My Lover With Split Personali...
By Mine-Edge
309K 53.7K 4.4K
Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
Manhua <<Mr.Dior>>
၈ ။ အစားထိုးချစ်သူ(၁)
၈ ။ အစားထိုးချစ်သူ(၂)
၉ ။ အစားထိုးချစ်သူ(၁)
၉ ။ အစားထိုးချစ်သူ(၂)
၉ ။ အစားထိုးချစ်သူ(၃)
၉ ။ အစားထိုးချစ်သူ(၄)
၁၀ ။ အစားထိုးချစ်သူ(၁)
၁၁ ။ အစားထိုးချစ်သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၁၀ ။ အစားထိုးခ်စ္သူ(၂)
3.9K 962 94
By Mine-Edge
[Zawgyi]
လျှိုဝင်လိုက်တော့၏။
"အခုဘယ်ချိန်လဲ"
က
"သေစမ်း!"
လဲကျသွားပြီးနောက် သူသည် စောင်ပုံထဲသို့ သားရဲတစ်ကောင်၏ ဆွဲယူခြင်းခံလိုက်ရရှာတော့သည်။
"ဒါသောက်!"
"ဒါဘာလဲ"
"သန္ဓေတားဆေး"
"ဖွီ.......!"
"..."
[Unicode]
တခြားနည်းမရှိတော့ဘဲ သူ ထကာ အိပ်ရာပေါ်ကနေ ဆင်းလာခဲ့သည်။ ခြေညှပ်ဖိနပ်များစီးပြီး ပင်မအိပ်ခန်းဆီ လှစ်ခနဲဝင်လာခဲ့ကာ သူ့ကိုယ်သူ နွေးထွေးလှသော စောင်ပုံထဲ
လျှိုဝင်လိုက်တော့၏။
ကျန်းတာ့တျောင်း ခန္ဓာကိုယ်မှာ ကျန်းမာရေးကောင်းမွန်လှသည်။ နေ့စဥ်နေ့တိုင်း သူက အားအင်အပြည့်နှင့်ဖြစ်ပြီး စောင်ထဲမှ အပူချိန်ကျ ကျန်းချန်ဖေး သူ့ဘေးတွင်ရှိလျှင် ငါးဒီဂရီမြင့်တက်သွားသည်။ ချစ်ဇနီးလေးမှာဇိမ်ကျစွာ သက်မချပြီး စိတ်အေးချမ်းသာစွာဖြင့် မျက်လုံးမှိတ်လိုက်တော့သည်။
ကျန်းချန်ဖေး လှည့်လာပြီး နွေးထွေးသော ခန္ဓာကိုယ်တစ်ခုအားထိမိသွားသည်။ သူ တစ်ခဏတာ ရပ်သွားပြီးနောက် ထိုနွေးထွေးလှသော ကိုယ်ခန္ဓာအား ရင်ခွင်ထဲ အလိုလို​ဆွဲသွင်းလိုက်မိသည်။ သူ တစ်ချက်ခပ်တိုးတိုးနှာမှုတ်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်မောကျသွားခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်ဖေးမှာ သူ့ရင်ခွင်ထဲတွင် လူတစ်ယောက်ရောက်နေကြောင်း သိလိုက်ရတော့၏။ ဥက္ကဌလူကြီးမင်း ထိတ်လန့်သွားပြီး ရုတ်တရက် နိုးသွားခဲ့သည်။ သူ ကိုယ်တစ်ဝက်ကိုထောက်ပြီး ထိုအိပ်ပျော်နေသော လူကိုကြည့်လိုက်သည်။
ကျောင်းချီက နှစ်ခြိုက်စွာ အိပ်နေသည်။ သူ့ဖြူအုနေသော မျက်နှာတွင် ပန်းနုရောင်သန်းနေပြီး ဆွဲဆောင်မှုရှိလှစွာ ချောမောနေသည်။
'အဲဒီအစားထိုးလေးကတော့! သူ တကယ် တခြားလူအိပ်ရာပေါ် တက်ဖို့ တကယ်သင်ထားတာပဲ!'
ဒေါသနှင့် တရှူးရှူးတရှဲရှဲဖြစ်နေသော ကျန်းချန်ဖေးမှာ အံကိုကြိတ်ကာ ရင်ခွင်ထဲမှ လူကို နှိုးလိုက်သည်။
"မင်းဒီမှာ ဘာလုပ်နေတာလဲ"
"ဧည့်သည်ခန်းထဲမှာ အေးလွန်းတယ်"
ကျောင်းချီက သမ်းဝေရင်း မျက်လုံးပွတ်လိုက်သည်။
"အခုဘယ်ချိန်လဲ"
"ဟေ့လူ၊ မင်း ငါ့သည်းခံနိုင်မှုကိုစမ်းနေတာလား"
ဥက္ကဌမှာ မျက်လုံးများကိုပွတ်နေသည့် လက်အားဆွဲယူပြီး ခေါင်းအုံးပေါ်ဖိချလိုက်သည်။ ကျောင်းချီအား စိန်းစိန်းဝါးဝါးကြည့်ရင်း မျက်ဝန်းထဲတွင် အန္တရာယ်အငွေ့အသက်ရှိနေ၏။
"မနက်စောစောစီးစီး ဘာတွေ အရူးထနေပြန်ပြီလဲ"
က
ျောင်းချီမှာ သူ့လက်ငါးချောင်းကို ဆန့်ထုတ်ပြီး ကျန်းတာ့တျောင်းမျက်နှာကို အုပ်လိုက်ကာ သူ့ခေါင်းကြီးကိုတွန်းထုတ်လိုက်သည်။
မနေ့ညက သူ အင်မတန် စိမ်ပြေနပြေအိပ်ခဲ့မိ၍ ကျောင်းချီ၏ ပိုးသား ညအိပ်အင်္ကျီမှာ ဖရိုဖရဲဖြစ်နေကာ ကြယ်သီးတစ်ချို့ပြုတ်နေသည်။ သူလက်မြှောက်လိုက်ချိန် ထိုညဝတ်အင်္ကျီမှာ မတော်တဆလျှောကျသွားခဲ့တော့သည်။
"သေစမ်း!"
ကျန်းချန်ဖေး အော်ဟစ်မိသွားလုနီးပါးဖြစ်ပြီး အိပ်ရာပေါ်ကနေခုန်ထွက်လိုက်သည်။ ​လှောင်အိမ်ထဲက ခွေးတစ်ကောင်ပမာ သူက ထပ်တလဲလဲ ဝိုင်းကြီးပတ်ပတ်လျှောက်နေလေသည်။
"တစ်ခြားတစ်ယောက်ရဲ့အိပ်ရာထဲ တက်လာတာမျိုးက မင်းတကယ်အရှက်တရားမသိတာပဲ!"
"ငါ့ကိုယ်ပိုင်အိပ်ရာထက် တခြားအိပ်ရာမှာအိပ်ရတာ အခက်လေးနည်းနည်းရှိသွားရုံကို"
အစားထိုးလေး၏ မျက်နှာမှာ အပြစ်ကင်းစင်သည့်ပုံဖြစ်နေသည်။
"ဟာ...ဟာ့၊ မင်းပြောတာ ငါယုံမယ်ထင်နေလား! အရမ်းကောင်းတယ်၊ ဒါမင်းတောင်းဆိုတာနော်!"
ကျောင်းချီသည် စာအုပ်ထဲမှာဇာတ်ညွှန်းဖြစ်သော ပေါက်တတ်ကရ စကားများကို တုံ့ပြန်လိုစိတ်မရှိတော့ပေ။ ထို့ကြောင့် သူ့ ရှုပ်ပွနေသော ဆံပင်များကို ဖွာကာ မျက်နှာသစ်သွားတိုက်ရန် အိပ်ရာကထရန် ပြင်လိုက်သည်။ သို့သော်ငြား သူခြေတစ်လှမ်းတောင် မရ​ွေ့ရသေး ခေါင်းအုံးပျော့ပုံကြီးထဲ သူ့လောင်ကုန်း၏ ပြန်ပစ်တင်ခြင်းခံလိုက်ရတော့သည်။
ဲကျသွားပြီးနောက် သူသည် စောင်ပုံထဲသို့ သားရဲတစ်ကောင်၏ ဆွဲယူခြင်းခံလိုက်ရရှာတော့သည်။
"ခင်ဗျား ကျောင်းယန်အတွက် စင်စင်ကြယ်ကြယ် မနေချင်တော့ဘူးလား"
"မင်း သူ့နာမည်ကိုပြောခွင့်မရှိဘူးလို့ ငါမင်းကိုဘယ်နှစ်ကြိမ်ပြောရမလဲ! မင်း အခေါင်းမမြင်ခင်ထိ မျက်ရည်တကယ်ကျမှာမဟုတ်ဘူးပဲ! ဒီနေ့တော့ ငါမင်းကိုသင်ခန်းစာပေးမှ ဖြစ်တော့မယ်!"
"ဟားဟားဟားဟား... ဟင့်အင်း၊ မလုပ်နဲ့လေ၊ ဒီနေ့က တနင်္လာနေ့ကွ... ငါတို့ အလုပ်သွားရဦးမယ်! အာ့... အွန်း...."
တစ်ခုသော တနင်္လာနေ့မနက်ခင်းတွင်တော့ ဥက္ကဌနှစ်ယောက်မှာ အလုပ်နောက်ကျရန် ကံကြမ္မာဖန်လာတော့သည်။
ရှီးဖေးနည်းပညာ၏ ဝန်ထမ်းများမှာ သူတို့ ဥက္ကဌ၏ အချိန်နှင့်အမျှ နောက်ကျမှရောက်လာမှုကို ကျင့်သားရနေပြီဖြစ်သည်။ တကယ်တမ်းကျ ဥက္ကဌလူကြီးမင်းမှာ ဥက္ကဌကျောင်းအတွက် မနက်စာလုပ်ပေးရခြင်းနှင့် ဒရိုက်ဘာလုပ်ပေးရခြင်း တာဝန်ကို ထမ်းရွက်ရှာရသည်ပင်။ ထို့ကြောင့် ၉နာရီနောက်ပိုင်းတွင် မည်သူကမှ ဥက္ကဌအား ရုံးဆီလာရန် မည်သူမှမလောကြပေ။
သို့သော်ငြား ပါ့ကျောင်းကတော့ ခြားနားသည်။ သူတို့၏ အလုပ်သရဲ နတ်ဆိုးဥက္ကဌမှာ မိုးရွာရွာ၊ မိုးသီးကြွေကြွေ၊ နေပူပူ မည်သည့်ရာသီဥတုအခြေအနေတွင်မဆို အမြဲ အချိန်တိကျသည်။ ယွီယွမ်မှာ ကိုယ်ရေးအတွင်းရေးမှူးအနေဖြင့် ကျောင်းချီဆီ မနက်၉နာရီတွင် ကားလိုအပ်မလိုအပ် စာလှမ်းပို့ကာမေးလေသည်။
ဥက္ကဌကျောင်းမှာ "အင်မတန်အလုပ်ရှုပ်" နေချိန်မှာတောင် စာတစ်ကြောင်းပြန်ပို့နိုင်သေးကာ ကားမလိုအပ်ကြောင်းပြောလိုက်သည်။ ဒီနေ့ ကျောင်းချီ အလုပ်သွားရန် နောက်ကျတော့မည်ဖြစ်ပြီး သူ ရုံးရောက်သည်နှင့် အလုပ်ရှုပ်ကာ ဝဲဂယက်ကြီးထဲ တစ်ဖန်ပြုတ်ကျသွားတော့မည်။
ဆောင်းဦးအေးမြမှုမှာ စောင်ထဲရှိလူနှစ်ယောက် ချွေးတစ်လုံးလုံးဖြစ်နေ၍ လွင့်ပျောက်သွားလေသည်။ ကျောင်းချီမှာ ပင်ပန်းမှုကြောင့် တစ်စစီဖြစ်တော့မည့် သူ့ ခန္ဓာကိုယ်အား ရေချိုးခန်းဆီ မနည်းဆွဲခေါ်လာရသည်။ ရေမိုးချိုးပြီးမှ သူနောက်ဆုံးတော့ မတ်မတ်ရပ်နိုင်သွားတော့သည်။ ကျောင်းချီမှာ ဆံပင်သုတ်ရင်းရေချိုးခန်းထဲက ထွက်လာစဥ် ရုတ်တရက် ပူလောင်လာပြီးရေဆာလာသည်။
"
ဒါသောက်!"
မျက်နှာရှုံ့မဲ့နေသည့် ဥက္ကဌလူကြီးမင်းက အမိန့်ပေးလာလေသည်။ သူက စားပွဲပေါ် အမည်းရောင်အရည်များဖြည့်ထားသော သောက်စရာဖန်ခွက်အားချပေးကာ ချစ်ဇနီးလေးကိုအတင်းသောက်ခိုင်းလိုက်သည်။
"ဒါဘာလဲ"
ကျောင်းချီမှာ လက်နှစ်ဖက်ဖြင့်ဖန်ခွက်ကိုကိုင်ပြီး အရသာမြည်းကြည့်လိုက်သည်။ ရေခဲတမျှအေးစက်ပြီး ပူစီဖောင်းလေးများနှင့်ပြည့်နေသည်။ သေချာပေါက် ဒါက ရေခဲနှင့် ကိုလာခွက်ပင်။
"သန္ဓေတားဆေး"
ဥက္ကဌလူကြီးမင်းက အေးတိအေးစက် ပြောလိုက်သည်။
"ဖွီ.......!"
အခုလေးတင် သောက်လာသည့် ပါးစပ်အပြည့် ကိုလာအရည်များ ပန်းထုတ်မိကာ ကျန်းချန်ဖေးမျက်နှာတည့်တည့် စင်သွားတော့သည်။ လျင်မြန်လွန်းစွာပင် ပူစီဖောင်းက​လေးများ မျက်ခုံးပေါ်တင်နေတာကို မြင်နိုင်လေသည်။ မူလတည်းက မရွှင်မပျဖြစ်နေသော မစ္စတာတိအောင်းမျက်နှာမှာ အခုတော့ ပို၍မည်းသွားချေပြီ။
"ငါ မင်းကို ကျန်းမိသားစုရဲ့ ကလေး ကိုယ်ဝန်လွယ်ခွင့်ပြုမှာမဟုတ်ဘူး"
ဥက္ကဌကျောင်းက သူ့မျက်နှာကိုထိပြီး ကျောင်းချီအားဆက်သောက်ရန် ကိုယခဟန်ပြလေသည်။
"... ငါ့မှာအဲလို လုပ်ငန်းစဥ်မရှိဘူးလေ"
ကျောင်းချီ သတိပေးသည့်ဟန် နှုတ်ခမ်းထောင့်များကို ဆွဲဆန့်လိုက်မိသည်။
ကျန်းချန်ဖေးက ရေခဲတမျှအေးစက်နေသော လေသံဖြင့်ပြောရင်း သူ့ချစ်ဇနီးလေးမျက်နှာကို ဆွဲညှစ်လိုက်သည်။
"မင်းအကြံကို မသိဘူးများထင်နေလား၊ ကိုယ်ဝန်ရဖို့ ဒီအခွင့်အရေးကိုသုံးပြီး သခင်မကျန်းအစစ်အဖြစ် အဆင့်တိုးသွားချင်တာမလား၊ ငါမင်းကို အောင်မြင်ခွင့်ပေးမှာမဟုတ်ဘူး"
"ကိုလာသောက်တာကဘယ်လိုလုပ် သန္ဓေတားဆေးဖြစ်သွားတာလဲ"
ကျောင်းချီမှာ အင်တင်တင်ဖြင့် ကိုလာတစ်ငုံသောက်လိုက်သည်။ သံပုရိုသီးတစ်စိတ်လည်းထည့်ထား၍ အရသာမှာပို၍တောင်ကောင်းသွားသည်။
ဥက္ကဌလူကြီးမင်းမှာ အလေးအနက်ဖြေလိုက်လေသည်။
"ကိုလာက သုတ်ပိုးတွေကိုသေစေတယ်"
"..."
Continue Reading
You'll Also Like
118K 8K 74
Collection of short stories with different people from different scenarios.
1.1M 25.8K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
3.7M 276K 72
၁၉၄၀ နှောင်းပိုင်း ကာလ... မြို့အုပ်မင်း+မြို့အုပ်ကတော်
116K 2.5K 40
အဓိက=အချစ်ကမ္ဘာ(ကိုကိုအသက်ကမင်းဖြစ်နေတဲ့အချိန်ကြမှဘာလို့ထွက်ပြေးချင်နေရတာလဲကလေးလေးရယ်)