အပိုင်း ၇။ အာကာသ ပညာရပ်
"ပြီးတော့ ခင်များအခုလုပ်လိုက်တာ အရမ်းအံသြဖို့ကောင်းတာပဲ! အဲ့လို တဖြတ်ဖြတ်လက်နေတဲ့ ကြယ်ကလေးတွေ လက်ချောင်းတွေပေါ်ကနေ ခုန်ထွက်လာအောင် ဘယ်လိုလုပ်လိုက်တာလဲ။ အဲ့တာ မှော်ပညာလား၊ ကျောက်တုံးကနေ ရွှေအဖြစ်ကိုရော ပြောင်းနိုင်လား။"
ငရဲမင်းကြီး အဖြေမပေးနိုင်သေးခင်မှာပဲ ကောင်လေးက မနားစတမ်း မေးခွန်းတွေတလှေကြီး ထုတ်လိုက်တော့သည်။ ဒါပေမယ့် သေချာဂရုပြုမိမယ်ဆိုရင်တော့ ကောင်လေးရဲ့မျက်ဝန်းအစုံက ဘုရင်ကြီးနဖူးပေါ်က ငွေမှင်ရောင်ကျောက်မျက်ပေါ်ကနေ တစ်ချက်ကလေးမှအကြည့် ရွေ့မသွားပုံက ကျောက်မျက်နဲ့သူ့မျက်လုံးတို့ ကော်နဲ့ကပ်ထားသည့်အလားပင်။
"မှော်ပညာ သင်ချင်တာလား?" ငရဲမင်းကြီးက အထီးကျန်မျက်လုံးတို့နဲ့ ထပ်မေးလိုက်၏။
"အင်း၊ ဟုတ်တယ်။ ကျောက်တုံးကနေ ရွှေအဖြစ်ပြောင်းလိုက်တာမျိုးဆို ပိုကောင်းတယ်။ အာ ... ကျွန်တော့ကို အဝေးကပစ္စည်းတစ်ခုကို ဘယ်လိုရွှေ့ရမလဲဆိုတာ ခင်များသင်ပေးနိုင်ရင် ပိုကောင်းမယ်။" ကောင်လေးက လခြမ်းကွေးလို သူ့မျက်လုံးတို့ ကွေးသွားပြီး တောက်ပတဲ့ သွားဖြူဖြူလေးတွေ ပေါ်လာတဲ့အထိ ပြုံးရင်းပြောလိုက်သည်။
"မင်း အဲ့လိုအဆင့်နိမ့်ပညာကို သင်ဖို့မလိုပါဘူး၊ ကိုယ်တော် မင်းကို အာကာသကို ဘယ်လိုချိုးဖျက်မလဲဆိုတာ သင်ပေးနိုင်တယ်။"
ဘုရင်ကြီးက ကောင်လေးကို လေးလေးနက်နက်စိုက်ကြည့်လိုက်ရင်း လွယ်လွယ်လေးအလား ပေါ့ပေါ့ပါးပါးပြောလိုက်၏။
"အာကာသကိုချိုးဖျက်တာ?" ကောင်လေးက ရှုပ်ထွေးသွားပြီး
"အဲ့တာ ဘာအတွက်လဲ"
"အဲ့ပညာရပ်က မင်းကို ဘုံ ၃ဘုံရဲ့နေရာအနှံ့ ဟိုဟိုဒီဒီ လှည့်လည်သွားလာနိုင်အောင် လုပ်ပေးနိုင်တယ်။ တကယ်လို့ မင်းသာ အာကာသကို ထိန်းချုပ်နိုင်မယ်ဆိုရင် မင်းထက်စိတ်စွမ်းအင်ပိုကြီးတဲ့သူတွေကတောင် မင်းဆုတ်ခွါမည့်လမ်းကြောင်းကို မပိတ်ဆို့နိုင်ဘူး။" ငရဲမင်းကြီးက ရှင်းပြလိုက်သည်။
ဒီပညာရပ် သင်ထားရုံနဲ့ ကောင်လေးက ဘယ်လိုအန္တရာယ်မျိုးကမဆို လွတ်မြောက်နိုင်တယ်လို့ သူဆိုလိုတာဖြစ်သည်။ အချုပ်ပြောရမယ်ဆိုရင်တော့ ဒီလို အာကာသပညာရပ်လို အဆင့်မြင့်ပညာရပ်တတ်ကျွမ်းသူဆိုတာ ဘုံ ၃ဘုံလုံးပေါင်းမှ လက်ဆယ်ချောင်းပင် မပြည့်ပေ။
"ဒါဆို အဝေးကပစ္စည်းကို ရွှေ့တာထက် ပိုကောင်းတာပေါ့?" ကောင်လေးက အာကသပညာရပ် ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ မသိသည့်အတွက် အခြားပညာရပ်တွေနဲ့သာ နှိုင်းယှဉ် ပြောနေနိုင်ခြင်းဖြစ်သည်။
နောက်ဆုံးမတော့ သူမသေဆုံးခင်က သူက ပညာရှင်ပေါက်စလေးအဆင့်သာ ဖြစ်ခဲ့တာဖြစ်သည်လေ။
ပြီးတော့ သူက ကြေးရတတ်လူဂုဏ်ထံတွေဆီကနေခိုးပြီး လက်လုပ်လက်စားဆင်းရဲသားတွေထံကို ပေးလှူလေ့ရှိတတ်ကာ အလျဉ်းသင့်ရင်သင့်သလိုလည်း နောက်ပြောင်ကြည်စယ်တတ်တဲ့ သူခိုးလေးလည်းဖြစ်ခဲ့၏။
နဖူးမှာ ငွေမှင်ရောင်ကျောက်မျက်တစ်ခုရှိနေတဲ့သူတစ်ယောက်နဲ့ ဆုံပြီး အဲ့သူကလည်း သူ့ကို အာကသချိုးဖျက်ခြင်းနည်းလမ်း သင်ပေးချင်နေလိမ့်မယ်လို့ သူ တခါမှ မထင်ထားခဲ့ပေ။ ငရဲမင်းကြီးက ခဏလောက်တိတ်ဆိတ်သွားပြီး ကောင်လေးရဲ့ မျှော်လင့်တကြီးအကြည့်တို့ရှေ့မှောက် ခေါင်းငြိမ့်ပြလိုက်သည်။
ကောင်လေးရွှင်ရွှင်ပြပြ ပြုံးလိုက်သည်နဲ့အမျှ ပန်းတို့ဟာလည်း သိသိသာသာယိမ်းထိုးသွားကြကာ..... ယိမ်းတဲ့ပြင်းအားကြောင့် လှပတဲ့ပန်းအချို့တို့ ညှိုးခြောက်စပြုလာကြ၏။
"ကောင်းပါပြီ၊ ကျွန်တော်သင်ယူလေ့လာချင်ပါတယ်" ကောင်လေးရဲ့ ရဲရဲတောက်ပြောစကားတို့ ပန်းပင်လယ်ထဲဝယ် ပဲ့တင်ထပ်သွားတော့သည်။
ကြီးမားကျယ်ဝန်းလှတဲ့ပန်းပင်လယ်ကြီးဟာ လွတ်လပ်တဲ့ကမ္ဘာတစ်ခုအလား ထင်မှတ်မှားစရာပင်၊ ကောင်းကင်ထက်က နေလုံးကြီးကလည်း တောက်ပလင်းထင်းလို့နေသည်။
"မင်းမှာ စသင်တော့မယ်ဆိုတာနဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုတစ်ခု ရှိဖို့လိုတယ်။ နှစ်သန်းပေါင်းများစွာအတွင်း အာကာသပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်အသုံးပြုနိုင်သူက လူနည်းစုပဲရှိတယ်။ မင်းက ကောင်းကင်လမ်းရဲ့ချီးမြှောက်မှုကို ရရှိထားကတည်းက မင်းဟာ ကိုယ်တော်နဲ့အတူ ပညာရပ်တွေသင်ယူလေ့လာဖို့အရည်အချင်း ပြည့်မှီတယ်။ မင်းအဲ့အပေါ် ပြင်းပြင်းထန်ထန်ကြိုးစားချင်စိတ် ရှိနေသ၍ သေချာပေါက်အောင်မြင်လိမ့်မယ်လို့ ကိုယ်တော် ယုံကြည်တယ်။" ဘုရင်ကြီး ပြောနေစဉ်မှာပဲ သူ့ကျောဖက်မှာ ရုတ်တရက် ရောင်ခြည် ဖြာသွားတယ်။
ကောင်လေးက အလင်းစူးစူးကြောင့် မျက်ကြောကိုရှုံ့ပြီးကြည့်လိုက်ရင်း မေးလိုက်တယ်။ "ဒါဆို အဲ့တာသင်ယူတတ်မြောက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ? လအနည်းငယ်နဲ့တတ်မယ်ဆို ပိုကောင်းမယ်။ ဘာလို့လဲဆိုတော့ အဲ့ထက်ပိုကြာမယ်ဆိုရင် ကျွန်တော် ဆက်လုပ်နိုင်မှာမဟုတ်ဘူး"
"အနည်းဆုံး ၁၀ နှစ်၊ အများဆုံး နှစ်ပေါင်းထောင်ချီ"
ငရဲမင်းကြီးရဲ့အသံက အလွန်နူးညံ့ညင်သာပြီး နှစ်သန်းပေါင်းများစွာကြာပြီဖြစ်တဲ့ ရှေးခေတ်ကနေလာသကဲ့သို့ အဝေးကနေကောင်လေးရဲ့နားစည်တွင်းကို ရိုက်ခတ်သွား၏။
ကောင်လေးရဲ့မျက်နှာပေါ်ကအပြုံးတို့ ချက်ချင်းပဲ အေးခဲသွားတယ်။ "နှစ်ပေါင်းထောင်ချီ..." သူ့ခေါင်းထဲမှာ အဲ့စကားလုံးတို့ ပြည့်သွားလေတော့သည်။
20210906; 2312
—————————— Zawgyi —————————
အပိုင္း ၇။ အာကာသ ပညာရပ္
"ၿပီးေတာ့ ခင္မ်ားအခုလုပ္လိုက္တာ အရမ္းအံၾသဖို႔ေကာင္းတာပဲ! အဲ့လို တျဖတ္ျဖတ္လက္ေနတဲ့ ၾကယ္ကေလးေတြ လက္ေခ်ာင္းေတြေပၚကေန ခုန္ထြက္လာေအာင္ ဘယ္လိုလုပ္လိုက္တာလဲ။ အဲ့တာ ေမွာ္ပညာလား၊ ေက်ာက္တုံးကေန ေရႊအျဖစ္ကိုေရာ ေျပာင္းနိုင္လား။"
ငရဲမင္းႀကီး အေျဖမေပးနိုင္ေသးခင္မွာပဲ ေကာင္ေလးက မနားစတမ္း ေမးခြန္းေတြတေလွႀကီး ထုတ္လိုက္ေတာ့သည္။ ဒါေပမယ့္ ေသခ်ာဂ႐ုျပဳမိမယ္ဆိုရင္ေတာ့ ေကာင္ေလးရဲ့မ်က္ဝန္းအစုံက ဘုရင္ႀကီးနဖူးေပၚက ေငြမွင္ေရာင္ေက်ာက္မ်က္ေပၚကေန တစ္ခ်က္ကေလးမွအၾကည့္ ေရြ႕မသြားပုံက ေက်ာက္မ်က္နဲ႔သူ႔မ်က္လုံးတို႔ ေကာ္နဲ႔ကပ္ထားသည့္အလားပင္။
"ေမွာ္ပညာ သင္ခ်င္တာလား?" ငရဲမင္းႀကီးက အထီးက်န္မ်က္လုံးတို႔နဲ႔ ထပ္ေမးလိုက္၏။
"အင္း၊ ဟုတ္တယ္။ ေက်ာက္တုံးကေန ေရႊအျဖစ္ေျပာင္းလိုက္တာမ်ိဳးဆို ပိုေကာင္းတယ္။ အာ ... ကၽြန္ေတာ့ကို အေဝးကပစၥည္းတစ္ခုကို ဘယ္လိုေရႊ႕ရမလဲဆိုတာ ခင္မ်ားသင္ေပးနိုင္ရင္ ပိုေကာင္းမယ္။" ေကာင္ေလးက လျခမ္းေကြးလို သူ႔မ်က္လုံးတို႔ ေကြးသြားၿပီး ေတာက္ပတဲ့ သြားျဖဴျဖဴေလးေတြ ေပၚလာတဲ့အထိ ျပဳံးရင္းေျပာလိုက္သည္။
"မင္း အဲ့လိုအဆင့္နိမ့္ပညာကို သင္ဖို႔မလိုပါဘူး၊ ကိုယ္ေတာ္ မင္းကို အာကာသကို ဘယ္လိုခ်ိဳးဖ်က္မလဲဆိုတာ သင္ေပးနိုင္တယ္။"
ဘုရင္ႀကီးက ေကာင္ေလးကို ေလးေလးနက္နက္စိုက္ၾကည့္လိုက္ရင္း လြယ္လြယ္ေလးအလား ေပါ့ေပါ့ပါးပါးေျပာလိုက္၏။
"အာကာသကိုခ်ိဳးဖ်က္တာ?" ေကာင္ေလးက ရွုပ္ေထြးသြားၿပီး
"အဲ့တာ ဘာအတြက္လဲ"
"အဲ့ပညာရပ္က မင္းကို ဘုံ ၃ဘုံရဲ့ေနရာအႏွံ့ ဟိုဟိုဒီဒီ လွည့္လည္သြားလာနိုင္ေအာင္ လုပ္ေပးနိုင္တယ္။ တကယ္လို႔ မင္းသာ အာကာသကို ထိန္းခ်ဳပ္နိုင္မယ္ဆိုရင္ မင္းထက္စိတ္စြမ္းအင္ပိုႀကီးတဲ့သူေတြကေတာင္ မင္းဆုတ္ခြါမည့္လမ္းေၾကာင္းကို မပိတ္ဆို႔နိုင္ဘူး။" ငရဲမင္းႀကီးက ရွင္းျပလိုက္သည္။
ဒီပညာရပ္ သင္ထား႐ုံနဲ႔ ေကာင္ေလးက ဘယ္လိုအႏၲရာယ္မ်ိဳးကမဆို လြတ္ေျမာက္နိုင္တယ္လို႔ သူဆိုလိုတာျဖစ္သည္။ အခ်ဳပ္ေျပာရမယ္ဆိုရင္ေတာ့ ဒီလို အာကာသပညာရပ္လို အဆင့္ျမင့္ပညာရပ္တတ္ကၽြမ္းသူဆိုတာ ဘုံ ၃ဘုံလုံးေပါင္းမွ လက္ဆယ္ေခ်ာင္းပင္ မျပည့္ေပ။
"ဒါဆို အေဝးကပစၥည္းကို ေရႊ႕တာထက္ ပိုေကာင္းတာေပါ့?" ေကာင္ေလးက အာကသပညာရပ္ ဘယ္ေလာက္စြမ္းအားႀကီးတယ္ဆိုတာ မသိသည့္အတြက္ အျခားပညာရပ္ေတြနဲ႔သာ ႏွိုင္းယွဥ္ ေျပာေနနိုင္ျခင္းျဖစ္သည္။
ေနာက္ဆုံးမေတာ့ သူမေသဆုံးခင္က သူက ပညာရွင္ေပါက္စေလးအဆင့္သာ ျဖစ္ခဲ့တာျဖစ္သည္ေလ။
ၿပီးေတာ့ သူက ေၾကးရတတ္လူဂုဏ္ထံေတြဆီကေနခိုးၿပီး လက္လုပ္လက္စားဆင္းရဲသားေတြထံကို ေပးလွူေလ့ရွိတတ္ကာ အလ်ဥ္းသင့္ရင္သင့္သလိုလည္း ေနာက္ေျပာင္ၾကည္စယ္တတ္တဲ့ သူခိုးေလးလည္းျဖစ္ခဲ့၏။
နဖူးမွာ ေငြမွင္ေရာင္ေက်ာက္မ်က္တစ္ခုရွိေနတဲ့သူတစ္ေယာက္နဲ႔ ဆုံၿပီး အဲ့သူကလည္း သူ႔ကို အာကသခ်ိဳးဖ်က္ျခင္းနည္းလမ္း သင္ေပးခ်င္ေနလိမ့္မယ္လို႔ သူ တခါမွ မထင္ထားခဲ့ေပ။ ငရဲမင္းႀကီးက ခဏေလာက္တိတ္ဆိတ္သြားၿပီး ေကာင္ေလးရဲ့ ေမၽွာ္လင့္တႀကီးအၾကည့္တို႔ေရွ႕ေမွာက္ ေခါင္းၿငိမ့္ျပလိုက္သည္။
ေကာင္ေလးရႊင္ရႊင္ျပၿပ ျပဳံးလိုက္သည္နဲ႔အမၽွ ပန္းတို႔ဟာလည္း သိသိသာသာယိမ္းထိုးသြားၾကကာ..... ယိမ္းတဲ့ျပင္းအားေၾကာင့္ လွပတဲ့ပန္းအခ်ိဳ႕တို႔ ညႇိုးေျခာက္စျပဳလာၾက၏။
"ေကာင္းပါၿပီ၊ ကၽြန္ေတာ္သင္ယူေလ့လာခ်င္ပါတယ္" ေကာင္ေလးရဲ့ ရဲရဲေတာက္ေျပာစကားတို႔ ပန္းပင္လယ္ထဲဝယ္ ပဲ့တင္ထပ္သြားေတာ့သည္။
ႀကီးမားက်ယ္ဝန္းလွတဲ့ပန္းပင္လယ္ႀကီးဟာ လြတ္လပ္တဲ့ကမၻာတစ္ခုအလား ထင္မွတ္မွားစရာပင္၊ ေကာင္းကင္ထက္က ေနလုံးႀကီးကလည္း ေတာက္ပလင္းထင္းလို႔ေနသည္။
"မင္းမွာ စသင္ေတာ့မယ္ဆိုတာနဲ႔ ခိုင္မာတဲ့ စိတ္ပိုင္းျဖတ္မွုတစ္ခု ရွိဖို႔လိုတယ္။ ႏွစ္သန္းေပါင္းမ်ားစြာအတြင္း အာကာသပညာရပ္ကို ကၽြမ္းက်င္ပိုင္နိုင္အသုံးျပဳနိုင္သူက လူနည္းစုပဲရွိတယ္။ မင္းက ေကာင္းကင္လမ္းရဲ့ခ်ီးေျမႇာက္မွုကို ရရွိထားကတည္းက မင္းဟာ ကိုယ္ေတာ္နဲ႔အတူ ပညာရပ္ေတြသင္ယူေလ့လာဖို႔အရည္အခ်င္း ျပည့္မွီတယ္။ မင္းအဲ့အေပၚ ျပင္းျပင္းထန္ထန္ႀကိဳးစားခ်င္စိတ္ ရွိေနသ၍ ေသခ်ာေပါက္ေအာင္ျမင္လိမ့္မယ္လို႔ ကိုယ္ေတာ္ ယုံၾကည္တယ္။" ဘုရင္ႀကီး ေျပာေနစဥ္မွာပဲ သူ႔ေက်ာဖက္မွာ ႐ုတ္တရက္ ေရာင္ျခည္ ျဖာသြားတယ္။
ေကာင္ေလးက အလင္းစူးစူးေၾကာင့္ မ်က္ေၾကာကိုရွုံ႔ၿပီးၾကည့္လိုက္ရင္း ေမးလိုက္တယ္။ "ဒါဆို အဲ့တာသင္ယူတတ္ေျမာက္ဖို႔ အခ်ိန္ဘယ္ေလာက္ၾကာမလဲ? လအနည္းငယ္နဲ႔တတ္မယ္ဆို ပိုေကာင္းမယ္။ ဘာလို႔လဲဆိုေတာ့ အဲ့ထက္ပိုၾကာမယ္ဆိုရင္ ကၽြန္ေတာ္ ဆက္လုပ္နိုင္မွာမဟုတ္ဘူး"
"အနည္းဆုံး ၁၀ ႏွစ္၊ အမ်ားဆုံး ႏွစ္ေပါင္းေထာင္ခ်ီ"
ငရဲမင္းႀကီးရဲ့အသံက အလြန္ႏူးညံ့ညင္သာၿပီး ႏွစ္သန္းေပါင္းမ်ားစြာၾကာၿပီျဖစ္တဲ့ ေရွးေခတ္ကေနလာသကဲ့သို႔ အေဝးကေနေကာင္ေလးရဲ့နားစည္တြင္းကို ရိုက္ခတ္သြား၏။
ေကာင္ေလးရဲ့မ်က္ႏွာေပၚကအျပဳံးတို႔ ခ်က္ခ်င္းပဲ ေအးခဲသြားတယ္။ "ႏွစ္ေပါင္းေထာင္ခ်ီ..." သူ႔ေခါင္းထဲမွာ အဲ့စကားလုံးတို႔ ျပည့္သြားေလေတာ့သည္။
20210906; 2312