. The King of the Netherworld's Warning
136. What Can I do About it?
137. My Vein of Ore
138. Land of Ice
139. The Sinister King of the Netherworld
140. Ice Qilin
141. On the Verge of Fight
142. Sophora Returns!
143. I Kissed Him
144. You Don't Have a Choice
145. The Price of the Kiss
146. Rope It In
147. Who Is the Real Genius
148. The Enemy Becomes the Rival in Love
149. Here Come the Enemies
150. Who Touched My Lode
151. God Demon Token
152. Reunited
153. Twist for Real
154. Being Interrupted
155. Can't Let Them Go
156. The Evolution of a Robber
157. The Biggest Misunderstanding in the World
158. Poor Ice Qilin
159. Divide the Spoils
160. A Meeting in the God Demon Tower
161. Out of Luck
162. Confrontation on the Outskirts
163. A Troublemaker
164. How Pathetic Feng Xi Is
165. Death
166. Here They Came
167. An Unexpected Surprise
168. Just Do It
169. The Expert in Creating the Atmosphere
Chapter 170 Being Used
Chapter 171 Meet the Acquaintance Again
Chapter 172 Stubborn Ming Qingyu
Chapter 173 Angry
Chapter 174 Becoming the Wanted
Chapter 175 Two Women
Chapter 176 No Compromise
Chapter 177 Attacking from Behind the Back
Chapter 178 The Supreme Sun Insignia
Chapter 179 The Man Who Was Tricked
Chapter 180 The Regular Customer
Chapter 181 Yexiang Ranch
Chapter 182 The Plan Was Underway
Chapter 183 The Familiar Voice
Chapter 184 The Same Type of People
Chapter 185 Fewer than Ten People
Chapter 186 Disfigured?
Chapter 187: We Won't Do It in the Water Anymore
Chapter 188: After the Passionate Night
Chapter 189 Gifts for Uncle White
Chapter 190: Auction
Chapter 191: Crazy Bidding
Chapter 192: Old
Chapter 193 Sending Gifts Is Also Flustering
Chapter 194: I Just Won't Give it to You
Chapter 195: So He was a Good-looking Man
Chapter 196: Discovering the Secret
Chapter 197 So Was He Deceived?
Chapter 198: This Was a Trap
Announcement

106. Old Friend

1.4K 239 9
By Hnine-Wai

အပိုင်း ၁၀၆။ သူငယ်ချင်းဟောင်း

ငရဲ ဆယ့်ရှစ်ထပ်မှာ အပြစ်ရှိနတ်ဘုရားလျိုမြောင်လို့ခေါ်တဲ့အထပ် တစ်ထပ်ရှိသည်။

အပြစ်ရှိနတ်ဘုရားလျိုမြောင်ဟာ အကျင့်ပျက် ဆိုးယုတ်တဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေ ကျဆင်းကြရတဲ့နေရာဖြစ်သည်။ သူတို့ သေလွန်ကြတဲ့အခါမှာ သူတို့ရဲ့ဝိညာဉ်တွေက ဆုတ်ယုတ်ပျက်ဆီးလာကြပြီး နောက်ဆုံးမှာ မကောင်းတဲ့အရာတွေ ဖြစ်သွားကြမှာဖြစ်သည်။ သူတို့ရဲ့ဝိညာဉ်တွေ လုံးလုံးလျားလျား ယိုယွင်းပျက်ဆီးသွားပြီးနောက် အပြစ်ရှိနတ်ဘုရားလျိုမြောင်ရဲ့ အလယ်မှာရှိတဲ့ သွေးမျှော်စင်က ဘယ်သူ့မဆိုကို လွှမ်းခြုံရစ်ပတ်နိုင်တဲ့ ရွှေရောင်ရောင်ခြည်တန်းတစ်ခု ထုတ်လွှတ်လိုက်မှာဖြစ်သည်။ မိုင်ပေါင်းထောင်ချီအဝေးမှာရှိတဲ့ အပြစ်ရှိဝိညာဉ်တွေတောင်မှ အပြစ်ရှိနတ်ဘုရားလျိုမြောင်ထဲ ဆွဲအချခံရမှာဖြစ်သည်။ အဲ့အတွက်ကြောင့် အပြစ်ရှိနတ်ဘုရားလျိုမြောင်ကို နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအတွက် နောက်ဆုံးကျိန်းဝပ်အနားယူရာနေရာအဖြစ် လူသိများကြသည်။

မှတ်တမ်းမှတ်ရာတွေအရ အပြစ်ရှိနတ်ဘုရားလျိုမြောင်ဟာ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်နဲ့တူညီစွာပဲ ကျယ်ပြန့်တဲ့နယ်မြေအနေအထားနဲ့ အဆုံးမရှိတဲ့ ကောင်းကင်တို့ ရှိကြသည်။

အပြစ်ရှိနတ်ဘုရားလျိုမြောင်ဟာ တစ္ဆေလောကမတိုင်ခင် ပေါ်ထွက်လာခဲ့တာဆိုတာကလွဲရင် ဘယ်လောက် ကြီးမားကျယ်ပြန့်သလဲဆိုတာ ဘယ်သူမှ မသိကြ။ အဲ့မှာ ဟိုး ရှေးပဝေဏသီကတည်းကနေ အခုအထိ အပြစ်ရှိတဲ့ဝိညာဉ်တွေ ပါရှိနေကြသည်။ ဝိညာဉ်တွေ ကျင့်ကြံနိုင်စဉ်မှာ သူတို့က အမြင့်ဆုံးအဆင့်ကို လုံးဝမရောက်နိုင်ကြပေ။

အပြစ်ရှိနတ်ဘုရားလျိုမြောင်က အပြစ်ရှိဝိညာဉ်တွေရဲ့ နောက်ဆုံးကျိန်းဝပ်ရာနေရာဖြစ်တဲ့အတွက် သူတို့ ကျင့်ကြံခဲ့ကြရင်တောင်မှ သူတို့ရဲ့ တိုးတက်မှုနှုန်းကို အာကာသက ဖိနှိပ်ထားမှာဖြစ်သည်ပင်။ အဲ့အကာအရံအတားအဆီးကို လုံးဝ ချိုးဖျက်နိုင်တဲ့နည်းလမ်း မရှိတာမို့ သူတို့ဟာ ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ထက် မကျော်နိုင်ကြပေ။

ဒါပေမဲ့ အဲ့ဒီ့ အပြစ်ရှိဝိညာဉ်တွေဟာ ငရဲဆယ့်ရှစ်ထပ်မှာရှိတဲ့ အကုသိုလ်များတဲ့ဝိညာဉ်တွေနဲ့ ပြတ်ပြတ်သားသား ကွဲပြားနေသည်။

သူတို့ အသက်ရှိစဉ်တုန်းက အကုသိုလ်ဝိညာဉ်တွေဟာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြပြိီး နောင်တတွေ တသီကြီး ကျန်ရစ်ခဲ့ကြသည်။ သူတို့ သေလွန်သွားတဲ့အခါမှာ သူတို့ရဲ့ ဝိညာဉ်တွေဟာ ငရဲဆယ့်ရှစ်ထပ်ကို ကျရောက်သွားရ၏။ ဒါပေမဲ့ သူတို့ရဲ့ ဝိညာဉ်တွေက အသွင်ပြောင်းမသွားကြတဲ့အတွက် သူတို့ကို အပြစ်ရှိဝိညာဉ်တွေလို့ ပြောလို့မရပေ။

အကုသိုလ်ဝိညာဉ်တွေကို သူတို့ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ်တွေနဲ့ အစဉ်အတိုင်း စဉ်ထားသည်။ ဝိညာဉ်နက်တွေကို ဆယ့်ခြေက်ထပ်မှာ ချုပ်နှောင်ထားပြီး ဝိညာဉ်နီတွေကိုတော့ ဆယ့်ခုနှစ်ထပ်နဲ့ ဆယ့်ရှစ်ထပ်မှာ ကန့်ထားကြသည်။

ဝိညာဉ်နီတွေကို သူတို့ရဲ့ ခွန်အားပေါ်မူတည်ပြီး ဆယ့်ခုနှစ်ထပ်နဲ့ ဆယ့်ရှစ်ထပ်ဆိုပြီး ပိုင်းခြားထားသည်။ ဆယ့်ရှစ်ထပ်မှာရှိသူတွေက ဘယ်ချိန်မဆို ယိုယွင်းဆုတ်ယုတ်တာမျိုး ကြုံလာရနိုင်တဲဲ့အတွက် သူတို့ဟာ အပြစ်ရှိနတ်ဘုရားလျိုမြောင်နဲ့ အနီးဆုံးမှာ ရှိကြတာဖြစ်သည်။ သူတို့ ဆုတ်ယုတ်ယိုယွင်းလာတာနဲ့ သူတို့ကို လျိုမြောင်ထဲ ဆွဲချသွားမှာဖြစ်သည်။ အဲ့ဒီ့ အကုသိုလ်ဝိညာဉ်တွေဟာ အဲ့အချက်ကို သတိပြုမိကြပုံပေါ်တဲ့အတွက် သူတို့ ပုံမှန်မဟုတ်တာမျိုး ဘာမှ မလုပ်ရဲကြ။

အလွန့်အလွန် သန်မာတဲ့ ဝိညာဉ်နီကို ငရဲဆယ့်ခုနှစ်ထပ်ရဲ့ အနက်ဆုံးအလွှာထဲမှာ အကျဉ်းချထားသည်။

အဲ့ဒီ့ဝိညာဉ်နီဟာ ဆယ့်ရှစ်ထပ်မှာရှိတဲ့ ဝိညာဉ်နီတွေထက် ပိုမနိမ့်ကျကြပေ။ သူ့ကြောင့်ပဲ ဝိညာဉ်နီတွေက ဘာပြဿနာမှ မရှာရဲကြတာလို့ ပြောလို့ရသည်ပင်။ သူ ဘယ်ကလာသလဲ ဘယ်သူမှ မသိကြ၊ ဒါပေမဲ့ သူ ငရဲမှာ နှစ်ပေါင်းသန်းချီ ရှိနေခဲ့တာဖြစ်သည်။ သူ့ကို ဘာမှ မဖိချုပ်၊ မနှိမ်နင်းထားချေ၊ တစ္ဆေအများစုက သူ့အနားကပ်ဖို့ အရမ်း ကြောက်ကြ၏။ အချို့က သူဟာ ငရဲကို သူ့ကိုယ်ပိုင်ဆန္ဒရှိရှိနဲ့ ရောက်နေတာလို့တောင် ယုံကြည်ကြသည်။

ပုံမှန်ဆို အခြားဝိညာဉ်နီတွေက သူ့ကို မနှောက်ယှက်ရဲကြတဲ့အတွက် သူ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမှာဖြစ်သည်။

ဒါပေမဲ့ ဒီနေ့ ငရဲရဲ့ အောက်ခြေကနေ ထူးဆန်းတဲ့ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာ၏။ လှိုင်းက ကြိတ်ချေနေတဲ့ ဖိအား လွှမ်းခြုံထားတဲ့ သန်မာတဲ့ တွန်းအားစုတစ်ခုကနေ ထုတ်လွှတ်လာတာဖြစ်တာကြောင့် ဝိညာဉ်နီတွေကို ကြောက်လန့်တုန်ရီသွားစေသည်။ အဲ့တာက တဖြည်းဖြည်း မြင့်တက်လာပြီး လျံတက်စပြုလာကာ နောက်ဆုံး ဆယ့်ခုနှစ်ထပ်တစ်ခုလုံးကို ပြည့်နှက်သွား၏။ ဝိညာဉ်တွေအားလုံး အထိတ်တလန့်ပြုစ ဖြစ်လာကြကာ အားနည်းသူတွေအနည်းငယ်က တပြိုင်တည်း တုန်လှုပ်ခြောက်ခြားလာကြကာ ကြောက်လန့်တကြား တိုးဝှေ့လာကြသည်။ မဆင်ခြင်တဲ့ ဝိညာဉ်နီဟာ ခေါင်းဆောင်ကို ဒေါသထွက်စေတာဖြစ်မယ်လို့ သူတို့ ထင်နေကြတဲ့အချိန်မှာပဲ ဖိအားက မြန်မြန်ဆန်ဆန် ပြန်ရုတ်သွားပြီး လေထုက တမဟုတ်ခြင်းကို ပြန်ပြီး ငြိမ်သက်လာသည်။

"မင်းပဲ။ ဘယ်တုန်းကတည်းက မင်းမှာ ငါ့လာကြည့်ဖို့ အချိန်အားသွားရတာလဲ?"

ဝိညာဉ်နီက ရုတ်တရက် စကားပြောလိုက်၏။ သူ့အသံနေအသံထားက သူ နှစ်ပေါင်းများစွာ မတွေ့ခဲ့ရတဲ့ သူငယ်ချင်းဟောင်းကို စကားပြောနေသလိုပင်၊ ဒါပေမဲ့ သူ့အသံက ရေသေကန်တစ်ခုလို အသက်မဲ့လို့နေ၏။ အဲ့ဒါက အက်ကြောင်းတစ်ခုမှမပါတဲ့ မှန်တစ်ခုပေါ်မှာ နှစ်ပေါင်းများစွာကြာအောင် ပွတ်တိုက်ခံထားရတဲ့ အလွန့်အလွန် ရှေးကျတဲ့ အသံတစ်ခုဖြစ်သည်။

"မင်း ဒီမှာ နေတာ ကြာသင့်သလောက် ကြာသွားပြီ။" ငရဲမင်းကြီးက သူ့လက်ကို သူ့ကျောနောက် ပို့ထားရင်း တောင်ထိပ်တစ်ခုလိုမျိုး မတ်မတ်အနေအထားနဲ့ ရပ်နေတာဖြစ်သည်။ သူ့ရဲ့ နက်မှောင်တဲ့ သူငယ်အိမ်ဟာ သူ့အနောက်က အရိပ်ထက်ကို ပိုလို့ နက်မှောင်နေ၏။ သူ့မျက်လုံးထဲ တစ်ချက် ကြည့်လိုက်တာနဲ့ အဲ့တစ်စုံတစ်ယောက် အမှောင်ထဲ အတွန်းခံရဖို့ လုံလောက်နေသည်ပင်။

အဲ့တာကိုကြားတော့ ဝိညာဉ်နီက ရယ်စရာ ဟာသတစ်ခု ကြားလိုက်တဲ့အလား စတင် ရယ်လိုက်တော့သည်။

အချိန်တစ်ခုကြာပြီးနောက် သူ့အရယ်ကို တန့်လိုက်ပြီးနောက် သရော်လိုက်၏၊ "ငါ့မင်းကြီး၊ မင်း ငါ့ကို နှင်ထုတ်ဖို့ ကြိုးစားနေတာလား? ငါတို့ သူငယ်ချင်းတွေဖြစ်ခဲ့တာ ကြာလှပြီလေ၊ မင်း တကယ်ပဲ အဲ့လိုစဉ်းစားနေတယ်ဆိုရင်တော့ အဲ့တာ အရမ်း အကြင်နာမဲ့တာပဲ!"

"မင်း နှစ်ပေါင်း သိန်းချီ ထွက်ပြေးနေခဲ့ပြီးပြီ။ အခု ဒါကို အဆုံးသတ်ရတော့မယ့်အချိန်ရောက်ပြီ။" ငရဲမင်းကြီးက အမူအယာ မပြောင်းလဲဘဲ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"Bah! အဲ့တာကို လွန်ခဲ့တဲ့ နှစ်တစ်သိန်းတုန်းက ဘာလို့ မပြောခဲ့တာလဲ? မင်း ခုချိန်ထိ ရည်ရွယ်ချက်ရှိရှိ စောင့်နေခဲ့တာ! ငါ့ကို ပြဿနာအချို့ ဖြေရှင်းခိုင်းချင်လို့မှတ်လား? အိုး ငရဲမင်းကြီး၊​ မင်းက မပြောင်းလဲသေးဘူးပဲ။ ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ မင်း ငါ့ကို ဒီနေရာကနေ ကန်ထုတ်လို့မရဘူး!" ဝိညာဉ်နီက ငရဲမင်းကြီးကို ကောင်းကောင်း နားလည်တာကြောင့် မကျေနပ်ချက်တွေ ပြောနေရင်းနဲ့ အဓိကအချက်ကို တိုက်ရိုက်ပြောလိုက်၏။

ငရဲမင်းကြီးက သူများကိစ္စတွေ ဝင်ရှုပ်တတ်တဲ့သူ ဆိုတာ သူ မယုံကြည်။ တကယ်လို့ သူ အဲ့အကြောင်းကို အဲ့စာကြောင်းကို တကယ်ပြောချင်ခဲ့ရင် ခုချိန်ထိ စောင့်နေခဲ့မှာမဟုတ်ဘူး။

အဲ့အပြင်၊ လွန်ခဲ့တဲ့ နှစ်တစ်သိန်းအတွင်း ထောင်ချောက်ထဲကို ကျဆင်းခဲ့ရတဲ့အကြိမ်အရေအတွက်ကို ခြေရာကောက်လို့တောင် မရခဲ့ဘူး။ တကယ်လို့ သူ ဂရုမမူဘဲ သဘောတူလိုက်ရင် သူ သေချာပေါက် သေသွားလိမ့်မယ်။

"ဟားဟားဟား!"

ဘုရင်ကြီး အနောက်မှာ တချိန်လုံး ပုန်းနေခဲ့တဲ့ ဖုန့်ရှီက မနေနိုင်တော့ဘဲ ရယ်ချလိုက်သည်။ ဒီလူက ဘုရင်ကြီးရဲ့ သူငယ်ချင်းဆိုတာကို မူလတုန်းက သူ မယုံနိုင်ခဲ့၊ ဒါပေမဲ့ အဲ့လူက အခုလို မကျေနပ်ချက်တွေ တိုင်တန်းနေတကို ကြားရပြီးနောက်မှာတော့ သူ ယုံကြည်သွားရတော့သည်။

သူ ကောင်းကင်ထွတ်ထိပ်နန်းတော်ထဲ ပြောင်းရွှေ့လာပြီးကတည်းက အမျိုးအစားစုံလင်လှတဲ့လူတွေကို သူ မြင်တွေ့ခဲ့သည်။ ဘယ်သူပဲဖြစ်ဖြစ် လူတစ်ယောက်ချင်းစီတိုင်းက သူ့ခေါင်းဆောင်ကို အရမ်းကို လေးစားမှုရှိကြသည်။ ဘယ်သူကမှ ဘောင်မကျော်ရဲကြ၊ သူတို့ရဲ့ သဘောထားတွေက မှန်ကန်ပြီး နှိမ့်ချနေကြသည်။ သူတို့ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ကြပေမဲ့ ခေါင်းဆာင်အပေါ် ကြည်ညို​လေးစားမှုကိုတော့ ထိန်းထားကြသည်။

ဒါပေမဲ့ သူတွေ့ဖူးသမျှထဲမှာ ဝိညာဉ်နီက အလေးတယူမရှိဆုံးနဲ့ မလေးမစားအပြုမူဆုံးသူပဲဖြစ်သည်။

ဝိညာဉ်နီက ဘုရင်ကြီးအနောက်ဖက်မှာ တစ်ယောက်ယောက် ရပ်နေတာကို သိပြီးဖြစ်ပေမဲ့ အဲ့သူက ဘုရင်ကြီးရဲ့ လက်အောက်ဝန်ထမ်းတစ်ယေက်ဖြစ်တယ်လို့ထင်ခဲ့တာကြောင့် သူ ဂရုမစိုက်ခဲ့။ ဒါပေမဲ့ ကောင်လေးရဲ့ရယ်သံကို သူကြားလိုက်ရတော့ သူ စတင်ပြီး သံသယအနည်းငယ် ဝင်သွားရသည်။ ဘုရင်ကြီးရဲ့ လက်အောက်ဝန်ထမ်းက ဘုရင်ကြီးအရှေ့မှာ အခုလို့မျိုး လုံးဝ ရယ်မှာမဟုတ်၊ အထူးသဖြင့် သူနဲ့ ဘုရင်ကြီး စကားပြောနေတုန်းမှာမျိုးပေါ့။ ဒီလိုအချိန်မျိုးမှာ ကြားဖြတ်လိုက်တာမျိုးက အကျိုးဆက်က သံသယဝင်စရာမလိုဘဲ သေဆုံးရမှာဖြစ််သည်။

"ကောင်လေး၊ မင်း ဘာကို ရယ်တာလဲ?"

ဝိညာဉ်နီက သူ့အကြည့်ကို ရွှေ့လိုက်၏။ ဘုရင်ကြီးအနောက်ဘက်မှာ ချောမောခန့်ညားပေမဲ့ ချစ်စရာကောင်းတဲ့ကောင်လေး ရပ်နေတာကို သူ မြင်လိုက်တော့ မနေနိင်တော့ဘဲ သူ့မျက်လုံးအစုံက သိချင်စိတ်နဲ့ ပြူးကျယ်သွားတော့သည်။

ဒီကောင်လေးရဲ့ စွမ်းအားက နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ခြောက်ပဲ ရှိသေးတာ။ ဒီနေရာမှာရှိတဲ့ ဘယ်လိုအကုသိုလ်ဝိညာဉ်မျိုးပဲမဆို သူ့ကို မွစာကြဲသွားအောင် ရိုက်ပစ်လိုက်နိုင်တယ်၊ ဒါပေမဲ့ ငရဲမင်းကြီးက သူ့ကို ဒီခေါ်လာခဲ့တယ်။ နှစ်ပေါင်းတစ်သိန်းအတွင်းမှာ ဘုရင်ကြီး တခြားတစ်ယောက်ကို ခေါ်လာခဲ့တာမျိုး သူ တစ်ခါမှ မမြင်ဖူးခဲ့ဘူး၊ အခု ဘုရင်ကြီးက မမျှော်လင့်ထားဘဲ လုပ်နေကြတွေကနေ ဖောက်ထွက်လိုက်တယ်၊ သူ ဘယ်လိုလုပ် မအံ့ဩဘဲ နေနိုင်ပါ့မလဲ?

ဒီကောင်လေးမှာ ထူးချွန်တဲ့အရည်အချင်းတွေ ရှိနေလို့များ ဖြစ်နိုင်မလား?

"ဒီလူက အရမ်းထူးဆန်းတာပဲ၊ သူက ဘယ်သူလဲ?" ဖုန့်ရှီက ဘုရင်ကြီးရဲ့ အင်္ကျီလက်ကို မတင်လိုက်ကာ ချောင်းကြည့်လိုက်သည်။ သူ့အမြင်က အမှောင်ထဲမှာ တောက်ပနေတဲ့ ဝိညာဉ်နီရဲ့ သွေးနီရောင်မျက်လုံးပေါ် ရောက်သွားကာ တစ်ဖက်နှင့်တစ်ဖက် အပြိုင်အဆိုင် သိချင်စိတ်တွေ ဖြစ်ပွါးသွားတော့သည်။

"ကောင်ငယ်လေး၊ တစ်ယောက်ယောက်က မင်းကို မေးခွန်းမေးလာခဲ့ရင် ယဉ်ယဉ်ကျေးကျေး ပြန်ဖြေရမယ်လို့ မင်းရဲ့မိဘတွေက သင်မပေးထားခဲ့ဘူးလား?" သူ့မေးခွန်းကို မကြားသည့်အလား လျစ်လျူရှုခံလိုက်ရတာကို မြင်တော့ ဝိညာဉ်နီက ချက်ချင်း မပျော်မရွှင်ဖြစ်လာရကာ ကောင်လေးကို စိမ်းစိမ်းကားကား ကြည့်လိုက်သည်။

"အာ... ကျွန်တော့ကို သင်မပေးခဲ့ကြဘူး။" ဝိညာဉ်နီရဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံဂတွေကို ကြားတော့ ဖုန့်ရှီ တောင့်ခဲသွားသည်။

ဖုန့်ရှီရဲ့ စကားလုံးတွေက ဝိညာဉ်နီကို လှောင်သလို ရည်ရွယ်ခဲ့တာ မဟုတ်၊ သူက မူလကတည်းကိုက မိဘမဲ့တစ်ယောက် ဖြစ်သည်။ နောက်ပိုင်းတော့ သူက ကောင်းကင်ဇာမဏီနိုင်ငံတော်ရဲ့ မင်းသားတစ်ပါးဆိုတာကို သူ တွေ့ရှိခဲ့ရပေမဲ့ ဘာမှ ထူးခြားသွားတာမျိုး မရှိခဲ့။ သူ့မိဘတွေက သူ့ရဲ့ ဆယ့်ကိုးနှစ်တာ ကြီးပြင်းလာခဲ့တဲ့တလျောက် သူ့ကို ဘာမှ သင်မပေးခဲ့ကြ။ အဲ့တာကြောင့် အဲ့တာက သူ့ရဲ့ အပြင်ပန်းပင်ကိုယ်စရိုက်လား၊ မွေးရာပါ သဘာဝလားဆိုတာ အရေးမပါပေ။ သူပြောခဲ့တာက မှားမနေ၊ သူ့ကို အကုန်နားလည်တဲ့သူဆို ဒီအချက်ကို သဘောပေါက်ပေလိမ့်မည်။

ဒါပေမဲ့ ဝိညာဉ်နီက ကောင်လေးဟာ သူ့ကို ရှင်းရှင်လင်းလင်းကို လှောင်ဖို့ ကြိုးစားနေတာပဲလို့ ခံစားလိုက်ရ၏!

"ကောင်ငယ်လေး၊ ငါ ဒီမှာ အချုပ်အနှောင်ခံထားရပေမဲ့ မင်းကိုတော့ ကောင်ကောင်းကိုင်တွယ်နိုင်သေးတယ်။ မင်းမှာ အစွမ်းရှိရင် မိန်းမငယ်လေးလိုမျိုး တစ်ယောက်ယောက်ရဲ့နောက်မှာ သွားပုန်းမနေနဲ့။" ဝိညာဉ်နီက ဒေါသတကြီး ပြောလိုက်သည်။ အသက်နှစ်ဆယ်တောင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်နဲ့ အငြင်းအခုန်လုပ်ရတာ အရသာမရှိဘူးဆိုတာ ရှေးကျတဲ့ မိစ္ဆာတစ်ကောင်အနေနဲ့ သူ မယုံကြည်နိုင်။

ဖုန့်ရှီ ချက်ချင်း ခေါင်းပြူကြည့်လိုက်ပြီးနောက် မျက်နှာပြင်လိုက်၏၊ "မင်း ဖြစ်စေချင်သလိုမျိုး ငါက ထွက်လာလိမ့်မယ်လို့ မင်းထင်နေသလား? မင်း အရမ်းသန်မာတယ်ဆိုရင် အခွံထဲမှာ ပုန်းနေတဲ့ လိပ်လိုမျိုး ပုန်းမနေနဲ့တော့။"

"ကောင်စုတ်လေး1 မင်းကများ ငါ့ကို ပြန်ပြောရဲတယ်! မင်း စွမ်းအားကြီးတယ်ဆိုရင် ငါနဲ့ တစ်ယောက်ချင်း တိုက်ကြမယ်။"

ဒီလိုမျိုး သူ တစ်စုံတစ်ယောက်ကို ပြောဖူးတာ ပထမဆုံးအကြိမ်၊ အဲ့တာကလည်း အခုမှ စအရွယ်ရောက်ကာစ ကလေးစုတ်လေးကိုပေါ့။ ဝိညာဉ်နီက ချက်ချင်းသွေးတိုးသွားရကာ ကလေးငယ်တစ်ယောက်လိုမျိုး ဒေါသတကြီး တုန့်ပြန်လိုက်ရင်း အမှောင်ထဲကနေ ထွက်ဖို့ ပြင်လိုက်၏။

"မင်းမှာ ပြောဖို့အခွင့်အရေးမရှိဘူး။ မင်း အရမ်း သန်မာတယ်ဆိုရင် ငါ့ခေါင်းဆောင်နဲ့ တိုက်နိုင်တယ်၊ ဒါပေမဲ့ မင်းမှာ အဲ့လိုစွမ်းအားမျိုး ရှိမယ်လို့ ငါ မထင်ဘူး။ ငါ့ခေါင်းဆောင်က မင်းကို လက်တစ်ချောင်းတည်းနဲ့ ချေမွနိုင်တယ်!" ဖုန့်ရှီက သူ့လက်ချောင်းကို လှုပ်ယမ်းပြလိုက်ကာ တိုက်မယ့်သူက သူမဟုတ်ဘူးဆိုပြီး အရိပ်အမြွက် စကားဦးသန်းလိုက်သည်။

"စောက်ကလေး၊ မင်းက ငါ့ကို အားနည်းတဲ့သူလို့ ခေါ်ဖူးတဲ့ ပထမဆုံးသူပဲ။ တိုက်တာက တိုကတာပဲ။ မင်းခေါင်းဆောင်ကို ငါက ကြောက်မယ်လို့ ထင်နေသလား? ဒါပေမဲ့ မင်း ရှုံးသွားရင် ဘာလုပ်မှာလဲ?" ဝိညာဉ်နီ အသက်ရှင်လျက်ရှိတုန်းက သူက အရမ်းကို စိတ်တိုလွယ်တဲ့ စိတ်လက်တစ်ဆစ်လူမျိုးဖြစ်သသည်။ ဖုန့်ရှီ ဘာမှ မပြောရသေးခင်မှာပဲ သူက ဒေါသထွက်နှင့်နေပြီပင်။ နောက်ဆုံးအကြောင်းကတော့ ဝိညာဉ်နီက အခြားသူတွေနဲ့ လောင်းကစား လုပ်လေ့ရှိနေသည့်အလား သဘာဝတကျကို ထွက်လာတာဖြစ်သည်။

"ငါ ရှုံးရင် မင်းခိုင်းတာ ဘာမဆို ငါ လုပ်မယ်၊ ဒါပေမဲ့ မင်းရှုံးရင်တော့ ငါ့ကို ကတိတစ်ခုပေးရမယ်။" ဖုန့်ရှီက ငရဲမင်းကြီးကို ခိုးချောင်ခိုးဝှက် တစ််ချက် ကြည့်လိုက်ကာ ဘုရင်ကြီးမျက်နှာက တည်ငြိမ်နေတာကို တွေ့သွားတော့ ဘုရင်ကြီး သူ့ကို ရပ်တန့်တားဆီးဖို့ ရည်ရွယ်ချက်မရှိတာမို့ ဒီအခြေအနေကို ထပ်ပေါင်းလိုက်တာဖြစ်သည်။

"ကောင်းပြီ၊ ကိစ္စမရှိဘူး။ မင်းပြောတာ ကတိတစ်ခုနော်၊ တကယ်လို့ အခုတစ်ရာဆိိုရင်တောင် အဆင်ပြေနေမှာပဲ။ ဒါပေမဲ့ မင်း အနိုင်ရဖို့တော့လိုတယ်။" ဝိညာဉ်နီက ရက်ရောတဲ့ လူကြီးလူကောင်းတစ်ယောက်လိုမျိုး ရဲရဲရင့်ရင့် ပြောလိုက်၏။

သူပြောပြီးတာနဲ့ အမှောင်ထုကြီးက ချက်ချင်းပဲ စတင်းလှုပ်ခါလာကာ အနီရောင်အလင်းတန်းက ကြွေကျလာတဲ့ ဥက္ကာပျံတစ်ခုလို ရုတ်တရက် လွင့်စင်လာ၏။ ဒါပေမြ့ အဲ့အလင်းက ဥက္ကာပျံတစ်ခုထက်ပိုပြီး တောက်ပနေကာ စက္ကန့်အနည်းငယ်အတွင်းမှာ အနီရောင်မီးတောက်က သူတို့အရှေ့ပေါ်လာပြီး ရုတ်တရက် ကြီးသွား၏။ လူနဲ့တူတဲ့ပုံဆင်းသဏ္ဍာန်တစ်ခုက သူတို့ဆီ ဦးတည်းလျောက်လာသည်ပင်။

အဲ့လူကြီးက ရဲရင့်ပြီး သူရဲကောင်းဆန်ပုံပေါ်သည်။ သူ့မျက်နှာက ငယ်ရွယ်ပြီး ခန့်ညားပေမဲ့ လှပတဲ့အထဲတော့ မပါပေ။ သူ့ကြည့်ရတာ မျိုးရိုးမြင့်ပြီး ကြော့ရှင်းပုံပေါ်သည်။ သူ့ကိုယ်ခန္ဓာက သန်မာပြီး ရှည်လျားကာ သူ့မျက်နှာသွင်ပြင်က ထက်မြက်ဟန်ပေါ်သည်။ သူ့ရဲ့ တောက်ပစူးရှတဲ့ မျက်လုံးအစုံက သူ့ရဲ့ ရဲရင့်မှုနဲ့ အတားအဆီးမဲ့ မောက်မာမှုတို့ကို ဖော်ညွန်းနေ၏။ အကြည့်တစ်ချက်နဲ့တင် သူက ယုံကြည်ကိုးစားဖွယ် လူတစ်ယောက်နဲ့ တူသည်။ သူက အစိမ်းရောင် ဝတ်ရုံရှည်ကြီးတစ်ခုကို ဝတ်ဆင်ထားပြီး အနီရောင်အလင်းတို့ လွှမ်းခြုံရစ်သိုင်းထား၏။ အဲ့တာကတော့ အဲ့ဒီ့ဝိညာဉ် သဘာဝအလျောက် ထုတ်လွှတ်လေ့ရှိတဲ့ အရှိန်အဝါတွေပဲဖြစ်ပြီး အဲ့လူက အသက်ရှင်စဉ်တုန်းက မရေမတွက်နိုင်လောက်တဲ့ လူ့အသက်ပေါင်းများစွာကို သတ်ခဲ့တာဖြစ်ရမည်။

ကောင်လေးက သူ့ရဲ့ အစစ်အမှန်ပုံစံကို မြင်လိုက်ရတော့ ဖုန့်ရှီရဲ့ မျက်လုံးတွေ တအံ့တဩနဲ့ လင်းလက်သွား၏။

ဒီလူက ငရဲမှာ ဘာလာလုပ်နေတာလဲ?

20211226; 1314
Stay tuned for the next chapter:
107. Tricked and Kissed
😎🥶🌚

🥰Thanks for reading, sharing, comments and votes.🥰
ဝိညာဉ်နီတော့ ကောင်လေးရဲ့ ခေါင်းဆောင်ဆိုတဲ့အခေါ်အောက် ငါးပါးတော့ မှောက်တော့မယ် 😂
—————————— 👀 —————————

အပိုင္း ၁၀၆။ သူငယ္ခ်င္းေဟာင္း

ငရဲ ဆယ့္ရွစ္ထပ္မွာ အပစ္ရွိနတ္ဘုရားလ်ိဳေျမာင္လို႔ေခၚတဲ့အထပ္ တစ္ထပ္ရွိသည္။

အပစ္ရွိနတ္ဘုရားလ်ိဳေျမာင္ဟာ အက်င့္ပ်က္ ဆိုးယုတ္တဲ့ နတ္ဘုရားေတြနဲ႔ မိစၧာေတြ က်ဆင္းၾကရတဲ့ေနရာျဖစ္သည္။ သူတို႔ ေသလြန္ၾကတဲ့အခါမွာ သူတို႔ရဲ့ဝိညာဥ္ေတြက ဆုတ္ယုတ္ပ်က္ဆီးလာၾကၿပီး ေနာက္ဆုံးမွာ မေကာင္းတဲ့အရာေတြ ျဖစ္သြားၾကမွာျဖစ္သည္။ သူတို႔ရဲ့ဝိညာဥ္ေတြ လုံးလုံးလ်ားလ်ား ယိုယြင္းပ်က္ဆီးသြားၿပီးေနာက္ အပစ္ရွိနတ္ဘုရားလ်ိဳေျမာင္ရဲ့ အလယ္မွာရွိတဲ့ ေသြးေမၽွာ္စင္က ဘယ္သူ႔မဆိုကို လႊမ္းျခဳံရစ္ပတ္နိုင္တဲ့ ေရႊေရာင္ေရာင္ျခည္တန္းတစ္ခု ထုတ္လႊတ္လိုက္မွာျဖစ္သည္။ မိုင္ေပါင္းေထာင္ခ်ီအေဝးမွာရွိတဲ့ အပစ္ရွိဝိညာဥ္ေတြေတာင္မွ အပစ္ရွိနတ္ဘုရားလ်ိဳေျမာင္ထဲ ဆြဲအခ်ခံရမွာျဖစ္သည္။ အဲ့အတြက္ေၾကာင့္ အပစ္ရွိနတ္ဘုရားလ်ိဳေျမာင္ကို နတ္ဘုရားေတြနဲ႔ မိစၧာေတြအတြက္ ေနာက္ဆုံးက်ိန္းဝပ္အနားယူရာေနရာအျဖစ္ လူသိမ်ားၾကသည္။

မွတ္တမ္းမွတ္ရာေတြအရ အပစ္ရွိနတ္ဘုရားလ်ိဳေျမာင္ဟာ နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္နဲ႔တူညီစြာပဲ က်ယ္ျပန္႔တဲ့နယ္ေျမအေနအထားနဲ႔ အဆုံးမရွိတဲ့ ေကာင္းကင္တို႔ ရွိၾကသည္။

အပစ္ရွိနတ္ဘုရားလ်ိဳေျမာင္ဟာ တေစၧေလာကမတိုင္ခင္ ေပၚထြက္လာခဲ့တာဆိုတာကလြဲရင္ ဘယ္ေလာက္ ႀကီးမားက်ယ္ျပန္႔သလဲဆိုတာ ဘယ္သူမွ မသိၾက။ အဲ့မွာ ဟိုး ေရွးပေဝဏသီကတည္းကေန အခုအထိ အပစ္ရွိတဲ့ဝိညာဥ္ေတြ ပါရွိေနၾကသည္။ ဝိညာဥ္ေတြ က်င့္ႀကံနိုင္စဥ္မွာ သူတို႔က အျမင့္ဆုံးအဆင့္ကို လုံးဝမေရာက္နိုင္ၾကေပ။

အပစ္ရွိနတ္ဘုရားလ်ိဳေျမာင္က အပစ္ရွိဝိညာဥ္ေတြရဲ့ ေနာက္ဆုံးက်ိန္းဝပ္ရာေနရာျဖစ္တဲ့အတြက္ သူတို႔ က်င့္ႀကံခဲ့ၾကရင္ေတာင္မွ သူတို႔ရဲ့ တိုးတက္မွုႏွုန္းကို အာကာသက ဖိႏွိပ္ထားမွာျဖစ္သည္ပင္။ အဲ့အကာအရံအတားအဆီးကို လုံးဝ ခ်ိဳးဖ်က္နိုင္တဲ့နည္းလမ္း မရွိတာမို႔ သူတို႔ဟာ ေကာင္းကင္နတ္ဘုရားနယ္ပယ္အဆင့္ထက္ မေက်ာ္နိုင္ၾကေပ။

ဒါေပမဲ့ အဲ့ဒီ့ အပစ္ရွိဝိညာဥ္ေတြဟာ ငရဲဆယ့္ရွစ္ထပ္မွာရွိတဲ့ အကုသိုလ္မ်ားတဲ့ဝိညာဥ္ေတြနဲ႔ ျပတ္ျပတ္သားသား ကြဲျပားေနသည္။

သူတို႔ အသက္ရွိစဥ္တုန္းက အကုသိုလ္ဝိညာဥ္ေတြဟာ ခြင့္မလႊတ္နိုင္တဲ့ ပစ္မွုေတြကို က်ဴးလြန္ခဲ့ၾကၿပိီး ေနာင္တေတြ တသီႀကီး က်န္ရစ္ခဲ့ၾကသည္။ သူတို႔ ေသလြန္သြားတဲ့အခါမွာ သူတို႔ရဲ့ ဝိညာဥ္ေတြဟာ ငရဲဆယ့္ရွစ္ထပ္ကို က်ေရာက္သြားရ၏။ ဒါေပမဲ့ သူတို႔ရဲ့ ဝိညာဥ္ေတြက အသြင္ေျပာင္းမသြားၾကတဲ့အတြက္ သူတို႔ကို အပစ္ရွိဝိညာဥ္ေတြလို႔ ေျပာလို႔မရေပ။

အကုသိုလ္ဝိညာဥ္ေတြကို သူတို႔က်ဴးလြန္ခဲ့ၾကတဲ့ အကုသိုလ္ေတြနဲ႔ အစဥ္အတိုင္း စဥ္ထားသည္။ ဝိညာဥ္နက္ေတြကို ဆယ့္ေျခက္ထပ္မွာ ခ်ဳပ္ေႏွာင္ထားၿပီး ဝိညာဥ္နီေတြကိုေတာ့ ဆယ့္ခုႏွစ္ထပ္နဲ႔ ဆယ့္ရွစ္ထပ္မွာ ကန္႔ထားၾကသည္။

ဝိညာဥ္နီေတြကို သူတို႔ရဲ့ ခြန္အားေပၚမူတည္ၿပီး ဆယ့္ခုႏွစ္ထပ္နဲ႔ ဆယ့္ရွစ္ထပ္ဆိုၿပီး ပိုင္းျခားထားသည္။ ဆယ့္ရွစ္ထပ္မွာရွိသူေတြက ဘယ္ခ်ိန္မဆို ယိုယြင္းဆုတ္ယုတ္တာမ်ိဳး ၾကဳံလာရနိုင္တဲဲ့အတြက္ သူတို႔ဟာ အပစ္ရွိနတ္ဘုရားလ်ိဳေျမာင္နဲ႔ အနီးဆုံးမွာ ရွိၾကတာျဖစ္သည္။ သူတို႔ ဆုတ္ယုတ္ယိုယြင္းလာတာနဲ႔ သူတို႔ကို လ်ိဳေျမာင္ထဲ ဆြဲခ်သြားမွာျဖစ္သည္။ အဲ့ဒီ့ အကုသိုလ္ဝိညာဥ္ေတြဟာ အဲ့အခ်က္ကို သတိျပဳမိၾကပုံေပၚတဲ့အတြက္ သူတို႔ ပုံမွန္မဟုတ္တာမ်ိဳး ဘာမွ မလုပ္ရဲၾက။

အလြန္႔အလြန္ သန္မာတဲ့ ဝိညာဥ္နီကို ငရဲဆယ့္ခုႏွစ္ထပ္ရဲ့ အနက္ဆုံးအလႊာထဲမွာ အက်ဥ္းခ်ထားသည္။

အဲ့ဒီ့ဝိညာဥ္နီဟာ ဆယ့္ရွစ္ထပ္မွာရွိတဲ့ ဝိညာဥ္နီေတြထက္ ပိုမနိမ့္က်ၾကေပ။ သူ႔ေၾကာင့္ပဲ ဝိညာဥ္နီေတြက ဘာျပႆနာမွ မရွာရဲၾကတာလို႔ ေျပာလို႔ရသည္ပင္။ သူ ဘယ္ကလာသလဲ ဘယ္သူမွ မသိၾက၊ ဒါေပမဲ့ သူ ငရဲမွာ ႏွစ္ေပါင္းသန္းခ်ီ ရွိေနခဲ့တာျဖစ္သည္။ သူ႔ကို ဘာမွ မဖိခ်ဳပ္၊ မႏွိမ္နင္းထားေခ်၊ တေစၧအမ်ားစုက သူ႔အနားကပ္ဖို႔ အရမ္း ေၾကာက္ၾက၏။ အခ်ိဳ႕က သူဟာ ငရဲကို သူ႔ကိုယ္ပိုင္ဆႏၵရွိရွိနဲ႔ ေရာက္ေနတာလို႔ေတာင္ ယုံၾကည္ၾကသည္။

ပုံမွန္ဆို အျခားဝိညာဥ္နီေတြက သူ႔ကို မေႏွာက္ယွက္ရဲၾကတဲ့အတြက္ သူ မေရမတြက္နိုင္တဲ့ ႏွစ္ေပါင္းမ်ားစြာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနမွာျဖစ္သည္။

ဒါေပမဲ့ ဒီေန႔ ငရဲရဲ့ ေအာက္ေျခကေန ထူးဆန္းတဲ့ စြမ္းအင္လွိုင္းတစ္ခု ထြက္ေပၚလာ၏။ လွိုင္းက ႀကိတ္ေခ်ေနတဲ့ ဖိအား လႊမ္းျခဳံထားတဲ့ သန္မာတဲ့ တြန္းအားစုတစ္ခုကေန ထုတ္လႊတ္လာတာျဖစ္တာေၾကာင့္ ဝိညာဥ္နီေတြကို ေၾကာက္လန္႔တုန္ရီသြားေစသည္။ အဲ့တာက တျဖည္းျဖည္း ျမင့္တက္လာၿပီး လ်ံတက္စျပဳလာကာ ေနာက္ဆုံး ဆယ့္ခုႏွစ္ထပ္တစ္ခုလုံးကို ျပည့္ႏွက္သြား၏။ ဝိညာဥ္ေတြအားလုံး အထိတ္တလန္႔ျပဳစ ျဖစ္လာၾကကာ အားနည္းသူေတြအနည္းငယ္က တၿပိဳင္တည္း တုန္လွုပ္ေျခာက္ျခားလာၾကကာ ေၾကာက္လန္႔တၾကား တိုးေဝွ႕လာၾကသည္။ မဆင္ျခင္တဲ့ ဝိညာဥ္နီဟာ ေခါင္းေဆာင္ကို ေဒါသထြက္ေစတာျဖစ္မယ္လို႔ သူတို႔ ထင္ေနၾကတဲ့အခ်ိန္မွာပဲ ဖိအားက ျမန္ျမန္ဆန္ဆန္ ျပန္႐ုတ္သြားၿပီး ေလထုက တမဟုတ္ျခင္းကို ျပန္ၿပီး ၿငိမ္သက္လာသည္။

"မင္းပဲ။ ဘယ္တုန္းကတည္းက မင္းမွာ ငါ့လာၾကည့္ဖို႔ အခ်ိန္အားသြားရတာလဲ?"

ဝိညာဥ္နီက ႐ုတ္တရက္ စကားေျပာလိုက္၏။ သူ႔အသံေနအသံထားက သူ ႏွစ္ေပါင္းမ်ားစြာ မေတြ႕ခဲ့ရတဲ့ သူငယ္ခ်င္းေဟာင္းကို စကားေျပာေနသလိုပင္၊ ဒါေပမဲ့ သူ႔အသံက ေရေသကန္တစ္ခုလို အသက္မဲ့လို႔ေန၏။ အဲ့ဒါက အက္ေၾကာင္းတစ္ခုမွမပါတဲ့ မွန္တစ္ခုေပၚမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ပြတ္တိုက္ခံထားရတဲ့ အလြန္႔အလြန္ ေရွးက်တဲ့ အသံတစ္ခုျဖစ္သည္။

"မင္း ဒီမွာ ေနတာ ၾကာသင့္သေလာက္ ၾကာသြားၿပီ။" ငရဲမင္းႀကီးက သူ႔လက္ကို သူ႔ေက်ာေနာက္ ပို႔ထားရင္း ေတာင္ထိပ္တစ္ခုလိုမ်ိဳး မတ္မတ္အေနအထားနဲ႔ ရပ္ေနတာျဖစ္သည္။ သူ႔ရဲ့ နက္ေမွာင္တဲ့ သူငယ္အိမ္ဟာ သူ႔အေနာက္က အရိပ္ထက္ကို ပိုလို႔ နက္ေမွာင္ေန၏။ သူ႔မ်က္လုံးထဲ တစ္ခ်က္ ၾကည့္လိုက္တာနဲ႔ အဲ့တစ္စုံတစ္ေယာက္ အေမွာင္ထဲ အတြန္းခံရဖို႔ လုံေလာက္ေနသည္ပင္။

အဲ့တာကိုၾကားေတာ့ ဝိညာဥ္နီက ရယ္စရာ ဟာသတစ္ခု ၾကားလိုက္တဲ့အလား စတင္ ရယ္လိုက္ေတာ့သည္။

အခ်ိန္တစ္ခုၾကာၿပီးေနာက္ သူ႔အရယ္ကို တန္႔လိုက္ၿပီးေနာက္ သေရာ္လိုက္၏၊ "ငါ့မင္းႀကီး၊ မင္း ငါ့ကို ႏွင္ထုတ္ဖို႔ ႀကိဳးစားေနတာလား? ငါတို႔ သူငယ္ခ်င္းေတြျဖစ္ခဲ့တာ ၾကာလွၿပီေလ၊ မင္း တကယ္ပဲ အဲ့လိုစဥ္းစားေနတယ္ဆိုရင္ေတာ့ အဲ့တာ အရမ္း အၾကင္နာမဲ့တာပဲ!"

"မင္း ႏွစ္ေပါင္း သိန္းခ်ီ ထြက္ေျပးေနခဲ့ၿပီးၿပီ။ အခု ဒါကို အဆုံးသတ္ရေတာ့မယ့္အခ်ိန္ေရာက္ၿပီ။" ငရဲမင္းႀကီးက အမူအယာ မေျပာင္းလဲဘဲ ေပါ့ေပါ့ပါးပါးေျပာလိုက္သည္။

"Bah! အဲ့တာကို လြန္ခဲ့တဲ့ ႏွစ္တစ္သိန္းတုန္းက ဘာလို႔ မေျပာခဲ့တာလဲ? မင္း ခုခ်ိန္ထိ ရည္ရြယ္ခ်က္ရွိရွိ ေစာင့္ေနခဲ့တာ! ငါ့ကို ျပႆနာအခ်ိဳ႕ ေျဖရွင္းခိုင္းခ်င္လို႔မွတ္လား? အိုး ငရဲမင္းႀကီး၊​ မင္းက မေျပာင္းလဲေသးဘူးပဲ။ ဘယ္လိုအေၾကာင္းျပခ်က္ပဲရွိရွိ မင္း ငါ့ကို ဒီေနရာကေန ကန္ထုတ္လို႔မရဘူး!" ဝိညာဥ္နီက ငရဲမင္းႀကီးကို ေကာင္းေကာင္း နားလည္တာေၾကာင့္ မေက်နပ္ခ်က္ေတြ ေျပာေနရင္းနဲ႔ အဓိကအခ်က္ကို တိုက္ရိုက္ေျပာလိုက္၏။

ငရဲမင္းႀကီးက သူမ်ားကိစၥေတြ ဝင္ရွုပ္တတ္တဲ့သူ ဆိုတာ သူ မယုံၾကည္။ တကယ္လို႔ သူ အဲ့အေၾကာင္းကို အဲ့စာေၾကာင္းကို တကယ္ေျပာခ်င္ခဲ့ရင္ ခုခ်ိန္ထိ ေစာင့္ေနခဲ့မွာမဟုတ္ဘူး။

အဲ့အျပင္၊ လြန္ခဲ့တဲ့ ႏွစ္တစ္သိန္းအတြင္း ေထာင္ေခ်ာက္ထဲကို က်ဆင္းခဲ့ရတဲ့အႀကိမ္အေရအတြက္ကို ေျခရာေကာက္လို႔ေတာင္ မရခဲ့ဘူး။ တကယ္လို႔ သူ ဂ႐ုမမူဘဲ သေဘာတူလိုက္ရင္ သူ ေသခ်ာေပါက္ ေသသြားလိမ့္မယ္။

"ဟားဟားဟား!"

ဘုရင္ႀကီး အေနာက္မွာ တခ်ိန္လုံး ပုန္းေနခဲ့တဲ့ ဖုန္႔ရွီက မေနနိုင္ေတာ့ဘဲ ရယ္ခ်လိုက္သည္။ ဒီလူက ဘုရင္ႀကီးရဲ့ သူငယ္ခ်င္းဆိုတာကို မူလတုန္းက သူ မယုံနိုင္ခဲ့၊ ဒါေပမဲ့ အဲ့လူက အခုလို မေက်နပ္ခ်က္ေတြ တိုင္တန္းေနတကို ၾကားရၿပီးေနာက္မွာေတာ့ သူ ယုံၾကည္သြားရေတာ့သည္။

သူ ေကာင္းကင္ထြတ္ထိပ္နန္းေတာ္ထဲ ေျပာင္းေရႊ႕လာၿပီးကတည္းက အမ်ိဳးအစားစုံလင္လွတဲ့လူေတြကို သူ ျမင္ေတြ႕ခဲ့သည္။ ဘယ္သူပဲျဖစ္ျဖစ္ လူတစ္ေယာက္ခ်င္းစီတိုင္းက သူ႔ေခါင္းေဆာင္ကို အရမ္းကို ေလးစားမွုရွိၾကသည္။ ဘယ္သူကမွ ေဘာင္မေက်ာ္ရဲၾက၊ သူတို႔ရဲ့ သေဘာထားေတြက မွန္ကန္ၿပီး ႏွိမ့္ခ်ေနၾကသည္။ သူတို႔ လြတ္လြတ္လပ္လပ္ ေျပာဆိုနိုင္ၾကေပမဲ့ ေခါင္းဆာင္အေပၚ ၾကည္ညိဳ​ေလးစားမွုကိုေတာ့ ထိန္းထားၾကသည္။

ဒါေပမဲ့ သူေတြ႕ဖူးသမၽွထဲမွာ ဝိညာဥ္နီက အေလးတယူမရွိဆုံးနဲ႔ မေလးမစားအျပဳမူဆုံးသူပဲျဖစ္သည္။

ဝိညာဥ္နီက ဘုရင္ႀကီးအေနာက္ဖက္မွာ တစ္ေယာက္ေယာက္ ရပ္ေနတာကို သိၿပီးျဖစ္ေပမဲ့ အဲ့သူက ဘုရင္ႀကီးရဲ့ လက္ေအာက္ဝန္ထမ္းတစ္ေယက္ျဖစ္တယ္လို႔ထင္ခဲ့တာေၾကာင့္ သူ ဂ႐ုမစိုက္ခဲ့။ ဒါေပမဲ့ ေကာင္ေလးရဲ့ရယ္သံကို သူၾကားလိုက္ရေတာ့ သူ စတင္ၿပီး သံသယအနည္းငယ္ ဝင္သြားရသည္။ ဘုရင္ႀကီးရဲ့ လက္ေအာက္ဝန္ထမ္းက ဘုရင္ႀကီးအေရွ႕မွာ အခုလို႔မ်ိဳး လုံးဝ ရယ္မွာမဟုတ္၊ အထူးသျဖင့္ သူနဲ႔ ဘုရင္ႀကီး စကားေျပာေနတုန္းမွာမ်ိဳးေပါ့။ ဒီလိုအခ်ိန္မ်ိဳးမွာ ၾကားျဖတ္လိုက္တာမ်ိဳးက အက်ိဳးဆက္က သံသယဝင္စရာမလိုဘဲ ေသဆုံးရမွာျဖစ္္သည္။

"ေကာင္ေလး၊ မင္း ဘာကို ရယ္တာလဲ?"

ဝိညာဥ္နီက သူ႔အၾကည့္ကို ေရႊ႕လိုက္၏။ ဘုရင္ႀကီးအေနာက္ဘက္မွာ ေခ်ာေမာခန္႔ညားေပမဲ့ ခ်စ္စရာေကာင္းတဲ့ေကာင္ေလး ရပ္ေနတာကို သူ ျမင္လိုက္ေတာ့ မေနနိင္ေတာ့ဘဲ သူ႔မ်က္လုံးအစုံက သိခ်င္စိတ္နဲ႔ ျပဴးက်ယ္သြားေတာ့သည္။

ဒီေကာင္ေလးရဲ့ စြမ္းအားက နတ္ဘုရားဘုရင္နယ္ပယ္ အဆင့္ေျခာက္ပဲ ရွိေသးတာ။ ဒီေနရာမွာရွိတဲ့ ဘယ္လိုအကုသိုလ္ဝိညာဥ္မ်ိဳးပဲမဆို သူ႔ကို မြစာၾကဲသြားေအာင္ ရိုက္ပစ္လိုက္နိုင္တယ္၊ ဒါေပမဲ့ ငရဲမင္းႀကီးက သူ႔ကို ဒီေခၚလာခဲ့တယ္။ ႏွစ္ေပါင္းတစ္သိန္းအတြင္းမွာ ဘုရင္ႀကီး တျခားတစ္ေယာက္ကို ေခၚလာခဲ့တာမ်ိဳး သူ တစ္ခါမွ မျမင္ဖူးခဲ့ဘူး၊ အခု ဘုရင္ႀကီးက မေမၽွာ္လင့္ထားဘဲ လုပ္ေနၾကေတြကေန ေဖာက္ထြက္လိုက္တယ္၊ သူ ဘယ္လိုလုပ္ မအံ့ဩဘဲ ေနနိုင္ပါ့မလဲ?

ဒီေကာင္ေလးမွာ ထူးခၽြန္တဲ့အရည္အခ်င္းေတြ ရွိေနလို႔မ်ား ျဖစ္နိုင္မလား?

"ဒီလူက အရမ္းထူးဆန္းတာပဲ၊ သူက ဘယ္သူလဲ?" ဖုန္႔ရွီက ဘုရင္ႀကီးရဲ့ အကၤ်ီလက္ကို မတင္လိုက္ကာ ေခ်ာင္းၾကည့္လိုက္သည္။ သူ႔အျမင္က အေမွာင္ထဲမွာ ေတာက္ပေနတဲ့ ဝိညာဥ္နီရဲ့ ေသြးနီေရာင္မ်က္လုံးေပၚ ေရာက္သြားကာ တစ္ဖက္ႏွင့္တစ္ဖက္ အၿပိဳင္အဆိုင္ သိခ်င္စိတ္ေတြ ျဖစ္ပြါးသြားေတာ့သည္။

"ေကာင္ငယ္ေလး၊ တစ္ေယာက္ေယာက္က မင္းကို ေမးခြန္းေမးလာခဲ့ရင္ ယဥ္ယဥ္ေက်းေက်း ျပန္ေျဖရမယ္လို႔ မင္းရဲ့မိဘေတြက သင္မေပးထားခဲ့ဘူးလား?" သူ႔ေမးခြန္းကို မၾကားသည့္အလား လ်စ္လ်ဴရွုခံလိုက္ရတာကို ျမင္ေတာ့ ဝိညာဥ္နီက ခ်က္ခ်င္း မေပ်ာ္မရႊင္ျဖစ္လာရကာ ေကာင္ေလးကို စိမ္းစိမ္းကားကား ၾကည့္လိုက္သည္။

"အာ... ကၽြန္ေတာ့ကို သင္မေပးခဲ့ၾကဘူး။" ဝိညာဥ္နီရဲ့ ႐ုန္႔ရင္းၾကမ္းတမ္းတဲ့ စကားလုံဂေတြကို ၾကားေတာ့ ဖုန္႔ရွီ ေတာင့္ခဲသြားသည္။

ဖုန္႔ရွီရဲ့ စကားလုံးေတြက ဝိညာဥ္နီကို ေလွာင္သလို ရည္ရြယ္ခဲ့တာ မဟုတ္၊ သူက မူလကတည္းကိုက မိဘမဲ့တစ္ေယာက္ ျဖစ္သည္။ ေနာက္ပိုင္းေတာ့ သူက ေကာင္းကင္ဇာမဏီနိုင္ငံေတာ္ရဲ့ မင္းသားတစ္ပါးဆိုတာကို သူ ေတြ႕ရွိခဲ့ရေပမဲ့ ဘာမွ ထူးျခားသြားတာမ်ိဳး မရွိခဲ့။ သူ႔မိဘေတြက သူ႔ရဲ့ ဆယ့္ကိုးႏွစ္တာ ႀကီးျပင္းလာခဲ့တဲ့တေလ်ာက္ သူ႔ကို ဘာမွ သင္မေပးခဲ့ၾက။ အဲ့တာေၾကာင့္ အဲ့တာက သူ႔ရဲ့ အျပင္ပန္းပင္ကိုယ္စရိုက္လား၊ ေမြးရာပါ သဘာဝလားဆိုတာ အေရးမပါေပ။ သူေျပာခဲ့တာက မွားမေန၊ သူ႔ကို အကုန္နားလည္တဲ့သူဆို ဒီအခ်က္ကို သေဘာေပါက္ေပလိမ့္မည္။

ဒါေပမဲ့ ဝိညာဥ္နီက ေကာင္ေလးဟာ သူ႔ကို ရွင္းရွင္လင္းလင္းကို ေလွာင္ဖို႔ ႀကိဳးစားေနတာပဲလို႔ ခံစားလိုက္ရ၏!

"ေကာင္ငယ္ေလး၊ ငါ ဒီမွာ အခ်ဳပ္အေႏွာင္ခံထားရေပမဲ့ မင္းကိုေတာ့ ေကာင္ေကာင္းကိုင္တြယ္နိုင္ေသးတယ္။ မင္းမွာ အစြမ္းရွိရင္ မိန္းမငယ္ေလးလိုမ်ိဳး တစ္ေယာက္ေယာက္ရဲ့ေနာက္မွာ သြားပုန္းမေနနဲ႔။" ဝိညာဥ္နီက ေဒါသတႀကီး ေျပာလိုက္သည္။ အသက္ႏွစ္ဆယ္ေတာင္မရွိေသးတဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ အျငင္းအခုန္လုပ္ရတာ အရသာမရွိဘူးဆိုတာ ေရွးက်တဲ့ မိစၧာတစ္ေကာင္အေနနဲ႔ သူ မယုံၾကည္နိုင္။

ဖုန္႔ရွီ ခ်က္ခ်င္း ေခါင္းျပဴၾကည့္လိုက္ၿပီးေနာက္ မ်က္ႏွာျပင္လိုက္၏၊ "မင္း ျဖစ္ေစခ်င္သလိုမ်ိဳး ငါက ထြက္လာလိမ့္မယ္လို႔ မင္းထင္ေနသလား? မင္း အရမ္းသန္မာတယ္ဆိုရင္ အခြံထဲမွာ ပုန္းေနတဲ့ လိပ္လိုမ်ိဳး ပုန္းမေနနဲ႔ေတာ့။"

"ေကာင္စုတ္ေလး1 မင္းကမ်ား ငါ့ကို ျပန္ေျပာရဲတယ္! မင္း စြမ္းအားႀကီးတယ္ဆိုရင္ ငါနဲ႔ တစ္ေယာက္ခ်င္း တိုက္ၾကမယ္။"

ဒီလိုမ်ိဳး သူ တစ္စုံတစ္ေယာက္ကို ေျပာဖူးတာ ပထမဆုံးအႀကိမ္၊ အဲ့တာကလည္း အခုမွ စအရြယ္ေရာက္ကာစ ကေလးစုတ္ေလးကိုေပါ့။ ဝိညာဥ္နီက ခ်က္ခ်င္းေသြးတိုးသြားရကာ ကေလးငယ္တစ္ေယာက္လိုမ်ိဳး ေဒါသတႀကီး တုန္႔ျပန္လိုက္ရင္း အေမွာင္ထဲကေန ထြက္ဖို႔ ျပင္လိုက္၏။

"မင္းမွာ ေျပာဖို႔အခြင့္အေရးမရွိဘူး။ မင္း အရမ္း သန္မာတယ္ဆိုရင္ ငါ့ေခါင္းေဆာင္နဲ႔ တိုက္နိုင္တယ္၊ ဒါေပမဲ့ မင္းမွာ အဲ့လိုစြမ္းအားမ်ိဳး ရွိမယ္လို႔ ငါ မထင္ဘူး။ ငါ့ေခါင္းေဆာင္က မင္းကို လက္တစ္ေခ်ာင္းတည္းနဲ႔ ေခ်မြနိုင္တယ္!" ဖုန္႔ရွီက သူ႔လက္ေခ်ာင္းကို လွုပ္ယမ္းျပလိုက္ကာ တိုက္မယ့္သူက သူမဟုတ္ဘူးဆိုၿပီး အရိပ္အႁမြက္ စကားဦးသန္းလိုက္သည္။

"ေစာက္ကေလး၊ မင္းက ငါ့ကို အားနည္းတဲ့သူလို႔ ေခၚဖူးတဲ့ ပထမဆုံးသူပဲ။ တိုက္တာက တိုကတာပဲ။ မင္းေခါင္းေဆာင္ကို ငါက ေၾကာက္မယ္လို႔ ထင္ေနသလား? ဒါေပမဲ့ မင္း ရွုံးသြားရင္ ဘာလုပ္မွာလဲ?" ဝိညာဥ္နီ အသက္ရွင္လ်က္ရွိတုန္းက သူက အရမ္းကို စိတ္တိုလြယ္တဲ့ စိတ္လက္တစ္ဆစ္လူမ်ိဳးျဖစ္သသည္။ ဖုန္႔ရွီ ဘာမွ မေျပာရေသးခင္မွာပဲ သူက ေဒါသထြက္ႏွင့္ေနၿပီပင္။ ေနာက္ဆုံးအေၾကာင္းကေတာ့ ဝိညာဥ္နီက အျခားသူေတြနဲ႔ ေလာင္းကစား လုပ္ေလ့ရွိေနသည့္အလား သဘာဝတက်ကို ထြက္လာတာျဖစ္သည္။

"ငါ ရွုံးရင္ မင္းခိုင္းတာ ဘာမဆို ငါ လုပ္မယ္၊ ဒါေပမဲ့ မင္းရွုံးရင္ေတာ့ ငါ့ကို ကတိတစ္ခုေပးရမယ္။" ဖုန္႔ရွီက ငရဲမင္းႀကီးကို ခိုးေခ်ာင္ခိုးဝွက္ တစ္္ခ်က္ ၾကည့္လိုက္ကာ ဘုရင္ႀကီးမ်က္ႏွာက တည္ၿငိမ္ေနတာကို ေတြ႕သြားေတာ့ ဘုရင္ႀကီး သူ႔ကို ရပ္တန္႔တားဆီးဖို႔ ရည္ရြယ္ခ်က္မရွိတာမို႔ ဒီအေျခအေနကို ထပ္ေပါင္းလိုက္တာျဖစ္သည္။

"ေကာင္းၿပီ၊ ကိစၥမရွိဘူး။ မင္းေျပာတာ ကတိတစ္ခုေနာ္၊ တကယ္လို႔ အခုတစ္ရာဆိိုရင္ေတာင္ အဆင္ေျပေနမွာပဲ။ ဒါေပမဲ့ မင္း အနိုင္ရဖို႔ေတာ့လိုတယ္။" ဝိညာဥ္နီက ရက္ေရာတဲ့ လူႀကီးလူေကာင္းတစ္ေယာက္လိုမ်ိဳး ရဲရဲရင့္ရင့္ ေျပာလိုက္၏။

သူေျပာၿပီးတာနဲ႔ အေမွာင္ထုႀကီးက ခ်က္ခ်င္းပဲ စတင္းလွုပ္ခါလာကာ အနီေရာင္အလင္းတန္းက ေႂကြက်လာတဲ့ ဥကၠာပ်ံတစ္ခုလို ႐ုတ္တရက္ လြင့္စင္လာ၏။ ဒါေပျမ့ အဲ့အလင္းက ဥကၠာပ်ံတစ္ခုထက္ပိုၿပီး ေတာက္ပေနကာ စကၠန္႔အနည္းငယ္အတြင္းမွာ အနီေရာင္မီးေတာက္က သူတို႔အေရွ႕ေပၚလာၿပီး ႐ုတ္တရက္ ႀကီးသြား၏။ လူနဲ႔တူတဲ့ပုံဆင္းသ႑ာန္တစ္ခုက သူတို႔ဆီ ဦးတည္းေလ်ာက္လာသည္ပင္။

အဲ့လူႀကီးက ရဲရင့္ၿပီး သူရဲေကာင္းဆန္ပုံေပၚသည္။ သူ႔မ်က္ႏွာက ငယ္ရြယ္ၿပီး ခန္႔ညားေပမဲ့ လွပတဲ့အထဲေတာ့ မပါေပ။ သူ႔ၾကည့္ရတာ မ်ိဳးရိုးျမင့္ၿပီး ေၾကာ့ရွင္းပုံေပၚသည္။ သူ႔ကိုယ္ခႏၶာက သန္မာၿပီး ရွည္လ်ားကာ သူ႔မ်က္ႏွာသြင္ျပင္က ထက္ျမက္ဟန္ေပၚသည္။ သူ႔ရဲ့ ေတာက္ပစူးရွတဲ့ မ်က္လုံးအစုံက သူ႔ရဲ့ ရဲရင့္မွုနဲ႔ အတားအဆီးမဲ့ ေမာက္မာမွုတို႔ကို ေဖာ္ညြန္းေန၏။ အၾကည့္တစ္ခ်က္နဲ႔တင္ သူက ယုံၾကည္ကိုးစားဖြယ္ လူတစ္ေယာက္နဲ႔ တူသည္။ သူက အစိမ္းေရာင္ ဝတ္႐ုံရွည္ႀကီးတစ္ခုကို ဝတ္ဆင္ထားၿပီး အနီေရာင္အလင္းတို႔ လႊမ္းျခဳံရစ္သိုင္းထား၏။ အဲ့တာကေတာ့ အဲ့ဒီ့ဝိညာဥ္ သဘာဝအေလ်ာက္ ထုတ္လႊတ္ေလ့ရွိတဲ့ အရွိန္အဝါေတြပဲျဖစ္ၿပီး အဲ့လူက အသက္ရွင္စဥ္တုန္းက မေရမတြက္နိုင္ေလာက္တဲ့ လူ႔အသက္ေပါင္းမ်ားစြာကို သတ္ခဲ့တာျဖစ္ရမည္။

ေကာင္ေလးက သူ႔ရဲ့ အစစ္အမွန္ပုံစံကို ျမင္လိုက္ရေတာ့ ဖုန္႔ရွီရဲ့ မ်က္လုံးေတြ တအံ့တဩနဲ႔ လင္းလက္သြား၏။

ဒီလူက ငရဲမွာ ဘာလာလုပ္ေနတာလဲ?

20211226; 1314
Stay tuned for the next chapter:
107. Tricked and Kissed
😎🥶🌚

🥰Thanks for reading, sharing, comments and votes.🥰
ဝိညာဥ္နီေတာ့ ေကာင္ေလးရဲ့ ေခါင္းေဆာင္ဆိုတဲ့အေခၚေအာက္ ငါးပါးေတာ့ ေမွာက္ေတာ့မယ္ 😂
—————————— 👀 —————————

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...