ကိုကို့ ရဲ့ ငယ် ♥ Uni+Zaw

Bởi frozenmanobannca

108K 8.2K 481

gudie ဆရာမ tomboy လေးနဲ့ ကျောင်းသူလေး တို့ရဲ့ အချစ်ဇာတ်လမ်း Xem Thêm

ကိုကို့ ရဲ့ ငယ် ♥ intro
Part 1 ♥Uni+Zaw
Part 2 ♥ Uni+Zaw
Part 3 uni + zaw
Part4 uni+zaw
To my reader
Part 5 uni+zaw
Part 6 uni +Zaw
Part 7 uni+ zaw
Part 8 uni+zaw
Part 9 uni +Zaw
Part 10 Uni+Zaw
Part 11 Uni+Zaw
Part 12 Uni+Zaw
Part13 Uni +Zaw
Part 14 Uni+Zaw
Part 13 Zawgi
Part 15 Uni +Zaw
Part 16 Uni+Zaw
Part 17
Part 18 Uni+Zaw
Part 19 Uni+Zaw
Part 20 Uni+Zaw
Part 21 Uni+Zaw
Part 22 Uni+Zaw
Part 23 Uni+Zaw
Part 24 Uni +Zaw
Part 25 Uni +Zaw
Part 27 Uni+Zaw
Part 28 Uni +Zaw
Part 29 Uni+Zaw
Part 30 Uni+Zaw
Part 31 Uni+Zaw
Final Uni +Zaw
ကျေးဇူးတင်လွှာ
Bonus Part 💕💕

Part 26 Uni+Zaw

2.3K 223 13
Bởi frozenmanobannca

ကိုကိုရဲ့ငယ်

အပိုင်း ၂၆

သူရစံက စီးပွားရေးနဲ့ပတ်သက်ရင် ညဏ်လည်းကောင်းသလို အကျိုးလည်းပေးတယ်လို့ခေါ်ရမှာပါဘဲ.. ဟိုတလောက သူ ပြောတဲ့အစီအစဥ်အတိုင်း အရက်တွေကို ပင်ရင်းကနေယူလိုက်တော့
သူတွက်ထားသလိုပင် တစ်ဖာကို ငါးသိန်း ငါးသိန်းကျော်လောက်အပိုထွက်လာသည်။စုစုပေါင်း အရက်ဖာ ၇၀လောက်မှာလိုက်တာကြောင့် အပိုငွေ သိန်း၃၀၀လောက်ပြန်ထွက်လာသည်။

ဒါ့အပြင် အရင်းနဲ့ပေါင်းရင် ၆၀၀ လောက်ရလိုက်တယ်ဆိုပါတော့... ကားခရယ် အခန်းငါးခရယ်က စုစုပေါင်းမှ သိန်းနှစ်ဆယ်လောက်ပဲ ကျတော့ ၂၈၀ လောက်မြတ်လိုက်သည်။ လှောင်ထားတဲ့အရက်တွေကလည်း အကုန်ရောင်းကုန်တာကြောင့် ဒီတစ်လထဲမှာပင် သိန်း ၃၃၀ လောက်မြတ်သွားသည်။ တစ်ယောက်တစ်ဝက်ခွဲတော့ သုံးပုံပုံလိုက်ပြီး ကျွန်တော်က တစ်ရာ သူရစံက တစ်ရာ နဲ့
ကျန်တစ်ရာက အရင်းအနှီးပေါ် နောက်ထပ်ရင်းနှီးတဲ့ငွေပေါ့..

ကျန်တဲ့သုံးဆယ်က အလုပ်သမားခရယ် ဆိုင်ခန်းခရယ်...
ဆိုတော့ ဒီလထဲမှာကို ကျွန်တော် တစ်ရာကျော်လောက် ဝင်သွားသည်။ ဒါကို ပိုးစံတစ်ယောက် သိသွားတာကြောင့် သိပြီးချင်းချင်း
ေလလို အလျင်နှုန်းဖြင့် ကျွန်တော်ဆီရောက်လာကာ တစ်ဝိုင်းဖိုး ဒကာခံဖို့ နပူနဆာလုပ်လေတော့သည်။ ဪ..သူငယ်ချင်းတွေများ ဂုန်းဆင်းဖို့ဆို ဘယ်လိုလျင်မှန်းမသိ ဂုန်းဆင်းဖို့ကို
ကျားချောင်းသလို ချောင်းနေကြတဲ့အထဲမှာ ကျွန်တော့်သူငယ်ချင်း
ပိုးစံက ထိပ်ဆုံးစာရင်းဝင်ပင်..🙂🙂🙂

"အေးချမ်းကိုကို ဒီကိစ္စ နင်မတရားဘူးနော် တစ်ရာကျော်လောက်မြတ်သွားတာတောင် ငါ့ကို အသိမပေးဘူး"

ရှေ့မှာ ချထားတဲ့ မာလာရှမ်းကော ကို စားလိုက် လူကို အပြစ်တင်လိုက်နဲ့ လုပ်နေသော ပိုးစံကို ကြာလာတော့ စိတ်မရှည်တော့တာကြောင့် သူစားနေတဲ့ မာလာရှမ်းကော ပန်းကန်ကို ဆွဲယူလိုက်လေသည်။

"ya အေးချမ်းကိုကို နင်ဘာလုပ်နေတာလည်း စားနေတာမမြင်ဘူးလား "

"မြင်တယ်လေ နင်က စားတာကို ပါးစပ်ပိတ်ပြီးတော့မှ မစားတာ
လူကို စေတနာပျက်အောင်လို့ လုပ်နေတာလေ"

"ဟဲ့ နင်ဘာသာနင် စဥ်းစားကြည့် ငါလွန်လားနင်လွန်လားဆိုတာ "

"ပြောပါအုန်း 😒😒😒ဘယ်သူလွန်လည်းဆိုတာ"

"ဒီမယ်ကွာ ဒီဝိုင်းကို အလွန်ဆုံး နင်ရှင်းရမှ တစ်သိန်းတောင်မပြည့်ဘူး နင်ရတဲ့အမြတ်က တစ်ကာကော်တောင်လေ ေနာက်ပြီး နင့်မှာ သူငယ်ချင်းဆိုလို့ ဒီတစ်ယောက်လေး ရှိတာ မဟုတ်ဘူးလား
ရှိတဲ့ ရှားရှားပါးပါး သူငယ်ချင်းလေးကို ကျွေးချင်မွေးချင်တဲ့ စိတ်ကို မရှိဘူး "

"ဪ မှတ်သားလောက်ပါတယ် ငါကတော့ ဆိုင်ကောင်းကောင်းမှာ ကျွေးမယ် ဆိုပြီး မနက်ဖြန်လောက်မှ ပြောတော့မယ် ကြံတုန်း
ရှိသေး အမြတ်ရတဲ့  ပိုက်ဆံတွေကို  ဘဏ်ထဲထည့်တာ ငါးနာရီတောင်မရှိသေးတဲ့ အချိန်အတွင်းမှာ ရောက်လာပြီး အပြစ်တင်
နေတဲ့ သူငယ်ချင်းကောင်းလေးက ဘယ်သူလည်း မသိဘူးနော်🙂🙂🙂 "

"ကဲပါ အေးချမ်းရယ် ငါ့ကို ကြောက်စရာကောင်းအောင် fake
smile ကြီးနဲ့ မပြုံးစမ်းပါနဲ့ ငါမှားပါတယ် ဟုတ်ပြီလား
နောက်ပြီး နင့်ဆီ လာတာ ဂုန်းဆင်းဖို့တစ်ခုတည်းမဟုတ်ဘူး
အရေးကြီး တဲ့ အကြောင်းပြောစရာရှိလို့"

"ဘာလည်း နင့် crush ကြီး မိန်းမယူသွားလို့လား"

"ဖွဟဲ့..လွယ်ပါစေ ဖယ်ပါစေ အေးချမ်းကိုကို ဒီစကားကို ဒီအချိန်မှာ မပြောသင့်ဘူးနော် တော်ကြာ နင့်ပါးစပ်စီးပြီး အဲ့စကားအတိုင်းငါမဖြစ်ဘဲ နင်ဖြစ်သွားလိမ့်မယ်"

"ဟွန့်...ဟာသပဲ ငါ့မှာ ဘယ်တုန်းက crush ရှိလို့လည်း ပါးစပ်စီးရအောင်"

"crush မရှိပေမယ့် နင့် ငယ်တစ်ယောက်လုံး ရှိတယ်မဟုတ်ဘူးလား"

". .........."

ငယ် ဆိုတဲ့ အသံကြားတိုင်းငြိမ်ကျသွားတတ်တဲ့ အေးချမ်းကို ကြည့်ပြီး ပိုးစံလည်း စိတ်မကောင်းဖြစ်ရသည်။ ငယ်ငယ်ကတည်းက နေ အခုချိန်ထိ ပေါင်းခဲ့တဲ့ သူငယ်ချင်းရဲ့စိတ်ကို ပိုးစံ သိတာပေါ့..
သူ့မှာ အရမ်းချစ်ရဲ့နဲ့ နောက်ဆုတ်ပေးခဲ့ရတာ...မေယွန်းငယ် နဲ့
ချစ်သူဖြစ်တုန်းကဆို မေယွန်းငယ်အကြောင်းက အေးချမ်းစကားထဲမှာမပါမဖြစ်..အေးချမ်းဘက်ကပဲ မေယွန်းငယ်ကို အရမ်းချစ်တာမဟုတ်သလို မေယွန်းငယ်ကလည်း အေးချမ်းထက် မလျော့သောအချစ်တွေနဲ့ ချစ်တယ်ဆိုတာ ပိုးစံကောင်းကောင်းသိသည်။

သူတို့နှစ်ယောက် ဘယ်လောက်ချစ်တယ်ဆိုတာသူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်တဲ့ အကြည့်တွေကို ကြည့်တာနဲ့
သိသည်။ ဒီလိုအရမ်းချစ်တဲ့ချစ်သူနှစ်ယောက်
လမ်းခွဲသွားကြလိမ့်မယ်လို့ တွေးတောင်မတွေးထားခဲ့...
အေးချမ်းပြောတုန်းကဆို ကိုယ့်နားကိုယ်တောင်မယုံနိုင်...နောက်ပြီး
အေးချမ်းဘက်က အရင် စလမ်းခွဲခဲ့တာတဲ့..လမ်းခွဲရတဲ့အကြောင်းအရင်းကို ေအးချမ်းပြောပြတော့ ပိုးစံအနေနဲ့ သူ့ဆုံးဖြတ်ချက်ကို
မှန်တယ်လို့ပဲ သတ်မှတ်တယ်..

ဘယ်လောက်ပဲ ချစ်ပါတယ် ဘယ်လောက်ပဲ မြတ်နိုးပါတယ်ပြောပြော ကိုယ့်အတ္တကို ကြည့်ပြီး ကိုယ့်ချစ်သူရဲ့ အနာဂတ်ကို ပျက်စီးစေခဲ့တယ်ဆိုရင် အဲ့လူဟာ သူ့ချစ်သူအပေါ် တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့လူလို့ပဲ ပိုးစံထင်တယ်..အေးချမ်းက ကြတော့ ကိုယ့်ကိုကိုထက်
မေယွန်းငယ်ကို ဦးစားပေးစဥ်းစားခဲ့ပြီး သူကိုယ်တိုင်လည်း အမုန်းခံ
အနာကျင်ခံပြီး မေယွန်းငယ်ရဲ့ အနာဂတ် ထည့်စဥ်းစားပေးခဲ့တဲ့
ချစ်သူကောင်းတစ်ယောက်ပါ..

ပိုးစံဘဝမှာ အေးချမ်းလို ချစ်သူမျိုးနဲ့ပဲ ကြုံချင်တယ်..ဘာလို့လည်းဆိုတော့ အေးချမ်း ရဲ့ အချစ်တွေက သူများတွေလို မပူလောင်ရပဲ သူ့နာမည်နဲ့ လိုက်အောင် အေးချမ်းလွန်းတယ်လေ..
အမှန်တော့ သူငယ်ချင်းတွေ မိဘနဲ့သားသမီး တွေ ချစ်သူတွေ
အိမ်ထောင်သည်တွေ မိတ်ဆွေတွေ ကြားထဲမှာရှိတဲ့ ဘယ်လိုဆက်ဆံရေးပဲဖြစ်ဖြစ် အဓိက က နှစ်ဦးနှစ်ဖက်လုံးမှာ နားလည်မှု
ရှိဖို့က အရေးအကြီးဆုံးလို့ ပိုးစံ ဘဝမှာ သတ်မှတ်ထားတယ်..

ဘာလို့လည်းဆိုတော့ လူဆိုတာ အကုန်လုံးက တစ်ကိုယ်ကောင်းသမားတွေ ကြည့်ပဲလေ...လူတိုင်းမှာ အနည်းနဲ့အများတော့ အတ္တကိုယ်စီ ရှိကြတာချည်းပါပဲ... ဆက်ဆံရေးတစ်ခုတည်ဆောက်တော့မယ်ဆိုရင် ဘယ်ဆက်ဆံရေးပဲဖြစ်ဖြစ် နှစ်ဖက်လုံးကကိုယ့်မှာရှိတဲ့ အတ္တကို လျော့ချပြီး ကိုယ်ချင်းစာတရားထားမယ်ဆိုရင် ဘယ်ဆက်ဆံရေးမဆို ကြာရှည်ခံမှာ အမှန်ပါဘဲ ....

အမှန်တော့ ကိုယ်ချင်းစာတရားဆိုတာ နားလည်မှုပါပဲ...
ကိုယ်သာ သူ့နေရာမှာဆိုရင်..ဆိုတဲ့ အတွေးလေးကို စိတ်ထဲမှာတွေးကြည့်ပြီး သူ့နေရာကနေ ခံစားကြည့်ပေးတာက ကိုယ်ချင်းစာတရားပါပဲ...ကျွန်မကို ဆရာတစ်ယောက်က ပြောဖူးတယ်..
လောကမှာ လူတိုင်းသာ ကိုယ်ချင်းစာတရားသာရှိရင် စစ်ပွဲတွေလည်း ရှိမှာမဟုတ်သလို တရားရုံးတို့ ရဲစခန်းတို့ဆိုတာလည်း ပေါ်လာမှာမဟုတ်ဘူးတဲ့..လူတိုင်းဟာ ေအးချမ်းနေပြီး တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းကူညီနေတာတွေပဲ ရှိလိမ့်မယ်တဲ့..
ဒါကြောင့် လူ့လောက မှာလိုအပ်နေတာ ကိုယ်ချင်းစာတရားပဲလို့
ဆရာပြောခဲ့တာကို အခုချိန်ထိ မမေ့သေးပါဘူး..

"ဒါနဲ့ နင်ငါ့ကို ပြောစရာရှိတယ်ဆို"

အေးချမ်းရဲ့ စကားသံကြောင့် ပိုးစံမှာ အတွေးကမ္ဘာထဲကနေ လက်ရှိကမ္ဘာထဲကို ရောက်လာတော့သည်။

"အင်း..ဒါပေမယ့် နင် စိတ်ကို ငြိမ်ငြိမ်ထားနော် တအားကြီး စိတ်မလှုပ်ရှားသွားနဲ့"

"အေးပါ ပြောမှာဖြင့် ပြော"

"ဟူး....."

ပိုးစံ တစ်ယောက် သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ ပြောစရာရှိတဲ့စကားကို ရဲရဲကြီးသာ ပြောချလိုက်တော့သည်။

"ငါလေ မေယွန်းငယ်ကို New Ocean မှာတွေ့လိုက်တယ် "

"တ...တကယ်လား ပိုးစံ ဘယ်..တုန်းက..လည်း"

အသံတွေတုန်လာပြီး မျက်ရည်တွေဝိုင်းကာ စကားအထစ်ထစ်နဲ့
ကျွန်မကို အားကိုးတကြီး မေးလာတဲ့ အေးချမ်းကိုကြည့်ပြီး
စိတ်မကောင်းဖြစ်ရသည်။ နောက်ထပ်ပြောမယ့်စကားကို ပြောရရင်ကောင်းမလား မကောင်းဘူးလား ကျွန်မတွေးရသေးသည်။
အဲ့စကားသာကြားရင် အေးချမ်းအနေနဲ့ ခံနိုင်ရည် ရှိပါ့မလားတောင်
မသိဘူး..ဘာပဲဖြစ်ဖြစ် အခုကတည်းက သိထားတော့ သူ ခံစားရ
သက်သာတာပေါ့... ပြောလိုက်ပါမယ်လေ..အခုရှုပ်မှ နောင်ရှင်းတဲ့..

"ဟို သူတစ်ယောက်တည်းမဟုတ်ဘူးဟ..ဘေးမှာ ယောကျ်ားလေးတစ်ယောက်လည်းပါတယ်..နောက်ပြီး ကလေးတစ်ယောက်နဲ့ ကလေးလေးကို အဲ့ကောင်လေးက ချီထားတာ
ကြည့်ရတာ မိသားစုလိုပဲ"

ပိုးစံလည်းစကားကို ပြောသာပြောရတာ အေးချမ်းကို ကြည့်ကြည့်နေရသေးတာ..နောက်ဆုံးစကားလည်း ကြားရော အေးချမ်း
တစ်ယောက် မျက်ရည်တွေ ကို ထိန်းမထားနိုင်တော့ဘူးထင်ပါရဲ့
ချက်ချင်းကို ငိုချတော့တာ..ခေါင်းကို ငိုက်ချပြီး ကျောလေး
တစ်သိမ့်သိမ့်နဲ့ ငိုနေတဲ့ အေးချမ်းဘေးနားကို သွားလိုက်ပြီး
ငိုနေတဲ့ သူငယ်ချင်းမလေးကို ရင်ခွင်ထဲ ထည့်လိုက်ပြီး
သူ စိတ်တိုင်းကျ အဝသာ ငိုခိုင်းလိုက်တော့သည်။

"အေးချမ်းရယ်..နင်နာကျင်ရတာကို ငါသိတာပေါ့ဟာ...
မေယွန်းငယ်နဲ့ လမ်းခွဲတုန်းကဆို အရူးတစ်ယောက်လိုမျိုး
ကယောင်ကတမ်းတွေပြောပြီး နေ့ညမပျက် ငိုနေခဲ့တဲ့ နင့်ကို
ကြည့်ပြီး ငါတောင် ငိုခဲ့ရသေးတယ်သိလား...နင် နင့်အမေစကားကို
နားထောင်ပြီး စာတွေ နေ့ညမနား ကြိုးစားပြီး အပြုံးအရယ်မရှိတဲ့ ကျောက်ရုပ်တစ်ရုပ်လို ဖြစ်သွားတုန်းဆို ငါနင့်ကို အရမ်းသနားခဲ့တာ..ဒါပေမယ့်လည်းဟာ..လူ့ဘဝက လိုတာမရ ရတာမလို တဲ့ဘဝမလား..သူလည်း အခုချိန်မှာ သူ့ဘဝနဲ့သူ ရှိနေပြီး ကောင်းစားနေပြီ...နင်လည်း ခံစားခဲ့ရပြီးပြီပဲဟာ..အသစ်မရှာချင်ရင်တောင်
မေ့လိုက်ပါတော့လား ဟင် "

"ပိုးစံ....ငါ....ငါလေ..သူ့...ကို.. သေ...သေလာက်အောင်....ချစ်ခဲ့တာ.... ဟ..အင့်..ငါ..ဟင့်..သူနဲ့...လမ်း..လမ်းခွဲတုန်းကဆို...
အသေ..နာကျင်...ရ..တာ..ဟင့်..ဟင့်...ငါ..မျှော်လင့်ချက်...သေး
..ဟင့်..အင့်.. သေးသေးလေးပဲ...ထားခဲ့တာ..ပါ..ငါ...ငါ့..ဆီ...
ကိုလေ..ဟင့်..သူများ..ပြန်လာမလား..
ဆိုပြီး..ဟင့်...ဒါပေမယ့်...လေ..အခုတော့...ငါ့...ငါ့မျှော်လင့်ချက်တွေ..ဟင့်..အကုန်..ရေစုန်မျှောသွားပြီဟာ..ငါဘယ်လိုလုပ်ရမလည်းဟင်...ငါဘယ်လိုလုပ်ရမလည်း..အား..ပြောပါ..ငါဘယ်လိုလုပ်ရတော့မှာလည်းလို့...ဟီး..ဟီး..ဟင့်"

ကျွန်မကဲ့ ရင်ခွင်ထဲကနေ သူ့ခံစားချက်တွေကို ငိုသံ ဗလုံးဗထွေးတွေနဲ့ ပြောပြလာတဲ့ အေးချမ်းကို ကြည့်ပြီး အရင်ကထက်ပို သနားလာရသည်။ မေယွန်းငယ်နဲ့ လမ်းခွဲခဲ့တုန်းက ဘဝပျက်မတတ်ဖြစ်ခဲ့ရတဲ့ အေးချမ်းကို မေယွန်းငယ်နဲ့ ပတ်သက်ပြီး
နောက်ထပ် မျှော်လင့်ချက်တွေ မထားစေချင်တော့တာအမှန်..
ဒါပေမယ့်လည်း သူ ဘဝမှာ ဒီလိုတွေ အောင်မြင်လာအောင် ကြိုးစားခဲ့တာ မေယွန်းငယ်ကြောင့် ဆိုတာ ကျွန်မ ကောင်းကောင်း
သိတာကြောင့် အေးချမ်းကို မတားတော့ပေ။

ငိုနေတဲ့ အေးချမ်းကို ကျောလေးကိုဖွဖွလေး ပွတ်ပေးကာ
သူအငိုတိတ်တဲ့အထိ ကျွန်မရင်ခွင်ကို ခဏငှားလိုက်တော့သည်။
အေးချမ်းရယ်..ဖြစ်နိုင်ရင်..ငါတွေ့ခဲ့တာက အမှန်မဟုတ်ဘဲ..
သူ အရင်ကအတိုင်း နင့်ကိုပဲ ချစ်နေပြီး နင့်ဆီပဲ ပြန်လာပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ဟာ...

#အေးချမ်းညိမ်း

ကဲ ပျောက်တော်မူလိုက်ပါဦးမယ် ဒါဒါတို့ရေ

Zawgi

ကိုကိုရဲ႕ငယ္

အပိုင္း ၂၆

သူရစံက စီးပြားေရးနဲ႕ပတ္သက္ရင္ ညဏ္လည္းေကာင္းသလို အက်ိဳးလည္းေပးတယ္လို႔ေခၚရမွာပါဘဲ.. ဟိုတေလာက သူ ေျပာတဲ့အစီအစဥ္အတိုင္း အရက္ေတြကို ပင္ရင္းကေနယူလိုက္ေတာ့
သူတြက္ထားသလိုပင္ တစ္ဖာကို ငါးသိန္း ငါးသိန္းေက်ာ္ေလာက္အပိုထြက္လာသည္။စုစုေပါင္း အရက္ဖာ ၇၀ေလာက္မွာလိုက္တာေၾကာင့္ အပိုေငြ သိန္း၃၀၀ေလာက္ျပန္ထြက္လာသည္။

ဒါ့အျပင္ အရင္းနဲ႕ေပါင္းရင္ ၆၀၀ ေလာက္ရလိုက္တယ္ဆိုပါေတာ့... ကားခရယ္ အခန္းငါးခရယ္က စုစုေပါင္းမွ သိန္းႏွစ္ဆယ္ေလာက္ပဲ က်ေတာ့ ၂၈၀ ေလာက္ျမတ္လိုက္သည္။ ေလွာင္ထားတဲ့အရက္ေတြကလည္း အကုန္ေရာင္းကုန္တာေၾကာင့္ ဒီတစ္လထဲမွာပင္ သိန္း ၃၃၀ ေလာက္ျမတ္သြားသည္။ တစ္ေယာက္တစ္ဝက္ခြဲေတာ့ သုံးပုံပုံလိုက္ၿပီး ကြၽန္ေတာ္က တစ္ရာ သူရစံက တစ္ရာ နဲ႕
က်န္တစ္ရာက အရင္းအႏွီးေပၚ ေနာက္ထပ္ရင္းႏွီးတဲ့ေငြေပါ့..

က်န္တဲ့သုံးဆယ္က အလုပ္သမားခရယ္ ဆိုင္ခန္းခရယ္...
ဆိုေတာ့ ဒီလထဲမွာကို ကြၽန္ေတာ္ တစ္ရာေက်ာ္ေလာက္ ဝင္သြားသည္။ ဒါကို ပိုးစံတစ္ေယာက္ သိသြားတာေၾကာင့္ သိၿပီးခ်င္းခ်င္း
ေလလို အလ်င္ႏႈန္းျဖင့္ ကြၽန္ေတာ္ဆီေရာက္လာကာ တစ္ဝိုင္းဖိုး ဒကာခံဖို႔ နပူနဆာလုပ္ေလေတာ့သည္။ ဪ..သူငယ္ခ်င္းေတြမ်ား ဂုန္းဆင္းဖို႔ဆို ဘယ္လိုလ်င္မွန္းမသိ ဂုန္းဆင္းဖို႔ကို
က်ားေခ်ာင္းသလို ေခ်ာင္းေနၾကတဲ့အထဲမွာ ကြၽန္ေတာ့္သူငယ္ခ်င္း
ပိုးစံက ထိပ္ဆုံးစာရင္းဝင္ပင္..🙂🙂🙂

"ေအးခ်မ္းကိုကို ဒီကိစၥ နင္မတရားဘူးေနာ္ တစ္ရာေက်ာ္ေလာက္ျမတ္သြားတာေတာင္ ငါ့ကို အသိမေပးဘူး"

ေရွ႕မွာ ခ်ထားတဲ့ မာလာရွမ္းေကာ ကို စားလိုက္ လူကို အျပစ္တင္လိုက္နဲ႕ လုပ္ေနေသာ ပိုးစံကို ၾကာလာေတာ့ စိတ္မရွည္ေတာ့တာေၾကာင့္ သူစားေနတဲ့ မာလာရွမ္းေကာ ပန္းကန္ကို ဆြဲယူလိုက္ေလသည္။

"ya ေအးခ်မ္းကိုကို နင္ဘာလုပ္ေနတာလည္း စားေနတာမျမင္ဘူးလား "

"ျမင္တယ္ေလ နင္က စားတာကို ပါးစပ္ပိတ္ၿပီးေတာ့မွ မစားတာ
လူကို ေစတနာပ်က္ေအာင္လို႔ လုပ္ေနတာေလ"

"ဟဲ့ နင္ဘာသာနင္ စဥ္းစားၾကည့္ ငါလြန္လားနင္လြန္လားဆိုတာ "

"ေျပာပါအုန္း 😒😒😒ဘယ္သူလြန္လည္းဆိုတာ"

"ဒီမယ္ကြာ ဒီဝိုင္းကို အလြန္ဆုံး နင္ရွင္းရမွ တစ္သိန္းေတာင္မျပည့္ဘူး နင္ရတဲ့အျမတ္က တစ္ကာေကာ္ေတာင္ေလ ေနာက်ပြီး နင့္မွာ သူငယ္ခ်င္းဆိုလို႔ ဒီတစ္ေယာက္ေလး ရွိတာ မဟုတ္ဘူးလား
ရွိတဲ့ ရွားရွားပါးပါး သူငယ္ခ်င္းေလးကို ေကြၽးခ်င္ေမြးခ်င္တဲ့ စိတ္ကို မရွိဘူး "

"ဪ မွတ္သားေလာက္ပါတယ္ ငါကေတာ့ ဆိုင္ေကာင္းေကာင္းမွာ ေကြၽးမယ္ ဆိုၿပီး မနက္ျဖန္ေလာက္မွ ေျပာေတာ့မယ္ ႀကံတုန္း
ရွိေသး အျမတ္ရတဲ့  ပိုက္ဆံေတြကို  ဘဏ္ထဲထည့္တာ ငါးနာရီေတာင္မရွိေသးတဲ့ အခ်ိန္အတြင္းမွာ ေရာက္လာၿပီး အျပစ္တင္
ေနတဲ့ သူငယ္ခ်င္းေကာင္းေလးက ဘယ္သူလည္း မသိဘူးေနာ္🙂🙂🙂 "

"ကဲပါ ေအးခ်မ္းရယ္ ငါ့ကို ေၾကာက္စရာေကာင္းေအာင္ fake
smile ႀကီးနဲ႕ မၿပဳံးစမ္းပါနဲ႕ ငါမွားပါတယ္ ဟုတ္ၿပီလား
ေနာက္ၿပီး နင့္ဆီ လာတာ ဂုန္းဆင္းဖို႔တစ္ခုတည္းမဟုတ္ဘူး
အေရးႀကီး တဲ့ အေၾကာင္းေျပာစရာရွိလို႔"

"ဘာလည္း နင့္ crush ႀကီး မိန္းမယူသြားလို႔လား"

"ဖြဟဲ့..လြယ္ပါေစ ဖယ္ပါေစ ေအးခ်မ္းကိုကို ဒီစကားကို ဒီအခ်ိန္မွာ မေျပာသင့္ဘူးေနာ္ ေတာ္ၾကာ နင့္ပါးစပ္စီးၿပီး အဲ့စကားအတိုင္းငါမျဖစ္ဘဲ နင္ျဖစ္သြားလိမ့္မယ္"

"ဟြန့္...ဟာသပဲ ငါ့မွာ ဘယ္တုန္းက crush ရွိလို႔လည္း ပါးစပ္စီးရေအာင္"

"crush မရွိေပမယ့္ နင့္ ငယ္တစ္ေယာက္လုံး ရွိတယ္မဟုတ္ဘူးလား"

". .........."

ငယ္ ဆိုတဲ့ အသံၾကားတိုင္းၿငိမ္က်သြားတတ္တဲ့ ေအးခ်မ္းကို ၾကည့္ၿပီး ပိုးစံလည္း စိတ္မေကာင္းျဖစ္ရသည္။ ငယ္ငယ္ကတည္းက ေန အခုခ်ိန္ထိ ေပါင္းခဲ့တဲ့ သူငယ္ခ်င္းရဲ႕စိတ္ကို ပိုးစံ သိတာေပါ့..
သူ႕မွာ အရမ္းခ်စ္ရဲ႕နဲ႕ ေနာက္ဆုတ္ေပးခဲ့ရတာ...ေမယြန္းငယ္ နဲ႕
ခ်စ္သူျဖစ္တုန္းကဆို ေမယြန္းငယ္အေၾကာင္းက ေအးခ်မ္းစကားထဲမွာမပါမျဖစ္..ေအးခ်မ္းဘက္ကပဲ ေမယြန္းငယ္ကို အရမ္းခ်စ္တာမဟုတ္သလို ေမယြန္းငယ္ကလည္း ေအးခ်မ္းထက္ မေလ်ာ့ေသာအခ်စ္ေတြနဲ႕ ခ်စ္တယ္ဆိုတာ ပိုးစံေကာင္းေကာင္းသိသည္။

သူတို႔ႏွစ္ေယာက္ ဘယ္ေလာက္ခ်စ္တယ္ဆိုတာသူတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္တဲ့ အၾကည့္ေတြကို ၾကည့္တာနဲ႕
သိသည္။ ဒီလိုအရမ္းခ်စ္တဲ့ခ်စ္သူႏွစ္ေယာက္
လမ္းခြဲသြားၾကလိမ့္မယ္လို႔ ေတြးေတာင္မေတြးထားခဲ့...
ေအးခ်မ္းေျပာတုန္းကဆို ကိုယ့္နားကိုယ္ေတာင္မယုံနိုင္...ေနာက္ၿပီး
ေအးခ်မ္းဘက္က အရင္ စလမ္းခြဲခဲ့တာတဲ့..လမ္းခြဲရတဲ့အေၾကာင္းအရင္းကို ေအးချမ်းပြောပြတော့ ပိုးစံအေနနဲ႕ သူ႕ဆုံးျဖတ္ခ်က္ကို
မွန္တယ္လို႔ပဲ သတ္မွတ္တယ္..

ဘယ္ေလာက္ပဲ ခ်စ္ပါတယ္ ဘယ္ေလာက္ပဲ ျမတ္နိုးပါတယ္ေျပာေျပာ ကိုယ့္အတၱကို ၾကည့္ၿပီး ကိုယ့္ခ်စ္သူရဲ႕ အနာဂတ္ကို ပ်က္စီးေစခဲ့တယ္ဆိုရင္ အဲ့လူဟာ သူ႕ခ်စ္သူအေပၚ တစ္ကိုယ္ေကာင္းဆန္ခဲ့တဲ့လူလို႔ပဲ ပိုးစံထင္တယ္..ေအးခ်မ္းက ၾကေတာ့ ကိုယ့္ကိုကိုထက္
ေမယြန္းငယ္ကို ဦးစားေပးစဥ္းစားခဲ့ၿပီး သူကိုယ္တိုင္လည္း အမုန္းခံ
အနာက်င္ခံၿပီး ေမယြန္းငယ္ရဲ႕ အနာဂတ္ ထည့္စဥ္းစားေပးခဲ့တဲ့
ခ်စ္သူေကာင္းတစ္ေယာက္ပါ..

ပိုးစံဘဝမွာ ေအးခ်မ္းလို ခ်စ္သူမ်ိဳးနဲ႕ပဲ ႀကဳံခ်င္တယ္..ဘာလို႔လည္းဆိုေတာ့ ေအးခ်မ္း ရဲ႕ အခ်စ္ေတြက သူမ်ားေတြလို မပူေလာင္ရပဲ သူ႕နာမည္နဲ႕ လိုက္ေအာင္ ေအးခ်မ္းလြန္းတယ္ေလ..
အမွန္ေတာ့ သူငယ္ခ်င္းေတြ မိဘနဲ႕သားသမီး ေတြ ခ်စ္သူေတြ
အိမ္ေထာင္သည္ေတြ မိတ္ေဆြေတြ ၾကားထဲမွာရွိတဲ့ ဘယ္လိုဆက္ဆံေရးပဲျဖစ္ျဖစ္ အဓိက က ႏွစ္ဦးႏွစ္ဖက္လုံးမွာ နားလည္မႈ
ရွိဖို႔က အေရးအႀကီးဆုံးလို႔ ပိုးစံ ဘဝမွာ သတ္မွတ္ထားတယ္..

ဘာလို႔လည္းဆိုေတာ့ လူဆိုတာ အကုန္လုံးက တစ္ကိုယ္ေကာင္းသမားေတြ ၾကည့္ပဲေလ...လူတိုင္းမွာ အနည္းနဲ႕အမ်ားေတာ့ အတၱကိုယ္စီ ရွိၾကတာခ်ည္းပါပဲ... ဆက္ဆံေရးတစ္ခုတည္ေဆာက္ေတာ့မယ္ဆိုရင္ ဘယ္ဆက္ဆံေရးပဲျဖစ္ျဖစ္ ႏွစ္ဖက္လုံးကကိုယ့္မွာရွိတဲ့ အတၱကို ေလ်ာ့ခ်ၿပီး ကိုယ္ခ်င္းစာတရားထားမယ္ဆိုရင္ ဘယ္ဆက္ဆံေရးမဆို ၾကာရွည္ခံမွာ အမွန္ပါဘဲ ....

အမွန္ေတာ့ ကိုယ္ခ်င္းစာတရားဆိုတာ နားလည္မႈပါပဲ...
ကိုယ္သာ သူ႕ေနရာမွာဆိုရင္..ဆိုတဲ့ အေတြးေလးကို စိတ္ထဲမွာေတြးၾကည့္ၿပီး သူ႕ေနရာကေန ခံစားၾကည့္ေပးတာက ကိုယ္ခ်င္းစာတရားပါပဲ...ကြၽန္မကို ဆရာတစ္ေယာက္က ေျပာဖူးတယ္..
ေလာကမွာ လူတိုင္းသာ ကိုယ္ခ်င္းစာတရားသာရွိရင္ စစ္ပြဲေတြလည္း ရွိမွာမဟုတ္သလို တရား႐ုံးတို႔ ရဲစခန္းတို႔ဆိုတာလည္း ေပၚလာမွာမဟုတ္ဘူးတဲ့..လူတိုင္းဟာ ေအးချမ်းနေပြီး တစ္ေယာက္နဲ႕ တစ္ေယာက္ ရိုင္းပင္းကူညီေနတာေတြပဲ ရွိလိမ့္မယ္တဲ့..
ဒါေၾကာင့္ လူ႕ေလာက မွာလိုအပ္ေနတာ ကိုယ္ခ်င္းစာတရားပဲလို႔
ဆရာေျပာခဲ့တာကို အခုခ်ိန္ထိ မေမ့ေသးပါဘူး..

"ဒါနဲ႕ နင္ငါ့ကို ေျပာစရာရွိတယ္ဆို"

ေအးခ်မ္းရဲ႕ စကားသံေၾကာင့္ ပိုးစံမွာ အေတြးကမၻာထဲကေန လက္ရွိကမၻာထဲကို ေရာက္လာေတာ့သည္။

"အင္း..ဒါေပမယ့္ နင္ စိတ္ကို ၿငိမ္ၿငိမ္ထားေနာ္ တအားႀကီး စိတ္မလႈပ္ရွားသြားနဲ႕"

"ေအးပါ ေျပာမွာျဖင့္ ေျပာ"

"ဟူး....."

ပိုးစံ တစ္ေယာက္ သက္ျပင္းတစ္ခ်က္ ခ်လိဳက္ၿပီးမွ ေျပာစရာရွိတဲ့စကားကို ရဲရဲႀကီးသာ ေျပာခ်လိဳက္ေတာ့သည္။

"ငါေလ ေမယြန္းငယ္ကို New Ocean မွာေတြ႕လိုက္တယ္ "

"တ...တကယ္လား ပိုးစံ ဘယ္..တုန္းက..လည္း"

အသံေတြတုန္လာၿပီး မ်က္ရည္ေတြဝိုင္းကာ စကားအထစ္ထစ္နဲ႕
ကြၽန္မကို အားကိုးတႀကီး ေမးလာတဲ့ ေအးခ်မ္းကိုၾကည့္ၿပီး
စိတ္မေကာင္းျဖစ္ရသည္။ ေနာက္ထပ္ေျပာမယ့္စကားကို ေျပာရရင္ေကာင္းမလား မေကာင္းဘူးလား ကြၽန္မေတြးရေသးသည္။
အဲ့စကားသာၾကားရင္ ေအးခ်မ္းအေနနဲ႕ ခံနိုင္ရည္ ရွိပါ့မလားေတာင္
မသိဘူး..ဘာပဲျဖစ္ျဖစ္ အခုကတည္းက သိထားေတာ့ သူ ခံစားရ
သက္သာတာေပါ့... ေျပာလိုက္ပါမယ္ေလ..အခုရႈပ္မွ ေနာင္ရွင္းတဲ့..

"ဟို သူတစ္ေယာက္တည္းမဟုတ္ဘူးဟ..ေဘးမွာ ေယာက်္ားေလးတစ္ေယာက္လည္းပါတယ္..ေနာက္ၿပီး ကေလးတစ္ေယာက္နဲ႕ ကေလးေလးကို အဲ့ေကာင္ေလးက ခ်ီထားတာ
ၾကည့္ရတာ မိသားစုလိုပဲ"

ပိုးစံလည္းစကားကို ေျပာသာေျပာရတာ ေအးခ်မ္းကို ၾကည့္ၾကည့္ေနရေသးတာ..ေနာက္ဆုံးစကားလည္း ၾကားေရာ ေအးခ်မ္း
တစ္ေယာက္ မ်က္ရည္ေတြ ကို ထိန္းမထားနိုင္ေတာ့ဘူးထင္ပါရဲ႕
ခ်က္ခ်င္းကို ငိုခ်ေတာ့တာ..ေခါင္းကို ငိုက္ခ်ၿပီး ေက်ာေလး
တစ္သိမ့္သိမ့္နဲ႕ ငိုေနတဲ့ ေအးခ်မ္းေဘးနားကို သြားလိုက္ၿပီး
ငိုေနတဲ့ သူငယ္ခ်င္းမေလးကို ရင္ခြင္ထဲ ထည့္လိုက္ၿပီး
သူ စိတ္တိုင္းက် အဝသာ ငိုခိုင္းလိုက္ေတာ့သည္။

"ေအးခ်မ္းရယ္..နင္နာက်င္ရတာကို ငါသိတာေပါ့ဟာ...
ေမယြန္းငယ္နဲ႕ လမ္းခြဲတုန္းကဆို အ႐ူးတစ္ေယာက္လိုမ်ိဳး
ကေယာင္ကတမ္းေတြေျပာၿပီး ေန႕ညမပ်က္ ငိုေနခဲ့တဲ့ နင့္ကို
ၾကည့္ၿပီး ငါေတာင္ ငိုခဲ့ရေသးတယ္သိလား...နင္ နင့္အေမစကားကို
နားေထာင္ၿပီး စာေတြ ေန႕ညမနား ႀကိဳးစားၿပီး အၿပဳံးအရယ္မရွိတဲ့ ေက်ာက္႐ုပ္တစ္႐ုပ္လို ျဖစ္သြားတုန္းဆို ငါနင့္ကို အရမ္းသနားခဲ့တာ..ဒါေပမယ့္လည္းဟာ..လူ႕ဘဝက လိုတာမရ ရတာမလို တဲ့ဘဝမလား..သူလည္း အခုခ်ိန္မွာ သူ႕ဘဝနဲ႕သူ ရွိေနၿပီး ေကာင္းစားေနၿပီ...နင္လည္း ခံစားခဲ့ရၿပီးၿပီပဲဟာ..အသစ္မရွာခ်င္ရင္ေတာင္
ေမ့လိုက္ပါေတာ့လား ဟင္ "

"ပိုးစံ....ငါ....ငါေလ..သူ႕...ကို.. ေသ...ေသလာက္ေအာင္....ခ်စ္ခဲ့တာ.... ဟ..အင့္..ငါ..ဟင့္..သူနဲ႕...လမ္း..လမ္းခြဲတုန္းကဆို...
အေသ..နာက်င္...ရ..တာ..ဟင့္..ဟင့္...ငါ..ေမွ်ာ္လင့္ခ်က္...ေသး
..ဟင့္..အင့္.. ေသးေသးေလးပဲ...ထားခဲ့တာ..ပါ..ငါ...ငါ့..ဆီ...
ကိုေလ..ဟင့္..သူမ်ား..ျပန္လာမလား..
ဆိုၿပီး..ဟင့္...ဒါေပမယ့္...ေလ..အခုေတာ့...ငါ့...ငါ့ေမွ်ာ္လင့္ခ်က္ေတြ..ဟင့္..အကုန္..ေရစုန္ေမွ်ာသြားၿပီဟာ..ငါဘယ္လိုလုပ္ရမလည္းဟင္...ငါဘယ္လိုလုပ္ရမလည္း..အား..ေျပာပါ..ငါဘယ္လိုလုပ္ရေတာ့မွာလည္းလို႔...ဟီး..ဟီး..ဟင့္"

ကြၽန္မကဲ့ ရင္ခြင္ထဲကေန သူ႕ခံစားခ်က္ေတြကို ငိုသံ ဗလုံးဗေထြးေတြနဲ႕ ေျပာျပလာတဲ့ ေအးခ်မ္းကို ၾကည့္ၿပီး အရင္ကထက္ပို သနားလာရသည္။ ေမယြန္းငယ္နဲ႕ လမ္းခြဲခဲ့တုန္းက ဘဝပ်က္မတတ္ျဖစ္ခဲ့ရတဲ့ ေအးခ်မ္းကို ေမယြန္းငယ္နဲ႕ ပတ္သက္ၿပီး
ေနာက္ထပ္ ေမွ်ာ္လင့္ခ်က္ေတြ မထားေစခ်င္ေတာ့တာအမွန္..
ဒါေပမယ့္လည္း သူ ဘဝမွာ ဒီလိုေတြ ေအာင္ျမင္လာေအာင္ ႀကိဳးစားခဲ့တာ ေမယြန္းငယ္ေၾကာင့္ ဆိုတာ ကြၽန္မ ေကာင္းေကာင္း
သိတာေၾကာင့္ ေအးခ်မ္းကို မတားေတာ့ေပ။

ငိုေနတဲ့ ေအးခ်မ္းကို ေက်ာေလးကိုဖြဖြေလး ပြတ္ေပးကာ
သူအငိုတိတ္တဲ့အထိ ကြၽန္မရင္ခြင္ကို ခဏငွားလိုက္ေတာ့သည္။
ေအးခ်မ္းရယ္..ျဖစ္နိုင္ရင္..ငါေတြ႕ခဲ့တာက အမွန္မဟုတ္ဘဲ..
သူ အရင္ကအတိုင္း နင့္ကိုပဲ ခ်စ္ေနၿပီး နင့္ဆီပဲ ျပန္လာပါေစလို႔
ဆုေတာင္းေပးလိုက္ပါတယ္ဟာ...

#ေအးခ်မ္းညိမ္း

ကဲ ေပ်ာက္ေတာ္မူလိုက္ပါဦးမယ္ ဒါဒါတို႔ေရ

Đọc tiếp

Bạn Cũng Sẽ Thích

479K 40.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
58.7K 4.2K 39
​နွေဦး ဆိုတဲ့ tomboy ​လေးက သူ့ဘဝရဲ့ ​အ​မှောင်ဆုံးအချိန်မှာ ​တွေ့လိုက်ရတဲ့ လင်းနဒ္ဒီ​သော် ဆိုတဲ့ ဆရာဝန်မ​လေးကို ချစ်မိသွားတဲ့အ​ကြောင်း​လေးပါပဲ။
80.5K 10.9K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
330K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"