ငါတို့ မိသားစုရဲ့ အိုမီဂါလေး...

Fiery_Floria tarafından

279K 40.1K 1.8K

Associated Title - [家有Omega初长成] / [My Family's Omega Has Just Grown Up] Author- 秋千在时 (Qiu Qian Zai Shi) Chapt... Daha Fazla

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24 [Part 2]
Chapter 24 [Part 3]
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဖတ်ပေးပါ><
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41 (Part 1)
Chapter 41 (Part 2)
Chapter 42
Chapter 43
Chapter 44
Chapter 45

Chaper 24 [Part 1]

3.8K 799 37
Fiery_Floria tarafından

Please scroll down for Zawgyi

(Unicode)

ကျိုးရှန့်မင်က ပြန်မဖြေချေ။ စောင်ပါးကို အနည်းငယ်ဆွဲတင်ပြီး ထုန်ရန့်၏ ပုခုံးထိရောက်အောင်ခြုံပေးလိုက်သည်။ ထုန်ရန့်က ဒီထက်ပိုပြီး ကျိုးရှန့်မင်အနားထပ်တိုးလိုက်သောကြောင့် ထုန်ရန့်၏ ပွယောင်းယောင်းဆံနွယ်တို့မှာ ကျိုးရှန့်မင်၏ မေးစေ့ကို ပွတ်တိုက်သွားရ၏။ ဒီတစ်ခါတော့ ထုန်ရန့်က နည်းနည်းစိတ်ထိခိုက်နေသောလေသံဖြင့် မေးလိုက်သည်။
"ကျွန်တော်တို့က ကွာရှင်းမှာလားဟင်"

ကျိုးရှန့်မင် : "ဘာလို့ ရုတ်တရက်ကြီး လာမေးတာလဲ"

ထုန်ရန့် : "မေးလို့မရဘူးလား"

ကျိုးရှန့်မင် : "သေချာပေါက်ကိုရတာပေါ့…ဒီတိုင်း..ဒီအချိန်မှာ လာမေးလာမယ်လို့ မထင်ထားခဲ့တာ"

သူတို့နှစ်ဦးမှာ အလွန် ပူးကပ်နေခဲ့ကြပြီး ထုန်ရန့်က ကျိုးရှန့်မင်၏ ရင်ခွင်ထဲတွင် ကျုံ့ကျုံ့လေးဖြင့် တစ်သားတည်းဖြစ်နေသည်ဟုတောင်ထင်ရ၏။ ထုန်ရန့် ရှူထုတ်လိုက်သောလေနွေးနွေးမှာ ကျိုးရှန့်မင်၏ လည်ပင်းကို မှန်မှန် ရိုက်ခတ်နေလျက်ရှိပြီး ထုန်ရန့်၏ နဖူးမှာ ကျိုးရှန့်မင်၏ မေးအောက်ပိုင်းနှင့် လည်ပင်းကို ရံဖန်ရံခါ ပွတ်တိုက်နေ၏။

စံပယ်ပန်းနံ့သင်းသင်းမှာ အခန်းထဲတွင် နေရခက်ခြင်းအလျင်းမရှိသကဲ့သို့ ပျံ့နှံ့ဖုံးလွှမ်းလာပြီး alphaဖြစ်သူက ထုန်ရန့်၏မထင်မှတ်ပဲဖြစ်ပေါ်လာသော သူ့ပတ်ဝန်းကျင်ကို လွှမ်းမိုးအပိုင်သိမ်းသကဲ့သို့ဖြစ်နေသည့် ထုန်ရန့်၏ pheromoneနံ့များကို သဘောကောင်းကောင်းနှင့်ပင် အရှုံးပေးလိုက်သည်။

"ဘာကိုဆိုလိုတာလဲ" ထုန်ရန့်ကမေးလိုက်၏။

ကျိုးရှန့်မင် : "ကိုယ်တို့ လက်ထပ်ပြီးကာစကလေ၊ မင်းက တော်တော်လေးကို စိတ်ဝင်တစားမရှိပဲ မလိုလားခဲ့ဘူးမလား"

"မဟုတ်ပါဘူး!" ထုန်ရန့် ချက်ချင်း တုံ့ပြန်လိုက်ရသည်။
"မလိုလားတာမျိုးမဟုတ်ပါဘူး!"

"တစ်ချက်လေးတောင်မှလား?" ကျိုးရှန့်မင်က သူ့ကျောကုန်းကို စောင်ပေါ်မှနေ၍ ခပ်ဖွဖွ ပွတ်ပေးရင်း မေးလာသည်။ ကျိုးရှန့်မင်လုပ်နေသော သက်သောင့်သက်သာဖြစ်စေသည့် လှုပ်ရှားမှုတွေကြောင့်ရော၊ ရင်းနှီးနေပြီးသားဖြစ်သော ကျိုးရှန့်မင်၏ pheromoneနံ့များကြောင့်ရော ထုန်ရန့်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းသက်သောင့်သက်သာဖြစ်လာသော်လည်း မျက်နှာကို ကျိုးရှန့်မင်၏ ရင်ဘက်တွင် မျက်နှာအပ်ထားဆဲဖြစ်သည်။

ကျိုးရှန့်မင်က ဆက်ပြောလာ၏။
"ရပါတယ် ဘယ်သူပဲဖြစ်ဖြစ် လူတိုင်းအဆင်မပြေဖြစ်ကြမှာပဲလေ။ ဒီတိုင်း..အဲ့အချိန်တုန်းက ကိုယ်တို့ ကွာရှင်းမယ့်အကြောင်း မေးမယ်ထင်ခဲ့တာ။ အဲ့ဒါကြောင့် အဲ့အချိန်တုန်းက မင်း မေးလာခဲ့ရင် ဘယ်လိုဖြေရမလဲ အမြဲ စဉ်းစားနေခဲ့ပေမဲ့ မင်းက မမေးလာဘူးလေ"

ပထမ လဝက်​လောက်အထိ သူကျိုးရှန့်မင်ကို ရှောင်နေခဲ့မိတာကို ထုန်ရန့် သတိရသွား၏။ ကျိုးရှန့်မင်နှင့် မျက်နှာချင်း မဆိုင်ချင်သောကြောင့် မနက်စာတောင် ဆင်းမစားခဲ့ချေ။ ညဘက်တွင်လည်း တီဗွီတူတူကြည့်ရန် အဆင်မပြေသောကြောင့် အကြိမ်ပေါင်းမနည်း ငြင်းဆန်ခဲ့သေးသည်။ ထုန်ရန့်က ပြောလိုက်၏။

"အဲ့တုန်းက အစ်ကို့ကို ကျွန်တော် မရင်းနှီးသေးလို့ပါ"

"အမှန်ပဲ" ကျိုးရှန့်မင်က ညင်ညင်သာသာပြောလာ၏။
"ငါတို့ ထုန်ထုန်လေးက သူစိမ်းတွေကိုမမှတ်မိတဲ့ ကြောင်ပေါက်လေးလေ၊ ကြောက်လဲကြောက်တတ်သေးတယ်"

ထုန်ရန့် ငြင်းလိုက်သည်။
"ကျွန်တော် မကြောက်တတ်ပါဘူး"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ"
ထုန်ရန့်က အသံတိတ်သွားပြီဖြစ်ရာ ကျိုးရှန့်မင် သူ့လက်ကို ထုန်ရန့်၏ လည်ကုပ်ပေါ်တွင် တင်လိုက်ပြီး
"အိပ်ချင်နေပြီလား ထုန်ထုန်.."

ထုန်ရန့် : "Hmm..."

ကျိုးရှန့်မင်က ထုန်ရန့်၏ကျောကိုကိုင်လိုက်ကာ ခုနကအတိုင်း ဖက်ထားလိုက်ပြီး
"ဒါဆို အိပ်တော့"

ထုန်ရန့်က မေး၏။
"အစ်ကိုရော..?"

"အစ်ကိုက မင်းကိုအဖော်ပြုပေးမှာပေါ့"

နေ့လည်စာစားနေစဉ်တုန်းက ထုန်ရန့် ထူးဆန်းစွာ ပြုမူနေသည်ကို ကျိုးရှန့်မင်တွေ့လိုက်ပါသည်။ သားကောင်ကြီးတစ်ကောင်ကောင်ရဲ့ ခြိမ်းခြောက်ခြင်းခံနေရသော တိရစ္ဆာန်ငယ်လေးပမာ စိတ်လှုပ်ရှားနေခဲ့သည်။ သူ့ကို နေ့လည်က စကားသိပ်မပြောခဲ့သော်လည်း ခဏခဏချောင်းကြည့်နေခဲ့သေးသည်။ ကျိုးရှန့်မင် သူ့ကို ဟင်းထည့်ပေးစဉ်ကလည်း "ကျေးဇူးတင်ပါတယ်"ပြောပြီး ခေါင်းဖော်မလာခဲ့သလို အပေါ်ထပ်တတ်လာစဉ်ကတောင်မှ ဘေးချင်းယှဉ်တတ်ဖို့ကို ငြင်းပယ်ခဲ့၏။ ထိုသို့ စိမ်းသက်ကာ ထူးခြားနေခြင်းက ယခုလို သူတကယ်သိမ်းပိုက်လိုသောသူ၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်မလာခင်အထိပင်ဖြစ်ခဲ့ပြီး ယခုတော့ ထိုကြောင်ပေါက်လေးသည် ကျိုးရှန့်မင်အား စံပယ်ပန်းနံ့သင်းသင်းလေးထဲတွင် လွင့်မျောနေစေ၏။

ဆယ်မိနစ်ခန့် ကြာသောအခါ ထုန်ရန့် အိပ်ပျော်သွားသည်။ ကျိုးရှန့်မင် ထုန်ရန့်မျက်လုံးများကို အုပ်နေသော ဆံစများကို သပ်တင်ပေးလိုက်ပြီး တိတ်တဆိတ်ထလိုက်၏။ သို့သော် သူအိပ်ရာမှထပြီး ခြေလှမ်းနှစ်လှမ်းမျှ လှမ်းပြီးချိန်၌ လှည့်ကြည့်လိုက်ရာ ထုန်ရန့်မျက်နှာမှာ အနည်းငယ် စူပုပ်ပုပ်ဖြစ်နေပြီး ညည်းညူလိုက်ကာ ကျိုးရှန့်မင်၏ ခေါင်းအုံးဘေးရှိလက်မှာ အနည်းငယ် လှုပ်ရှားလာပြီး နိုးတော့မယောင်ဖြစ်နေ၏။

ကျိုးရှန့်မင်လည်း ခုနက သူချွတ်လဲထားသော အင်္ကျီကို ကောက်ကိုင်လိုက်ရသည်။

ထိုအင်္ကျီကို တစ်မနက်လုံးဝတ်ထားသောကြောင့် သူ့pheromoneနံ့များ တော်တော်များများစွဲကပ်နေသေး၏။ ကျိုးရှန့်မင် စောင်ကို ခပ်ဖြည်းဖြည်း မလိုက်ပြီး ထုန်ရန့် လက်မောင်းများကြားတွင် ထည့်ပေးထားလိုက်သည်။ ထိုမှသာ ထုန်ရန့်မျက်နှာမှာ တဖြည်းဖြည်း ပြေလျော့သွားပြီး အင်္ကျီကို ပိုက်လျက် အိပ်ပျော်သွားတော့၏။

အနောက်ဘက်ရှိ ကြက်လှောင်အိမ်မှာ တစ်ဝက်သာ ဆောက်ပြီးသောကြောင့် အကောင်နှစ်ဆယ်ထက်ပိုသော ကြက်များကို လေးထောင့် ကတ်ထူပုံများထဲတွင် ထိုးသိအ်ထည့်ထားရ၏။ ကြက်မွှေးများက လေထဲတွင် လွင့်လျက်ရှိပြီး အနံ့မသက်ကတော့ သိပ်မကောင်းချေ။ သို့သော် ကျိုးကျားရှောက ရပ်ကာ စိတ်ဝင်တစားကြည့်နေ၏။

ကျိုးရှန့်မင် ရောက်လာသည်ကို မြင်သောအခါ လှမ်းခေါ်လိုက်၏။
"အစ်ကိုကြီး..အဖေ ဒီကြက်တွေကို ဘယ်လောက်ကြာကြာမွေးနိုင်မယ်လို့ထင်လဲ"

ကျိုးရှန့်မင်က ပြန်မဖြေလာသေးသောကြောင့် ကျိုးကျားရှော သူ့ကို ကြည့်နေစဉ်တွင် ရုတ်တရက် သူ့နှာခေါင်းရှေ့တွင် လက်ဖြင့် ယပ်ခတ်သည့်ဟန် လုပ်လိုက်ပြီး ကျိုးကျားရှောက ပြောလိုက်သည်။
အိုးမိုင်..အစ်ကိုကြီးဆီကအနံ့က.."

ကျိုးရှန့်မင်က မျက်နှာသေဖြင့်
"သူမွေးချင်ရင် သူလုပ်မှာပေါ့"

ကျိုးကျားရှောက စလိုက်၏။
"ထုန်ရန့်က အစ်ကိုကြီးကို ဘာများလုပ်လိုက်သလဲ။ ကျွန်တော်ထင်တာတော့ အစ်ကို့တစ်ကိုယ်လုံးကို သူလျက်များလျက်ခဲ့ရင်လည်း ဒီလိုသက်ရောက်မှုမျိုးရှိနေမှာ အသေအချာပဲ"

ကျိုးရှန့်မင် သူ့ကို သတိပေးလိုက်၏။
"စကားကောင်းကောင်းပြောစမ်းပါ"

ကျိုးကျားရှောက ချက်ချင်းဆက်ပြောလာ၏။
"အစ်ကိုကြီးရဲ့ ကလေးလေးမှာ ဘာအစီအစဉ်မှမရှိဘူးလား၊ အိမ်မှာ တူတူကစားဖို့ ကြက်တစ်ကောင် ပြန်သယ်သွားဖို့ဆိုတာမျိုးပေါ့"

ကျိုးရှန့်မင်က သူနှင့် အာလာပသလာပ ပြောမနေဘဲ
"မင်း ထုန်ရန့်ကို ဘာပြောလိုက်တာလဲ"

ကျိုးကျားရှောက အပြစ်ကင်းသည့်ပုံစံလေးဖြင့်
"ကျွန်တော်က သူ့ကို ဘာများ ပြောနိုင်မှာတဲ့လဲ"

သူတို့နှစ်ဦးမှာ တံခါးရှေ့တွင် မျက်နှာချင်းဆိုင်ရပ်နေကြခြင်းဖြစ်ကာ ကျိုးကျားရှောက တံခါးဘောင်ကို မှီထားပြီး ခပ်လျော့လျော့ရပ်နေခြင်းဖြစ်သော်လည်းကျိုးရှန့်မင်မှာ မတ်မတ်ရပ်နေကာ သဘာဝအတိုင်း လက်များက ဘေးဘက်တွင် ကျလျက်။ အနောက်တိုင်းဝတ်စုံမဟုတ်တော့ပဲ ဆွယ်တာအပါးကိုသာဝတ်ထားသောကြောင့် ကြွက်သားတို့မှာလည်း အင်္ကျီ ခပ်ပွပွအောက်၌ဖုံးကွယ်ထားခြင်းခံထားရ၏။ ပုခုံးများက ကျယ်ပြန့်ကာ ခါးသိမ်၏။ မကြာခဏ ပြုံးရယ်မှုမရှိသောမျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ အိမ်နေရင်း အဝတ်အစားနှင့်တော်မှ တည်ကြည်ပုံပေါက်၏။

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ကျိုးကျားရှောက ပြောလာသည်။
"အစ်ကိုကြီးတို့ ဘယ်တော့ ကွာရှင်းမှာလဲလို့မေးလိုက်တာ"

ကျိုးရှန့်မင် : "နောက်တစ်ခါ ထပ်မေးဖို့ မကြိုးစားနဲ့"

ကျိုးကျားရှောက အောက်နှုတ်ခမ်းကိုထော်လိုက်ပြီး မေးလာသည်။
"ကျွန်တော်က သူ့ကို အနိုင်ကျင့်နေတယ်ထင်လို့လား? ဘယ်လိုလုပ်ပြီးတော့လဲ? ဘာလို့ အစ်ကိုတို့နှစ်ယောက်လက်ထပ်ခဲ့လဲဆိုတာ လူတိုင်းသိနေတာပဲကို ကျွန်တော်မေးမိတာ ဘာဖြစ်သွားလို့လဲ"

ကျိုးရှန့်မင် လှည့်ကာ သူ့ကိုကြည့်လိုက်သည်။ ကျိုးကျားရှောကလည်း သူ့ကို ပြန်စိုက်ကြည့်နေ၏။ သို့သော် သိပ်မကြာခင်မှာပဲ မေးရိုးကို တင်းနေအောင် စိပိတ်ထားပြီး ခဏခဏ အသက်ရှိုက်ရှူရင်းဖြင့် ရင်ဘက်က တုန်ရင်လာလျက် အကြည့်လွှဲသွား၏။

ကျိုးကျားရှော၏ ဤသို့ ပုံစံကိုမြင်မှ ကျိုးရှန့်မင်က သူ့ pheromoneများဖြင့် ဖိနှိပ်ထားခြင်းကို ရပ်လိုက်ပြီး သက်ပြင်းချလျက် ပြောလာသည်။
"ထုန်ရန်းနဲ့ မင်းနဲ့ ကြားက ပြဿနာက ငါနဲ့ ထုန်ရန့် အိမ်ထောင်ရေးနဲ့ ဘာပက်သက်မှုမှမရှိဘူး။ ဒီအတိုင်း ဆက်လုပ်နေရင် မင်းပဲ မပျော်မရွှင်ဖြစ်နေမှာ မင်းကိုယ်မင်း သိသင့်တယ်"

ကျိုးကျားရှောက ပြန်ပြောချင်သော်လည်း ကျိုးရှန့်မင်က ဆက်ပြောလာ၏။
"မင်း ထုန်ရန့်ထက် ဘယ်လောက် အသက်ပိုကြီးလဲ စဉ်းစားကြည့်စမ်း။ တကယ်လို့ ငါတို့သာ လက်မထပ်ထားပဲနဲ့ လမ်းပေါ်မှာတွေ့လို့ ထုန်ရန့်က ငါတို့ကို ဦးလေးလို့ ခေါ်ပြီး နှုတ်ဆက်ရင်တောင် ထူးဆန်းတဲ့ကိစ္စဟုတ်မနေဘူး။အကြီးတစ်ယောက်အနေနဲ့ သူက မင်းရဲ့ pheromoneတွေနဲ့ အဆင်မပြေဘူး၊ သက်သောင့်သက်သာဖြစ်မနေဘူးဆိုတာ မင်းသိသင့်တယ်။ ခုနက မင်းကို ငါ့ pheromone နဲ့ ဖိနှိပ်ထားတုန်းကလိုပဲ မင်းသူ့ကို အဲ့လိုလုပ်တုန်းက မှားလား မမှားလား စဉ်းစားကြည့်လေ"

"ခဏလေး!" ကျိုးကျားရှော အေးခဲသွားရ၏။
"ဘယ်တုန်းက ကျွန်တော် သူ့ကို.."

ကျိုးကျားရှောထံတွင် ထုန်ရန့်အား မကြည်ဖြူခြင်း အလျှင်းမရှိပေ။ ဒီအတိုင်း ကျိုးရှန့်မင်နောက် တကောက်ကောက်လိုက်ကာ ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်၍ဖြစ်စေ ဆိုးသွမ်းချင်ပုံဖြင့် အမြဲတမ်း "အစ်ကို အစ်ကို"ဟုခေါ်နေပြီး တခြားသူများနှင့်ဆိုပါက ယဉ်ကျေးသော်လည်း ခပ်တည်တည်သာနေတတ်သည့် ကျိုးရှန့်မင်က သူ့အတွက်ဆို အမြဲခပ်ပြုံးပြုံးရှိနေတတ်သည့်အပြင် ထုန်ရန်း၏ ညီလေးဖြစ်သောကြောင့် တွေ့တာနဲ့ စနောက်နေချင်တာပင်ဖြစ်၏။

ကြည့်ရတာ သူတို့ စကားပြောနေစဉ်က မရည်ရွယ်ပဲ သူ သဘောမကျသော pheromoneအချို့ ထုတ်လွှတ်လိုက်မိပုံရ၏။

ကျိုးကျားရှော : "ကျွန်တော် မရည်ရွယ်ပါဘူး..သူအဆင်ပြေရဲ့လား"

"ငါသိပါတယ်" ကျိုးရှန့်မင်က သူ့ကို တစ်ချက်ကြည့်လာပြီး
"တကယ်လို့ သူသာတစ်ခုခုဖြစ်သွားရင် မင်းဒီမှာ ဒီတိုင်းနေပြီး ကြက်တွေကို ထိုင်ကြည့်နေလို့ရမယ်ထင်လား"

သူတို့နှစ်ဦးစလုံး ရန်မဖြစ်ချင်ပေ။ အတိအကျပြောရလျှင် ကျိုးရှန့်မင်နှင့် ရန်ဖြစ်တိုင်း ကျိုးကျားရှော မရှုံးချင်သောကြောင့်ဖြစ်၏။

ကလေးအရွယ်တည်းက ကျိုးရှန့်မင်က အလွန်ကို သီးသန့်နေခဲ့သည်။ သူတို့အိမ်သို့ ခဏခဏလာမလည်သလို လာလျှင်လည်း အထင်သေးသကဲ့သို့ စကားသိပ်မပြောချေ။ ကျိုးကျားရှောက ကျိုးရှန့်မင် သူ့ကို ဤသို့ဆက်ဆံသည်ကိုမြင်ရသောအခါ ပိုဒေါသထွက်လာပြီး ရန်စချင်လာတော့၏။ သို့သော်လည်း တစ်ခါဆိုလျှင် ဆိုသလောက် ကျိုးရှန့်မင် ဒေါသထွက်လျှင် ကျိုးကျားရှော ရုန်းကန်ရတော့၏။ သူ့တွင် အားသာချက်အဖြစ် alpha pheromoneများနှင့် လက်သီးချက်များ ရှိသည်မဟုတ်ပါလား။ အတိုချုပ်ပြောရလျှင် မကြာခဏ မတွေ့သော်လည်း တွေ့လိုက်သည့် အချိန်တော်တော်များများမှာ ကောင်းစွာ အဆုံးမသတ်ခဲ့ချေ။

ကျိုးကျားရှောက မျှော်လင့်ချက်မဲ့စွာ တုန်လှုပ်သွားရတော့၏။

ကျိုးကျားရှောက မီးဖိုချောင်ထဲဝင်ပြီး ရေခဲသေတ္တာထဲမှ ဘီယာနှစ်ဘူး ယူလာကာ ကျိုးရှန့်မင်ကို တစ်ဘူး ပေးလိုက်၏။ ကျိုးရှန့်မင် ယူလိုက်သော်လည်း မသောက်ပေ။ကျိုးကျားရှောက သူ့ကို ကြည့်လိုက်သောအခါ ပြောလာ၏။
"ငါအပေါ်ပြန်တတ်ရတော့မှာ"

ဆိုလိုရင်းမှာတော့ ဘီယာနံ့ကြောင့် ထုန်ရန့်အား လှုံ့ဆော်မိမည်ကို စိုးရိမ်နေခြင်းဖြစ်၏။

"…ဘီယာတစ်ဘူးလေးပါပဲ" ကျိုးကျားရှောက ပြောလာ၏။
"omegaချင်းတူပေမဲ့ ငါကတော့ ကံကောင်းမနေခဲ့ဘူး"

ကျိုးရှန့်မင်က ပုံမှန်အတိုင်းပင် ဖြေလိုက်၏။
"သူက ငယ်ပါသေးတယ်"

ကျိုးကျားရှော : "အိမ်မှာတောင် မသောက်ဘူးလို့ မပြောနဲ့နော်"

ကျိုးရှန့်မင်က ငြင်းဆိုလိုက်၏။

ကျိုးကျားရှောမှာ ပို၍တောင် အံ့ဩသွားရ၏။
"ဆေးလိပ်ရော? ခုတလော တော်တော်လေး ထူးဆန်းနေတယ်ထင်နေတာ..ဆေးလိပ်လည်း မသောက်တော့ဘူးပေါ့"

ကျိုးရှန့်မင်က စိတ်မရှည်စွာ ပြောလာ၏။
"သူက pheromoneတွေနဲ့တင် sensitiveဖြစ်တာမဟုတ်ဘူး၊ အသေးအမွှား မကောင်းတာလေးတွေက အစဂသူ့အပေါ်သက်ရောက်မှုရှိတယ်"

"…"

ကျိုးကျားရှောက ဘီယာအနည်းငယ် တစ်သောက်လိုက်ပြီး စိတ်ဓာတ်ကျနေသည့်ပုံဖြင့် ပြောလာ၏။
"ငါဆယ့်ရှစ်နှစ်တုန်းကကျတော့ ဘာလို့ အမေကငါ့ကို လက်မထပ်ခိုင်းခဲ့တာလဲ? ဆယ့်ခြောက်နှစ်ဆိုလည်း အဆင်ပြေပါတယ်။ ဆယ့်လေးနှစ်လောက်တည်းက ငါက တော်တော်လေးကို ဖွံ့ဖြိုးနေပြီးသားဟာကို"

ကျိုးရှန့်မင်က သူ့ပြောစကားကိုပြန်မတုံ့ပြန်လာရာ ကျိုးရှန့်မင်၏ ဖိနပ်ကို ကန်လိုက်ရင်း
"အစ်ကိုက ဘာတုန်း၊ သားရှိ မယားရှိလား။ ကျွန်တော့ မျက်လုံးထဲမှာတော့ ထုန်ရန့်က အဲ့လိုသဘောမထားသလိုပဲနော်။ ကြည့်ရတာ သူက အစ်ကို့ကို တကယ့် အစ်ကိုရင်းတစ်ယောက်လို သဘောထားပုံပဲ။ အဲ့တော့ ဘယ်လို ခံစားရလဲ။ အသဲကွဲ-?"

"အား! သိပြီ" ကျိုးကျားရှောက ဘီယာဘူးကို ချိုင့်ဝင်သွားသည်အထိ ညှစ်လိုက်ပြီး
"အဲ့ကောင်စုတ်လေးက ကျွန်တော့ မေးခွန်းတွေကြောင့် စိတ်ရှုပ်သွားတာလား? ဝါး..ဒါဆို သူလည်း အစ်ကို့ကို စိတ်ဝင်စားနေတာပေါ့၊ ဟုတ်တယ်မလား။ ကြွားစရာမလိုပါဘူးဗျာ။ ဒီတိုင်းတင် တော်တော်လေးကို ဂုဏ်ယူနေပြီမလား။ တစ်ကိုယ်လုံး သူ့pheromoneနံ့တွေနဲ့ မြောက်ကြွမြောက်ကြွဖြစ်နေစရာမလိုပါဘူး"

ကျိုးရှန့်မင်က အေးနေဆဲဘီယာဘူးကို ကျိုးကျားရှောလက်ထဲပြန်ထည့်ပေးလိုက်ကာ အပေါ်သို့ ပြန်မတတ်ခင် ပြောလိုက်၏။
"မင်း ပါးစပ်ကိုသာ ထိန်းထိန်းသိမ်းသိမ်းနေဖို့ သင်ခဲ့မယ်ဆိုရင် မင်းနဲ့ ထုန်ရန်းအခြေအနေက အခုထက် အဆတစ်ရာလောက် သာနေမယ်ဆိုတာသေချာတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်တည်းကတင် လက်ထပ်ပြီး ဒီအချိန်ဆို ငါ့မှာ တူလေးတစ်ယောက်လောက်တောင် ရနေလောက်ပြီ"

•°•°•°•°•°•°•

(Zawgyi)

က်ိဳးရွန႔္မင္က ျပန္မေျဖေခ်။ ေစာင္ပါးကို အနည္းငယ္ဆြဲတင္ၿပီး ထုန္ရန႔္၏ ပုခုံးထိေရာက္ေအာင္ၿခဳံေပးလိုက္သည္။ ထုန္ရန႔္က ဒီထက္ပိုၿပီး က်ိဳးရွန႔္မင္အနားထပ္တိုးလိုက္ေသာေၾကာင့္ ထုန္ရန႔္၏ ပြေယာင္းေယာင္းဆံႏြယ္တို႔မွာ က်ိဳးရွန႔္မင္၏ ေမးေစ့ကို ပြတ္တိုက္သြားရ၏။ ဒီတစ္ခါေတာ့ ထုန္ရန႔္က နည္းနည္းစိတ္ထိခိုက္ေနေသာေလသံျဖင့္ ေမးလိုက္သည္။
"ကြၽန္ေတာ္တို႔က ကြာရွင္းမွာလားဟင္"

က်ိဳးရွန႔္မင္ : "ဘာလို႔ ႐ုတ္တရက္ႀကီး လာေမးတာလဲ"

ထုန္ရန႔္ : "ေမးလို႔မရဘူးလား"

က်ိဳးရွန႔္မင္ : "ေသခ်ာေပါက္ကိုရတာေပါ့…ဒီတိုင္း..ဒီအခ်ိန္မွာ လာေမးလာမယ္လို႔ မထင္ထားခဲ့တာ"

သူတို႔ႏွစ္ဦးမွာ အလြန္ ပူးကပ္ေနခဲ့ၾကၿပီး ထုန္ရန႔္က က်ိဳးရွန႔္မင္၏ ရင္ခြင္ထဲတြင္ က်ဳံ႕က်ဳံ႕ေလးျဖင့္ တစ္သားတည္းျဖစ္ေနသည္ဟုေတာင္ထင္ရ၏။ ထုန္ရန႔္ ရႉထုတ္လိုက္ေသာေလေႏြးေႏြးမွာ က်ိဳးရွန႔္မင္၏ လည္ပင္းကို မွန္မွန္ ႐ိုက္ခတ္ေနလ်က္ရွိၿပီး ထုန္ရန္႔၏ နဖူးမွာ က်ိဳးရွန႔္မင္၏ ေမးေအာက္ပိုင္းႏွင့္ လည္ပင္းကို ရံဖန္ရံခါ ပြတ္တိုက္ေန၏။

စံပယ္ပန္းနံ႔သင္းသင္းမွာ အခန္းထဲတြင္ ေနရခက္ျခင္းအလ်င္းမရွိသကဲ့သို႔ ပ်ံ႕ႏွံ႔ဖုံးလႊမ္းလာၿပီး alphaျဖစ္သူက ထုန္ရန႔္၏မထင္မွတ္ပဲျဖစ္ေပၚလာေသာ သူ႔ပတ္ဝန္းက်င္ကို လႊမ္းမိုးအပိုင္သိမ္းသကဲ့သို႔ျဖစ္ေနသည့္ ထုန္ရန႔္၏ pheromoneနံ႔မ်ားကို သေဘာေကာင္းေကာင္းႏွင့္ပင္ အရႈံးေပးလိုက္သည္။

"ဘာကိုဆိုလိုတာလဲ" ထုန္ရန႔္ကေမးလိုက္၏။

က်ိဳးရွန႔္မင္ : "ကိုယ္တို႔ လက္ထပ္ၿပီးကာစကေလ၊ မင္းက ေတာ္ေတာ္ေလးကို စိတ္ဝင္တစားမရွိပဲ မလိုလားခဲ့ဘူးမလား"

"မဟုတ္ပါဘူး!" ထုန္ရန႔္ ခ်က္ခ်င္း တုံ႔ျပန္လိုက္ရသည္။
"မလိုလားတာမ်ိဳးမဟုတ္ပါဘူး!"

"တစ္ခ်က္ေလးေတာင္မွလား?" က်ိဳးရွန႔္မင္က သူ႔ေက်ာကုန္းကို ေစာင္ေပၚမွေန၍ ခပ္ဖြဖြ ပြတ္ေပးရင္း ေမးလာသည္။ က်ိဳးရွန႔္မင္လုပ္ေနေသာ သက္ေသာင့္သက္သာျဖစ္ေစသည့္ လႈပ္ရွားမႈေတြေၾကာင့္ေရာ၊ ရင္းႏွီးေနၿပီးသားျဖစ္ေသာ က်ိဳးရွန႔္မင္၏ pheromoneနံ႔မ်ားေၾကာင့္ေရာ ထုန္ရန႔္၏ ခႏၶာကိုယ္မွာ တျဖည္းျဖည္းသက္ေသာင့္သက္သာျဖစ္လာေသာ္လည္း မ်က္ႏွာကို က်ိဳးရွန႔္မင္၏ ရင္ဘက္တြင္ မ်က္ႏွာအပ္ထားဆဲျဖစ္သည္။

က်ိဳးရွန႔္မင္က ဆက္ေျပာလာ၏။
"ရပါတယ္ ဘယ္သူပဲျဖစ္ျဖစ္ လူတိုင္းအဆင္မေျပျဖစ္ၾကမွာပဲေလ။ ဒီတိုင္း..အဲ့အခ်ိန္တုန္းက ကိုယ္တို႔ ကြာရွင္းမယ့္အေၾကာင္း ေမးမယ္ထင္ခဲ့တာ။ အဲ့ဒါေၾကာင့္ အဲ့အခ်ိန္တုန္းက မင္း ေမးလာခဲ့ရင္ ဘယ္လိုေျဖရမလဲ အၿမဲ စဥ္းစားေနခဲ့ေပမဲ့ မင္းက မေမးလာဘူးေလ"

ပထမ လဝက္​ေလာက္အထိ သူက်ိဳးရွန႔္မင္ကို ေရွာင္ေနခဲ့မိတာကို ထုန္ရန႔္ သတိရသြား၏။ က်ိဳးရွန႔္မင္ႏွင့္ မ်က္ႏွာခ်င္း မဆိုင္ခ်င္ေသာေၾကာင့္ မနက္စာေတာင္ ဆင္းမစားခဲ့ေခ်။ ညဘက္တြင္လည္း တီဗြီတူတူၾကည့္ရန္ အဆင္မေျပေသာေၾကာင့္ အႀကိမ္ေပါင္းမနည္း ျငင္းဆန္ခဲ့ေသးသည္။ ထုန္ရန္႔က ေျပာလိုက္၏။

"အဲ့တုန္းက အစ္ကို႔ကို ကြၽန္ေတာ္ မရင္းႏွီးေသးလို႔ပါ"

"အမွန္ပဲ" က်ိဳးရွန႔္မင္က ညင္ညင္သာသာေျပာလာ၏။
"ငါတို႔ ထုန္ထုန္ေလးက သူစိမ္းေတြကိုမမွတ္မိတဲ့ ေၾကာင္ေပါက္ေလးေလ၊ ေၾကာက္လဲေၾကာက္တတ္ေသးတယ္"

ထုန္ရန႔္ ျငင္းလိုက္သည္။
"ကြၽန္ေတာ္ မေၾကာက္တတ္ပါဘူး"

"ဟုတ္ပါၿပီ၊ ဟုတ္ပါၿပီ"
ထုန္ရန႔္က အသံတိတ္သြားၿပီျဖစ္ရာ က်ိဳးရွန႔္မင္ သူ႔လက္ကို ထုန္ရန႔္၏ လည္ကုပ္ေပၚတြင္ တင္လိုက္ၿပီး
"အိပ္ခ်င္ေနၿပီလား ထုန္ထုန္.."

ထုန္ရန႔္ : "Hmm..."

က်ိဳးရွန႔္မင္က ထုန္ရန႔္၏ေက်ာကိုကိုင္လိုက္ကာ ခုနကအတိုင္း ဖက္ထားလိုက္ၿပီး
"ဒါဆို အိပ္ေတာ့"

ထုန္ရန႔္က ေမး၏။
"အစ္ကိုေရာ..?"

"အစ္ကိုက မင္းကိုအေဖာ္ျပဳေပးမွာေပါ့"

ေန႔လည္စာစားေနစဥ္တုန္းက ထုန္ရန႔္ ထူးဆန္းစြာ ျပဳမူေနသည္ကို က်ိဳးရွန႔္မင္ေတြ႕လိုက္ပါသည္။ သားေကာင္ႀကီးတစ္ေကာင္ေကာင္ရဲ႕ ၿခိမ္းေျခာက္ျခင္းခံေနရေသာ တိရစာၦန္ငယ္ေလးပမာ စိတ္လႈပ္ရွားေနခဲ့သည္။ သူ႔ကို ေန႔လည္က စကားသိပ္မေျပာခဲ့ေသာ္လည္း ခဏခဏေခ်ာင္းၾကည့္ေနခဲ့ေသးသည္။ က်ိဳးရွန႔္မင္ သူ႔ကို ဟင္းထည့္ေပးစဥ္ကလည္း "ေက်းဇူးတင္ပါတယ္"ေျပာၿပီး ေခါင္းေဖာ္မလာခဲ့သလို အေပၚထပ္တတ္လာစဥ္ကေတာင္မွ ေဘးခ်င္းယွဥ္တတ္ဖို႔ကို ျငင္းပယ္ခဲ့၏။ ထိုသို႔ စိမ္းသက္ကာ ထူးျခားေနျခင္းက ယခုလို သူတကယ္သိမ္းပိုက္လိုေသာသူ၏ ရင္ခြင္ထဲသို႔ အတင္းတိုးဝင္မလာခင္အထိပင္ျဖစ္ခဲ့ၿပီး ယခုေတာ့ ထိုေၾကာင္ေပါက္ေလးသည္ က်ိဳးရွန႔္မင္အား စံပယ္ပန္းနံ႔သင္းသင္းေလးထဲတြင္ လြင့္ေမ်ာေနေစ၏။

ဆယ္မိနစ္ခန္႔ ၾကာေသာအခါ ထုန္ရန႔္ အိပ္ေပ်ာ္သြားသည္။ က်ိဳးရွန႔္မင္ ထုန္ရန႔္မ်က္လုံးမ်ားကို အုပ္ေနေသာ ဆံစမ်ားကို သပ္တင္ေပးလိုက္ၿပီး တိတ္တဆိတ္ထလိုက္၏။ သို႔ေသာ္ သူအိပ္ရာမွထၿပီး ေျခလွမ္းႏွစ္လွမ္းမွ် လွမ္းၿပီးခ်ိန္၌ လွည့္ၾကည့္လိုက္ရာ ထုန္ရန႔္မ်က္ႏွာမွာ အနည္းငယ္ စူပုပ္ပုပ္ျဖစ္ေနၿပီး ညည္းညဴလိုက္ကာ က်ိဳးရွန႔္မင္၏ ေခါင္းအုံးေဘးရွိလက္မွာ အနည္းငယ္ လႈပ္ရွားလာၿပီး ႏိုးေတာ့မေယာင္ျဖစ္ေန၏။

က်ိဳးရွန႔္မင္လည္း ခုနက သူခြၽတ္လဲထားေသာ အက်ႌကို ေကာက္ကိုင္လိုက္ရသည္။

ထိုအက်ႌကို တစ္မနက္လုံးဝတ္ထားေသာေၾကာင့္ သူ႔pheromoneနံ႔မ်ား ေတာ္ေတာ္မ်ားမ်ားစြဲကပ္ေနေသး၏။ က်ိဳးရွန႔္မင္ ေစာင္ကို ခပ္ျဖည္းျဖည္း မလိုက္ၿပီး ထုန္ရန႔္ လက္ေမာင္းမ်ားၾကားတြင္ ထည့္ေပးထားလိုက္သည္။ ထိုမွသာ ထုန္ရန႔္မ်က္ႏွာမွာ တျဖည္းျဖည္း ေျပေလ်ာ့သြားၿပီး အက်ႌကို ပိုက္လ်က္ အိပ္ေပ်ာ္သြားေတာ့၏။

အေနာက္ဘက္ရွိ ၾကက္ေလွာင္အိမ္မွာ တစ္ဝက္သာ ေဆာက္ၿပီးေသာေၾကာင့္ အေကာင္ႏွစ္ဆယ္ထက္ပိုေသာ ၾကက္မ်ားကို ေလးေထာင့္ ကတ္ထူပုံမ်ားထဲတြင္ ထိုးသိအ္ထည့္ထားရ၏။ ၾကက္ေမႊးမ်ားက ေလထဲတြင္ လြင့္လ်က္ရွိၿပီး အနံ႔မသက္ကေတာ့ သိပ္မေကာင္းေခ်။ သို႔ေသာ္ က်ိဳးက်ားေရွာက ရပ္ကာ စိတ္ဝင္တစားၾကည့္ေန၏။

က်ိဳးရွန႔္မင္ ေရာက္လာသည္ကို ျမင္ေသာအခါ လွမ္းေခၚလိုက္၏။
"အစ္ကိုႀကီး..အေဖ ဒီၾကက္ေတြကို ဘယ္ေလာက္ၾကာၾကာေမြးႏိုင္မယ္လို႔ထင္လဲ"

က်ိဳးရွန႔္မင္က ျပန္မေျဖလာေသးေသာေၾကာင့္ က်ိဳးက်ားေရွာ သူ႔ကို ၾကည့္ေနစဥ္တြင္ ႐ုတ္တရက္ သူ႔ႏွာေခါင္းေရွ႕တြင္ လက္ျဖင့္ ယပ္ခတ္သည့္ဟန္ လုပ္လိုက္ၿပီး က်ိဳးက်ားေရွာက ေျပာလိုက္သည္။
အိုးမိုင္..အစ္ကိုႀကီးဆီကအနံ႔က.."

က်ိဳးရွန႔္မင္က မ်က္ႏွာေသျဖင့္
"သူေမြးခ်င္ရင္ သူလုပ္မွာေပါ့"

က်ိဳးက်ားေရွာက စလိုက္၏။
"ထုန္ရန႔္က အစ္ကိုႀကီးကို ဘာမ်ားလုပ္လိုက္သလဲ။ ကြၽန္ေတာ္ထင္တာေတာ့ အစ္ကို႔တစ္ကိုယ္လုံးကို သူလ်က္မ်ားလ်က္ခဲ့ရင္လည္း ဒီလိုသက္ေရာက္မႈမ်ိဳးရွိေနမွာ အေသအခ်ာပဲ"

က်ိဳးရွန႔္မင္ သူ႔ကို သတိေပးလိုက္၏။
"စကားေကာင္းေကာင္းေျပာစမ္းပါ"

က်ိဳးက်ားေရွာက ခ်က္ခ်င္းဆက္ေျပာလာ၏။
"အစ္ကိုႀကီးရဲ႕ ကေလးေလးမွာ ဘာအစီအစဥ္မွမရွိဘူးလား၊ အိမ္မွာ တူတူကစားဖို႔ ၾကက္တစ္ေကာင္ ျပန္သယ္သြားဖို႔ဆိုတာမ်ိဳးေပါ့"

က်ိဳးရွန႔္မင္က သူႏွင့္ အာလာပသလာပ ေျပာမေနဘဲ
"မင္း ထုန္ရန႔္ကို ဘာေျပာလိုက္တာလဲ"

က်ိဳးက်ားေရွာက အျပစ္ကင္းသည့္ပုံစံေလးျဖင့္
"ကြၽန္ေတာ္က သူ႔ကို ဘာမ်ား ေျပာႏိုင္မွာတဲ့လဲ"

သူတို႔ႏွစ္ဦးမွာ တံခါးေရွ႕တြင္ မ်က္ႏွာခ်င္းဆိုင္ရပ္ေနၾကျခင္းျဖစ္ကာ က်ိဳးက်ားေရွာက တံခါးေဘာင္ကို မွီထားၿပီး ခပ္ေလ်ာ့ေလ်ာ့ရပ္ေနျခင္းျဖစ္ေသာ္လည္းက်ိဳးရွန႔္မင္မွာ မတ္မတ္ရပ္ေနကာ သဘာဝအတိုင္း လက္မ်ားက ေဘးဘက္တြင္ က်လ်က္။ အေနာက္တိုင္းဝတ္စုံမဟုတ္ေတာ့ပဲ ဆြယ္တာအပါးကိုသာဝတ္ထားေသာေၾကာင့္ ႂကြက္သားတို႔မွာလည္း အက်ႌ ခပ္ပြပြေအာက္၌ဖုံးကြယ္ထားျခင္းခံထားရ၏။ ပုခုံးမ်ားက က်ယ္ျပန႔္ကာ ခါးသိမ္၏။ မၾကာခဏ ၿပဳံးရယ္မႈမရွိေသာမ်က္ႏွာႏွင့္ ေပါင္းစပ္လိုက္ေသာအခါ အိမ္ေနရင္း အဝတ္အစားႏွင့္ေတာ္မွ တည္ၾကည္ပုံေပါက္၏။

ေခတၱမွ် တိတ္ဆိတ္ေနၿပီးေနာက္ က်ိဳးက်ားေရွာက ေျပာလာသည္။
"အစ္ကိုႀကီးတို႔ ဘယ္ေတာ့ ကြာရွင္းမွာလဲလို႔ေမးလိုက္တာ"

က်ိဳးရွန႔္မင္ : "ေနာက္တစ္ခါ ထပ္ေမးဖို႔ မႀကိဳးစားနဲ႔"

က်ိဳးက်ားေရွာက ေအာက္ႏႈတ္ခမ္းကိုေထာ္လိုက္ၿပီး ေမးလာသည္။
"ကြၽန္ေတာ္က သူ႔ကို အႏိုင္က်င့္ေနတယ္ထင္လို႔လား? ဘယ္လိုလုပ္ၿပီးေတာ့လဲ? ဘာလို႔ အစ္ကိုတို႔ႏွစ္ေယာက္လက္ထပ္ခဲ့လဲဆိုတာ လူတိုင္းသိေနတာပဲကို ကြၽန္ေတာ္ေမးမိတာ ဘာျဖစ္သြားလို႔လဲ"

က်ိဳးရွန႔္မင္ လွည့္ကာ သူ႔ကိုၾကည့္လိုက္သည္။ က်ိဳးက်ားေရွာကလည္း သူ႔ကို ျပန္စိုက္ၾကည့္ေန၏။ သို႔ေသာ္ သိပ္မၾကာခင္မွာပဲ ေမး႐ိုးကို တင္းေနေအာင္ စိပိတ္ထားၿပီး ခဏခဏ အသက္ရႈိက္ရႉရင္းျဖင့္ ရင္ဘက္က တုန္ရင္လာလ်က္ အၾကည့္လႊဲသြား၏။

က်ိဳးက်ားေရွာ၏ ဤသို႔ ပုံစံကိုျမင္မွ က်ိဳးရွန႔္မင္က သူ႔ pheromoneမ်ားျဖင့္ ဖိႏွိပ္ထားျခင္းကို ရပ္လိုက္ၿပီး သက္ျပင္းခ်လ်က္ ေျပာလာသည္။
"ထုန္ရန္းနဲ႔ မင္းနဲ႔ ၾကားက ျပႆနာက ငါနဲ႔ ထုန္ရန႔္ အိမ္ေထာင္ေရးနဲ႔ ဘာပက္သက္မႈမွမရွိဘူး။ ဒီအတိုင္း ဆက္လုပ္ေနရင္ မင္းပဲ မေပ်ာ္မ႐ႊင္ျဖစ္ေနမွာ မင္းကိုယ္မင္း သိသင့္တယ္"

က်ိဳးက်ားေရွာက ျပန္ေျပာခ်င္ေသာ္လည္း က်ိဳးရွန႔္မင္က ဆက္ေျပာလာ၏။
"မင္း ထုန္ရန႔္ထက္ ဘယ္ေလာက္ အသက္ပိုႀကီးလဲ စဥ္းစားၾကည့္စမ္း။ တကယ္လို႔ ငါတို႔သာ လက္မထပ္ထားပဲနဲ႔ လမ္းေပၚမွာေတြ႕လို႔ ထုန္ရန႔္က ငါတို႔ကို ဦးေလးလို႔ ေခၚၿပီး ႏႈတ္ဆက္ရင္ေတာင္ ထူးဆန္းတဲ့ကိစၥဟုတ္မေနဘူး။အႀကီးတစ္ေယာက္အေနနဲ႔ သူက မင္းရဲ႕ pheromoneေတြနဲ႔ အဆင္မေျပဘူး၊ သက္ေသာင့္သက္သာျဖစ္မေနဘူးဆိုတာ မင္းသိသင့္တယ္။ ခုနက မင္းကို ငါ့ pheromone နဲ႔ ဖိႏွိပ္ထားတုန္းကလိုပဲ မင္းသူ႔ကို အဲ့လိုလုပ္တုန္းက မွားလား မမွားလား စဥ္းစားၾကည့္ေလ"

"ခဏေလး!" က်ိဳးက်ားေရွာ ေအးခဲသြားရ၏။
"ဘယ္တုန္းက ကြၽန္ေတာ္ သူ႔ကို.."

က်ိဳးက်ားေရွာထံတြင္ ထုန္ရန႔္အား မၾကည္ျဖဴျခင္း အလွ်င္းမရွိေပ။ ဒီအတိုင္း က်ိဳးရွန႔္မင္ေနာက္ တေကာက္ေကာက္လိုက္ကာ ရည္႐ြယ္၍ျဖစ္ေစ မရည္႐ြယ္၍ျဖစ္ေစ ဆိုးသြမ္းခ်င္ပုံျဖင့္ အၿမဲတမ္း "အစ္ကို အစ္ကို"ဟုေခၚေနၿပီး တျခားသူမ်ားႏွင့္ဆိုပါက ယဥ္ေက်းေသာ္လည္း ခပ္တည္တည္သာေနတတ္သည့္ က်ိဳးရွန႔္မင္က သူ႔အတြက္ဆို အၿမဲခပ္ၿပဳံးၿပဳံးရွိေနတတ္သည့္အျပင္ ထုန္ရန္း၏ ညီေလးျဖစ္ေသာေၾကာင့္ ေတြ႕တာနဲ႔ စေနာက္ေနခ်င္တာပင္ျဖစ္၏။

ၾကည့္ရတာ သူတို႔ စကားေျပာေနစဥ္က မရည္႐ြယ္ပဲ သူ သေဘာမက်ေသာ pheromoneအခ်ိဳ႕ ထုတ္လႊတ္လိုက္မိပုံရ၏။

က်ိဳးက်ားေရွာ : "ကြၽန္ေတာ္ မရည္႐ြယ္ပါဘူး..သူအဆင္ေျပရဲ႕လား"

"ငါသိပါတယ္" က်ိဳးရွန႔္မင္က သူ႔ကို တစ္ခ်က္ၾကည့္လာၿပီး
"တကယ္လို႔ သူသာတစ္ခုခုျဖစ္သြားရင္ မင္းဒီမွာ ဒီတိုင္းေနၿပီး ၾကက္ေတြကို ထိုင္ၾကည့္ေနလို႔ရမယ္ထင္လား"

သူတို႔ႏွစ္ဦးစလုံး ရန္မျဖစ္ခ်င္ေပ။ အတိအက်ေျပာရလွ်င္ က်ိဳးရွန႔္မင္ႏွင့္ ရန္ျဖစ္တိုင္း က်ိဳးက်ားေရွာ မရႈံးခ်င္ေသာေၾကာင့္ျဖစ္၏။

ကေလးအ႐ြယ္တည္းက က်ိဳးရွန႔္မင္က အလြန္ကို သီးသန႔္ေနခဲ့သည္။ သူတို႔အိမ္သို႔ ခဏခဏလာမလည္သလို လာလွ်င္လည္း အထင္ေသးသကဲ့သို႔ စကားသိပ္မေျပာေခ်။ က်ိဳးက်ားေရွာက က်ိဳးရွန႔္မင္ သူ႔ကို ဤသို႔ဆက္ဆံသည္ကိုျမင္ရေသာအခါ ပိုေဒါသထြက္လာၿပီး ရန္စခ်င္လာေတာ့၏။ သို႔ေသာ္လည္း တစ္ခါဆိုလွ်င္ ဆိုသေလာက္ က်ိဳးရွန႔္မင္ ေဒါသထြက္လွ်င္ က်ိဳးက်ားေရွာ ႐ုန္းကန္ရေတာ့၏။ သူ႔တြင္ အားသာခ်က္အျဖစ္ alpha pheromoneမ်ားႏွင့္ လက္သီးခ်က္မ်ား ရွိသည္မဟုတ္ပါလား။ အတိုခ်ဳပ္ေျပာရလွ်င္ မၾကာခဏ မေတြ႕ေသာ္လည္း ေတြ႕လိုက္သည့္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ေကာင္းစြာ အဆုံးမသတ္ခဲ့ေခ်။

က်ိဳးက်ားေရွာက ေမွ်ာ္လင့္ခ်က္မဲ့စြာ တုန္လႈပ္သြားရေတာ့၏။

က်ိဳးက်ားေရွာက မီးဖိုေခ်ာင္ထဲဝင္ၿပီး ေရခဲေသတၱာထဲမွ ဘီယာႏွစ္ဘူး ယူလာကာ က်ိဳးရွန႔္မင္ကို တစ္ဘူး ေပးလိုက္၏။ က်ိဳးရွန႔္မင္ ယူလိုက္ေသာ္လည္း မေသာက္ေပ။က်ိဳးက်ားေရွာက သူ႔ကို ၾကည့္လိုက္ေသာအခါ ေျပာလာ၏။
"ငါအေပၚျပန္တတ္ရေတာ့မွာ"

ဆိုလိုရင္းမွာေတာ့ ဘီယာနံ႔ေၾကာင့္ ထုန္ရန႔္အား လႈံ႕ေဆာ္မိမည္ကို စိုးရိမ္ေနျခင္းျဖစ္၏။

"…ဘီယာတစ္ဘူးေလးပါပဲ" က်ိဳးက်ားေရွာက ေျပာလာ၏။
"omegaခ်င္းတူေပမဲ့ ငါကေတာ့ ကံေကာင္းမေနခဲ့ဘူး"

က်ိဳးရွန႔္မင္က ပုံမွန္အတိုင္းပင္ ေျဖလိုက္၏။
"သူက ငယ္ပါေသးတယ္"

က်ိဳးက်ားေရွာ : "အိမ္မွာေတာင္ မေသာက္ဘူးလို႔ မေျပာနဲ႔ေနာ္"

က်ိဳးရွန႔္မင္က ျငင္းဆိုလိုက္၏။

က်ိဳးက်ားေရွာမွာ ပို၍ေတာင္ အံ့ဩသြားရ၏။
"ေဆးလိပ္ေရာ? ခုတေလာ ေတာ္ေတာ္ေလး ထူးဆန္းေနတယ္ထင္ေနတာ..ေဆးလိပ္လည္း မေသာက္ေတာ့ဘူးေပါ့"

က်ိဳးရွန႔္မင္က စိတ္မရွည္စြာ ေျပာလာ၏။
"သူက pheromoneေတြနဲ႔တင္ sensitiveျဖစ္တာမဟုတ္ဘူး၊ အေသးအမႊား မေကာင္းတာေလးေတြက အစဂသူ႔အေပၚသက္ေရာက္မႈရွိတယ္"

"…"

က်ိဳးက်ားေရွာက ဘီယာအနည္းငယ္ တစ္ေသာက္လိုက္ၿပီး စိတ္ဓာတ္က်ေနသည့္ပုံျဖင့္ ေျပာလာ၏။
"ငါဆယ့္ရွစ္ႏွစ္တုန္းကက်ေတာ့ ဘာလို႔ အေမကငါ့ကို လက္မထပ္ခိုင္းခဲ့တာလဲ? ဆယ့္ေျခာက္ႏွစ္ဆိုလည္း အဆင္ေျပပါတယ္။ ဆယ့္ေလးႏွစ္ေလာက္တည္းက ငါက ေတာ္ေတာ္ေလးကို ဖြံ႕ၿဖိဳးေနၿပီးသားဟာကို"

က်ိဳးရွန႔္မင္က သူ႔ေျပာစကားကိုျပန္မတုံ႔ျပန္လာရာ က်ိဳးရွန႔္မင္၏ ဖိနပ္ကို ကန္လိုက္ရင္း
"အစ္ကိုက ဘာတုန္း၊ သားရွိ မယားရွိလား။ ကြၽန္ေတာ့ မ်က္လုံးထဲမွာေတာ့ ထုန္ရန႔္က အဲ့လိုသေဘာမထားသလိုပဲေနာ္။ ၾကည့္ရတာ သူက အစ္ကို႔ကို တကယ့္ အစ္ကိုရင္းတစ္ေယာက္လို သေဘာထားပုံပဲ။ အဲ့ေတာ့ ဘယ္လို ခံစားရလဲ။ အသဲကြဲ-?"

"အား! သိၿပီ" က်ိဳးက်ားေရွာက ဘီယာဘူးကို ခ်ိဳင့္ဝင္သြားသည္အထိ ညႇစ္လိုက္ၿပီး
"အဲ့ေကာင္စုတ္ေလးက ကြၽန္ေတာ့ ေမးခြန္းေတြေၾကာင့္ စိတ္ရႈပ္သြားတာလား? ဝါး..ဒါဆို သူလည္း အစ္ကို႔ကို စိတ္ဝင္စားေနတာေပါ့၊ ဟုတ္တယ္မလား။ ႂကြားစရာမလိုပါဘူးဗ်ာ။ ဒီတိုင္းတင္ ေတာ္ေတာ္ေလးကို ဂုဏ္ယူေနၿပီမလား။ တစ္ကိုယ္လုံး သူ႔pheromoneနံ႔ေတြနဲ႔ ေျမာက္ႂကြေျမာက္ႂကြျဖစ္ေနစရာမလိုပါဘူး"

က်ိဳးရွန႔္မင္က ေအးေနဆဲဘီယာဘူးကို က်ိဳးက်ားေရွာလက္ထဲျပန္ထည့္ေပးလိုက္ကာ အေပၚသို႔ ျပန္မတတ္ခင္ ေျပာလိုက္၏။
"မင္း ပါးစပ္ကိုသာ ထိန္းထိန္းသိမ္းသိမ္းေနဖို႔ သင္ခဲ့မယ္ဆိုရင္ မင္းနဲ႔ ထုန္ရန္းအေျခအေနက အခုထက္ အဆတစ္ရာေလာက္ သာေနမယ္ဆိုတာေသခ်ာတယ္။ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္တည္းကတင္ လက္ထပ္ၿပီး ဒီအခ်ိန္ဆို ငါ့မွာ တူေလးတစ္ေယာက္ေလာက္ေတာင္ ရေနေလာက္ၿပီ"

•°•°•°•°•°•°•





























Okumaya devam et

Bunları da Beğeneceksin

53.3K 8.6K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
1M 138K 41
၅နှစ်ကွာတဲ့ အကိုကြီးနဲ့ ချစ်သူဖြစ်ဖို့ ဘာတွေလုပ်ဖို့ လိုမလဲ။ သက်ငယ်ဝေလုံ 7,6,2021 ----------- ၅နွစ္ကြာတဲ့ အကိုႀကီးနဲ ့ခ်စ္သူျဖစ္ဖို ့ ဘာေတြလုပ္ဖို...
311K 33.6K 170
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
117K 11.6K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...