Secreen ပေါ်မှာ 5 minute Countdown ဆိုတဲ့စာသားကြီးထင်းနေအောင်ပေါ်လာတယ်။
ကျန်းစစ်လော့ ဒုတိယအကြိမ် လျို့ဝှက်ကုတ်ဒ်ဖြည့်နေကတည်းက ချင်းယီ တစ်ယောက် ကျန်းစစ်လော့ကို
လည်ပင်းညှစ်ပြီးသတ်ချင်နေပြီ။
//ထင်ရာမြင်ရာကို တဇွတ်ထိုးထလုပ်နေရအောင် ကျန်းစစ်လော့ဘာများဖြစ်နေတာလဲ?သူက ဒီလိုလူစားမျိုးမဟုတ်ပါဘူး//
သေရေးရှင်ရေး ဖြစ်နေတဲ့ အချိန်မှာ ဆွေးနွေးညှိနှိုင်းဖို့အချိန်မရှိဘူးလေ။မှင်တို့ပြီးပြီဆိုမှတော့ စာရေးတာဖြစ်ဖြစ်၊ပုံဆွဲတာဖြစ်ဖြစ် တစ်ခုခုတော့ လုပ်ရတော့မှာပဲ။ဒီလူတွေအကုန်လုံး ကို တောင်အောက်မှာ မြေမြှုပ်ပစ်မိမှာကိုသေလောက်အောင် ကြောက်နေတယ်။
"ငါအရင်တုန်းက ဒီလျို့ဝှက်ကုတ်ဒ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်တာပါ..."
အကုန်လုံး မျက်ကလူးဆန်ပြာဖြစ်နေချိန်မှာ ကျန်းစစ်လော့ တိုးတိုးလေးရေရွတ်လိုက်တဲ့ စကားသံကို လုဟန်ကတော့ ကြားဖြစ်အောင်ကြားလိုက်ပါတယ်။တခြားသူတွေက ဒါကို မသိလိုက်ပေမယ့် လုဟန်ကတော့ ဒီစကားကိုသေချာမှတ်ထားလိုက်တယ်။
//ဘာအချက်အလက်တွေကိုလျှောက်ပြောနေတာလဲ၊ဒါတွေအကုန်လုံးက ကျန်းစစ်လော့ ရဲ့လိမ်ဆင်ဇာတ်လမ်းကြီးပဲလေ//
ကျန်းစစ်လော့ အရင်ဘဝက ဒီနေရာကိုရောက်ခဲ့ဖူးတယ်။လျို့ဝှက်ကုတ်ဒ်ကို ရိုက်ထည့်ပြီး အထဲကပစ္စည်းတွေကို သယ်သွားကို သေသေချာချာ မြင်ခဲ့ဖူးတယ်။ဒါပေမယ့် ဘယ်နေရာမှာ မှားသွားမှန်း သူမသိဘူး။ဖန်ရုံရှီးပြောသလို ဒီသော့က လျို့ဝှက်ကုတ်ဒ်တစ်ခုရိုက်ထည့်ရသလောက် မလွယ်ကူဘူးနဲ့တူတယ်။
"ခေါင်းဆောင်ချင်း၊ဒီနေရာကနေ တပ်ခေါက်ပြန်ကြမလား?"
အဖွဲ့ထဲကတစ်ယောက်က ချင်းယီကိုမေးလိုက်တယ်။
"ဒီပေါက်ကွဲသံက မိုင်တစ်ရာပတ်လည်မှာရှိတဲ့ဖုတ်ကောင်တွေကို သတိပေးလိုက်သလိုဖြစ်သွားမှာကို ငါစိုးရိမ်နေတာ၊အဲ့လိုသာဆို ငါတို့ ပိတ်မိကုန်လိမ့်မယ်"
ဒေါသထွက်နေပေမယ့် ချင်းယီကတော့ ခေါင်းဆောင်ပီသစွာနဲ့အတတ်နိုင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားပြီး ဖြစ်နိုင်ချေတွေကို နည်းနည်းလေးတောင် ပြာယာမခတ်နေဘဲ ရှင်းပြလိုက်တယ်။
"မူဖေး၊ မင်း Countdown ရပ်သွားအောင်လုပ်နိုင်လား?"
မူဖေး ခဏလောက်စဉ်းစားပြီးမှပြန်ဖြေလိုက်တယ်။
" ဗို့ တစ်သောင်းအားလောက်ရှိတဲ့ လျှပ်စစ်ဓာတ်နဲဲ့ဆို အထဲက ဆားကစ်ဒ်ပြားပျက်စီးသွားလိမ့်မယ်၊ဒါဆို သတိပေးဉသြသံရော၊ Countdown ပါရပ်သွားလိမ့်မယ်"
စိတ်မကောင်းစရာတစ်ခုက ချင်းယီတို့အဖွဲ့ထဲမှာ မိုးကြိုးစွမ်းအားရှင်တစ်ယောက်မှရှိမနေတာပဲ။အခုချိန်မှာ အန္တာရာယ်တောထဲကနေ ဘယ်လို ခြေလှမ်းလှမ်းပြီး လွတ်အောင်ပြေးရမလဲဆိုတာ စဉ်းစားလို့မရဘူးဖြစ်နေတယ်။အဲ့အချိန်မှာ လုဟန်က ချင်းယီကို လက်ဆွဲ ပြီးမေးလိုက်တယ်။
"ဗို့တစ်သောင်းလျှပ်စစ်ဓာတ်ဆိုတာ ဘာကိုပြောတာလဲ?"
ဒီမေးခွန်းကို တခြားသူတစ်ယောက်ကမေးတယ်ဆိုလို့ကတော့ အရှုပ်ထုတ်တွေကြားမှာ အမှိုက်လာဖွနေရသလားဆိုပြီး ချင်းယီ အော်ဟစ်ကန်ကျောက်ပစ်မိမှာသေချာတယ်။ဒါပေမယ့် သူ့ရဲ့ကြောင်လေးCream puff ပြန်ဝင်စားတဲ့ သူကိုတော့ သူ စိတ်ရှည်ရှည်ထားပေးရမှာပေါ့။လုဟန်က ခေါတ်သစ်လူ့အဖွဲ့အစည်းနဲ့ထိတွေ့ဖူးတဲ့သူမဟုတ်တာကြောင့် နားလည်လွယ်အောင် ချင်းယီသေချာ ဉပမာပေးပြီးရှင်းပြလိုက်တယ်။
"အဲ့တာကကောင်းကင်ပေါ်က မိုးကြိုးလိုမျိုးကို ပြောတာ၊ စွမ်းအားတစ်သောင်းလောက်ပြင်းထန်ရင်ရပြီ"
[TN:သူများတွေသေရေးရှင်ရေးဖြစ်ပြီဟေ့ဆို ငလုတို့ကတော့ Ro ပြီ။မြေမြှုပ်ခံရမယ့် အဖွဲ့သားတွေအတွက်မျက်ရည်နှစ်စက်😏😏]
လုဟန် တစ်ခုခုကို သဘောပေါက်သွားတဲ့အမူအရာနဲ့ သူလွယ်ထားတဲ့ လွယ်အိတ်လေးထဲကနေ အဝါရောင်စက္ကူတစ်ရွက်ကိုထုတ်လိုက်ပြီး Secreen ပေါ်မှာကပ်လိုက်တယ်။ဘေးနားက လူတွေကတော့ လုဟန်လုပ်တာကို ကြောင်ပြီးကြည့်နေကြတယ်။ဒီလူက ပယောဂဆရာများလား?ပယောဂဆရာဖြစ်နေရင်တောင် စက်ပစ္စည်းတွေအပေါ်မှာ အင်းစက္ကူတွေလိုက်ကပ်နေရအောင်တော့ ကြောက်မနေသင့်ဘူးလေ။
လုဟန် ရဲ့လုပ်ရပ်ကိုကြည့်ပြီး ချင်းယီကတော့ ငိုရမလို၊ရယ်ရမလို ဖြစ်နေပြီ။ကျန်းစစ်လော့ကြောင့် ထွက်နေတဲ့ ဒေါသတွေတောင် ကြက်ပျောက်ဌက်ပျောက်ဖြစ်ကုန်ပြီ။
ချင်းယီက လုဟန့်ကို စနောက်ဖို့ ကြိုးစားနေစဉ်မှာ အင်းစက္ကူက လေမတိုက်ဘဲနဲ့ မီးထလောင်သွားတယ်။အင်းစက္ကူပြာဖြစ်သွားနဲ့ အပေါ်ဘက်မှာ အနက်ရောင်တိမ်တွေအုံ့ဆိုင်းလာပြီးတိမ်တိုက်ထဲက မိုးကြိုးတစ်စင်းက Secreen ရဲ့အလယ်တည့်တည့်ကို ထိမှန်သွားတယ်။
လျို့ဝှက်ကုတ်ဒ်ဖြည့်ရတဲ့ သော့ကတော့ မီးခိုးတွေတအူအူနဲ့ တစ်စဆီဖြစ်သွားရရှာပြီ။
"အဲ့တာဘာလဲ?"
ချင်းယီ အံ့သြလွန်းလို့စကားမပြောနိုင်တော့အောင် ဖြစ်သွားနေရာကနေ ခက်ခက်ခဲခဲနဲ့မေးကြည့်လိုက်ရတယ်။
"အခြေခံအဆင့် မိုးကြိုးအဆောင်"
အဆောင်ရေးဆွဲနည်း ငါးမျိုးရှိတဲ့အထဲမှာ မိုးကြိုးအဆောင်လောက်ကိုပဲလူသိများကြတယ်။ကမ္ဘာပေါ်မှာ ဝိဉာဉ်စွမ်းအင်တွေပြတ်လပ်သွားကတည်းက စွမ်းအားပြင်းတဲ့ အဆောင်တွေကို ရေးဆွဲဖို့မလွယ်ကူတော့ပေ။ယွင်လန်ရဲ့ဆရာက လိန့်ယွမ်ရဲ့ အစွမ်းကို ချေးဌားပြီး အဆောင်တစ်ချို့ ရေးဆွဲပေးခဲ့တယ်။ကျင့်ကြံရေးလောကနဲ့ လက်ရှိကမ္ဘာမြေတို့ကြားက ဆက်သွယ်မှုပျက်တောက် သွားကတည်းက အဆောင်ရေးဆွဲနည်းတွေလဲ ပျောက်ဆုံးကုန်ပြီဖြစ်တယ်။
အိတ်သေးသေးလေးတစ်လုံးနဲ့ တူတဲ့ အထုတ်ထဲကို ကြည့်ရင်း လုဟန် သက်ပြင်းချလိုက်မိတယ်။
"ဒါက ဘယ်လိုတွေ ဖြစ်နိုင်မှာလဲ?"
ချင်းယီ သူ့ရဲ့ လောကအပေါ်ထားတဲ့ အမြင်တွေ ဖျက်ဆီးခံလိုက်ရသလို ခံစားရတယ်။ကမ္ဘာပေါ်မှာ Zombie virus တွေပြန့်ပွားတုန်းက အဲ့လို ခံစားဖူးတယ်။
လုဟန်ကတော့ ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်တယ်။
"ငါက ကောင်းကင်ဆရာသခင်"
ဒီအချိန်မှာ ထပ်မေးနေလို့လဲ ဘာမှ မထူးတာကြောင့် ချင်းယီ ပုခုံးနှစ်ဖက်ကို တွန့်ပြီး စကားဆက်လိုက်တယ်။
"ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်လဲကွာ၊ဒီထဲမှာ လက်နက်တွေတင်မကဘူး ရိက္ခာတွေပါရှိတယ်"
"ရိက္ခာ"ဆိုတဲ့ စကားလုံးတွေက လုဟန်ရဲ့ စိတ်ဝိဉာဉ်ကို လှုံဆော်နေတယ်။စည်သွပ်အသားဘူးနဲ့ တခြားဟာတွေလဲရှိနေမှာပဲ၊ အသင့်စားခေါက်ဆွဲပြုတ်ထက်စာရင် ဘာဖြစ်ဖြစ်အဆင်ပြေတယ်။
"မင်းဘာလို့ သွားမသယ်သေးတာလဲ?"
ချင်းယီကို လုဟန်မေးခွန်းထုတ်လိုက်တယ်။
ကြယ်တွေလို တဖြတ်ဖြတ်လက်နေတဲ့ လုဟန်ရဲ့မျက်ဝန်းတွေကို ချင်းယီမြင်နေရတယ်။လုဟန်ကို ဘယ်စကားလုံးတွေသုံးပြီး စိတ်လှုပ်ရှားအောင် လုပ်ရမလဲဆိုတာ ချင်းယီသိသွားပြီ။ချင်းယီ အကျယ်ကြီးအော်ရယ်နေမိတယ်။ရယ်နေရင်းနဲ့ လုဟန်ကို ရှင်းပြနေရသေးတယ်။
"သိုလှောင်ရုံကို သံမဏိတံခါးနဲ့ ပိတ်ထားတာကွ၊ဒီ သံမဏိက ဒီဂရီတစ်သောင်းလောက်ရှိတဲ့ မီးတောက်နဲဲ့မှအရည်ပျော်မှာ၊ငါ့မှာ ရှိတဲ့ မီးစွမ်းအင်က အဲ့လောက်မပြင်းသေးဘူး။နောက်တော့မှ ငါလာယူပေးပါ့မယ်ကွာ"
"ဒီဂရီတစ်သောင်းရှိတဲ့ မီးတောက်??"
"ဟုတ်ပါပြီကွာ၊ မီးတောက်ရဲ့အရောင်က အဖြူရောင်ဒါမှမဟုတ်ရွှေရောင်ဖြစ်နေပြီဆို ဒီဂရီတစ်သောင်းအပူချိန်လို့ သတ်မှတ်လို့ရတယ်"
ချင်းယီ သေချာရှင်းပြရပြန်တယ်။
လုဟန်ရဲ့ ဆံပင်ကောက်ကောက်လေးတွေ ဖရိုဖရဲလှုပ်ခါနေတာကို ချင်းယီမြင်နေရတာတယ်။နောက်ဆုံးတော့ သူ ဘယ်လိုမှ မနေနိုင်တော့တာကြောင့် လုဟန်ရဲ့ဆံပင်တွေကို ခပ်ပြင်းပြင်းလေးပွတ်သပ်ပေးလိုက်တယ်။လုဟန်ရဲ့ ဆံပင်တွေက သူစိတ်ကူးထားတာထက်တောင် နူးညံ့ပျော့ပြောင်းနေသေးတယ်လေ။
ကြောင်လေးCream puff လူပုံစံပြောင်းထားတာနဲ့ တူတဲ့ ကောင်လေးကို ချင်းယီ စနောက်လိုက်ရတာကြောင့် အတော်လေး ကျေနပ်သွားတယ်။ဒါ့ကြောင့် သူအဖွဲ့တွေကို တပ်ပြန်ဆုပ်ဖို့ အချက်ပေးလိုက်တယ်။
"ငါနဲ့ ခဏလောက်လိုက်ခဲ့လို့ရမလား?"
လုဟန် အသံခပ်တိုးတိုးနဲ့ ချင်းယီကိုမေးလိုက်တယ်။
လက်ရှိမှာ ဘာမှ အရေးတကြီးလုပ်ဆောင်စရာမရှိတာကြောင့် ချင်းယီက သူ့အဖွဲ့သားတွေကို ခဏလောက် အနားယူဖို့ လက်ဟန်ခြေဟန်ပြလိုက်ပြီး လုဟန်ရဲ့အနောက်ကို လိုက်သွားတယ်။
လူတွေနဲ့ နည်းနည်းဝေးတဲ့ မြစ်လက်တက်လေးနားကို ရောက်တဲ့အခါ လုဟန်က အသက်ပြင်းပြင်းရှုလိုက်ပြီးတစ်ခုခုကို ဆုံဖြတ်ချက်ချလိုက်ပြီး ချင်းယီကို မေးလိုက်တယ်။
"မင်း ငါတို့ရဲ့ ကောင်းကင်ဆရာသခင်ဂိုဏ်းထဲကို ဝင်ချင်လား?"
ယွင်လန်ရဲ့ဆရာက ယွင်လန်ကို နေရာမကူးပြောင်းပေးသေးခင် လိန့်ယွမ်ကိုရှာပြီး စည်းတံဆိပ်ကို ပြင်ဖို့ တစ်ခုတည်းမှာကြားခဲ့တာမဟုတ်ပါဘူး။တခြားအရာတွေကိုလဲပြောခဲ့ပါသေးတယ်။
"သင့်တော်တဲ့ သူကိုတွေရင်၊ငါတို့ ဂိုဏ်းရဲ့ ပညာရပ်တွေကို လက်ဆင့်ကမ်းပေးလိုက်ပါ"
"သင့်တော်တဲ့သူက ဘယ်သူလဲ?"
"ကမ္ဘာကြီးရဲ့အကြောင်းကို မင်းဘာမှမသိသေးဘူး။မင်းကအယုံလွယ်တယ်။ဒါပေမယ့်စိတ်ထားလေးကတော့အရမ်းစင်ကြယ်တယ်။ဒါ့ကြောင့် မင်းမြင်သမျှ၊ကြားသမျှကို မယုံနဲ့၊စိတ်နှလုံးသားရဲ့လမ်းညွှန်ရာနောက်ကိုပဲလိုက်ပါ"
ဒါက ယွင်လန်ရဲ့ဆရာနောက်ဆုံးပြောခဲ့တဲ့စကားတွေဖြစ်တယ်။အခု လုဟန် ရဲ့စိတ်နှလုံးသားထဲကနေ ချင်းယီကို သင့်တော်သူအဖြစ် သတ်မှတ်လိုက်ပြီ။
"ငါ့ကို မင်းဆီမှာတပည့်ခံခိုင်းနေတာလား?"
ချင်းယီ Shock ရသွားတယ်။ဘယ်လို ဖြစ်နိုင်မှာလဲ?ကြောင်လေး Cream Puff ကို ဘယ်လိုလုပ်ဆရာတင်ရမှာလဲ?
"မဟုတ်ဘူး။ငါ့မှာ တပည့်မွေးဖို့လောက်အထိ အရည်အချင်းမရှိသေးပါဘူး။ ငါ့ဆရာရဲ့ ကိုယ်စားမင်းကိုမေးတာပါ"
လုဟန်ရဲ့ အလေးအနက် ထားပြီးပြောနေတဲ့အမူအရာကြောင့် ချင်းယီ ချက်ချင်းလက်ခံမိမလိုတောင်ဖြစ်သွားတယ်။ဒါပေမယ့် အရေးကြီးတာတစ်ခုကို သူ ဖြတ်ခနဲတွေးလိုက်မိတယ်။
"ဒါဆို မင်းက ငါ့ရဲ့ စီနီယာအစ်ကိုတော် ဖြစ်လာမှာမဟုတ်ဘူးလား? မဝင်ချင်ဘူး။ဒါကြီးကငါ့အတွက် တော်တော်ဆိုးလွန်းတယ်"
ချင်းယီရဲ့ စိတ်ပိုင်းဖြတ်ပြီးနေတဲ့ အမူအရာကိုမြင်တဲ့အခါ လုဟန် ခဏတော့ငိုင်သွားတယ်။
"ဂိုဏ်းကို ငါ စရောက်တဲ့အချိန်ကတည်းက ဝါစဉ်တွေကိုခွန်အားပေါ်မူတည်ပြီးသတ်မှတ်တာ၊အကယ်၍မင်းသာ ငါကို နိုင်အောင်တိုက်နိုင်ရင် မင်းက ငါ့ရဲ့ စီနီယာအစ်ကိုတော်ဖြစ်သွားပြီ"
"ဒါဆို ကောင်းပြီ"
ချင်းယီကတိပေးလိုက်တယ်။
"တပည့်အဖြစ် အသိအမှတ်ဖို့ ဂါရဝပြုတဲ့အခမ်းအနားလုပ်ရဉီးမှာလား?"
"ငါနောက်တော့မှ မင်းအတွက် အခမ်းအနားပြင်ဆင်ပေးမယ်၊အခုတော့ စပြီး သင်ယူလိုက်ဉီး"
အခုမှပဲ လုဟန် လိုချင်နေတဲ့လိုရင်းအချက်ကိုထိမိတော့တယ်။တကယ်တော့ ချင်းယီ ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ချီဓာတ်က ချင်းယီ ထုတ်သုံးနိုင်တာထက်တောင်ပိုများနေသေးတယ်။ချင်းယီက ယန်သဘာဝချီဓာတ်ကို သေချာနားမလည်တာကြောင့်စွမ်းအားကို အကုန်ထုတ်သုံးလို့ မရတာပါ။
အကယ်၍ ချင်းယီကိုသာ ယန်သဘာဝချီဓာတ်အကြောင်းရှင်းပြပေးမယ့် ဆရာသာရှိမယ်ဆို ချက်ချင်းကို အဆင့်တွေတက်သွားမှာ။ဟိုသံမဏိတံခါးကို အရည်ဖျော်ဖို့လောက်ကတော့ စကားထဲတောင်ထည့်ပြောမနေနဲ့တော့။
"မျက်စိကိုမှိတ်ထားပြီး ချီဓာတ်လှည့်ပတ်နေတဲ့လမ်းကြောင်းကို အာရုံခံထား"
လုဟန်ရဲ့လက်တွေက ချင်းယီရဲ့ ဒန်တျန်ကို ဖိကပ်ထားတယ်။
[TN:ဒန်တျန်=ဝမ်းဗိုက်အောက်ပိုင်းနားလေးတဲ့၊မမှောင်ကြနဲ့ဉီး ချက်အောက်နားလေးကိုပြောတာ😎]
နွေးထွေးတဲ့လက်ဖဝါးက သူ့ကိုထိနေတယ်ဆိုကတည်းက ချင်းယီ ရဲ့စိတ်တွေအတော်လေးဖရိုဖရဲဖြစ်နေပြီ။ဒါကလဲ ထူးခြားဆန်းကြယ်တဲ့လောကတစ်ခုကိုမတွေ့ခင်အထိပါပဲ။မျက်လုံးတွေမှိတ်ပြီး သေချာအာရုံစိုက်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ မီးစွမ်းအင်ချီဓာတ်တွေက ဝမ်းဗိုက်အောက်ပိုင်းနားကို စီးဆင်းသွားပြီး ရေဝဲကတော့လေးတစ်ခုသဏ္ဍာန်ပုံပေါ်လာခဲ့တယ်။
ချင်းယီရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက အရမ်းမြင့်မားလွန်းတယ်။ချီပင်လယ်ကို ချက်ချင်းအာရုံခံနိုင်တဲ့အပြင် ချီလှည့်ပတ်တဲ့ လမ်းကြောင်းကိုသေချာ ထိန်းချုပ်နိုင်နေပြီ။ဒါ့ကြောင့်လုဟန်က ချင်းယီကို မီးစွမ်းအင်ထုတ်သုံးခိုင်းကြည့်လိုက်တယ်။
အဖြူရောင်မီးတောက်လေးတစ်ခုက ချင်းယီရဲ့လက်ဖဝါးပေါ်မှာ ယိမ်းနွဲ့နေတယ်။
ကောင်းပြီလေ၊ လုဟန်ရဲ့မျက်ခုံးတွေပင့်တက်သွားတယ်။လုဟန်တစ်ယောက် ဘာမပြောညာမပြောနဲ့ချင်းယီကို လက်ကဆွဲပြီး လက်နက်တိုက်သံမဏိတံခါးရှေ့ကို ဆွဲခေါ်သွားတယ်။နောက်ကနေ ယက်ကန်ယက်ကန်နဲ့ပါလာတဲ့ ချင်းယီကတော့ ဝေခွဲမရဖြစ်နေတယ်။ဒီလိုတွေသင်ပေးတာ ရိက္ခာတွေအတွက်များလားဆိုတဲ့ အတွေးကို ချင်းယီမတွေးဘဲမနေနိုင်ဘူး။
ရှေ့တည့်တည့်မှာရှိတဲ့ သံမဏိတံခါးကို ချင်းယီကရွေဖြူရောင်မီးတောက်တွေနဲ့အပူပေးလိုက်တယ်။နောက်မှာရပ်ကြည့်နေတဲ့ လုဟန်က ရှေ့ကိုတိုးလာတယ်။ချင်းယီ တားနေတဲ့ကြားကနေ လုဟန်က ကျောဘက်မှာ လွယ်ထားတဲ့ သစ်သားဓားနဲ့ အရည်ပျော်လုလု
သံမဏ်တံခါးကို အပေါက်ဖြစ်အောင် ဖောက်ပစ်လိုက်တယ်။ချင်းယီရဲမီးတောက်က သံမဏိကိုတောင်အရည်ပျော်စေနိုင်ပေမယ့် လုဟန်ရဲ့ သစ်သားဓားကိုတော့နည်းနည်းလေးတောင် မီးကျွမ်းစေခဲ့ပါဘူး။
လုဟန်ရဲ့ စိတ်မရှည်တဲ့ အပြုအမူကြောင့် ချင်းယီ ရေစွမ်းအားရှင် တစ်ယောက်ကိုခေါ်ပြီး တံခါးကိုရေဖြန်းခိုင်းလိုက်ရတယ်။သတ္တုအပူပေါ်ကိုရေဖြန်းလိုက်တာကြောင့်ရေငွေ့တွေ တရှဲရှဲနဲ့ ထွက်ပေါ်လာတယ်။ရေငွေ့တွေ ပျောက်သွားတာနဲ့ လုဟန် တစ်ယောက် မျှော်လင့်တကြီးနဲ့ ချင်းယီကိုကြည့်လိုက်တယ်။
"အထဲဝင်ကြရအောင်"
ပြောလို့တောင်မဆုံးသေးဘူး လုဟန်က အထဲကိုရောက်နေပြီ။ချင်းယီခေါင်းတခါခါနဲ့ နောက်ကနေ လိုက်ဝင်သွားလိုက်တယ်။
ချင်းယီ ပြောတဲ့ အတိုင်း လက်နက်တိုက်ထဲမှာ လက်နက်တွေအပြင် သေချာထုတ်ပိုးထားတဲ့ ရိက္ခာတွေလဲရှိနေတယ်။ချင်းယီ အကုန်လုံးကို သယ်သွားဖို့
စိတ်ထဲကနေ တွက်ချက်နေတယ်။ချင်းယီလှည့်ကြည့်လိုက်တဲ့အခါ ရိက္ခာထုတ်တွေကို သားရည်တမြားမြားနဲ့ကြည့်နေတဲ့ လုဟန်ကို မြင်လိုက်ရတယ်။
ချင်းယီ အကျယ်ကြီးအော်ရယ်မိပြန်တယ်။
"ငါဒီတစ်ခါမင်းကို ဉီးစားပေးလိုက်မယ်၊မင်းကြိုက်တာတစ်ခုခုကိုရွေးယူလိုက်"
လုဟန် အရမ်းကျေနပ်ပီတိဖြစ်နေတဲ့ပုံနဲ့ခေါင်းညိတ်ပြလိုက်တယ်။တခြားအဖွဲ့သားတွေကလဲ အဖွဲ့ကိုစပြီးတည်ထောင်ချိန်ကနေ အခုထိ ဒီလို တစ်ခါမှာ ဒီလောက်များပြားတဲ့ ရိက္ခာတွေကို မရဖူးခဲ့တာကြောင့် ထခုန်တော့မတတ်ပျော်ရွှင်နေကြတယ်။
အခန်းထဲမှာရှိတဲ့ ပစ္စည်းတွေကို သေချာအမျိုးအစားခွဲပြီးတာနဲ့ နေရာလွတ်စွမ်းအားရှင်တွေက သိမ်းဆည်းလိုက်ကြတယ်။ချင်းယီက ဘယ်တော့မှာ လူတစ်ယောက်တည်းကို ပစ္စည်းတွေ မပုံအပ်ဖူးဘူး။
ငယ်သူငယ်ချင်းကျန်းစစ်လော့က နေရာလွတ်စွမ်းအားရှင်ဖြစ်နေသည့်တိုင်အောင် တစ်ဖွဲ့လုံး အတွက် ကိုမျှမျှတတတွေးပြီး ချင်းယီစီစဉ်ပေးလိုက်တယ်။စကားတစ်ခွန်းရှိတယ်လေ၊ ကြက်ဉတွေကို တောင်းတစ်ခုထဲမှာပဲစုပြုံပြီးမထည့်ထားသင့်ဘူး.........
ကျန်းစစ်လော့ ပစ္စည်းတွေသိမ်းနေတာကို လုဟန်သေချာကြည့်နေလိုက်တယ်။ကျန်းစစ်လော့ရဲ့ရင်အုပ်နားမှာရှိတဲ့ အမည်မသိ အရာတစ်ခုကနေပြင်းထန်တဲ့ မတည်မငြိမ်မှုတွေကိုခံစားနေရတယ်။
မုန်ညင်းစေ့နေရာလွတ်.......
ကျန်းစစ်လော့ရဲ့ နေရာလွတ်စွမ်းအင်က တခြားနေရာလွတ်စွမ်းအားရှင်တွေနဲ့ လုံးဝကို ကွဲပြားခြားနားနေတယ်။ဒါက ကြီးမြတ်တဲ့ စွမ်းအားတွေနဲ့ ဖန်တီးထားတဲ့ ကမ္ဘာငယ်လေးတစ်ခုဖြစ်တယ်။ဒါပေမယ့် အဲ့ဒီ့ကမ္ဘာငယ်လေးက ကိုယ်ပိုင်ဝိဉာဉ်စွမ်းအားတွေပျောက်ဆုံးနေပုံရတယ်။ပျက်စီးတော့မှာဖြစ်တဲ့အတွက်ကြောင့် သာမာန်သိုလှောင်ရေးပစ္စည်းတစ်ခုအဖြစ်ပဲသုံးလို့ရတော့တယ်။
ဒီလိုပျက်စီးတော့မယ့် ကမ္ဘာငယ်လေးကိုပြုပြင်ဖို့လိုအပ်တဲ့ပစ္စည်းတွေထဲမှာ လိန့်ယွမ်ကလဲ မပါမဖြစ်အရေးကြီးတယ်။ကျန်းစစ်လော့ကို ကြည့်ရတာ မသင်္ကာစရာကောင်းလွန်းနေတယ်။ဒါပေမယ့် သူလို သာမန်လူတစ်ယောက်က လျို့ဝှက်ဂိုဏ်းရဲ့အစီအရင်ကို ဘယ်လိုများကျော်ဖြတ်ပြီး ဂိုဏ်းထဲကို ခိုးဝင်နိုင်ရတာလဲ?
ကျန်းစစ်လော့ ဆီက လျို့ဝှက်ဆန်းကြယ်တဲ့ လက်နက်ကို လုဟန် အတင်းအကြပ်ယူငင်ပြီး အထဲမှာ လိန့်ယွမ်ရှိမရှိစစ်ဆေးကြည့်ချင်နေတယ်။ကျန်းစစ်လော့က ကံကြမ္မာရဲ့သားတော်မဟုတ်တာကြောင့် ကျန်းစစ်လော့ သေဆုံးသွားရင်တောင် ဘာပြသာနာမှမရှိနိူင်ဘူး။ဒါပေမယ့် မုန်ညှင်းစေ့နေရာလွတ်က ကျန်းစစ်လော့ကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပြီးနေလောက်ပြီ။အကယ်၍ ကျန်းစစ်လော့ ကသာ မုန်ညှင်းစေ့နေရာလွတ်ကို ဖျက်စီးလိုက်မယ်ဆို အပြန်အလှန်ထိခိုက်မိတွေဖြစ်လာနိုင်တယ်။ဒါဆို လိန့်ယွမ်ကိုဘယ်တော့မှရှာတွေ့တော့မှာမဟုတ်ဘူး။
ဒီပြသာာနတွေကို တဖြည်းဖြည်း အချိန်ယူပြီး ကိုင်တွယ်ဖြေရှင်းမှရတော့မယ်...........
ZawGyi code
Secreen ေပၚမွာ 5 minute Countdown ဆိုတဲ့စာသားႀကီးထင္းေနေအာင္ေပၚလာတယ္။
က်န္းစစ္ေလာ့ ဒုတိယအႀကိမ္ လ်ိဳ႕ဝွက္ကုတ္ဒ္ျဖည့္ေနကတည္းက ခ်င္းယီ တစ္ေယာက္ က်န္းစစ္ေလာ့ကို
လည္ပင္းညႇစ္ၿပီးသတ္ခ်င္ေနၿပီ။
//ထင္ရာျမင္ရာကို တဇြတ္ထိုးထလုပ္ေနရေအာင္ က်န္းစစ္ေလာ့ဘာမ်ားျဖစ္ေနတာလဲ?သူက ဒီလိုလူစားမ်ိဳးမဟုတ္ပါဘူး//
ေသေရး႐ွင္ေရး ျဖစ္ေနတဲ့ အခ်ိန္မွာ ေဆြးေႏြးညႇိႏိႈင္းဖို႔အခ်ိန္မ႐ွိဘူးေလ။မွင္တို႔ၿပီးၿပီဆိုမွေတာ့ စာေရးတာျဖစ္ျဖစ္၊ပုံဆြဲတာျဖစ္ျဖစ္ တစ္ခုခုေတာ့ လုပ္ရေတာ့မွာပဲ။ဒီလူေတြအကုန္လုံး ကို ေတာင္ေအာက္မွာ ေျမျမႇဳပ္ပစ္မိမွာကိုေသေလာက္ေအာင္ ေၾကာက္ေနတယ္။
"ငါအရင္တုန္းက ဒီလ်ိဳ႕ဝွက္ကုတ္ဒ္ကို ႐ွင္း႐ွင္းလင္းလင္း ျမင္လိုက္တာပါ..."
အကုန္လုံး မ်က္ကလူးဆန္ျပာျဖစ္ေနခ်ိန္မွာ က်န္းစစ္ေလာ့ တိုးတိုးေလးေရ႐ြတ္လိုက္တဲ့ စကားသံကို လုဟန္ကေတာ့ ၾကားျဖစ္ေအာင္ၾကားလိုက္ပါတယ္။တျခားသူေတြက ဒါကို မသိလိုက္ေပမယ့္ လုဟန္ကေတာ့ ဒီစကားကိုေသခ်ာမွတ္ထားလိုက္တယ္။
//ဘာအခ်က္အလက္ေတြကိုေလွ်ာက္ေျပာေနတာလဲ၊ဒါေတြအကုန္လုံးက က်န္းစစ္ေလာ့ ရဲ႕လိမ္ဆင္ဇာတ္လမ္းႀကီးပဲေလ//
က်န္းစစ္ေလာ့ အရင္ဘဝက ဒီေနရာကိုေရာက္ခဲ့ဖူးတယ္။လ်ိဳ႕ဝွက္ကုတ္ဒ္ကို ႐ိုက္ထည့္ၿပီး အထဲကပစၥည္းေတြကို သယ္သြားကို ေသေသခ်ာခ်ာ ျမင္ခဲ့ဖူးတယ္။ဒါေပမယ့္ ဘယ္ေနရာမွာ မွားသြားမွန္း သူမသိဘူး။ဖန္႐ုံ႐ွီးေျပာသလို ဒီေသာ့က လ်ိဳ႕ဝွက္ကုတ္ဒ္တစ္ခု႐ိုက္ထည့္ရသေလာက္ မလြယ္ကူဘူးနဲ႔တူတယ္။
"ေခါင္းေဆာင္ခ်င္း၊ဒီေနရာကေန တပ္ေခါက္ျပန္ၾကမလား?"
အဖြဲ႕ထဲကတစ္ေယာက္က ခ်င္းယီကိုေမးလိုက္တယ္။
"ဒီေပါက္ကြဲသံက မိုင္တစ္ရာပတ္လည္မွာ႐ွိတဲ့ဖုတ္ေကာင္ေတြကို သတိေပးလိုက္သလိုျဖစ္သြားမွာကို ငါစိုးရိမ္ေနတာ၊အဲ့လိုသာဆို ငါတို႔ ပိတ္မိကုန္လိမ့္မယ္"
ေဒါသထြက္ေနေပမယ့္ ခ်င္းယီကေတာ့ ေခါင္းေဆာင္ပီသစြာနဲ႔အတတ္ႏိုင္ဆုံး စိတ္ကို ၿငိမ္ၿငိမ္ထားၿပီး ျဖစ္ႏိုင္ေခ်ေတြကို နည္းနည္းေလးေတာင္ ျပာယာမခတ္ေနဘဲ ႐ွင္းျပလိုက္တယ္။
"မူေဖး၊ မင္း Countdown ရပ္သြားေအာင္လုပ္ႏိုင္လား?"
မူေဖး ခဏေလာက္စဥ္းစားၿပီးမွျပန္ေျဖလိုက္တယ္။
" ဗို႔ တစ္ေသာင္းအားေလာက္႐ွိတဲ့ လွ်ပ္စစ္ဓာတ္နဲဲ႕ဆို အထဲက ဆားကစ္ဒ္ျပားပ်က္စီးသြားလိမ့္မယ္၊ဒါဆို သတိေပးဉၾသသံေရာ၊ Countdown ပါရပ္သြားလိမ့္မယ္"
စိတ္မေကာင္းစရာတစ္ခုက ခ်င္းယီတို႔အဖြဲ႕ထဲမွာ မိုးႀကိဳးစြမ္းအား႐ွင္တစ္ေယာက္မွ႐ွိမေနတာပဲ။အခုခ်ိန္မွာ အႏၲာရာယ္ေတာထဲကေန ဘယ္လို ေျခလွမ္းလွမ္းၿပီး လြတ္ေအာင္ေျပးရမလဲဆိုတာ စဥ္းစားလို႔မရဘူးျဖစ္ေနတယ္။အဲ့အခ်ိန္မွာ လုဟန္က ခ်င္းယီကို လက္ဆြဲ ၿပီးေမးလိုက္တယ္။
"ဗို႔တစ္ေသာင္းလွ်ပ္စစ္ဓာတ္ဆိုတာ ဘာကိုေျပာတာလဲ?"
ဒီေမးခြန္းကို တျခားသူတစ္ေယာက္ကေမးတယ္ဆိုလို႔ကေတာ့ အ႐ႈပ္ထုတ္ေတြၾကားမွာ အမိႈက္လာဖြေနရသလားဆိုၿပီး ခ်င္းယီ ေအာ္ဟစ္ကန္ေက်ာက္ပစ္မိမွာေသခ်ာတယ္။ဒါေပမယ့္ သူ႕ရဲ႕ေၾကာင္ေလးCream puff ျပန္ဝင္စားတဲ့ သူကိုေတာ့ သူ စိတ္႐ွည္႐ွည္ထားေပးရမွာေပါ့။လုဟန္က ေခါတ္သစ္လူ႕အဖြဲ႕အစည္းနဲ႔ထိေတြ႕ဖူးတဲ့သူမဟုတ္တာေၾကာင့္ နားလည္လြယ္ေအာင္ ခ်င္းယီေသခ်ာ ဉပမာေပးၿပီး႐ွင္းျပလိုက္တယ္။
"အဲ့တာကေကာင္းကင္ေပၚက မိုးႀကိဳးလိုမ်ိဳးကို ေျပာတာ၊ စြမ္းအားတစ္ေသာင္းေလာက္ျပင္းထန္ရင္ရၿပီ"
[TN:သူမ်ားေတြေသေရး႐ွင္ေရးျဖစ္ၿပီေဟ့ဆို ငလုတို႔ကေတာ့ Ro ၿပီ။ေျမျမႇဳပ္ခံရမယ့္ အဖြဲ႕သားေတြအတြက္မ်က္ရည္ႏွစ္စက္😏😏]
လုဟန္ တစ္ခုခုကို သေဘာေပါက္သြားတဲ့အမူအရာနဲ႔ သူလြယ္ထားတဲ့ လြယ္အိတ္ေလးထဲကေန အဝါေရာင္စကၠဴတစ္႐ြက္ကိုထုတ္လိုက္ၿပီး Secreen ေပၚမွာကပ္လိုက္တယ္။ေဘးနားက လူေတြကေတာ့ လုဟန္လုပ္တာကို ေၾကာင္ၿပီးၾကည့္ေနၾကတယ္။ဒီလူက ပေယာဂဆရာမ်ားလား?ပေယာဂဆရာျဖစ္ေနရင္ေတာင္ စက္ပစၥည္းေတြအေပၚမွာ အင္းစကၠဴေတြလိုက္ကပ္ေနရေအာင္ေတာ့ ေၾကာက္မေနသင့္ဘူးေလ။
လုဟန္ ရဲ႕လုပ္ရပ္ကိုၾကည့္ၿပီး ခ်င္းယီကေတာ့ ငိုရမလို၊ရယ္ရမလို ျဖစ္ေနၿပီ။က်န္းစစ္ေလာ့ေၾကာင့္ ထြက္ေနတဲ့ ေဒါသေတြေတာင္ ၾကက္ေပ်ာက္ဌက္ေပ်ာက္ျဖစ္ကုန္ၿပီ။
ခ်င္းယီက လုဟန္႔ကို စေနာက္ဖို႔ ႀကိဳးစားေနစဥ္မွာ အင္းစကၠဴက ေလမတိုက္ဘဲနဲ႔ မီးထေလာင္သြားတယ္။အင္းစကၠဴျပာျဖစ္သြားနဲ႔ အေပၚဘက္မွာ အနက္ေရာင္တိမ္ေတြအုံ႔ဆိုင္းလာၿပီးတိမ္တိုက္ထဲက မိုးႀကိဳးတစ္စင္းက Secreen ရဲ႕အလယ္တည့္တည့္ကို ထိမွန္သြားတယ္။
လ်ိဳ႕ဝွက္ကုတ္ဒ္ျဖည့္ရတဲ့ ေသာ့ကေတာ့ မီးခိုးေတြတအူအူနဲ႔ တစ္စဆီျဖစ္သြားရ႐ွာၿပီ။
"အဲ့တာဘာလဲ?"
ခ်င္းယီ အံ့ၾသလြန္းလို႔စကားမေျပာႏိုင္ေတာ့ေအာင္ ျဖစ္သြားေနရာကေန ခက္ခက္ခဲခဲနဲ႔ေမးၾကည့္လိုက္ရတယ္။
"အေျခခံအဆင့္ မိုးႀကိဳးအေဆာင္"
အေဆာင္ေရးဆြဲနည္း ငါးမ်ိဳး႐ွိတဲ့အထဲမွာ မိုးႀကိဳးအေဆာင္ေလာက္ကိုပဲလူသိမ်ားၾကတယ္။ကမ႓ာေပၚမွာ ဝိဉာဥ္စြမ္းအင္ေတြျပတ္လပ္သြားကတည္းက စြမ္းအားျပင္းတဲ့ အေဆာင္ေတြကို ေရးဆြဲဖို႔မလြယ္ကူေတာ့ေပ။ယြင္လန္ရဲ႕ဆရာက လိန္႔ယြမ္ရဲ႕ အစြမ္းကို ေခ်းဌားၿပီး အေဆာင္တစ္ခ်ိဳ႕ ေရးဆြဲေပးခဲ့တယ္။က်င့္ၾကံေရးေလာကနဲ႔ လက္႐ွိကမ႓ာေျမတို႔ၾကားက ဆက္သြယ္မႈပ်က္ေတာက္ သြားကတည္းက အေဆာင္ေရးဆြဲနည္းေတြလဲ ေပ်ာက္ဆုံးကုန္ၿပီျဖစ္တယ္။
အိတ္ေသးေသးေလးတစ္လုံးနဲ႔ တူတဲ့ အထုတ္ထဲကို ၾကည့္ရင္း လုဟန္ သက္ျပင္းခ်လိုက္မိတယ္။
"ဒါက ဘယ္လိုေတြ ျဖစ္ႏိုင္မွာလဲ?"
ခ်င္းယီ သူ႕ရဲ႕ ေလာကအေပၚထားတဲ့ အျမင္ေတြ ဖ်က္ဆီးခံလိုက္ရသလို ခံစားရတယ္။ကမ႓ာေပၚမွာ Zombie virus ေတြျပန္႔ပြားတုန္းက အဲ့လို ခံစားဖူးတယ္။
လုဟန္ကေတာ့ ခပ္ျပတ္ျပတ္ ျပန္ေျဖလိုက္တယ္။
"ငါက ေကာင္းကင္ဆရာသခင္"
ဒီအခ်ိန္မွာ ထပ္ေမးေနလို႔လဲ ဘာမွ မထူးတာေၾကာင့္ ခ်င္းယီ ပုခုံးႏွစ္ဖက္ကို တြန္႔ၿပီး စကားဆက္လိုက္တယ္။
"ဘယ္ေလာက္ေတာင္ ႏွေျမာစရာေကာင္းလိုက္လဲကြာ၊ဒီထဲမွာ လက္နက္ေတြတင္မကဘူး ရိကၡာေတြပါ႐ွိတယ္"
"ရိကၡာ"ဆိုတဲ့ စကားလုံးေတြက လုဟန္ရဲ႕ စိတ္ဝိဉာဥ္ကို လႈံေဆာ္ေနတယ္။စည္သြပ္အသားဘူးနဲ႔ တျခားဟာေတြလဲ႐ွိေနမွာပဲ၊ အသင့္စားေခါက္ဆြဲျပဳတ္ထက္စာရင္ ဘာျဖစ္ျဖစ္အဆင္ေျပတယ္။
"မင္းဘာလို႔ သြားမသယ္ေသးတာလဲ?"
ခ်င္းယီကို လုဟန္ေမးခြန္းထုတ္လိုက္တယ္။
ၾကယ္ေတြလို တျဖတ္ျဖတ္လက္ေနတဲ့ လုဟန္ရဲ႕မ်က္ဝန္းေတြကို ခ်င္းယီျမင္ေနရတယ္။လုဟန္ကို ဘယ္စကားလုံးေတြသုံးၿပီး စိတ္လႈပ္႐ွားေအာင္ လုပ္ရမလဲဆိုတာ ခ်င္းယီသိသြားၿပီ။ခ်င္းယီ အက်ယ္ႀကီးေအာ္ရယ္ေနမိတယ္။ရယ္ေနရင္းနဲ႔ လုဟန္ကို ႐ွင္းျပေနရေသးတယ္။
"သိုေလွာင္႐ုံကို သံမဏိတံခါးနဲ႔ ပိတ္ထားတာကြ၊ဒီ သံမဏိက ဒီဂရီတစ္ေသာင္းေလာက္႐ွိတဲ့ မီးေတာက္နဲဲ႕မွအရည္ေပ်ာ္မွာ၊ငါ့မွာ ႐ွိတဲ့ မီးစြမ္းအင္က အဲ့ေလာက္မျပင္းေသးဘူး။ေနာက္ေတာ့မွ ငါလာယူေပးပါ့မယ္ကြာ"
"ဒီဂရီတစ္ေသာင္း႐ွိတဲ့ မီးေတာက္??"
"ဟုတ္ပါၿပီကြာ၊ မီးေတာက္ရဲ႕အေရာင္က အျဖဴေရာင္ဒါမွမဟုတ္ေ႐ႊေရာင္ျဖစ္ေနၿပီဆို ဒီဂရီတစ္ေသာင္းအပူခ်ိန္လို႔ သတ္မွတ္လို႔ရတယ္"
ခ်င္းယီ ေသခ်ာ႐ွင္းျပရျပန္တယ္။
လုဟန္ရဲ႕ ဆံပင္ေကာက္ေကာက္ေလးေတြ ဖ႐ိုဖရဲလႈပ္ခါေနတာကို ခ်င္းယီျမင္ေနရတာတယ္။ေနာက္ဆုံးေတာ့ သူ ဘယ္လိုမွ မေနႏိုင္ေတာ့တာေၾကာင့္ လုဟန္ရဲ႕ဆံပင္ေတြကို ခပ္ျပင္းျပင္းေလးပြတ္သပ္ေပးလိုက္တယ္။လုဟန္ရဲ႕ ဆံပင္ေတြက သူစိတ္ကူးထားတာထက္ေတာင္ ႏူးညံ့ေပ်ာ့ေျပာင္းေနေသးတယ္ေလ။
ေၾကာင္ေလးCream puff လူပုံစံေျပာင္းထားတာနဲ႔ တူတဲ့ ေကာင္ေလးကို ခ်င္းယီ စေနာက္လိုက္ရတာေၾကာင့္ အေတာ္ေလး ေက်နပ္သြားတယ္။ဒါ့ေၾကာင့္ သူအဖြဲ႕ေတြကို တပ္ျပန္ဆုပ္ဖို႔ အခ်က္ေပးလိုက္တယ္။
"ငါနဲ႔ ခဏေလာက္လိုက္ခဲ့လို႔ရမလား?"
လုဟန္ အသံခပ္တိုးတိုးနဲ႔ ခ်င္းယီကိုေမးလိုက္တယ္။
လက္႐ွိမွာ ဘာမွ အေရးတႀကီးလုပ္ေဆာင္စရာမ႐ွိတာေၾကာင့္ ခ်င္းယီက သူ႕အဖြဲ႕သားေတြကို ခဏေလာက္ အနားယူဖို႔ လက္ဟန္ေျခဟန္ျပလိုက္ၿပီး လုဟန္ရဲ႕အေနာက္ကို လိုက္သြားတယ္။
လူေတြနဲ႔ နည္းနည္းေဝးတဲ့ ျမစ္လက္တက္ေလးနားကို ေရာက္တဲ့အခါ လုဟန္က အသက္ျပင္းျပင္း႐ႈလိုက္ၿပီးတစ္ခုခုကို ဆုံျဖတ္ခ်က္ခ်လိုက္ၿပီး ခ်င္းယီကို ေမးလိုက္တယ္။
"မင္း ငါတို႔ရဲ႕ ေကာင္းကင္ဆရာသခင္ဂိုဏ္းထဲကို ဝင္ခ်င္လား?"
ယြင္လန္ရဲ႕ဆရာက ယြင္လန္ကို ေနရာမကူးေျပာင္းေပးေသးခင္ လိန္႔ယြမ္ကို႐ွာၿပီး စည္းတံဆိပ္ကို ျပင္ဖို႔ တစ္ခုတည္းမွာၾကားခဲ့တာမဟုတ္ပါဘူး။တျခားအရာေတြကိုလဲေျပာခဲ့ပါေသးတယ္။
"သင့္ေတာ္တဲ့ သူကိုေတြရင္၊ငါတို႔ ဂိုဏ္းရဲ႕ ပညာရပ္ေတြကို လက္ဆင့္ကမ္းေပးလိုက္ပါ"
"သင့္ေတာ္တဲ့သူက ဘယ္သူလဲ?"
"ကမ႓ာႀကီးရဲ႕အေၾကာင္းကို မင္းဘာမွမသိေသးဘူး။မင္းကအယုံလြယ္တယ္။ဒါေပမယ့္စိတ္ထားေလးကေတာ့အရမ္းစင္ၾကယ္တယ္။ဒါ့ေၾကာင့္ မင္းျမင္သမွ်၊ၾကားသမွ်ကို မယုံနဲ႔၊စိတ္ႏွလုံးသားရဲ႕လမ္းၫႊန္ရာေနာက္ကိုပဲလိုက္ပါ"
ဒါက ယြင္လန္ရဲ႕ဆရာေနာက္ဆုံးေျပာခဲ့တဲ့စကားေတြျဖစ္တယ္။အခု လုဟန္ ရဲ႕စိတ္ႏွလုံးသားထဲကေန ခ်င္းယီကို သင့္ေတာ္သူအျဖစ္ သတ္မွတ္လိုက္ၿပီ။
"ငါ့ကို မင္းဆီမွာတပည့္ခံခိုင္းေနတာလား?"
ခ်င္းယီ Shock ရသြားတယ္။ဘယ္လို ျဖစ္ႏိုင္မွာလဲ?ေၾကာင္ေလး Cream Puff ကို ဘယ္လိုလုပ္ဆရာတင္ရမွာလဲ?
"မဟုတ္ဘူး။ငါ့မွာ တပည့္ေမြးဖို႔ေလာက္အထိ အရည္အခ်င္းမ႐ွိေသးပါဘူး။ ငါ့ဆရာရဲ႕ ကိုယ္စားမင္းကိုေမးတာပါ"
လုဟန္ရဲ႕ အေလးအနက္ ထားၿပီးေျပာေနတဲ့အမူအရာေၾကာင့္ ခ်င္းယီ ခ်က္ခ်င္းလက္ခံမိမလိုေတာင္ျဖစ္သြားတယ္။ဒါေပမယ့္ အေရးႀကီးတာတစ္ခုကို သူ ျဖတ္ခနဲေတြးလိုက္မိတယ္။
"ဒါဆို မင္းက ငါ့ရဲ႕ စီနီယာအစ္ကိုေတာ္ ျဖစ္လာမွာမဟုတ္ဘူးလား? မဝင္ခ်င္ဘူး။ဒါႀကီးကငါ့အတြက္ ေတာ္ေတာ္ဆိုးလြန္းတယ္"
ခ်င္းယီရဲ႕ စိတ္ပိုင္းျဖတ္ၿပီးေနတဲ့ အမူအရာကိုျမင္တဲ့အခါ လုဟန္ ခဏေတာ့ငိုင္သြားတယ္။
"ဂိုဏ္းကို ငါ စေရာက္တဲ့အခ်ိန္ကတည္းက ဝါစဥ္ေတြကိုခြန္အားေပၚမူတည္ၿပီးသတ္မွတ္တာ၊အကယ္၍မင္းသာ ငါကို ႏိုင္ေအာင္တိုက္ႏိုင္ရင္ မင္းက ငါ့ရဲ႕ စီနီယာအစ္ကိုေတာ္ျဖစ္သြားၿပီ"
"ဒါဆို ေကာင္းၿပီ"
ခ်င္းယီကတိေပးလိုက္တယ္။
"တပည့္အျဖစ္ အသိအမွတ္ဖို႔ ဂါရဝျပဳတဲ့အခမ္းအနားလုပ္ရဉီးမွာလား?"
"ငါေနာက္ေတာ့မွ မင္းအတြက္ အခမ္းအနားျပင္ဆင္ေပးမယ္၊အခုေတာ့ စၿပီး သင္ယူလိုက္ဉီး"
အခုမွပဲ လုဟန္ လိုခ်င္ေနတဲ့လိုရင္းအခ်က္ကိုထိမိေတာ့တယ္။တကယ္ေတာ့ ခ်င္းယီ ရဲ႕ခႏၶာကိုယ္ထဲမွာ႐ွိတဲ့ ခ်ီဓာတ္က ခ်င္းယီ ထုတ္သုံးႏိုင္တာထက္ေတာင္ပိုမ်ားေနေသးတယ္။ခ်င္းယီက ယန္သဘာဝခ်ီဓာတ္ကို ေသခ်ာနားမလည္တာေၾကာင့္စြမ္းအားကို အကုန္ထုတ္သုံးလို႔ မရတာပါ။
အကယ္၍ ခ်င္းယီကိုသာ ယန္သဘာဝခ်ီဓာတ္အေၾကာင္း႐ွင္းျပေပးမယ့္ ဆရာသာ႐ွိမယ္ဆို ခ်က္ခ်င္းကို အဆင့္ေတြတက္သြားမွာ။ဟိုသံမဏိတံခါးကို အရည္ေဖ်ာ္ဖို႔ေလာက္ကေတာ့ စကားထဲေတာင္ထည့္ေျပာမေနနဲ႔ေတာ့။
"မ်က္စိကိုမွိတ္ထားၿပီး ခ်ီဓာတ္လွည့္ပတ္ေနတဲ့လမ္းေၾကာင္းကို အာ႐ုံခံထား"
လုဟန္ရဲ႕လက္ေတြက ခ်င္းယီရဲ႕ ဒန္တ်န္ကို ဖိကပ္ထားတယ္။
[TN:ဒန္တ်န္=ဝမ္းဗိုက္ေအာက္ပိုင္းနားေလးတဲ့၊မေမွာင္ၾကနဲ႔ဉီး ခ်က္ေအာက္နားေလးကိုေျပာတာ😎]
ေႏြးေထြးတဲ့လက္ဖဝါးက သူ႕ကိုထိေနတယ္ဆိုကတည္းက ခ်င္းယီ ရဲ႕စိတ္ေတြအေတာ္ေလးဖ႐ိုဖရဲျဖစ္ေနၿပီ။ဒါကလဲ ထူးျခားဆန္းၾကယ္တဲ့ေလာကတစ္ခုကိုမေတြ႕ခင္အထိပါပဲ။မ်က္လုံးေတြမွိတ္ၿပီး ေသခ်ာအာ႐ုံစိုက္ၾကည့္လိုက္တဲ့အခါ သူ႕ရဲ႕ခႏၶာကိုယ္ထဲမွာ လွည့္ပတ္ေနတဲ့ မီးစြမ္းအင္ခ်ီဓာတ္ေတြက ဝမ္းဗိုက္ေအာက္ပိုင္းနားကို စီးဆင္းသြားၿပီး ေရဝဲကေတာ့ေလးတစ္ခုသ႑ာန္ပုံေပၚလာခဲ့တယ္။
ခ်င္းယီရဲ႕ နားလည္သေဘာေပါက္ႏိုင္စြမ္းက အရမ္းျမင့္မားလြန္းတယ္။ခ်ီပင္လယ္ကို ခ်က္ခ်င္းအာ႐ုံခံႏိုင္တဲ့အျပင္ ခ်ီလွည့္ပတ္တဲ့ လမ္းေၾကာင္းကိုေသခ်ာ ထိန္းခ်ဳပ္ႏိုင္ေနၿပီ။ဒါ့ေၾကာင့္လုဟန္က ခ်င္းယီကို မီးစြမ္းအင္ထုတ္သုံးခိုင္းၾကည့္လိုက္တယ္။
အျဖဴေရာင္မီးေတာက္ေလးတစ္ခုက ခ်င္းယီရဲ႕လက္ဖဝါးေပၚမွာ ယိမ္းႏြဲ႕ေနတယ္။
ေကာင္းၿပီေလ၊ လုဟန္ရဲ႕မ်က္ခုံးေတြပင့္တက္သြားတယ္။လုဟန္တစ္ေယာက္ ဘာမေျပာညာမေျပာနဲ႔ခ်င္းယီကို လက္ကဆြဲၿပီး လက္နက္တိုက္သံမဏိတံခါးေ႐ွ႕ကို ဆြဲေခၚသြားတယ္။ေနာက္ကေန ယက္ကန္ယက္ကန္နဲ႔ပါလာတဲ့ ခ်င္းယီကေတာ့ ေဝခြဲမရျဖစ္ေနတယ္။ဒီလိုေတြသင္ေပးတာ ရိကၡာေတြအတြက္မ်ားလားဆိုတဲ့ အေတြးကို ခ်င္းယီမေတြးဘဲမေနႏိုင္ဘူး။
ေ႐ွ႕တည့္တည့္မွာ႐ွိတဲ့ သံမဏိတံခါးကို ခ်င္းယီကေ႐ြျဖဴေရာင္မီးေတာက္ေတြနဲ႔အပူေပးလိုက္တယ္။ေနာက္မွာရပ္ၾကည့္ေနတဲ့ လုဟန္က ေ႐ွ႕ကိုတိုးလာတယ္။ခ်င္းယီ တားေနတဲ့ၾကားကေန လုဟန္က ေက်ာဘက္မွာ လြယ္ထားတဲ့ သစ္သားဓားနဲ႔ အရည္ေပ်ာ္လုလု
သံမဏ္တံခါးကို အေပါက္ျဖစ္ေအာင္ ေဖာက္ပစ္လိုက္တယ္။ခ်င္းယီရဲမီးေတာက္က သံမဏိကိုေတာင္အရည္ေပ်ာ္ေစႏိုင္ေပမယ့္ လုဟန္ရဲ႕ သစ္သားဓားကိုေတာ့နည္းနည္းေလးေတာင္ မီးကြၽမ္းေစခဲ့ပါဘူး။
လုဟန္ရဲ႕ စိတ္မ႐ွည္တဲ့ အျပဳအမူေၾကာင့္ ခ်င္းယီ ေရစြမ္းအား႐ွင္ တစ္ေယာက္ကိုေခၚၿပီး တံခါးကိုေရျဖန္းခိုင္းလိုက္ရတယ္။သတၱဳအပူေပၚကိုေရျဖန္းလိုက္တာေၾကာင့္ေရေငြ႕ေတြ တ႐ွဲ႐ွဲနဲ႔ ထြက္ေပၚလာတယ္။ေရေငြ႕ေတြ ေပ်ာက္သြားတာနဲ႔ လုဟန္ တစ္ေယာက္ ေမွ်ာ္လင့္တႀကီးနဲ႔ ခ်င္းယီကိုၾကည့္လိုက္တယ္။
"အထဲဝင္ၾကရေအာင္"
ေျပာလို႔ေတာင္မဆုံးေသးဘူး လုဟန္က အထဲကိုေရာက္ေနၿပီ။ခ်င္းယီေခါင္းတခါခါနဲ႔ ေနာက္ကေန လိုက္ဝင္သြားလိုက္တယ္။
ခ်င္းယီ ေျပာတဲ့ အတိုင္း လက္နက္တိုက္ထဲမွာ လက္နက္ေတြအျပင္ ေသခ်ာထုတ္ပိုးထားတဲ့ ရိကၡာေတြလဲ႐ွိေနတယ္။ခ်င္းယီ အကုန္လုံးကို သယ္သြားဖို့
စိတ္ထဲကေန တြက္ခ်က္ေနတယ္။ခ်င္းယီလွည့္ၾကည့္လိုက္တဲ့အခါ ရိကၡာထုတ္ေတြကို သားရည္တျမားျမားနဲ႔ၾကည့္ေနတဲ့ လုဟန္ကို ျမင္လိုက္ရတယ္။
ခ်င္းယီ အက်ယ္ႀကီးေအာ္ရယ္မိျပန္တယ္။
"ငါဒီတစ္ခါမင္းကို ဉီးစားေပးလိုက္မယ္၊မင္းႀကိဳက္တာတစ္ခုခုကိုေ႐ြးယူလိုက္"
လုဟန္ အရမ္းေက်နပ္ပီတိျဖစ္ေနတဲ့ပုံနဲ႔ေခါင္းညိတ္ျပလိုက္တယ္။တျခားအဖြဲ႕သားေတြကလဲ အဖြဲ႕ကိုစၿပီးတည္ေထာင္ခ်ိန္ကေန အခုထိ ဒီလို တစ္ခါမွာ ဒီေလာက္မ်ားျပားတဲ့ ရိကၡာေတြကို မရဖူးခဲ့တာေၾကာင့္ ထခုန္ေတာ့မတတ္ေပ်ာ္႐ႊင္ေနၾကတယ္။
အခန္းထဲမွာ႐ွိတဲ့ ပစၥည္းေတြကို ေသခ်ာအမ်ိဳးအစားခြဲၿပီးတာနဲ႔ ေနရာလြတ္စြမ္းအား႐ွင္ေတြက သိမ္းဆည္းလိုက္ၾကတယ္။ခ်င္းယီက ဘယ္ေတာ့မွာ လူတစ္ေယာက္တည္းကို ပစၥည္းေတြ မပုံအပ္ဖူးဘူး။
ငယ္သူငယ္ခ်င္းက်န္းစစ္ေလာ့က ေနရာလြတ္စြမ္းအား႐ွင္ျဖစ္ေနသည့္တိုင္ေအာင္ တစ္ဖြဲ႕လုံး အတြက္ ကိုမွ်မွ်တတေတြးၿပီး ခ်င္းယီစီစဥ္ေပးလိုက္တယ္။စကားတစ္ခြန္း႐ွိတယ္ေလ၊ ၾကက္ဉေတြကို ေတာင္းတစ္ခုထဲမွာပဲစုျပဳံၿပီးမထည့္ထားသင့္ဘူး.........
က်န္းစစ္ေလာ့ ပစၥည္းေတြသိမ္းေနတာကို လုဟန္ေသခ်ာၾကည့္ေနလိုက္တယ္။က်န္းစစ္ေလာ့ရဲ႕ရင္အုပ္နားမွာ႐ွိတဲ့ အမည္မသိ အရာတစ္ခုကေနျပင္းထန္တဲ့ မတည္မၿငိမ္မႈေတြကိုခံစားေနရတယ္။
မုန္ညင္းေစ့ေနရာလြတ္.......
က်န္းစစ္ေလာ့ရဲ႕ ေနရာလြတ္စြမ္းအင္က တျခားေနရာလြတ္စြမ္းအား႐ွင္ေတြနဲ႔ လုံးဝကို ကြဲျပားျခားနားေနတယ္။ဒါက ႀကီးျမတ္တဲ့ စြမ္းအားေတြနဲ႔ ဖန္တီးထားတဲ့ ကမ႓ာငယ္ေလးတစ္ခုျဖစ္တယ္။ဒါေပမယ့္ အဲ့ဒီ့ကမ႓ာငယ္ေလးက ကိုယ္ပိုင္ဝိဉာဥ္စြမ္းအားေတြေပ်ာက္ဆုံးေနပုံရတယ္။ပ်က္စီးေတာ့မွာျဖစ္တဲ့အတြက္ေၾကာင့္ သာမာန္သိုေလွာင္ေရးပစၥည္းတစ္ခုအျဖစ္ပဲသုံးလို႔ရေတာ့တယ္။
ဒီလိုပ်က္စီးေတာ့မယ့္ ကမ႓ာငယ္ေလးကိုျပဳျပင္ဖို႔လိုအပ္တဲ့ပစၥည္းေတြထဲမွာ လိန္႔ယြမ္ကလဲ မပါမျဖစ္အေရးႀကီးတယ္။က်န္းစစ္ေလာ့ကို ၾကည့္ရတာ မသကၤာစရာေကာင္းလြန္းေနတယ္။ဒါေပမယ့္ သူလို သာမန္လူတစ္ေယာက္က လ်ိဳ႕ဝွက္ဂိုဏ္းရဲ႕အစီအရင္ကို ဘယ္လိုမ်ားေက်ာ္ျဖတ္ၿပီး ဂိုဏ္းထဲကို ခိုးဝင္ႏိုင္ရတာလဲ?
က်န္းစစ္ေလာ့ ဆီက လ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ လက္နက္ကို လုဟန္ အတင္းအၾကပ္ယူငင္ၿပီး အထဲမွာ လိန္႔ယြမ္႐ွိမ႐ွိစစ္ေဆးၾကည့္ခ်င္ေနတယ္။က်န္းစစ္ေလာ့က ကံၾကမၼာရဲ႕သားေတာ္မဟုတ္တာေၾကာင့္ က်န္းစစ္ေလာ့ ေသဆုံးသြားရင္ေတာင္ ဘာျပသာနာမွမ႐ွိႏိူင္ဘူး။ဒါေပမယ့္ မုန္ညႇင္းေစ့ေနရာလြတ္က က်န္းစစ္ေလာ့ကို ပိုင္႐ွင္အျဖစ္ အသိအမွတ္ျပဳၿပီးေနေလာက္ၿပီ။အကယ္၍ က်န္းစစ္ေလာ့ ကသာ မုန္ညႇင္းေစ့ေနရာလြတ္ကို ဖ်က္စီးလိုက္မယ္ဆို အျပန္အလွန္ထိခိုက္မိေတြျဖစ္လာႏိုင္တယ္။ဒါဆို လိန္႔ယြမ္ကိုဘယ္ေတာ့မွ႐ွာေတြ႕ေတာ့မွာမဟုတ္ဘူး။
ဒီျပသာာနေတြကို တျဖည္းျဖည္း အခ်ိန္ယူၿပီး ကိုင္တြယ္ေျဖ႐ွင္းမွရေတာ့မယ္...........