ငါတို့ မိသားစုရဲ့ အိုမီဂါလေး...

By Fiery_Floria

289K 40.4K 1.8K

Associated Title - [家有Omega初长成] / [My Family's Omega Has Just Grown Up] Author- 秋千在时 (Qiu Qian Zai Shi) Chapt... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chaper 24 [Part 1]
Chapter 24 [Part 2]
Chapter 24 [Part 3]
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဖတ်ပေးပါ><
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41 (Part 1)
Chapter 41 (Part 2)
Chapter 42
Chapter 43
Chapter 44
Chapter 45

Chapter 25

4.4K 803 29
By Fiery_Floria

Please scroll down for Zawgyi

(Unicode)

ကျိုးကျန့်သျဲ ပြန်ရောက်သောအခါ မိသားစုများ ညစာစားကြ၏။ ထမင်းစားပွဲ၏ လေထုအခြေအနေမှာ တော်တော်လေးကို ကောင်းမွန်ကာ ကျိုးကျားရှောကလည်း အလွန် ငြိမ်းငြိမ်းချမ်းချမ်းရှိနေကာ ရံဖန်ရံခါဇွန်းနှင့် ပန်းကန် ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသော အသံများမှအပ တိတ်ဆိတ်နေသည်။

နေ့တစ်နေ့၏ အဆုံးသတ်ရောက်ခါနီးပြီဖြစ်သောကြောင့် ထုန်ရန့်ရော လင်ယွဲ့ဟွာပါ ပင်ပန်းနေပြီဖြစ်ရာ ညစာစားပြီးပြီးချင် အပေါ်တတ်၍ ကိုယ့်အခန်း အသီးသီးရှိရာသို့ ဦးတည်ခဲ့ကြသည်။

အားလုံးက ညဘက်တွင် ကျိုးရှန့်မင်နှင့် ထုန်ရန့် တစ်ခန်းတည်းအိပ်မည်ဟု ယူဆထားကြသောကြောင့် မည်သာကမှ အထူးတလည် အခန်း မပြင်ပေးခဲ့ကြချေ။ ထုန်ရန့်လည်း ထိုကိစ္စနှင့်ပက်သက်ပြီး အများကြီး မစဉ်းစားမိခဲ့သော်လည်း အခန်းထဲဝင်ပြီးတော့မှ တွေးမိကာ အနည်းငယ်ရှက်သွားရသည်။

ဒီနေ့မှ သူတို့နှစ်ဦး တစ်ဦးနှင့် တစ်ဦး ဝန်ခံခဲ့ကြပြီး အမှန်အတိုင်းဆိုရလျှင် နှစ်နာရီတောင်မပြည့်သေးချေ။

"အခု ကိုယ်မင်းကို စကားပြောလို့ရပြီလား"

ညစာမစားခင်ကလည်း ကျိုးရှန့်မင် ဤမေးခွန်းကို အကြိမ်အနည်းငယ်မေးခဲ့သော်လည်း ထုန်ရန့်က အကြိမ်တိုင်း ပယ်ချခဲ့သည်ပင်။

ညနေက ထုန်ရန့်အိပ်ရာပေါ်မှ ပြုတ်ကျပြီးတည်းက ထုန်ရန့်က သူ့အား စကားလာပြောခွင့် ပိတ်လိုက်သည်။

ထိုအချိန်က ကျိုးရှန့်မင် ထုန်ရန့် ခေါင်း အဆင်ပြေရဲ့လား ကြည့်ချင်ခဲ့သော်လည်း ထုန်ရန့်က အကြည့်မခံပေ။ ကျိုးရှန့်မင်က မေးပြန်တော့လည်း ခပ်ရှက်ရှက်ဖြင့် ပြန်ဖြေသေး၏။
"ကျွန်တော် ဖင်ထိုင်ရက် ပြုတ်ကျတာပါ"

ကျိုးရှန့်မင် အလျင်အမြန်ပါးစပ်ပိတ်လိုက်ရသည်။

သူတို့ စကားမပြောကြတာ တစ်နာရီခွဲခန့်ကြာပြီးနောက် ထုန်ရန့်က အသံသေးသေးလေးဖြင့် ပြန်ဖြေလာ၏။
"ပြောလို့ရပါပြီ"

ကျိုးရှန့်မင်က ရေချိုးခန်းရှိရာသို့သွားလိုက်ပြီး တံခါးကိုဆွဲဖွင့်လိုက်ကာ ပြောလိုက်၏။
"ရေအရင်ချိုးလိုက်၊ မနက်ဖြန်မနက် ကျောင်းသွားရဦးမှာဆိုတော့ စောစောအိပ်တာကောင်းတယ်"

ကျိုးရှန့်မင်၏ သာမန်ပုံစံကိုမြင်ပြီးနောက် ထုန်ရန့်လည်း ထူးထူးခြားခြားလုပ်မနေတော့ပဲ အတတ်နိုင်ဆုံး တည်ငြိမ်သော အသံဖြင့်သာ လက်ခံကြောင်း ပြန်ဖြေလိုက်သည်။

သူရေချိုးခန်းတံခါးရှေ့ရောက်သောအခါ ကျိုးရှန့်မင်၏လက်က တံခါးလက်ကိုင်ပေါ်တွင်ရှိနေဆဲဖြစ်ပြီး ထုန်ရန့်အား ပိတ်ဆို့ထားသည်။

ထုန်ရန့် : "ကျွန်တော့ကို…"

မော့ကြည့်လိုက်သောအခါ ကျိုးရှန့်မင်က သူ့ကိုကြည့်နေ၏။

ကျိုးရှန့်မင်တွင် သန်မာပြီး အေးစက်သောသွင်ပြင်မျိုးရှိသည်။ ထုန်ရန့်လို ဝိုင်းစက်နေသော မျက်ဝန်းများဖြင့် မဟုတ်ပဲ ပိုရှည်ကာ အဖျားဘက်၌ အပေါ်သို့ အနည်းငယ်တတ်သွား၏။ ထုန်ရန့်မှာသာ ထိုသို့မျက်လုံးမျိုးရှိပါက လှပသည်ဟု အပြောခံရမည်ဖြစ်သော်လည်း ကျိုးရှန့်မင်တွင်တော့ ထိုမျက်ဝန်းများက အေးစက်သည့်ဟန် ပေါက်၏။ တစ်ယောက်ယောက်အား မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပါက ထိုလူသည် နှလုံးဖိအားများလာသလိုခံစားရမှာ အသေအချာပင်ဖြစ်သည်။

"မင်း…" သူ့လက်ကို အပေါ်သို့ အနည်းငယ်မြှောက်လိုက်ကာ ထုန်ရန့် ပုခုံးပေါ်တွင် တင်လိုဟန်ရှိသော်လည်း ချက်ခင်းပြန်ချလိုက်ကာ ထုန်ရန့်အား တစိုက်မက်မက်ကြည့်နေ၏။

ထုန်ရန့်မေးလိုက်သည်။
"ကျွန်တော် ဘာလုပ်မိလို့လဲ"

နောက်ဆုံးတော့ ကျိုးရှန့်မင်က ပြန်မေးလာသည်။
"နောင်တရနေပြီလား"

ထုန်ရန့် ထိတ်လန့်သွားကာ "လုံးဝပဲ!"

ကျိုးရှန့်မင်က ထုန်ရန့်မျက်နှာထက်တွင် သဲလွန်စများရှာနေသလို နီးနီးကပ်ကပ် လေ့လာနေပြီး
"တကယ်လား"

ထုန်ရန့် အနည်းငယ်တော့ သံသယဖြစ်သွားရ၏။
"တကယ်ပေါ့! ဘာလို့ အဲ့လိုလာမေးနေတာလဲ"

"ဘာမှမဟုတ်ပါဘူး" တံခါးလက်ကိုင်ပေါ်မှ လက်ကိုဖယ်လိုက်ရင်း ကျိုးရှန့်မင် ပြောလိုက်သည်။
"ဝင်တော့လေ"

ထုန်ရန့်က သူ့ခြေချောင်းလေးများသူ ပြန်ငုံ့ကြည့်နေရင်းပြောလာသည်။
"ကျွန်တော် နည်းနည်းရှက်နေခဲ့လို့.."

ကျိုးရှန့်မင် : "ဟင်?"

ထုန်ရန့် : "ကျွန်တော် အိပ်ရာပေါ်က လိမ့်ကျတာလေ..မရယ်ရဘူးလား"

ထုန်ရန့်ပြောကာမှ ကျိုးရှန့်မင် ညနေက ကိစ္စကိုပြန်မြင်ယောင်သွားပြီး နှုတ်ခမ်းစွန်းများ တွန့်သွားရ၏။ ထုန်ရန့်က သူမရယ်မိအောင် ထိန်းနေရသည်ကို မြင်သွားပြီး ရှက်လွန်း၍ အငွေ့ပျံသွားမတက် ပြောလာ၏။
"ရေချိုးတော့မယ်!"

ရေချိုးခန်းထဲသို့ ဒုန်းစိုင်း ပြေးဝင်လိုက်မိ၏။ ရေချိုးခန်းထဲရှိ ဘီရိုထဲတွင် တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ များစွာရှိနေပြီး ပိုးသတ်ပြီးသား အကန့်ထဲတွင်တော့ အပူပေးပြီးသား ပုဝါနှစ်ထည်ရှိ၏။ ရေချိုးပြီးသောအခါမှ ထုန်ရန့် သူဘာအင်္ကျီ မသယ်လာမိကြောင်း သတိရသွားသည်။

ပို၍တိတိကျကျဆိုရလျှင် အိမ်မှထွက်လာစဉ်က အဝတ်အစားများမှအပ တခြား အပိုမထည့်လာမိခြင်းပင်ဖြစ်၏။ ထို့အပြင် သူတို့အား ရေမချိုးခင်က ချွတ်ပြီးနောက် လျှော်မည့်ခြင်းထဲသို့ ပစ်ထည့်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နောက်ဆုံး၌ ကျိုးရှန့်မင်၏ bathrobeနှစ်ထည်ထဲမှ တစ်ထည်ယူကာ ယူဝတ်ရုံမှအပ တခြားမတတ်နိုင်တော့ပေ။

ရေချိုးခန်းထဲရှိမှန်၌ သူ့ကိုယ်သူကြည့်လိုက်ပြီး ထုန်ရန့် အတော်လေးကျေနပ်သွားရကာ ယုံကြည်ချက်ရှိရှိဖြင့် ပြန်ထွက်လာ၏။

ကျိုးရှန့်မင် : "…"

ထုန်ရန့် သူ၏ ရေခြောက်အောင်မှုတ်ထားပြီးသော ရှုပ်ပွနေသော ဆံပင်များကို ပွတ်ရင်းဖြင့် ကုတင်ခြေရင်း၌ ဝင်ထိုင်ရင်းပြောလိုက်သည်။
"ကျွန်တော် ပြီးပြီ"

"အင်း" ကျိုးရှန့်မင်လည်း ဘာမှ ထွေထွေထူးထူးမပြောတော့ပဲ ထကာ ရေချိုးခန်းထဲ ဝင်သွားလိုက်၏။

ကျိုးရှန့်မင် ရေချိုးပြီး ပြန်ထွက်လာတော့မှ ခုနက ကျိုးရှန့်မင်က သူ့ကို ထူးဆန်းသလိုကြည့်နေရခြင်း အကြောင်းအရင်းကို နားလည်သွားရတော့သည်။

alphaဖြစ်သူမှာ သူ့အသားများကို ဖော်ပြရန်ရည်ရွယ်ထားခြင်းမဟုတ်၍ ခါးစည်းကျိုးကို တင်းတင်းကြပ်ကြပ်စည်းထား​ကြောင်းမှာ သိသာသော်လည်း အကယ်၍သာ ကျိုးရှန့်မင် ပုံမှန်အတိုင်း လျော့ရဲစွာဝတ်ထားမည်ဆိုပါက ရင်ဘက်ရှိ ရင်အုံနှစ်ခုကြားရှိ လမ်းကြောင်းလေးသာ ပေါ်မည်တင်မကပဲ အရေးအကြီးဆုံးက bathrobeက ကျိုးရှန့်မင်၏ ဒူးတောင်မဖုံးပဲ တော်တော်လေးကို လိုနေသေး၏။

ထုန်ရန့် ကိုယ်ပေါ်တွင်တော့ ဒူးဆစ်ကိုတောင်ဖုံးနေသေးသည်။

ကျိုးရှန့်မင်က နဂိုတည်းက အများကြီး မစနောက်တတ်သူမို့သာ တော်တော့သည်ဟု ထုန်ရန့်တွေးမိလိုက်သည်။

အခန်းမီးများကိုပိတ်လိုက်ပြီး ထုန်ရန့် သူညနေက ခြုံခဲ့သည့် စောင်ဖြင့်ပင် တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်၏။ ကျိုးရှန့်မင်လည်း ဗီရိုထဲမှ စောင်အသစ်တစ်ထည်ထုတ်လိုက်သည်။ နှစ်ဦးမှာ တစ်အိပ်ရာထဲတွင် တူတူရှိနေသော်လည်း စောင်ကတော့ တစ်ယောက်တစ်ခုစီဖြစ်၏။ ထုန်ရန့်က တစ်ဖြောင့်တည်းလှဲနေကာ ကျိုးရှန့်မင်က အိပ်ရာပေါ်တတ်ပြီးနော​က် ထုန်ရန့်ရှိရာဘက် မျက်နှာမူရင်း လှဲချလိုက်သည်။

ထုန်ရန့် စိတ်ထဲတွင် မသိမ်းထားနိုင်တော့ပဲ ကျိုးရှန့်မင်အား တစ်စုံတစ်ခုကိ​ြမေးရန် အသံတိုးတိုးဖြင့်ခေါ်လိုက်၏။
"အစ်ကို.."

ကျိုးရှန့်မင် : " အင်း?"

ထုန်ရန့် : "၁၈နှစ်အရွယ်တွေက ပိုပြီးတော့ အရပ်ရှည်နိုင်သေးလားဟင်"

ကျိုးရှန့်မင်က ခေတ္တစဉ်းစားလိုက်ကာ ပြန်ဖြေလိုက်၏။
"နည်းနည်းတော့ ထပ်ရှည်ကြမယ်ထင်တယ်"

ကျိုးရှန့်မင်အသံက အနည်းငယ် ထူးခြားနေသော်လည်း ထုန်ရန့် မသိချင်ယောက်ဆောင်လိုက်ကာ ဆက်မေးလိုက်၏။
"နွားနို့သောက်တာက အရပ်ပိုရှည်နိုင်စေလား"

ဒီတစ်ခါတော့ ကျိုးရှန့်မင် ရယ်နေတာဖြစ်ကြောင်း ထုန်ရန့် အအေချာတွေ့လိုက်ရသည်။

"ကြည့်..လှောင်နေပြန်ပြီ"

ကျိုးရှန့်မင် : "မဟုတ်ပါဘူး"

"သိသာနေတာပဲကို!" ထုန်ရန့် အပေါ်သို့တိုးလိုက်ရင်း အမှောင်ထဲမှ ရယ်မောနေသော ကျိုးရှန့်မင်၏ မျက်လုံးများထဲကို စိုက်ကြည့်လိုက်ကာ
"ဒါတောင် မရယ်ဘူးပြောသေးတယ်!"

ကျိုးရှန့်မင် အရယ်ရပ်ရန် မနည်းထိန်းလိုက်ရပြီး ပြန်ဖြေလိုက်သည်။
"မင်းက အခုတောင်ရှည်နေပါပြီ"

"ဒါပေမဲ့ အစ်ကိုက ကျွန်တော့ထက် အများကြီး ပိုရှည်နေတယ်လေ"

"အာ..ကိုယ်လည်းမတတ်နိုင်ဘူးလေ၊ ကိုယ် အလယ်တန်းကျောင်းသားဘဝတုန်းက အရပ်ကတောင် မင်းထက် ရှည်နေပြီးသားဖြစ်နေတာ"
ကျိုးရှန့်မင်က သဘောရိုးနှင့်ရှင်းပြလိုက်သော်လည်း ထုန်ရန့် နည်းနည်းလေးပို၍ မနာလိုဖြစ်သွားရ၏။

ထုန်ရန့် ဟင့်ခနဲ အသံပြုလိုက်ရင်း
"ကောင်းလိုက်တာ.."

"ကောင်းတယ်?" ကျိုးရှန့်မင် ထုန်ရန့်အား နှစ်သိမ့်ပေးလိုက်သည်၊
"မင်းအရပ်ရှည်လွန်းရင် လူတွေက မင်းကို ထွားရုံပဲထွားပြီး ဉာဏ်မရှိတဲ့ လူထွားကြီးလို့ခေါ်ကြမှာပေါ့"

ထုန်ရန့်က သူ့ဘက်လှည့်ကာလှဲလာပြီး ကျိုးရှန့်မင်မသုံးရသေးသော ခေါင်းအုံးကို ဖက်လိုက်ကာ ခေါင်းတင်လိုက်ပြီး နှုတ်ခမ်းဆူလျက်ပြောလာသည်။
"အစ်ကိုက အဲ့လိုမဟုတ်ပါဘူး"

အမှန်တော့ ကျိုးရှန့်မင်၏ ရှည်သွယ်သော ခြေလက်များနှင့် ခန္ဓာကိုယ်အချိုးအစားတို့ကြောင့် ငယ်စဉ်တည်းက မော်ဒယ်တစ်​ယောက်ဖြစ်လာရန် မွေးဖွားလာသူဟု ထင်ရလောက်အောင် ဝတ်သမျှ ကြည့်ကောင်းလှပါသည်။ မည်သူကမှ သူ့ကို ထိုကဲ့သို့ နာမည်ဆိုးခေါ်မည်မဟုတ်ချေ။

ထုန်ရန့်က ထိုပုံစံအတိုင်းဆက်လှဲနေပြီး ကျိုးရှန့်မင် မတော်တဆ ထုန်ရန့်၏ အေးနေသော လက်မောင်းများဖြင့် ထိမိသောအခါ သူ့စောင်ကို ဖွင့်မလိုက်ရင်းဖြင့် ထုန်ရန့်အား သူ့စောင်ထဲသို့ တူတူဝင်ခြုံမလားဟုပင်မေးလိုက်သေး၏။ ထုန်ရန့်ကတော့ သူ့မေးခွန်းကြားပြီးနောက် ရဲတွတ်သွားကာ သူ့စောင်သူ ခေါင်းမြီးခြုံလိုက်ပြီး စောင်ပုံထဲမှ ပြန်မထွက်လာတော့ချေ။

-

အားကစားပွဲများမှာ နံနက်ရှစ်နာရီတွင် စမည်ဖြစ်သော်လည်း လေးထောင့်ပုံသဏ္ဍာန်ဖြင့် ချီတက်ပွဲရှိသေးသော်ကြောင့် ကျောင်းသားတိုင်း အချိန်မှီအောင်လာရမည်ဖြစ်ရာ ထုန်ရန့် နံနက်အစောကြီးထရသည်။ မနက်စာစားပွဲတွင် သူနှင့် ကျိုးရှန့်မင်အပြင် ကျိုးကျန့်သျဲသာရှိလေသည်။

ကျိုးရှန့်မင်က အဖေဖြစ်သူအား အိပ်ရတာအဆင်ပြေသလားမေးပြီးနောက် သားအဖနှစ်ယောက် ဘာမှ ဆက်မပြောကြတော့ချေ။ ထွက်ခွာခါနီးမှသာ ကျိုးကျန့်သျဲက မေးလာသည်။
"မင်းရဲ့ အားကစားပွဲက ဘယ်တော့ပြီးမှာလဲ ထုန်ရန့်"

ထုန်ရန့် : "ဒီနေ့ ညနေလေးနာရီပါ အန်ကယ်"

ကျိုးကျန့်သျဲက လက်ဖက်ရည်တစ်ငုံသောက်လိုက်ရင်းဖြင့် အသိအမှတ်ပြုသည့် အသံတစ်ခုသာပြုလာ၏။

ကြည့်ရတာ စကားနည်းခြင်းမှာ မျိုးရိုးလိုက်ခြင်းဖြစ်ပုံပေါ်၏။

ကျောင်းအားကစားပွဲတွင် ကျောင်းသားများနှင့် ဆရာများသာ ပါဝင်နိုင်ပြီး အုပ်ထိန်းသူများအား ကျောင်းဝန်းထဲ ဝင်ခွင့်မပေးထားချေ။ သို့သော် သက်ဆိုင်ရာ ဝက်ဘ်ဆိုဒ်မှတိုက်ရိုက်ထုတ်လွှင့်ခြင်းမှတဆင့်သာ ကြည့်နိုင်သည်။

ထုန်ရန့်က ကျိုးရှန့်မင်အား အနည်းငယ် ပြောပြမိတ်ဆက်ပေးလိုက်သည်။
"ဒီနေ့မနက်ပွဲတွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းလောက်တယ်။ မီတာတစ်ရာနဲ့ မီတာနှစ်ရာပြေးပွဲရှိတယ်လေ။ အစ်ကိုဒီနေ့ ဒီနှစ်ခုကြည့်လို့ရတယ်"

ကျိုးရှန့်မင် : "မင်းကရော ဒီနေ့ ဘာလုပ်ရမှာလဲ"

"လက်ဆင့်ကမ်းပြေးပွဲက နောက်ဆုံးနေ့မှဆိုတော့ ဒီကြားထဲမှာ လေ့ကျင့်ကြမှာ"
ထုန်ရန့်ကပြောလိုက်သည်။
"အဖွင့်ပွဲပြီးတာနဲ့ ဟိုဟိုဒီဒီလျောက်သွားလို့ရတယ် ပြီးတော့ ကွင်းငယ်လေးတွေထဲမှာ လေ့ကျင့်လို့ရတယ်။ နေ့ခင်းပိုင်းမှာ တာရှည်ပြေးပွဲရှိတယ်။ အတန်းဖော်တချို့က ကီလိုမီတာ ၁၅၀၀၊ ၂၀၀၀ပြိုင်ပွဲတွေဝင်ပါထားကြတယ်။ သူတို့ကို အားပေးရမှာပေါ့"

"ကွင်းငယ်တွေအတွက်ရော တိုက်ရိုက် ပြသမှုရှိလား" ကျိုးရှန့်မင်မေးလိုက်သည်။

ထုန်ရန့် : "ကွင်းငယ်တွေက လေ့ကျင့်ဖို့လေ ပြိုင်ပွဲမှမရှိတာ"

ကျိုးရှန့်မင် : "ကိုယ်သိပါတယ်"

ထုန်ရန့် နားလည်သွားရ၏။ ကျိုးရှန့်မင်က သူ့ကိုစောင့်ကြည့်ချင်တာပေ။

အကယ်၍ ကျိုးရှန့်မင်သာ ဤစကားကို မနေ့ကမတိုင်ခင် အချိန်ကပြောခဲ့လျှင် ထုန်ရန့် များစွာ သတိမူမိမည်မဟုတ်ချေ။ အမှန်တော့ ကျိုးရှန့်မင်က မကြာခဏဆိုသလို ဤသို့သော အသေးအမွှားလေးများမှအစ ဂရုတစိုက် မေးတတ် ဂရုစိုက်တတ်ကြောင်းထုန်ရန့်သိထားပြီးဖြစ်သည်။

သို့သော်လည်း ဒီတစ်ခေါက်ဤသို့ကြားရသောအခါ အနည်းငယ် ရင်ခုန်သွားရကာ မေးလိုက်သည်။
"ကျွန်တော် လေ့ကျင့်တာကို မြင်ချင်လို့လား"

"အင်း" ကျိုးရှန့်မင်က ပြန်ဖြေလိုက်သည်။
"အားပေးနေတဲ့ ကျောင်းသားတွေကိုရော ကင်မရာက ရိုက်ပြလား"

ထုန်ရန့် တွေးမိသောအခါ မထိန်းနိုင်တော့ပဲ ရယ်ချမိတော့သည်။
"တကယ်လို့ ရိုက်ပြရင်တောင် လူတွေအများကြီးထဲကမှ ပြသချိန် စက္ကန့်ပိုင်းလေးအတွင်းမှာ ရှာနိုင်ပါ့မလား"

ကျိုးရှန့်မင်ကခေါင်းညိတ်လိုက်ကာ
"ကြည့်ရတာ မင်းရဲ့ တကယ့် အားကစားပွဲနေ့ကိုပဲစောင့်ရတော့မယ်ထင်တယ်"

မကြာခင်ပင် ကျောင်းသို့ရောက်လာကြပြီး ကျိုးရှန့်မင်က ကားရပ်လိုက်ကာ နောက်ခန်းမှ ထုန်ရန့်၏ လွယ်အိတ်ကိုယူလိုက်ပြီး သတိပေးကတ်ပြားနှင့် ရေဘူးတွင် ရေပြည့်မပြည့်ကိုပါ စစ်ဆေးလိုက်သည်။
"မလေ့ကျင့်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ မမေ့နဲ့"

သူပြောသည်မှာ သူနာပြုအိုကြီးလိုမျိုးဖြစ်နေသော်လည်း အမှန်တော့ ထုန်ရန့်လည်း ကျိုးရှန့်မင်နှင့် မခွဲချင်သေးပေ။ လိမ္မာစွာဖြင့် ကျိုးရှန့်မင်ပြောသမျှအား ခေါင်းအသာညိတ်ပြလိုက်ပြီး ပြောစရာမကျန်တော့သောအခါ ထုန်ရန့်အား ကြည့်လာကာ ကျိုးရှန့်မင်ကပြောလိုက်သည်။
"သွားတော့"

ထုန်ရန့် ကားဘေး၌ရပ်လိုက်ကာ ကျိုးရှန့်မင်အား နှုတ်ဆက်လိုက်၏။ ကျိုးရှန့်မင်က စတီယာတိုင်ကိုကိုင်ထားရင်းဖြင့် သူ့ကို ပြောလာသည်။
"ဝင်တော့လေ နောက်ကျတော့မယ်"

နောက်ဆုံးတော့ ထုန်ရန့် လွယ်အိတ်လွယ်လိုက်ကာ ကျောင်းဝန်းထဲသို့ ဦးတည်လိုက်သည်။ ကျောင်းဂိတ်ပေါက်တွင် နောက်ပြန်လှည့်ကြည့်လိုက်သော်လည်း ကျိုးရှန့်မင်ကို မတွေ့ရတော့သောကြောင့် ခပ်မြန်မြန်သာ ပြန်လှည့်လိုက်၏။

နေ့လည်တွင် ထုန်ရန့်အား ကျိုးရှန့်မင်လာကြိုသောအခါ ပထမဆုံးအနေဖြင့် ကျောင်းဝန်းထဲမှ ကျောင်းသားများစွာထွက်လာခြင်းကို မြင်လိုက်ရ၏။ ကျောင်းပေါက်ဝတွင် ကားများစွာရပ်ထားပြီး စောင့်နေကြသည်။ ကျောင်းရှေ့ရှိ မီးပွိုင့်ကို ဖြတ်ကျော်ရန် ဆယ်မိနစ်မျှတောင် စောင့်လိုက်ရ၏။ ထုန်ရန့်ကိုကြည့်ရသည်မှာ ပင်ပန်းနေပုံပေါ်ပြီး ကျိုးရှန့်မင် ထုန်ရန့်အားမေးလိုက်သည်။
"လေ့ကျင့်ရေးက ကောင်းရဲ့လား"

ထုန်ရန့်က အားနည်းစွာဖြင့် ပြန်ဖြေလာ၏။
"အရမ်းကောင်းတယ်"

"အဲ့လောက်တောင် ပင်ပန်းတာလား" ကျိုးရှန့်မင်က ပြုံးလိုက်ရင်း ထုန်ရန့်အား ကြည့်လိုက်ကာ အားကစားဘောင်းဘီ၏ ဒူးခေါင်းနေရာ၌ ပွန်းပဲ့ရာတစ်ခုကို သတိထားမိလိုက်၏။ သေချာပေါက်ကို လဲကျထားခြင်းပင်ဖြစ်သည်။

ကျိုးရှန့်မင် အေးခဲသွားသည်။
"ချော်လဲထားတာလား"

ထုန်ရန့်က သူကြည့်နေသည့် ဒူးခေါင်းနေရာသို့ လိုက်ကြည့်လိုက်ရင်းဖြင့်
"အာ..အဆင်ပြေပါတယ်။ လက်ထောက်ပြီးပဲလဲသွားတာ။ ဘောင်းဘီက နည်းနည်းပြဲသွားပေမဲ့ ဒူးက ဘာမှမဖြစ်ပါဘူး"

"ဘယ်လက်လဲ" ကျိုးရှန့်မင် မေးလိုက်သည်။

"နှစ်ဖက်လုံး". ထုန်ရန့်က သူ့လက်ဖဝါးနှစါခုအား ပြလိုက်သည်။
"ကြည့်ပါလား အဆင်ပြေပါတယ်"

မကွဲပြဲသွားပဲ အနည်းငယ်ရဲနေရုံသာဖြစ်၏။

အိမ်ရောက်ပြီးနောက် ကျိုးရှန့်မင် ချက်ချင်း ဆေးသေတ္တာရှာတော့သည်။ ရွှမ်ကွေ့က သူ့အရိုးများထိခိုက်မှုမရှိတာသေချာအောင် စစ်ဆေးပေးပြီးနောက် ကျိုးရှန့်မင်က ဆေးလိမ်းပေးလာသည်။ အရင်ဆုံး ထုန်ရန့်၏ လက်နှစ်ဖက်ကို လိမ်းပေးလိုက်ပြီးနောက် ဒူးနှစ်ဖက်ကိုလိမ်းပေးရန် ဘောင်းဘီကို လိပ်တင်လိုက်၏။

ဒူးနှစ်ဖက်မှာ လက်များထက်ပင် ပို၍ဆိုးဆိုးရွားရွားဖြစ်နေသည်။ သွေးထွက်နေသော ခြစ်ရာရှရာအချို့နှင့် အပြာရောင်သမ်းနေသော ဒဏ်ရာတို့ ဝန်းရံလျက်။

"အယ်.." ထုန်ရန့် လန့်သွား၏။
"နေ့လည်ကကြည့်တုန်းက ဒီလောက်မဆိုးသေးပါဘူး။ နာတောင်မနာဘူး"

ပြောလိုက်ပြီး မနာကြောင်းသက်သေပြရန် ခြေတောင်ဆောင့်လိုက်သေး၏။ သို့သော် ကျိုးရှန့်မင်က ဆွဲလိုက်ပြီး
"မလှုပ်နဲ့ ရူးနေလား"

ကျိုးရှန့်မင် ဂွမ်းစတစ်စကို လက်တစ်ဖက်ဖြင့်ယူလိုက်ပြီး တခြားလက်တဖက်ကို ထုန်ရန့်၏ဒူးပေါ်တွင် တင်ထား၏။ အရင်ဆုံး ဒဏ်ရာရှိရာသို့ ခေါင်းငုံလာကာ မှုတ်ပေးလိုက်ပြီးမှ ဆေးထည့်ပေးလာသည်။
"နာလား"

ထုန်ရန့် အနည်းငယ် ရှက်နေပြီး မျက်နှာရဲလာရသည်။ ခေါင်းမှခြေထောက်အထိ မသက်မသာဖြစ်နေကာ လက်များကို မည်သည့်နေရာတွင် ထားရမည်တောင် မသိတော့ချေ။ အသံတိမ်တိမ်လေးဖြင့် ပြောလိုက်၏။
"မနာပါဘူး"

"အစပိုင်းတော့ အဲ့လိုပဲ၊ ညကျမှ နာလာလိမ့်မယ်" ဆေးလိမ်းပေးပြီးနော​က် ကျိုးရှန့်မင် သေတ္တာကိုသိမ်းလိုက်၏။

"မင်းကို လှန့်တာတော့မဟုတ်ဘူးနော်၊ မင်းက ထွားနေတုန်းပဲရှိသေးတယ်၊ မင်း ဒီအချိန်မှာ အရိုးအဆစ်တွေကို ဂရုမစိုက်ရင် နောက်ပိုင်းကျရင် အရပ်ရှည်ဖို့စဥ်းတောင်မစဉ်းစားနဲ့၊ မြန်မြန်တောင် ပြေးနိုင်မှာမဟုတ်တော့ဘူး"

ထုန်ရန့် သူ့စကားများကြောင့် လန့်သွားရကာ
"ဟုတ်"

"အိုကေ" သူ့ပုံစံကိုမြင်ပြီး ကျိုးရှန့်မင်က ကျေနပ်သွားပုံဖြင့်ထလိုက်ကာ မီးဖိုချောင်ထဲသို့ ညစာအခြေအနေကြည့်ရန် ဝင်သွား၏။

ရွှမ်ကွေ့ : "မင်းက အရမ်းအားနည်းတာပဲ"

ထုန်ရန့်က လက်မြှောက်လိုက်ကာ
"မဟုတ်တာ၊ ငါက အရမ်းသန်မာတာ"

ရွှမ်ကွေ့ : "ဒါဆို ဆရာကဘာလို့မင်းကို နူးနူးညံ့ညံ့လေးဆက်ဆံနေတာလဲ"

ထုန်ရန့်က ကျိုးရှန့်မင်ကိုကြည့်လိုက်ရာ မီးဖိုထဲမှ ထွက်မလာသေးသောကြောင့် ပြောလိုက်၏။
"သေချာတာပေ့ါ။ ဘာလို့လဲဆိုတော့ သူကငါ့ကိုချစ်လို့လေ"

"ဘာ" ရွှမ်ကွေ့​က ပြောလာ၏။ "လွန်ခဲ့တဲ့ သုံးလလောက်က ငါ့မှတ်ဉာဏ်တွေအရဆိုရင် မင်းပဲပြောခဲ့တာလေ၊ မင်းတို့က တစ်ယောက်ကိုယ်တစ်ယောက်မချစ်လို့ ဒီအိမ်ထောင်ရေးက အတုကြီးဆို"

"ငါတို့အခုတွဲနေပြီလေ"

ရွှမ်ကွေ့က ပြန်တုံပြန်လာ၏။
"အာ..ကောင်းတာပေါ့"

ထုန်ရန့် : "ပိတ်လိုက်တော့"

-

မအိပ်ခင်တွင် နှစ်ဦးသား အိပ်ခန်းများရှိရာ အပေါ်သို့တတ်လာပြီး လျှောက်လမ်း၌ လမ်းခွဲခဲ့ကြသည်။ ကျိုးရှန့်မင်က ထုန်ရန့်အား အခန်းရှေ့ထိလိုက်ပို့၏။
"ဂွတ်နိုက်"

ထုန်ရန့်လည်း မော့ကြည့်ရင်းဖြင့် ပြန်ပြောလိုက်သည်
"ဂွတ်နိုက်ပါ"

ကျိုးရှန့်မင်က ပုံမှန်အတိုင်း မျက်နှာတည်ကြီးဖြင့်ပင် ဖြစ်ရာ ခဏအကြာ၌ မနေနိုင်တော့ပဲ ထုန်ရန့် မေးလိုက်မိ၏။
"ကျွန်တော့ကို အရင်လိုမျိုး pheromoneတွေနဲ့ရင်းနှီးမှုရှိအောင်လို့ လုပ်ပေးဖို့မလိုတော့ဘူးလား"

အမှန်တော့ သူမလိုတော့ချေ။ သို့သော်လည်း ကံကောင်းစွာဖြင့် ကျိုးရှန့်မင်မှာ မနေ့ကလောက် မတုံးအတော့ပဲ သူနဲ့ ရေလိုက်ငါးလိုက် လိုက်ပြောလာ၏။
"အိုး..မေ့တော့မလို့"

ကျိုးရှန့်မင် လက်ကိုမလိုက်ကာ ခေါင်းငုံ့လာသော်လည်း ထုန်ရန့် မျှော်လင့်နေသလို ပွေ့ဖက်မလာချေ။ ထိုအစား ကျိုးရှန့်မင်က ထုန်ရန့် ခေါင်းနောက်လေးအား ညင်ညင်သာသာကိုင်လာပြီး သူ့အား နှဖူးပေါ်တွင် အကြင်နာအနမ်းဖွဖွပေးခဲ့၏။

အနမ်းမှာ တိုတောင်းလှသည်။ လက်တစ်ဖက်မှာ ထုန်ရန့် ပုခုံးပေါ်တွင်ရှိနေကာ ထုန်ရန့်အား စိတ်လျော့ရန် အမူအရာပြနေ၏။ ကျိုးရှန့်မင်က အသံခပ်နိမ့်နိမ့်ဖြင့် ပြောလာသည်။
"အခုကစပြီး မင်းအတွက် ကုသမှုနည်းလမ်းက ဒီလိုပဲဖြစ်လိမ့်မယ်"

•°•°•°•°•°•

(Zawgyi)

က်ိဳးက်န႔္သ်ဲ ျပန္ေရာက္ေသာအခါ မိသားစုမ်ား ညစာစားၾက၏။ ထမင္းစားပြဲ၏ ေလထုအေျခအေနမွာ ေတာ္ေတာ္ေလးကို ေကာင္းမြန္ကာ က်ိဳးက်ားေရွာကလည္း အလြန္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိေနကာ ရံဖန္ရံခါဇြန္းႏွင့္ ပန္းကန္ ထိေတြ႕ျခင္းေၾကာင့္ ျဖစ္ေပၚလာေသာ အသံမ်ားမွအပ တိတ္ဆိတ္ေနသည္။

ေန႔တစ္ေန႔၏ အဆုံးသတ္ေရာက္ခါနီးၿပီျဖစ္ေသာေၾကာင့္ ထုန္ရန႔္ေရာ လင္ယြဲ႕ဟြာပါ ပင္ပန္းေနၿပီျဖစ္ရာ ညစာစားၿပီးၿပီးခ်င္ အေပၚတတ္၍ ကိုယ့္အခန္း အသီးသီးရွိရာသို႔ ဦးတည္ခဲ့ၾကသည္။

အားလုံးက ညဘက္တြင္ က်ိဳးရွန႔္မင္ႏွင့္ ထုန္ရန႔္ တစ္ခန္းတည္းအိပ္မည္ဟု ယူဆထားၾကေသာေၾကာင့္ မည္သာကမွ အထူးတလည္ အခန္း မျပင္ေပးခဲ့ၾကေခ်။ ထုန္ရန႔္လည္း ထိုကိစၥႏွင့္ပက္သက္ၿပီး အမ်ားႀကီး မစဥ္းစားမိခဲ့ေသာ္လည္း အခန္းထဲဝင္ၿပီးေတာ့မွ ေတြးမိကာ အနည္းငယ္ရွက္သြားရသည္။

ဒီေန႔မွ သူတို႔ႏွစ္ဦး တစ္ဦးႏွင့္ တစ္ဦး ဝန္ခံခဲ့ၾကၿပီး အမွန္အတိုင္းဆိုရလွ်င္ ႏွစ္နာရီေတာင္မျပည့္ေသးေခ်။

"အခု ကိုယ္မင္းကို စကားေျပာလို႔ရၿပီလား"

ညစာမစားခင္ကလည္း က်ိဳးရွန႔္မင္ ဤေမးခြန္းကို အႀကိမ္အနည္းငယ္ေမးခဲ့ေသာ္လည္း ထုန္ရန႔္က အႀကိမ္တိုင္း ပယ္ခ်ခဲ့သည္ပင္။

ညေနက ထုန္ရန႔္အိပ္ရာေပၚမွ ျပဳတ္က်ၿပီးတည္းက ထုန္ရန႔္က သူ႔အား စကားလာေျပာခြင့္ ပိတ္လိုက္သည္။

ထိုအခ်ိန္က က်ိဳးရွန႔္မင္ ထုန္ရန႔္ ေခါင္း အဆင္ေျပရဲ႕လား ၾကည့္ခ်င္ခဲ့ေသာ္လည္း ထုန္ရန႔္က အၾကည့္မခံေပ။ က်ိဳးရွန႔္မင္က ေမးျပန္ေတာ့လည္း ခပ္ရွက္ရွက္ျဖင့္ ျပန္ေျဖေသး၏။
"ကြၽန္ေတာ္ ဖင္ထိုင္ရက္ ျပဳတ္က်တာပါ"

က်ိဳးရွန႔္မင္ အလ်င္အျမန္ပါးစပ္ပိတ္လိုက္ရသည္။

သူတို႔ စကားမေျပာၾကတာ တစ္နာရီခြဲခန႔္ၾကာၿပီးေနာက္ ထုန္ရန႔္က အသံေသးေသးေလးျဖင့္ ျပန္ေျဖလာ၏။
"ေျပာလို႔ရပါၿပီ"

က်ိဳးရွန႔္မင္က ေရခ်ိဳးခန္းရွိရာသို႔သြားလိုက္ၿပီး တံခါးကိုဆြဲဖြင့္လိုက္ကာ ေျပာလိုက္၏။
"ေရအရင္ခ်ိဳးလိုက္၊ မနက္ျဖန္မနက္ ေက်ာင္းသြားရဦးမွာဆိုေတာ့ ေစာေစာအိပ္တာေကာင္းတယ္"

က်ိဳးရွန႔္မင္၏ သာမန္ပုံစံကိုျမင္ၿပီးေနာက္ ထုန္ရန႔္လည္း ထူးထူးျခားျခားလုပ္မေနေတာ့ပဲ အတတ္ႏိုင္ဆုံး တည္ၿငိမ္ေသာ အသံျဖင့္သာ လက္ခံေၾကာင္း ျပန္ေျဖလိုက္သည္။

သူေရခ်ိဳးခန္းတံခါးေရွ႕ေရာက္ေသာအခါ က်ိဳးရွန႔္မင္၏လက္က တံခါးလက္ကိုင္ေပၚတြင္ရွိေနဆဲျဖစ္ၿပီး ထုန္ရန႔္အား ပိတ္ဆို႔ထားသည္။

ထုန္ရန႔္ : "ကြၽန္ေတာ့ကို…"

ေမာ့ၾကည့္လိုက္ေသာအခါ က်ိဳးရွန႔္မင္က သူ႔ကိုၾကည့္ေန၏။

က်ိဳးရွန႔္မင္တြင္ သန္မာၿပီး ေအးစက္ေသာသြင္ျပင္မ်ိဳးရွိသည္။ ထုန္ရန႔္လို ဝိုင္းစက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ မဟုတ္ပဲ ပိုရွည္ကာ အဖ်ားဘက္၌ အေပၚသို႔ အနည္းငယ္တတ္သြား၏။ ထုန္ရန႔္မွာသာ ထိုသို႔မ်က္လုံးမ်ိဳးရွိပါက လွပသည္ဟု အေျပာခံရမည္ျဖစ္ေသာ္လည္း က်ိဳးရွန႔္မင္တြင္ေတာ့ ထိုမ်က္ဝန္းမ်ားက ေအးစက္သည့္ဟန္ ေပါက္၏။ တစ္ေယာက္ေယာက္အား မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနပါက ထိုလူသည္ ႏွလုံးဖိအားမ်ားလာသလိုခံစားရမွာ အေသအခ်ာပင္ျဖစ္သည္။

"မင္း…" သူ႔လက္ကို အေပၚသို႔ အနည္းငယ္ေျမႇာက္လိုက္ကာ ထုန္ရန႔္ ပုခုံးေပၚတြင္ တင္လိုဟန္ရွိေသာ္လည္း ခ်က္ခင္းျပန္ခ်လိုက္ကာ ထုန္ရန႔္အား တစိုက္မက္မက္ၾကည့္ေန၏။

ထုန္ရန႔္ေမးလိုက္သည္။
"ကြၽန္ေတာ္ ဘာလုပ္မိလို႔လဲ"

ေနာက္ဆုံးေတာ့ က်ိဳးရွန႔္မင္က ျပန္ေမးလာသည္။
"ေနာင္တရေနၿပီလား"

ထုန္ရန႔္ ထိတ္လန႔္သြားကာ "လုံးဝပဲ!"

က်ိဳးရွန႔္မင္က ထုန္ရန႔္မ်က္ႏွာထက္တြင္ သဲလြန္စမ်ားရွာေနသလို နီးနီးကပ္ကပ္ ေလ့လာေနၿပီး
"တကယ္လား"

ထုန္ရန႔္ အနည္းငယ္ေတာ့ သံသယျဖစ္သြားရ၏။
"တကယ္ေပါ့! ဘာလို႔ အဲ့လိုလာေမးေနတာလဲ"

"ဘာမွမဟုတ္ပါဘူး" တံခါးလက္ကိုင္ေပၚမွ လက္ကိုဖယ္လိုက္ရင္း က်ိဳးရွန႔္မင္ ေျပာလိုက္သည္။
"ဝင္ေတာ့ေလ"

ထုန္ရန႔္က သူ႔ေျခေခ်ာင္းေလးမ်ားသူ ျပန္ငုံ႔ၾကည့္ေနရင္းေျပာလာသည္။
"ကြၽန္ေတာ္ နည္းနည္းရွက္ေနခဲ့လို႔.."

က်ိဳးရွန႔္မင္ : "ဟင္?"

ထုန္ရန႔္ : "ကြၽန္ေတာ္ အိပ္ရာေပၚက လိမ့္က်တာေလ..မရယ္ရဘူးလား"

ထုန္ရန႔္ေျပာကာမွ က်ိဳးရွန႔္မင္ ညေနက ကိစၥကိုျပန္ျမင္ေယာင္သြားၿပီး ႏႈတ္ခမ္းစြန္းမ်ား တြန႔္သြားရ၏။ ထုန္ရန႔္က သူမရယ္မိေအာင္ ထိန္းေနရသည္ကို ျမင္သြားၿပီး ရွက္လြန္း၍ အေငြ႕ပ်ံသြားမတက္ ေျပာလာ၏။
"ေရခ်ိဳးေတာ့မယ္!"

ေရခ်ိဳးခန္းထဲသို႔ ဒုန္းစိုင္း ေျပးဝင္လိုက္မိ၏။ ေရခ်ိဳးခန္းထဲရွိ ဘီ႐ိုထဲတြင္ တစ္ကိုယ္ေရသန႔္ရွင္းေရးသုံး ပစၥည္းမ်ား မ်ားစြာရွိေနၿပီး ပိုးသတ္ၿပီးသား အကန႔္ထဲတြင္ေတာ့ အပူေပးၿပီးသား ပုဝါႏွစ္ထည္ရွိ၏။ ေရခ်ိဳးၿပီးေသာအခါမွ ထုန္ရန႔္ သူဘာအက်ႌ မသယ္လာမိေၾကာင္း သတိရသြားသည္။

ပို၍တိတိက်က်ဆိုရလွ်င္ အိမ္မွထြက္လာစဥ္က အဝတ္အစားမ်ားမွအပ တျခား အပိုမထည့္လာမိျခင္းပင္ျဖစ္၏။ ထို႔အျပင္ သူတို႔အား ေရမခ်ိဳးခင္က ခြၽတ္ၿပီးေနာက္ ေလွ်ာ္မည့္ျခင္းထဲသို႔ ပစ္ထည့္ခဲ့ၿပီးျဖစ္သည္။ ထို႔ေၾကာင့္ ေနာက္ဆုံး၌ က်ိဳးရွန႔္မင္၏ bathrobeႏွစ္ထည္ထဲမွ တစ္ထည္ယူကာ ယူဝတ္႐ုံမွအပ တျခားမတတ္ႏိုင္ေတာ့ေပ။

ေရခ်ိဳးခန္းထဲရွိမွန္၌ သူ႔ကိုယ္သူၾကည့္လိုက္ၿပီး ထုန္ရန႔္ အေတာ္ေလးေက်နပ္သြားရကာ ယုံၾကည္ခ်က္ရွိရွိျဖင့္ ျပန္ထြက္လာ၏။

က်ိဳးရွန႔္မင္ : "…"

ထုန္ရန႔္ သူ၏ ေရေျခာက္ေအာင္မႈတ္ထားၿပီးေသာ ရႈပ္ပြေနေသာ ဆံပင္မ်ားကို ပြတ္ရင္းျဖင့္ ကုတင္ေျခရင္း၌ ဝင္ထိုင္ရင္းေျပာလိုက္သည္။
"ကြၽန္ေတာ္ ၿပီးၿပီ"

"အင္း" က်ိဳးရွန႔္မင္လည္း ဘာမွ ေထြေထြထူးထူးမေျပာေတာ့ပဲ ထကာ ေရခ်ိဳးခန္းထဲ ဝင္သြားလိုက္၏။

က်ိဳးရွန႔္မင္ ေရခ်ိဳးၿပီး ျပန္ထြက္လာေတာ့မွ ခုနက က်ိဳးရွန႔္မင္က သူ႔ကို ထူးဆန္းသလိုၾကည့္ေနရျခင္း အေၾကာင္းအရင္းကို နားလည္သြားရေတာ့သည္။

alphaျဖစ္သူမွာ သူ႔အသားမ်ားကို ေဖာ္ျပရန္ရည္႐ြယ္ထားျခင္းမဟုတ္၍ ခါးစည္းက်ိဳးကို တင္းတင္းၾကပ္ၾကပ္စည္းထား​ေၾကာင္းမွာ သိသာေသာ္လည္း အကယ္၍သာ က်ိဳးရွန႔္မင္ ပုံမွန္အတိုင္း ေလ်ာ့ရဲစြာဝတ္ထားမည္ဆိုပါက ရင္ဘက္ရွိ ရင္အုံႏွစ္ခုၾကားရွိ လမ္းေၾကာင္းေလးသာ ေပၚမည္တင္မကပဲ အေရးအႀကီးဆုံးက bathrobeက က်ိဳးရွန႔္မင္၏ ဒူးေတာင္မဖုံးပဲ ေတာ္ေတာ္ေလးကို လိုေနေသး၏။

ထုန္ရန႔္ ကိုယ္ေပၚတြင္ေတာ့ ဒူးဆစ္ကိုေတာင္ဖုံးေနေသးသည္။

က်ိဳးရွန႔္မင္က နဂိုတည္းက အမ်ားႀကီး မစေနာက္တတ္သူမို႔သာ ေတာ္ေတာ့သည္ဟု ထုန္ရန႔္ေတြးမိလိုက္သည္။

အခန္းမီးမ်ားကိုပိတ္လိုက္ၿပီး ထုန္ရန႔္ သူညေနက ၿခဳံခဲ့သည့္ ေစာင္ျဖင့္ပင္ တစ္ကိုယ္လုံးကို လႊမ္းၿခဳံလိုက္၏။ က်ိဳးရွန႔္မင္လည္း ဗီ႐ိုထဲမွ ေစာင္အသစ္တစ္ထည္ထုတ္လိုက္သည္။ ႏွစ္ဦးမွာ တစ္အိပ္ရာထဲတြင္ တူတူရွိေနေသာ္လည္း ေစာင္ကေတာ့ တစ္ေယာက္တစ္ခုစီျဖစ္၏။ ထုန္ရန႔္က တစ္ေျဖာင့္တည္းလွဲေနကာ က်ိဳးရွန႔္မင္က အိပ္ရာေပၚတတ္ၿပီးေနာ​က္ ထုန္ရန႔္ရွိရာဘက္ မ်က္ႏွာမူရင္း လွဲခ်လိုက္သည္။

ထုန္ရန႔္ စိတ္ထဲတြင္ မသိမ္းထားႏိုင္ေတာ့ပဲ က်ိဳးရွန႔္မင္အား တစ္စုံတစ္ခုကိ​ျေမးရန္ အသံတိုးတိုးျဖင့္ေခၚလိုက္၏။
"အစ္ကို.."

က်ိဳးရွန႔္မင္ : " အင္း?"

ထုန္ရန႔္ : "၁၈ႏွစ္အ႐ြယ္ေတြက ပိုၿပီးေတာ့ အရပ္ရွည္ႏိုင္ေသးလားဟင္"

က်ိဳးရွန႔္မင္က ေခတၱစဥ္းစားလိုက္ကာ ျပန္ေျဖလိုက္၏။
"နည္းနည္းေတာ့ ထပ္ရွည္ၾကမယ္ထင္တယ္"

က်ိဳးရွန႔္မင္အသံက အနည္းငယ္ ထူးျခားေနေသာ္လည္း ထုန္ရန႔္ မသိခ်င္ေယာက္ေဆာင္လိုက္ကာ ဆက္ေမးလိုက္၏။
"ႏြားႏို႔ေသာက္တာက အရပ္ပိုရွည္ႏိုင္ေစလား"

ဒီတစ္ခါေတာ့ က်ိဳးရွန႔္မင္ ရယ္ေနတာျဖစ္ေၾကာင္း ထုန္ရန႔္ အေအခ်ာေတြ႕လိုက္ရသည္။

"ၾကည့္..ေလွာင္ေနျပန္ၿပီ"

က်ိဳးရွန႔္မင္ : "မဟုတ္ပါဘူး"

"သိသာေနတာပဲကို!" ထုန္ရန႔္ အေပၚသို႔တိုးလိုက္ရင္း အေမွာင္ထဲမွ ရယ္ေမာေနေသာ က်ိဳးရွန႔္မင္၏ မ်က္လုံးမ်ားထဲကို စိုက္ၾကည့္လိုက္ကာ
"ဒါေတာင္ မရယ္ဘူးေျပာေသးတယ္!"

က်ိဳးရွန႔္မင္ အရယ္ရပ္ရန္ မနည္းထိန္းလိုက္ရၿပီး ျပန္ေျဖလိုက္သည္။
"မင္းက အခုေတာင္ရွည္ေနပါၿပီ"

"ဒါေပမဲ့ အစ္ကိုက ကြၽန္ေတာ့ထက္ အမ်ားႀကီး ပိုရွည္ေနတယ္ေလ"

"အာ..ကိုယ္လည္းမတတ္ႏိုင္ဘူးေလ၊ ကိုယ္ အလယ္တန္းေက်ာင္းသားဘဝတုန္းက အရပ္ကေတာင္ မင္းထက္ ရွည္ေနၿပီးသားျဖစ္ေနတာ"
က်ိဳးရွန႔္မင္က သေဘာ႐ိုးႏွင့္ရွင္းျပလိုက္ေသာ္လည္း ထုန္ရန႔္ နည္းနည္းေလးပို၍ မနာလိုျဖစ္သြားရ၏။

ထုန္ရန႔္ ဟင့္ခနဲ အသံျပဳလိုက္ရင္း
"ေကာင္းလိုက္တာ.."

"ေကာင္းတယ္?" က်ိဳးရွန႔္မင္ ထုန္ရန႔္အား ႏွစ္သိမ့္ေပးလိုက္သည္၊
"မင္းအရပ္ရွည္လြန္းရင္ လူေတြက မင္းကို ထြား႐ုံပဲထြားၿပီး ဉာဏ္မရွိတဲ့ လူထြားႀကီးလို႔ေခၚၾကမွာေပါ့"

ထုန္ရန႔္က သူ႔ဘက္လွည့္ကာလွဲလာၿပီး က်ိဳးရွန႔္မင္မသုံးရေသးေသာ ေခါင္းအုံးကို ဖက္လိုက္ကာ ေခါင္းတင္လိုက္ၿပီး ႏႈတ္ခမ္းဆူလ်က္ေျပာလာသည္။
"အစ္ကိုက အဲ့လိုမဟုတ္ပါဘူး"

အမွန္ေတာ့ က်ိဳးရွန႔္မင္၏ ရွည္သြယ္ေသာ ေျခလက္မ်ားႏွင့္ ခႏၶာကိုယ္အခ်ိဳးအစားတို႔ေၾကာင့္ ငယ္စဥ္တည္းက ေမာ္ဒယ္တစ္​ေယာက္ျဖစ္လာရန္ ေမြးဖြားလာသူဟု ထင္ရေလာက္ေအာင္ ဝတ္သမွ် ၾကည့္ေကာင္းလွပါသည္။ မည္သူကမွ သူ႔ကို ထိုကဲ့သို႔ နာမည္ဆိုးေခၚမည္မဟုတ္ေခ်။

ထုန္ရန႔္က ထိုပုံစံအတိုင္းဆက္လွဲေနၿပီး က်ိဳးရွန႔္မင္ မေတာ္တဆ ထုန္ရန႔္၏ ေအးေနေသာ လက္ေမာင္းမ်ားျဖင့္ ထိမိေသာအခါ သူ႔ေစာင္ကို ဖြင့္မလိုက္ရင္းျဖင့္ ထုန္ရန႔္အား သူ႔ေစာင္ထဲသို႔ တူတူဝင္ၿခဳံမလားဟုပင္ေမးလိုက္ေသး၏။ ထုန္ရန႔္ကေတာ့ သူ႔ေမးခြန္းၾကားၿပီးေနာက္ ရဲတြတ္သြားကာ သူ႔ေစာင္သူ ေခါင္းၿမီးၿခဳံလိုက္ၿပီး ေစာင္ပုံထဲမွ ျပန္မထြက္လာေတာ့ေခ်။

-

အားကစားပြဲမ်ားမွာ နံနက္ရွစ္နာရီတြင္ စမည္ျဖစ္ေသာ္လည္း ေလးေထာင့္ပုံသ႑ာန္ျဖင့္ ခ်ီတက္ပြဲရွိေသးေသာ္ေၾကာင့္ ေက်ာင္းသားတိုင္း အခ်ိန္မွီေအာင္လာရမည္ျဖစ္ရာ ထုန္ရန႔္ နံနက္အေစာႀကီးထရသည္။ မနက္စာစားပြဲတြင္ သူႏွင့္ က်ိဳးရွန႔္မင္အျပင္ က်ိဳးက်န႔္သ်ဲသာရွိေလသည္။

က်ိဳးရွန႔္မင္က အေဖျဖစ္သူအား အိပ္ရတာအဆင္ေျပသလားေမးၿပီးေနာက္ သားအဖႏွစ္ေယာက္ ဘာမွ ဆက္မေျပာၾကေတာ့ေခ်။ ထြက္ခြာခါနီးမွသာ က်ိဳးက်န႔္သ်ဲက ေမးလာသည္။
"မင္းရဲ႕ အားကစားပြဲက ဘယ္ေတာ့ၿပီးမွာလဲ ထုန္ရန႔္"

ထုန္ရန္႔ : "ဒီေန႔ ညေနေလးနာရီပါ အန္ကယ္"

က်ိဳးက်န႔္သ်ဲက လက္ဖက္ရည္တစ္ငုံေသာက္လိုက္ရင္းျဖင့္ အသိအမွတ္ျပဳသည့္ အသံတစ္ခုသာျပဳလာ၏။

ၾကည့္ရတာ စကားနည္းျခင္းမွာ မ်ိဳး႐ိုးလိုက္ျခင္းျဖစ္ပုံေပၚ၏။

ေက်ာင္းအားကစားပြဲတြင္ ေက်ာင္းသားမ်ားႏွင့္ ဆရာမ်ားသာ ပါဝင္ႏိုင္ၿပီး အုပ္ထိန္းသူမ်ားအား ေက်ာင္းဝန္းထဲ ဝင္ခြင့္မေပးထားေခ်။ သို႔ေသာ္ သက္ဆိုင္ရာ ဝက္ဘ္ဆိုဒ္မွတိုက္႐ိုက္ထုတ္လႊင့္ျခင္းမွတဆင့္သာ ၾကည့္ႏိုင္သည္။

ထုန္ရန႔္က က်ိဳးရွန႔္မင္အား အနည္းငယ္ ေျပာျပမိတ္ဆက္ေပးလိုက္သည္။
"ဒီေန႔မနက္ပြဲေတြက ပိုၿပီး စိတ္ဝင္စားဖို႔ေကာင္းေလာက္တယ္။ မီတာတစ္ရာနဲ႔ မီတာႏွစ္ရာေျပးပြဲရွိတယ္ေလ။ အစ္ကိုဒီေန႔ ဒီႏွစ္ခုၾကည့္လို႔ရတယ္"

က်ိဳးရွန႔္မင္ : "မင္းကေရာ ဒီေန႔ ဘာလုပ္ရမွာလဲ"

"လက္ဆင့္ကမ္းေျပးပြဲက ေနာက္ဆုံးေန႔မွဆိုေတာ့ ဒီၾကားထဲမွာ ေလ့က်င့္ၾကမွာ"
ထုန္ရန႔္ကေျပာလိုက္သည္။
"အဖြင့္ပြဲၿပီးတာနဲ႔ ဟိုဟိုဒီဒီေလ်ာက္သြားလို႔ရတယ္ ၿပီးေတာ့ ကြင္းငယ္ေလးေတြထဲမွာ ေလ့က်င့္လို႔ရတယ္။ ေန႔ခင္းပိုင္းမွာ တာရွည္ေျပးပြဲရွိတယ္။ အတန္းေဖာ္တခ်ိဳ႕က ကီလိုမီတာ ၁၅၀၀၊ ၂၀၀၀ၿပိဳင္ပြဲေတြဝင္ပါထားၾကတယ္။ သူတို႔ကို အားေပးရမွာေပါ့"

"ကြင္းငယ္ေတြအတြက္ေရာ တိုက္႐ိုက္ ျပသမႈရွိလား" က်ိဳးရွန႔္မင္ေမးလိုက္သည္။

ထုန္ရန႔္ : "ကြင္းငယ္ေတြက ေလ့က်င့္ဖို႔ေလ ၿပိဳင္ပြဲမွမရွိတာ"

က်ိဳးရွန႔္မင္ : "ကိုယ္သိပါတယ္"

ထုန္ရန႔္ နားလည္သြားရ၏။ က်ိဳးရွန႔္မင္က သူ႔ကိုေစာင့္ၾကည့္ခ်င္တာေပ။

အကယ္၍ က်ိဳးရွန႔္မင္သာ ဤစကားကို မေန႔ကမတိုင္ခင္ အခ်ိန္ကေျပာခဲ့လွ်င္ ထုန္ရန႔္ မ်ားစြာ သတိမူမိမည္မဟုတ္ေခ်။ အမွန္ေတာ့ က်ိဳးရွန႔္မင္က မၾကာခဏဆိုသလို ဤသို႔ေသာ အေသးအမႊားေလးမ်ားမွအစ ဂ႐ုတစိုက္ ေမးတတ္ ဂ႐ုစိုက္တတ္ေၾကာင္းထုန္ရန႔္သိထားၿပီးျဖစ္သည္။

သို႔ေသာ္လည္း ဒီတစ္ေခါက္ဤသို႔ၾကားရေသာအခါ အနည္းငယ္ ရင္ခုန္သြားရကာ ေမးလိုက္သည္။
"ကြၽန္ေတာ္ ေလ့က်င့္တာကို ျမင္ခ်င္လို႔လား"

"အင္း" က်ိဳးရွန႔္မင္က ျပန္ေျဖလိုက္သည္။
"အားေပးေနတဲ့ ေက်ာင္းသားေတြကိုေရာ ကင္မရာက ႐ိုက္ျပလား"

ထုန္ရန႔္ ေတြးမိေသာအခါ မထိန္းႏိုင္ေတာ့ပဲ ရယ္ခ်မိေတာ့သည္။
"တကယ္လို႔ ႐ိုက္ျပရင္ေတာင္ လူေတြအမ်ားႀကီးထဲကမွ ျပသခ်ိန္ စကၠန႔္ပိုင္းေလးအတြင္းမွာ ရွာႏိုင္ပါ့မလား"

က်ိဳးရွန႔္မင္ကေခါင္းညိတ္လိုက္ကာ
"ၾကည့္ရတာ မင္းရဲ႕ တကယ့္ အားကစားပြဲေန႔ကိုပဲေစာင့္ရေတာ့မယ္ထင္တယ္"

မၾကာခင္ပင္ ေက်ာင္းသို႔ေရာက္လာၾကၿပီး က်ိဳးရွန႔္မင္က ကားရပ္လိုက္ကာ ေနာက္ခန္းမွ ထုန္ရန႔္၏ လြယ္အိတ္ကိုယူလိုက္ၿပီး သတိေပးကတ္ျပားႏွင့္ ေရဘူးတြင္ ေရျပည့္မျပည့္ကိုပါ စစ္ေဆးလိုက္သည္။
"မေလ့က်င့္ခင္ ေသြးပူေလ့က်င့္ခန္းလုပ္ဖို႔ မေမ့နဲ႔"

သူေျပာသည္မွာ သူနာျပဳအိုႀကီးလိုမ်ိဳးျဖစ္ေနေသာ္လည္း အမွန္ေတာ့ ထုန္ရန႔္လည္း က်ိဳးရွန႔္မင္ႏွင့္ မခြဲခ်င္ေသးေပ။ လိမၼာစြာျဖင့္ က်ိဳးရွန႔္မင္ေျပာသမွ်အား ေခါင္းအသာညိတ္ျပလိုက္ၿပီး ေျပာစရာမက်န္ေတာ့ေသာအခါ ထုန္ရန႔္အား ၾကည့္လာကာ က်ိဳးရွန႔္မင္ကေျပာလိုက္သည္။
"သြားေတာ့"

ထုန္ရန႔္ ကားေဘး၌ရပ္လိုက္ကာ က်ိဳးရွန႔္မင္အား ႏႈတ္ဆက္လိုက္၏။ က်ိဳးရွန႔္မင္က စတီယာတိုင္ကိုကိုင္ထားရင္းျဖင့္ သူ႔ကို ေျပာလာသည္။
"ဝင္ေတာ့ေလ ေနာက္က်ေတာ့မယ္"

ေနာက္ဆုံးေတာ့ ထုန္ရန႔္ လြယ္အိတ္လြယ္လိုက္ကာ ေက်ာင္းဝန္းထဲသို႔ ဦးတည္လိုက္သည္။ ေက်ာင္းဂိတ္ေပါက္တြင္ ေနာက္ျပန္လွည့္ၾကည့္လိုက္ေသာ္လည္း က်ိဳးရွန႔္မင္ကို မေတြ႕ရေတာ့ေသာေၾကာင့္ ခပ္ျမန္ျမန္သာ ျပန္လွည့္လိုက္၏။

ေန႔လည္တြင္ ထုန္ရန႔္အား က်ိဳးရွန႔္မင္လာႀကိဳေသာအခါ ပထမဆုံးအေနျဖင့္ ေက်ာင္းဝန္းထဲမွ ေက်ာင္းသားမ်ားစြာထြက္လာျခင္းကို ျမင္လိုက္ရ၏။ ေက်ာင္းေပါက္ဝတြင္ ကားမ်ားစြာရပ္ထားၿပီး ေစာင့္ေနၾကသည္။ ေက်ာင္းေရွ႕ရွိ မီးပြိဳင့္ကို ျဖတ္ေက်ာ္ရန္ ဆယ္မိနစ္မွ်ေတာင္ ေစာင့္လိုက္ရ၏။ ထုန္ရန႔္ကိုၾကည့္ရသည္မွာ ပင္ပန္းေနပုံေပၚၿပီး က်ိဳးရွန႔္မင္ ထုန္ရန႔္အားေမးလိုက္သည္။
"ေလ့က်င့္ေရးက ေကာင္းရဲ႕လား"

ထုန္ရန႔္က အားနည္းစြာျဖင့္ ျပန္ေျဖလာ၏။
"အရမ္းေကာင္းတယ္"

"အဲ့ေလာက္ေတာင္ ပင္ပန္းတာလား" က်ိဳးရွန႔္မင္က ၿပဳံးလိုက္ရင္း ထုန္ရန႔္အား ၾကည့္လိုက္ကာ အားကစားေဘာင္းဘီ၏ ဒူးေခါင္းေနရာ၌ ပြန္းပဲ့ရာတစ္ခုကို သတိထားမိလိုက္၏။ ေသခ်ာေပါက္ကို လဲက်ထားျခင္းပင္ျဖစ္သည္။

က်ိဳးရွန႔္မင္ ေအးခဲသြားသည္။
"ေခ်ာ္လဲထားတာလား"

ထုန္ရန႔္က သူၾကည့္ေနသည့္ ဒူးေခါင္းေနရာသို႔ လိုက္ၾကည့္လိုက္ရင္းျဖင့္
"အာ..အဆင္ေျပပါတယ္။ လက္ေထာက္ၿပီးပဲလဲသြားတာ။ ေဘာင္းဘီက နည္းနည္းၿပဲသြားေပမဲ့ ဒူးက ဘာမွမျဖစ္ပါဘူး"

"ဘယ္လက္လဲ" က်ိဳးရွန႔္မင္ ေမးလိုက္သည္။

"ႏွစ္ဖက္လုံး". ထုန္ရန႔္က သူ႔လက္ဖဝါးႏွစါခုအား ျပလိုက္သည္။
"ၾကည့္ပါလား အဆင္ေျပပါတယ္"

မကြဲၿပဲသြားပဲ အနည္းငယ္ရဲေန႐ုံသာျဖစ္၏။

အိမ္ေရာက္ၿပီးေနာက္ က်ိဳးရွန႔္မင္ ခ်က္ခ်င္း ေဆးေသတၱာရွာေတာ့သည္။ ႐ႊမ္ေကြ႕က သူ႔အ႐ိုးမ်ားထိခိုက္မႈမရွိတာေသခ်ာေအာင္ စစ္ေဆးေပးၿပီးေနာက္ က်ိဳးရွန႔္မင္က ေဆးလိမ္းေပးလာသည္။ အရင္ဆုံး ထုန္ရန႔္၏ လက္ႏွစ္ဖက္ကို လိမ္းေပးလိုက္ၿပီးေနာက္ ဒူးႏွစ္ဖက္ကိုလိမ္းေပးရန္ ေဘာင္းဘီကို လိပ္တင္လိုက္၏။

ဒူးႏွစ္ဖက္မွာ လက္မ်ားထက္ပင္ ပို၍ဆိုးဆိုး႐ြား႐ြားျဖစ္ေနသည္။ ေသြးထြက္ေနေသာ ျခစ္ရာရွရာအခ်ိဳ႕ႏွင့္ အျပာေရာင္သမ္းေနေသာ ဒဏ္ရာတို႔ ဝန္းရံလ်က္။

"အယ္.." ထုန္ရန႔္ လန႔္သြား၏။
"ေန႔လည္ကၾကည့္တုန္းက ဒီေလာက္မဆိုးေသးပါဘူး။ နာေတာင္မနာဘူး"

ေျပာလိုက္ၿပီး မနာေၾကာင္းသက္ေသျပရန္ ေျခေတာင္ေဆာင့္လိုက္ေသး၏။ သို႔ေသာ္ က်ိဳးရွန္႔မင္က ဆြဲလိုက္ၿပီး
"မလႈပ္နဲ႔ ႐ူးေနလား"

က်ိဳးရွန႔္မင္ ဂြမ္းစတစ္စကို လက္တစ္ဖက္ျဖင့္ယူလိုက္ၿပီး တျခားလက္တဖက္ကို ထုန္ရန႔္၏ဒူးေပၚတြင္ တင္ထား၏။ အရင္ဆုံး ဒဏ္ရာရွိရာသို႔ ေခါင္းငုံလာကာ မႈတ္ေပးလိုက္ၿပီးမွ ေဆးထည့္ေပးလာသည္။
"နာလား"

ထုန္ရန႔္ အနည္းငယ္ ရွက္ေနၿပီး မ်က္ႏွာရဲလာရသည္။ ေခါင္းမွေျခေထာက္အထိ မသက္မသာျဖစ္ေနကာ လက္မ်ားကို မည္သည့္ေနရာတြင္ ထားရမည္ေတာင္ မသိေတာ့ေခ်။ အသံတိမ္တိမ္ေလးျဖင့္ ေျပာလိုက္၏။
"မနာပါဘူး"

"အစပိုင္းေတာ့ အဲ့လိုပဲ၊ ညက်မွ နာလာလိမ့္မယ္" ေဆးလိမ္းေပးၿပီးေနာ​က္ က်ိဳးရွန႔္မင္ ေသတၱာကိုသိမ္းလိုက္၏။

"မင္းကို လွန႔္တာေတာ့မဟုတ္ဘူးေနာ္၊ မင္းက ထြားေနတုန္းပဲရွိေသးတယ္၊ မင္း ဒီအခ်ိန္မွာ အ႐ိုးအဆစ္ေတြကို ဂ႐ုမစိုက္ရင္ ေနာက္ပိုင္းက်ရင္ အရပ္ရွည္ဖို႔စဥ္းေတာင္မစဥ္းစားနဲ႔၊ ျမန္ျမန္ေတာင္ ေျပးႏိုင္မွာမဟုတ္ေတာ့ဘူး"

ထုန္ရန႔္ သူ႔စကားမ်ားေၾကာင့္ လန႔္သြားရကာ
"ဟုတ္"

"အိုေက" သူ႔ပုံစံကိုျမင္ၿပီး က်ိဳးရွန႔္မင္က ေက်နပ္သြားပုံျဖင့္ထလိုက္ကာ မီးဖိုေခ်ာင္ထဲသို႔ ညစာအေျခအေနၾကည့္ရန္ ဝင္သြား၏။

႐ႊမ္ေကြ႕ : "မင္းက အရမ္းအားနည္းတာပဲ"

ထုန္ရန႔္က လက္ေျမႇာက္လိုက္ကာ
"မဟုတ္တာ၊ ငါက အရမ္းသန္မာတာ"

႐ႊမ္ေကြ႕ : "ဒါဆို ဆရာကဘာလို႔မင္းကို ႏူးႏူးညံ့ညံ့ေလးဆက္ဆံေနတာလဲ"

ထုန္ရန႔္က က်ိဳးရွန႔္မင္ကိုၾကည့္လိုက္ရာ မီးဖိုထဲမွ ထြက္မလာေသးေသာေၾကာင့္ ေျပာလိုက္၏။
"ေသခ်ာတာေပ့ါ။ ဘာလို႔လဲဆိုေတာ့ သူကငါ့ကိုခ်စ္လို႔ေလ"

"ဘာ" ႐ႊမ္ေကြ႕​က ေျပာလာ၏။ "လြန္ခဲ့တဲ့ သုံးလေလာက္က ငါ့မွတ္ဉာဏ္ေတြအရဆိုရင္ မင္းပဲေျပာခဲ့တာေလ၊ မင္းတို႔က တစ္ေယာက္ကိုယ္တစ္ေယာက္မခ်စ္လို႔ ဒီအိမ္ေထာင္ေရးက အတုႀကီးဆို"

"ငါတို႔အခုတြဲေနၿပီေလ"

႐ႊမ္ေကြ႕က ျပန္တုံျပန္လာ၏။
"အာ..ေကာင္းတာေပါ့"

ထုန္ရန႔္ : "ပိတ္လိုက္ေတာ့"

-

မအိပ္ခင္တြင္ ႏွစ္ဦးသား အိပ္ခန္းမ်ားရွိရာ အေပၚသို႔တတ္လာၿပီး ေလွ်ာက္လမ္း၌ လမ္းခြဲခဲ့ၾကသည္။ က်ိဳးရွန႔္မင္က ထုန္ရန႔္အား အခန္းေရွ႕ထိလိုက္ပို႔၏။
"ဂြတ္ႏိုက္"

ထုန္ရန႔္လည္း ေမာ့ၾကည့္ရင္းျဖင့္ ျပန္ေျပာလိုက္သည္
"ဂြတ္ႏိုက္ပါ"

က်ိဳးရွန႔္မင္က ပုံမွန္အတိုင္း မ်က္ႏွာတည္ႀကီးျဖင့္ပင္ ျဖစ္ရာ ခဏအၾကာ၌ မေနႏိုင္ေတာ့ပဲ ထုန္ရန႔္ ေမးလိုက္မိ၏။
"ကြၽန္ေတာ့ကို အရင္လိုမ်ိဳး pheromoneေတြနဲ႔ရင္းႏွီးမႈရွိေအာင္လို႔ လုပ္ေပးဖို႔မလိုေတာ့ဘူးလား"

အမွန္ေတာ့ သူမလိုေတာ့ေခ်။ သို႔ေသာ္လည္း ကံေကာင္းစြာျဖင့္ က်ိဳးရွန႔္မင္မွာ မေန႔ကေလာက္ မတုံးအေတာ့ပဲ သူနဲ႔ ေရလိုက္ငါးလိုက္ လိုက္ေျပာလာ၏။
"အိုး..ေမ့ေတာ့မလို႔"

က်ိဳးရွန႔္မင္ လက္ကိုမလိုက္ကာ ေခါင္းငုံ႔လာေသာ္လည္း ထုန္ရန႔္ ေမွ်ာ္လင့္ေနသလို ေပြ႕ဖက္မလာေခ်။ ထိုအစား က်ိဳးရွန႔္မင္က ထုန္ရန႔္ ေခါင္းေနာက္ေလးအား ညင္ညင္သာသာကိုင္လာၿပီး သူ႔အား ႏွဖူးေပၚတြင္ အၾကင္နာအနမ္းဖြဖြေပးခဲ့၏။

အနမ္းမွာ တိုေတာင္းလွသည္။ လက္တစ္ဖက္မွာ ထုန္ရန႔္ ပုခုံးေပၚတြင္ရွိေနကာ ထုန္ရန႔္အား စိတ္ေလ်ာ့ရန္ အမူအရာျပေန၏။ က်ိဳးရွန႔္မင္က အသံခပ္နိမ့္နိမ့္ျဖင့္ ေျပာလာသည္။
"အခုကစၿပီး မင္းအတြက္ ကုသမႈနည္းလမ္းက ဒီလိုပဲျဖစ္လိမ့္မယ္"

•°•°•°•°•°•



Continue Reading

You'll Also Like

1.6M 120K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
482K 57.6K 147
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...
2M 103K 32
The entire story line and character names are just the imagination of the author.
391K 10.8K 27
တော်ဝင်ဂုဏ် + ရှေးဆန်သူ