My Lover With Split Personali...

By Mine-Edge

309K 53.7K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၁၀ ။ အစားထိုးခ်စ္သူ(၁)

3.7K 915 54
By Mine-Edge

[Zawgyi]

ေအာ္ဟစ္သံႏွင့္ ဆင္ေသာ က်ယ္ေလာင္လွသည့္အသံက အေစခံမ်ားကို ေၾကာင္အသြားေစသည္။

အိမ္အကူအသစ္ ေကာင္မေလး က်င္းက်င္းမွာ ဗီလာမွကိစၥမ်ားႏွင့္ပတ္သတ္ၿပီး လုံးဝမသိ၍ သူမေရွ႕က ျမင္ကြင္းေၾကာင့္ ခ်က္ခ်င္းေၾကာက္လန္႔သြားခဲ့သည္။

"မင္းငါနဲ႔လိုက္ခဲ့" က်န္းခ်န္ေဖးက အသက္ျပင္းျပင္းရႉကာ ေက်ာင္းခ်ီ လက္ေကာက္ဝတ္ကိုဆုတ္ကိုင္ၿပီး အေပၚထပ္ဆီ ဆြဲေခၚသြားရန္ျပင္ေလသည္။

"ငါမသြားဘူး၊ ညစာစားခ်င္ေသးတယ္" ေက်ာင္းခ်ီက သူ႔လက္ကိုခါထုတ္လိုက္သည္။ သူ ေန႔လယ္စာလည္းမစားခဲ့ရသလိူ မြန္းလြဲတုန္းက အခ်ိဳတည္းအဆာေျပသာစားခဲ့သည္။ သူ မီးဖိုေခ်ာင္ကို ညစာ ေစာေစာျပင္ေပးဖို႔ တသီးတသန္႔ၫႊန္ၾကားထားၿပီးသားပင္။

ဒီအခိုက္အတန္႔တြင္ ေက်ာင္းခ်ီမွာ မူးေဝေနလြန္း၍ က်န္းတာ့ေတာင္းေနာက္လိုက္ကာ ဒီသ႐ုပ္ေဆာင္မႈအတိုင္း အလိုက္သင့္သြားရန္ သူ႔ကိုယ္သူ အပင္ပန္းမခံႏိုင္ေတာ့ေပ။

"မင္းငါ့အမိန္႔ေတြကို ဖီဆန္ရဲတယ္ေပါ့!"
ဥကၠဌလူႀကီးမင္းမွာ အစားထိုးေလး၏ လက္ေမာင္းကို အၾကမ္းပတမ္းဆုပ္ကိုင္ကာ ခပ္တင္းတင္း ခ်ဳပ္ထား၍ အေပၚထပ္သို႔ဆြဲေခၚေတာ့သည္။

သူမေရွ႕ျဖစ္ပ်က္ေနသည့္ဒီျမင္ကြင္းကို ၾကည့္ေနရင္း က်င္းက်င္းမွာ အျခားအိမ္အကူမ်ားကို တီးတိုးေျပာမိလိုက္သည္။
"ခ်မ္းသာၿပီး အရွိန္အဝါႀကီးတဲ့မိသားစုေတြရဲ႕ ဘဝကလည္း မလြယ္ဘူး"

အေစခံမ်ားအားလုံး မိန္းကေလး၊ ေယာက္်ားေလး၊ အန္တီမ်ားအားလုံး ဒီျမင္ကြင္းကို မယုံၾကည္ႏိုင္စြာ ၾကည့္ေနမိသည္။ သူတို႔အားလုံး က်န္းလူႀကီးမင္းတစ္ေယာက္ သူတို႔
ေက်ာင္းလူႀကီးမင္းအား ထိုသို႔ဆက္ဆံရဲသည္အထိ ႐ူတ္တရက္ သတၱိအင္မတန္ႀကီးသြားပုံအား ထိတ္လန္႔သြားၾကေတာ့သည္။

က

်ောင္းခ်ီအတြက္ေတာ့ သူ႔အစာအိမ္နာက်င္မႈက ျပင္းထန္လြန္းလွ၍ တည္ၿငိမ္စြာပင္ မရပ္ႏိုင္ေတာ့ေပ။ သို႔ေသာ္ျငား သူ႔ကို သူ႔ေလာင္ကုန္းက အတင္းအၾကပ္ဆြဲေခၚေနသည္။ ေက်ာင္းခ်ီ ႐ုတ္တရက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူ႔အသားအေရာင္ကလည္း ျဖဴေဖ်ာ့လာရွာသည္။.
"မလႈပ္နဲ႔ေတာ့၊ ငါေနလို႔မေကာင္းဘူး"

ေက်ာင္းခ်ီအသံမွာ တိုးညႇင္းလွကာ ပုံမွန္ေလသံထက္ေတာင္ ပိုၿပီးတိုးညႇင္းေနခဲ့သည္။ ပတ္လည္မွအားလုံးနီးပါး မၾကားခဲ့ေသာ္ျငား က်န္းခ်န္ေဖးကေတာ့ ရွင္းရွင္းလင္းလင္း ၾကားသည္။ ဒီစကားက ေမွာ္အစြမ္းလိုမ်ိဳး ဒါမွမဟုတ္ အေဆာင္တစ္မ်ိဳး ပိုင္ဆိုင္ပုံပင္။ တရႉးရႉးတရွဲရွဲျဖစ္ေနေသာ နဂါးႀကီးမွာခ်က္ခ်င္းရပ္သြားကာ စိတ္တည္ၿငိမ္သြားေတာ့သည္။

"ဘာျဖစ္တာလဲ"
ဥကၠဌက သူ႔ခ်စ္ဇနီးေလးကို ဆုပ္ကိုင္ထားတာ ေျဖေလ်ာ့ေပးလိုက္သည္။ ေက်ာင္းခ်ီက ဗိုက္ကိုဖိထားရင္း တျဖည္းျဖည္းကိုင္းၫႊတ္သြားတာကို ျမင္လိုက္ရ၏။ သူ အလ်င္အျမန္ ထိုလူအားလွမ္းဖက္ကာ ဆိုဖာေပၚ ျပန္ထိုင္ခ်လိုက္သည္။ ထိုျဖဴေဖ်ာ့ေနေသာ မ်က္ႏွာေလးကိုထိရင္း မစၥတာတိေအာင္း မ်က္ဝန္းမ်ားရွိ အျမတ္တႏိုးအၾကည့္မွာ သူ႔ကိုယ္သူ တစ္ဖက္လူ၏နာက်င္မႈအား ယူပစ္သလိုေပ်ာက္သြားေစႏိုင္ေသာအရာသာ ေျပာင္းလဲလိုက္ခ်င္လုနီးပါးပင္။

"ယန္ယန္႔အစာအိမ္လည္းမေကာင္းဘူး၊ ၿပီးေတာ့ ထမင္းစားဖို႔လည္း အၿမဲ သတိမရဘူး" က်န္းခ်န္ေဖးက တီးတိုးေရ႐ြတ္ရင္း ေက်ာင္းခ်ီအား ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္။ သူ႔ေႏြးေထြးေသာ လက္ဖဝါးႀကီးကို ဗိုက္တြင္အေႏြးဓာတ္ေပးရန္ ခ်စ္ဇနီးေလး၏ ရွပ္အက်ႌေပၚ လက္တင္ထားလိုက္သည္။ ထို႔ေနာက္ သူတို႔ႏွင့္အနီးဆုံးရပ္ေနသည့္ က်င္းက်င္းကို ခိုင္းရန္ေခါက္းေမာ့လိုက္သည္။
"ေဆးဗီ႐ိုဆီသြားၿပီး အစာအိမ္ေဆးယူလာခဲ့၊ ဘယ္ဘက္က တတိယတန္း ပထမဆုံး ေ႐ႊေရာင္ေသတၱာ"

"

ဟုတ္ကဲ့ မစၥတာ"
က်င္းက်င္းမွာ ေဆးယူရန္ သြားလိုက္သည္။ ဒီဇာတ္ၫႊန္း ႐ုတ္တရက္ေျပာင္းလဲသြားမႈက သူမ အလ်င္အျမန္ ေနသားမက်ႏိုင္သည္အထိ ျမန္လြန္းလွသည္။ ဇေဝဇဝါအမူအရာမ်ိဳးႏွင့္ သူမ သူငယ္ခ်င္းေလးမ်ားကို လွမ္းၾကည့္လိုက္သည္။

ဒါေပမဲ့ ထို မိန္းကေလးမ်ား၊ ေကာင္ေလးမ်ား၊ အန္တီမ်ားမွာ တိတ္တဆိတ္ သူတို႔ဘာသာၿပဳံးေနရင္း 'ထင္သားပဲ'ဆိုသည့္ အၾကည့္မ်ိဳးျပသေန၏။

အိမ္ေတာ္ထိန္းက ဟင္းရည္ပူပူတစ္ပန္းကန္ႏွင့္ ေရေႏြးတစ္ခြက္ယူလာသည္။

က်န္းခ်န္ေဖးမွာ ေယာက္ခ်ိဳဇြန္းအေသးယူကာ ေဆးရည္အျပည့္ခတ္ၿပီး ေက်ာင္းခ်ီပါးစပ္ထဲ ခြံ႕တိုက္လိုက္သည္။

လူအမ်ားႀကီးၾကည့္ေန၍ ေက်ာင္းခ်ီ အနည္းငယ္ ရွက္ေနမိသည္။ သူ႔ ေလာင္ကုန္း လက္ေကာက္ဝတ္ကို ဆြဲဆိတ္ကာ သူ႔ဟာသူစားႏိုင္ေၾကာင္း ျပလိုက္၏။ ဒါေပမဲ့ မစၥတာက်န္းကေတာ့ လ်စ္လ်ဴသာရႈထားၿပီး သူ႔ကို တည္ၾကည္ေလးနက္စြာ ဆက္ခြံ႕ေနသည္။

"လိမ္လိမ္မာမာေနၿပီး ေျပာသမွ်လုပ္လို႔ေျပာထားတယ္ေလ" က်န္းက အစားထိုးေလး၏ ပါးစပ္ထဲ ေဆးတိုက္လိုက္သည္။ ဒီေတာ့မွ ဥကၠဌလူႀကီးမင္း၏မ်က္ဝန္းမ်ားတြင္ ေက်နပ္သည့္အရိပ္အေယာင္ျပကာ တီးတိုးေျပာ၏။
"ယန္ယန္က ငါ့ကိုဆို ခြံ႕မေကြၽးခိုင္းဘူး၊ ဒါေပမဲ့ မင္းကေတာ့ ဆန္႔က်င္ဘက္ပဲ"

ဒါကိုၾကားေတာ့ ေက်ာင္းခ်ီ စိတ္ပ်ံ႕သြားၿပီး သူ႔ေလာင္ကုန္းလက္ထဲရွိ ေရေႏြးခြက္ထဲမွေသာက္ေနရင္း ငိုင္တိုင္တိုင္စိုက္ၾကည့္ေနမိသည္။

အတိတ္တုန္းက သူ ေနမေကာင္းျဖစ္တိုင္း ဒီလူက သူ႔ကိုခြံ႕ေကြၽးရန္ အၿမဲႀကိဳးစားခဲ့ဖူးတာ သတိရသြားသည္။ ဒါေပမဲ့ ေက်ာင္းခ်ီ ကေလးဘဝက သင္ယူထားသည့္အရာမွာ တျခားသူမ်ားအား အေႏွာင့္အယွက္မေပးဘဲ ကိုယ့္ဟာကိုယ္ ထမင္းစားသင့္သည္ဟုပင္။ ထို႔ေၾကာင့္ တစ္စုံတစ္ေယာက္ သူ႔ကိုေအာင္ေအာင္ျမင္ျမင္ခြံ႕ေကြၽးႏိုင္တာ အင္မတန္ရွားပါးလွသည္။

ေေသာက္ၿပီးေနာက္ ေက်ာင္းခ်ီမွာ သူ႔ကိုခြံ႕ေကြၽးေနသည့္ အမ်ိဳးသားထံမွ ႏူးညံ့သည့္အနမ္းတစ္ပြင့္ ရလိုက္ေလသည္။

သူ႔ခ်စ္ဇနီးေလး၏ ႏႈတ္ခမ္းမ်ားေပၚမွ ခါးသက္သက္အရသာကို ရေတာ့ က်န္းခ်န္ေဖး ပင့္သက္ရႈိက္လိုက္မိသည္။ ဒီစဥ္းလဲေသာ္ျငား ဥာဏ္ေကာင္းသည့္ အစားထိုးေလးက တမင္သက္သက္ သနားလာေအာင္ သူ႔ကိုရန္စရန္ တမင္သက္သက္ ႏုနယ္ေသာ ပုံပန္း ဖမ္းထားျခင္းျဖစ္၏။ သို႔ေသာ္ျငား သူက ယန္ယန္စားေသာက္ေနက်အတိုင္း ဒီတူညီေသာ အရာကိုစားေသာက္ေသးသည္။ ေဝဒနာ ခံစားေနရသည့္ဟန္ႏွင့္ ဒီရင္းႏွီးေနက်မ်က္ႏွာကိုျမင္ရေတာ့ သူစိတ္ဖိမစီးဘဲ မေနႏိုင္ေတာ့ေပ။

မစၥတာက်န္း ညစာအတြက္ ႏူးညံ့ကာ အစာေခ်ရလြယ္ေသာ အစားအေသာက္ျပင္ေပးရန္ မီးဖိုေခ်ာင္ကိုမွာလိုက္သည္။ သူ႔ ေသးငယ္ၿပီးႏူးညံ့ေသာဇနီးေလးအား ထမင္းဟင္း ကုန္စင္ေအာင္စားၿပီးသည္အထိ ႀကီးၾကပ္ေပးေလသည္။ ေနာက္ဆုံးေတာ့ ဥကၠဌလူႀကီးမင္းမွာ ေသာကမ်ား ေျဖေဖ်ာက္ႏိုင္သြားခဲ့သည္။

ထို႔ေနာက္ သူ႔လက္ေမာင္းထဲ ထိုလူကို ေပြ႕ခ်ီကာ အေပၚထပ္ထက္လာသည္။ သူက ပင္မအိပ္ခန္းတံခါးေရွ႕တြင္ရပ္လိုက္မိသည္။ အေၾကာင္းအရင္းက အစားထိုးေလးအား ဧည့္သည္အခန္းတြင္ အိပ္ခြင့္ျပဳဖို႔ေတြးမိသြား၍ပင္။

ေက်ာင္းခ်ီက တည္တည္ၿငိမ္ၿငိမ္ မတုန္မလႈပ္အမူအရာျဖင့္ ၾကည့္လိုက္သည္။
"ငါ့ကိုဒီေနရာမွာ အိပ္ခြင့္ျပဳမွာ ေသခ်ာရဲ႕လား"

ဥကၠဌလူႀကီးမင္းမွာ သူ႔မ်က္ခုံးႏွစ္ဖက္ၾကားကေနရာကို ႏွိပ္နယ္ေနမိသည္။ သူ ဝန္မခံခ်င္ေသာ္ျငား အစားထိုးေလးက အမွန္တကယ္ ဆြဲေဆာင္မႈရွိလြန္းသည္။ သူႏွင့္နီးကပ္ေနခ်ိန္တိုင္း တျမတ္တႏိုးနမ္းရႈိက္ၿပီး မဖက္မိေအာင္ ထိန္းခ်ဳပ္ႏိုင္သည္ဆို႐ုံေလးပင္။

သူ သက္ျပင္းေမာႀကီးေခ်ာၿပီး ေက်ာင္းခ်ီကို ညႇိဳးငယ္ေနေသာ ေက်ာေပးထားေလသည္။
"ေတာင္းပန္ပါတယ္၊ ငါယန္ယန္႔ကို စိတ္ပ်က္ေစလို႔မျဖစ္ဘူး"

ေက်ာင္းခ်ီ တဟားဟားရယ္မိမတတ္ျဖစ္သြားၿပီး ေခါင္းငုံ႔ကာ ေခ်ာင္းႏွစ္ခ်က္ဟန္႔လိုက္သည္။
"အဲလိုဆိုမွေတာ့ ေကာင္းေသာညပါ၊ မစၥတာတိေအာင္း"

အိပ္ရာခြဲအိပ္တာလည္း ေကာင္းပါသည္။ လြန္ခဲ့သည့္ရက္ေတြတည္းက ဒီလူအင္မတန္တက္ႂကြေနခဲ့တာျဖစ္သည္။ ဒီလိုသာဆက္သြား၍ သူ႔ေက်ာကပ္ကပ္ခံႏိုင္ေလာက္ေတာ့မည္မဟုတ္ေပ။

မစၥတာတိေအာင္း လက္သီးဆုပ္မိလိုက္သည္။
"ငါ့ကို မစၥတာတာ့ေတ်ာင္းလို႔ေခၚဖို႔ ေျပာထားတယ္ေလ... ေကာင္းေသာညပါ!"

" … "

ည့္သည္ခန္းတြင္လည္း အိပ္ရာက ႀကီးမားသည္။ ဒီဇိုင္းက ပင္မအိပ္ခန္းႏွင့္ တကယ္ေလးဆင္သည္။ ဒီအခန္းက အနည္းငယ္ပိုေသးသည္ဆို႐ုံေလးျဖစ္၏။

ေက်ာင္းခ်ီ ေညာင္းေၾကာဆန္႔ကာ အိပ္ရာေပၚလူးလွိမ့္လိုက္သည္။ ေန႔ခင္းက ေျမေအာက္ခန္းထဲ ျမင္ခဲ့တာေတြကို ျပန္စဥ္းစားမိေတာ့ ေစာင္ထဲမ်က္ႏွာဝွက္ကာ တိတ္တခိုး ရယ္မိသည္။
'မေန႔ညက ငါမ်က္လုံးေတာင္မွိတ္ၿပီး မအိပ္ႏိုင္ခဲ့ဘူး၊ ဒါေပမဲ့ ဒီညေတာ့ စိုးရိမ္တာေတြ ေဖ်ာက္ၿပီး ေအးေအးခ်မ္းခ်မ္းအိပ္လို႔ရၿပီ'

ညသန္းေခါင္ ေက်ာင္းခ်ီ ျဖည္းျဖည္းခ်င္း မ်က္လုံးဖြင့္မိလိုက္သည္။ ဒီနာရီထိအိပ္လိုက္ျခင္းက တစ္ေန႔လုံး ပင္ပန္းထားသမွ်ကို ေပ်ာက္ကင္းသြားေစသည္။ အိပ္ခ်င္ေနေသးေသာ္ျငား အိပ္ရာက သက္ေတာင့္သက္သာမရွိဟု ခံစားရစျပဳလာသည္။

သူ႔ေနာက္ဘက္တြင္ ေႏြးေထြးသည့္ ရင္အုပ္က်ယ္ႀကီးမရွိသလို နားအနားတြင္ ခပ္တိုးတိုး ေဟာက္သံလည္းမရွိေပ။ ၿပီးေတာ့  ေဆာင္းဦးအစညခ်မ္းက မထင္မွတ္ထားေလာက္ေအာင္ အင္မတန္ေအးစက္လြန္းေၾကာင္း သူ အရင္ကမသိခဲ့ေပ။

[Unicode]

အော်ဟစ်သံနှင့် ဆင်သော ကျယ်လောင်လှသည့်အသံက အစေခံများကို ကြောင်အသွားစေသည်။

အိမ်အကူအသစ် ကောင်မလေး ကျင်းကျင်းမှာ ဗီလာမှကိစ္စများနှင့်ပတ်သတ်ပြီး လုံးဝမသိ၍ သူမရှေ့က မြင်ကွင်းကြောင့် ချက်ချင်းကြောက်လန့်သွားခဲ့သည်။

"မင်းငါနဲ့လိုက်ခဲ့" ကျန်းချန်ဖေးက အသက်ပြင်းပြင်းရှူကာ ကျောင်းချီ လက်ကောက်ဝတ်ကိုဆုတ်ကိုင်ပြီး အပေါ်ထပ်ဆီ ဆွဲခေါ်သွားရန်ပြင်လေသည်။

"ငါမသွားဘူး၊ ညစာစားချင်သေးတယ်" ကျောင်းချီက သူ့လက်ကိုခါထုတ်လိုက်သည်။ သူ နေ့လယ်စာလည်းမစားခဲ့ရသလိူ မွန်းလွဲတုန်းက အချိုတည်းအဆာပြေသာစားခဲ့သည်။ သူ မီးဖိုချောင်ကို ညစာ စောစောပြင်ပေးဖို့ တသီးတသန့်ညွှန်ကြားထားပြီးသားပင်။


ဒီအခိုက်အတန့်တွင် ကျောင်းချီမှာ မူးဝေနေလွန်း၍ ကျန်းတာ့တောင်းနောက်လိုက်ကာ ဒီသရုပ်ဆောင်မှုအတိုင်း အလိုက်သင့်သွားရန် သူ့ကိုယ်သူ အပင်ပန်းမခံနိုင်တော့ပေ။

"မင်းငါ့အမိန့်တွေကို ဖီဆန်ရဲတယ်ပေါ့!"
ဥက္ကဌလူကြီးမင်းမှာ အစားထိုးလေး၏ လက်မောင်းကို အကြမ်းပတမ်းဆုပ်ကိုင်ကာ ခပ်တင်းတင်း ချုပ်ထား၍ အပေါ်ထပ်သို့ဆွဲခေါ်တော့သည်။

သူမရှေ့ဖြစ်ပျက်နေသည့်ဒီမြင်ကွင်းကို ကြည့်နေရင်း ကျင်းကျင်းမှာ အခြားအိမ်အကူများကို တီးတိုးပြောမိလိုက်သည်။
"ချမ်းသာပြီး အရှိန်အဝါကြီးတဲ့မိသားစုတွေရဲ့ ဘဝကလည်း မလွယ်ဘူး"


အစေခံများအားလုံး မိန်းကလေး၊ ယောက်ျားလေး၊ အန်တီများအားလုံး ဒီမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ သူတို့အားလုံး ကျန်းလူကြီးမင်းတစ်ယောက် သူတို့
ကျောင်းလူကြီးမင်းအား ထိုသို့ဆက်ဆံရဲသည်အထိ ရူတ်တရက် သတ္တိအင်မတန်ကြီးသွားပုံအား ထိတ်လန့်သွားကြတော့သည်။


က

ျောင်းချီအတွက်တော့ သူ့အစာအိမ်နာကျင်မှုက ပြင်းထန်လွန်းလှ၍ တည်ငြိမ်စွာပင် မရပ်နိုင်တော့ပေ။ သို့သော်ငြား သူ့ကို သူ့လောင်ကုန်းက အတင်းအကြပ်ဆွဲခေါ်နေသည်။ ကျောင်းချီ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အသားအရောင်ကလည်း ဖြူဖျော့လာရှာသည်။.
"မလှုပ်နဲ့တော့၊ ငါနေလို့မကောင်းဘူး"


ကျောင်းချီအသံမှာ တိုးညှင်းလှကာ ပုံမှန်လေသံထက်တောင် ပိုပြီးတိုးညှင်းနေခဲ့သည်။ ပတ်လည်မှအားလုံးနီးပါး မကြားခဲ့သော်ငြား ကျန်းချန်ဖေးကတော့ ရှင်းရှင်းလင်းလင်း ကြားသည်။ ဒီစကားက မှော်အစွမ်းလိုမျိုး ဒါမှမဟုတ် အဆောင်တစ်မျိုး ပိုင်ဆိုင်ပုံပင်။ တရှူးရှူးတရှဲရှဲဖြစ်နေသော နဂါးကြီးမှာချက်ချင်းရပ်သွားကာ စိတ်တည်ငြိမ်သွားတော့သည်။

"ဘာဖြစ်တာလဲ"
ဥက္ကဌက သူ့ချစ်ဇနီးလေးကို ဆုပ်ကိုင်ထားတာ ဖြေလျော့ပေးလိုက်သည်။ ကျောင်းချီက ဗိုက်ကိုဖိထားရင်း တဖြည်းဖြည်းကိုင်းညွှတ်သွားတာကို မြင်လိုက်ရ၏။ သူ အလျင်အမြန် ထိုလူအားလှမ်းဖက်ကာ ဆိုဖာပေါ် ပြန်ထိုင်ချလိုက်သည်။ ထိုဖြူဖျော့နေသော မျက်နှာလေးကိုထိရင်း မစ္စတာတိအောင်း မျက်ဝန်းများရှိ အမြတ်တနိုးအကြည့်မှာ သူ့ကိုယ်သူ တစ်ဖက်လူ၏နာကျင်မှုအား ယူပစ်သလိုပျောက်သွားစေနိုင်သောအရာသာ ပြောင်းလဲလိုက်ချင်လုနီးပါးပင်။


"ယန်ယန့်အစာအိမ်လည်းမကောင်းဘူး၊ ပြီးတော့ ထမင်းစားဖို့လည်း အမြဲ သတိမရဘူး" ကျန်းချန်ဖေးက တီးတိုးရေရွတ်ရင်း ကျောင်းချီအား ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူ့နွေးထွေးသော လက်ဖဝါးကြီးကို ဗိုက်တွင်အနွေးဓာတ်ပေးရန် ချစ်ဇနီးလေး၏ ရှပ်အင်္ကျီပေါ် လက်တင်ထားလိုက်သည်။ ထို့နောက် သူတို့နှင့်အနီးဆုံးရပ်နေသည့် ကျင်းကျင်းကို ခိုင်းရန်ခေါက်းမော့လိုက်သည်။
"ဆေးဗီရိုဆီသွားပြီး အစာအိမ်ဆေးယူလာခဲ့၊ ဘယ်ဘက်က တတိယတန်း ပထမဆုံး ရွှေရောင်သေတ္တာ"


"

ဟုတ်ကဲ့ မစ္စတာ"
ကျင်းကျင်းမှာ ဆေးယူရန် သွားလိုက်သည်။ ဒီဇာတ်ညွှန်း ရုတ်တရက်ပြောင်းလဲသွားမှုက သူမ အလျင်အမြန် နေသားမကျနိုင်သည်အထိ မြန်လွန်းလှသည်။ ဇဝေဇဝါအမူအရာမျိုးနှင့် သူမ သူငယ်ချင်းလေးများကို လှမ်းကြည့်လိုက်သည်။


ဒါပေမဲ့ ထို မိန်းကလေးများ၊ ကောင်လေးများ၊ အန်တီများမှာ တိတ်တဆိတ် သူတို့ဘာသာပြုံးနေရင်း 'ထင်သားပဲ'ဆိုသည့် အကြည့်မျိုးပြသနေ၏။


အိမ်တော်ထိန်းက ဟင်းရည်ပူပူတစ်ပန်းကန်နှင့် ရေနွေးတစ်ခွက်ယူလာသည်။

ကျန်းချန်ဖေးမှာ ယောက်ချိုဇွန်းအသေးယူကာ ဆေးရည်အပြည့်ခတ်ပြီး ကျောင်းချီပါးစပ်ထဲ ခွံ့တိုက်လိုက်သည်။

လူအများကြီးကြည့်နေ၍ ကျောင်းချီ အနည်းငယ် ရှက်နေမိသည်။ သူ့ လောင်ကုန်း လက်ကောက်ဝတ်ကို ဆွဲဆိတ်ကာ သူ့ဟာသူစားနိုင်ကြောင်း ပြလိုက်၏။ ဒါပေမဲ့ မစ္စတာကျန်းကတော့ လျစ်လျူသာရှုထားပြီး သူ့ကို တည်ကြည်လေးနက်စွာ ဆက်ခွံ့နေသည်။

"လိမ်လိမ်မာမာနေပြီး ပြောသမျှလုပ်လို့ပြောထားတယ်လေ" ကျန်းက အစားထိုးလေး၏ ပါးစပ်ထဲ ဆေးတိုက်လိုက်သည်။ ဒီတော့မှ ဥက္ကဌလူကြီးမင်း၏မျက်ဝန်းများတွင် ကျေနပ်သည့်အရိပ်အယောင်ပြကာ တီးတိုးပြော၏။
"ယန်ယန်က ငါ့ကိုဆို ခွံ့မကျွေးခိုင်းဘူး၊ ဒါပေမဲ့ မင်းကတော့ ဆန့်ကျင်ဘက်ပဲ"

ဒါကိုကြားတော့ ကျောင်းချီ စိတ်ပျံ့သွားပြီး သူ့လောင်ကုန်းလက်ထဲရှိ ရေနွေးခွက်ထဲမှသောက်နေရင်း ငိုင်တိုင်တိုင်စိုက်ကြည့်နေမိသည်။

အတိတ်တုန်းက သူ နေမကောင်းဖြစ်တိုင်း ဒီလူက သူ့ကိုခွံ့ကျွေးရန် အမြဲကြိုးစားခဲ့ဖူးတာ သတိရသွားသည်။ ဒါပေမဲ့ ကျောင်းချီ ကလေးဘဝက သင်ယူထားသည့်အရာမှာ တခြားသူများအား အနှောင့်အယှက်မပေးဘဲ ကိုယ့်ဟာကိုယ် ထမင်းစားသင့်သည်ဟုပင်။ ထို့ကြောင့် တစ်စုံတစ်ယောက် သူ့ကိုအောင်အောင်မြင်မြင်ခွံ့ကျွေးနိုင်တာ အင်မတန်ရှားပါးလှသည်။


ေသောက်ပြီးနောက် ကျောင်းချီမှာ သူ့ကိုခွံ့ကျွေးနေသည့် အမျိုးသားထံမှ နူးညံ့သည့်အနမ်းတစ်ပွင့် ရလိုက်လေသည်။

သူ့ချစ်ဇနီးလေး၏ နှုတ်ခမ်းများပေါ်မှ ခါးသက်သက်အရသာကို ရတော့ ကျန်းချန်ဖေး ပင့်သက်ရှိုက်လိုက်မိသည်။ ဒီစဥ်းလဲသော်ငြား ဥာဏ်ကောင်းသည့် အစားထိုးလေးက တမင်သက်သက် သနားလာအောင် သူ့ကိုရန်စရန် တမင်သက်သက် နုနယ်သော ပုံပန်း ဖမ်းထားခြင်းဖြစ်၏။ သို့သော်ငြား သူက ယန်ယန်စားသောက်နေကျအတိုင်း ဒီတူညီသော အရာကိုစားသောက်သေးသည်။ ဝေဒနာ ခံစားနေရသည့်ဟန်နှင့် ဒီရင်းနှီးနေကျမျက်နှာကိုမြင်ရတော့ သူစိတ်ဖိမစီးဘဲ မနေနိုင်တော့ပေ။

မစ္စတာကျန်း ညစာအတွက် နူးညံ့ကာ အစာချေရလွယ်သော အစားအသောက်ပြင်ပေးရန် မီးဖိုချောင်ကိုမှာလိုက်သည်။ သူ့ သေးငယ်ပြီးနူးညံ့သောဇနီးလေးအား ထမင်းဟင်း ကုန်စင်အောင်စားပြီးသည်အထိ ကြီးကြပ်ပေးလေသည်။ နောက်ဆုံးတော့ ဥက္ကဌလူကြီးမင်းမှာ သောကများ ဖြေဖျောက်နိုင်သွားခဲ့သည်။

ထို့နောက် သူ့လက်မောင်းထဲ ထိုလူကို ပွေ့ချီကာ အပေါ်ထပ်ထက်လာသည်။ သူက ပင်မအိပ်ခန်းတံခါးရှေ့တွင်ရပ်လိုက်မိသည်။ အကြောင်းအရင်းက အစားထိုးလေးအား ဧည့်သည်အခန်းတွင် အိပ်ခွင့်ပြုဖို့တွေးမိသွား၍ပင်။


ကျောင်းချီက တည်တည်ငြိမ်ငြိမ် မတုန်မလှုပ်အမူအရာဖြင့် ကြည့်လိုက်သည်။
"ငါ့ကိုဒီနေရာမှာ အိပ်ခွင့်ပြုမှာ သေချာရဲ့လား"

ဥက္ကဌလူကြီးမင်းမှာ သူ့မျက်ခုံးနှစ်ဖက်ကြားကနေရာကို နှိပ်နယ်နေမိသည်။ သူ ဝန်မခံချင်သော်ငြား အစားထိုးလေးက အမှန်တကယ် ဆွဲဆောင်မှုရှိလွန်းသည်။ သူနှင့်နီးကပ်နေချိန်တိုင်း တမြတ်တနိုးနမ်းရှိုက်ပြီး မဖက်မိအောင် ထိန်းချုပ်နိုင်သည်ဆိုရုံလေးပင်။


သူ သက်ပြင်းမောကြီးချောပြီး ကျောင်းချီကို ညှိုးငယ်နေသော ကျောပေးထားလေသည်။
"တောင်းပန်ပါတယ်၊ ငါယန်ယန့်ကို စိတ်ပျက်စေလို့မဖြစ်ဘူး"

ကျောင်းချီ တဟားဟားရယ်မိမတတ်ဖြစ်သွားပြီး ခေါင်းငုံ့ကာ ချောင်းနှစ်ချက်ဟန့်လိုက်သည်။
"အဲလိုဆိုမှတော့ ကောင်းသောညပါ၊ မစ္စတာတိအောင်း"

အိပ်ရာခွဲအိပ်တာလည်း ကောင်းပါသည်။ လွန်ခဲ့သည့်ရက်တွေတည်းက ဒီလူအင်မတန်တက်ကြွနေခဲ့တာဖြစ်သည်။ ဒီလိုသာဆက်သွား၍ သူ့ကျောကပ်ကပ်ခံနိုင်လောက်တော့မည်မဟုတ်ပေ။

မစ္စတာတိအောင်း လက်သီးဆုပ်မိလိုက်သည်။
"ငါ့ကို မစ္စတာတာ့တျောင်းလို့ခေါ်ဖို့ ပြောထားတယ်လေ... ကောင်းသောညပါ!"

" … "

ည့်သည်ခန်းတွင်လည်း အိပ်ရာက ကြီးမားသည်။ ဒီဇိုင်းက ပင်မအိပ်ခန်းနှင့် တကယ်လေးဆင်သည်။ ဒီအခန်းက အနည်းငယ်ပိုသေးသည်ဆိုရုံလေးဖြစ်၏။

ကျောင်းချီ ညောင်းကြောဆန့်ကာ အိပ်ရာပေါ်လူးလှိမ့်လိုက်သည်။ နေ့ခင်းက မြေအောက်ခန်းထဲ မြင်ခဲ့တာတွေကို ပြန်စဥ်းစားမိတော့ စောင်ထဲမျက်နှာဝှက်ကာ တိတ်တခိုး ရယ်မိသည်။
'မနေ့ညက ငါမျက်လုံးတောင်မှိတ်ပြီး မအိပ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ ဒီညတော့ စိုးရိမ်တာတွေ ဖျောက်ပြီး အေးအေးချမ်းချမ်းအိပ်လို့ရပြီ'

ညသန်းခေါင် ကျောင်းချီ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်မိလိုက်သည်။ ဒီနာရီထိအိပ်လိုက်ခြင်းက တစ်နေ့လုံး ပင်ပန်းထားသမျှကို ပျောက်ကင်းသွားစေသည်။ အိပ်ချင်နေသေးသော်ငြား အိပ်ရာက သက်တောင့်သက်သာမရှိဟု ခံစားရစပြုလာသည်။


သူ့နောက်ဘက်တွင် နွေးထွေးသည့် ရင်အုပ်ကျယ်ကြီးမရှိသလို နားအနားတွင် ခပ်တိုးတိုး ဟောက်သံလည်းမရှိပေ။ ပြီးတော့  ဆောင်းဦးအစညချမ်းက မထင်မှတ်ထားလောက်အောင် အင်မတန်အေးစက်လွန်းကြောင်း သူ အရင်ကမသိခဲ့ပေ။

Continue Reading

You'll Also Like

1.9M 90.9K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
242K 4.9K 36
ဟန်ဆောင်မယ်ဆိုပြီးကြွေးကြော်ထားတဲ့ ဦးနေ တစ်ယောက်လိပ်ပြာကိုချစ်မိသွားတဲ့အချိန် ဘာဖြစ်လာမလဲ... အချေကိုယ်တော်ကြီးက သဝန်တိုတဲ့နေရာမှာလဲပထမ😑😑 ဟန်ဆောင်မယ...
364K 34.8K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...