Please scroll down for Zawgyi.
အပိုင်း ၈၅။ လောင်းကြေး
ဆူဆူညံညံအသံတွေကြား ဖုန့်ရှီရဲ့ ပူဆွေးဝမ်းနဲငိုကြွေးသံကို မကြားနိုင်ပေ။
ပုံဆင်းသဏ္ဍာန်အနည်းငယ်က ဖုန့်ရှီကို ဘယ်သူမှ သူတို့ကို သတိမထားမိလောက်တဲ့ ထောင့်တစ်နေရာဆီ ဆွဲခေါ်သွားတော့တယ်။ သူတို့ထဲက အရပ်အရှည်ဆုံးဖြစ်တဲ့ အမွှေးမဲ့ကြက်က သူ့တောင်ပံကို ဖြန့်လိုက်ပြီး အုပ်ထိန်းသူတစ်ယောက်လို ဝန်းကျင်ကို ကြည့်လိုက်ရင်း သံသယဖြစ်စရာ မျက်လုံးတို့ကို ပိတ်ဆို့ ကာဆီးလိုက်သည်။
စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ကတော့ ဖုန့်ရှီကို ထောင့်ဆီ ဆွဲခေါ်သွားကြသူတွေဖြစ်ကာ ငပျင်းစာအုပ်နတ်ဘုရားက သူ့သဘောထား ရုတ်တရက် ပြောင်းသွားပြီး ဖုန့်ရှီကို အလေးအနက် စိမ်းစိမ်းကြည့်လိုက်တာကြောင့် တဖက်လူခမျာ ချက်ချင်းပဲ အတွင်းထဲကနေကို အကြောက်တရားတို့ လှိုက်တက်လာသည်။ ထို့နောက် စာအုပ်နတ်ဘုရားက ဖုန့်ရှီရဲ့ မျက်လုံးကို တည့်တည့် ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်၊ "သခင်၊ ဒါကို မှတ်ထား၊ သခင် ကမ္ဘာ့သစ်သီးလိုမျိုး တန်ဖိုးရှိတဲ့အရာမျိုးကို တွေ့ကရာနေရာ လျောက်ထုတ်လို့မရဘူး။ မကောင်းတဲ့စိတ်ထားရည်ရွယ်ချက် ရှိနေတဲ့တစ်စုံတစ်ယောက်ကသာ သခင့်ကို ပစ်မှတ်ထားလိုက်မယ်ဆိုရင် သခင် အဆုံးမရှိတဲ့ဒုက္ခတွေ ကြုံတွေ့ရမှာ။"
"အဲ့လောက် အရေးကြီးလို့လား?" အဲ့တာကို ကြားတော့ ဖုန့်ရှီက သူ့နှလုံးသားလေး အနည်းငယ် တုန်ရီသွားသလို ခံစားလိုက်ရသည်။
"ဟုတ်တာပေါ့၊ ဒီသစ်သီးကို ဥနီသီး (မုန်လာဥနီ) လို ထင်နေတာလား?" စာအုပ်နတ်ဘုရားက ဖုန့်ရှီကို မျက်လုံးလှန်ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"..." စာအုပ်နတ်ဘုရားက တကယ်မှန်နေတာကြောင့် ဖုန့်ရှီ ဘာမှမပြောနိုင်ချေ။
ဖုန့်ရှီရဲ့ တုန့်ပြန်မှုကို မြင်လိုက်ရတော့ စာအုပ်နတ်ဘုရားက သူ့မေးရိုး မြေကြီးပေါ် ပြုတ်ကျသွားလုမတတ် ဖြစ်သွားရပြီး တွေးလိုက်သည်၊ 'သခင်က တကယ်ကို အဲ့လိုထင်နေတာလား?' အဲ့နောက်မှာတော့ သူ ဖုန့်ရှီကို တကယ်ကို ရိုက်နှက်ပြီး နားရွက်ဆွဲ သင်ကြားပို့ချလိုက်ချင်တော့တယ်။
"သခင်၊ သစ်သီးကို ဘယ်ချိန်ပဲဖြစ်ဖြစ် စိတ်ကူးပေါက်သလို လျောက်မထုတ်ဖို့ သခင်မှတ်ထားရမယ်။ သိလား၊ သခင့်သစ်သားလက်စွပ်ထဲက သစ်သီးတစ်လုံးက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ကို မွှေ့ယမ်းပစ်ဖို့ လုံလောက်နေတယ်။ အဲ့လိုဆို ကျွမ်းကျင်သူပညာရှင်တွေက သခင့်ဆီကနေ သစ်သီးကို ခိုးယူချင်လာကြလိမ့်မယ်။ တွေးကြည့်၊ သခင့်သစ်သားလက်စွပ်ထဲက သစ်သီးတွေကို လူအများကြီးက လိုချင်မျက်စိ ကျလာကြမယ်ဆိုရင် သခင် မကြောက်ဘူးလား?"
"ကြောက်ဖို့ ကောင်းသလိုပဲ။" ဖုန့်ရှီက သူ့မေးစေ့ကို ပွတ်လိုက်ရင်း အဲ့လူတွေ သူတို့ရဲ့ နက်မှောင်နေတဲ့မျက်လုံးတွေက သူ့ဆီ ရစ်ဝဲနေတဲ့ပုံကို ပုံဖော်ကြည့်လိုက်သည်။ အဲ့နောက်မှာတော့ သူ ကြောက်လန့်မသွားဘဲ မနေနိုင်တော့ချေ။ ဒါပေမဲ့ သူ နောက်အရေးကြီးတဲ့ တစ်ခုကို ချက်ချင်း သတိရသွားသည်၊ "ဒါပေမဲ့ ငါ သစ်သီးတွေ မသုံးဘူးဆိုရင် လောင်းကြေးထပ်ဖို့ ငါ ဘာကို သုံးနိုင်သေးလို့လဲ?"
"အာ..." စာအုပ်နတ်ဘုရားခမျာ စကားလုံးတို့ ကုန်ဆုံးသွားရကာ အဆုံးမတော့ သူက ကူညီချင်နေရင်တောင်မှ ဖုန့်ရှီကို သလင်းတွေ ဘာတွေနဲ့ မကူညီပေးနိုင်ဘူးလေ။
'မင်းတို့ကောင်တွေ အရေးရယ်အကြောင်းရယ်ဆို အမြဲ အသုံးမဝင်ဘူး။' အဲ့တာကို တွေးမိတော့ ဖုန့်ရှီ သူတို့နဲ့ စကားဆက်မပြောတော့ဘဲ သူ့သစ်သားလက်စွပ်ထဲ မွှေနှောက်ရှာဖွေလိုက်ကာ လောင်းကြေးထပ်နိုင်စရာ ဘာများ ရှိလောက်မလဲ စစ်ဆေးလိုက်သည်။ ဒါပေမဲ့ လက်စွပ်ထဲမှာ အစိမ်းရောင် သစ်သီးတွေနဲ့ချည်းပဲ အပုံလိုက် ရှိနေတာကြောင့် အဲ့တော့မှပဲ သူစုဆောင်းထားတာတွေက အရမ်းနည်းပါးနေတယ်ဆိုတာ သူ သိရှိသွားတော့၏။
ဖုန့်ရှီ မျက်နှာပေါ်က ရှုပ်ထွေးနေတဲ့ အမူအယာကို မြင်တော့ စာအုပ်နတ်ဘုရားက ပါးစပ်ကို ပိတ်လိုက်ပြီး ခပ်လှမ်းလှမ်းကို ရွှေ့သွားလိုက်သည်။ အခုတော့ သူ့တကိုယ်ရည်အတွက်ပဲ သူ ကယ်ချင်တော့တယ်။
ဒါပေမဲ့ ဖုန့်ရှီရဲ့ အဖော်တွေအားလုံးက သူ့ဆီကနေ အကွာအဝေးတစ်ခု ထိန်းထားပြီး အနားမကပ်ဘဲ နေနေကြတဲ့အချိန်မှာ သူ မျှော်လင့်ချက်အလင်းရောင်လေး မြင်လိုက်ရသလို ပျော်ရွှင်သွားတဲ့ အမူအယာက သူ့မျက်နှာထက် ပေါ်လာပြီးနောက် သူ့လက်ထဲ နို့ဖြူရောင် ကျောက်တုံးတစ်တုံး ထွက်ပေါ်လာသည်။
ဒီကျောက်တုံးက သူ နဂါးပျံပွဲကြည့်ရုံကို သွားတုန်းကတွေ့တဲ့ လူစိမ်းတစ်ယောက်စီကနေ သူခိုးထားခြင်းပင်။ ကျောက်တုံကို ထိကိုင်လိုက်တော့ နွေးထွေးမှုတို့ သူ့လက်ထဲ ချက်ချင်း ပို့လွှတ်ခံလိုက်ရတာကို ခံစားမိလိုက်ရတဲ့အတွက် ဒါဟာ သာမာန်ကျောက်တုံးတစ်တုံး မဟုတ်ဘဲ လောင်းကြေးအတွက် သုံးနိုင်လောက်တယ်လို့ သူ ယူဆလိုက်တယ်!
ဖုန့်ရှီ ခံစားချက်လေးတွေ ကောင်းနေသလို စာအုပ်နတ်ဘုရားက ကျောက်တုံးကို ကြည့်လိုက်ကာ အော်လိုက်တော့သည်၊ "သခင်၊ အဲ့တာ ဘယ်ကနေ ရလာခဲ့တာလဲ?"
"စာရူး၊ ဒီကျောက်တုံးကို လောင်းကြေးအဖြစ် သုံးလို့ရမယ်လို့ မင်းထင်သလား?" ဖုန့်ရှီက အဲ့မေးခွန်းကို မဖြေဘဲ အဆိုပါကျောက်တုံးကို စာအုပ်နတ်ဘုရားဆီ အနီးကပ် ယူသွားပြလိုက်သည်။
စာအုပ်နတ်ဘုရားက ရှေးဟောင်းသုတေသီတစ်ယောက်လို မေးစေ့ပွတ်ရင်း ကျောက်တုံးကို အနီးကပ်ကြည့်ဖို့ အနားကပ်လာပြီး အချိန်အနည်းငယ်ကြာတော့ သူ့ခေါင်းကို ပင့်မော့လိုက်ကာ ပြောလိုက်သည်၊ "ဟုတ်တယ်၊ ဒီကျောက်တုံးက သာမာန်ပစ္စည်းနဲ့တော့ မတူဘူး။ အရမ်းကြီး အဖိုးမတန်ပေမဲ့ သလင်းနီ အပိုင်းအစ အနည်းငယ်တော့ တန်လောက်တယ်။"
"အနည်းငယ်ပဲလား? ကောင်းပြီလေ၊ အဲ့တာနဲ့ ငါလုပ်လိုက်မယ်။"
ဖုန့်ရှီနှင့် သူ့အဖော်တို့ သဘောတူညီမှု ရရှိကြပြီးနောက် ရင်ပြင်မှာ သူတို့ ထပ်မံ ထွက်ပေါ်လာ၏။ အလောင်းအစား လုပ်တဲ့နေရာက အရမ်းကို လူသိများနေကာ အခြေအနေတွေကလည်း ပိုလို့တောင် ပရမ်းပတာ ဖြစ်နေပြီး ပိုပိုများလာတဲ့ လူတွေက လောင်းကြေးထပ်ဖို့ ရောက်လာကာ ပြည့်ကျပ်နေတော့သည်။
ဖုန့်ရှီနဲ့ သူ့အဖော်တို့အတွက်ကတော့ ဝင်ဖို့ အလွန်ကို ခက်နေပေမဲ့ လောင်းကစားမှာပါတဲ့ ရွေးချယ်လို့ရမယ့် စာရင်းကို ကြည့်လိုက်တော့ သူ့မျက်နှာပေါ်က ပျော်ရွင်နေတဲ့ အမူအယာက ချက်ချင်းပဲ ပျောက်ကွယ်သွားတော့သည်။ သူ့အဖော်တွေ ကြောင်နေစဉ်မှာပဲ သူက စားပွဲကို အားပြင်းပြင်း ရိုက်လိုက်တာကြောင့် သူ့ဘေးနားကလူတွေ လန့်သွားကြပြီး မှတ်တမ်းရေးသွင်းနေတဲ့ ဝန်ထမ်းကလည်း ငြိမ်ကျသွားတော့သည်။
"ရွေးချယ်ဖို့ တစ်ခုကို မင်း ဘုတ်ပေါ် ရေးဖို့ ဘာလို့ မေ့သွားတာလဲ?" ဝန်ထမ်းက သူ့ကို ကြည့်နေတာကို မြင်လိုက်တော့ ဖုန့်ရှီက တကယ်ဒေါသထွက်နေတဲ့အတွက် သိပ်မတည်ငြိမ်တဲ့အသံနဲ့ ချက်ချင်းပဲ သူ့သံသယကို ပြောလိုက်တယ်။
ဝန်ထမ်းက ဘုတ်ကို ဖျက်ကနဲ ကြည့်လိုက်ပြီး စိတ်မပါ့တပါ ပြောလိုက်တယ်၊ "ဘာရွေးချယ်စရာကိုမှ မေ့မကျန်ခဲ့ပါဘူး။ ဒါ ရွေးချယ်လို့ရတာတွေ အကုန်ပဲ။ မင်း လောင်းကြေးထပ်ချင်တယ်ဆို မြန်မြန်လုပ်။ နောက်မှာ စောင့်နေတဲ့သူတွေ အများကြီးပဲ!"
"ဒါ ရွေးချယ်စရာအကုန်ပဲဆိုတာ ဘာကိုပြောတာလဲ? တက်ရောက်သူတစ်ယောက်ကို မင်းရေးဖို့ မေ့နေတယ်လေ! ပထမနေရာအတွက် ဖြေဆိုသူက ဘာလို့ နှစ်ယောက်ထဲ ဖြစ်နေရတာလဲ? နောက်တစ်ယောက် ထပ်ထည့်ဖို့ ကျန်နေသေးတယ်လေ?" သူ့နာမည် ဘုတ်အပေါ်မှာ လုံးဝမပါတဲ့အတွက် ဖုန့်ရှီက ဝန်ထမ်ကို စိတ်ဆိုးမာန်ဆိုး ဟောက်လိုက်သည်။
"နောက်တစ်ယောက်?" ဝန်ထမ်က တကယ်ပဲ လန့်သွားပေမဲ့ သူ ချက်ချင်းပဲ တွေးမိသွားကာ၊ "မင်းဆိုလိုတာက ဖုန့်ရှီလို့ခေါ်တဲ့ ဖျက်မြင်း (မထင်ထားဘဲ ထူးချွန်နေသူ) တစ်ယောက်ကိုလား၊ ဟုတ်လား? သူက နတ်ဘုရားဘုရင်နယ်ပယ် အဆင့်တစ်ထဲမှာ တကယ် အစွမ်းရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပဲဆိုပေမဲ့ သူ့ကျင့်ကြံဆင့်က အခြားဖြေဆိုသူ နှစ်ဦးနဲ့ မယှဉ်နိုင်ဘူး။ သူ့မှာ သူတော်စင်နယ်ပယ်ဆင့် မိစ္ဆာသားရဲတစ်ကောင် ရှိတယ်ဆိုရင်တောင်မှ အခြားနှစ်ယောက်မှာလဲ ရှိတယ်လေ။ သူ အနိုင်ရနိုင်ချေက အရမ်းနည်းတယ်။ ဒါ့ကြောင့် ကုန်သည်ကြီးများအသင်းက သူ့ကို အလောင်းအစား ရွေးချယ်နိုင်မယ့်စာရင်းထဲကနေ ထုတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တာ"
"မင်း..."
ဖုန့်ရှီက ဆဲမိတော့ခါနီးမှာပဲ စာအုပ်နတ်ဘုရားက သူ့ကို တားလိုက်ကာ သူ့နားရွက်နား ပျံသန်းလာပြီး တီးတိုးပြောလိုက်သည်။
"သခင်၊ ဒါ ကောင်းတာပဲ။ သူတို့က သခင့်ရဲ့ ကျင့်ကြံမှုအဆင့် အစစ်အမှန်ကို သိမထားကြဘူး၊ ဘယ်သူကမှ သခင့်ကို လောင်းကြေးထပ်ကြမှာမဟုတ်ဘူး။ ဒီလိုမျိုးမှာ သခင်က သခင့်ကိုယ်သခင် လောင်းကြေးပြန်ထပ်နိုင်တယ်။ ကြည့်၊ လောင်းကစားမှာလည်း စည်းမျဉ်းစည်းကမ်းချက်တွေ ရှိတယ်။ အကြမ်းဖျင်း ပြောရမယ်ဆိုရင် လောင်းကြေးထပ်သူ နည်းလေလေ၊ ပြန်ရရင် များလေလေပဲ။ လောင်းကြေး တက်နေတာတွေအရ ပြန်ရရင် တစ်သိန်းချိုး တစ်ချိုး ဖြစ်နိုင်တယ်!" စာအုပ်နတ်ဘုရားက အခိုင်အမာ ဆိုလိုက်သည်။
"ဝိုး၊ တကယ်?" ဖုန့်ရှီ၏ မျက်လုံးတို့ ချက်ချင်းပင် တောက်ပလာသည်။
တစ်သိန်းချိုး တစ်ချိုး၊ (အဆတစ်သိန်း)။ ဒါဆို သူ့မှာရှိတဲ့ သလင်းနီအပိုင်းအစ အနည်းငယ်က သောင်းကဏာန်း ဖြစ်လာလိမ့်မယ်!
"ကျွန်တော့ကိုယုံ။ ကျွန်တော် ဘယ်တော့မှ သခင့်ကို မညာဘူး!" စာအုပ်နတ်ဘုရားက သူ့ရင်ကို သူ ပုတ်ရင်း အာမခံလိုက်၏။
"ကောင်းပြီ။ မင်းတို့ ဘယ်သူမှ စကားမပြောကြနဲ့" ဖုန့်ရှီ၏ မည်းမှောင်နေသော မျက်နှာမှာ တမဟုတ်ချင်းပင် ဝင်းပပျော်ရွှင်လာသည်။ အဲ့အချိန်မှာတော့ သူ ဒီကို လောင်းကစားလုပ်ဖို့လာတာမဟုတ်ဘဲ ပြိုင်ပွဲ တက်ရောက်ဖို့ လာတာဆိုတာ လုံးဝ မေ့နေချေပြီ။
ထို့နောက် ဖုန့်ရှီက ဝန်ထမ်းဆီ တွန်းတိုးသွားလိုက်ကာ သူ့ကျောက်တုံးကို ချလိုက်ပြီး ပြောလိုက်သည်၊ "ငါ ဒါကို လောင်းကြေးအနေနဲ့ သုံးချင်တယ်။ ငါ ဖုန့်ရှီက ပထမနေရာ ရလိမ့်မယ်လို့ လောင်းမယ်။"
အခြားသူများက ရုတ်တရက် ရယ်ပွဲဖွဲ့သွားကြပြီး ဖုန့်ရှီ၏ မသိနားမလည်မှုကို လှောင်လိုက်ကြပုံပင်။
ဝန်ထမ်းက ဖုန့်ရှီကို တစ်ချက်ကြည့်လိုက်ပြီး ကျောက်တုံးကို ကြည့်လိုက်ပြန်၏။ ပြီးနောက် ပြောနေကြအတိုင်း ပြောလိုက်သည်၊ "ဒါဆို ဒီလမ်းကနေသွားပြီး ကျောက်တုံးကို အရင်ဆုံး အကဲသွားဖြတ်လိုက်။ ပြီးရင် ငါ့ဆီပြန်လာလို့ရပြီ။"
စာအုပ်နတ်ဘုရာက သူ့ကို အရင် ရှင်းပြပြီး ဖြစ်တဲ့အတွက် ဖုန့်ရှီက အဲ့လိုလုပ်ရမှာကို သိပြီးဖြစ်သည်။ ထို့ကြောင့် ကန့်ကွက်ခြင်းမရှိဘဲ ချက်ချင်းပဲ ပြေးသွားလိုက်တော့သည်။ ကုန်သည်ကြီးများအသင်းက ရတနာတွေ တန်ဖိုးဖြတ်ဖို့ ကျွမ်းကျင်အထူးပြုဝန်ထမ်းတစ်ဦး ခန့်အပ်ထားမှာဖြစ်သည်။ သူတို့ရဲ့ အဖိုးတန် ရတနာပစ္စည်းတွေကို လောင်းကြေးထပ်ကြသူတွေ သိပ်များများမရှိတဲ့အတွက် အကဲဖြတ်ခန်းက လူအုံမနေပေ။ ထို့ကြောင့် ဖုန့်ရှီတစ်ယောက် ရှေ့ဆုံးရောက်ဖို့ အချိန် သိပ်မကြာလိုက်ချေ။ အကျိုးဆက်အနေဖြင့် စာအုပ်နတ်ဘုရား တွက်လိုက်တဲ့ ကျောက်တုံးတန်ဖိုးက မှန်နေသည်ပင်။ တန်ဖိုးကြီး ပစ္စည်းအချို့အစား အဆိပ်ငွေ့ကိုသာ ထုတ်လွှတ်နိုင်တဲ့ ကျောက်တုံးတစ်တုံးပဲဖြစ်တဲ့အတွက် သလင်းနီ အပိုင်းအစ ခြောက်ခုသာ တန်ကြေးရှိ၏။
ဖုန့်ရှီ၏အမြင်တွင်တော့ သလင်းနီ အပိုင်းအစ ခြောက်ခုဆိုတာ အလွန့်အလွန်ကို နည်းလွန်းပေမဲ့ ခြောက်ခုက ခြောက်သိန်း ဖြစ်လာနိုင်တာကို တွေးမိတော့ စိတ်လှုပ်ရှားမှုတို့ လွှမ်းခြုံသွားရတော့သည်။ ထို့နောက် သူက ပြန်ပြေးသွားလိုက်ပြီး ချက်ချင်းပင် လောင်းလိုက်တော့သည်။
ဝန်ထမ်းက လုပ်ထုံးလုပ်နည်းတို့ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ ဘုတ်ပေါ်တွင် အလောင်းအစား ရွေးချယ်စရာတစ်ခု အသစ်တိုးလာပြီး အဲ့အသစ်တွင် ဖုန့်ရှီတစ်ယောက်တည်းသာ လောင်းကြေးထပ်ထားခြင်းဖြစ်သည်။
ဖုန်ံရှီ တစ်ခုခု မပြောနိုင်ခင်မှာပင် လူအုပ်ကြီးက ချက်ချင်းပင် အုန်းအုန်းထအောင် ရယ်လိုက်ကြကာ လူအားလုံးက ကဲ့ရဲ့စကားတို့ ရေရွတ်လိုက်သည်၊
"အိုး၊ အဲ့ကောင်ငယ်လေးပေါ် တစ်စုံတစ်ယောက်က တကယ်ပဲ လောင်းလိုက်တယ်ပေါ့။ ငါ မြင်လိုက်တာ မှားသွာလား?"
"မင်း မှားသွားတယ် ဆိုရင်တောင်မှ ငါလည်းပဲ တူတူပဲ။ ဒီလောကကြီးမှာ ဘာမှ မထူးဆန်းတော့ဘူး!'
"ဟားဟား၊ လောင်းလိုက်တဲ့တစ်ယောက်က စိတ်လွတ်နေတာဖြစ်ရမယ်။ အဲ့ကောင်လေးက အစွမ်းရှိပေမဲ့ Carendra နဲ့ မင်းဟေးယွီတို့နဲ့တော့ ပြိုင်ဖက်မဟုတ်ဘူး။ သူ့မှာ သူတော်စင်နယ်ပယ်ဆင့် မိစ္ဆာသားရဲတစ်ကောင် ရှိပေမဲ့ ဘာမှမဟုတ်ပါဘူး။ Carendra နဲ့ မင်းဟေးယွီတို့ မိသားစု နှစ်စုစလုံးက အရင်းမြစ်က အဆုံးမရှိ ပြည့်စုံကြတဲ့အတွက် သူတို့မှာ သူတော်စင်နယ်ပယ်ဆင့် မိစ္ဆာသားရဲကို ကိုင်တွယ်ဖို့နည်းလမ်းအများကြီး သေချာပေါက် ရှိကြမှာပဲ။ နတ်ဘုရားဘုရင်နယ်ပယ်ဆင့် ပထမအဆင့် ကျင့်ကြံသူတစ်ယောက်မှာ အနိုင်ရနိုင်မယ့်အခွင့်အလမ်း မရှိဘူး!"
"ဒါဆို ငတုံးတစ်ကောင်ပဲ ကောင်လေးအပေါ် လောင်းကြေးပုံမှာပေါ့။"
...
အဲ့လူတွေက လူကြားထဲ အချင်းချင်း စကားလက်ဆုံ ကျနေကြတာပေမဲ့ သူတို့က တကယ်တော့ ဖုန့်ရှီကို လှောင်နေကြတာပဲဖြစ်သည်။ သူတို့လည်း ဖုန့်ရှီနဲ့ ဝန်ထမ်းတို့ အခုလေးတင် ပြောနေတာကို ကြားပြီးဖြစ်တဲ့အတွက် သူတို့ဘေး ရပ်နေတဲ့ ကောင်လေးက ဖုန့်ရှီအပေါ် လောင်းကြေးပုံတဲ့သူဆိုတာကို သူတို့ သတိပြုမိကြသည့်အပြင် သူတို့က ဒီကို လောင်းကစားလုပ်ဖို့ လာတာဖြစ်တဲ့အတွက် သူတို့ရှေ့က ကောင်လေးက ဖုန့်ရှီဆိုတာကို သူတို့ လုံးဝ သိမနေပေ။ ဖုန့်ရှီက ထိလွယ်ရှလွယ် အားနည်းတဲ့ ကောင်ငယ်လေးတစ်ယောက်ဖြစ်တဲ့အတွက် အဲ့လူတွေက သူ့ကို အတူတူ ဝိုင်း အနိုင်ကျင့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
"မင်းတို့ကောင်တွေ ငတုံးအစစ်တွေပဲ။ အရူး၊ မျက်ကန်းခွေး!" ဖုန့်ရှီက ဒေါသနဲ့ ခုန်လိုက်ပြီး သူ့ကို လှောင်ခဲ့ကြတဲ့ အဆိုပါလူတွေကို လက်ညှိုးထိုးကာ ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်သည်။
"ကောင်စုတ်လေး၊ မင်း ပြောရဲ ထပ်ပြောစမ်း။" လူငယ်က ဖုန့်ရှီကို စိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။
"ဟမ့်၊ ငါက ခုပြောလိုက်တဲ့တစ်ယောက်ကိုပဲ ကျိန်ဆဲတာ။" ဖုန့်ရှီက ဦးမော့ကာ လူငယ်ကို အကြောက်အရွံ့မဲ့ စိုက်ကြည့်လိုက်၏။ ဖုန့်ရှီက အဲ့လူတွေထက် ပုနေသော်လည်း သူတို့ကို သူ လုံးဝမကြောက်ပေ။
"စောက်ကလေး၊ သေချင်နေပြီလား?!" အဲ့လိုပြောပြီး လူငယ်က ဖုန့်ရှီထံ လက်သီးတစ်ချက် ချက်ချင်း ကျွေးလိုက်၏။
ရုတ်တရက် လူအုပ်ထဲမှ စူးစူးဝါးဝါး ရယ်သံတစ်ခု ထွက်လာသည်။ ဒါပေမဲ့ လူတိုင်းကို တကယ် အံ့အားသင့်သွားစေတာကတော့ သူတို့ ကြားလိုက်ရတဲ့ ဟာသတစ်ခုပင်၊
"ဟေး၊ အဲ့တာ မနေ့က ထူးကဲတဲ့ ဖျက်မြင်းကောင်လေးမှတ်လား? သူ့ကိုယ်သူ လောင်းကြေးပုံမယ့်သူ ရှိမယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး။ အရှက် တော်တော်မရှိတာပဲ။ မင်း ပြိုင်ပွဲကနေ နှုတ်ထွက်ပြီး 'ဘယ်သူ အရှက်မဲ့ဆုံးကောင်လဲ' ဆိုတဲ့ ပြိုင်ပွဲကို တက်သင့်တာ။"
20211118; 2130
—————————— Zawgyi —————————
အပိုင္း ၈၅။ ေလာင္းေၾကး
ဆူဆူညံညံအသံေတြၾကား ဖုန္႔ရွီရဲ့ ပူေဆြးဝမ္းနဲငိုေႂကြးသံကို မၾကားနိုင္ေပ။
ပုံဆင္းသ႑ာန္အနည္းငယ္က ဖုန္႔ရွီကို ဘယ္သူမွ သူတို႔ကို သတိမထားမိေလာက္တဲ့ ေထာင့္တစ္ေနရာဆီ ဆြဲေခၚသြားေတာ့တယ္။ သူတို႔ထဲက အရပ္အရွည္ဆုံးျဖစ္တဲ့ အေမႊးမဲ့ၾကက္က သူ႔ေတာင္ပံကို ျဖန္႔လိုက္ၿပီး အုပ္ထိန္းသူတစ္ေယာက္လို ဝန္းက်င္ကို ၾကည့္လိုက္ရင္း သံသယျဖစ္စရာ မ်က္လုံးတို႔ကို ပိတ္ဆို႔ ကာဆီးလိုက္သည္။
စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ကေတာ့ ဖုန႔္ရွီကို ေထာင့္ဆီ ဆြဲေခၚသြားၾကသူေတြျဖစ္ကာ ငပ်င္းစာအုပ္နတ္ဘုရားက သူ႔သေဘာထား ႐ုတ္တရက္ ေျပာင္းသြားၿပီး ဖုန္႔ရွီကို အေလးအနက္ စိမ္းစိမ္းၾကည့္လိုက္တာေၾကာင့္ တဖက္လူခမ်ာ ခ်က္ခ်င္းပဲ အတြင္းထဲကေနကို အေၾကာက္တရားတို႔ လွိုက္တက္လာသည္။ ထို႔ေနာက္ စာအုပ္နတ္ဘုရားက ဖုန္႔ရွီရဲ့ မ်က္လုံးကို တည့္တည့္ ၾကည့္လိုက္ၿပီး ျဖည္းညင္းစြာ ေျပာလိုက္သည္၊ "သခင္၊ ဒါကို မွတ္ထား၊ သခင္ ကမၻာ့သစ္သီးလိုမ်ိဳး တန္ဖိုးရွိတဲ့အရာမ်ိဳးကို ေတြ႕ကရာေနရာ ေလ်ာက္ထုတ္လို႔မရဘူး။ မေကာင္းတဲ့စိတ္ထားရည္ရြယ္ခ်က္ ရွိေနတဲ့တစ္စုံတစ္ေယာက္ကသာ သခင့္ကို ပစ္မွတ္ထားလိုက္မယ္ဆိုရင္ သခင္ အဆုံးမရွိတဲ့ဒုကၡေတြ ၾကဳံေတြ႕ရမွာ။"
"အဲ့ေလာက္ အေရးႀကီးလို႔လား?" အဲ့တာကို ၾကားေတာ့ ဖုန္႔ရွီက သူ႔ႏွလုံးသားေလး အနည္းငယ္ တုန္ရီသြားသလို ခံစားလိုက္ရသည္။
"ဟုတ္တာေပါ့၊ ဒီသစ္သီးကို ဥနီသီး (မုန္လာဥနီ) လို ထင္ေနတာလား?" စာအုပ္နတ္ဘုရားက ဖုန္႔ရွီကို မ်က္လုံးလွန္ၾကည့္လိုက္ၿပီး ေဒါသတႀကီး ေျပာလိုက္သည္။
"..." စာအုပ္နတ္ဘုရားက တကယ္မွန္ေနတာေၾကာင့္ ဖုန္႔ရွီ ဘာမွမေျပာနိုင္ေခ်။
ဖုန္႔ရွီရဲ့ တုန္႔ျပန္မွုကို ျမင္လိုက္ရေတာ့ စာအုပ္နတ္ဘုရားက သူ႔ေမးရိုး ေျမႀကီးေပၚ ျပဳတ္က်သြားလုမတတ္ ျဖစ္သြားရၿပီး ေတြးလိုက္သည္၊ 'သခင္က တကယ္ကို အဲ့လိုထင္ေနတာလား?' အဲ့ေနာက္မွာေတာ့ သူ ဖုန္႔ရွီကို တကယ္ကို ရိုက္ႏွက္ၿပီး နားရြက္ဆြဲ သင္ၾကားပို႔ခ်လိုက္ခ်င္ေတာ့တယ္။
"သခင္၊ သစ္သီးကို ဘယ္ခ်ိန္ပဲျဖစ္ျဖစ္ စိတ္ကူးေပါက္သလို ေလ်ာက္မထုတ္ဖို႔ သခင္မွတ္ထားရမယ္။ သိလား၊ သခင့္သစ္သားလက္စြပ္ထဲက သစ္သီးတစ္လုံးက နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္ကို ေမႊ႕ယမ္းပစ္ဖို႔ လုံေလာက္ေနတယ္။ အဲ့လိုဆို ကၽြမ္းက်င္သူပညာရွင္ေတြက သခင့္ဆီကေန သစ္သီးကို ခိုးယူခ်င္လာၾကလိမ့္မယ္။ ေတြးၾကည့္၊ သခင့္သစ္သားလက္စြပ္ထဲက သစ္သီးေတြကို လူအမ်ားႀကီးက လိုခ်င္မ်က္စိ က်လာၾကမယ္ဆိုရင္ သခင္ မေၾကာက္ဘူးလား?"
"ေၾကာက္ဖို႔ ေကာင္းသလိုပဲ။" ဖုန္႔ရွီက သူ႔ေမးေစ့ကို ပြတ္လိုက္ရင္း အဲ့လူေတြ သူတို႔ရဲ့ နက္ေမွာင္ေနတဲ့မ်က္လုံးေတြက သူ႔ဆီ ရစ္ဝဲေနတဲ့ပုံကို ပုံေဖာ္ၾကည့္လိုက္သည္။ အဲ့ေနာက္မွာေတာ့ သူ ေၾကာက္လန္႔မသြားဘဲ မေနနိုင္ေတာ့ေခ်။ ဒါေပမဲ့ သူ ေနာက္အေရးႀကီးတဲ့ တစ္ခုကို ခ်က္ခ်င္း သတိရသြားသည္၊ "ဒါေပမဲ့ ငါ သစ္သီးေတြ မသုံးဘူးဆိုရင္ ေလာင္းေၾကးထပ္ဖို႔ ငါ ဘာကို သုံးနိုင္ေသးလို႔လဲ?"
"အာ..." စာအုပ္နတ္ဘုရားခမ်ာ စကားလုံးတို႔ ကုန္ဆုံးသြားရကာ အဆုံးမေတာ့ သူက ကူညီခ်င္ေနရင္ေတာင္မွ ဖုန္႔ရွီကို သလင္းေတြ ဘာေတြနဲ႔ မကူညီေပးနိုင္ဘူးေလ။
'မင္းတို႔ေကာင္ေတြ အေရးရယ္အေၾကာင္းရယ္ဆို အျမဲ အသုံးမဝင္ဘူး။' အဲ့တာကို ေတြးမိေတာ့ ဖုန္႔ရွီ သူတို႔နဲ႔ စကားဆက္မေျပာေတာ့ဘဲ သူ႔သစ္သားလက္စြပ္ထဲ ေမႊေႏွာက္ရွာေဖြလိုက္ကာ ေလာင္းေၾကးထပ္နိုင္စရာ ဘာမ်ား ရွိေလာက္မလဲ စစ္ေဆးလိုက္သည္။ ဒါေပမဲ့ လက္စြပ္ထဲမွာ အစိမ္းေရာင္ သစ္သီးေတြနဲ႔ခ်ည္းပဲ အပုံလိုက္ ရွိေနတာေၾကာင့္ အဲ့ေတာ့မွပဲ သူစုေဆာင္းထားတာေတြက အရမ္းနည္းပါးေနတယ္ဆိုတာ သူ သိရွိသြားေတာ့၏။
ဖုန္႔ရွီ မ်က္ႏွာေပၚက ရွုပ္ေထြးေနတဲ့ အမူအယာကို ျမင္ေတာ့ စာအုပ္နတ္ဘုရားက ပါးစပ္ကို ပိတ္လိုက္ၿပီး ခပ္လွမ္းလွမ္းကို ေရႊ႕သြားလိုက္သည္။ အခုေတာ့ သူ႔တကိုယ္ရည္အတြက္ပဲ သူ ကယ္ခ်င္ေတာ့တယ္။
ဒါေပမဲ့ ဖုန္႔ရွီရဲ့ အေဖာ္ေတြအားလုံးက သူ႔ဆီကေန အကြာအေဝးတစ္ခု ထိန္းထားၿပီး အနားမကပ္ဘဲ ေနေနၾကတဲ့အခ်ိန္မွာ သူ ေမၽွာ္လင့္ခ်က္အလင္းေရာင္ေလး ျမင္လိုက္ရသလို ေပ်ာ္ရႊင္သြားတဲ့ အမူအယာက သူ႔မ်က္ႏွာထက္ ေပၚလာၿပီးေနာက္ သူ႔လက္ထဲ နို႔ျဖဴေရာင္ ေက်ာက္တုံးတစ္တုံး ထြက္ေပၚလာသည္။
ဒီေက်ာက္တုံးက သူ နဂါးပ်ံပြဲၾကည့္႐ုံကို သြားတုန္းကေတြ႕တဲ့ လူစိမ္းတစ္ေယာက္စီကေန သူခိုးထားျခင္းပင္။ ေက်ာက္တုံကို ထိကိုင္လိုက္ေတာ့ ေႏြးေထြးမွုတို႔ သူ႔လက္ထဲ ခ်က္ခ်င္း ပို႔လႊတ္ခံလိုက္ရတာကို ခံစားမိလိုက္ရတဲ့အတြက္ ဒါဟာ သာမာန္ေက်ာက္တုံးတစ္တုံး မဟုတ္ဘဲ ေလာင္းေၾကးအတြက္ သုံးနိုင္ေလာက္တယ္လို႔ သူ ယူဆလိုက္တယ္!
ဖုန္႔ရွီ ခံစားခ်က္ေလးေတြ ေကာင္းေနသလို စာအုပ္နတ္ဘုရားက ေက်ာက္တုံးကို ၾကည့္လိုက္ကာ ေအာ္လိုက္ေတာ့သည္၊ "သခင္၊ အဲ့တာ ဘယ္ကေန ရလာခဲ့တာလဲ?"
"စာ႐ူး၊ ဒီေက်ာက္တုံးကို ေလာင္းေၾကးအျဖစ္ သုံးလို႔ရမယ္လို႔ မင္းထင္သလား?" ဖုန႔္ရွီက အဲ့ေမးခြန္းကို မေျဖဘဲ အဆိုပါေက်ာက္တုံးကို စာအုပ္နတ္ဘုရားဆီ အနီးကပ္ ယူသြားျပလိုက္သည္။
စာအုပ္နတ္ဘုရားက ေရွးေဟာင္းသုေတသီတစ္ေယာက္လို ေမးေစ့ပြတ္ရင္း ေက်ာက္တုံးကို အနီးကပ္ၾကည့္ဖို႔ အနားကပ္လာၿပီး အခ်ိန္အနည္းငယ္ၾကာေတာ့ သူ႔ေခါင္းကို ပင့္ေမာ့လိုက္ကာ ေျပာလိုက္သည္၊ "ဟုတ္တယ္၊ ဒီေက်ာက္တုံးက သာမာန္ပစၥည္းနဲ႔ေတာ့ မတူဘူး။ အရမ္းႀကီး အဖိုးမတန္ေပမဲ့ သလင္းနီ အပိုင္းအစ အနည္းငယ္ေတာ့ တန္ေလာက္တယ္။"
"အနည္းငယ္ပဲလား? ေကာင္းၿပီေလ၊ အဲ့တာနဲ႔ ငါလုပ္လိုက္မယ္။"
ဖုန္႔ရွီႏွင့္ သူ႔အေဖာ္တို႔ သေဘာတူညီမွု ရရွိၾကၿပီးေနာက္ ရင္ျပင္မွာ သူတို႔ ထပ္မံ ထြက္ေပၚလာ၏။ အေလာင္းအစား လုပ္တဲ့ေနရာက အရမ္းကို လူသိမ်ားေနကာ အေျခအေနေတြကလည္း ပိုလို႔ေတာင္ ပရမ္းပတာ ျဖစ္ေနၿပီး ပိုပိုမ်ားလာတဲ့ လူေတြက ေလာင္းေၾကးထပ္ဖို႔ ေရာက္လာကာ ျပည့္က်ပ္ေနေတာ့သည္။
ဖုန္႔ရွီနဲ႔ သူ႔အေဖာ္တို႔အတြက္ကေတာ့ ဝင္ဖို႔ အလြန္ကို ခက္ေနေပမဲ့ ေလာင္းကစားမွာပါတဲ့ ေရြးခ်ယ္လို႔ရမယ့္ စာရင္းကို ၾကည့္လိုက္ေတာ့ သူ႔မ်က္ႏွာေပၚက ေပ်ာ္ရြင္ေနတဲ့ အမူအယာက ခ်က္ခ်င္းပဲ ေပ်ာက္ကြယ္သြားေတာ့သည္။ သူ႔အေဖာ္ေတြ ေၾကာင္ေနစဥ္မွာပဲ သူက စားပြဲကို အားျပင္းျပင္း ရိုက္လိုက္တာေၾကာင့္ သူ႔ေဘးနားကလူေတြ လန္႔သြားၾကၿပီး မွတ္တမ္းေရးသြင္းေနတဲ့ ဝန္ထမ္းကလည္း ၿငိမ္က်သြားေတာ့သည္။
"ေရြးခ်ယ္ဖို႔ တစ္ခုကို မင္း ဘုတ္ေပၚ ေရးဖို႔ ဘာလို႔ ေမ့သြားတာလဲ?" ဝန္ထမ္းက သူ႔ကို ၾကည့္ေနတာကို ျမင္လိုက္ေတာ့ ဖုန္႔ရွီက တကယ္ေဒါသထြက္ေနတဲ့အတြက္ သိပ္မတည္ၿငိမ္တဲ့အသံနဲ႔ ခ်က္ခ်င္းပဲ သူ႔သံသယကို ေျပာလိုက္တယ္။
ဝန္ထမ္းက ဘုတ္ကို ဖ်က္ကနဲ ၾကည့္လိုက္ၿပီး စိတ္မပါ့တပါ ေျပာလိုက္တယ္၊ "ဘာေရြးခ်ယ္စရာကိုမွ ေမ့မက်န္ခဲ့ပါဘူး။ ဒါ ေရြးခ်ယ္လို႔ရတာေတြ အကုန္ပဲ။ မင္း ေလာင္းေၾကးထပ္ခ်င္တယ္ဆို ျမန္ျမန္လုပ္။ ေနာက္မွာ ေစာင့္ေနတဲ့သူေတြ အမ်ားႀကီးပဲ!"
"ဒါ ေရြးခ်ယ္စရာအကုန္ပဲဆိုတာ ဘာကိုေျပာတာလဲ? တက္ေရာက္သူတစ္ေယာက္ကို မင္းေရးဖို႔ ေမ့ေနတယ္ေလ! ပထမေနရာအတြက္ ေျဖဆိုသူက ဘာလို႔ ႏွစ္ေယာက္ထဲ ျဖစ္ေနရတာလဲ? ေနာက္တစ္ေယာက္ ထပ္ထည့္ဖို႔ က်န္ေနေသးတယ္ေလ?" သူ႔နာမည္ ဘုတ္အေပၚမွာ လုံးဝမပါတဲ့အတြက္ ဖုန္႔ရွီက ဝန္ထမ္ကို စိတ္ဆိုးမာန္ဆိုး ေဟာက္လိုက္သည္။
"ေနာက္တစ္ေယာက္?" ဝန္ထမ္က တကယ္ပဲ လန္႔သြားေပမဲ့ သူ ခ်က္ခ်င္းပဲ ေတြးမိသြားကာ၊ "မင္းဆိုလိုတာက ဖုန္႔ရွီလို႔ေခၚတဲ့ ဖ်က္ျမင္း (မထင္ထားဘဲ ထူးခၽြန္ေနသူ) တစ္ေယာက္ကိုလား၊ ဟုတ္လား? သူက နတ္ဘုရားဘုရင္နယ္ပယ္ အဆင့္တစ္ထဲမွာ တကယ္ အစြမ္းရွိတဲ့ က်င့္ႀကံသူတစ္ေယာက္ပဲဆိုေပမဲ့ သူ႔က်င့္ႀကံဆင့္က အျခားေျဖဆိုသူ ႏွစ္ဦးနဲ႔ မယွဥ္နိုင္ဘူး။ သူ႔မွာ သူေတာ္စင္နယ္ပယ္ဆင့္ မိစၧာသားရဲတစ္ေကာင္ ရွိတယ္ဆိုရင္ေတာင္မွ အျခားႏွစ္ေယာက္မွာလဲ ရွိတယ္ေလ။ သူ အနိုင္ရနိုင္ေခ်က အရမ္းနည္းတယ္။ ဒါ့ေၾကာင့္ ကုန္သည္ႀကီးမ်ားအသင္းက သူ႔ကို အေလာင္းအစား ေရြးခ်ယ္နိုင္မယ့္စာရင္းထဲကေန ထုတ္လိုက္ဖို႔ ဆုံးျဖတ္လိုက္တာ"
"မင္း..."
ဖုန္႔ရွီက ဆဲမိေတာ့ခါနီးမွာပဲ စာအုပ္နတ္ဘုရားက သူ႔ကို တားလိုက္ကာ သူ႔နားရြက္နား ပ်ံသန္းလာၿပီး တီးတိုးေျပာလိုက္သည္။
"သခင္၊ ဒါ ေကာင္းတာပဲ။ သူတို႔က သခင့္ရဲ့ က်င့္ႀကံမွုအဆင့္ အစစ္အမွန္ကို သိမထားၾကဘူး၊ ဘယ္သူကမွ သခင့္ကို ေလာင္းေၾကးထပ္ၾကမွာမဟုတ္ဘူး။ ဒီလိုမ်ိဳးမွာ သခင္က သခင့္ကိုယ္သခင္ ေလာင္းေၾကးျပန္ထပ္နိုင္တယ္။ ၾကည့္၊ ေလာင္းကစားမွာလည္း စည္းမ်ဥ္းစည္းကမ္းခ်က္ေတြ ရွိတယ္။ အၾကမ္းဖ်င္း ေျပာရမယ္ဆိုရင္ ေလာင္းေၾကးထပ္သူ နည္းေလေလ၊ ျပန္ရရင္ မ်ားေလေလပဲ။ ေလာင္းေၾကး တက္ေနတာေတြအရ ျပန္ရရင္ တစ္သိန္းခ်ိဳး တစ္ခ်ိဳး ျဖစ္နိုင္တယ္!" စာအုပ္နတ္ဘုရားက အခိုင္အမာ ဆိုလိုက္သည္။
"ဝိုး၊ တကယ္?" ဖုန္႔ရွီ၏ မ်က္လုံးတို႔ ခ်က္ခ်င္းပင္ ေတာက္ပလာသည္။
တစ္သိန္းခ်ိဳး တစ္ခ်ိဳး၊ (အဆတစ္သိန္း)။ ဒါဆို သူ႔မွာရွိတဲ့ သလင္းနီအပိုင္းအစ အနည္းငယ္က ေသာင္းကဏာန္း ျဖစ္လာလိမ့္မယ္!
"ကၽြန္ေတာ့ကိုယုံ။ ကၽြန္ေတာ္ ဘယ္ေတာ့မွ သခင့္ကို မညာဘူး!" စာအုပ္နတ္ဘုရားက သူ႔ရင္ကို သူ ပုတ္ရင္း အာမခံလိုက္၏။
"ေကာင္းၿပီ။ မင္းတို႔ ဘယ္သူမွ စကားမေျပာၾကနဲ႔" ဖုန္႔ရွီ၏ မည္းေမွာင္ေနေသာ မ်က္ႏွာမွာ တမဟုတ္ခ်င္းပင္ ဝင္းပေပ်ာ္ရႊင္လာသည္။ အဲ့အခ်ိန္မွာေတာ့ သူ ဒီကို ေလာင္းကစားလုပ္ဖို႔လာတာမဟုတ္ဘဲ ၿပိဳင္ပြဲ တက္ေရာက္ဖို႔ လာတာဆိုတာ လုံးဝ ေမ့ေနေခ်ၿပီ။
ထို႔ေနာက္ ဖုန္႔ရွီက ဝန္ထမ္းဆီ တြန္းတိုးသြားလိုက္ကာ သူ႔ေက်ာက္တုံးကို ခ်လိုက္ၿပီး ေျပာလိုက္သည္၊ "ငါ ဒါကို ေလာင္းေၾကးအေနနဲ႔ သုံးခ်င္တယ္။ ငါ ဖုန္႔ရွီက ပထမေနရာ ရလိမ့္မယ္လို႔ ေလာင္းမယ္။"
အျခားသူမ်ားက ႐ုတ္တရက္ ရယ္ပြဲဖြဲ႕သြားၾကၿပီး ဖုန္႔ရွီ၏ မသိနားမလည္မွုကို ေလွာင္လိုက္ၾကပုံပင္။
ဝန္ထမ္းက ဖုန္႔ရွီကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေက်ာက္တုံးကို ၾကည့္လိုက္ျပန္၏။ ၿပီးေနာက္ ေျပာေနၾကအတိုင္း ေျပာလိုက္သည္၊ "ဒါဆို ဒီလမ္းကေနသြားၿပီး ေက်ာက္တုံးကို အရင္ဆုံး အကဲသြားျဖတ္လိုက္။ ၿပီးရင္ ငါ့ဆီျပန္လာလို႔ရၿပီ။"
စာအုပ္နတ္ဘုရာက သူ႔ကို အရင္ ရွင္းျပၿပီး ျဖစ္တဲ့အတြက္ ဖုန္႔ရွီက အဲ့လိုလုပ္ရမွာကို သိၿပီးျဖစ္သည္။ ထို႔ေၾကာင့္ ကန္႔ကြက္ျခင္းမရွိဘဲ ခ်က္ခ်င္းပဲ ေျပးသြားလိုက္ေတာ့သည္။ ကုန္သည္ႀကီးမ်ားအသင္းက ရတနာေတြ တန္ဖိုးျဖတ္ဖို႔ ကၽြမ္းက်င္အထူးျပဳဝန္ထမ္းတစ္ဦး ခန္႔အပ္ထားမွာျဖစ္သည္။ သူတို႔ရဲ့ အဖိုးတန္ ရတနာပစၥည္းေတြကို ေလာင္းေၾကးထပ္ၾကသူေတြ သိပ္မ်ားမ်ားမရွိတဲ့အတြက္ အကဲျဖတ္ခန္းက လူအုံမေနေပ။ ထို႔ေၾကာင့္ ဖုန္႔ရွီတစ္ေယာက္ ေရွ႕ဆုံးေရာက္ဖို႔ အခ်ိန္ သိပ္မၾကာလိုက္ေခ်။ အက်ိဳးဆက္အေနျဖင့္ စာအုပ္နတ္ဘုရား တြက္လိုက္တဲ့ ေက်ာက္တုံးတန္ဖိုးက မွန္ေနသည္ပင္။ တန္ဖိုးႀကီး ပစၥည္းအခ်ိဳ႕အစား အဆိပ္ေငြ႕ကိုသာ ထုတ္လႊတ္နိုင္တဲ့ ေက်ာက္တုံးတစ္တုံးပဲျဖစ္တဲ့အတြက္ သလင္းနီ အပိုင္းအစ ေျခာက္ခုသာ တန္ေၾကးရွိ၏။
ဖုန္႔ရွီ၏အျမင္တြင္ေတာ့ သလင္းနီ အပိုင္းအစ ေျခာက္ခုဆိုတာ အလြန္႔အလြန္ကို နည္းလြန္းေပမဲ့ ေျခာက္ခုက ေျခာက္သိန္း ျဖစ္လာနိုင္တာကို ေတြးမိေတာ့ စိတ္လွုပ္ရွားမွုတို႔ လႊမ္းျခဳံသြားရေတာ့သည္။ ထို႔ေနာက္ သူက ျပန္ေျပးသြားလိုက္ၿပီး ခ်က္ခ်င္းပင္ ေလာင္းလိုက္ေတာ့သည္။
ဝန္ထမ္းက လုပ္ထုံးလုပ္နည္းတို႔ လုပ္ေဆာင္ၿပီးတဲ့ေနာက္မွာေတာ့ ဘုတ္ေပၚတြင္ အေလာင္းအစား ေရြးခ်ယ္စရာတစ္ခု အသစ္တိုးလာၿပီး အဲ့အသစ္တြင္ ဖုန္႔ရွီတစ္ေယာက္တည္းသာ ေလာင္းေၾကးထပ္ထားျခင္းျဖစ္သည္။
ဖုန္ံရွီ တစ္ခုခု မေျပာနိုင္ခင္မွာပင္ လူအုပ္ႀကီးက ခ်က္ခ်င္းပင္ အုန္းအုန္းထေအာင္ ရယ္လိုက္ၾကကာ လူအားလုံးက ကဲ့ရဲ့စကားတို႔ ေရရြတ္လိုက္သည္၊
"အိုး၊ အဲ့ေကာင္ငယ္ေလးေပၚ တစ္စုံတစ္ေယာက္က တကယ္ပဲ ေလာင္းလိုက္တယ္ေပါ့။ ငါ ျမင္လိုက္တာ မွားသြာလား?"
"မင္း မွားသြားတယ္ ဆိုရင္ေတာင္မွ ငါလည္းပဲ တူတူပဲ။ ဒီေလာကႀကီးမွာ ဘာမွ မထူးဆန္းေတာ့ဘူး!'
"ဟားဟား၊ ေလာင္းလိုက္တဲ့တစ္ေယာက္က စိတ္လြတ္ေနတာျဖစ္ရမယ္။ အဲ့ေကာင္ေလးက အစြမ္းရွိေပမဲ့ Carendra နဲ႔ မင္းေဟးယြီတို႔နဲ႔ေတာ့ ၿပိဳင္ဖက္မဟုတ္ဘူး။ သူ႔မွာ သူေတာ္စင္နယ္ပယ္ဆင့္ မိစၧာသားရဲတစ္ေကာင္ ရွိေပမဲ့ ဘာမွမဟုတ္ပါဘူး။ Carendra နဲ႔ မင္းေဟးယြီတို႔ မိသားစု ႏွစ္စုစလုံးက အရင္းျမစ္က အဆုံးမရွိ ျပည့္စုံၾကတဲ့အတြက္ သူတို႔မွာ သူေတာ္စင္နယ္ပယ္ဆင့္ မိစၧာသားရဲကို ကိုင္တြယ္ဖို႔နည္းလမ္းအမ်ားႀကီး ေသခ်ာေပါက္ ရွိၾကမွာပဲ။ နတ္ဘုရားဘုရင္နယ္ပယ္ဆင့္ ပထမအဆင့္ က်င့္ႀကံသူတစ္ေယာက္မွာ အနိုင္ရနိုင္မယ့္အခြင့္အလမ္း မရွိဘူး!"
"ဒါဆို ငတုံးတစ္ေကာင္ပဲ ေကာင္ေလးအေပၚ ေလာင္းေၾကးပုံမွာေပါ့။"
...
အဲ့လူေတြက လူၾကားထဲ အခ်င္းခ်င္း စကားလက္ဆုံ က်ေနၾကတာေပမဲ့ သူတို႔က တကယ္ေတာ့ ဖုန္႔ရွီကို ေလွာင္ေနၾကတာပဲျဖစ္သည္။ သူတို႔လည္း ဖုန္႔ရွီနဲ႔ ဝန္ထမ္းတို႔ အခုေလးတင္ ေျပာေနတာကို ၾကားၿပီးျဖစ္တဲ့အတြက္ သူတို႔ေဘး ရပ္ေနတဲ့ ေကာင္ေလးက ဖုန္႔ရွီအေပၚ ေလာင္းေၾကးပုံတဲ့သူဆိုတာကို သူတို႔ သတိျပဳမိၾကသည့္အျပင္ သူတို႔က ဒီကို ေလာင္းကစားလုပ္ဖို႔ လာတာျဖစ္တဲ့အတြက္ သူတို႔ေရွ႕က ေကာင္ေလးက ဖုန္႔ရွီဆိုတာကို သူတို႔ လုံးဝ သိမေနေပ။ ဖုန္႔ရွီက ထိလြယ္ရွလြယ္ အားနည္းတဲ့ ေကာင္ငယ္ေလးတစ္ေယာက္ျဖစ္တဲ့အတြက္ အဲ့လူေတြက သူ႔ကို အတူတူ ဝိုင္း အနိုင္က်င့္ဖို႔ ဆုံးျဖတ္လိုက္ၾကသည္။
"မင္းတို႔ေကာင္ေတြ ငတုံးအစစ္ေတြပဲ။ အ႐ူး၊ မ်က္ကန္းေခြး!" ဖုန္႔ရွီက ေဒါသနဲ႔ ခုန္လိုက္ၿပီး သူ႔ကို ေလွာင္ခဲ့ၾကတဲ့ အဆိုပါလူေတြကို လက္ညႇိုးထိုးကာ ျပင္းျပင္းထန္ထန္ က်ိန္ဆဲလိုက္သည္။
"ေကာင္စုတ္ေလး၊ မင္း ေျပာရဲ ထပ္ေျပာစမ္း။" လူငယ္က ဖုန္႔ရွီကို စိုက္ၾကည့္လိုက္ကာ ေျပာလိုက္သည္။
"ဟမ့္၊ ငါက ခုေျပာလိုက္တဲ့တစ္ေယာက္ကိုပဲ က်ိန္ဆဲတာ။" ဖုန္႔ရွီက ဦးေမာ့ကာ လူငယ္ကို အေၾကာက္အရြံ့မဲ့ စိုက္ၾကည့္လိုက္၏။ ဖုန္႔ရွီက အဲ့လူေတြထက္ ပုေနေသာ္လည္း သူတို႔ကို သူ လုံးဝမေၾကာက္ေပ။
"ေစာက္ကေလး၊ ေသခ်င္ေနၿပီလား?!" အဲ့လိုေျပာၿပီး လူငယ္က ဖုန္႔ရွီထံ လက္သီးတစ္ခ်က္ ခ်က္ခ်င္း ေကၽြးလိုက္၏။
႐ုတ္တရက္ လူအုပ္ထဲမွ စူးစူးဝါးဝါး ရယ္သံတစ္ခု ထြက္လာသည္။ ဒါေပမဲ့ လူတိုင္းကို တကယ္ အံ့အားသင့္သြားေစတာကေတာ့ သူတို႔ ၾကားလိုက္ရတဲ့ ဟာသတစ္ခုပင္၊
"ေဟး၊ အဲ့တာ မေန႔က ထူးကဲတဲ့ ဖ်က္ျမင္းေကာင္ေလးမွတ္လား? သူ႔ကိုယ္သူ ေလာင္းေၾကးပုံမယ့္သူ ရွိမယ္လို႔ ငါ လုံးဝ ထင္မထားခဲ့ဘူး။ အရွက္ ေတာ္ေတာ္မရွိတာပဲ။ မင္း ၿပိဳင္ပြဲကေန ႏွုတ္ထြက္ၿပီး 'ဘယ္သူ အရွက္မဲ့ဆုံးေကာင္လဲ' ဆိုတဲ့ ၿပိဳင္ပြဲကို တက္သင့္တာ။"
20211118; 2130
—————————— Zawgyi —————————