အပိုင်း ၃၄။ ယောက်ျား၊ မိန်းမများ
ဘုရင်ကြီးက ဖုန့်ရှီကို အဲ့ကို သူကိုယ်တိုင် ခေါ်သွားဖို့ ရည်ရွယ်ခဲ့တာပါပဲ။ ဒါပေမဲ့ ဝိညာဉ်ကူးပြောင်း နန်းတော်အရှင် ရောက်လာတာကြောင့် ရုံးလုပ်ငန်းကိစ္စတွေ ဆောင်ရွက်ညှိနှိုင်းဖို့ ချန်နေခဲ့ရတယ်။
ဖုန့်ရှီအတွက် ဘုရင်ကြီးက ဦးလေးဖြူကို လွှဲခဲ့လိုက်တယ်။
ဖုန့်ရှီ ဦးလေးဖြူရဲ့ မျက်နှာသေကို ကြည့်လိုက်ရင်း အကူအကယ်မဲ့ သက်ပြင်းပဲ သူ ချနိုင်တော့တယ်။ ခု တော့ သူ ပြန်ပြီး ဆွံ့အသွားရပြန်ပြီ။ သူ စကားလည်း မပြောနိုင်၊ ခေါင်းလည်း မလှုပ်နိုင်၊ လျှောက်လည်း မပြေးနိုင်၊ ဘာဆို ဘာမှကို မလုပ်နိုင်တော့ဘူး။ အဲ့လိုမှမဟုတ်ရင် ဦးလေးဖြူက သူရူးသွားရတဲ့အထိ သူ့နားစည်ထဲကို ထိုင်ပွါးနေတော့မှာ။
ဖုန့်ရှီ ဦးလေးဖြူနဲ့ရှိတိုင်း သူဒုက္ခခံရဖို့ ပြန်လည် မွေးဖွားလာရတာလို့ သူ ခံစားရတယ်။
"သခင်လေး၊ ကျေးဇူးပြုပြီး ကျွန်တော့နောက် လိုက်ခဲ့ပေးပါ" ဦးလေးဖြူက ဖုန့်ရှီကို အေးစက်စွာ ပြောလိုက်ပြီးနောက် အပြင်ကို လှည့်ပြီး ဦးတည်လိုက်တယ်။
ဖုန့်ရှီ ဘုရင်ကြီးထွက်သွားတဲ့ဖက်ကို ကြည့်လိုက်တယ်၊ "ဒီနေ့မသွားနဲ့တော့၊ ကိုယ်တော် မင်းကို မနက်ဖြန် အဲ့ကို ခေါ်သွားပေးမယ်" လို့များ လာလှည့်ပြောလိုပြောညား မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ အဲ့တာကတော့ ဖုန့်ရှီရဲ့ ဆန္ဒသပ်သပ် အတွေးပါပဲ။
အနားယူည မြို့တော်ရဲ့ စျေးဧရိယာက ထုံးစံအတိုင်း ပျားပန်းခပ်နေတယ်။ တစ်နှစ်ကြာပြီးနောက် ဒီမှာ နောက်ဆုံးအကြိမ်တုန်းက ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာလည်း မေ့ပျောက်သွားကြတယ်။
ငရဲမင်းကြီးရဲ့ကြင်ယာတော်အကြောင်း စကားတစ်လုံးမှ မပြောတော့ကတည်းကရယ်၊ ငရဲမင်းကြီးကလည်း နောက် ဘယ်လို ကြေငြာမှုမျိုးမှ ထပ်မလုပ်တော့တာကြောင့်ရယ် ကောလာဟာလတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။
လူတွေ အဲ့အကြောင်းကို မပြောချင်ကြလို့မဟုတ်ပါဘူး။ အဲ့တာ ဘာလို့လည်းဆိုတော့ ငရဲပြည်ကို အုပ်ချုပ်တာက ငရဲမင်းကြီးသာ ဖြစ်ပြီး၊ လူတွေ ဘယ်လောက်ပဲလျို့ဝှက် လျို့ဝှက်၊ သူက လူတိုင်းရဲ့ လျို့ဝှက်ချက်တွေကို သိတယ်။ ဘာကပိုသလဲဆိုတော့ ငရဲမင်းကြီး ဘုရင်မတစ်ပါး ရှိလာမယ်ဆိုတာဟာ သူတို့ အဲ့အကြောင်း ပြောကြဖို့ အလွန်ကြီးမားတဲ့ ဖြစ်ရပ်ဖြစ်တယ်။ ဘုရင်ကြီးရဲ့ ခွင့်ပြုချက် မပါဘဲ ဘယ်သူမှ အဲ့အကြောင်း လျှောက်မပြောဝံ့ကြ။
ဦးလေးဖြူက သူ့ကို လူတွေ မှတ်မိကြမယ်ဆိုတာ သိနေတယ်။ သူ့ကြောင့် ဖုန့်ရှီ ဘယ်သူဆိုတာ ပေါ်သွားမှာ သူစိုးရိမ်တယ်။ အဲ့တာကြောင့် သူနဲ့ ဖုန့်ရှီ စျေးဧရိယာရဲ့ အပြင်ဖက်ကို ရောက်တော့ သူက ဖုန့်ရှီကို သွားရမယ့်နေရာ ညွှန်ပြလိုက်တယ်၊ ပြီးတော့ ချက်ချင်းပဲ ထွက်သွားလိုက်တယ်။
ဖုန့်ရှီ ဦးလေးဖြူရဲ့ ထွက်သွားတဲ့ကျောပြင်ကို ကြည့်ရင်း လူသူမရှိတဲ့ နောက်ဖေးလမ်းကြားလေးထဲ မလှုပ်မယှက် ရပ်နေတယ်။
သူ့ကို ရိုက်ခတ်နေတဲ့ လေပြေက အေးစက်နေပေမဲ့ သူ့ရဲ့ အပျော်ကိုတော့ မဖုံးလွှမ်းနိုင်ပါဘူး။ နောက်ဆုံးတော့ သူ့ကို ကမ္ဘာကြီးက သနားသွားပြီလေ၊ ဦးလေးဖြူ သူ့ကို လွတ်လွတ်လပ်လပ် သွားခွင့်ပြုလိုက်ပြီ။ နေ အနောက်ကများ ထွက်သွားလို့လား? သူ အခု အိမ်မက်များ မက်နေမိလားတောင် တွေးမိတယ်။
ဖုန့်ရှီ မနေနိုင်တော့ဘဲ အားရဝမ်းသာ ရီလိုက်တယ်။ ဦးလေးဖြူက သူ့ကို လေးနာရီပြည့်တာနဲ့ ပြန်လာဖို့ ပြောခဲ့ပေမဲ့ အားစမ်းပွဲက သူ့အတွက် အဲ့လောက် အချိန် ကြာမှာမဟုတ်ဘူးလို့ သူ ယူဆတယ်။ ပိုနေတဲ့ အချိန်တွေက သူ့ကိုယ်သူ ပျော်စရာတွေ ဖန်တီးဖို့ လုံလောက်တယ်။
စမ်းသပ်တာက စျေးဧရိယာ အလယ်ခေါင်မှာ ကျင်းပတာဖြစ်တယ်။ ခပ်မြင့်မြင့် အဖြူရောင် သံခြံစည်းရိုး အရှေ့မှာ မှတ်မိလွယ်တဲ့ အဆောက်အဦး တစ်ခုရှိတယ်၊ မျက်နှာစာက အနက်နဲ့ အဖြူ ဆေးသုတ်ထားတယ်။ သူ့ရဲ့ မြင့်မားတဲ့ အမိုးခုံးက နန်းတော်တစ်ခုနဲ့တောင် ပိုတူနေပြီး၊ နံရံပေါ်မှာ 'စမ်းသပ်စစ်ဆေးရေးအသင်း" လို့ ထွင်းထားတဲ့ ထင်းနေတဲ့ ကဗျည်းတစ်ခုကို တပ်ထားတယ်။
ဒီနေ့ပြုလုပ်မယ့် စမ်းသပ်မှုက ဆယ်နှစ်မှာမှ တစ်ကြိမ် ကျင်းပတာဖြစ်တာကြောင့် နေရာပေါင်းစုံက လူတွေဟာ ဒီအဆောက်အအုံထဲ တဖွဲဖွဲ စုရုံးရောက်ရှိလာကြတယ်။
လူအရမ်း စည်ကားနေတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်း တိုးဝှေ့နေကြရတယ်။ အဆောက်အအုံ အထဲမှာ ဘာဖြစ်နေလဲဆိုတာ မမြင်တွေ့နိုင်တဲ့ သူတွေကတော့ လူအုပ်အပြင်ဖက်ကနေ ခုန်ပြီးပဲ ဝင်နိုင်လိမ့်မယ်။
ဖုန့်ရှီ အဲ့မြင်ကွင်းကို မြင်လိုက်ရတော့ အနည်းငယ် ဆွံ့အသွားရတယ်။ သူ့ခေါင်းဆောင်နဲ့ ဦးလေးဖြူက အခြေအနေတွေက ဒီလိုတွေ ရှိလိမ့်မယ်လို့ တစ်ခါမှ မပြောခဲ့ဖူးဘူး။
သူ မီတာတစ်ရာတောင် မရွေ့ဘူး၊ လူထောင်ချီ တွန်းတိုက်နေတာပဲ ခံနေရတယ်။ အချို့ဆို သူ့ကို လဲကျလုနီးနီး တိုးတိုက်သွားကြတယ်။
ဖုန့်ရှီ ဒေါသထွက်သွားပြီး မတရားအော်မိလုနီးနီး ဖြစ်သွားတယ်။ လူ အရမ်း ပြွတ်သိပ်နေတဲ့အတွက် သူ့ကို တိုက်သွားတိုးသွားတာအပေါ် သူတို့ကို နားလည်ပေးနိုင်ပေမဲ့ ခဏခဏ အရိုက်ခံနေရတော့ ကြာလာတော့ ဒေါသထွက်လာရတယ်၊ ဒါပေမဲ့...
ဖုန့်ရှီ သူ့လက်ထဲက နို့ဖြူကျောက်တုံးကို စမ်းလိုက်တယ်။ အဲ့ကျောက်တုံးပေါ်က အနွေးဓါတ် စီးကြောင်းတစ်ခုကို သူ ခံစာလို့ရနေတယ်။ ဒီကျောက်တုံးက သူ့ကို တိုက်သွားတဲ့ လူတစ်ယောက်စီကနေ သူ ယူထားလိုက်တာဖြစ်တယ်။ တနည်းပြောရမယ်ဆိုရင်တော့ ဒီကျောက်တုံးကို သူခိုးလိုက်တာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကျောက်တုံးကို သူ့တိုက်သွားတဲ့အတွက် အလျော်အနေနဲ့ ဖုန့်ရှီ ယူဆလိုက်တယ်။
"ကျေးဇူးပြုပြီး လမ်းဖယ်ပေး" နက်ရှိုင်းပြီး သံလိုက်ဓါတ်ပါတဲ့ ယောက်ျားသံတစ်ခု ထွက်ပေါ်လာတယ်။ ဒါပေမဲ့ အဲ့လူအသံက မချေမငံလေသံနဲ့ နည်းနည်းတော့ မောက်မာသံ ပေါ်နေတယ်။
ဖုန့်ရှီ သူ့ခေါင်းကို မသိမသာ မော့ကြည့်လိုက်တော့ သူ့ဘေးနားမှာ သားသားနားနား လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲ့လူက တည်ငြိမ်နေဟန်ပေါ်နေပြီး သူ့မျက်လုံးတွေထဲမှာ အေးစက်တဲ့အလင်းတို့ လက်နေတယ်။
ဒါပေမဲ့ အဲ့လူက ဖုန့်ရှီကို လုံးဝ ကြည့်မနေဘူး။ သူက သူ့ဘေးနား လူတွေ အများကြီး ရှိနေတာကို မကြိုက်တာနဲ့ တူပါတယ်၊ ဒါ့ကြောင့် သူက ဖုန့်ရှီကို သူ့ကို လမ်းဖယ်ပေးဖို့ တောင်းဆိုလိုက်တယ်။
အဲ့လူက အဲ့တာကို ပြောပြီးနောက် ကောင်လေးက ဘာမှမကြားတဲ့အလား နေရာမှာပဲ ကြောင်တက်တက်နဲ့ ငြိမ်ငြိမ်လေး ရပ်နေတာကို တွေ့လိုက်တယ်။ အဲ့လူကြီးက မနေနိုင်တော့ဘဲ မျက်မှောင် ကြုတ်လိုက်တယ်၊ သူ့မျက်နှာပေါ်မှာ အတော်ကို သိသိသာသာ မကျေနပ်ကြောင်း ပြနေတယ်။
"ဟေး၊ ငါ့သခင်လေးက မင်းကို ခုလေးတင်ပဲ လမ်းဖယ်ပေးဖို့ ပြောနေတယ်လေ။ မကြားဘူးလား?"
အဲ့လူနဲ့ အတူပါလာတဲ့ အစောင့်က တစ်ပုံစံတည်း မောက်မောက်မာမာဟန်နဲ့ မပျော်မရွှင် အော်လိုက်တယ်။ သိသိသာသာကြီးကို သူတို့ ဖုန့်ရှီအပေါ် အထင်သေး နေကြတယ်။
ဖုန့်ရှီ ခု ဘာဖြစ်သွားတာလဲဆိုတာ မသိလိုက်ဘဲ မျက်စိမှိတ်လိုက်တယ်၊ ဒါပေမဲ့ အရင်က ဒီလို ဖြစ်ရပ်မျိုး သူ ကြုံတွေ့ဖူးနေသလိုလို ထင်နေရတယ်။
"သူ့အဖြေ မင်းဘာလို့ စောင့်နေတာလဲ? သူ့ကို တွန်းသာ တွန်းထုတ်လိုက်စမ်းပါ! မနက်ခင်း စောစောစီးစီး သူလိုလူနဲ့ တွေ့လိုက်ရတာ တော်တော် ကံမကောင်းတာပဲ။ ကြည့်ရတာ သူ တစ်လုံးမှ နားမလည်ဘူးထင်တယ်။!"
အမျိုးသမီးသံ ချိုချိုလေး လူကြီးရဲ့နောက်ကနေ ထွက်လာတယ်။ အဲ့နောက်မှာတော့ ပိန်ပိန်သွယ်သွယ် အမျိုးသမီးတစ်ယောက် လျှောက်လာတယ်။ သူမက ပယင်းလို တောက်ပနေပြီး လှပတဲ့ မျက်ဝန်းအစုံနဲ့ ဖုန့်ရှီကို ထီမထင်ဟန် မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တယ်။
သူမ မျက်စိထဲတော့ ဖုန့်ရှီက အခမ်းအနားပွဲကြီးကြောင့် ကြက်သေသေနေတဲ့ တောသားငတုံးလေးလို ဖြစ်နေတယ်။
အစောင့်က ဖုန့်ရှီဟာ မနှစ်မြို့ဖွယ် တော်တော်ကောင်းတာ တွေ့လိုက်ရတော့ သူ့သခင်ဆီကို မျက်လုံးနဲ့ပဲ ခွင့်ပြုချက်တောင်းလိုက်ပြီးနောက် ဖုန့်ရှီကို ကျိန်ဆဲရင်း ချက်ချင်းပဲ ပြင်းပြင်းထန်ထန် တွန်းလိုက်တယ်။ "လမ်းဖယ်ကွ၊ ငတုံးရ!"
သူတို့ ပတ်ဝန်းကျင်က လူတွေက အဲ့တာကို တွေ့သွားပြီးနောက် ရှောင်ကွင်းသွားကြတယ်။
ဖုန့်ရှီ အတွန်းခံလိုက်ရတော့မှ အသိပြန်ဝင်လာရတယ်။ အဲ့အချိန်မှာပဲ အဲ့လူ သုံးယောက်က မောက်မာတဲ့ မျက်နှာတွေနဲ့ သူ့ကို ကျော်ဖြတ်သွားပြီ ဖြစ်တယ်။
20210923; 0005
—————————— Zawgyi —————————
အပိုင္း ၃၄။ ေယာက္်ား၊ မိန္းမမ်ား
ဘုရင္ႀကီးက ဖုန္႔ရွီကို အဲ့ကို သူကိုယ္တိုင္ ေခၚသြားဖို႔ ရည္ရြယ္ခဲ့တာပါပဲ။ ဒါေပမဲ့ ဝိညာဥ္ကူးေျပာင္း နန္းေတာ္အရွင္ ေရာက္လာတာေၾကာင့္ ႐ုံးလုပ္ငန္းကိစၥေတြ ေဆာင္ရြက္ညႇိႏွိုင္းဖို႔ ခ်န္ေနခဲ့ရတယ္။
ဖုန္႔ရွီအတြက္ ဘုရင္ႀကီးက ဦးေလးျဖဴကို လႊဲခဲ့လိုက္တယ္။
ဖုန္႔ရွီ ဦးေလးျဖဴရဲ့ မ်က္ႏွာေသကို ၾကည့္လိုက္ရင္း အကူအကယ္မဲ့ သက္ျပင္းပဲ သူ ခ်နိုင္ေတာ့တယ္။ ခု ေတာ့ သူ ျပန္ၿပီး ဆြံ့အသြားရျပန္ၿပီ။ သူ စကားလည္း မေျပာနိုင္၊ ေခါင္းလည္း မလွုပ္နိုင္၊ ေလၽွာက္လည္း မေျပးနိုင္၊ ဘာဆို ဘာမွကို မလုပ္နိုင္ေတာ့ဘူး။ အဲ့လိုမွမဟုတ္ရင္ ဦးေလးျဖဴက သူ႐ူးသြားရတဲ့အထိ သူ႔နားစည္ထဲကို ထိုင္ပြါးေနေတာ့မွာ။
ဖုန္႔ရွီ ဦးေလးျဖဴနဲ႔ရွိတိုင္း သူဒုကၡခံရဖို႔ ျပန္လည္ ေမြးဖြားလာရတာလို႔ သူ ခံစားရတယ္။
"သခင္ေလး၊ ေက်းဇူးျပဳၿပီး ကၽြန္ေတာ့ေနာက္ လိုက္ခဲ့ေပးပါ" ဦးေလးျဖဴက ဖုန္႔ရွီကို ေအးစက္စြာ ေျပာလိုက္ၿပီးေနာက္ အျပင္ကို လွည့္ၿပီး ဦးတည္လိုက္တယ္။
ဖုန္႔ရွီ ဘုရင္ႀကီးထြက္သြားတဲ့ဖက္ကို ၾကည့္လိုက္တယ္၊ "ဒီေန႔မသြားနဲ႔ေတာ့၊ ကိုယ္ေတာ္ မင္းကို မနက္ျဖန္ အဲ့ကို ေခၚသြားေပးမယ္" လို႔မ်ား လာလွည့္ေျပာလိုေျပာညား ေမၽွာ္လင့္ခ်က္နဲ႔ေပါ့။ ဒါေပမဲ့ အဲ့တာကေတာ့ ဖုန္႔ရွီရဲ့ ဆႏၵသပ္သပ္ အေတြးပါပဲ။
အနားယူည ၿမိဳ႕ေတာ္ရဲ့ ေစ်းဧရိယာက ထုံးစံအတိုင္း ပ်ားပန္းခပ္ေနတယ္။ တစ္ႏွစ္ၾကာၿပီးေနာက္ ဒီမွာ ေနာက္ဆုံးအႀကိမ္တုန္းက ဘာေတြ ျဖစ္ပ်က္ခဲ့တယ္ဆိုတာလည္း ေမ့ေပ်ာက္သြားၾကတယ္။
ငရဲမင္းႀကီးရဲ့ၾကင္ယာေတာ္အေၾကာင္း စကားတစ္လုံးမွ မေျပာေတာ့ကတည္းကရယ္၊ ငရဲမင္းႀကီးကလည္း ေနာက္ ဘယ္လို ေၾကျငာမွုမ်ိဳးမွ ထပ္မလုပ္ေတာ့တာေၾကာင့္ရယ္ ေကာလာဟာလေတြက တျဖည္းျဖည္း ေပ်ာက္ကြယ္သြားတယ္။
လူေတြ အဲ့အေၾကာင္းကို မေျပာခ်င္ၾကလို႔မဟုတ္ပါဘူး။ အဲ့တာ ဘာလို႔လည္းဆိုေတာ့ ငရဲျပည္ကို အုပ္ခ်ဳပ္တာက ငရဲမင္းႀကီးသာ ျဖစ္ၿပီး၊ လူေတြ ဘယ္ေလာက္ပဲလ်ိဳ႕ဝွက္ လ်ိဳ႕ဝွက္၊ သူက လူတိုင္းရဲ့ လ်ိဳ႕ဝွက္ခ်က္ေတြကို သိတယ္။ ဘာကပိုသလဲဆိုေတာ့ ငရဲမင္းႀကီး ဘုရင္မတစ္ပါး ရွိလာမယ္ဆိုတာဟာ သူတို႔ အဲ့အေၾကာင္း ေျပာၾကဖို႔ အလြန္ႀကီးမားတဲ့ ျဖစ္ရပ္ျဖစ္တယ္။ ဘုရင္ႀကီးရဲ့ ခြင့္ျပဳခ်က္ မပါဘဲ ဘယ္သူမွ အဲ့အေၾကာင္း ေလၽွာက္မေျပာဝံ့ၾက။
ဦးေလးျဖဴက သူ႔ကို လူေတြ မွတ္မိၾကမယ္ဆိုတာ သိေနတယ္။ သူ႔ေၾကာင့္ ဖုန္႔ရွီ ဘယ္သူဆိုတာ ေပၚသြားမွာ သူစိုးရိမ္တယ္။ အဲ့တာေၾကာင့္ သူနဲ႔ ဖုန္႔ရွီ ေစ်းဧရိယာရဲ့ အျပင္ဖက္ကို ေရာက္ေတာ့ သူက ဖုန္႔ရွီကို သြားရမယ့္ေနရာ ညႊန္ျပလိုက္တယ္၊ ၿပီးေတာ့ ခ်က္ခ်င္းပဲ ထြက္သြားလိုက္တယ္။
ဖုန္႔ရွီ ဦးေလးျဖဴရဲ့ ထြက္သြားတဲ့ေက်ာျပင္ကို ၾကည့္ရင္း လူသူမရွိတဲ့ ေနာက္ေဖးလမ္းၾကားေလးထဲ မလွုပ္မယွက္ ရပ္ေနတယ္။
သူ႔ကို ရိုက္ခတ္ေနတဲ့ ေလေျပက ေအးစက္ေနေပမဲ့ သူ႔ရဲ့ အေပ်ာ္ကိုေတာ့ မဖုံးလႊမ္းနိုင္ပါဘူး။ ေနာက္ဆုံးေတာ့ သူ႔ကို ကမၻာႀကီးက သနားသြားၿပီေလ၊ ဦးေလးျဖဴ သူ႔ကို လြတ္လြတ္လပ္လပ္ သြားခြင့္ျပဳလိုက္ၿပီ။ ေန အေနာက္ကမ်ား ထြက္သြားလို႔လား? သူ အခု အိမ္မက္မ်ား မက္ေနမိလားေတာင္ ေတြးမိတယ္။
ဖုန္႔ရွီ မေနနိုင္ေတာ့ဘဲ အားရဝမ္းသာ ရီလိုက္တယ္။ ဦးေလးျဖဴက သူ႔ကို ေလးနာရီျပည့္တာနဲ႔ ျပန္လာဖို႔ ေျပာခဲ့ေပမဲ့ အားစမ္းပြဲက သူ႔အတြက္ အဲ့ေလာက္ အခ်ိန္ ၾကာမွာမဟုတ္ဘူးလို႔ သူ ယူဆတယ္။ ပိုေနတဲ့ အခ်ိန္ေတြက သူ႔ကိုယ္သူ ေပ်ာ္စရာေတြ ဖန္တီးဖို႔ လုံေလာက္တယ္။
စမ္းသပ္တာက ေစ်းဧရိယာ အလယ္ေခါင္မွာ က်င္းပတာျဖစ္တယ္။ ခပ္ျမင့္ျမင့္ အျဖဴေရာင္ သံၿခံစည္းရိုး အေရွ႕မွာ မွတ္မိလြယ္တဲ့ အေဆာက္အဦး တစ္ခုရွိတယ္၊ မ်က္ႏွာစာက အနက္နဲ႔ အျဖဴ ေဆးသုတ္ထားတယ္။ သူ႔ရဲ့ ျမင့္မားတဲ့ အမိုးခုံးက နန္းေတာ္တစ္ခုနဲ႔ေတာင္ ပိုတူေနၿပီး၊ နံရံေပၚမွာ 'စမ္းသပ္စစ္ေဆးေရးအသင္း" လို႔ ထြင္းထားတဲ့ ထင္းေနတဲ့ ကဗ်ည္းတစ္ခုကို တပ္ထားတယ္။
ဒီေန႔ျပဳလုပ္မယ့္ စမ္းသပ္မွုက ဆယ္ႏွစ္မွာမွ တစ္ႀကိမ္ က်င္းပတာျဖစ္တာေၾကာင့္ ေနရာေပါင္းစုံက လူေတြဟာ ဒီအေဆာက္အအုံထဲ တဖြဲဖြဲ စု႐ုံးေရာက္ရွိလာၾကတယ္။
လူအရမ္း စည္ကားေနတာေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ အခ်င္းခ်င္း တိုးေဝွ႕ေနၾကရတယ္။ အေဆာက္အအုံ အထဲမွာ ဘာျဖစ္ေနလဲဆိုတာ မျမင္ေတြ႕နိုင္တဲ့ သူေတြကေတာ့ လူအုပ္အျပင္ဖက္ကေန ခုန္ၿပီးပဲ ဝင္နိုင္လိမ့္မယ္။
ဖုန္႔ရွီ အဲ့ျမင္ကြင္းကို ျမင္လိုက္ရေတာ့ အနည္းငယ္ ဆြံ့အသြားရတယ္။ သူ႔ေခါင္းေဆာင္နဲ႔ ဦးေလးျဖဴက အေျခအေနေတြက ဒီလိုေတြ ရွိလိမ့္မယ္လို႔ တစ္ခါမွ မေျပာခဲ့ဖူးဘူး။
သူ မီတာတစ္ရာေတာင္ မေရြ႕ဘူး၊ လူေထာင္ခ်ီ တြန္းတိုက္ေနတာပဲ ခံေနရတယ္။ အခ်ိဳ႕ဆို သူ႔ကို လဲက်လုနီးနီး တိုးတိုက္သြားၾကတယ္။
ဖုန္႔ရွီ ေဒါသထြက္သြားၿပီး မတရားေအာ္မိလုနီးနီး ျဖစ္သြားတယ္။ လူ အရမ္း ႁပြတ္သိပ္ေနတဲ့အတြက္ သူ႔ကို တိုက္သြားတိုးသြားတာအေပၚ သူတို႔ကို နားလည္ေပးနိုင္ေပမဲ့ ခဏခဏ အရိုက္ခံေနရေတာ့ ၾကာလာေတာ့ ေဒါသထြက္လာရတယ္၊ ဒါေပမဲ့...
ဖုန္႔ရွီ သူ႔လက္ထဲက နို႔ျဖဴေက်ာက္တုံးကို စမ္းလိုက္တယ္။ အဲ့ေက်ာက္တုံးေပၚက အေႏြးဓါတ္ စီးေၾကာင္းတစ္ခုကို သူ ခံစာလို႔ရေနတယ္။ ဒီေက်ာက္တုံးက သူ႔ကို တိုက္သြားတဲ့ လူတစ္ေယာက္စီကေန သူ ယူထားလိုက္တာျဖစ္တယ္။ တနည္းေျပာရမယ္ဆိုရင္ေတာ့ ဒီေက်ာက္တုံးကို သူခိုးလိုက္တာ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီေက်ာက္တုံးကို သူ႔တိုက္သြားတဲ့အတြက္ အေလ်ာ္အေနနဲ႔ ဖုန္႔ရွီ ယူဆလိုက္တယ္။
"ေက်းဇူးျပဳၿပီး လမ္းဖယ္ေပး" နက္ရွိုင္းၿပီး သံလိုက္ဓါတ္ပါတဲ့ ေယာက္်ားသံတစ္ခု ထြက္ေပၚလာတယ္။ ဒါေပမဲ့ အဲ့လူအသံက မေခ်မငံေလသံနဲ႔ နည္းနည္းေတာ့ ေမာက္မာသံ ေပၚေနတယ္။
ဖုန္႔ရွီ သူ႔ေခါင္းကို မသိမသာ ေမာ့ၾကည့္လိုက္ေတာ့ သူ႔ေဘးနားမွာ သားသားနားနား လူတစ္ေယာက္ကို ေတြ႕လိုက္ရတယ္။ အဲ့လူက တည္ၿငိမ္ေနဟန္ေပၚေနၿပီး သူ႔မ်က္လုံးေတြထဲမွာ ေအးစက္တဲ့အလင္းတို႔ လက္ေနတယ္။
ဒါေပမဲ့ အဲ့လူက ဖုန္႔ရွီကို လုံးဝ ၾကည့္မေနဘူး။ သူက သူ႔ေဘးနား လူေတြ အမ်ားႀကီး ရွိေနတာကို မႀကိဳက္တာနဲ႔ တူပါတယ္၊ ဒါ့ေၾကာင့္ သူက ဖုန္႔ရွီကို သူ႔ကို လမ္းဖယ္ေပးဖို႔ ေတာင္းဆိုလိုက္တယ္။
အဲ့လူက အဲ့တာကို ေျပာၿပီးေနာက္ ေကာင္ေလးက ဘာမွမၾကားတဲ့အလား ေနရာမွာပဲ ေၾကာင္တက္တက္နဲ႔ ၿငိမ္ၿငိမ္ေလး ရပ္ေနတာကို ေတြ႕လိုက္တယ္။ အဲ့လူႀကီးက မေနနိုင္ေတာ့ဘဲ မ်က္ေမွာင္ ၾကဳတ္လိုက္တယ္၊ သူ႔မ်က္ႏွာေပၚမွာ အေတာ္ကို သိသိသာသာ မေက်နပ္ေၾကာင္း ျပေနတယ္။
"ေဟး၊ ငါ့သခင္ေလးက မင္းကို ခုေလးတင္ပဲ လမ္းဖယ္ေပးဖို႔ ေျပာေနတယ္ေလ။ မၾကားဘူးလား?"
အဲ့လူနဲ႔ အတူပါလာတဲ့ အေစာင့္က တစ္ပုံစံတည္း ေမာက္ေမာက္မာမာဟန္နဲ႔ မေပ်ာ္မရႊင္ ေအာ္လိုက္တယ္။ သိသိသာသာႀကီးကို သူတို႔ ဖုန္႔ရွီအေပၚ အထင္ေသး ေနၾကတယ္။
ဖုန္႔ရွီ ခု ဘာျဖစ္သြားတာလဲဆိုတာ မသိလိုက္ဘဲ မ်က္စိမွိတ္လိုက္တယ္၊ ဒါေပမဲ့ အရင္က ဒီလို ျဖစ္ရပ္မ်ိဳး သူ ၾကဳံေတြ႕ဖူးေနသလိုလို ထင္ေနရတယ္။
"သူ႔အေၿဖ မင္းဘာလို႔ ေစာင့္ေနတာလဲ? သူ႔ကို တြန္းသာ တြန္းထုတ္လိုက္စမ္းပါ! မနက္ခင္း ေစာေစာစီးစီး သူလိုလူနဲ႔ ေတြ႕လိုက္ရတာ ေတာ္ေတာ္ ကံမေကာင္းတာပဲ။ ၾကည့္ရတာ သူ တစ္လုံးမွ နားမလည္ဘူးထင္တယ္။!"
အမ်ိဳးသမီးသံ ခ်ိဳခ်ိဳေလး လူႀကီးရဲ့ေနာက္ကေန ထြက္လာတယ္။ အဲ့ေနာက္မွာေတာ့ ပိန္ပိန္သြယ္သြယ္ အမ်ိဳးသမီးတစ္ေယာက္ ေလၽွာက္လာတယ္။ သူမက ပယင္းလို ေတာက္ပေနၿပီး လွပတဲ့ မ်က္ဝန္းအစုံနဲ႔ ဖုန္႔ရွီကို ထီမထင္ဟန္ မ်က္ေမွာင္ၾကဳတ္ၿပီး ၾကည့္လိုက္တယ္။
သူမ မ်က္စိထဲေတာ့ ဖုန္႔ရွီက အခမ္းအနားပြဲႀကီးေၾကာင့္ ၾကက္ေသေသေနတဲ့ ေတာသားငတုံးေလးလို ျဖစ္ေနတယ္။
အေစာင့္က ဖုန္႔ရွီဟာ မႏွစ္ၿမိဳ႕ဖြယ္ ေတာ္ေတာ္ေကာင္းတာ ေတြ႕လိုက္ရေတာ့ သူ႔သခင္ဆီကို မ်က္လုံးနဲ႔ပဲ ခြင့္ျပဳခ်က္ေတာင္းလိုက္ၿပီးေနာက္ ဖုန္႔ရွီကို က်ိန္ဆဲရင္း ခ်က္ခ်င္းပဲ ျပင္းျပင္းထန္ထန္ တြန္းလိုက္တယ္။ "လမ္းဖယ္ကြ၊ ငတုံးရ!"
သူတို႔ ပတ္ဝန္းက်င္က လူေတြက အဲ့တာကို ေတြ႕သြားၿပီးေနာက္ ေရွာင္ကြင္းသြားၾကတယ္။
ဖုန္႔ရွီ အတြန္းခံလိုက္ရေတာ့မွ အသိျပန္ဝင္လာရတယ္။ အဲ့အခ်ိန္မွာပဲ အဲ့လူ သုံးေယာက္က ေမာက္မာတဲ့ မ်က္ႏွာေတြနဲ႔ သူ႔ကို ေက်ာ္ျဖတ္သြားၿပီ ျဖစ္တယ္။
20210923; 0005