My Lover With Split Personali...

Door Mine-Edge

303K 53.3K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... Meer

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၁၁ ။ အစားထိုးခ်စ္သူ

3.9K 923 102
Door Mine-Edge

[Zawgyi]

ႏွစ္ေယာက္သား မနက္စာစားၿပီးခ်ိန္ မနက္၁၀နာရီေက်ာ္ေနေလၿပီ။ က်န္းခ်န္ေဖးမွာ ကားဆီသို႔ေလွ်ာက္လာၿပီး ႐ုံးသြားရန္ျပင္၏။ သူ႔အစားထိုးေလးကို အိမ္တြင္ လိမ္လိမ္မာမာေနခဲ့ရန္​ ေျပာမည့္ဆဲဆဲ ထိုလူက ဝတ္စုံျပည့္ဝတ္ဆင္ထားၿပီး ခရီးသည္အေရွ႕ထိုင္ခုံတြင္ ဝင္ထိုင္လိုက္တာ ျမင္လိုက္ရ၏။

"ဘာလဲ၊ ငါ့ကို ခစားရတဲ့အေတြ႕အႀကဳံ တစ္ခါရသြားေတာ့ ငါ့​နားကေန မခြာႏိုင္ေတာ့ဘူးလား၊ ၿပီးေတာ့ ငါနဲ႔ ကုမၸဏီကိုေတာင္လိုက္ခဲ့ခ်င္ေသးတယ္ေပါ့"
ဥကၠဌမွာ အေတာ္ေလး သူ႔ကိုယ္သူ ေက်နပ္သြားသည္။ အစားထိုးေလးမွာ အင္မတန္ ကပ္တြယ္လြန္းၿပီး သူ႔နားကပ္ေနရတာ အင္အတန္သေဘာက်လြန္း၍ အစားထိုးမဟုတ္ဘဲ ယန္ယန္ကိုယ္တိုင္ဆိုေသာ ထင္ေယာင္ထင္မွားမႈမ်ိဳးေတာင္ ျဖစ္ေစသည္။

"အဲလိုမဟုတ္ပါဘူး၊ ငါ့ကုမၸဏီငါသြားမို႔၊ တနလၤာေန႔တိုင္း မနက္ပိုင္းအစည္းအေဝးရွိတယ္"
ေက်ာင္းခ်ီတစ္ေယာက္ သူ႔ေလာင္ကုန္း သူ႔ကုမၸဏီဆီသြားသည့္လမ္းကိုေမ့ေနမည္ဆိုး၍ ပါ့ေက်ာင္းတည္ေနရာကို ကားလမ္းၫႊန္တြင္ တည္ေနရာျပဳၿပီး smart brain ႏွင့္ခ်ိတ္ဆက္လိုက္သည္။

'အစားထိုးေလးမွာ အလုပ္ရွိတာလား၊ သူ အလုပ္တစ္ခုရဖို႔အခြင့္အေရးရသြားတာမ်ိဳး ငါမမွတ္မိပါဘူး'

ဤအခ်က္အလက္က ဥကၠဌအား အံ့ၾသသြားေစသည္။ သူတစ္ခဏစဥ္းစားၿပီးေနာက္ ေျပာလိုက္သည္။
"ေကာင္းၿပီေလ၊ မင္းလိမ္လိမ္မာမာနဲ႔ သေႏၶတားေဆးေသာက္တယ္ဆိုတဲ့အခ်က္ကိုၾကည့္ၿပီး ငါ့ကားေပၚလိုက္စီးခြင့္ျပဳလိုက္မယ္"

'ဒါငါ့ကား​ေလ...'

ေက်ာင္းခ်ီ ဒီတစ္ႀကိမ္တြင္ အျငင္းပြားခ်င္စိတ္မရွိေသး၍ မ်က္လုံးသာလွန္လိုက္ေတာ့သည္။

ေငြေရာင္ Maseratiကားက လ်င္ျမန္စြာပင္ ဗီလာဧရိယာမွထြက္လာေလသည္။ မနက္ခင္း ကားလမ္းပိတ္သည့္အခ်ိန္ေက်ာ္သြားၿပီျဖစ္၍ ခရီးစဥ္တစ္ေလွ်ာက္မွာ ေခ်ာမြတ္ေန၏။

ပါ့ေက်ာင္းမနက္ခင္း အစည္းအေဝးမွာစတင္ေနၿပီျဖစ္၍ ေက်ာင္းခ်ီ သူ႔smart brain ကိုသုံးကာ ယြီယြမ္ဆီမွ တိုက္႐ိုက္ထုတ္လႊင့္မႈကိုၾကည့္ၿပီး သူတို႔တင္ျပမႈကိုနားေထာင္လို​က္သည္။

က်န္းခ်န္ေဖးမွာ သူ႔ခ်စ္ဇနီးေလး၏ smart brain အေၾကာင္းအရာမ်ားကို မ​ျမင္ႏိုင္ေပ။ ေက်ာင္းခ်ီ ငိုင္ေနတာျမင္ေတာ့ ဘာေၾကာင့္လဲ အေၾကာင္းရင္းစဥ္းစားခ်ိန္ တစ္စုံတစ္ေယာက္ေသာသူကိုေတြးေနတာ ျဖစ္ေလာက္မွန္း သေဘာေပါက္သြားခဲ့သည္။

မစၥတာတိေအာင္း၏မ်က္ဝန္းမ်ားမွာ မႈန္ဝါးသြားၿပီးေက်ာင္းခ်ီကို သတိေပးလိုက္သည္။
"မင္းကငါ့လူျဖစ္ေနၿပီ၊ ေနာက္ပိုင္း အဲဆင္းရဲသားေကာင္ေလးအေၾကာင္း ေမ့လိုက္သင့္ၿပီ၊ ယန္ယန္႔အစားထိုးက ယန္ယန္႔ပုံစံဟန္ေဆာင္ေနတုန္း တျခားလူအေၾကာင္းေတြးတာမ်ိဳးမလိုခ်င္ဘူး"
အရဲတင္းလွစြာက်ိဳးေၾကာင္းမသင့္ေသာစကားမ်ားမွာ မွန္ကန္သင့္ေလ်ာ္သည့္ဟန္ျဖင့္ ဥကၠဌလူႀကီးမင္းပါးစပ္မွထြက္လာေလသည္။

"ဟင္" ေက်ာင္းခ်ီမွာ က်န္း သူ႔ကို ႐ုတ္တရက္စကားေျပာခ်ိန္ ကြန္ဖရင့္ဗီဒီယိုကို ၾကည့္ေနတုန္းျဖစ္၍ ဇေဝဇဝါျဖစ္သြားသည္။ သူ သတိျပန္ဝင္လာခ်ိန္ ေမးလိုက္သည္။
"ဆင္းရဲတဲ့ေကာင္ေလးလား၊ ဘယ္သူလဲ"

စတီယာရင္ေပၚ က က်န္းခ်န္ေဖးလက္မွာတင္းၾကပ္သြားကာ ေအးစက္ေသာေလသံႏွင့္ျပန္ေျဖလိုက္သည္။
"ခ်န္ေဖး.. မင္းမေန႔က မေတာ္တဆထုတ္ေျပာလိုက္တဲ့နာမည္ပဲ၊ ငါမၾကားဘူးထင္မေနနဲ႔၊ ငါ့လူအေနနဲ႔ ငါ့အေၾကာင္းပဲစဥ္းစားရမယ္၊ မင္း ဒီနာမည္ကိုထပ္ေျပာတာ ငါေနာက္တစ္ႀကိမ္ၾကားရရင္ သူ႔ကိုဒီေလာကထဲကေန ထာဝရေပ်ာက္သြားေအာင္လုပ္ပစ္မယ္!"

"..."
ဒါကိုၾကားေတာ့ အစားထိုးေလး ဆြံ႕အသြားခဲ့သည္။ အခုေတာ့ ႐ုံးတြင္စာ႐ြက္စာတမ္းမ်ား လက္မွတ္ထိုးလွ်င္ တိေအာင္းက်န္းဟု နာမည္ေရးလိုက္မွာကိုေတာင္ စိုးရိမ္မိသြားေတာ့သည္။

တနလၤာေန႔တြင္ ပါ့ေက်ာင္းကုမၸဏီမွာ အလုပ္ရွိေသာ္ျငား စနစ္တက်ႏွင့္ပင္။

သူ႔အလ်င္ျမန္ဆုံး အရွိန္ကို အသုံးခ်ၿပီး ေက်ာင္းခ်ီမွာ ပါ့ေက်ာင္းမွ တာဝန္အားလုံးႏွင့္ စီးပြားေရးလုပ္ငန္းကိစၥမ်ားအားလုံးကို အၿပီးသတ္လိုက္သည္။ ခ်စ္ဇနီးေလးမွာ စိတ္မေအးႏိုင္၍ သူ႔ေလာင္ကုန္းကိုသြားေတြ႕ရန္ ရွီးေဖးနည္းပညာဆီသြားဖို႔ ဆုံးျဖတ္လိုက္၏။

သူ ဥကၠဌ႐ုံးခန္းမွထြက္ကာစရွိေသး ေခတ္ဆန္ေသာ လူငယ္တစ္ေယာက္က သူ႔လမ္းကိုလာပိတ္ေလသည္။

"ဥကၠဌေက်ာင္း"
လည္လည္ဝယ္ဝယ္ပုံေပါက္ေသာ အမ်ိဳးသားတစ္ေယာက္ေရာက္လာေသာ္ျငား ထိုလူငယ္ဝတ္စားဆင္ယင္ပုံေၾကာင့္ မည္သူမွ ရိပ္စားမိႏိုင္မည္မဟုတ္ေပ။ သူ႔ကိုၾကည့္လိုက္ေတာ့ အစီအစဥ္တင္ဆက္သူ၏ စာခ်ဳပ္သက္တမ္းတိုးေၾကးႏွင့္ ပတ္သတ္ၿပီး မၾကာေသးခင္ကပင္ အျငင္းပြားမႈျဖစ္ထားေသာ "လ်န္ရွင္းေဝ့လန္ေကာ့" တီဗြီရႈိး၏ အစီအစဥ္တင္ဆက္သူျဖစ္ေနသည္။

"ကိစၥတစ္ခုခုရွိလို႔လား"
ေက်ာင္းခ်ီသည္ ဤကဲ့သို႔ေသာ လမ္းပိတ္ဆို႔ျခင္းကို သေဘာမက်ေပ။

"အရင္ ရက္ခ်ိန္းသတ္မွတ္ဖို႔ ငါ့အတြင္းေရးမႉးနဲ႔ အရင္စကားေျပာလိုက္ပါ"
သူစကားေျပာၿပီးသည္ႏွင့္ ေက်ာင္းခ်ီမွာ လမ္းဆက္ေလွ်ာက္ရန္ ေျခကိုႂကြၿပီး သူ႔ကိုထြက္သြားဖို႔ အမူအရာျပလိုက္သည္။

လူငယ္အစီအစဥ္တင္ဆက္သူမွာ တစ္ခဏမွ် ဆို႔နင့္သြားသည္။ ပရိသတ္သန္းခ်ီရွိေသာ တိုက္႐ိုက္ထုတ္လႊင့္မႈအစီအစဥ္တင္ဆက္သူအေနျဖင့္ သူ႔ကိုေကာင္းကင္ေအာက္မွ နံပါတ္၁ ဧကရာဇ္အျဖစ္ ဂုဏ္ျပဳၾကကာ ေလာင္ဇစ္(တ႐ုတ္အေတြးအေခၚပညာရွင္) ၏ေက်ာ္ၾကားမႈကေတာင္ သူႏွင့္ယွဥ္လွ်င္ ဒုတိယျဖစ္၏။ သူ ဥကၠဌကို ေတြ႕ဖို႔အတြက္ေလးနဲ႔ ဘာေၾကာင့္ ရက္ခ်ိန္းယူဖို႔ လိုအပ္ရတာလဲ။

"ကြၽန္ေတာ္ အေရးႀကီးကိစၥရွိလို႔၊ ရက္ခ်ိန္းယူဖို႔ အခ်ိန္မရွိတာမို႔ ဥကၠဌရဲ႕ အခ်ိန္၂ မိနစ္ပဲ ယူပါ့မယ္"

စီအစဥ္တင္ဆက္သူက တလက္လက္ေတာက္ပေနေသာ လက္ဝတ္ရတနာမ်ားျပည့္ေနသည့္ သူ႔လက္ေမာင္းကို ဆန္႔ထုတ္ၿပီး ေက်ာင္းခ်ီ လမ္းကို ပိတ္ဆို႔ေလသည္။

ေက်ာင္းခ်ီမွာ မ်က္လုံးေမွးၿပီး အခ်ိန္ကို ျမန္ျမန္ဆန္ဆန္ ၾကည့္လိုက္၏။
"ေကာင္းၿပီေလ၊ ေျပာပါ"

ဒီ အစီအစဥ္တင္ဆက္သူက အၿငိမ္းစား e-sports ကစားသမားတစ္ေယာက္ျဖစ္ၿပီး ခုလက္ရွိ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္ေသာ ဂိမ္းမ်ားအားအဓိက ကစားျပေနသူ ေကာ့ရွင္းျဖစ္သည္။ သူ႔ေက်ာ္ၾကားမႈမွာ အေတာ္ေလးျမင့္မားသည္။ ပါ့ေက်ာင္းအေနႏွင့္လည္း သူ႔ကိုေခၚထားခ်င္ေသာ္ျငား အျခား တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္ေသာ ပလတ္ေဖာင္းမ်ားက သူ႔ကို ကမ္းလွမ္းလာ၍ ယခုလက္ရွိ စာခ်ဳပ္ေၾကးကိုတိုးျမႇင့္ေတာင္းဆိုေနတာျဖစ္သည္။

"ကြၽန္ေတာ့္စာခ်ဳပ္ကိစၥနဲ႔ပတ္သတ္ၿပီး ေဆြးေႏြးေနတုန္းတန္းလန္း ဘာေၾကာင့္ဖ်က္သိမ္းခံလိုက္ရသလဲ သိခ်င္႐ုံပဲ"

ပါ့ေက်ာင္း တိုက္႐ိုက္ထုတ္လႊင့္မႈႏွင့္ စာခ်ဳပ္လက္မွတ္ထိုးရသည့္ တာဝန္ယူထားေသာ ဒါ႐ိုက္တာသာလွ်င္ ထိုက္က်ိ [၁] (ဥကၠဌေက်ာင္း)ႏွင့္ ယွဥ္၍ေျပာဆိုႏိုင္သူျဖစ္သည္။ ထိုသူက စာခ်ဳပ္သက္တမ္းတိုးရာတြင္ သူ႔မရွိမျဖစ္လိုအပ္ခ်က္ကို ဥကၠဌေက်ာင္းႏွင့္ ေဆြးေႏြးသင့္သည္ဟု ေျပာခဲ့သည္။ အံ့အားသင့္စရာမွာ ေဆြးေႏြးမႈရလဒ္က သူ႔အား အနာဂတ္လုပ္ငန္းအခြင့္အလမ္းမ်ားတြင္ အဆင္ေျပပါေစဟု ဆုေတာင္းေပးျခင္းျဖစ္ေနခဲ့သည္! သူက မူလစာခ်ဳပ္တြင္ ယြမ္သန္း၃၀ထပ္ေပါင္း တိုး၍ေတာင္းခဲ့ကာ အလုပ္အကိုင္တူသည့္ အျခားအႏုပညာရွင္မ်ားအား ေပးသည့္ေစ်းထက္ အင္မတန္ျမင့္မားလြန္းသည္။ ပါ့ေက်ာင္းရွိ စီမံခန္႔ခြဲမႈ စည္းမ်ဥ္းမ်ားက အေတာ္ကေလးေပါ့ပါး၍ သူလည္းပဲ ထြက္မသြားခ်င္ေပ။

{T/N: [၁] 太极 ထိုက္က်ိ – တ႐ုတ္ေရွးဒ႑ာရီ၏ အခ်ိဳ႕ေသာဖြင့္ဆိုခ်က္မ်ားအရ အရာအားလုံး၏ အရင္းအျမစ္ အႂကြင္းမဲ့ျဖစ္တည္မႈ}

"ငါ အခ်က္အလက္ဆန္းစစ္မႈကို သုံးသပ္ၾကည့္ၿပီးၿပီ၊ မင္း ေတာင္းဆိုတဲ့ပမာဏေစ်းႏႈန္းကို ငါတို႔သေဘာတူလိုက္ရင္ အက်ိဳးအျမတ္မာဂ်င္က ေမွ်ာ္မွန္းထားတာထက္ ပိုၿပီးက်ဆင္းသြားလိမ့္မယ္"
ေက်ာင္းခ်ီက မ်က္ႏွာေသျဖင့္ေျဖလိုက္သည္။

"မျဖစ္ႏိုင္တာ! ကြၽန္ေတာ္ ပလတ္ေဖာင္းမွာ ႏွစ္တိုင္း ပိုက္ဆံဘယ္ေလာက္ေတာင္ရွာေပးထားလဲ! အဲဒါတင္မကဘူး ကြၽန္ေတာ့္ ေက်ာ္ၾကားမႈကလည္း ဆက္တိုက္ျမင့္တက္ေနတာ! ကြၽန္ေတာ့္နာမည္ကလည္း ေနာက္ႏွစ္ ရွီးေဖးရဲ႕ ဂိမ္းအသစ္အတြက္ ေျပာေရးဆိုခြင့္ရွိသူပုဂၢိဳလ္အျဖစ္ ၫႊန္းတာခံရၿပီးၿပီ၊ ဒီေၾကာ္ညာတစ္ခုနဲ႔တင္ ပိုၿပီး..."

"မင္းသိေသးတယ္မထင္ဘူး"
ေက်ာင္းခ်ီက လက္ကို အနည္းငယ္ ေျမႇာက္လိုက္ၿပီး တစ္ဖက္လူ၏ အဓိပၸါယ္မရွိဘဲ တျဖည္းျဖည္း က်ယ္ေလာင္လာေသာျငင္းခုန္မႈမ်ားကို တားလိုက္ေတာ့သည္။
"ရွီးေဖးနည္းပညာက ငါ့ခင္ပြန္းရဲ႕ကုမၸဏီပဲ၊ ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဘယ္သူျဖစ္မလဲဆိုတာ ငါပဲဆုံးျဖတ္မွာ"

ထိုအခ်ိန္တုန္းက ဒါ႐ိုက္တာလ်န္ အက်ိဳးအျမတ္ မာဂ်င္ကိုတြက္ခ်က္ခ်ိန္ ရွီးေဖး၏ေၾကာ္ညာကိုလည္း ထည့္သြင္းခဲ့၍ ရလဒ္က တိေတာ့မတိက်ေပ။ အေျခခံသေဘာတရားကေတာ့ ႏွစ္ေယာက္လုံးက မိသားစုစီးပြားေရးမ်ားျဖစ္၍ ပါ့ေက်ာင္းမွထြက္သြားသူ မည္သူျဖစ္ပါေစ ရွီးေဖးအတြက္ ေျပာေရးဆိုခြင့္ရွိေသာ ပုဂၢိဳလ္ျဖစ္မလာႏိုင္ေပ။ ဒီအေၾကာင္းျပခ်က္မ်ားမရွိလွ်င္ေတာင္ "လ်န္ရွင္းေဝ့လန္ေကာ့" မွာ ေသခ်ာေပါက္ ေစ်းမတန္ေပ။

"ဒါဆို ခင္ဗ်ား ကြၽန္ေတာ့္ကို ဘယ္ေလာက္ေပးႏိုင္မလဲ"
ေကာ့ရွင္းမွာ လက္သီးတင္းတင္းဆုပ္ၿပီး အေပၚစီးကေန ေထာင္လႊားေနေသာ သခင္ေလး၏ ဟန္ပန္အမူအရာကို ၾကည့္လိုက္သည္။ ဒါက သူ႔ကို တကယ္ပင္ေဒါသထြက္ေစ၏။

သူသည္ ဆင္းရဲစြာျဖင့္ ေမြးဖြားလာၿပီး ေနာက္ဆုံးေတာ့ သယမန္ပေရာ္ဖက္ရွင္နယ္အသင္းတစ္ခုထဲတြင္ ဝင္ခြင့္ရခဲ့သည္။ ခက္ခက္ခဲခဲျဖင့္ သူသည္ နာမည္ႀကီး တီဗြီရႈိး အစီအစဥ္တင္ဆက္သူ ျဖစ္လာခဲ့ၿပီး ေနာက္ဆုူံေတာ့ အျခားသူမ်ားထက္ သာလြန္ေသာလူျဖစ္ခဲ့ၿပီဟုေတာင္ ေတြးမိသြားခဲ့သည္။ သို႔တိုင္ ဥကၠဌေက်ာင္း၏ တည္ၿငိမ္ၿပီးမမွိတ္မသုန္ျဖစ္ေနသာ မ်က္ဝန္းမ်ားေရွ႕ေရာက္သည္ႏွင့္ သူကဘာေကာင္ႀကီးမွမဟုတ္ဟုခံစားရသည္။

"စာခ်ဳပ္ကိစၥနဲ႔ပတ္သတ္ၿပီး ဒါ႐ိုက္တာလ်န္နဲ႔​ေျပာလိုက္ပါ" ေက်ာင္းခ်ီက အခ်ိန္ကိုလွမ္းၾကည့္လိုက္၏။
"ႏွစ္မိနစ္ကုန္သြားၿပီ"

"ခြင့္ျပဳပါ၊ ေက်းဇူးျပဳၿပီး လမ္းေလးဖယ္ေပးပါဦး၊ ဥကၠဌရဲ႕အခ်ိန္စာရင္းက အေတာ္ေလးၾကပ္ပါတယ္"

ယြီယြမ္သည္ သူ၏ဝဖိုင့္ဖိုင့္ခႏၶာကိုယ္ကို လိမ္ၿပီး ထိုေကာက္က်စ္ေသာ ငနဲသားေလးကို ေဆာင့္တြန္းကာ ဓာတ္ေလွကားေဘးတြင္ရပ္ေနေသာ လုံၿခဳံေရးအေစာင့္အား အခ်က္ျပလိုက္၏။ လုံၿခဳံေရးအေစာင့္မွာ ခ်က္ခ်င္းေရွ႕သို႔ေရာက္လာၿပီး ျပႆနာရွာခ်င္ေနေသာလူကို ဆြဲေခၚသြားေတာ့သည္။

ထြက္ခြာသြားသည့္ ပုဂၢိဳလ္၏ တည္ၿငိမ္ၿပီးရွည္လ်ားေသာ ေနာက္ေက်ာကိုၾကည့္ကာ ေကာ့ရွင္း မေအာ္ဘဲမေနႏိုင္ျဖစ္သြားခဲ့သည္။
"ရွီးေဖးကိစၥေတြမွာ မင္းဆုံးျဖတ္ခ်က္ခ်ခြင့္ရွိတယ္ တကယ္ထင္ေနတာလား! မင္းက အစားထိုးျဖစ္႐ုံ..."

ေက်ာင္းခ်ီ၏ ေျခလွမ္းမ်ား႐ုတ္တရက္ ရပ္သြားခဲ့သည္။ ေခ်ာင္ပိတ္ခံရသည့္ ေခြးတစ္ေကာင္မွာ နံရံကိုေက်ာ္တက္ရန္ ႀကိဳးစားသည့္ပုံႏွင့္ တူေနေသာ အစီအစဥ္တင္ဆက္သူႀကီးကို ျပန္လွည့္ၾကည့္ရင္း အနည္းငယ္မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ေကာ့ရွင္း၊ မင္း တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္တဲ့ အသိုင္းအဝိုင္းထဲ ေနခ်င္ေသးရင္ မင္းစကားေတြကို သတိထား"

ေက်ာင္းခ်ီ၏ေလသံထဲတြင္ လႈပ္ခတ္ျခင္းမရွိ၍ တေဇာက္ကန္းလူငယ္မွာ စိုးရိမ္ပူပန္စျပဳလာ၍ ခ်က္ခ်င္း ၿငိမ္က်သြားၿပီး ပါးစပ္ပိတ္သြားေတာ့သည္။

ေက်ာင္းခ်ီအခုေတာ့ ေခါင္းကိုက္ေနရၿပီ။ မေန႔က ဂိမ္းညီလာခံက်င္းပခဲ့သည္။ က်န္းတာ့ေတ်ာင္းဆိုတဲ့ ဒီလူ တျခားသူေတြကို ​ဘာေတြေျပာခဲ့သလဲမသိေတာ့ေပ။ မေမွ်ာ္လင့္ဘဲ ဒီကေကာ့ရွင္းအထိပါ ထိုအေၾကာင္းအရာ လက္ဆင့္ကမ္းေရာက္သြားခဲ့သည္။

တကယ္ သူ႔ကိုေစာင့္မၾကည့္မိလိုက္တာ ခဏေလးျဖစ္သြားသည္ႏွင့္ တစ္စုံတစ္ရာမွာ လြဲမွားေနေလၿပီ။

သူ လုယင္ကြၽင္းဆီဖုန္းဆက္ၿပီး မေန႔က ဧည့္သည္စာရင္းႏွင့္အတူ က်န္းခ်န္ေဖးႏွင့္အဆက္အဆံရွိခဲ့ေသာသူ စာရင္းကိုပါ ကူညီ၍ စစ္ၾကည့္ခိုင္းလိုက္သည္။ ဖုန္းထဲမွ လုယြင္က်င္း၏ စကားေျပာရန္ တြန္႔ဆုတ္ေနေသာ ေလသံကိုနားေထာင္ၿပီးမွ သူစိုးရိမ္ေနတာျဖစ္မည္ဟု ေတြးမိလိုက္သည္။
"တကယ္၊ မင္းထင္တာမ်ိဳး မဟုတ္ရပါဘူးကြာ"

ရွီးေဖးနည္းပညာဆီ အေျပးအလႊား သြားၿပီးေနာက္တြင္ ေက်ာင္းခ်ီ၏စိုးရိမ္ပူပန္မႈက ေလ်ာ့မက်သြားခဲ့ေပ။

လွပသည့္အဂၤလိပ္စာအေကာက္အတြန္႔ - Dior Zhang - ႏွင့္ လက္မွတ္ထိုးထားေသာ စားပြဲေပၚမွ စာ႐ြက္စာတမ္းဒါဇင္ေက်ာ္ကို သူ ေျဖာင့္ေျဖာင့္ၾကည့္ရန္ သည္းခံႏိုင္သည္ဆို႐ုံေလးပင္။

စာ႐ြက္စာတမ္းမ်ားကို ​ေသခ်ာၾကည့္ရႈၿပီးေနာက္ ဒါေတြက ကုမၸဏီ၏အတြင္းပိုင္း စာ႐ြက္စာတမ္းမ်ားသာျဖစ္ၿပီး အေရးပါေသာ စီးပြားေရးစာခ်ဳပ္မပါတာ ကံေကာင္းလွသည္။ ေက်ာင္းခ်ီ ဥကၠဌလက္ထဲမွ ေကာ္ဖီခြက္ကိုဆြဲယူၿပီး ထိုစာ႐ြက္စာတမ္းမ်ားတည့္တည့္ေပၚ ပက္ခ်လိုက္ေလသည္။

က်န္းခ်န္ေဖးမွာ အစားထိုးေလးလုပ္ရက္ကို အားကိုးရာမဲ့စြာ ၾကည့္လိုက္သည္။ နည္းနည္းေလး အေယာင္ေဆာင္မႈေတာင္မရွိသလို ဖုံးကြယ္မႈလည္းမရွိေပ။ သူက ခုေလးတင္ လက္မွတ္ထိုးထားေသာ စာ႐ြက္စာတမ္းမ်ားအေပၚ ေကာ္ဖီကို တန္းၿပီးသာ ေလာင္းခ်ခဲ့သည္။
"မင္းဘာလုပ္ေနတာလဲ၊ ဒီစာ႐ြက္စာတမ္းေတြက ဘယ္ေလာက္အေရးႀကီးလဲ မင္းသိရဲ႕လား"

ေက်ာင္းခ်ီက သူ႔ကိုလ်စ္လ်ဴရႈထားၿပီး ဘဲလ္ကိုႏွိပ္ကာ အတြင္းေရးမႉးကိုေခၚလိုက္သည္။

အစားထိုးေလးမွာ တကယ္စိုးရိမ္မႈမကင္းဘဲ သူ႔ကို ဖ်ားေယာင္းရန္ နည္းမ်ိဳးစုံ သုံးေနသည္။ ဒီမနက္အေစာပိုင္းတုန္းက သူ႔ကို အမွားလုပ္မိေစရန္ ရန္စခဲ့၏။ အခုေရာ ဘာလုပ္ခ်င္ေနျပန္ၿပီလဲ။ အတြင္းေရးမႉးကို သူ႔ကိုယ္ေပၚက ကိုက္ရာမ်ားျမင္ေစၿပီး သူ႔ သခင္မက်န္းဆိုသည့္ အဆင့္အတန္း တည္ၿမဲရန္ လူသိရွင္ၾကားျဖစ္ေအာင္ လုပ္မို႔လား။

သူ အစားထိုးေလးကို သူေဌးထိုင္ခုံေပၚဖိခ်ၿပီး ႐ုန္းထြက္မရေစရန္ လက္တန္းေပၚ လက္ႏွစ္ဖက္လုံးတင္လိုက္သည္။
"အရမ္းေကာင္းတယ္၊ ငါ့အာ႐ုံစိုက္မႈကိုဆြဲေဆာင္တဲ့ေနရာမွာ မင္းေအာင္ျမင္သြားၿပီ"

အတြင္းေရးမႉးကတံခါးကိုေခါက္ၿပီး အထဲဝင္လာသည္။

"ဒီစာ႐ြက္စာတမ္းေတြပ်က္စီးသြားၿပီ၊ တျခားေကာ္ပီေတြ ပို႔ခိုင္းလိုက္" ေက်ာင္းခ်ီ သူ႔ေလာင္ကုန္းကို တြန္းထုတ္ၿပီး စားပြဲေပၚမွအရာမ်ားကိုလက္ညႇိဳးထိုးျပလိုက္သည္။

"ဟုတ္ကဲ့!"
အတြင္းေရးမွားက သူ႔သြက္လက္လွေသာလႈပ္ရွားမႈမ်ားႏွင့္ စားပြဲကိုခ်က္ခ်င္းသန္႔ရွင္းကာ ဌာနတိုင္းကို စာ႐ြက္စာတမ္းအသစ္ ထပ္ၿပီးပို႔ေပးရန္ အေၾကာင္းၾကားလိုက္သည္။ ထို႔ေနာက္ ျပန္ေတာင္လွည့္မၾကည့္ဘဲ ဥကၠဌ႐ုံးခန္းထဲမွထြက္သြားၿပီး လွိိုင္းနက္မ်ား ျပင္းထန္စြာတလိပ္လိပ္တက္လာရာေနရာျဖစ္သည့္ သူတို႔ႏွစ္ေယာက္ကိုလည္း တစ္ေလွ်ာက္လုံး ေခါင္းေတာင္ေမာ့မၾကည့္ခဲ့ေပ။

အတြင္းေရးမႉး ထြက္သြားခ်ိန္ ဥကၠဌလူႀကီးမင္းမွာ သူ႔ခ်စ္ဇနီးေလးကိုခ်ီၿပီး စားပြဲေပၚတြင္တင္ကာ ရင္ဘတ္ႂကြက္သားမ်ားကို တြန္း​ေလသည္။

"မင္းရဲ႕ ညစ္ပတ္တဲ့အေတြးေတြကို ဖယ္ထားလိုက္၊ ငါ ဒုတိယတစ္ႀကိမ္ အ႐ူးလုပ္ခံရမွာမဟုတ္ဘူး၊ ငါ့ကိုထပ္ရန္စလို႔ကေတာ့ ကုမၸဏီတစ္ခုလုံးေရွ႕ မင္းကိုလုပ္ပစ္မယ္"

႐ိုင္းစိုင္းေသာစကားမ်ားေၾကာင့္ ခ်စ္ဇနီးေလး၏မ်က္ႏွာမွာ နီရဲသြားခဲ့၏။ သူသည္အလြန္စိတ္လႈပ္ရွားၿပီး ယခင္ကဲ့သို႔ပင္သူ၏ေလာင္ကုန္းေခါင္းကို ပုတ္လိုက္သည္။

"မင္းငါ့ေခါင္းကိုပုတ္ရဲတယ္ေပါ့၊ အသက္ရွင္ရတာ ၿငီးေငြ႕ေနၿပီထင္တယ္!" 
ဥကၠဌမွာ ေဒါသထြက္သြားခဲ့သည္။ 
"မင္းကိုယ္မင္းဘယ္သူလို႔ ထင္ေနလဲ၊ ယန္ယန္တစ္ေယာက္ပဲ ငါ့ကို႐ိုက္ခြင့္ရွိတယ္"

"..."

ရဲတင္းေသာအစားထိုးေလးမွာ စားပြဲေပၚတြင္ဖိထားခံလိုက္ရ၏။ မစၥတာတိေအာင္း၏ လက္ေခ်ာင္းမ်ားက ေစ်းႀကီးေသာဝတ္စုံကို ထိလိုက္ခ်ိန္ တုံ႔ဆိုင္းသြားခဲ့သည္။ ဝတ္စုံျပည့္ ၀တ္ထားေသာ ေက်ာင္းခ်ီမွာ သူ႔မွတ္ဥာဏ္ထဲ မွတ္မိေနသည့္ ႏူးညံ့သိမ္ေမြ႕ေသာ ေက်ာင္းယန္မဟုတ္ခဲ့ေပ။ ဒီမနက္ ျဖစ္ပြားခဲ့သည့္အရာက အမွားအယြင္းတစ္ခု ျဖစ္ၿပီးႏွင့္ကာ တူညီေသာအမွားကို သူထပ္ၿပီးက်ဴးလြန္၍မျဖစ္ေပ။

ေက်ာင္းခ်ီတစ္ေယာက္ သူ႔မိသားစု၏ေလာင္ကုန္းေခါင္းထဲတြင္ ဘာေတြျဖစ္ေနမွန္း မသိေတာ့ေပ။ ေနာက္ရက္မ်ားတြင္ သူ သူ႔ကိုထပ္မထိလာေတာ့ေပ။ အလြန္ဆုံးမွ သူ႔ကိုနမ္း႐ုံျဖစ္ၿပီး သူတို႔ထိုအရာထက္ ပိုၿပီးနက္နဲတာ ဘာမွမလုပ္ျဖစ္ခဲ့ေပ။

ညေနပိုင္းတြင္ ႏွစ္ေယာက္သားက ၿမိဳ႕လယ္ရွိတိုက္ခန္းတြင္ အိပ္ၾက၏။ အထဲတြင္ ကုတင္တစ္လုံးပဲရွိကာ အံ့ၾသစရာေကာင္းသည္က မစၥတာတာ့ေတ်ာင္းမွာ သူတို႔ႏွစ္ေယာက္ၾကား စည္းတစ္ခုဖန္တီးရန္ ေခါင္းအုံးပုံႀကီးကို အသုံးျပဳခဲ့ေလသည္။

ဤစက္ဝန္းက အရင္တစ္ႀကိမ္ထက္ ပို၍ၾကာရွည္ပုံပင္။​ ေက်ာင္းခ်ီ စိတ္မေအးႏိုင္သျဖင့္ ခြၽဲ႕တ်ဲ႕ဆီဖုန္းဆက္ခဲ့သည္။
ထိုလူက “ဒီဝတၳဳရဲ႕အရွည္က အရင္ဝတၳဳထက္ ပိုရွည္တာျဖစ္မယ္” ဟူေသာ ေပါက္ပန္းေလးဆယ္အား အေၾကာင္းျပခ်က္အျဖစ္ေပးခဲ့ေလသည္။ ေက်ာင္းခ်ီမွာ သူ႔ကို က်န္းမာေရးဗ်ဴ႐ိုဆီသာ သြားသတင္းပို႔ခ်င္မိေတာ့သည္။

သူတို႔ တရင္းတႏွီး ပြတ္သီးပြတ္သပ္မရွိတာက ဘာမွမျဖစ္ေပ။ အနည္းဆုံးေတာ့ သူတို႔ေက်ာက္ကပ္မ်ားကို ေကာင္းေကာင္းထိန္းသိမ္းထားႏိုင္လိမ့္မည္။ ဆိုး႐ြားလွသည့္အရာက က်န္းခ်န္ေဖးမွာ ေန႔တိုင္း သူစားေသာက္ရန္ ဆားႏွင့္င႐ုတ္ေကာင္းဝက္နံ႐ိုးကို ေပးျခင္းျဖစ္သည္။

ေက်ာင္းခ်ီ ဆားႏွင့္င႐ုတ္ေကာင္းဝက္နံ႐ိုးကို စားရတာမႀကိဳက္ေပ။ ဒါက သူ႔ကိုအထက္တန္းေက်ာင္းတြင္ ေပးခံခဲ့ရသည့္ နာမည္ေျပာင္အား အၿမဲအမွတ္ရေစသည္။ ထိုအခ်ိန္တုန္းက သူ႔အစာအိမ္ဟာ မေကာင္းမြန္ခဲ့ဘဲ သူစားေသာက္ခဲ့ရသည့္ အစားအစာမ်ားမွာ ႀကီးထြားဖြံ႕ၿဖိဳးမႈကို ျမႇင့္တင္ရန္ျဖစ္ခဲ့သည္။

သူ႔အ႐ြယ္တူ ဆယ္ေက်ာ္သက္ေကာင္ေလးမ်ားက ႂကြက္သားမ်ားႀကီးထြားလာၿပီး သူ႔ႂကြက္သားမ်ားကသာလွ်င္ ဝက္နံ႐ိုးပုံေပါက္ခဲ့သည္။ သူ႔ရွပ္အက်ႌကို ခြၽတ္လွ်င္ ေလွာင္ေျပာင္ခံရရန္ အျဖစ္ႏိုင္ဆုံးပင္။

"ေက်ာင္းယန္နံ႐ိုးေတြက ဆားနဲ႔င႐ုတ္ေကာင္း ဝက္နံ႐ိုးက်ေနတာပဲ၊ ဟားဟားဟား..."

အရင္တုန္းတည္းက အနံ႔၊ ပုံသ႑ာန္ႏွင့္ အရသာ ေကာင္းမြန္ေသာ အစားအေသာက္မ်ိဳးစုံကို သူ႔အားေပးၾကသည္။ သို႔တိုင္ ဆားႏွင့္င႐ုတ္ေကာင္းဝက္နံ႐ိုးကင္ကို သူ႔မ်က္စိေရွ႕ခ်ေပးတိုင္း ေဒါသမထြက္ဘဲမေနႏိုင္ေပ။ ေက်ာင္းခ်ီ ပန္းကန္ကို တြန္းဖယ္ကာ စားေသာက္ရန္ျငင္းဆန္လိုက္သည္။

"ဒါကယန္ယန္ စားရတာႀကိဳက္တဲ့ဟင္းေလ" 
က်န္းခ်န္ေဖးက ဝက္နံ႐ိုးတစ္ျခမ္းကိုအပိုင္းပိုင္းျဖတ္လိုက္ၿပီး ေက်ာင္းခ်ီပန္းကန္ထဲသို႔ ထည့္ေပးကာ စားသင့္ေၾကာင္း အရိပ္အေယာင္ၫႊန္ျပေလသည္။

"ငါ ဘယ္တုန္းက ဒါစားရတာ သေဘာက်သြားတာလဲ"
ေက်ာင္းခ်ီ အင္မတန္ ေတြးရခက္သြားသည္။ အထက္တန္းကတည္းကေန ဒီေန႔အခ်ိန္အခါထိ သူဒီဟင္းကို ဘယ္တုန္းကမွ မႀကိဳက္ဖူးေပ။

က်န္းခ်န္ေဖးက မ်က္ခုံးကိုပင့္လိုက္ၿပီး အစားထိုးေလးမွာ ဒီေန႔ ပူးေပါင္းေဆာင္႐ြက္လိုစိတ္ရွိၿပီး စိတ္အေျခအေန အေတာ္ေလးေကာင္းမြန္ေနသည္ဟု ေတြးမိလိုက္သည္။ ဒီလိုဆိုလွ်င္ သူ႔အခ်စ္ဦးအေၾကာင္းကို သူ႔အား ေျပာျပႏိုင္ေတာ့မည္။ သူက ဝက္နံ႐ိုးတစ္ပိုင္းကို ျဖတ္လိုက္ကာ ျမတ္ႏိုးမႈအျပည့္ျဖင့္ ကိုက္လိုက္သည္။
"အတန္းေဖာ္ေတြအကုန္လုံးက သူ႔ကို ဆားနဲ႔င႐ုတ္ေကာင္းဝက္နံ႐ိုးလို႔ေခၚၾကတယ္ေလ၊ သူအဲဒါစားရတာ သေဘာက်လို႔ပဲ ျဖစ္ရမယ္"

"ဖြီ...!"

Jas's Note - အပိုင္းမခြဲဘဲအရွည္ႀကီး update~

[Unicode]

နှစ်ယောက်သား မနက်စာစားပြီးချိန် မနက်၁၀နာရီကျော်နေလေပြီ။ ကျန်းချန်ဖေးမှာ ကားဆီသို့လျှောက်လာပြီး ရုံးသွားရန်ပြင်၏။ သူ့အစားထိုးလေးကို အိမ်တွင် လိမ်လိမ်မာမာနေခဲ့ရန်​ ပြောမည့်ဆဲဆဲ ထိုလူက ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး ခရီးသည်အရှေ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်တာ မြင်လိုက်ရ၏။

"ဘာလဲ၊ ငါ့ကို ခစားရတဲ့အတွေ့အကြုံ တစ်ခါရသွားတော့ ငါ့​နားကနေ မခွာနိုင်တော့ဘူးလား၊ ပြီးတော့ ငါနဲ့ ကုမ္ပဏီကိုတောင်လိုက်ခဲ့ချင်သေးတယ်ပေါ့"
ဥက္ကဌမှာ အတော်လေး သူ့ကိုယ်သူ ကျေနပ်သွားသည်။ အစားထိုးလေးမှာ အင်မတန် ကပ်တွယ်လွန်းပြီး သူ့နားကပ်နေရတာ အင်အတန်သဘောကျလွန်း၍ အစားထိုးမဟုတ်ဘဲ ယန်ယန်ကိုယ်တိုင်ဆိုသော ထင်ယောင်ထင်မှားမှုမျိုးတောင် ဖြစ်စေသည်။

"အဲလိုမဟုတ်ပါဘူး၊ ငါ့ကုမ္ပဏီငါသွားမို့၊ တနင်္လာနေ့တိုင်း မနက်ပိုင်းအစည်းအဝေးရှိတယ်"
ကျောင်းချီတစ်ယောက် သူ့လောင်ကုန်း သူ့ကုမ္ပဏီဆီသွားသည့်လမ်းကိုမေ့နေမည်ဆိုး၍ ပါ့ကျောင်းတည်နေရာကို ကားလမ်းညွှန်တွင် တည်နေရာပြုပြီး smart brain နှင့်ချိတ်ဆက်လိုက်သည်။

'အစားထိုးလေးမှာ အလုပ်ရှိတာလား၊ သူ အလုပ်တစ်ခုရဖို့အခွင့်အရေးရသွားတာမျိုး ငါမမှတ်မိပါဘူး'

ဤအချက်အလက်က ဥက္ကဌအား အံ့သြသွားစေသည်။ သူတစ်ခဏစဥ်းစားပြီးနောက် ပြောလိုက်သည်။
"ကောင်းပြီလေ၊ မင်းလိမ်လိမ်မာမာနဲ့ သန္ဓေတားဆေးသောက်တယ်ဆိုတဲ့အချက်ကိုကြည့်ပြီး ငါ့ကားပေါ်လိုက်စီးခွင့်ပြုလိုက်မယ်"


'ဒါငါ့ကား​လေ...'

ကျောင်းချီ ဒီတစ်ကြိမ်တွင် အငြင်းပွားချင်စိတ်မရှိသေး၍ မျက်လုံးသာလှန်လိုက်တော့သည်။

ငွေရောင် Maseratiကားက လျင်မြန်စွာပင် ဗီလာဧရိယာမှထွက်လာလေသည်။ မနက်ခင်း ကားလမ်းပိတ်သည့်အချိန်ကျော်သွားပြီဖြစ်၍ ခရီးစဥ်တစ်လျှောက်မှာ ချောမွတ်နေ၏။

ပါ့ကျောင်းမနက်ခင်း အစည်းအဝေးမှာစတင်နေပြီဖြစ်၍ ကျောင်းချီ သူ့smart brain ကိုသုံးကာ ယွီယွမ်ဆီမှ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ပြီး သူတို့တင်ပြမှုကိုနားထောင်လို​က်သည်။

ကျန်းချန်ဖေးမှာ သူ့ချစ်ဇနီးလေး၏ smart brain အကြောင်းအရာများကို မ​မြင်နိုင်ပေ။ ကျောင်းချီ ငိုင်နေတာမြင်တော့ ဘာကြောင့်လဲ အကြောင်းရင်းစဥ်းစားချိန် တစ်စုံတစ်ယောက်သောသူကိုတွေးနေတာ ဖြစ်လောက်မှန်း သဘောပေါက်သွားခဲ့သည်။

မစ္စတာတိအောင်း၏မျက်ဝန်းများမှာ မှုန်ဝါးသွားပြီးကျောင်းချီကို သတိပေးလိုက်သည်။
"မင်းကငါ့လူဖြစ်နေပြီ၊ နောက်ပိုင်း အဲဆင်းရဲသားကောင်လေးအကြောင်း မေ့လိုက်သင့်ပြီ၊ ယန်ယန့်အစားထိုးက ယန်ယန့်ပုံစံဟန်ဆောင်နေတုန်း တခြားလူအကြောင်းတွေးတာမျိုးမလိုချင်ဘူး"
အရဲတင်းလှစွာကျိုးကြောင်းမသင့်သောစကားများမှာ မှန်ကန်သင့်လျော်သည့်ဟန်ဖြင့် ဥက္ကဌလူကြီးမင်းပါးစပ်မှထွက်လာလေသည်။

"ဟင်" ကျောင်းချီမှာ ကျန်း သူ့ကို ရုတ်တရက်စကားပြောချိန် ကွန်ဖရင့်ဗီဒီယိုကို ကြည့်နေတုန်းဖြစ်၍ ဇဝေဇဝါဖြစ်သွားသည်။ သူ သတိပြန်ဝင်လာချိန် မေးလိုက်သည်။
"ဆင်းရဲတဲ့ကောင်လေးလား၊ ဘယ်သူလဲ"

စတီယာရင်ပေါ် က ကျန်းချန်ဖေးလက်မှာတင်းကြပ်သွားကာ အေးစက်သောလေသံနှင့်ပြန်ဖြေလိုက်သည်။
"ချန်ဖေး.. မင်းမနေ့က မတော်တဆထုတ်ပြောလိုက်တဲ့နာမည်ပဲ၊ ငါမကြားဘူးထင်မနေနဲ့၊ ငါ့လူအနေနဲ့ ငါ့အကြောင်းပဲစဥ်းစားရမယ်၊ မင်း ဒီနာမည်ကိုထပ်ပြောတာ ငါနောက်တစ်ကြိမ်ကြားရရင် သူ့ကိုဒီလောကထဲကနေ ထာဝရပျောက်သွားအောင်လုပ်ပစ်မယ်!"

"..."
ဒါကိုကြားတော့ အစားထိုးလေး ဆွံ့အသွားခဲ့သည်။ အခုတော့ ရုံးတွင်စာရွက်စာတမ်းများ လက်မှတ်ထိုးလျှင် တိအောင်းကျန်းဟု နာမည်ရေးလိုက်မှာကိုတောင် စိုးရိမ်မိသွားတော့သည်။

တနင်္လာနေ့တွင် ပါ့ကျောင်းကုမ္ပဏီမှာ အလုပ်ရှိသော်ငြား စနစ်တကျနှင့်ပင်။

သူ့အလျင်မြန်ဆုံး အရှိန်ကို အသုံးချပြီး ကျောင်းချီမှာ ပါ့ကျောင်းမှ တာဝန်အားလုံးနှင့် စီးပွားရေးလုပ်ငန်းကိစ္စများအားလုံးကို အပြီးသတ်လိုက်သည်။ ချစ်ဇနီးလေးမှာ စိတ်မအေးနိုင်၍ သူ့လောင်ကုန်းကိုသွားတွေ့ရန် ရှီးဖေးနည်းပညာဆီသွားဖို့ ဆုံးဖြတ်လိုက်၏။

သူ ဥက္ကဌရုံးခန်းမှထွက်ကာစရှိသေး ခေတ်ဆန်သော လူငယ်တစ်ယောက်က သူ့လမ်းကိုလာပိတ်လေသည်။

"ဥက္ကဌကျောင်း"
လည်လည်ဝယ်ဝယ်ပုံပေါက်သော အမျိုးသားတစ်ယောက်ရောက်လာသော်ငြား ထိုလူငယ်ဝတ်စားဆင်ယင်ပုံကြောင့် မည်သူမှ ရိပ်စားမိနိုင်မည်မဟုတ်ပေ။ သူ့ကိုကြည့်လိုက်တော့ အစီအစဥ်တင်ဆက်သူ၏ စာချုပ်သက်တမ်းတိုးကြေးနှင့် ပတ်သတ်ပြီး မကြာသေးခင်ကပင် အငြင်းပွားမှုဖြစ်ထားသော "လျန်ရှင်းဝေ့လန်ကော့" တီဗွီရှိုး၏ အစီအစဥ်တင်ဆက်သူဖြစ်နေသည်။

"ကိစ္စတစ်ခုခုရှိလို့လား"
ကျောင်းချီသည် ဤကဲ့သို့သော လမ်းပိတ်ဆို့ခြင်းကို သဘောမကျပေ။

"အရင် ရက်ချိန်းသတ်မှတ်ဖို့ ငါ့အတွင်းရေးမှူးနဲ့ အရင်စကားပြောလိုက်ပါ"
သူစကားပြောပြီးသည်နှင့် ကျောင်းချီမှာ လမ်းဆက်လျှောက်ရန် ခြေကိုကြွပြီး သူ့ကိုထွက်သွားဖို့ အမူအရာပြလိုက်သည်။

လူငယ်အစီအစဥ်တင်ဆက်သူမှာ တစ်ခဏမျှ ဆို့နင့်သွားသည်။ ပရိသတ်သန်းချီရှိသော တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်တင်ဆက်သူအနေဖြင့် သူ့ကိုကောင်းကင်အောက်မှ နံပါတ်၁ ဧကရာဇ်အဖြစ် ဂုဏ်ပြုကြကာ လောင်ဇစ်(တရုတ်အတွေးအခေါ်ပညာရှင်) ၏ကျော်ကြားမှုကတောင် သူနှင့်ယှဥ်လျှင် ဒုတိယဖြစ်၏။ သူ ဥက္ကဌကို တွေ့ဖို့အတွက်လေးနဲ့ ဘာကြောင့် ရက်ချိန်းယူဖို့ လိုအပ်ရတာလဲ။

"ကျွန်တော် အရေးကြီးကိစ္စရှိလို့၊ ရက်ချိန်းယူဖို့ အချိန်မရှိတာမို့ ဥက္ကဌရဲ့ အချိန်၂ မိနစ်ပဲ ယူပါ့မယ်"

စီအစဥ်တင်ဆက်သူက တလက်လက်တောက်ပနေသော လက်ဝတ်ရတနာများပြည့်နေသည့် သူ့လက်မောင်းကို ဆန့်ထုတ်ပြီး ကျောင်းချီ လမ်းကို ပိတ်ဆို့လေသည်။

ကျောင်းချီမှာ မျက်လုံးမှေးပြီး အချိန်ကို မြန်မြန်ဆန်ဆန် ကြည့်လိုက်၏။
"ကောင်းပြီလေ၊ ပြောပါ"

ဒီ အစီအစဥ်တင်ဆက်သူက အငြိမ်းစား e-sports ကစားသမားတစ်ယောက်ဖြစ်ပြီး ခုလက်ရှိ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သော ဂိမ်းများအားအဓိက ကစားပြနေသူ ကော့ရှင်းဖြစ်သည်။ သူ့ကျော်ကြားမှုမှာ အတော်လေးမြင့်မားသည်။ ပါ့ကျောင်းအနေနှင့်လည်း သူ့ကိုခေါ်ထားချင်သော်ငြား အခြား တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သော ပလတ်ဖောင်းများက သူ့ကို ကမ်းလှမ်းလာ၍ ယခုလက်ရှိ စာချုပ်ကြေးကိုတိုးမြှင့်တောင်းဆိုနေတာဖြစ်သည်။

"ကျွန်တော့်စာချုပ်ကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးနေတုန်းတန်းလန်း ဘာကြောင့်ဖျက်သိမ်းခံလိုက်ရသလဲ သိချင်ရုံပဲ"

ပါ့ကျောင်း တိုက်ရိုက်ထုတ်လွှင့်မှုနှင့် စာချုပ်လက်မှတ်ထိုးရသည့် တာဝန်ယူထားသော ဒါရိုက်တာသာလျှင် ထိုက်ကျိ [၁] (ဥက္ကဌကျောင်း)နှင့် ယှဥ်၍ပြောဆိုနိုင်သူဖြစ်သည်။ ထိုသူက စာချုပ်သက်တမ်းတိုးရာတွင် သူ့မရှိမဖြစ်လိုအပ်ချက်ကို ဥက္ကဌကျောင်းနှင့် ဆွေးနွေးသင့်သည်ဟု ပြောခဲ့သည်။ အံ့အားသင့်စရာမှာ ဆွေးနွေးမှုရလဒ်က သူ့အား အနာဂတ်လုပ်ငန်းအခွင့်အလမ်းများတွင် အဆင်ပြေပါစေဟု ဆုတောင်းပေးခြင်းဖြစ်နေခဲ့သည်! သူက မူလစာချုပ်တွင် ယွမ်သန်း၃၀ထပ်ပေါင်း တိုး၍တောင်းခဲ့ကာ အလုပ်အကိုင်တူသည့် အခြားအနုပညာရှင်များအား ပေးသည့်စျေးထက် အင်မတန်မြင့်မားလွန်းသည်။ ပါ့ကျောင်းရှိ စီမံခန့်ခွဲမှု စည်းမျဥ်းများက အတော်ကလေးပေါ့ပါး၍ သူလည်းပဲ ထွက်မသွားချင်ပေ။

{T/N: [၁] 太极 ထိုက်ကျိ – တရုတ်ရှေးဒဏ္ဍာရီ၏ အချို့သောဖွင့်ဆိုချက်များအရ အရာအားလုံး၏ အရင်းအမြစ် အကြွင်းမဲ့ဖြစ်တည်မှု}

"ငါ အချက်အလက်ဆန်းစစ်မှုကို သုံးသပ်ကြည့်ပြီးပြီ၊ မင်း တောင်းဆိုတဲ့ပမာဏစျေးနှုန်းကို ငါတို့သဘောတူလိုက်ရင် အကျိုးအမြတ်မာဂျင်က မျှော်မှန်းထားတာထက် ပိုပြီးကျဆင်းသွားလိမ့်မယ်"
ကျောင်းချီက မျက်နှာသေဖြင့်ဖြေလိုက်သည်။

"မဖြစ်နိုင်တာ! ကျွန်တော် ပလတ်ဖောင်းမှာ နှစ်တိုင်း ပိုက်ဆံဘယ်လောက်တောင်ရှာပေးထားလဲ! အဲဒါတင်မကဘူး ကျွန်တော့် ကျော်ကြားမှုကလည်း ဆက်တိုက်မြင့်တက်နေတာ! ကျွန်တော့်နာမည်ကလည်း နောက်နှစ် ရှီးဖေးရဲ့ ဂိမ်းအသစ်အတွက် ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ်အဖြစ် ညွှန်းတာခံရပြီးပြီ၊ ဒီကြော်ညာတစ်ခုနဲ့တင် ပိုပြီး..."


"မင်းသိသေးတယ်မထင်ဘူး"
က

ျောင်းချီက လက်ကို အနည်းငယ် မြှောက်လိုက်ပြီး တစ်ဖက်လူ၏ အဓိပ္ပါယ်မရှိဘဲ တဖြည်းဖြည်း ကျယ်လောင်လာသောငြင်းခုန်မှုများကို တားလိုက်တော့သည်။
"ရှီးဖေးနည်းပညာက ငါ့ခင်ပွန်းရဲ့ကုမ္ပဏီပဲ၊ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘယ်သူဖြစ်မလဲဆိုတာ ငါပဲဆုံးဖြတ်မှာ"

ထိုအချိန်တုန်းက ဒါရိုက်တာလျန် အကျိုးအမြတ် မာဂျင်ကိုတွက်ချက်ချိန် ရှီးဖေး၏ကြော်ညာကိုလည်း ထည့်သွင်းခဲ့၍ ရလဒ်က တိတော့မတိကျပေ။ အခြေခံသဘောတရားကတော့ နှစ်ယောက်လုံးက မိသားစုစီးပွားရေးများဖြစ်၍ ပါ့ကျောင်းမှထွက်သွားသူ မည်သူဖြစ်ပါစေ ရှီးဖေးအတွက် ပြောရေးဆိုခွင့်ရှိသော ပုဂ္ဂိုလ်ဖြစ်မလာနိုင်ပေ။ ဒီအကြောင်းပြချက်များမရှိလျှင်တောင် "လျန်ရှင်းဝေ့လန်ကော့" မှာ သေချာပေါက် စျေးမတန်ပေ။

"ဒါဆို ခင်ဗျား ကျွန်တော့်ကို ဘယ်လောက်ပေးနိုင်မလဲ"
ကော့ရှင်းမှာ လက်သီးတင်းတင်းဆုပ်ပြီး အပေါ်စီးကနေ ထောင်လွှားနေသော သခင်လေး၏ ဟန်ပန်အမူအရာကို ကြည့်လိုက်သည်။ ဒါက သူ့ကို တကယ်ပင်ဒေါသထွက်စေ၏။


သူသည် ဆင်းရဲစွာဖြင့် မွေးဖွားလာပြီး နောက်ဆုံးတော့ သယမန်ပရော်ဖက်ရှင်နယ်အသင်းတစ်ခုထဲတွင် ဝင်ခွင့်ရခဲ့သည်။ ခက်ခက်ခဲခဲဖြင့် သူသည် နာမည်ကြီး တီဗွီရှိုး အစီအစဥ်တင်ဆက်သူ ဖြစ်လာခဲ့ပြီး နောက်ဆုူံတော့ အခြားသူများထက် သာလွန်သောလူဖြစ်ခဲ့ပြီဟုတောင် တွေးမိသွားခဲ့သည်။ သို့တိုင် ဥက္ကဌကျောင်း၏ တည်ငြိမ်ပြီးမမှိတ်မသုန်ဖြစ်နေသာ မျက်ဝန်းများရှေ့ရောက်သည်နှင့် သူကဘာကောင်ကြီးမှမဟုတ်ဟုခံစားရသည်။

"စာချုပ်ကိစ္စနဲ့ပတ်သတ်ပြီး ဒါရိုက်တာလျန်နဲ့​ပြောလိုက်ပါ" ကျောင်းချီက အချိန်ကိုလှမ်းကြည့်လိုက်၏။
"နှစ်မိနစ်ကုန်သွားပြီ"

"ခွင့်ပြုပါ၊ ကျေးဇူးပြုပြီး လမ်းလေးဖယ်ပေးပါဦး၊ ဥက္ကဌရဲ့အချိန်စာရင်းက အတော်လေးကြပ်ပါတယ်"

ယွီယွမ်သည် သူ၏ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကို လိမ်ပြီး ထိုကောက်ကျစ်သော ငနဲသားလေးကို ဆောင့်တွန်းကာ ဓာတ်လှေကားဘေးတွင်ရပ်နေသော လုံခြုံရေးအစောင့်အား အချက်ပြလိုက်၏။ လုံခြုံရေးအစောင့်မှာ ချက်ချင်းရှေ့သို့ရောက်လာပြီး ပြဿနာရှာချင်နေသောလူကို ဆွဲခေါ်သွားတော့သည်။

ထွက်ခွာသွားသည့် ပုဂ္ဂိုလ်၏ တည်ငြိမ်ပြီးရှည်လျားသော နောက်ကျောကိုကြည့်ကာ ကော့ရှင်း မအော်ဘဲမနေနိုင်ဖြစ်သွားခဲ့သည်။
"ရှီးဖေးကိစ္စတွေမှာ မင်းဆုံးဖြတ်ချက်ချခွင့်ရှိတယ် တကယ်ထင်နေတာလား! မင်းက အစားထိုးဖြစ်ရုံ..."

ကျောင်းချီ၏ ခြေလှမ်းများရုတ်တရက် ရပ်သွားခဲ့သည်။ ချောင်ပိတ်ခံရသည့် ခွေးတစ်ကောင်မှာ နံရံကိုကျော်တက်ရန် ကြိုးစားသည့်ပုံနှင့် တူနေသော အစီအစဥ်တင်ဆက်သူကြီးကို ပြန်လှည့်ကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
"ကော့ရှင်း၊ မင်း တိုက်ရိုက်ထုတ်လွှင့်တင်ဆက်တဲ့ အသိုင်းအဝိုင်းထဲ နေချင်သေးရင် မင်းစကားတွေကို သတိထား"

ကျောင်းချီ၏လေသံထဲတွင် လှုပ်ခတ်ခြင်းမရှိ၍ တဇောက်ကန်းလူငယ်မှာ စိုးရိမ်ပူပန်စပြုလာ၍ ချက်ချင်း ငြိမ်ကျသွားပြီး ပါးစပ်ပိတ်သွားတော့သည်။

ကျောင်းချီအခုတော့ ခေါင်းကိုက်နေရပြီ။ မနေ့က ဂိမ်းညီလာခံကျင်းပခဲ့သည်။ ကျန်းတာ့တျောင်းဆိုတဲ့ ဒီလူ တခြားသူတွေကို ​ဘာတွေပြောခဲ့သလဲမသိတော့ပေ။ မမျှော်လင့်ဘဲ ဒီကကော့ရှင်းအထိပါ ထိုအကြောင်းအရာ လက်ဆင့်ကမ်းရောက်သွားခဲ့သည်။


တကယ် သူ့ကိုစောင့်မကြည့်မိလိုက်တာ ခဏလေးဖြစ်သွားသည်နှင့် တစ်စုံတစ်ရာမှာ လွဲမှားနေလေပြီ။

သူ လုယင်ကျွင်းဆီဖုန်းဆက်ပြီး မနေ့က ဧည့်သည်စာရင်းနှင့်အတူ ကျန်းချန်ဖေးနှင့်အဆက်အဆံရှိခဲ့သောသူ စာရင်းကိုပါ ကူညီ၍ စစ်ကြည့်ခိုင်းလိုက်သည်။ ဖုန်းထဲမှ လုယွင်ကျင်း၏ စကားပြောရန် တွန့်ဆုတ်နေသော လေသံကိုနားထောင်ပြီးမှ သူစိုးရိမ်နေတာဖြစ်မည်ဟု တွေးမိလိုက်သည်။
"တကယ်၊ မင်းထင်တာမျိုး မဟုတ်ရပါဘူးကွာ"


ရှီးဖေးနည်းပညာဆီ အပြေးအလွှား သွားပြီးနောက်တွင် ကျောင်းချီ၏စိုးရိမ်ပူပန်မှုက လျော့မကျသွားခဲ့ပေ။

လှပသည့်အင်္ဂလိပ်စာအကောက်အတွန့် - Dior Zhang - နှင့် လက်မှတ်ထိုးထားသော စားပွဲပေါ်မှ စာရွက်စာတမ်းဒါဇင်ကျော်ကို သူ ဖြောင့်ဖြောင့်ကြည့်ရန် သည်းခံနိုင်သည်ဆိုရုံလေးပင်။

စာရွက်စာတမ်းများကို ​သေချာကြည့်ရှုပြီးနောက် ဒါတွေက ကုမ္ပဏီ၏အတွင်းပိုင်း စာရွက်စာတမ်းများသာဖြစ်ပြီး အရေးပါသော စီးပွားရေးစာချုပ်မပါတာ ကံကောင်းလှသည်။ ကျောင်းချီ ဥက္ကဌလက်ထဲမှ ကော်ဖီခွက်ကိုဆွဲယူပြီး ထိုစာရွက်စာတမ်းများတည့်တည့်ပေါ် ပက်ချလိုက်လေသည်။


ကျန်းချန်ဖေးမှာ အစားထိုးလေးလုပ်ရက်ကို အားကိုးရာမဲ့စွာ ကြည့်လိုက်သည်။ နည်းနည်းလေး အယောင်ဆောင်မှုတောင်မရှိသလို ဖုံးကွယ်မှုလည်းမရှိပေ။ သူက ခုလေးတင် လက်မှတ်ထိုးထားသော စာရွက်စာတမ်းများအပေါ် ကော်ဖီကို တန်းပြီးသာ လောင်းချခဲ့သည်။
"မင်းဘာလုပ်နေတာလဲ၊ ဒီစာရွက်စာတမ်းတွေက ဘယ်လောက်အရေးကြီးလဲ မင်းသိရဲ့လား"

ကျောင်းချီက သူ့ကိုလျစ်လျူရှုထားပြီး ဘဲလ်ကိုနှိပ်ကာ အတွင်းရေးမှူးကိုခေါ်လိုက်သည်။


အစားထိုးလေးမှာ တကယ်စိုးရိမ်မှုမကင်းဘဲ သူ့ကို ဖျားယောင်းရန် နည်းမျိုးစုံ သုံးနေသည်။ ဒီမနက်အစောပိုင်းတုန်းက သူ့ကို အမှားလုပ်မိစေရန် ရန်စခဲ့၏။ အခုရော ဘာလုပ်ချင်နေပြန်ပြီလဲ။ အတွင်းရေးမှူးကို သူ့ကိုယ်ပေါ်က ကိုက်ရာများမြင်စေပြီး သူ့ သခင်မကျန်းဆိုသည့် အဆင့်အတန်း တည်မြဲရန် လူသိရှင်ကြားဖြစ်အောင် လုပ်မို့လား။


သူ အစားထိုးလေးကို သူဌေးထိုင်ခုံပေါ်ဖိချပြီး ရုန်းထွက်မရစေရန် လက်တန်းပေါ် လက်နှစ်ဖက်လုံးတင်လိုက်သည်။
"အရမ်းကောင်းတယ်၊ ငါ့အာရုံစိုက်မှုကိုဆွဲဆောင်တဲ့နေရာမှာ မင်းအောင်မြင်သွားပြီ"

အတွင်းရေးမှူးကတံခါးကိုခေါက်ပြီး အထဲဝင်လာသည်။

"ဒီစာရွက်စာတမ်းတွေပျက်စီးသွားပြီ၊ တခြားကော်ပီတွေ ပို့ခိုင်းလိုက်" ကျောင်းချီ သူ့လောင်ကုန်းကို တွန်းထုတ်ပြီး စားပွဲပေါ်မှအရာများကိုလက်ညှိုးထိုးပြလိုက်သည်။

"ဟုတ်ကဲ့!"
အတွင်းရေးမှားက သူ့သွက်လက်လှသောလှုပ်ရှားမှုများနှင့် စားပွဲကိုချက်ချင်းသန့်ရှင်းကာ ဌာနတိုင်းကို စာရွက်စာတမ်းအသစ် ထပ်ပြီးပို့ပေးရန် အကြောင်းကြားလိုက်သည်။ ထို့နောက် ပြန်တောင်လှည့်မကြည့်ဘဲ ဥက္ကဌရုံးခန်းထဲမှထွက်သွားပြီး လှိိုင်းနက်များ ပြင်းထန်စွာတလိပ်လိပ်တက်လာရာနေရာဖြစ်သည့် သူတို့နှစ်ယောက်ကိုလည်း တစ်လျှောက်လုံး ခေါင်းတောင်မော့မကြည့်ခဲ့ပေ။

အတွင်းရေးမှူး ထွက်သွားချိန် ဥက္ကဌလူကြီးမင်းမှာ သူ့ချစ်ဇနီးလေးကိုချီပြီး စားပွဲပေါ်တွင်တင်ကာ ရင်ဘတ်ကြွက်သားများကို တွန်း​လေသည်။

"

မင်းရဲ့ ညစ်ပတ်တဲ့အတွေးတွေကို ဖယ်ထားလိုက်၊ ငါ ဒုတိယတစ်ကြိမ် အရူးလုပ်ခံရမှာမဟုတ်ဘူး၊ ငါ့ကိုထပ်ရန်စလို့ကတော့ ကုမ္ပဏီတစ်ခုလုံးရှေ့ မင်းကိုလုပ်ပစ်မယ်"

ရိုင်းစိုင်းသောစကားများကြောင့် ချစ်ဇနီးလေး၏မျက်နှာမှာ နီရဲသွားခဲ့၏။ သူသည်အလွန်စိတ်လှုပ်ရှားပြီး ယခင်ကဲ့သို့ပင်သူ၏လောင်ကုန်းခေါင်းကို ပုတ်လိုက်သည်။

"မင်းငါ့ခေါင်းကိုပုတ်ရဲတယ်ပေါ့၊ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်!" 
ဥက္ကဌမှာ ဒေါသထွက်သွားခဲ့သည်။ 
"မင်းကိုယ်မင်းဘယ်သူလို့ ထင်နေလဲ၊ ယန်ယန်တစ်ယောက်ပဲ ငါ့ကိုရိုက်ခွင့်ရှိတယ်"

"..."

ရဲတင်းသောအစားထိုးလေးမှာ စားပွဲပေါ်တွင်ဖိထားခံလိုက်ရ၏။ မစ္စတာတိအောင်း၏ လက်ချောင်းများက စျေးကြီးသောဝတ်စုံကို ထိလိုက်ချိန် တုံ့ဆိုင်းသွားခဲ့သည်။ ဝတ်စုံပြည့် ၀တ်ထားသော ကျောင်းချီမှာ သူ့မှတ်ဥာဏ်ထဲ မှတ်မိနေသည့် နူးညံ့သိမ်မွေ့သော ကျောင်းယန်မဟုတ်ခဲ့ပေ။ ဒီမနက် ဖြစ်ပွားခဲ့သည့်အရာက အမှားအယွင်းတစ်ခု ဖြစ်ပြီးနှင့်ကာ တူညီသောအမှားကို သူထပ်ပြီးကျူးလွန်၍မဖြစ်ပေ။

ကျောင်းချီတစ်ယောက် သူ့မိသားစု၏လောင်ကုန်းခေါင်းထဲတွင် ဘာတွေဖြစ်နေမှန်း မသိတော့ပေ။ နောက်ရက်များတွင် သူ သူ့ကိုထပ်မထိလာတော့ပေ။ အလွန်ဆုံးမှ သူ့ကိုနမ်းရုံဖြစ်ပြီး သူတို့ထိုအရာထက် ပိုပြီးနက်နဲတာ ဘာမှမလုပ်ဖြစ်ခဲ့ပေ။

ညနေပိုင်းတွင် နှစ်ယောက်သားက မြို့လယ်ရှိတိုက်ခန်းတွင် အိပ်ကြ၏။ အထဲတွင် ကုတင်တစ်လုံးပဲရှိကာ အံ့သြစရာကောင်းသည်က မစ္စတာတာ့တျောင်းမှာ သူတို့နှစ်ယောက်ကြား စည်းတစ်ခုဖန်တီးရန် ခေါင်းအုံးပုံကြီးကို အသုံးပြုခဲ့လေသည်။

ဤစက်ဝန်းက အရင်တစ်ကြိမ်ထက် ပို၍ကြာရှည်ပုံပင်။​ ကျောင်းချီ စိတ်မအေးနိုင်သဖြင့် ချွဲ့တျဲ့ဆီဖုန်းဆက်ခဲ့သည်။
ထိုလူက “ဒီဝတ္ထုရဲ့အရှည်က အရင်ဝတ္ထုထက် ပိုရှည်တာဖြစ်မယ်” ဟူသော ပေါက်ပန်းလေးဆယ်အား အကြောင်းပြချက်အဖြစ်ပေးခဲ့လေသည်။ ကျောင်းချီမှာ သူ့ကို ကျန်းမာရေးဗျူရိုဆီသာ သွားသတင်းပို့ချင်မိတော့သည်။

သူတို့ တရင်းတနှီး ပွတ်သီးပွတ်သပ်မရှိတာက ဘာမှမဖြစ်ပေ။ အနည်းဆုံးတော့ သူတို့ကျောက်ကပ်များကို ကောင်းကောင်းထိန်းသိမ်းထားနိုင်လိမ့်မည်။ ဆိုးရွားလှသည့်အရာက ကျန်းချန်ဖေးမှာ နေ့တိုင်း သူစားသောက်ရန် ဆားနှင့်ငရုတ်ကောင်းဝက်နံရိုးကို ပေးခြင်းဖြစ်သည်။

ကျောင်းချီ ဆားနှင့်ငရုတ်ကောင်းဝက်နံရိုးကို စားရတာမကြိုက်ပေ။ ဒါက သူ့ကိုအထက်တန်းကျောင်းတွင် ပေးခံခဲ့ရသည့် နာမည်ပြောင်အား အမြဲအမှတ်ရစေသည်။ ထိုအချိန်တုန်းက သူ့အစာအိမ်ဟာ မကောင်းမွန်ခဲ့ဘဲ သူစားသောက်ခဲ့ရသည့် အစားအစာများမှာ ကြီးထွားဖွံ့ဖြိုးမှုကို မြှင့်တင်ရန်ဖြစ်ခဲ့သည်။

သူ့အရွယ်တူ ဆယ်ကျော်သက်ကောင်လေးများက ကြွက်သားများကြီးထွားလာပြီး သူ့ကြွက်သားများကသာလျှင် ဝက်နံရိုးပုံပေါက်ခဲ့သည်။ သူ့ရှပ်အင်္ကျီကို ချွတ်လျှင် လှောင်ပြောင်ခံရရန် အဖြစ်နိုင်ဆုံးပင်။

"ကျောင်းယန်နံရိုးတွေက ဆားနဲ့ငရုတ်ကောင်း ဝက်နံရိုးကျနေတာပဲ၊ ဟားဟားဟား..."

အရင်တုန်းတည်းက အနံ့၊ ပုံသဏ္ဍာန်နှင့် အရသာ ကောင်းမွန်သော အစားအသောက်မျိုးစုံကို သူ့အားပေးကြသည်။ သို့တိုင် ဆားနှင့်ငရုတ်ကောင်းဝက်နံရိုးကင်ကို သူ့မျက်စိရှေ့ချပေးတိုင်း ဒေါသမထွက်ဘဲမနေနိုင်ပေ။ ကျောင်းချီ ပန်းကန်ကို တွန်းဖယ်ကာ စားသောက်ရန်ငြင်းဆန်လိုက်သည်။

"ဒါကယန်ယန် စားရတာကြိုက်တဲ့ဟင်းလေ" 
ကျန်းချန်ဖေးက ဝက်နံရိုးတစ်ခြမ်းကိုအပိုင်းပိုင်းဖြတ်လိုက်ပြီး ကျောင်းချီပန်းကန်ထဲသို့ ထည့်ပေးကာ စားသင့်ကြောင်း အရိပ်အယောင်ညွှန်ပြလေသည်။

"ငါ ဘယ်တုန်းက ဒါစားရတာ သဘောကျသွားတာလဲ"
ကျောင်းချီ အင်မတန် တွေးရခက်သွားသည်။ အထက်တန်းကတည်းကနေ ဒီနေ့အချိန်အခါထိ သူဒီဟင်းကို ဘယ်တုန်းကမှ မကြိုက်ဖူးပေ။

ကျန်းချန်ဖေးက မျက်ခုံးကိုပင့်လိုက်ပြီး အစားထိုးလေးမှာ ဒီနေ့ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိပြီး စိတ်အခြေအနေ အတော်လေးကောင်းမွန်နေသည်ဟု တွေးမိလိုက်သည်။ ဒီလိုဆိုလျှင် သူ့အချစ်ဦးအကြောင်းကို သူ့အား ပြောပြနိုင်တော့မည်။ သူက ဝက်နံရိုးတစ်ပိုင်းကို ဖြတ်လိုက်ကာ မြတ်နိုးမှုအပြည့်ဖြင့် ကိုက်လိုက်သည်။
"အတန်းဖော်တွေအကုန်လုံးက သူ့ကို ဆားနဲ့ငရုတ်ကောင်းဝက်နံရိုးလို့ခေါ်ကြတယ်လေ၊ သူအဲဒါစားရတာ သဘောကျလို့ပဲ ဖြစ်ရမယ်"

"ဖွီ...!"

Jas's Note - အပိုင်းမခွဲဘဲအရှည်ကြီး update~

Ga verder met lezen

Dit interesseert je vast

206K 20.5K 79
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
1M 65.5K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင္ဒါသစ္ခြေတြကိုျမင္တိုင္း အတိတ္...
52.9K 8.5K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
310K 33.5K 170
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...