အပိုင်း ၅၂။ သနားစရာ စာအုပ်နတ်ဘုရား
ထွက်သွားတုန်းက လက်ဗလာ၊ ပြန်လာတော့ အပြည့်အသိပ်။
ဖုန့်ရှီ အခုလောက် တခါမှ မပျော်ခဲ့ဖူးဘူး။
သူက ငတုံးတစ်ယောက်မဟုတ်တဲ့အတွက် သစ်သားလက်စွပ်က ဒီသစ်သီးတွေထက် အများကြီး ပိုတန်ဖိုးရှိတယ်ဆိုတာ သူသိတယ်။
အဲ့တာကြောင့် သူ ဆေးမှင်ရည်ကမ္ဘာကနေ ထွက်လာတဲ့အခါမှာ သူ့လက်စွပ်ကို ဂရုတစိုက် ဝှက်ထားလိုက်ပြီး စာအုပ်နတ်ဘုရားကိုတောင် ဒီအကြောင်း မပြောခဲ့။
ဒါပေမဲ့ အမှန်တရားက အနှေးနဲ့အမြန် ထင်းလာတယ်။ သူ့မျက်နှာပေါ်က ရွှင်မြူးနေဟန်က အရမ်းကို သိသာနေတာဖြစ်လို့ နောက်ဆုံးမှာတော့ စာအုပ်နတ်ဘုရားက မမေးဘဲ မနေနိုင်တော့။
"သခင်၊ ဘာလို့ အရမ်းပျော်နေတာလဲ? ကျွန်တော်နဲ့လည်း ဝေမျှပါဦး။ ကျွန်တော် ဘယ်သူ့မှ မပြောဘူးလို့ ကတိပေးတယ်၊ ဒါပေမဲ့ ကံဆိုးမှုနတ်ဘုရားအတွက်တော့ အာမမခံဘူး။ အဲ့တာကြောင့် ကျွန်တော့ကိုပဲ ပြောပြ။" စာအုပ်နတ်ဘုရားက ဖုန့်ရှီရဲ့ ဇာတ်လမ်းကို အရမ်း သိချင်နေပေမဲ့ တစ်စုံတစ်ယောက်ကို လျို့ဝှက်ချက်တစ်ခု ပြောပြချင်လာအောင် လုပ်ဖို့ဆိုတာ စိတ်ရှည်ဖို့ လိုမှန်း သူသိတယ်။
သူပြောလို့ မပြီးခင်မှာပဲ ကံဆိုးမှုနတ်ဘုရားက မကျေမချမ်းနဲ့ စူးစူးရဲရဲ အော်လိုက်ပြီး စာအုပ်နတ်ဘုရားအပေါ် စက်ဆုပ်အထင်သေးမှုကို ဖော်ပြဖို့ ကြိုးစားလိုက်တယ်။
ကံဆိုးမှုနတ်ဘုရားက ဖုန့်ရှီကြောင့် သူ ကျင့်ကြံခဲ့တဲ့ နှစ်သောင်းချီ ကျင့်ကြံမှုကို ဆုံးရှုံးခဲ့လိုက်ရတဲ့အတွက် ခုချိန်ထိ သူ စကားပြောလို့ မရနိုင်သေးပေ။
ဖုန့်ရှီက သူ့မျက်လုံးတွေ လှိမ့်လိုက်ရင်း တုန့်ဆိုင်းသွားသလို ဟန်ဆောင်လိုက်တယ်၊ ဒါပေမဲ့ တကယ်တော့ သူ့လျာကို ဆက်မထိန်းထားနိုင်တော့ဘူး။
သူ့အဖော်နှစ်ယောက်ရှေ့မှာ သူရခဲ့တဲ့ ကြီးမြတ်တဲ့ ပစ္စည်းကို ပြသချင်စိတ်ကို သူ့ကိုယ်သူ ချုပ်တည်းဖို့ဆိုတာ ဖုန့်ရှီအတွက် အလွန်ခက်တယ်။ ဒါ့အပြင် စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားက ဖုန့်ရှီနဲ့ အချိန်တိုင်း တူတူရှိနေကြတာ ဖြစ်တဲ့အတွက် လက်စွပ်အကြောင်း အနှေးနဲ့အမြန်တော့ သိလာကြမှာပဲ။ အကျိုးဆက်အနေနဲ့ ဖုန့်ရှီက တုန့်ဆိုင်းနေဟန်ပေါ်ပေမယ့် သူ့ဆုတံဆိပ်ကို ပြသချင်ခဲ့တာ အတော်ကြာလှပြီ ဖြစ်တယ်။ ဒါပေမဲ့ နတ်ဘုရားနှစ်ပါးက ဘာတစ်ခုမှ မမေးခဲ့ကြဘူး။
အဲ့တာက ဖုန့်ရှီကို အလွန် စိတ်ပျက်စေခဲ့တယ်။ သူ အဲ့တာကို ပြောဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူး။ ကံကောင်းစွာပဲ စာအုပ်နတ်ဘုရားက အခြားသူရဲ့ စိတ်ကို ဖတ်ရာမှာ တော်တယ်။
"အဟမ်း၊ မင်းတို့နှစ်ယောက်က ငါ့ကို ရိုးရိုးသားသား မေးလာတော့လည်း ငါ မပြောသင့်ပေမဲ့ မင်းတို့ကို ပြောပြပါမယ်။" အဲ့တာကို ပြောရင်း ဖုန့်ရှီက သူ့ညာလက်ကို ထုတ်လိုက်တယ်။
စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့က ဘယ်ဖက်ကနေ ကြည့်တယ်၊ ညာဖက်ကနေ ကြည့်တယ်၊ အပေါ်ကနေကြည့်တယ်၊ အောက်ကနေ ကြည့်တယ်၊ နောက်ဆုံးတော့ သူတို့ တွေ့လိုက်ရတာက... အဲ့တာ လက်ချောင်း ငါးချောင်းပဲလေ! ဘာကများ ကြည့်ဖို့ ရှိနေလို့လဲ!
သူတို့နှစ်ဦးလုံး အထင်တသေး ကြည့်လိုက်တယ်။ အဲ့နောက် စာအုပ်နတ်ဘုရားရဲ့ ခေါင်းသေးသေးလေးက ဖုန့်ရှီရဲ့ ပြင်းပြင်းထန်ထန် ခေါက်လိုက်ခြင်းကို ခံလိုက်ရတယ်။
ဘာလို့ စာအုပ်နတ်ဘုရားပဲ အရိုက်ခံရတာလဲ?
ဘာလို့လည်းဆိုတော့ ဖုန့်ရှီက စာအုပ်နတ်ဘုရားရဲ့ မျက်နှာပေါ်က အမူအယာကိုပဲ မြင်နိုင်တာကြောင့် ဖြစ်တယ်။ ကံဆိုးမှုနတ်ဘုရားက မှိုတက်ပြီး ညစ်ထေးနေတဲ့ အဖုတစ်ခုပဲ ဖြစ်နေတာကြောင့် သူ့မျက်နှာကို မမြင်တွေ့နိုင်။ ကံဆိုးမှုနတ်ဘုရား အကျယ်ကြီး ရယ်လိုက်ရင်တောင်မှ သူ့မျက်နှာကို ဖုန့်ရှီက မြင်နိုင်မှာ မဟုတ်။
ကံဆိုးမှုနတ်ဘုရားက စာအုပ်နတ်ဘုရား အရိုက်ခံလိုက်ရတဲ့အတွက် အတော်ဝမ်းသာသွားတယ်။
"ဟမ့်၊ သေချာကြည့်။" ဖုန့်ရှီက လက်စွပ်ကို စိတ်ထဲကနေ ဆင့်ခေါ်လိုက်တယ်။ အဲ့နောက်မှာတော့ အစိမ်းရောင် လက်စွပ်တစ်ကွင်း သူ့လက်ချောင်းပေါ် ပေါ်လာတယ်။
စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ ဖုန့်ရှီနား ချက်ချင်းပဲ ကပ်လာကြတယ်။ အဝါရောင် စာအုပ်နတ်ဘုရားနဲ့ အစိမ်းရောင် ကံဆိုးမှုနတ်ဘုရားတို့ ဖုန့်ရှီရဲ့ လက်ချောင်းပေါ်က လက်စွပ်ကို မျက်လုံးပြူးပြီး ကြည့်လိုက်ကြတယ်။
လက်စွပ်ကနေ ရှေးကျတဲ့ ရောင်ဝါ ထွက်လာပြီး ပတ်ဝန်းကျင်က လေထုကို အေးမြပြီး လန်းဆန်းသွားစေတယ်။ နောက်အနည်းငယ်အကြာ ကြည်လင်နေတဲ့ အစိမ်းရောင်လက်စွပ်က ချက်ချင်းပဲ နတ်ဘုရားနှစ်ပါးလုံးကို မျက်စိကျသွားစေတယ်။
သူတို့ ဒီလိုအရောင်မျိုး လက်စွပ်ကို လုံးဝ မမြင်ဖူးဘူး။ ပုံမှန်အားဖြင့် အခြေခံကျင့်ကြံမှုရှိတဲ့ သာမာန် သဘာဝပေါက်ပင်တွေမှာ အဲ့လို အရှိန်အဝါမျိုး ရှိတယ်။ ဒါပေမဲ့ ဖုန့်ရှီရဲ့ လက်ချောင်းပေါ်က လက်စွပ်က သန့်ရှင်းနေပြီး တမူကွဲပြားတဲ့ အသားနဲ့ သန့်စင်နေတယ်၊ ဆိုလိုတာက အဲ့တာက သာမာန် သဘာဝပေါက်ပင်ကနေ ရလာတာမဟုတ်ဘူးဆိုတာ အသေအချာပဲ။
ဗဟုသုတစုံတဲ့ စာအုပ်နတ်ဘုရားနဲ့ အသက်ကြီးတဲ့ ကံဆိုးမှုနတ်ဘုရားတို့က စက္ကန့်မဆိုင်းဘဲ လက်စွပ်ရဲ့ မူလကို သိသွားကြတယ်။
"သစ်သားလက်စွပ်?"
"ဝူး၊ ဝူး၊ ဝူး၊ ဝူး..."
စာအုပ်နတ်ဘုရားက အလန့်တကြား အော်လိုက်စဉ်မှာပဲ ကံဆိုးမှုနတ်ဘုရားကလည်း အော်လိုက်တယ်။ သူတို့ မြင်လိုက်ရတာကို မယုံနိုင် ဖြစ်သွားကြတယ်။
"သခင်၊ ဒါက ကမ္ဘာ့သစ်ပင်က သန့်စင်ထားတဲ့ နေရာလွတ် လက်စွပ်လား?"
"ဟားဟား၊ တွေ့ရတာ အံဩသွားတယ်ဟုတ်? သစ်ပင်အိုကြီးက ငါ့ကို ဒါလက်ဆောင်ပေးလိုက်တယ်။ သူ လက်စွပ်ကို နှစ်ပေါင်း မရည်တွက်နိုင်အောင် မွေးမြူထားခဲ့တာ လို့ ပြောတယ်။ ဒီလက်စွပ်ထဲ ဘာရှိလဲဆိုတာ မင်းတို့ သိလာ?" ဖုန့်ရှီက လက်စွပ်ကို သူ့အဖော်နှစ်ယောက်ရဲ့ အရှေ့မှာ ဝှေ့ယမ်းရင်း ကြွားလိုက်တယ်။
"သစ်သီး... ကမ္ဘာ့သစ်ပင်က?" စာအုပ်နတ်ဘုရားက သူ့မျက်လုံးထဲ အားကျတဲ့အကြည့်တို့ ပေါ်လာတယ်။
ဖုန့်ရှီက သစ်သီးတစ်လုံးကို ရှင်းရှင်းပဲ ထုတ်ယူလိုက်တယ်။ သစ်သီးအစိမ်းက အရည်အသွေးကောင်းမွန်တဲ့ ကြွေထည်လက်မှုပစ္စည်းတစ်ခုလို ပြည့်စုံကျနစွာ လှီးဖြတ်ထားတယ်။ ဒီသစ်သီးအကြောင်း ဘာမှ မသိတဲ့သူဆို ဒါ စားလို့ရတယ်လို့ လုံးဝ ထင်မှာ မဟုတ်ဘူး။
စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ မျက်လုံးထဲ လောဘတွေ ထင်ဟပ်လာကြတယ်။
ဘုံသုံးဘုံက သိစိတ်ဝိညာဏ်ရှိတဲ့ သတ္တဝါတွေအားလုံး ကမ္ဘာ့သစ်ပင်က သစ်သီးကို လိုချင်ကြတယ်။
ကမ္ဘာ့သစ်ပင်က နတ်ဘုရားနဲ့ မိစ္ဆာနိုင်ငံတော် တောင်ဘက်က နတ်ဘုရားတောင်တန်းမှာ ပေါက်ခဲ့တယ်လို့ ဆိုကြတယ်။ နှစ်တစ်ထောင်တိုင်းမှာ သစ်သီးပေါင်း အလုံးငါးဆယ် သီးတယ်။ သစ်သီးရဲ့ ရှားပါးမှုကြောင့် အင်အားစုတွေအားလုံးဟာ အဲ့တာအတွက် တလျောက်လုံး တိုက်ခိုက်ကြတယ်။ ဒါပေမဲ့ အဲ့ဒီ့စစ်ပွဲက အမြဲ ရှုပ်ထွေးတဲ့အတွက် အချိန်အများစုကတော့ တစ်သီးပုဂ္ဂလ ကျင့်ကြံသူတို့ဟာ ကစင့်ကလျားဖြစ်မှုအပေါ် အခွင့်အရေးယူပြီး သစ်သီးတွေ ခိုးယူကြတယ်။ ဆိုရိုးတစ်ခုလိုပေါ့၊ "ရန်ပွဲကနေ တတိယလူက အမြဲတစေ အကျိုးအမြတ်ရတယ်။"
နောက်ဆုံးတော့ ရှုပ်ထွေးတဲ့စစ်ပွဲအတွင်း အသတ်ခံရသူ အတော်များလာတဲ့အတွက် ကောင်းကင်ဘုံနဲ့ မိစ္ဆာဘုံအရှင်တို့ဟာလည်း စိတ်ဝင်စားလာကြတယ်။ သူတို့ကလည်း ကမ္ဘာ့သစ်ပင်ရဲ့ သစ်သီးကို လိုချင်တပ်မက်ကြတယ်။ ဒါပေမဲ့ အဲ့အချိန်မှာ နတ်ဘုရားနဲ့ မိစ္ဆာနိုင်ငံတော်ကို စောင့်ကြပ်တဲ့ ကျွမ်းကျင်သူပညာရှင် တစ်ယောက်ရှိလာခဲ့တယ်။ အဲ့ဒီ့နောက်မှာတော့ အရှင်နှစ်ပါးဟာ စစ်ပွဲမှာ ဘယ်တော့မှ ပေါ်မလာတော့ပေ။
လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကောင်းကင်နတ်ဘုရားတောင်တန်းမှာ စစ်ပွဲအကြီးအကျယ် ဖြစ်ပွါးခဲ့တယ်။ နောက်ဆုံး စစ်ပွဲက ဖြစ်သင့်တာထက်ပိုပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွါးခဲ့တယ်။
အဲ့နောက်မှာတော့ အဲ့ဒီ့အုပ်ချုပ်သူက ကောင်းကင်ဘုံ အရှင်နဲ့ မိစ္ဆာဘုံ အရှင်တို့နဲ့ သဘောတူစာချုပ် တစ်ခု လက်မှတ်ထိုးလိုက်ကြတယ်။
နှစ်တစ်ထောင်ကြာတိုင်းတစ်ကြိမ် ကမ္ဘာ့သစ်ပင်ကသီးတဲ့ သစ်သီးတွေကို နှစ်ပုံပုံမယ်။ တစ်ပုံက ယှဉ်ပြိုင်ပွဲကြီးမှာ အနိုင်ရသူအတွက် ဖြစ်တယ်။ နောက်တစ်ပုံက လူချမ်းသာမိသားစုတွေသာ တတ်နိုင်တဲ့ လေလံပွဲမှာ လေလံတင်မယ်၊ ပြီးတော့ အကျိုးအမြတ်ကို သုံးဦး ခွဲဝေယူမယ်။ အဲ့လိုက အခု အတော် မျှတပုံပေါ်တယ်။
အဲ့တာက ကမ္ဘာ့သစ်ပင်ရဲ့သစ်သီး ဘယ်လောက် အဖိုးတန်သလဲဆိုတာ မြင်နိုင်ပါတယ်။
ဒါပေမဲ့ စာအုပ်နတ်ဘုရားကို အများကြီး အံ့အားသင့်သွားစေတာက ကမ္ဘာ့သစ်ပင်ရဲ့သစ်သီးက ဘာလို့ အဲ့လောက် အဖိုးတန်ရတာလဲဆိုတာကြောင့် မဟုတ်၊ ဒါပေမဲ့ ... အခြားတစ်ခု!
20211010; 1817
—————————— Zawgyi —————————
အပိုင္း ၅၂။ သနားစရာ စာအုပ္နတ္ဘုရား
ထြက္သြားတုန္းက လက္ဗလာ၊ ျပန္လာေတာ့ အျပည့္အသိပ္။
ဖုန္႔ရွီ အခုေလာက္ တခါမွ မေပ်ာ္ခဲ့ဖူးဘူး။
သူက ငတုံးတစ္ေယာက္မဟုတ္တဲ့အတြက္ သစ္သားလက္စြပ္က ဒီသစ္သီးေတြထက္ အမ်ားႀကီး ပိုတန္ဖိုးရွိတယ္ဆိုတာ သူသိတယ္။
အဲ့တာေၾကာင့္ သူ ေဆးမွင္ရည္ကမၻာကေန ထြက္လာတဲ့အခါမွာ သူ႔လက္စြပ္ကို ဂ႐ုတစိုက္ ဝွက္ထားလိုက္ၿပီး စာအုပ္နတ္ဘုရားကိုေတာင္ ဒီအေၾကာင္း မေျပာခဲ့။
ဒါေပမဲ့ အမွန္တရားက အေႏွးနဲ႔အျမန္ ထင္းလာတယ္။ သူ႔မ်က္ႏွာေပၚက ရႊင္ျမဴးေနဟန္က အရမ္းကို သိသာေနတာျဖစ္လို႔ ေနာက္ဆုံးမွာေတာ့ စာအုပ္နတ္ဘုရားက မေမးဘဲ မေနနိုင္ေတာ့။
"သခင္၊ ဘာလို႔ အရမ္းေပ်ာ္ေနတာလဲ? ကၽြန္ေတာ္နဲ႔လည္း ေဝမၽွပါဦး။ ကၽြန္ေတာ္ ဘယ္သူ႔မွ မေျပာဘူးလို႔ ကတိေပးတယ္၊ ဒါေပမဲ့ ကံဆိုးမွုနတ္ဘုရားအတြက္ေတာ့ အာမမခံဘူး။ အဲ့တာေၾကာင့္ ကၽြန္ေတာ့ကိုပဲ ေျပာျပ။" စာအုပ္နတ္ဘုရားက ဖုန္႔ရွီရဲ့ ဇာတ္လမ္းကို အရမ္း သိခ်င္ေနေပမဲ့ တစ္စုံတစ္ေယာက္ကို လ်ိဳ႕ဝွက္ခ်က္တစ္ခု ေျပာျပခ်င္လာေအာင္ လုပ္ဖို႔ဆိုတာ စိတ္ရွည္ဖို႔ လိုမွန္း သူသိတယ္။
သူေျပာလို႔ မၿပီးခင္မွာပဲ ကံဆိုးမွုနတ္ဘုရားက မေက်မခ်မ္းနဲ႔ စူးစူးရဲရဲ ေအာ္လိုက္ၿပီး စာအုပ္နတ္ဘုရားအေပၚ စက္ဆုပ္အထင္ေသးမွုကို ေဖာ္ျပဖို႔ ႀကိဳးစားလိုက္တယ္။
ကံဆိုးမွုနတ္ဘုရားက ဖုန္႔ရွီေၾကာင့္ သူ က်င့္ႀကံခဲ့တဲ့ ႏွစ္ေသာင္းခ်ီ က်င့္ႀကံမွုကို ဆုံးရွုံးခဲ့လိုက္ရတဲ့အတြက္ ခုခ်ိန္ထိ သူ စကားေျပာလို႔ မရနိုင္ေသးေပ။
ဖုန္႔ရွီက သူ႔မ်က္လုံးေတြ လွိမ့္လိုက္ရင္း တုန္႔ဆိုင္းသြားသလို ဟန္ေဆာင္လိုက္တယ္၊ ဒါေပမဲ့ တကယ္ေတာ့ သူ႔လ်ာကို ဆက္မထိန္းထားနိုင္ေတာ့ဘူး။
သူ႔အေဖာ္ႏွစ္ေယာက္ေရွ႕မွာ သူရခဲ့တဲ့ ႀကီးျမတ္တဲ့ ပစၥည္းကို ျပသခ်င္စိတ္ကို သူ႔ကိုယ္သူ ခ်ဳပ္တည္းဖို႔ဆိုတာ ဖုန္႔ရွီအတြက္ အလြန္ခက္တယ္။ ဒါ့အျပင္ စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားက ဖုန္႔ရွီနဲ႔ အခ်ိန္တိုင္း တူတူရွိေနၾကတာ ျဖစ္တဲ့အတြက္ လက္စြပ္အေၾကာင္း အေႏွးနဲ႔အျမန္ေတာ့ သိလာၾကမွာပဲ။ အက်ိဳးဆက္အေနနဲ႔ ဖုန္႔ရွီက တုန႔္ဆိုင္းေနဟန္ေပၚေပမယ့္ သူ႔ဆုတံဆိပ္ကို ျပသခ်င္ခဲ့တာ အေတာ္ၾကာလွၿပီ ျဖစ္တယ္။ ဒါေပမဲ့ နတ္ဘုရားႏွစ္ပါးက ဘာတစ္ခုမွ မေမးခဲ့ၾကဘူး။
အဲ့တာက ဖုန္႔ရွီကို အလြန္ စိတ္ပ်က္ေစခဲ့တယ္။ သူ အဲ့တာကို ေျပာဖို႔ ႀကိမ္ဖန္မ်ားစြာ ႀကိဳးစားခဲ့ေပမဲ့ အဆင္မေျပခဲ့ဘူး။ ကံေကာင္းစြာပဲ စာအုပ္နတ္ဘုရားက အျခားသူရဲ့ စိတ္ကို ဖတ္ရာမွာ ေတာ္တယ္။
"အဟမ္း၊ မင္းတို႔ႏွစ္ေယာက္က ငါ့ကို ရိုးရိုးသားသား ေမးလာေတာ့လည္း ငါ မေျပာသင့္ေပမဲ့ မင္းတို႔ကို ေျပာျပပါမယ္။" အဲ့တာကို ေျပာရင္း ဖုန္႔ရွီက သူ႔ညာလက္ကို ထုတ္လိုက္တယ္။
စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔က ဘယ္ဖက္ကေန ၾကည့္တယ္၊ ညာဖက္ကေန ၾကည့္တယ္၊ အေပၚကေနၾကည့္တယ္၊ ေအာက္ကေန ၾကည့္တယ္၊ ေနာက္ဆုံးေတာ့ သူတို႔ ေတြ႕လိုက္ရတာက... အဲ့တာ လက္ေခ်ာင္း ငါးေခ်ာင္းပဲေလ! ဘာကမ်ား ၾကည့္ဖို႔ ရွိေနလို႔လဲ!
သူတို႔ႏွစ္ဦးလုံး အထင္တေသး ၾကည့္လိုက္တယ္။ အဲ့ေနာက္ စာအုပ္နတ္ဘုရားရဲ့ ေခါင္းေသးေသးေလးက ဖုန္႔ရွီရဲ့ ျပင္းျပင္းထန္ထန္ ေခါက္လိုက္ျခင္းကို ခံလိုက္ရတယ္။
ဘာလို႔ စာအုပ္နတ္ဘုရားပဲ အရိုက္ခံရတာလဲ?
ဘာလို႔လည္းဆိုေတာ့ ဖုန္႔ရွီက စာအုပ္နတ္ဘုရားရဲ့ မ်က္ႏွာေပၚက အမူအယာကိုပဲ ျမင္နိုင္တာေၾကာင့္ ျဖစ္တယ္။ ကံဆိုးမွုနတ္ဘုရားက မွိုတက္ၿပီး ညစ္ေထးေနတဲ့ အဖုတစ္ခုပဲ ျဖစ္ေနတာေၾကာင့္ သူ႔မ်က္ႏွာကို မျမင္ေတြ႕နိုင္။ ကံဆိုးမွုနတ္ဘုရား အက်ယ္ႀကီး ရယ္လိုက္ရင္ေတာင္မွ သူ႔မ်က္ႏွာကို ဖုန္႔ရွီက ျမင္နိုင္မွာ မဟုတ္။
ကံဆိုးမွုနတ္ဘုရားက စာအုပ္နတ္ဘုရား အရိုက္ခံလိုက္ရတဲ့အတြက္ အေတာ္ဝမ္းသာသြားတယ္။
"ဟမ့္၊ ေသခ်ာၾကည့္။" ဖုန္႔ရွီက လက္စြပ္ကို စိတ္ထဲကေန ဆင့္ေခၚလိုက္တယ္။ အဲ့ေနာက္မွာေတာ့ အစိမ္းေရာင္ လက္စြပ္တစ္ကြင္း သူ႔လက္ေခ်ာင္းေပၚ ေပၚလာတယ္။
စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ ဖုန္႔ရွီနား ခ်က္ခ်င္းပဲ ကပ္လာၾကတယ္။ အဝါေရာင္ စာအုပ္နတ္ဘုရားနဲ႔ အစိမ္းေရာင္ ကံဆိုးမွုနတ္ဘုရားတို႔ ဖုန္႔ရွီရဲ့ လက္ေခ်ာင္းေပၚက လက္စြပ္ကို မ်က္လုံးျပဴးၿပီး ၾကည့္လိုက္ၾကတယ္။
လက္စြပ္ကေန ေရွးက်တဲ့ ေရာင္ဝါ ထြက္လာၿပီး ပတ္ဝန္းက်င္က ေလထုကို ေအးျမၿပီး လန္းဆန္းသြားေစတယ္။ ေနာက္အနည္းငယ္အၾကာ ၾကည္လင္ေနတဲ့ အစိမ္းေရာင္လက္စြပ္က ခ်က္ခ်င္းပဲ နတ္ဘုရားႏွစ္ပါးလုံးကို မ်က္စိက်သြားေစတယ္။
သူတို႔ ဒီလိုအေရာင္မ်ိဳး လက္စြပ္ကို လုံးဝ မျမင္ဖူးဘူး။ ပုံမွန္အားျဖင့္ အေျခခံက်င့္ႀကံမွုရွိတဲ့ သာမာန္ သဘာဝေပါက္ပင္ေတြမွာ အဲ့လို အရွိန္အဝါမ်ိဳး ရွိတယ္။ ဒါေပမဲ့ ဖုန္႔ရွီရဲ့ လက္ေခ်ာင္းေပၚက လက္စြပ္က သန္႔ရွင္းေနၿပီး တမူကြဲျပားတဲ့ အသားနဲ႔ သန္႔စင္ေနတယ္၊ ဆိုလိုတာက အဲ့တာက သာမာန္ သဘာဝေပါက္ပင္ကေန ရလာတာမဟုတ္ဘူးဆိုတာ အေသအခ်ာပဲ။
ဗဟုသုတစုံတဲ့ စာအုပ္နတ္ဘုရားနဲ႔ အသက္ႀကီးတဲ့ ကံဆိုးမွုနတ္ဘုရားတို႔က စကၠန္႔မဆိုင္းဘဲ လက္စြပ္ရဲ့ မူလကို သိသြားၾကတယ္။
"သစ္သားလက္စြပ္?"
"ဝူး၊ ဝူး၊ ဝူး၊ ဝူး..."
စာအုပ္နတ္ဘုရားက အလန္႔တၾကား ေအာ္လိုက္စဥ္မွာပဲ ကံဆိုးမွုနတ္ဘုရားကလည္း ေအာ္လိုက္တယ္။ သူတို႔ ျမင္လိုက္ရတာကို မယုံနိုင္ ျဖစ္သြားၾကတယ္။
"သခင္၊ ဒါက ကမၻာ့သစ္ပင္က သန္႔စင္ထားတဲ့ေနရာလြတ္ လက္စြပ္လား?"
"ဟားဟား၊ ေတြ႕ရတာ အံဩသြားတယ္ဟုတ္? သစ္ပင္အိုႀကီးက ငါ့ကို ဒါလက္ေဆာင္ေပးလိုက္တယ္။ သူ လက္စြပ္ကို ႏွစ္ေပါင္း မရည္တြက္နိုင္ေအာင္ ေမြးျမဴထားခဲ့တာ လို႔ ေျပာတယ္။ ဒီလက္စြပ္ထဲ ဘာရွိလဲဆိုတာ မင္းတို႔ သိလာ?" ဖုန္႔ရွီက လက္စြပ္ကို သူ႔အေဖာ္ႏွစ္ေယာက္ရဲ့ အေရွ႕မွာ ေဝွ႕ယမ္းရင္း ႂကြားလိုက္တယ္။
"သစ္သီး... ကမၻာ့သစ္ပင္က?" စာအုပ္နတ္ဘုရားက သူ႔မ်က္လုံးထဲ အားက်တဲ့အၾကည့္တို႔ ေပၚလာတယ္။
ဖုန္႔ရွီက သစ္သီးတစ္လုံးကို ရွင္းရွင္းပဲ ထုတ္ယူလိုက္တယ္။ သစ္သီးအစိမ္းက အရည္အေသြးေကာင္းမြန္တဲ့ ေႂကြထည္လက္မွုပစၥည္းတစ္ခုလို ျပည့္စုံက်နစြာ လွီးျဖတ္ထားတယ္။ ဒီသစ္သီးအေၾကာင္း ဘာမွ မသိတဲ့သူဆို ဒါ စားလို႔ရတယ္လို႔ လုံးဝ ထင္မွာ မဟုတ္ဘူး။
စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ မ်က္လုံးထဲ ေလာဘေတြ ထင္ဟပ္လာၾကတယ္။
ဘုံသုံးဘုံက သိစိတ္ဝိညာဏ္ရွိတဲ့ သတၱဝါေတြအားလုံး ကမၻာ့သစ္ပင္က သစ္သီးကို လိုခ်င္ၾကတယ္။
ကမၻာ့သစ္ပင္က နတ္ဘုရားနဲ႔ မိစၧာနိုင္ငံေတာ္ ေတာင္ဘက္က နတ္ဘုရားေတာင္တန္းမွာ ေပါက္ခဲ့တယ္လို႔ ဆိုၾကတယ္။ ႏွစ္တစ္ေထာင္တိုင္းမွာ သစ္သီးေပါင္း အလုံးငါးဆယ္ သီးတယ္။ သစ္သီးရဲ့ ရွားပါးမွုေၾကာင့္ အင္အားစုေတြအားလုံးဟာ အဲ့တာအတြက္ တေလ်ာက္လုံး တိုက္ခိုက္ၾကတယ္။ ဒါေပမဲ့ အဲ့ဒီ့စစ္ပြဲက အျမဲ ရွုပ္ေထြးတဲ့အတြက္ အခ်ိန္အမ်ားစုကေတာ့ တစ္သီးပုဂၢလ က်င့္ႀကံသူတို႔ဟာ ကစင့္ကလ်ားျဖစ္မွုအေပၚ အခြင့္အေရးယူၿပီး သစ္သီးေတြ ခိုးယူၾကတယ္။ ဆိုရိုးတစ္ခုလိုေပါ့၊ "ရန္ပြဲကေန တတိယလူက အျမဲတေစ အက်ိဳးအျမတ္ရတယ္။"
ေနာက္ဆုံးေတာ့ ရွုပ္ေထြးတဲ့စစ္ပြဲအတြင္း အသတ္ခံရသူ အေတာ္မ်ားလာတဲ့အတြက္ ေကာင္းကင္ဘုံနဲ႔ မိစၧာဘုံအရွင္တို႔ဟာလည္း စိတ္ဝင္စားလာၾကတယ္။ သူတို႔ကလည္း ကမၻာ့သစ္ပင္ရဲ့ သစ္သီးကို လိုခ်င္တပ္မက္ၾကတယ္။ ဒါေပမဲ့ အဲ့အခ်ိန္မွာ နတ္ဘုရားနဲ႔ မိစၧာနိုင္ငံေတာ္ကို ေစာင့္ၾကပ္တဲ့ ကၽြမ္းက်င္သူပညာရွင္ တစ္ေယာက္ရွိလာခဲ့တယ္။ အဲ့ဒီ့ေနာက္မွာေတာ့ အရွင္ႏွစ္ပါးဟာ စစ္ပြဲမွာ ဘယ္ေတာ့မွ ေပၚမလာေတာ့ေပ။
လြန္ခဲ့တဲ့ သုံးႏွစ္တုန္းက ေကာင္းကင္နတ္ဘုရားေတာင္တန္းမွာ စစ္ပြဲအႀကီးအက်ယ္ ျဖစ္ပြါးခဲ့တယ္။ ေနာက္ဆုံး စစ္ပြဲက ျဖစ္သင့္တာထက္ပိုၿပီး ပ်က္စီးဆုံးရွုံးမွုေတြ ျဖစ္ပြါးခဲ့တယ္။
အဲ့ေနာက္မွာေတာ့ အဲ့ဒီ့အုပ္ခ်ဳပ္သူက ေကာင္းကင္ဘုံ အရွင္နဲ႔ မိစၧာဘုံ အရွင္တို႔နဲ႔ သေဘာတူစာခ်ဳပ္ တစ္ခု လက္မွတ္ထိုးလိုက္ၾကတယ္။
ႏွစ္တစ္ေထာင္ၾကာတိုင္းတစ္ႀကိမ္ ကမၻာ့သစ္ပင္ကသီးတဲ့ သစ္သီးေတြကို ႏွစ္ပုံပုံမယ္။ တစ္ပုံက ယွဥ္ၿပိဳင္ပြဲႀကီးမွာ အနိုင္ရသူအတြက္ ျဖစ္တယ္။ ေနာက္တစ္ပုံက လူခ်မ္းသာမိသားစုေတြသာ တတ္နိုင္တဲ့ ေလလံပြဲမွာ ေလလံတင္မယ္၊ ၿပီးေတာ့ အက်ိဳးအျမတ္ကို သုံးဦး ခြဲေဝယူမယ္။ အဲ့လိုက အခု အေတာ္ မၽွတပုံေပၚတယ္။
အဲ့တာက ကမၻာ့သစ္ပင္ရဲ့သစ္သီး ဘယ္ေလာက္ အဖိုးတန္သလဲဆိုတာ ျမင္နိုင္ပါတယ္။
ဒါေပမဲ့ စာအုပ္နတ္ဘုရားကို အမ်ားႀကီး အံ့အားသင့္သြားေစတာက ကမၻာ့သစ္ပင္ရဲ့သစ္သီးက ဘာလို႔ အဲ့ေလာက္ အဖိုးတန္ရတာလဲဆိုတာေၾကာင့္ မဟုတ္၊ ဒါေပမဲ့ ... အျခားတစ္ခု!
20211010; 1817