ငါတို့ မိသားစုရဲ့ အိုမီဂါလေး...

By Fiery_Floria

279K 40.1K 1.8K

Associated Title - [家有Omega初长成] / [My Family's Omega Has Just Grown Up] Author- 秋千在时 (Qiu Qian Zai Shi) Chapt... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chaper 24 [Part 1]
Chapter 24 [Part 2]
Chapter 24 [Part 3]
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဖတ်ပေးပါ><
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41 (Part 1)
Chapter 41 (Part 2)
Chapter 42
Chapter 43
Chapter 44
Chapter 45

Chapter 15

4.6K 846 49
By Fiery_Floria

Please scroll down for Zawgyi

(Unicode)

ထုန်ရန်းကို ကြည့်ရသည်မှာ အလွန်အမင်း စိတ်ဖိစီးမှုကြောင့် တစ်ချက်မှ မနားရသေးပုံပေါ်သည်။ ညီအစ်ကို နှစ်ယောက် အိမ်ထဲသို့ ဝင်လာပြီးနောက် ထုန်ရန့်အား အသေးအဖွဲကိစ္စအချို့အား မေးမြန်းကာ ညစာအတွက် deliveryမှာလိုက်သည်။ ထို့နောက် ချက်ချင်းပင် တစ်ခုခုအား စိုးရိမ်နေဟန်ပြန်ပေါ်လာသည်။

ဧည့်ခန်းထဲတွင် ဦးတည်ချက်မဲ့စွာ ဟိုဘက်ဒီဘက် လမ်းလျှောက်နေပြီးနောက် နောက်ဆုံးတွင် delivery ရောက်လာသည်အထိ မစောင့်နိုင်တော့ပဲ ညစာစားပြီးနောက် အိပ်ရာစောစောဝင်ရန် ညွှန်ကြားချက်များပေးကာ တံခါးမကြီးဆီသို့ ပြေးသွားတော့သည်။

ထုန်ရန်းဝတ်ထားသော သားရေဂျာကင်မှာ သူ့ဂျာကင်မဟုတ်မှန်း မည်သူကြည့်ကြည့်သိသာနေသည်။ အပေါ်ပိုင်းမှာ ထုန်ရန်း sizeအောက် တစ်sizeမျှ သေးနေသော်လည်း အလွန်အမင်း ဆွဲဆန့်ထားခြင်းမဟုတ်လျှင်တော့ သတိမထားမိနိုင်ပေ။

ထို့အပြင် ထုန်ရန်းအား သေချာ နီးနီးကပ်ကပ်ကြည့်လျှင် သူ့မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်နေမှုကို မြင်နိုင်သည့်အပြင် မျက်ဝန်းများမှာ သွေးရောင်သွမ်းဟန် နီစွေးစွေးရှိ၏။ သူ၏ ငယ်ရွယ်မှုကြောင့် မျက်နှာပေါ်ရှိ နွမ်းနယ်မှုမှာ သိပ်မသိသာသော်လည်း ဒီနေ့အတွက် မုတ်ဆိတ်မွှေးပင် မရိတ်ရသေးပုံပေါ်ပြီး သေးလွန်းသော ဂျာကင်အပြင် အောက်ခံ ရှပ်အင်္ကျီကပင် တွန့်ကြေနေသည်။

ဘာဖြစ်နေသလဲဆိုတာ ထုန်ရန့် သူ့ကို မေးခဲ့ပါသည်။ အစပိုင်းတွင် ဘာမြှပန်မဖြေပဲ တိတ်ဆိတ်နေခဲ့ရာ သူ ထုတ်ပြောလာစေရန် ထုန်ရန့် အစွမ်းကုန်ကြိုးစားခဲ့ပြီး အဖေနှင့် တိုင်ပြောမည် ဟူ၍တောင် ခြိမ်းခြောက်ခဲ့ရသည်။ ထိုသို့ပြောသောအခ့ ထုန်ရန်းက သူ့ကိုကြည့်လာပြီး ရုတ်တရက် နှုတ်ခမ်းတစ်ဖက်တည်းပင့်မြှောက်၍ ပြုံးလိုက်ကာ
"အဖေနဲ့ ဘာကိုတိုင်ပြောမှာလဲ၊ ဒီက အစ်ကိုကြီးက မင်းရဲ့ ယောင်းမကို သွားရှာမလို့ဟာကို"

အလုပ်နှင့် မပက်သက်လျှင် များသောအားဖြင့် ထုန်ရန်းမှာ ခပ်ပေါ့ပေါ့သာနေတတ်ပြီး တစ်ခါတစ်ရံ ထုန်ရန့်ကို ဒေါသထွက်စေလောက်အောင်ကို စနောက်တတ်သည်။ ဤသို့ လူယုတ်မာအပြုံးမျိုးက ထုန်ရန့်ကို လန့်စေပါသည်။

သို့သော်လည်း သူ၏ အတင်းတုပ်နေသော စိတ်လေးမှာ အပြင်သို့ထွက်ပြောရန်ပင် အခွင့်အရေးမရပဲ ထုန်ရန်း ကားစက်နှိုးလိုက်သောအခါ ထူပိန်းသော အိတ်ဇောငွေ့များဖြင့် မြင်ကွင်းကို တားဆီးခံလိုက်ရသည်။

သို့သော် ညသန်းခေါင်ယံအချိန်၌ ခုနက အလျှင်စလို ထွက်သွားသော ထုန်ရန်းမှာ မျှော်လင့်ချက်ကင်းမဲ့နေသည့် ပုံစံ၊ စိတ်ပျက်လက်ပျက် အနေအထားဖြင့် အိမ်ပြန်ရောက်လာကာ ပထမထပ်ရှိ 3Dတီဗွီဖန်သားပြင်၌ သရဲကားခိုးကြည့်နေသည့် ထုန်ရန့်ကို လက်ပူးလက်ကြပ် မိသွားတော့သည်။

ဒီတစ်ခါတော့ ကျိုးရှန်မင်ပင် သူ့ကိုဆူစရာမလိုတော့ပဲ ကျန်သည့် အားလပ်ရက် အတောအတွင်း အင်တာနက် အသုံးပြုမှုကို ပိတ်ထားနိုင်သည်။

ဤသည်မှာ ထုန်ရန်း အိမ်ထဲဝင်လာသောအခါ ထုန်ရန့်စိတ်ထဲ၌ ပေါ်လာသော တစ်ခုတည်းသော အတွေးဖြစ်သည်။

သို့သော်လည်း ထုန်ရန်းကိုကြည့်ရသည်မှာ ထုန်ရန့်အား ပြဿနာရှာချင်ပုံမရပဲ လက်ထဲတွင် ခုနက သူဝတ်သွားသော သားရေဂျာကင်ကို ပိုက်ထားရင်းဖြင့် ထုန်ရန့် ကြမ်းပြင်ပေါ်၌ထိုင်ရင်း မှီထားသော ဆိုဖာပေါ်သို့ စိတ်လွတ်ကိုယ်လွတ် သူ့ကိုယ်သူ ပစ်လှဲချလိုက်သည်။

ဖန်သားပြင်ပေါ်ရှိ သရဲမသည် ဝမ်းနည်းပူဆွေးစွာဖြင့် အော်ညည်းတမ်းတနေဆဲဖြစ်သည်။ ထုန်ရန်းကို ကြည့်ရသည်မှာ အရက်သောက်လာပုံရသောကြောင့် တီဗွီကို ပိတ်ကာ အပေါ်ထပ်ရှိ အိပ်ခန်းသို့သွားရန် ထုန်ရန့် ပြင်လိုက်သည်။

"ဘာကြည့်နေတာလဲ"

သူလွတ်မြောက်ကာနီးမှ ထုန်ရန်းက မျက်လုံးပေါ် အုပ်ထား​သော လက်မောင်းကို ဖယ်ကာမေးလာသည်။

"သ..သရဲကား" ထုန်ရန့်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

"ဖွင့်လိုက်၊ဖွင့်လိုက်" ထုန်ရန်း ဆိုဖာပေါ်မှ လှိမ့်ချလာပြီး ကြမ်းပြင်၌ ထိုင်လိုက်ကာ ပြောလာသည်။

"တူတူကြည့်ကြတာပေါ့"

ထုန်ရန့်လည်း ခပ်မြန်မြန် ပြန်လျှောက်လာပြီး ဇာတ်ကားကို ပြန်ဖွင့်လိုက်သည်။

"သူအရင်က ဘာလုပ်တာလဲ"

ထုန်ရန့် ခေတ္တ တုန့်ဆိုင်းသွားပြီးနောက် ထုန်ရန်းက သရဲမအကြောင်းမေးလာသည်ကို သိသွားကာ

"သူက အရင်တုန်းက ကျောင်းဆရာမ"

"ဆရာမ ဟုတ်လား"

"ဒါဆို ဘာလို့ လူတွေကို လိုက်ခြောက်နေတာလဲ"

ထုန်ရန့်: "သူက စွန့်ပစ်ခံလိုက်ရပြီးတော့၊ သူ့ကလေးကလည်း သေသွားတယ်၊ အဲ့တော့ သူ့ကို စွန့်ပစ်သွားတဲ့ ယောကျာ်းအိမ်ကိုသွားပြီး ကိုယ့်ကိုယ်ကိုသတ်သေခဲ့တာ၊ ပြီးတော့ သရဲဖြစ်လာတာပဲ"

"ဟား......" ထုန်ရန်းက နဖူးပြင်ကို နှိပ်နေရင်းဖြင့် ဆိုလာသည်။

"တကယ်ကို စောက်ရမ်း ဝမ်းနည်းဖို့ကောင်းတာပဲ"

ထုန်ရန့် သတိကြီးစွာဖြင့်မေးလိုက်သည်။

"အစ်ကို သောက်လာတာလား"

ထုန်ရန့်က ငြင်းဆိုဟန် ညည်းညူလိုက်ပြီး ခဏအကြာမှ ပြောလာသည်။
"ငါ ဝိုင်အတုသောက်ခဲ့လို့များလား..ဒီလို ကံဆိုးတဲ့ မျက်နှာကို မင်း မြင်ဖူးလား"

ထုန်ရန်းကို သေချာကြည့်ရန် ခေါင်းကို ပိုနီးအောင်လှည့်လိုက်သည်။ ထူထဲသော မျက်ခုံးတန်းများ၊ မျက်ဝန်းအိမ် ကျယ်ကျယ်နှင့် ချောမောနေသေးသော်လည်း ဖရိုဖရဲနှင့် နှုတ်ခမ်းမွှေးလည်း မရိတ်ရသေးသောအခါ အတော်လေးကို ကံမကောင်းဖြစ်နေဟန်ပေါက်သည်။

ထုန်ရန့် ခေါင်းခါလိုက်ရင်းဖြင့်

"ဟင့်အင်း…တစ်ခါမှ မတွေ့ဖူးဘူး"

ထုန်ရန်းက နှုတ်ခမ်းကို ဖိကိုက်လိုက်ရင်းဖြင့်
"ငါမင်းကို တကယ် ပိတ်ရိုက်ချင်လိုက်တာ၊ ဒါပေမဲ့ သည်းခံလိုက်ပါ့မယ်လေ"

ထိုသရဲမက အဆောက်အဦးတစ်ခု၏ ခေါင်မိုးထပ်တွင် သူမ၏ ကလေးအား ပွေ့ဖက်လိုက်သည်။ ထုန်ရန့်လည်း ထုန်ရန်းဘေးမှ အနည်းငယ် ခိုးကြောင်ခိုးဝှက် ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့ကာ မေးလိုက်သည်။

"ပြောတော့ ငါ့ယောင်းမကို သွားရှာမလို့ဆို၊ ယောင်းမက ဘယ်မှာလဲ"

ထုန်ရန်း ခေါင်းကိုက်လာသလို အမူအရာဖြင့် ပြန်ဖြေလာ၏။

"ထွက်ပြေးသွားပြီ"

ထုန်ရန်းမှာ omega တစ်ယောက်၏ estrus ကာလအတွင်း၌ စောင့်ရှောက်ပေးမှု ပြီးကာစဖြစ်သည်မှာ သိသာလှသည်။ ထုန်ရန့်က ထုံထိုင်းသည့်သူ မဟုတ်သောကြောင့် ထုန်ရန်း ကိုယ်ပေါ်မှရသော အနံ့အနည်းငယ်ကိုဖယ်လိုက်လျှင်တောင်မှ သူ၏ အမူအရာနှင့် အကြည့်ကို ကြည့်ခြင်းဖြင့်ပင် သိနိုင်ပေသည်။

သို့သော်လည်း ယခု အခြေအနေက အနည်းငယ်တော့ ကွာခြားသည်။ များသောအားဖြင့် estrus ကာလကို အတူကုန်ဆုံးချင်လျှင် တစ်ဦးနှင့် တစ်ဦး မိတ်ဖက် အဖြစ်သက်မှန်ခြင်းသည် အကောင်းဘက်ဆောင်သော်လည်း တစ်ခါတစ်ရံတော့ ထိုသို့ ပြုလုပ်ခြင်းမှာ ဥပဒေနည်းကျ နည်းလမ်းအတိုင်း အတူနေခြင်းထက်တော့ များစွာ ပူပန်ရတတ်သည်။ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာ အရပါ estrusကာလ ပြီးပြီးခြင်း alphaဖြစ်ပါစေ၊ omegaဖြစ်ပါစေ ကိုယ့် ပါတနာဖြင့် ချက်ချင်း ခွဲခွာ၍ မရချေ။ ထုန်ရန်းအနေဖြင့် betaတစ်ယောက်ဖြစ်သော်လည်း pheromoneများကြောင့် သက်ရောက်မှု မခံရတာမျိုးမဟုတ်၊ အနည်းနှင့်အများတော့ သက်ရောက်မှုရှိသည်ပင်။ ဒါပေမဲ့ ဒီကျေးဇူးမသိတတ်သော omegaလေးက estrus ပြီးပြီးချင်းပင် သူ့ဆီမှ ထွက်ပြေးသွားသည်တဲ့လေ!

ထုန်ရန်းက တစ်ယောက်ယောက်ကို ဖိအားပေးမည့် ပုံစံမျိုးမဟုတ်သည်ကို ထုန်ရန့် အတိုင်းမသိယုံသောကြောင့် ဤသို့သော အခြေအနေက အနည်းငယ်တော့ ပို၍ ထူးဆန်းပါသည်။

အမှန်တကယ်ကို စိတ်ဓာတ်ကျနေပုံပေါ်သောကြောင့် ထုန်ရန့် ဆန်ပြုတ်အပြည့်ရှိနေသေးသော ပန်းကန်ကို ဘေးသို့ အနည်းငယ်တွန်းပို့ပေးလိုက်ပြီး
"ဒါသောက်လိုက်လေ၊ ကောင်းမကောင်း စမ်းသောက်ထားပေမဲ့ ငါ့ဇွန်း ပြန်မထည့်ရသေးဘူး"

ပြောင်းဖူးဆန်ပြုတ် အပြည့်ရှိသော ပန်းကန်ကို မြင်လျှင်မြင်ချင်း ထုန်ရန်း တံတွေးတစ်ချက် မြိုချမိသည်။

တွက်ကြည့်တော့ သူဘာမှမစားရတာ နှစ်ရက်တောင်ရှိပြီပဲ။ ဟိုတယ်ခန်းထဲမှာ အသုံးမကျတဲ့ ကွန်ဒုံးတွေနဲ့ ချောဆီဘူးများမှလွဲပြီး ဘာမှ စားစရာမရှိခဲ့။ estrus ကာလအတွင်းတွင် omegaများမှာ အလွန်ကို ဂျီကျပြီး အခြားသူများ၏ အနားကပ်ခြင်းကိုတောင် မခံနိုင်သောကြောင့် နှစ်ရက်လုံးလုံး ရေပဲသောက်ရင်းဖြင့် သူ့မှာ ရှင်သန်ခဲ့ရသည်။

အဲ့ဒီ ကောင်ဆိုးလေးလိုချင်သမျှ နိုးနိုးချင်း အကုန်ပေးခဲ့ပြီး သူအိပ်ပျော်နေစဉ်တွင် သူ့ကို ရေချိုးပေးရင်း၊ သန့်ရှင်းရေးလုပ်ပေးရင်း၊ ခြေထောက်နှင့် ခါးတို့ကို နှိပ်နယ်ပေးရင်းဖြင့် အလုပ်များနေခဲ့သည်။ ထိုကိစ္စများကို တစ်ပတ်နီးပါး ကြိုတင်၍ စောင့်ကာ နေပေးခဲ့သော်လည်း estrus ပြီးကာစ သူခဏလေး အပြင်ထွက်သည့်အချိန်၌ ထွက်ပြေးသွားသတဲ့လေ…။

ထပ်ပြီးတော့ ထွက်ပြေးသွားတယ်!

ထုန်ရန်း ဆန်ပြုတ် ဇွန်း အနည်းငယ်ကို ထပ်မံ မြိုချလိုက်သည်။ ကျန်နေသေးသော ကော်ပြန့်လိပ်ကြော်များကိုလည်း ထုန်ရန်းဘက်သို့ တိုးပေးလိုက်သည်။ ထုန်ရန်းက သူ့ကို ပေစောင်းစောင်းကြည့်လာပြီး ထိုအကျန်များကို မစားပဲနဲ့ ပြောလာသည်။
"အွိုင်း..မင်းအကျန်တွေက ရွှေပန်းကန်နဲ့ထည့်ထားတာမို့လို့လား"

"ဘာမှမစားပဲ အငတ်ခံတာထက်တော့ ပိုသာတယ်လေ၊ ဒီအချိန်ကြီး ဘယ်ဆိုင်က ဖွင့်တော့မှာလဲ"

"…အချိန်?" ထုန်ရန်းကပြောလာသည်။
"ဘာကိစ္စနဲ့ မင်းက အိပ်ရာမဝင်သေးတာလဲ"

ထုန်ရန့် သူ့အနားကပ်နေရာမှ သတိကြီးစွာဖြင့် နောက်ပြန်ဆုတ်လိုက်ပြီး
"ထုန်.. ထုန်ရန်း မင်းဘာသာ စိတ်မပျော်တိုင်း ငါ့ကို ဒေါသလာမထွက်နဲ့နော်၊ ငါစားလက်စဟာတွေတောင် မင်းကို ကျွေးထားတာ"

"အခန်းထဲသွားတော့"

ထုန်ရန်းကို ပြန် အကြောင်းပြမိသော်လည်း အများကြီးတော့ ယုံကြည်မှုမရှိချေ။ သူအခုထိ မအိပ်ရသေးသော အကြောင်းကို ကိုင်စွဲ၍ သူ့အား ခြိမ်းခြောက်မည်ကိုသာ ပိုစိုးရိမ်ရသည်။ ရွေးချယ်စရာမရှိပဲ အပေါ်ထပ်သို့ တတ်ရင်းဖြင့် မေးလိုက်သည်။

"ငါ့ယောင်းမကရော? မင်းသူ့ကို သွားမရှာဘူးလား၊ မင်းငါ့ကို လာရှာတုန်း သူပျောက်သွားတာရောမဖြစ်နိုင်ဘူးလား။ ဘာလို့ သူ့ကို ကြည့်ထားဖို့ လူတစ်ယောက်မရှာထားနိုင်ရတာလဲ...အိုး နိုး ငါ့အစ်ကိုကြီး မင်းသူများတွေကို ဖိအားပေးခဲ့တယ်လို့တော့ ငါ့ကို မပြော..."

ညသန်းခေါင်ထိ လူရှာနေရသော ထုန်ရန်းက သူစီးထားသော ခြေညှပ်ဖိနပ်ကို ချွတ်ကာ ထုန်ရန့်ဆီသို့ ပစ်ပေါက်လိုက်ကာ
"အိပ်တော့ သွား!"

အိမ်၏ တံခါးမကြီးထံမှ လူခေါ် ခေါင်းလောင်းသံ မြည်လာသည်။

ထုန်ရန်းနှင့် ထုန်ရန့် တစ်ယောက်ကိုတစ်ယောက် အလန့်တကြား ကြည့်လိုက်မိသည်။

တိတ်ဆိတ်နေသော အခြေအနေတွင် စကားစပြောသူမှာ ထုန်ရန့်ဖြစ်သည်။
"အဲ့ဒါ သရဲလား"

ထုန်ရန်းက သစ္စာဖောက်ပြီး
"မင်းနောက်မှာလေ" ဟု ထပြောသည်။

ထုန်ရန့် အော်လိုက်ပြီး ထုန်ရန်းရှိရာသို့ ပြေးဆင်းလာသည်။

ထုန်ရန်းက ခြေဗလာဖြင့် တံခါးရှိရာသို့ လျှောက်သွားလိုက်သည်။ ကြောက်နေသော ထုန်ရန့်မှာ ထုန်ရန်း၏လက်မောင်းတစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက်။
တံခါးဆွဲဖွင့်လိုက်ပြီးနောက် ထုန်ရန်းတို့ ညီအစ်ကိုနှစ်ယောက်လုံး ကြောင်အစွာငေးနေမိသည်။

ကျိုးကျားရှောမှာ အနက်ရောင် အောက်ခံ ဂျာကင်ကို ဝတ်ထားပြီး ဆံပင်အနက်ရောင်နှင့် ည၏ မှောင်မိုက်မှုပါ ထည့်ပေါင်းလိုက်သောအခါ သူ့ အသားအရေမှာ ပို၍တောင် ဖြူဆွတ်သွားသည်။ နီရဲနေသော ပါးများကြောင့် ဖြူဖျော့နေသောလူသေကောင်နှင့်တော့မတူပေ။ နှုတ်ခမ်းများမှာလည်း လတ်လတ်ဆတ်ဆတ် ချယ်ရီသီးများလို ရဲတွတ်လျက်။ သူ့မျက်မှာပေါ်တွင် မကျေနပ်သော အကြည့်တစ်ချက်ကရှိနေပြီး ထုန်ရန်းကို မြင်သောအခါ မျက်တောင်နှစ်ချက်မျှ ခတ်လိုက်ရာ မျက်ရည်များ အဆက်မပြတ်ကျဆင်းလာတော့သည်။

ထုန်ရန်းမှာ ခေတ္တမျှ အသိလွတ်နေခဲ့ပြီးမှ အသိပြန်ဝင်လာခဲ့ဟန်တူသည်။ ထုန်ရန့်ကိုင်ထားသည့်လက်ကို ဆွဲခွာပစ်ပြီး ကျိုးကျားရှောကို သူ့ရင်ခွင်ထဲ ဆွဲသွင်း၍ ခါးကိုဖက်လိုက်ကာ မျက်နှာကို ခပ်ဖွဖွ ဆုပ်ကိုင်ရင်းဖြင့် မေးလိုက်သည်။

"ဘယ်ရောက်နေခဲ့တာလဲ! ငါမင်းကို ဘယ်လောက်တောင်လိုက်ရှာ..."

ကျိုးကျားရှော အနောက်တွင် ရပ်နေသောလူမှာ သည်းမခံနိုင်တော့ပဲ ဝင်၍ ပြောလာသည်။
"လူငယ်လေး မင်းရဲ့ omegaကို estrusကာလအတွင်း ဘယ်လိုများ ပျောက်အောင်နေရသလဲ၊ အပြင်မှာ ဘယ်လောက် အန္တရာယ်များမှန်း မင်းမသိဘူးလား"

ထုန်ရန်း: "ဒါနဲ့ ဘယ်သူပါလဲ"

လူကြီးက အနောက်ရှိ အငှားကားကို လက်ညှိုးထိုးပြရင်းဖြင့်
"ငါသူ့ကို ဒီကို လိုက်ပို့ပေးလာတာ။ ဒီအချိနါကြီး တက္ကစီ ရဖို့ဆိုတာ မလွယ်ဘူးလေ၊ ပြီးတော့ ဒီနေရာကလည်း လမ်းကြောင်းမသင့်ဘူး"

"ပိုက်ဆံ မရှိဘူး" ကျိုးကျားရှောက ထုန်ရန်း၏ လည်တိုင်ကို ဖက်တွယ်ရင်းဖြင့် နားနားကပ်ကာပြောလာသည်။
"ကားခ ပေးစရာမပါလာဘူး"

"ရပါတယ် ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး"
ထုန်ရန်းက ခေါင်းငုံ့လိုက်ပြီး ကျိုးကျားရှော၏ နားရွက်လေးကို နှစ်သိမ့်သလို တစ်ချက်နမ်းလိုက်သော်လည်း လှုပ်ရှားမှုများက အနည်းငယ်တောင့်တင်းနေသေးသည်၊

"ထုန်ရန့်..ထုန်ထုန် ကားခ ပိုက်ဆံသွားယူ သွား။ ဖိနပ်စင်ပေါ်မှာရှိလား ကြည့်ကြည့်"
ထုန်ရန်း အသံက တုန်ယင်လာသည်။

သူ၏ အလွတ်ဖြစ်နေသော အင်္ကျီ အိတ်ကပ်ကို စမ်းကြည့်ရင်းဖြင့် နဖူးပေါ်ရှိချွေးများကို သုတ်လိုက်ကာ နောက်ဆုံးတွင်တော့ ကျိုးကျားရှောကို ကောက်ပွေ့လိုက်ပြီး သူကိုယ်တိုင် ပိုက်ဆံသွားယူရန်လှည့်လာသည်။ နှစ်ဦးသား မျက်နှာချင်းဆိုင်မိသောအခါ သူ့မျက်နှာကို ကျိုးကျားရှော လည်ပင်းတွင် နှစ်မြုပ်လိုက်ရင်းဖြင့် ကျိုးကျားရှောအား ကြင်ကြင်နာနာဖြင့် အပေါ်ထပ်ရှိ အိပ်ခန်းသို့ ပွေ့သွားရင်း ထုန်ရန့်အား အဆက်မပြတ် ညွှန်ကြားမှုများပေးလာသည်။

"မရှိရင် ထပ်ပြီးရှာကြည့်လိုက်.."

"သိပါတယ်၊ ငါပေးလိုက်ပါ့မယ်"

"ကျိုးရှန့်မင်ကို မင်းကို အခုလာကြိုဖို့ ဖုန်းဆက်လိုက်". နောက်ဆုံးအနေဖြင့် ကျိုးရှန့်မင်က ပြောလာသည်။

ထုန်ရန့် ကားခ ပေးပြီးသောအခါ ထုန်ရန်းကို အစတောင်ရှာမရတော့ပေ။ အိမ်ရှေ့တံခါးကို လော့ချလိုက်ပြီး ဧည့်ခန်းထဲပြန်ဝင်လာကာ မီးများဖွင့်ပြီး ထိုင်နေလိုက်ကာ တီဗွီထဲရှိ သရဲမကို အတွေးများစွာကြားမှ ကြောင်ငေးကြည့်နေမိသည်။

သရဲကားတွေကဘာလို့များ လက်တွေ့မှာပါ ကြောက်ဖို့ကောင်းရတာလဲ…။

ခုနကကောင်လေးက ကျိုးကျားရှောမလား။ ဘာလို့များ သူမယုံကြည်နိုင် ဖြစ်နေရတာပါလိမ့်။

ဒါပေမဲ့ သေချာတာက သူဤအိမ်၌ ဆက်နေ၍မရချေ။ ကျိုးကျားရှောရော သူပါ အဆင်ပြေမည်မဟုတ်ပေ။

ထုန်ရန်းသယ်ဆောင်လာသော pheromoneနံ့များနဲ့တင် သူ့အတိုင်းအတာကို ကျော်လွန်ခါနီးဖြစ်နေသည့်အပြင် ယခု အိမ်၌ပါ estrusကာလ မပြီးသေးသည့် omegaတစ်ယောက်ပါထပ်ရောက်လာသည်။
မကြာခင် သူ့ရောဂါ ပြန်ထလာရင်ဘယ်လိုလုပ်မလဲ။

ထုန်ရန့် ကျိုးရှန့်မင်ကို ဖုန်းခေါ်သောအခါ ကျိုးရှန့်မင်မှာ အိပ်တောင်ပျော်နေပြီဖြစ်သော်လည်း ထုန်ရန့်က လာခေါ်ဖို့ပြောသည့်အခါ ချက်ချင်း ထကာ အိမ်ကာထွက်လာသည်။ ဘာ့ကြောင့် လာခေါ်ခိုင်းလဲဆိုတာတောင် မမေးပေ။

ဒီအချိန်ကြီး လမ်းလဲ မပိတ်သောကြောင့် ကျိုးရှန့်မင် ခပ်မြန်မြန်ပင်ရောက်လာသည်။ အိမ်နေရင်း အဝတ်များဖြင့်ပင်ရောက်လာခြင်းဖြစ်သည်။ သူ ကားလမ်းပေါ်တွင် အာရုံစိုက်နေစဉ် ထုန်ရန့် ခပ်ရှက်ရှက်နှင့်ပင်ပြောလိုက်သည်။

"အဆင်မပြေ ဖြစ်စေလို့ တောင်းပန်ပါတယ်"

"အိမ်မှာ​ဘာဖြစ်လို့လဲ" အခုမှ သတိရဟန်ဖြင့် မေးလာသည်။
"ဒီအချိန်ကြီးမှ လာခေါ်ခိုင်းတာ ဘာများဖြစ်လို့လဲ"

အခြေအနေက ရှုပ်ထွေးသည်။ ကျိုးရှန့်မင်က ထုန်ရန်းနှင့် ကျိုးကျားရှော၏ ပက်သက်မှုကို သိမသိလည်း ထုန်ရန့်မသိရာ ဘယ်လို ရှင်းပြရင်ကောင်းမလဲ ထုန်ရန့်စဉ်းစားနေမိသည်။

နောက်ဆုံးတော့ အရဲစွန့်ကာပြောလိုက်သည်။
"အိမ်မှာ omegaတသ်ယောက်ရောက်နေတယ်၊ ပြီးတော့..ဟို..သူက estrus ကာလအတွင်းကြီးမို့လို့"

ကျိုးရှန့်မင် ချက်ချင်းနားလည်သွားရပြီး အနည်းငယ် အေးခဲသွားရသော်လည်း ဘာမှတော့ ပြန်မပြောချေ။

ထုန်ရန့်လည်း ရှက်နေသောကြောင့် ဘာမှ ဆက်မပြောတော့ပေ။ သို့သော်လည်း သူ့ကို့ကြည့်ရသည်မှာ တဖြည်းဖြည်း ပူလာသလိုခံစားနေရပုံပေါ်သည်။ ပြတင်းပေါက်မှန်ကို အောက်သို့ အနည်းငယ်လျောချ၍ လေပိုရရန် လုပ်မိသည်။ ကျိုးရှန့်မင်က အမှတ်မထင်သူ့ကို အမှတ်မထင် လှမ်းကြည့်လိုက်မိသည်။

"ထုန်ထုန်"

ကျိုးရှန့်မင်က ရေရွတ်သလိုခေါ်လာသည်။

"ဗျာ"

"ဘာလို့ မင်းမျက်နှာက အဲ့လောက်ရဲနေရတာလဲ"

ထုန်ရန့် သူ့မျက်နှာကို ထိကြည့်လိုက်သည်။ ထိရသည်တောင် ပူနေသည်။

"မသိဘူး…ဒီတိုင်း… ပူနေတယ်…"

ပြောပြီးနောက် ထုန်ရန့် စိတ်ထဲတွင် ဗလာကျင်းသွားသည်။ ခုနက ကျိုးကျားရှော estrusကနေ သူ့ဆီကို သက်ရောက်တဲ့ လှုံ့ဆော်မှုများလား။

•°•°•°•°•°•°•°•°•°•

(Zawgyi)

ထုန္ရန္းကို ၾကၫ့္ရသည္မွာ အလြန္အမင္း စိတ္ဖိစီးမႈေၾကာင့္ တစ္ခ်က္မွ မနားရေသးပံုေပၚသည္။ ညီအစ္ကို ႏွစ္ေယာက္ အိမ္ထဲသို႔ ဝင္လာၿပီးေနာက္ ထုန္ရန႔္အား အေသးအဖဲြကိစၥအခ်ိဳ႕အား ေမးျမန္းကာ ညစာအတြက္ deliveryမွာလိုက္သည္။ ထို႔ေနာက္ ခ်က္ခ်င္းပင္ တစ္ခုခုအား စိုးရိမ္ေနဟန္ျပန္ေပၚလာသည္။

ဧၫ့္ခန္းထဲတြင္ ဦးတည္ခ်က္မဲ့စြာ ဟိုဘက္ဒီဘက္ လမ္းေလ်ွာက္ေနၿပီးေနာက္ ေနာက္ဆံုးတြင္ delivery ေရာက္လာသည္အထိ မေစာင့္ႏိုင္ေတာ့ပဲ ညစာစားၿပီးေနာက္ အိပ္ရာေစာေစာဝင္ရန္ ၫႊန္ၾကားခ်က္မ်ားေပးကာ တံခါးမႀကီးဆီသို႔ ေျပးသြားေတာ့သည္။

ထုန္ရန္းဝတ္ထားေသာ သားေရဂ်ာကင္မွာ သူ႔ဂ်ာကင္မဟုတ္မွန္း မည္သူၾကၫ့္ၾကၫ့္သိသာေနသည္။ အေပၚပိုင္းမွာ ထုန္ရန္း sizeေအာက္ တစ္sizeမ်ွ ေသးေနေသာ္လည္း အလြန္အမင္း ဆဲြဆန႔္ထားျခင္းမဟုတ္လ်ွင္ေတာ့ သတိမထားမိႏိုင္ေပ။

ထို႔အျပင္ ထုန္ရန္းအား ေသခ်ာ နီးနီးကပ္ကပ္ၾကၫ့္လ်ွင္ သူ႔မ်က္ႏွာေပၚရိွ ပင္ပန္းႏြမ္းနယ္ေနမႈကို ျမင္ႏိုင္သၫ့္အျပင္ မ်က္ဝန္းမ်ားမွာ ေသြးေရာင္သြမ္းဟန္ နီေစြးေစြးရိွ၏။ သူ၏ ငယ္ရြယ္မႈေၾကာင့္ မ်က္ႏွာေပၚရိွ ႏြမ္းနယ္မႈမွာ သိပ္မသိသာေသာ္လည္း ဒီေန့အတြက္ မုတ္ဆိတ္ေမႊးပင္ မရိတ္ရေသးပံုေပၚၿပီး ေသးလြန္းေသာ ဂ်ာကင္အျပင္ ေအာက္ခံ ရွပ္အက်ႌကပင္ တြန႔္ေၾကေနသည္။

ဘာျဖစ္ေနသလဲဆိုတာ ထုန္ရန႔္ သူ႔ကို ေမးခဲ့ပါသည္။ အစပိုင္းတြင္ ဘာၿမွပန္မေျဖပဲ တိတ္ဆိတ္ေနခဲ့ရာ သူ ထုတ္ေျပာလာေစရန္ ထုန္ရန႔္ အစြမ္းကုန္ႀကိဳးစားခဲ့ၿပီး အေဖႏွင့္ တိုင္ေျပာမည္ ဟူ၍ေတာင္ ၿခိမ္းေျခာက္ခဲ့ရသည္။ ထိုသို႔ေျပာေသာအခ့ ထုန္ရန္းက သူ႔ကိုၾကၫ့္လာၿပီး ရုတ္တရက္ ႏႈတ္ခမ္းတစ္ဖက္တည္းပင့္ၿမွောက္၍ ႃပံုးလိုက္ကာ
"အေဖနဲ႔ ဘာကိုတိုင္ေျပာမွာလဲ၊ ဒီက အစ္ကိုႀကီးက မင္းရဲ့ ေယာင္းမကို သြားရွာမလို႔ဟာကို"

အလုပ္ႏွင့္ မပက္သက္လ်ွင္ မ်ားေသာအားျဖင့္ ထုန္ရန္းမွာ ခပ္ေပါ့ေပါ့သာေနတတ္ၿပီး တစ္ခါတစ္ရံ ထုန္ရန႔္ကို ေဒါသထြက္ေစေလာက္ေအာင္ကို စေနာက္တတ္သည္။ ဤသို႔ လူယုတ္မာအႃပံုးမ်ိဳးက ထုန္ရန႔္ကို လန႔္ေစပါသည္။

သို႔ေသာ္လည္း သူ၏ အတင္းတုပ္ေနေသာ စိတ္ေလးမွာ အျပင္သို႔ထြက္ေျပာရန္ပင္ အခြင့္အေရးမရပဲ ထုန္ရန္း ကားစက္ႏိႈးလိုက္ေသာအခါ ထူပိန္းေသာ အိတ္ေဇာေငြ့မ်ားျဖင့္ ျမင္ကြင္းကို တားဆီးခံလိုက္ရသည္။

သို႔ေသာ္ ညသန္းေခါင္ယံအခ်ိန္၌ ခုနက အလ်ွင္စလို ထြက္သြားေသာ ထုန္ရန္းမွာ ေမ်ွာ္လင့္ခ်က္ကင္းမဲ့ေနသၫ့္ ပံုစံ၊ စိတ္ပ်က္လက္ပ်က္ အေနအထားျဖင့္ အိမ္ျပန္ေရာက္လာကာ ပထမထပ္ရိွ 3Dတီဗီြဖန္သားျပင္၌ သရဲကားခိုးၾကၫ့္ေနသၫ့္ ထုန္ရန႔္ကို လက္ပူးလက္ၾကပ္ မိသြားေတာ့သည္။

ဒီတစ္ခါေတာ့ က်ိဳးရွန္မင္ပင္ သူ႔ကိုဆူစရာမလိုေတာ့ပဲ က်န္သၫ့္ အားလပ္ရက္ အေတာအတြင္း အင္တာနက္ အသံုးျပဳမႈကို ပိတ္ထားႏိုင္သည္။

ဤသည္မွာ ထုန္ရန္း အိမ္ထဲဝင္လာေသာအခါ ထုန္ရန႔္စိတ္ထဲ၌ ေပၚလာေသာ တစ္ခုတည္းေသာ အေတြးျဖစ္သည္။

သို႔ေသာ္လည္း ထုန္ရန္းကိုၾကၫ့္ရသည္မွာ ထုန္ရန႔္အား ျပႆနာရွာခ်င္ပံုမရပဲ လက္ထဲတြင္ ခုနက သူဝတ္သြားေသာ သားေရဂ်ာကင္ကို ပိုက္ထားရင္းျဖင့္ ထုန္ရန႔္ ၾကမ္းျပင္ေပၚ၌ထိုင္ရင္း မွီထားေသာ ဆိုဖာေပၚသို႔ စိတ္လြတ္ကိုယ္လြတ္ သူ႔ကိုယ္သူ ပစ္လွဲခ်လိုက္သည္။

ဖန္သားျပင္ေပၚရိွ သရဲမသည္ ဝမ္းနည္းပူေဆြးစြာျဖင့္ ေအာ္ညည္းတမ္းတေနဆဲျဖစ္သည္။ ထုန္ရန္းကို ၾကၫ့္ရသည္မွာ အရက္ေသာက္လာပံုရေသာေၾကာင့္ တီဗီြကို ပိတ္ကာ အေပၚထပ္ရိွ အိပ္ခန္းသို႔သြားရန္ ထုန္ရန႔္ ျပင္လိုက္သည္။

"ဘာၾကၫ့္ေနတာလဲ"

သူလြတ္ေျမာက္ကာနီးမွ ထုန္ရန္းက မ်က္လံုးေပၚ အုပ္ထား​ေသာ လက္ေမာင္းကို ဖယ္ကာေမးလာသည္။

"သ..သရဲကား" ထုန္ရန႔္က အသံတိုးတိုးျဖင့္ ျပန္ေျဖလိုက္သည္။

"ဖြင့္လိုက္၊ဖြင့္လိုက္" ထုန္ရန္း ဆိုဖာေပၚမွ လိွမ့္ခ်လာၿပီး ၾကမ္းျပင္၌ ထိုင္လိုက္ကာ ေျပာလာသည္။

"တူတူၾကၫ့္ၾကတာေပါ့"

ထုန္ရန႔္လည္း ခပ္ျမန္ျမန္ ျပန္ေလ်ွာက္လာၿပီး ဇာတ္ကားကို ျပန္ဖြင့္လိုက္သည္။

"သူအရင္က ဘာလုပ္တာလဲ"

ထုန္ရန႔္ ေခတၲ တုန႔္ဆိုင္းသြားၿပီးေနာက္ ထုန္ရန္းက သရဲမအေၾကာင္းေမးလာသည္ကို သိသြားကာ

"သူက အရင္တုန္းက ေက်ာင္းဆရာမ"

"ဆရာမ ဟုတ္လား"

"ဒါဆို ဘာလို႔ လူေတြကို လိုက္ေျခာက္ေနတာလဲ"

ထုန္ရန႔္: "သူက စြန႔္ပစ္ခံလိုက္ရၿပီးေတာ့၊ သူ႔ကေလးကလည္း ေသသြားတယ္၊ အဲ့ေတာ့ သူ႔ကို စြန႔္ပစ္သြားတဲ့ ေယာက်ာ္းအိမ္ကိုသြားၿပီး ကိုယ့္ကိုယ္ကိုသတ္ေသခဲ့တာ၊ ၿပီးေတာ့ သရဲျဖစ္လာတာပဲ"

"ဟား......" ထုန္ရန္းက နဖူးျပင္ကို ႏိွပ္ေနရင္းျဖင့္ ဆိုလာသည္။

"တကယ္ကို ေစာက္ရမ္း ဝမ္းနည္းဖို႔ေကာင္းတာပဲ"

ထုန္ရန႔္ သတိႀကီးစြာျဖင့္ေမးလိုက္သည္။

"အစ္ကို ေသာက္လာတာလား"

ထုန္ရန႔္က ျငင္းဆိုဟန္ ညည္းၫူလိုက္ၿပီး ခဏအၾကာမွ ေျပာလာသည္။
"ငါ ဝိုင္အတုေသာက္ခဲ့လို႔မ်ားလား..ဒီလို ကံဆိုးတဲ့ မ်က္ႏွာကို မင္း ျမင္ဖူးလား"

ထုန္ရန္းကို ေသခ်ာၾကၫ့္ရန္ ေခါင္းကို ပိုနီးေအာင္လွၫ့္လိုက္သည္။ ထူထဲေသာ မ်က္ခံုးတန္းမ်ား၊ မ်က္ဝန္းအိမ္ က်ယ္က်ယ္ႏွင့္ ေခ်ာေမာေနေသးေသာ္လည္း ဖရိုဖရဲႏွင့္ ႏႈတ္ခမ္းေမႊးလည္း မရိတ္ရေသးေသာအခါ အေတာ္ေလးကို ကံမေကာင္းျဖစ္ေနဟန္ေပါက္သည္။

ထုန္ရန႔္ ေခါင္းခါလိုက္ရင္းျဖင့္

"ဟင့္အင္း…တစ္ခါမွ မေတြ့ဖူးဘူး"

ထုန္ရန္းက ႏႈတ္ခမ္းကို ဖိကိုက္လိုက္ရင္းျဖင့္
"ငါမင္းကို တကယ္ ပိတ္ရိုက္ခ်င္လိုက္တာ၊ ဒါေပမဲ့ သည္းခံလိုက္ပါ့မယ္ေလ"လေ"

ထိုသရဲမက အေဆာက္အဦးတစ္ခု၏ ေခါင္မိုးထပ္တြင္ သူမ၏ ကေလးအား ေပြ့ဖက္လိုက္သည္။ ထုန္ရန႔္လည္း ထုန္ရန္းေဘးမွ အနည္းငယ္ ခိုးေၾကာင္ခိုးဝွက္ ခႏၶာကိုယ္ကို အနည္းငယ္ ေရႊ့ကာ ေမးလိုက္သည္။

"ေျပာေတာ့ ငါ့ေယာင္းမကို သြားရွာမလို႔ဆို၊ ေယာင္းမက ဘယ္မွာလဲ"

ထုန္ရန္း ေခါင္းကိုက္လာသလို အမူအရာျဖင့္ ျပန္ေျဖလာ၏။

"ထြက္ေျပးသြားၿပီ"

ထုန္ရန္းမွာ omega တစ္ေယာက္၏ estrus ကာလအတြင္း၌ ေစာင့္ေရွာက္ေပးမႈ ၿပီးကာစျဖစ္သည္မွာ သိသာလွသည္။ ထုန္ရန႔္က ထံုထိုင္းသၫ့္သူ မဟုတ္ေသာေၾကာင့္ ထုန္ရန္း ကိုယ္ေပၚမွရေသာ အနံ႔အနည္းငယ္ကိုဖယ္လိုက္လ်ွင္ေတာင္မွ သူ၏ အမူအရာႏွင့္ အၾကၫ့္ကို ၾကၫ့္ျခင္းျဖင့္ပင္ သိႏိုင္ေပသည္။

သို႔ေသာ္လည္း ယခု အေျခအေနက အနည္းငယ္ေတာ့ ကြာျခားသည္။ မ်ားေသာအားျဖင့္ estrus ကာလကို အတူကုန္ဆံုးခ်င္လ်ွင္ တစ္ဦးႏွင့္ တစ္ဦး မိတ္ဖက္ အျဖစ္သက္မွန္ျခင္းသည္ အေကာင္းဘက္ေဆာင္ေသာ္လည္း တစ္ခါတစ္ရံေတာ့ ထိုသို႔ ျပဳလုပ္ျခင္းမွာ ဥပေဒနည္းက် နည္းလမ္းအတိုင္း အတူေနျခင္းထက္ေတာ့ မ်ားစြာ ပူပန္ရတတ္သည္။ ရုပ္ပိုင္းဆိုင္ရာအရေရာ စိတ္ပိုင္းဆိုင္ရာ အရပါ estrusကာလ ၿပီးၿပီးျခင္း alphaျဖစ္ပါေစ၊ omegaျဖစ္ပါေစ ကိုယ့္ ပါတနာျဖင့္ ခ်က္ခ်င္း ခဲြခြာ၍ မရေခ်။ ထုန္ရန္းအေနျဖင့္ betaတစ္ေယာက္ျဖစ္ေသာ္လည္း pheromoneမ်ားေၾကာင့္ သက္ေရာက္မႈ မခံရတာမ်ိဳးမဟုတ္၊ အနည္းႏွင့္အမ်ားေတာ့ သက္ေရာက္မႈရိွသည္ပင္။ ဒါေပမဲ့ ဒီေက်းဇူးမသိတတ္ေသာ omegaေလးက estrus ၿပီးၿပီးခ်င္းပင္ သူ႔ဆီမွ ထြက္ေျပးသြားသည္တဲ့ေလ!

ထုန္ရန္းက တစ္ေယာက္ေယာက္ကို ဖိအားေပးမၫ့္ ပံုစံမ်ိဳးမဟုတ္သည္ကို ထုန္ရန္႔ အတိုင္းမသိယံုေသာေၾကာင့္ ဤသို႔ေသာ အေျခအေနက အနည္းငယ္ေတာ့ ပို၍ ထူးဆန္းပါသည္။

အမွန္တကယ္ကို စိတ္ဓာတ္က်ေနပံုေပၚေသာေၾကာင့္ ထုန္ရန႔္ ဆန္ျပဳတ္အျပၫ့္ရိွေနေသးေသာ ပန္းကန္ကို ေဘးသို႔ အနည္းငယ္တြန္းပို႔ေပးလိုက္ၿပီး
"ဒါေသာက္လိုက္ေလ၊ ေကာင္းမေကာင္း စမ္းေသာက္ထားေပမဲ့ ငါ့ဇြန္း ျပန္မထၫ့္ရေသးဘူး"

ေျပာင္းဖူးဆန္ျပဳတ္ အျပၫ့္ရိွေသာ ပန္းကန္ကို ျမင္လ်ွင္ျမင္ခ်င္း ထုန္ရန္း တံေတြးတစ္ခ်က္ ၿမိဳခ်မိသည္။

တြက္ၾကၫ့္ေတာ့ သူဘာမွမစားရတာ ႏွစ္ရက္ေတာင္ရိွၿပီပဲ။ ဟိုတယ္ခန္းထဲမွာ အသံုးမက်တဲ့ ကြန္ဒံုးေတြနဲ႔ ေခ်ာဆီဘူးမ်ားမွလဲြၿပီး ဘာမွ စားစရာမရိွခဲ့။ estrus ကာလအတြင္းတြင္ omegaမ်ားမွာ အလြန္ကို ဂ်ီက်ၿပီး အျခားသူမ်ား၏ အနားကပ္ျခင္းကိုေတာင္ မခံႏိုင္ေသာေၾကာင့္ ႏွစ္ရက္လံုးလံုး ေရပဲေသာက္ရင္းျဖင့္ သူ႔မွာ ရွင္သန္ခဲ့ရသည္။

အဲ့ဒီ ေကာင္ဆိုးေလးလိုခ်င္သမ်ွ ႏိုးႏိုးခ်င္း အကုန္ေပးခဲ့ၿပီး သူအိပ္ေပ်ာ္ေနစဉ္တြင္ သူ႔ကို ေရခ်ိဳးေပးရင္း၊ သန႔္ရွင္းေရးလုပ္ေပးရင္း၊ ေျခေထာက္ႏွင့္ ခါးတို႔ကို ႏိွပ္နယ္ေပးရင္းျဖင့္ အလုပ္မ်ားေနခဲ့သည္။ ထိုကိစၥမ်ားကို တစ္ပတ္နီးပါး ႀကိဳတင္၍ ေစာင့္ကာ ေနေပးခဲ့ေသာ္လည္း estrus ၿပီးကာစ သူခဏေလး အျပင္ထြက္သၫ့္အခ်ိန္၌ ထြက္ေျပးသြားသတဲ့ေလ…။

ထပ္ၿပီးေတာ့ ထြက္ေျပးသြားတယ္!

ထုန္ရန္း ဆန္ျပဳတ္ ဇြန္း အနည္းငယ္ကို ထပ္မံ ၿမိဳခ်လိုက္သည္။ က်န္ေနေသးေသာ ေကာ္ျပန႔္လိပ္ေၾကာ္မ်ားကိုလည္း ထုန္ရန္းဘက္သို႔ တိုးေပးလိုက္သည္။ ထုန္ရန္းက သူ႔ကို ေပေစာင္းေစာင္းၾကၫ့္လာၿပီး ထိုအက်န္မ်ားကို မစားပဲနဲ႔ ေျပာလာသည္။
"အြိုင္း..မင္းအက်န္ေတြက ေရႊပန္းကန္နဲ႔ထၫ့္ထားတာမို႔လို႔လား"

"ဘာမွမစားပဲ အငတ္ခံတာထက္ေတာ့ ပိုသာတယ္ေလ၊ ဒီအခ်ိန္ႀကီး ဘယ္ဆိုင္က ဖြင့္ေတာ့မွာလဲ"

"…အခ်ိန္?" ထုန္ရန္းကေျပာလာသည္။
"ဘာကိစၥနဲ႔ မင္းက အိပ္ရာမဝင္ေသးတာလဲ"

ထုန္ရန႔္ သူ႔အနားကပ္ေနရာမွ သတိႀကီးစြာျဖင့္ ေနာက္ျပန္ဆုတ္လိုက္ၿပီး
"ထုန္.. ထုန္ရန္း မင္းဘာသာ စိတ္မေပ်ာ္တိုင္း ငါ့ကို ေဒါသလာမထြက္နဲ႔ေနာ္၊ ငါစားလက္စဟာေတြေတာင္ မင္းကို ကၽြေးထားတာ"

"အခန္းထဲသြားေတာ့"

ထုန္ရန္းကို ျပန္ အေၾကာင္းျပမိေသာ္လည္း အမ်ားႀကီးေတာ့ ယံုၾကည္မႈမရိွေခ်။ သူအခုထိ မအိပ္ရေသးေသာ အေၾကာင္းကို ကိုင္စဲြ၍ သူ႔အား ၿခိမ္းေျခာက္မည္ကိုသာ ပိုစိုးရိမ္ရသည္။ ေရြးခ်ယ္စရာမရိွပဲ အေပၚထပ္သို႔ တတ္ရင္းျဖင့္ ေမးလိုက္သည္။

"ငါ့ေယာင္းမကေရာ? မင္းသူ႔ကို သြားမရွာဘူးလား၊ မင္းငါ့ကို လာရွာတုန္း သူေပ်ာက္သြားတာေရာမျဖစ္ႏိုင္ဘူးလား။ ဘာလို႔ သူ႔ကို ၾကၫ့္ထားဖို႔ လူတစ္ေယာက္မရွာထားႏိုင္ရတာလဲ...အိုး ႏိုး ငါ့အစ္ကိုႀကီး မင္းသူမ်ားေတြကို ဖိအားေပးခဲ့တယ္လို႔ေတာ့ ငါ့ကို မေျပာ..."

ညသန္းေခါင္ထိ လူရွာေနရေသာ ထုန္ရန္းက သူစီးထားေသာ ေျခၫွပ္ဖိနပ္ကို ခၽြတ္ကာ ထုန္ရန႔္ဆီသို႔ ပစ္ေပါက္လိုက္ကာ
"အိပ္ေတာ့ သြား!"

အိမ္၏ တံခါးမႀကီးထံမွ လူေခၚ ေခါင္းေလာင္းသံ ျမည္လာသည္။

ထုန္ရန္းႏွင့္ ထုန္ရန႔္ တစ္ေယာက္ကိုတစ္ေယာက္ အလန႔္တၾကား ၾကၫ့္လိုက္မိသည္။

တိတ္ဆိတ္ေနေသာ အေျခအေနတြင္ စကားစေျပာသူမွာ ထုန္ရန႔္ျဖစ္သည္။
"အဲ့ဒါ သရဲလား"

ထုန္ရန္းက သစၥာေဖာက္ၿပီး
"မင္းေနာက္မွာေလ" ဟု ထေျပာသည္။

ထုန္ရန႔္ ေအာ္လိုက္ၿပီး ထုန္ရန္းရိွရာသို႔ ေျပးဆင္းလာသည္။

ထုန္ရန္းက ေျခဗလာျဖင့္ တံခါးရိွရာသို႔ ေလ်ွာက္သြားလိုက္သည္။ ေၾကာက္ေနေသာ ထုန္ရန႔္မွာ ထုန္ရန္း၏လက္ေမာင္းတစ္ဖက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားလ်က္။
တံခါးဆဲြဖြင့္လိုက္ၿပီးေနာက္ ထုန္ရန္းတို႔ ညီအစ္ကိုႏွစ္ေယာက္လံုး ေၾကာင္အစြာေငးေနမိသည္။

က်ိဳးက်ားေရွာမွာ အနက္ေရာင္ ေအာက္ခံ ဂ်ာကင္ကို ဝတ္ထားၿပီး ဆံပင္အနက္ေရာင္ႏွင့္ ည၏ ေမွာင္မိုက္မႈပါ ထၫ့္ေပါင္းလိုက္ေသာအခါ သူ႔ အသားအေရမွာ ပို၍ေတာင္ ျဖဴဆြတ္သြားသည္။ နီရဲေနေသာ ပါးမ်ားေၾကာင့္ ျဖဴေဖ်ာ့ေနေသာလူေသေကာင္ႏွင့္ေတာ့မတူေပ။ ႏႈတ္ခမ္းမ်ားမွာလည္း လတ္လတ္ဆတ္ဆတ္ ခ်ယ္ရီသီးမ်ားလို ရဲတြတ္လ်က္။ သူ႔မ်က္မွာေပၚတြင္ မေက်နပ္ေသာ အၾကၫ့္တစ္ခ်က္ကရိွေနၿပီး ထုန္ရန္းကို ျမင္ေသာအခါ မ်က္ေတာင္ႏွစ္ခ်က္မ်ွ ခတ္လိုက္ရာ မ်က္ရည္မ်ား အဆက္မျပတ္က်ဆင္းလာေတာ့သည္။

ထုန္ရန္းမွာ ေခတၲမ်ွ အသိလြတ္ေနခဲ့ၿပီးမွ အသိျပန္ဝင္လာခဲ့ဟန္တူသည္။ ထုန္ရန႔္ကိုင္ထားသၫ့္လက္ကို ဆဲြခြာပစ္ၿပီး က်ိဳးက်ားေရွာကို သူ႔ရင္ခြင္ထဲ ဆဲြသြင္း၍ ခါးကိုဖက္လိုက္ကာ မ်က္ႏွာကို ခပ္ဖြဖြ ဆုပ္ကိုင္ရင္းျဖင့္ ေမးလိုက္သည္။

"ဘယ္ေရာက္ေနခဲ့တာလဲ! ငါမင္းကို ဘယ္ေလာက္ေတာင္လိုက္ရွာ..."

က်ိဳးက်ားေရွာ အေနာက္တြင္ ရပ္ေနေသာလူမွာ သည္းမခံႏိုင္ေတာ့ပဲ ဝင္၍ ေျပာလာသည္။
"လူငယ္ေလး မင္းရဲ့ omegaကို estrusကာလအတြင္း ဘယ္လိုမ်ား ေပ်ာက္ေအာင္ေနရသလဲ၊ အျပင္မွာ ဘယ္ေလာက္ အႏၲရာယ္မ်ားမွန္း မင္းမသိဘူးလား"

ထုန္ရန္း: "ဒါနဲ႔ ဘယ္သူပါလဲ"

လူႀကီးက အေနာက္ရိွ အငွားကားကို လက္ၫွိုးထိုးျပရင္းျဖင့္
"ငါသူ႔ကို ဒီကို လိုက္ပို႔ေပးလာတာ။ ဒီအခ်ိနါႀကီး တကၠစီ ရဖို႔ဆိုတာ မလြယ္ဘူးေလ၊ ၿပီးေတာ့ ဒီေနရာကလည္း လမ္းေၾကာင္းမသင့္ဘူး"

"ပိုက္ဆံ မရိွဘူး" က်ိဳးက်ားေရွာက ထုန္ရန္း၏ လည္တိုင္ကို ဖက္တြယ္ရင္းျဖင့္ နားနားကပ္ကာေျပာလာသည္။
"ကားခ ေပးစရာမပါလာဘူး"

"ရပါတယ္ ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူး"
ထုန္ရန္းက ေခါင္းငံု႔လိုက္ၿပီး က်ိဳးက်ားေရွာ၏ နားရြက္ေလးကို ႏွစ္သိမ့္သလို တစ္ခ်က္နမ္းလိုက္ေသာ္လည္း လႈပ္ရွားမႈမ်ားက အနည္းငယ္ေတာင့္တင္းေနေသးသည္၊

"ထုန္ရန႔္..ထုန္ထုန္ ကားခ ပိုက္ဆံသြားယူ သြား။ ဖိနပ္စင္ေပၚမွာရိွလား ၾကၫ့္ၾကၫ့္"
ထုန္ရန္း အသံက တုန္ယင္လာသည္။

သူ၏ အလြတ္ျဖစ္ေနေသာ အက်ႌ အိတ္ကပ္ကို စမ္းၾကၫ့္ရင္းျဖင့္ နဖူးေပၚရိွခၽြေးမ်ားကို သုတ္လိုက္ကာ ေနာက္ဆံုးတြင္ေတာ့ က်ိဳးက်ားေရွာကို ေကာက္ေပြ့လိုက္ၿပီး သူကိုယ္တိုင္ ပိုက္ဆံသြားယူရန္လွၫ့္လာသည္။ ႏွစ္ဦးသား မ်က္ႏွာခ်င္းဆိုင္မိေသာအခါ သူ႔မ်က္ႏွာကို က်ိဳးက်ားေရွာ လည္ပင္းတြင္ ႏွစ္ျမဳပ္လိုက္ရင္းျဖင့္ က်ိဳးက်ားေရွာအား ၾကင္ၾကင္နာနာျဖင့္ အေပၚထပ္ရိွ အိပ္ခန္းသို႔ ေပြ့သြားရင္း ထုန္ရန႔္အား အဆက္မျပတ္ ၫႊန္ၾကားမႈမ်ားေပးလာသည္။

"မရိွရင္ ထပ္ၿပီးရွာၾကၫ့္လိုက္.."

"သိပါတယ္၊ ငါေပးလိုက္ပါ့မယ္"

"က်ိဳးရွန႔္မင္ကို မင္းကို အခုလာႀကိဳဖို႔ ဖုန္းဆက္လိုက္". ေနာက္ဆံုးအေနျဖင့္ က်ိဳးရွန႔္မင္က ေျပာလာသည္။

ထုန္ရန႔္ ကားခ ေပးၿပီးေသာအခါ ထုန္ရန္းကို အစေတာင္ရွာမရေတာ့ေပ။ အိမ္ေရ႔ွတံခါးကို ေလာ့ခ်လိုက္ၿပီး ဧၫ့္ခန္းထဲျပန္ဝင္လာကာ မီးမ်ားဖြင့္ၿပီး ထိုင္ေနလိုက္ကာ တီဗီြထဲရိွ သရဲမကို အေတြးမ်ားစြာၾကားမွ ေၾကာင္ေငးၾကၫ့္ေနမိသည္။

သရဲကားေတြကဘာလို႔မ်ား လက္ေတြ့မွာပါ ေၾကာက္ဖို႔ေကာင္းရတာလဲ…။

ခုနကေကာင္ေလးက က်ိဳးက်ားေရွာမလား။ ဘာလို႔မ်ား သူမယံုၾကည္ႏိုင္ ျဖစ္ေနရတာပါလိမ့္။

ဒါေပမဲ့ ေသခ်ာတာက သူဤအိမ္၌ ဆက္ေန၍မရေခ်။ က်ိဳးက်ားေရွာေရာ သူပါ အဆင္ေျပမည္မဟုတ္ေပ။

ထုန္ရန္းသယ္ေဆာင္လာေသာ pheromoneနံ႔မ်ားနဲ႔တင္ သူ႔အတိုင္းအတာကို ေက်ာ္လြန္ခါနီးျဖစ္ေနသၫ့္အျပင္ ယခု အိမ္၌ပါ estrusကာလ မၿပီးေသးသၫ့္ omegaတစ္ေယာက္ပါထပ္ေရာက္လာသည္။
မၾကာခင္ သူ႔ေရာဂါ ျပန္ထလာရင္ဘယ္လိုလုပ္မလဲ။

ထုန္ရန႔္ က်ိဳးရွန႔္မင္ကို ဖုန္းေခၚေသာအခါ က်ိဳးရွန႔္မင္မွာ အိပ္ေတာင္ေပ်ာ္ေနၿပီျဖစ္ေသာ္လည္း ထုန္ရန႔္က လာေခၚဖို႔ေျပာသၫ့္အခါ ခ်က္ခ်င္း ထကာ အိမ္ကာထြက္လာသည္။ ဘာ့ေၾကာင့္ လာေခၚခိုင္းလဲဆိုတာေတာင္ မေမးေပ။

ဒီအခ်ိန္ႀကီး လမ္းလဲ မပိတ္ေသာေၾကာင့္ က်ိဳးရွန႔္မင္ ခပ္ျမန္ျမန္ပင္ေရာက္လာသည္။ အိမ္ေနရင္း အဝတ္မ်ားျဖင့္ပင္ေရာက္လာျခင္းျဖစ္သည္။ သူ ကားလမ္းေပၚတြင္ အာရံုစိုက္ေနစဉ္ ထုန္ရန႔္ ခပ္ရွက္ရွက္ႏွင့္ပင္ေျပာလိုက္သည္။

"အဆင္မေျပ ျဖစ္ေစလို႔ ေတာင္းပန္ပါတယ္"

"အိမ္မွာ​ဘာျဖစ္လို႔လဲ" အခုမွ သတိရဟန္ျဖင့္ ေမးလာသည္။
"ဒီအခ်ိန္ႀကီးမွ လာေခၚခိုင္းတာ ဘာမ်ားျဖစ္လို႔လဲ"

အေျခအေနက ရႈပ္ေထြးသည္။ က်ိဳးရွန႔္မင္က ထုန္ရန္းႏွင့္ က်ိဳးက်ားေရွာ၏ ပက္သက္မႈကို သိမသိလည္း ထုန္ရန႔္မသိရာ ဘယ္လို ရွင္းျပရင္ေကာင္းမလဲ ထုန္ရန႔္စဉ္းစားေနမိသည္။

ေနာက္ဆံုးေတာ့ အရဲစြန႔္ကာေျပာလိုက္သည္။
"အိမ္မွာ omegaတသ္ေယာက္ေရာက္ေနတယ္၊ ၿပီးေတာ့..ဟို..သူက estrus ကာလအတြင္းႀကီးမို႔လို႔"

က်ိဳးရွန႔္မင္ ခ်က္ခ်င္းနားလည္သြားရၿပီး အနည္းငယ္ ေအးခဲသြားရေသာ္လည္း ဘာမွေတာ့ ျပန္မေျပာေခ်။

ထုန္ရန႔္လည္း ရွက္ေနေသာေၾကာင့္ ဘာမွ ဆက္မေျပာေတာ့ေပ။ သို႔ေသာ္လည္း သူ႔ကို႔ၾကၫ့္ရသည္မွာ တျဖည္းျဖည္း ပူလာသလိုခံစားေနရပံုေပၚသည္။ ျပတင္းေပါက္မွန္ကို ေအာက္သို႔ အနည္းငယ္ေလ်ာခ်၍ ေလပိုရရန္ လုပ္မိသည္။ က်ိဳးရွန႔္မင္က အမွတ္မထင္သူ႔ကို အမွတ္မထင္ လွမ္းၾကၫ့္လိုက္မိသည္။

"ထုန္ထုန္"

က်ိဳးရွန႔္မင္က ေရရြတ္သလိုေခၚလာသည္။

"ဗ်ာ"

"ဘာလို႔ မင္းမ်က္ႏွာက အဲ့ေလာက္ရဲေနရတာလဲ"

ထုန္ရန႔္ သူ႔မ်က္ႏွာကို ထိၾကၫ့္လိုက္သည္။ ထိရသည္ေတာင္ ပူေနသည္။

"မသိဘူး…ဒီတိုင္း… ပူေနတယ္…"

ေျပာၿပီးေနာက္ ထုန္ရန႔္ စိတ္ထဲတြင္ ဗလာက်င္းသြားသည္။ ခုနက က်ိဳးက်ားေရွာ estrusကေန သူ႔ဆီကို သက္ေရာက္တဲ့ လႈံ႔ေဆာ္မႈမ်ားလား။

•°•°•°•°•°•°•°•°•°•

Continue Reading

You'll Also Like

297K 17K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
247K 39.9K 102
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
447K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
116K 11.5K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...