Zawgyi
ေနာက္တစ္ေန႔တြင္ မိသားစုက ဘန္းကိတ္ေပါင္းေတြကို စတင္ျပဳလုပ္ေတာ့တယ္။ သူတို႔ေတြရက္ေပါင္းမ်ားစြာၾကာေအာင္ စားဖို႔လံုေလာက္ေလာက္ေအာင္ ဘန္းကိတ္ေတြကို ေပါင္းအိုးတစ္အိုးလံုးအျပည့္ ျပင္ဆင္ခဲ့တယ္။ င႐ုတ္အႏွစ္အရသာ႐ွိတဲ့ ဘန္းကိတ္ေပါင္းေတြက အရမ္းေကာင္းတယ္။
အဆံုးတြင္ ဂ်ံဳအေျမာက္အျမားက်န္ခဲ့တယ္။ ဒီရက္ေတြအတြင္းအိမ္မွာ လူတစ္ေယာက္မွမေနဘူးဆိုတာကို စဥ္းစားမိလိုက္ေတာ့ ဂ်ံဳေတြကို ႂကြက္ေတြစားသြားလိမ့္မွာစိုးလို႔ ႐ွဳရန္က က်န္ေနတဲ့ဂ်ံဳေတြအားလံုးနဲ႔ ပန္ကိတ္ေတြလုပ္ဖို႔ ဆံုးျဖတ္လိုက္တယ္။
အစိမ္းေရာင္ေဆးဖက္ဝင္အပင္ေတြနဲ႔ ျပဳလုပ္ထားတဲ့ ၾကက္ဥပန္ကိတ္ေတြက အာဟာရျဖစ္ၿပီး အရသာ႐ွိတယ္ဆိုတာကို ႐ွဳရန္သိတယ္။
အိမ္မွာဘာၾကက္ဥမွမ႐ွိဘူး။ အဲ့ဒါေၾကာင့္ ႐ွဳရန္က ေငြအခ်ိဳ႕ယူထုတ္လိုက္ၿပီးေတာ့ တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ကို ရြာသားေတြရဲ႕ အိမ္ေတြအမ်ားႀကီးဆီသြားၿပီး ၾကက္ဥအခ်ိဳ႕ သြားဝယ္ခိုင္းလိုက္တယ္။ ေစ်းႏႈန္းအတြက္ကေတာ့ ပံုမွန္အားျဖင့္ ၾကက္ဥတစ္လံုးအတြက္က သံုးဆယ္ပဲနိျဖစ္တယ္။ ရြာထဲမွာဆိုရင္ လူအေျမာက္အျမားက ၾကက္ဥေတြကို သူတို႔ဘာသာသူတို႔ စားၾကမဲ့အစား ေငြအတြက္ေရာင္းၾကတယ္။ ဒီေစ်းႏႈန္းကလည္း သင့္ေတာ္တာမို႔ ေသခ်ာေပါက္ကို သူတို႔ေတြဆီ ၾကက္ဥေရာင္းရတာကို လူတိုင္းကလည္း ေပ်ာ္ရႊင္ေနၾကတယ္။
တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ကလည္း ညဏ္အရမ္းထက္ၾကတယ္။ အဲ့ဒီရင္းႏွီးေနတဲ့မိသားစုေတြကို ဦးစားေပးသင့္တယ္ဆိုတာကို သူတို႔သိၾကတယ္။ ထို႔ေၾကာင့္သူတို႔ေတြက ၾကက္ဥေတြဝယ္ဖို႔ ရြာလူႀကီးအိမ္ကို သြားရံုတင္မကပဲနဲ႔ ေဖေဖခ်န္ေပးလိုက္တဲ့ အိမ္လုပ္အစားအစာအခ်ိဳ႕ကိုလည္း ျပန္ယူလာခဲ့တယ္။
အိမ္ျပန္လမ္းတြင္ ကေလးႏွစ္ေယာက္က လမ္းေလွ်ာက္ရင္း အစားအစာကို အသံျမည္ေအာင္ဝါးစားေနၾကတယ္။ သူတို႔ေတြဘယ္ေလာက္ေတာင္ ေပ်ာ္ရႊင္ေနလိုက္သလဲ။
အခုၾကက္ဥေတြလည္း အဆင္သင့္ျဖစ္သြားၿပီဆိုေတာ့ ႐ွဳရန္က ပန္ကိတ္ေတြကို ခ်က္ခ်င္း စတင္ျပဳလုပ္လိုက္ေတာ့တယ္။ သူပထမဆံုး ဟင္းသီးဟင္းရြက္႐ိုင္းေတြကို အစိတ္စိတ္အႁမႊာႁမႊာျဖစ္ေအာင္ လွီးလိုက္ၿပီးေတာ့ သူတို႔ေတြကို ဂ်ံဳနဲ႔ေရာႏွယ္လိုက္ၿပီးေနာက္ ၾကက္ဥေတြေရာ ဟင္းခတ္အေမႊးအႀကိဳင္ေတြကိုပါ ထည့္လိုက္ၿပီး သူတို႔ေတြကို အတူတကြ ေရာေမႊလိုက္တယ္။ ေနာက္ဆံုးမွာေတာ့ သူသူတို႔ေတြကို ဒယ္အိုးထဲမွာထည့္ၿပီး ေၾကာ္လိုက္ေတာ့တယ္။
ဂ်ံဳမုန္႔ညက္ေတြကို ျဖန္႔ထုတ္ဖို႔ အိုးကသူ႔အတြက္ အရမ္းေသးလြန္းေနတယ္။ ထို႔ေၾကာင့္ ပန္ကိတ္က အရမ္းမပါးဘူးျဖစ္ေနတယ္။ ဒါေပမဲ့အဲ့ဒါက လ်ိဳထံု၊ တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔အတြက္ ဘယ္တုန္းကမွမစားဖူးတဲ့ အရာတစ္ခုျဖစ္ေနတယ္။ အဲ့ဒါေၾကာင့္ သူတို႔အားလံုး အရမ္းအံ့အားသင့္ေနၾကတယ္။
ေနာက္ဆံုးမွာ သူတို႔ပန္ကိတ္ေတြကို သယ္ဖို႔အတြက္ ပန္းကန္ျပားအႀကီးႀကီးႏွစ္ခ်ပ္ကို အသံုးျပဳခဲ့ရတယ္။ မြန္းတည့္ခ်ိန္တြင္ သူတို႔ေတြက ပန္ကိတ္ေဝစုထဲကတစ္ပံုကို င႐ုတ္အႏွစ္နဲ႔စားလိုက္ၾကတယ္။ ေနာက္ထပ္ေဝစုတစ္ပံုကို ႐ွဳရန္က တစ္ျခားလူေတြဆီေပးဖို႔ စီစဥ္လိုက္တယ္။ အထူးသျဖင့္ ဝုမိန္တို႔မိသားစုဆီျဖစ္တယ္။ ေနာက္ဆံုးမွာေတာ့ သူတို႔ေတြက သူတို႔ရဲ႕ကေလးႏွစ္ေယာက္ကို ေစာင့္ေ႐ွာက္ထားေပးဖို႔ သူတို႔ေတြကို အကူအညီေတာင္းရမယ္ေလ။
သူအခ်ိဳ႕ကိုလည္း သူတို႔ေတြကို ၾကင္ၾကင္နာနာနဲ႔ ၾကက္ဥေတြေရာင္းေပးလိုက္တဲ့ ရြာလူႀကီးမိသားစုဆီကို ပို႔ေပးလိုက္တယ္။
ညေနခင္းတြင္ ညစာစားၿပီးေနာက္ ႐ွဳရန္နဲ႔လ်ိဳထံုတို႔က တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ကို ယုန္တစ္ေယာက္နဲ႔ ေခြးေလးေကာင္တို႔လည္း အေဖာ္အျဖစ္ လိုက္ပါလ်က္ ဝုမိန္တို႔အိမ္ဆီ ေခၚေဆာင္လာခဲ့တယ္။ ေန႔အခ်ိန္တုန္းက သူတို႔ေတြဝုမိန္ကို အက်ိဳးအေၾကာင္း ေျပာျပၿပီးေတာ့ ေငြေတြလည္း ေပးထားခဲ့ၿပီးသားျဖစ္တယ္။ သဘာဝက်က်ကိုပဲ ဝုမိန္ကဒါနဲ႔ပတ္သက္ၿပီး မျငင္းဆန္ပါဘူး။
ဒါကတ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ ငယ္ငယ္ကတည္းက သူတို႔ရဲ႕မိဘေတြနဲ႔ အတူတူမအိပ္ရတဲ့ ပထမဆံုးညျဖစ္တယ္။ သူတို႔ႏွစ္ေယာက္စလံုးဧကန္မလြဲကို စိတ္လႈပ္႐ွားေနၾကတယ္။
ကေလးႏွစ္ေယာက္စလံုးက ငယ္ေနေသးတယ္။ ဝုမိန္က သူတို႔ႏွစ္ေယာက္တည္းျဖစ္ေနလို႔ ေၾကာက္လန္႔ေနၾကမွာကို စိုးရိမ္ေနတယ္။ အဲ့ဒါေၾကာင့္သူ သူတို႔နဲ႔အတူတူ အေဖာ္ျပဳေပးဖို႔အတြက္ ဒါဟူကို အထူးသီးသန္႔စီစဥ္ေပးလိုက္တယ္။ အိပ္ရာေပၚမွာလူးရင္းလွိမ့္ရင္းနဲ႔ အဆံုးမွာေတာ့ သူတို႔ေတြ အိပ္ေမာက်သြားၾကေတာ့တယ္။
ဝါးအိမ္ေလးထဲတြင္ေတာ့ ဘာပဲျဖစ္ျဖစ္ ႐ွဳရန္နဲ႔လ်ိဳထံုတို႔ႏွစ္ေယာက္စလံုးက သူတို႔ရဲ႕ကေလးေတြကို အရမ္းလြမ္းေနၾကတာမို႔ အိပ္မေပ်ာ္ႏိုင္ျဖစ္ေနၾကတယ္။ "ထံုထံု တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ေတြ ငိုေနၾကလိမ့္မယ္လို႔ မင္းထင္လား?"
လ်ိဳထံုလည္းပဲ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး အမွန္တကယ္ကို စိုးရိမ္ေနတာျဖစ္တယ္။ ႐ွဳရန္ရဲ႕စကားကို ၾကားလိုက္ေတာ့ သူပိုၿပီးေတာ့ေတာင္ စိုးရိမ္လာၿပီးေတာ့ ခ်က္ခ်င္းထထိုင္လိုက္တယ္။
ညအခ်ိန္တြင္အခုက ေအးလာေနၿပီျဖစ္တယ္။ လ်ိဳထံုလႈပ္႐ွားလိုက္တာနဲ႔ ေလေအးေတြက အထဲကိုဝင္လာတယ္။ ႐ွဳရန္လည္းပဲ အေအးဓာတ္ေၾကာင့္ ခိုက္ခိုက္တုန္သြားတယ္။ သူထို႔ေနာက္ ထထိုင္လိုက္ၿပီးေတာ့ လ်ိဳထံုကို သူ႔လက္ေမာင္းေတြထဲ ေပြ႔ဖက္လိုက္တယ္။ "ေကာင္းၿပီ။ ေကာင္းၿပီ။ မစိုးရိမ္ပါနဲ႔။ ကိုယ္မင္းကိုအခု မစေတာ့ပါဘူး။ ကိုယ္တို႔တျခားဟာတစ္ခုခု လုပ္ရေအာင္။"
အဲ့လိုေျပာရင္း ႐ွဳရန္က သူ႔လက္ေမာင္းေတြၾကားထဲမွာ႐ွိတဲ့ လ်ိဳထံုနဲ႔အတူ အိပ္ရာေပၚကို လွဲခ်လိုက္တယ္။ ၿပီးေနာက္ သူတို႔ႏွစ္ေယာက္ေအာက္မွာ႐ွိတဲ့ သစ္သားကုတင္က စတင္ၿပီး တကြၽီကြၽီျမည္လာတယ္။
လ်ိဳထံုက ေနာက္တစ္ေန႔အာ႐ုဏ္တက္ခ်ိန္တြင္ ႏိုးလာခဲ့တယ္။ မေန႔ညက ႐ွဳရန္အမ်ားႀကီးမလႈပ္႐ွားခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ လ်ိဳထံုကဒီေန႔မွာ အရမ္းမပင္ပန္းပါဘူး။ ပံုမွန္အားျဖင့္ဆိုရင္ သူက႐ွဳရန္ထက္ ပိုသန္မာတယ္ေလ။
မနက္စာအဆင္သင့္ျဖစ္ၿပီးေနာက္ လ်ိဳထံုက အစာေျခာက္ေတြအားလံုးကို ထုပ္ပိုးလိုက္တယ္။ မေန႔တုန္းက သူတို႔ေတြ သူတို႔နဲ႔အတူယူေဆာင္သြားမဲ့ ျခင္းေတာင္းနဲ႔အိတ္ေတြကို ျပင္ဆင္ထားၿပီးၿပီျဖစ္တယ္။ ဒီအခ်ိန္မွာ လ်ိဳထံုက အိမ္အတြင္းအျပင္ေနရာအားလံုးကို စစ္ေဆးေနတယ္။ အာ႐ုဏ္တက္ခ်ိန္ကုန္သြားေတာ့ သူကမနက္စာစားဖို႔အတြက္ ႐ွဳရန္ကိုသြားႏိႈးေတာ့တယ္။
မနက္စာစားၿပီးေနာက္ သူတို႔ေတြသူတို႔ေနာက္ေက်ာေပၚမွာ ျခင္းေတာင္းေတြကိုသယ္ရင္း စတင္ထြက္ေတာ့တယ္။ လ်ိဳထံုက ေလး၊ ျမားနဲ႔ေတာခုတ္ဓားေတြလိုမ်ိဳး ကိရိယာအခ်ိဳ႕ကိုလည္း ယူေဆာင္လာခဲ့တယ္။ ပထမတုန္းကေတာ့ သူတို႔ေတြေတာင္ေပၚမွာ ခ်မ္းေအးတဲ့ညကို ျဖတ္သန္းရေတာ့မွာျဖစ္လို႔ သူက ဂြမ္းကပ္အိပ္ရာတစ္ခုကိုလည္း ယူေဆာင္လာခ်င္ခဲ့တာျဖစ္တယ္။ ဒါေပမဲ့အဲ့လိုဆိုရင္ သူတို႔ျပန္ဆင္းလာတဲ့အခ်ိန္က်ရင္ သယ္စရာပစၥည္းေတြ အရမ္းမ်ားေနမယ္လို႔ စဥ္းစားမိတာေၾကာင့္ သူသူတို႔နဲ႔အတူတူ အဝတ္ထူထူႏွစ္ထည္ကိုပဲ ယူေဆာင္လာခဲ့ေတာ့တယ္။ ညအခ်ိန္မွာ ေႏြးေထြးေစဖို႔အတြက္ သူတို႔ေတြ မီးပံုတစ္ခုေမႊးလို႔ရတယ္လို႔ သူတို႔ႏွစ္ေယာက္စလံုး ေတြးထားၾကတယ္။
ေတာင္တစ္ေတာင္အေပၚမွာမွီခိုၿပီး ဒီလိုမ်ိဳးေတာင္ေပၚမွာ ေနထိုင္တာက ေျပာစကားတစ္ခုမွ်သာ မဟုတ္ဘူးဆိုတဲ့ ဆို႐ိုးစကားတစ္ခြန္း႐ွိတယ္ေလ။ သို႔ေသာ္လည္း ေတာင္အျပင္ဘက္မွာ ေနထိုင္ရတာက ပိုၿပီးလြယ္ကူတယ္။ ဒါေပမဲ့လူေတြက မၾကာခဏ ေတာင္ေပၚေရာက္လာၾကတာမို႔ အသင့္စားသံုးလို႔ရတဲ့ အရာအမ်ားစုက ယူေဆာင္သြားခံရၿပီးၿပီျဖစ္တယ္။ သူတို႔ေတြ ဘယ္သူ႔မွမသြားဖူးေသးတဲ့ အသင့္စားလို႔ရတဲ့အရာေတြ ပိုၿပီးေတာ့ရႏိုင္တဲ့ေနရာျဖစ္တဲ့ ပိုျမင့္ၿပီးပိုနက္႐ွိဳင္းတဲ့ ေတာင္အတြင္းပိုင္းထဲကို ဝင္ေရာက္ရံုသာ တတ္ႏိုင္ေတာ့တယ္။
ေျပာစရာမလိုပဲနဲ႔ကို သူတို႔ေတြဒီေနရာမွာ အာလူးေတြကို႐ွာေဖြႏိုင္တယ္။ အာလူးပင္ေတြရဲ႕အရြက္ေတြက အခုခ်ိန္မွာ ညိဳးေျခာက္ေနေပမဲ့လည္း ႐ွဳရန္သူတို႔ေတြအမ်ားႀကီးကို ျမင္ေနရေသးတုန္းပဲ။ ဒီေနရာမွာ ေဆးဖက္ဝင္အပင္ေတြ အမ်ားႀကီးလည္း ႐ွိတယ္။ ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္ အသံုးျပဳလို႔ရတဲ့ င႐ုပ္ေကာင္းေတြလည္းပဲ႐ွိတယ္။
ဒါေတြအားလံုးကိုျမင္လိုက္ရေတာ့ ႐ွဳရန္အရမ္းစိတ္လႈပ္႐ွားသြားတယ္။ သူခ်က္ခ်င္းပဲ စေကာက္ခ်င္လာမိတယ္။ သို႔ေသာ္လည္း လ်ိဳထံုကသူ႔ကို သူတို႔ျပန္ေရာက္လာတဲ့ အခ်ိန္က်မွ ခူးလို႔ရတယ္လို႔ သတိေပးလိုက္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုေလာေလာဆယ္ သူတို႔မွာ ဒါေတြကိုခူးထည့္ဖို႔ ဘာတစ္ခုမွမ႐ွိေသးဘူး။
႐ွဳရန္ကေထာက္ခံလိုက္ၿပီးေတာ့ ေတာင္ရဲ႕အတြင္းပိုင္းအထဲကိုဝင္ဖို႔ က်ိဳးက်ိဳးႏြံႏြံနဲ႔ပဲ လ်ိဳထံုအေနာက္ကေန လိုက္လာခဲ့ေတာ့တယ္။ လမ္းတစ္ေလွ်ာက္တြင္ သူတို႔ေတြရစ္ငွက္နဲ႔ ေတာယုန္အေျမာက္အျမားကို ေတြ႔ခဲ့ရတယ္။ လ်ိဳထံုလည္းပဲ သူတို႔အေျမာက္အျမားကို အမဲလိုက္ခဲ့တယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ဗိုက္ဆာတဲ့အခ်ိန္က်ရင္ သူတို႔ေတြ အသားကင္လုပ္စားလို႔ရတယ္။
႐ွဳရန္တစ္ေယာက္ ေတာင္တစ္ခုလံုးကို အနီေရာင္ေတြနဲ႔အျပည့္ လႊမ္းျခံဳထားတာကိုပဲျမင္ရတဲ့ ႀကီးမားက်ယ္ျပန္႔တဲ့ေနရာတစ္ခုကို မေရာက္ခင္အခ်ိန္အထိ လ်ိဳထံုက႐ွဳရန္ကို ဦးေဆာင္ၿပီးေခၚလာခဲ့တယ္။
Unicode
Chapter(55):အနီရောင်တောင်များ
နောက်တစ်နေ့တွင် မိသားစုက ဘန်းကိတ်ပေါင်းတွေကို စတင်ပြုလုပ်တော့တယ်။ သူတို့တွေရက်ပေါင်းများစွာကြာအောင် စားဖို့လုံလောက်လောက်အောင် ဘန်းကိတ်တွေကို ပေါင်းအိုးတစ်အိုးလုံးအပြည့် ပြင်ဆင်ခဲ့တယ်။ ငရုတ်အနှစ်အရသာရှိတဲ့ ဘန်းကိတ်ပေါင်းတွေက အရမ်းကောင်းတယ်။
အဆုံးတွင် ဂျုံအမြောက်အမြားကျန်ခဲ့တယ်။ ဒီရက်တွေအတွင်းအိမ်မှာ လူတစ်ယောက်မှမနေဘူးဆိုတာကို စဉ်းစားမိလိုက်တော့ ဂျုံတွေကို ကြွက်တွေစားသွားလိမ့်မှာစိုးလို့ ရှုရန်က ကျန်နေတဲ့ဂျုံတွေအားလုံးနဲ့ ပန်ကိတ်တွေလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
အစိမ်းရောင်ဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်ထားတဲ့ ကြက်ဥပန်ကိတ်တွေက အာဟာရဖြစ်ပြီး အရသာရှိတယ်ဆိုတာကို ရှုရန်သိတယ်။
အိမ်မှာဘာကြက်ဥမှမရှိဘူး။ အဲ့ဒါကြောင့် ရှုရန်က ငွေအချို့ယူထုတ်လိုက်ပြီးတော့ တျန်းတျန်းနဲ့ကော်ကော်တို့ကို ရွာသားတွေရဲ့ အိမ်တွေအများကြီးဆီသွားပြီး ကြက်ဥအချို့ သွားဝယ်ခိုင်းလိုက်တယ်။ ဈေးနှုန်းအတွက်ကတော့ ပုံမှန်အားဖြင့် ကြက်ဥတစ်လုံးအတွက်က သုံးဆယ်ပဲနိဖြစ်တယ်။ ရွာထဲမှာဆိုရင် လူအမြောက်အမြားက ကြက်ဥတွေကို သူတို့ဘာသာသူတို့ စားကြမဲ့အစား ငွေအတွက်ရောင်းကြတယ်။ ဒီဈေးနှုန်းကလည်း သင့်တော်တာမို့ သေချာပေါက်ကို သူတို့တွေဆီ ကြက်ဥရောင်းရတာကို လူတိုင်းကလည်း ပျော်ရွှင်နေကြတယ်။
တျန်းတျန်းနဲ့ကော်ကော်တို့ကလည်း ညဏ်အရမ်းထက်ကြတယ်။ အဲ့ဒီရင်းနှီးနေတဲ့မိသားစုတွေကို ဦးစားပေးသင့်တယ်ဆိုတာကို သူတို့သိကြတယ်။ ထို့ကြောင့်သူတို့တွေက ကြက်ဥတွေဝယ်ဖို့ ရွာလူကြီးအိမ်ကို သွားရုံတင်မကပဲနဲ့ ဖေဖေချန်ပေးလိုက်တဲ့ အိမ်လုပ်အစားအစာအချို့ကိုလည်း ပြန်ယူလာခဲ့တယ်။
အိမ်ပြန်လမ်းတွင် ကလေးနှစ်ယောက်က လမ်းလျှောက်ရင်း အစားအစာကို အသံမြည်အောင်ဝါးစားနေကြတယ်။ သူတို့တွေဘယ်လောက်တောင် ပျော်ရွှင်နေလိုက်သလဲ။
အခုကြက်ဥတွေလည်း အဆင်သင့်ဖြစ်သွားပြီဆိုတော့ ရှုရန်က ပန်ကိတ်တွေကို ချက်ချင်း စတင်ပြုလုပ်လိုက်တော့တယ်။ သူပထမဆုံး ဟင်းသီးဟင်းရွက်ရိုင်းတွေကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လှီးလိုက်ပြီးတော့ သူတို့တွေကို ဂျုံနဲ့ရောနှယ်လိုက်ပြီးနောက် ကြက်ဥတွေရော ဟင်းခတ်အမွှေးအကြိုင်တွေကိုပါ ထည့်လိုက်ပြီး သူတို့တွေကို အတူတကွ ရောမွှေလိုက်တယ်။ နောက်ဆုံးမှာတော့ သူသူတို့တွေကို ဒယ်အိုးထဲမှာထည့်ပြီး ကြော်လိုက်တော့တယ်။
ဂျုံမုန့်ညက်တွေကို ဖြန့်ထုတ်ဖို့ အိုးကသူ့အတွက် အရမ်းသေးလွန်းနေတယ်။ ထို့ကြောင့် ပန်ကိတ်က အရမ်းမပါးဘူးဖြစ်နေတယ်။ ဒါပေမဲ့အဲ့ဒါက လျိုထုံ၊ တျန်းတျန်းနဲ့ကော်ကော်တို့အတွက် ဘယ်တုန်းကမှမစားဖူးတဲ့ အရာတစ်ခုဖြစ်နေတယ်။ အဲ့ဒါကြောင့် သူတို့အားလုံး အရမ်းအံ့အားသင့်နေကြတယ်။
နောက်ဆုံးမှာ သူတို့ပန်ကိတ်တွေကို သယ်ဖို့အတွက် ပန်းကန်ပြားအကြီးကြီးနှစ်ချပ်ကို အသုံးပြုခဲ့ရတယ်။ မွန်းတည့်ချိန်တွင် သူတို့တွေက ပန်ကိတ်ဝေစုထဲကတစ်ပုံကို ငရုတ်အနှစ်နဲ့စားလိုက်ကြတယ်။ နောက်ထပ်ဝေစုတစ်ပုံကို ရှုရန်က တစ်ခြားလူတွေဆီပေးဖို့ စီစဉ်လိုက်တယ်။ အထူးသဖြင့် ဝုမိန်တို့မိသားစုဆီဖြစ်တယ်။ နောက်ဆုံးမှာတော့ သူတို့တွေက သူတို့ရဲ့ကလေးနှစ်ယောက်ကို စောင့်ရှောက်ထားပေးဖို့ သူတို့တွေကို အကူအညီတောင်းရမယ်လေ။
သူအချို့ကိုလည်း သူတို့တွေကို ကြင်ကြင်နာနာနဲ့ ကြက်ဥတွေရောင်းပေးလိုက်တဲ့ ရွာလူကြီးမိသားစုဆီကို ပို့ပေးလိုက်တယ်။
ညနေခင်းတွင် ညစာစားပြီးနောက် ရှုရန်နဲ့လျိုထုံတို့က တျန်းတျန်းနဲ့ကော်ကော်တို့ကို ယုန်တစ်ယောက်နဲ့ ခွေးလေးကောင်တို့လည်း အဖော်အဖြစ် လိုက်ပါလျက် ဝုမိန်တို့အိမ်ဆီ ခေါ်ဆောင်လာခဲ့တယ်။ နေ့အချိန်တုန်းက သူတို့တွေဝုမိန်ကို အကျိုးအကြောင်း ပြောပြပြီးတော့ ငွေတွေလည်း ပေးထားခဲ့ပြီးသားဖြစ်တယ်။ သဘာဝကျကျကိုပဲ ဝုမိန်ကဒါနဲ့ပတ်သက်ပြီး မငြင်းဆန်ပါဘူး။
ဒါကတျန်းတျန်းနဲ့ကော်ကော်တို့ ငယ်ငယ်ကတည်းက သူတို့ရဲ့မိဘတွေနဲ့ အတူတူမအိပ်ရတဲ့ ပထမဆုံးညဖြစ်တယ်။ သူတို့နှစ်ယောက်စလုံးဧကန်မလွဲကို စိတ်လှုပ်ရှားနေကြတယ်။
ကလေးနှစ်ယောက်စလုံးက ငယ်နေသေးတယ်။ ဝုမိန်က သူတို့နှစ်ယောက်တည်းဖြစ်နေလို့ ကြောက်လန့်နေကြမှာကို စိုးရိမ်နေတယ်။ အဲ့ဒါကြောင့်သူ သူတို့နဲ့အတူတူ အဖော်ပြုပေးဖို့အတွက် ဒါဟူကို အထူးသီးသန့်စီစဉ်ပေးလိုက်တယ်။ အိပ်ရာပေါ်မှာလူးရင်းလှိမ့်ရင်းနဲ့ အဆုံးမှာတော့ သူတို့တွေ အိပ်မောကျသွားကြတော့တယ်။
ဝါးအိမ်လေးထဲတွင်တော့ ဘာပဲဖြစ်ဖြစ် ရှုရန်နဲ့လျိုထုံတို့နှစ်ယောက်စလုံးက သူတို့ရဲ့ကလေးတွေကို အရမ်းလွမ်းနေကြတာမို့ အိပ်မပျော်နိုင်ဖြစ်နေကြတယ်။ "ထုံထုံ တျန်းတျန်းနဲ့ကော်ကော်တို့တွေ ငိုနေကြလိမ့်မယ်လို့ မင်းထင်လား?"
လျိုထုံလည်းပဲ ဒီအကြောင်းနဲ့ပတ်သက်ပြီး အမှန်တကယ်ကို စိုးရိမ်နေတာဖြစ်တယ်။ ရှုရန်ရဲ့စကားကို ကြားလိုက်တော့ သူပိုပြီးတော့တောင် စိုးရိမ်လာပြီးတော့ ချက်ချင်းထထိုင်လိုက်တယ်။
ညအချိန်တွင်အခုက အေးလာနေပြီဖြစ်တယ်။ လျိုထုံလှုပ်ရှားလိုက်တာနဲ့ လေအေးတွေက အထဲကိုဝင်လာတယ်။ ရှုရန်လည်းပဲ အအေးဓာတ်ကြောင့် ခိုက်ခိုက်တုန်သွားတယ်။ သူထို့နောက် ထထိုင်လိုက်ပြီးတော့ လျိုထုံကို သူ့လက်မောင်းတွေထဲ ပွေ့ဖက်လိုက်တယ်။ "ကောင်းပြီ။ ကောင်းပြီ။ မစိုးရိမ်ပါနဲ့။ ကိုယ်မင်းကိုအခု မစတော့ပါဘူး။ ကိုယ်တို့တခြားဟာတစ်ခုခု လုပ်ရအောင်။"
အဲ့လိုပြောရင်း ရှုရန်က သူ့လက်မောင်းတွေကြားထဲမှာရှိတဲ့ လျိုထုံနဲ့အတူ အိပ်ရာပေါ်ကို လှဲချလိုက်တယ်။ ပြီးနောက် သူတို့နှစ်ယောက်အောက်မှာရှိတဲ့ သစ်သားကုတင်က စတင်ပြီး တကျွီကျွီမြည်လာတယ်။
လျိုထုံက နောက်တစ်နေ့အာရုဏ်တက်ချိန်တွင် နိုးလာခဲ့တယ်။ မနေ့ညက ရှုရန်အများကြီးမလှုပ်ရှားခဲ့ပါဘူး။ အဲ့ဒါကြောင့် လျိုထုံကဒီနေ့မှာ အရမ်းမပင်ပန်းပါဘူး။ ပုံမှန်အားဖြင့်ဆိုရင် သူကရှုရန်ထက် ပိုသန်မာတယ်လေ။
မနက်စာအဆင်သင့်ဖြစ်ပြီးနောက် လျိုထုံက အစာခြောက်တွေအားလုံးကို ထုပ်ပိုးလိုက်တယ်။ မနေ့တုန်းက သူတို့တွေ သူတို့နဲ့အတူယူဆောင်သွားမဲ့ ခြင်းတောင်းနဲ့အိတ်တွေကို ပြင်ဆင်ထားပြီးပြီဖြစ်တယ်။ ဒီအချိန်မှာ လျိုထုံက အိမ်အတွင်းအပြင်နေရာအားလုံးကို စစ်ဆေးနေတယ်။ အာရုဏ်တက်ချိန်ကုန်သွားတော့ သူကမနက်စာစားဖို့အတွက် ရှုရန်ကိုသွားနှိုးတော့တယ်။
မနက်စာစားပြီးနောက် သူတို့တွေသူတို့နောက်ကျောပေါ်မှာ ခြင်းတောင်းတွေကိုသယ်ရင်း စတင်ထွက်တော့တယ်။ လျိုထုံက လေး၊ မြားနဲ့တောခုတ်ဓားတွေလိုမျိုး ကိရိယာအချို့ကိုလည်း ယူဆောင်လာခဲ့တယ်။ ပထမတုန်းကတော့ သူတို့တွေတောင်ပေါ်မှာ ချမ်းအေးတဲ့ညကို ဖြတ်သန်းရတော့မှာဖြစ်လို့ သူက ဂွမ်းကပ်အိပ်ရာတစ်ခုကိုလည်း ယူဆောင်လာချင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့အဲ့လိုဆိုရင် သူတို့ပြန်ဆင်းလာတဲ့အချိန်ကျရင် သယ်စရာပစ္စည်းတွေ အရမ်းများနေမယ်လို့ စဉ်းစားမိတာကြောင့် သူသူတို့နဲ့အတူတူ အဝတ်ထူထူနှစ်ထည်ကိုပဲ ယူဆောင်လာခဲ့တော့တယ်။ ညအချိန်မှာ နွေးထွေးစေဖို့အတွက် သူတို့တွေ မီးပုံတစ်ခုမွှေးလို့ရတယ်လို့ သူတို့နှစ်ယောက်စလုံး တွေးထားကြတယ်။
တောင်တစ်တောင်အပေါ်မှာမှီခိုပြီး ဒီလိုမျိုးတောင်ပေါ်မှာ နေထိုင်တာက ပြောစကားတစ်ခုမျှသာ မဟုတ်ဘူးဆိုတဲ့ ဆိုရိုးစကားတစ်ခွန်းရှိတယ်လေ။ သို့သော်လည်း တောင်အပြင်ဘက်မှာ နေထိုင်ရတာက ပိုပြီးလွယ်ကူတယ်။ ဒါပေမဲ့လူတွေက မကြာခဏ တောင်ပေါ်ရောက်လာကြတာမို့ အသင့်စားသုံးလို့ရတဲ့ အရာအများစုက ယူဆောင်သွားခံရပြီးပြီဖြစ်တယ်။ သူတို့တွေ ဘယ်သူ့မှမသွားဖူးသေးတဲ့ အသင့်စားလို့ရတဲ့အရာတွေ ပိုပြီးတော့ရနိုင်တဲ့နေရာဖြစ်တဲ့ ပိုမြင့်ပြီးပိုနက်ရှိုင်းတဲ့ တောင်အတွင်းပိုင်းထဲကို ဝင်ရောက်ရုံသာ တတ်နိုင်တော့တယ်။
ပြောစရာမလိုပဲနဲ့ကို သူတို့တွေဒီနေရာမှာ အာလူးတွေကိုရှာဖွေနိုင်တယ်။ အာလူးပင်တွေရဲ့အရွက်တွေက အခုချိန်မှာ ညိုးခြောက်နေပေမဲ့လည်း ရှုရန်သူတို့တွေအများကြီးကို မြင်နေရသေးတုန်းပဲ။ ဒီနေရာမှာ ဆေးဖက်ဝင်အပင်တွေ အများကြီးလည်း ရှိတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုလို့ရတဲ့ ငရုပ်ကောင်းတွေလည်းပဲရှိတယ်။
ဒါတွေအားလုံးကိုမြင်လိုက်ရတော့ ရှုရန်အရမ်းစိတ်လှုပ်ရှားသွားတယ်။ သူချက်ချင်းပဲ စကောက်ချင်လာမိတယ်။ သို့သော်လည်း လျိုထုံကသူ့ကို သူတို့ပြန်ရောက်လာတဲ့ အချိန်ကျမှ ခူးလို့ရတယ်လို့ သတိပေးလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ် သူတို့မှာ ဒါတွေကိုခူးထည့်ဖို့ ဘာတစ်ခုမှမရှိသေးဘူး။
ရှုရန်ကထောက်ခံလိုက်ပြီးတော့ တောင်ရဲ့အတွင်းပိုင်းအထဲကိုဝင်ဖို့ ကျိုးကျိုးနွံနွံနဲ့ပဲ လျိုထုံအနောက်ကနေ လိုက်လာခဲ့တော့တယ်။ လမ်းတစ်လျှောက်တွင် သူတို့တွေရစ်ငှက်နဲ့ တောယုန်အမြောက်အမြားကို တွေ့ခဲ့ရတယ်။ လျိုထုံလည်းပဲ သူတို့အမြောက်အမြားကို အမဲလိုက်ခဲ့တယ်။ အဲ့ဒါကြောင့်ပဲ သူတို့ဗိုက်ဆာတဲ့အချိန်ကျရင် သူတို့တွေ အသားကင်လုပ်စားလို့ရတယ်။
ရှုရန်တစ်ယောက် တောင်တစ်ခုလုံးကို အနီရောင်တွေနဲ့အပြည့် လွှမ်းခြုံထားတာကိုပဲမြင်ရတဲ့ ကြီးမားကျယ်ပြန့်တဲ့နေရာတစ်ခုကို မရောက်ခင်အချိန်အထိ လျိုထုံကရှုရန်ကို ဦးဆောင်ပြီးခေါ်လာခဲ့တယ်။