ကိုကို့ ရဲ့ ငယ် ♥ Uni+Zaw

frozenmanobannca

108K 8.2K 481

gudie ဆရာမ tomboy လေးနဲ့ ကျောင်းသူလေး တို့ရဲ့ အချစ်ဇာတ်လမ်း Еще

ကိုကို့ ရဲ့ ငယ် ♥ intro
Part 1 ♥Uni+Zaw
Part 2 ♥ Uni+Zaw
Part 3 uni + zaw
Part4 uni+zaw
To my reader
Part 5 uni+zaw
Part 6 uni +Zaw
Part 7 uni+ zaw
Part 8 uni+zaw
Part 9 uni +Zaw
Part 10 Uni+Zaw
Part 11 Uni+Zaw
Part 12 Uni+Zaw
Part13 Uni +Zaw
Part 14 Uni+Zaw
Part 13 Zawgi
Part 15 Uni +Zaw
Part 16 Uni+Zaw
Part 17
Part 18 Uni+Zaw
Part 19 Uni+Zaw
Part 20 Uni+Zaw
Part 21 Uni+Zaw
Part 22 Uni+Zaw
Part 24 Uni +Zaw
Part 25 Uni +Zaw
Part 26 Uni+Zaw
Part 27 Uni+Zaw
Part 28 Uni +Zaw
Part 29 Uni+Zaw
Part 30 Uni+Zaw
Part 31 Uni+Zaw
Final Uni +Zaw
ကျေးဇူးတင်လွှာ
Bonus Part 💕💕

Part 23 Uni+Zaw

2K 217 22
frozenmanobannca

ကိုကိုရဲ့ ငယ်

အပိုင်း ၂၃

"ဒါဆို နင်က နောက်လကျရင် ပြန်တော့မှာပေါ့"

ဟယ်လန်ရဲ့ အမေးကို ယွန်းခေါင်းငြိမ့်ပြလိုက်တော့ ဟယ်လန်နဲ့
လူစီအတူတူ သက်ပြင်းချလိုက်ကြသည်။ကျောင်းပြီးရင် ကမ္ဘာပတ်ပြီး ကဲကြမယ်လို့ အချင်းချင်း တိုင်ပင်ထားကြသည်မဟုတ်လား..
အခုတော့ စီစဥ်ထားသမျှအကုန်လုံးက သဲထဲရေသွန်...

"ကဲပါ လူစီရယ် ဘာဘီက အခုချက်ချင်းပြန်မှာမှ မဟုတ်တာ
တစ်လတောင်နေအုန်းမှာဘဲ အဲ့တစ်လအတွင်း ငါတို့ တစ်နေရာရာတော့ သွားရမှာပါ "

ဟယ်လန်ရဲ့ စကားကို ကြားမှဘဲ မှုိင်နေတဲ့ လူစီရဲ့ မျက်နှာလေးက ဝင်းပလာတော့သည်။ဘာဘီအရုပ်မလေးနဲ့တူလို့ ဘာဘီဆိုပြီး ချစ်စနိုးနဲ့ခေါ်ရတဲ့ ယွန်းဆိုတဲ့ မြန်မာမလေးက လူစီအတွက်တော့
အချစ်ရဆုံးသူငယ်ချင်းမလေးပင်။ အရမ်းလည်း ချစ်စရာကောင်းသလို စိတ်ထားလေးကလည်း အရမ်းလှတာကြောင့် တစ်ခါတစ်လေ သူနဲ့ ဟယ်လန်နဲ့ အမြဲလုနေရကြ။

အိမ်မှာဆို ကျောင်းအကြောင်းပြောပြီဆို လူစီ့အတွက်က ဘာဘီ အကြောင်းက မပါမဖြစ်..အိမ်က လူတွေတောင် ဘာဘီကို
မတွေ့ရကတည်းက ချစ်နေကြတာပင်..ဟိုနေ့က ဘွဲ့ယူတဲ့နေ့က
တွေ့တော့ လူစီ့မိဘတွေဆို ဘာဘီ့အနားကတောင် မခွာချင်ကြ..
ဘာဘီက အပေါင်းအသင်းဆက်ဆံရေး ကောင်းသလို သူတစ်ဖက်သားကို လည်း အရမ်းအလေးထားတတ်သည်။

ဘာဘီက သူ့အကြောင်းပြောဖြစ်တာထက် အခြားသူအကြောင်း
ကို ပိုပြောလေ့ရှိသည်။ နောက်ပြီး တစ်ဖက်လူကို အရမ်းစာနာတတ်တာကြောင့် ဘာဘီ့ရဲ့ အတိုကောက် နာမည်ပြောင်က Angel
တဲ့လေ..ကျောင်းမှာဆို ဘာဘီ့ကို ချစ်တဲ့လူက ခပ်များများ..
မချစ်တဲ့လူဆိုတာ တေယ်တေယ်ရှားသည်..အခုတော့ ဒီကောင်မလေးနဲ့ ခွဲရတော့မည်ဆိုတော့ လူစီ စိတ်မကောင်းဖြစ်မိသည်မှာအမှန်ပင်....

"အင်းပါ ဒါပေမယ့် ဘာဘီနော် ငါတို့ကို ဒီတစ်လလုံး အချိန်ပေးရမှာ"

"ဒါပေါ့ ဒီတစ်လအတွင်းမှာ ရှင်တို့နှစ်ယောက်ဘယ်သွားချင်လည်း ဘာဘီ က အကုန်ဒကာခံမှာ"

"တော်ပါပြီ ဘာဘီရယ် သုံးယောက်စလုံး American system ပဲကျင့်သုံးတာပေါ့"

"ဟုတ်ပါပြီ ငါတို့ရဲ့လူစီလေးက American system ဆိုတော့
သူပြောတဲ့အတိုင်းပေါ့လေ မဟုတ်ရင် ငါတို့နှစ်ယောက် တစ်ချိန်လုံးနားပူခံနေရမှာ "

ဟယ်လန့်ရဲ့ အပြောကို ယွန်း သဘောကျစွာဖြင့် ခေါင်းငြိမ့်ထောက်ခံလိုက်သည်။ လူစီ က အရမ်းကို စိတ်ကောက်တတ်တဲ့
ကောင်မလေးပင်..သူပြောတဲ့အတိုင်း မလုပ်ဖူးဆိုရင် လူကို စိတ်ကောက်ပြီ..စိတ်ကောက်ပြီဆိုရင်လည်း သူများတွေလို စကားမပြောဘဲနဲ့နေတာမဟုတ်..သူဖြစ်ချင်တာကို မရရအောင် ပြောပြီး
နားပူနားဆာ လုပ်တတ်သည်..နောက်ဆုံး လူက နားပူပြီး
သူပြောတဲ့အတိုင်းသာ လုပ်ပေးလိုက်ရတော့သည်။

"😒😒😒😒"

"ကဲ ဟုတ်ပါပြီ အဲ့တော့ ဘယ်သွားကြမလည်း ဟင်"
ယွန်းမေးလိုက်တော့မှ သုံးယောက်လုံး ဘယ်သွားကြမလည်းဆိုတာ
အကြိတ်အနယ် စဥ်းစားကြရတော့သည်..ဘာလို့လည်း ဆိုတော့ သွားချင်နေတဲ့ နေရာက ခပ်များများ မလား..

"အင်...paris ဆိုရင်ကော"

ဟယ်လန်ရဲ့ အပြောကို ကျန်တဲ့နှစ်ယောက်လုံးက သဘောတူညီစွာ ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ဤသို့ဖြင့် ယွန်း တို့ သူငယ်ချင်းသုံးယောက် paris ကို ချီတက်လာခဲ့ကြသည်။

ပထမ paris ကို စစ ရောက်ချင်းရက်မှာတော့ရောက်တဲ့အချိန်က ညမှောင်ပြီဖြစ်တာကြောင့် သုံးယောက်လုံးဘယ်မှမသွားဘဲ ဟိုတယ်မှာဘဲ နေရန် ဆုံးဖြတ်လိုက်တော့သည်။ ခရီးပင်ပန်းလာတာကြောင့် အိပ်ယာထဲလည်း လဲချလိုက်ရော သုံးယောက်လုံး
တစ်ခါတည်း အိပ်ပျော်သွားတော့သည်။

ယွန်းတို့ သူငယ်ချင်းသုံးယောက် ပဲရစ်မြို့ရဲ့ အထင်ကရနေရာတွေ
ကို လည်ပတ်ခဲ့ကြသည်။ ဆယ်ရက်လောက်လည်ပတ်ပြ ီးတဲ့အခါမှာတော့ လန်ဒန်ကို ပြန်လာခဲ့ကြသည်။ လန်ဒန်ကို ပြန်ရောက်ပြီး
တာနဲ့ ဟယ်လန်နဲ့ လူစီတို့နှစ်ယောက်လုံး သူတို့တွေရဲ့ သက်ဆိုင်အိမ်အသီးသီးတို့ပြန်သွားခဲ့ကြသည်။

ဟယ်လန်နဲ့ လူစီ နှစ်ယောက်က တစ်ရက်တည်း နှစ်ယောက်လုံး အတူတူပြန်သွားကြသဖြင့် သုံးယောက်သား လေဆိပ်မှာ အတူတူဖက်၍ ငိုခဲ့ကြသေးသည်။ငါးနှစ်တာ သွားအတူ လာအတူ စားအတူသာမက စိတ်တူကိုယ်တူပေါင်းခဲ့ကြတဲ့ သူငယ်ချင်းတွေမလား...ခွဲခွာခဲ့ရတဲ့အချိန်မှာတော့ ရင်နှင့်မချိ စိတ်မကောင်းဖြစ်ခဲ့ရသည်။ နောက်တစ်နှစ်ကြာပြ ီးရင်တော့ လန်ဒန်မှာ သုံးယောက်လုံး အတူတူ ပြန်ဆုံရန် ကတိကိုလည်း ပေးခဲ့ကြသေးသည်။ ဘာပဲဖြစ်ဖြစ် နောက်တစ်နှစ်နေရင်တော့ ဟယ်လန်ကော လူစီနဲ့ရော ပြန်တွေ့ချင်သေးသည်...

ဟယ်လန်တို့ပြန်သွားပြီးနောက် လူးဝစ်တို့ကို ကတိပေးထားတဲ့ အတိုင်း သူတို့သွားချင်တဲ့နေရာတွေကို လိုက်ပို့ခဲ့လေသည်။ အခုဆိုရင် လူးဝစ်က ၁၁ နှစ်မို့ နည်းနည်းထွားလာပေမယ့် ကစ်တီက ၁၃
နှစ်မို့ အပျိုကြီးဖားဖားတောင်ဖြစ်နေလေပြီ...

ဟိုပတ် ဒီပတ်နဲ့ အချိန်တွေကုန်ဆုံးသွားလိုက်တာ မနက်ဖြန်ဆို
ယွန်း မြန်မာပြည်ကိုပြန်ရတော့မည်..မြန်မာကိုပြန်ရမည်ဆိုတာနဲ့
ယွန်းခေါင်းထဲကို လူတစ်ယောက်က ချက်ချင်း စိုးမိုးသွားတော့သည်။ ယွန်းမေ့့ထားတဲ့ အမှတ်တရတွေ နာကျင်မှုတွေက
ချက်ချင်း သတိပြန်ရလာတော့သည်။ အမှန်တော့ မေ့ထားတာထက်
သတိမရအောင် ကြိုးစားပြီး နေနေတာဆိုပိုမှန်လိမ့်မည်။

အချိန်တွေ ကြာသွားလည်း အရာအားလုံးက မနေ့တစ်နေ့ကလိုပင်။
ပြန်တွေးမိတိုင်းလည်း နာကျင်ရတာအခါခါ..ရေချိုးခန်းထဲက ရေပန်းအောက်မှာ ငိုမိတာကလည်း အကြိမ်ကြိမ်..တစ်နေရာရာမှာ
သူနဲ့ ပုံစံတူတဲ့ လူတွေကို တွေ့တိုင်းလည်း လိုက်ကြည့်ရတာအမော... သူမဟုတ်ဘူးဆိုတာကို သိသွားတဲ့အခါတိုင်းလည်း မျက်ရည်က ကျမိပြန်လေသည်။ တစ်ခါတစ်လေတော့လည်း
မုန်းပစ်ချင်မိသည်။ နာကြည်းချင်မိသည်။ ဒါပေမယ့် ကိုယ့်နှလုံးသားက သူမှ သူဖြစ်နေတော့လည်း အခက်သား..သူနဲ့ကိုယ်
ချစ်နေတုန်းက သူ့အပေါ် အဲ့လောက်ကြီး ချစ်မိနေလိမ့်မယ်လို့ မထင်ခဲ့..အခုလို ဝေးသွားတော့မှ ကိုယ့်မှာ သူ့ကို စွဲလန်းမိပြီး
ရူးလောက်အောင် ချစ်မိနေတယ်ဆိုတာ သိခဲ့ရသည်။

တကယ်လို့ ပြန်တွေ့ခဲ့ရင် ဘယ်လိုလုပ်ရမလည်း ဆိုတာ ယွန်းမသိသေး...တွေ့လည်းမတွေ့ချင်တော့..ပြန်တွေ့ခဲ့ရင် ယွန်းနှလုံးသားက
သစ္စာဖောက်မယ်ဆိုတာကတော့ အသေအချာပင်..
ဦးနှောက်က ဘယ်လောက်ပဲ သတိပေးပေး ကိုယ့်နှလုံးသားက
ဘယ်လိုမှ မနာခံဘူးဆိုတာ လန်ဒန်မှာနေခဲ့တဲ့ တစ်လျှောက်လုံးက
သက်သေ သာ ဖြစ်သည်။

ကိုယ်နဲ့ သင့်တော်တဲ့သူ ကိုယ့်ကို အမှန်တကယ် ချစ်မြတ်နိုးတဲ့လူတွေနဲ့ တွေ့ခဲ့လည်း နှလုံးသားက တော့ သူမှသူ ဖြစ်နေတော့ အချစ်မပါတဲ့ relationship ကို မတည်ဆောက်ချင်တော့ပေ...နောက်ပြီး တခြားသူကိုလည်း ဒဏ်ရာတွေ မပေးချင်တာလည်း မှန်ပေသည်။

မနက် ၉နာရီခွဲတွင် လေယာဥ် ထွက်မှာကြောင့် မနက်ရှစ်နာရှီ ခွဲကတည်းက လေဆိပ်ကို ထွက်လာခဲ့ရသည်။ ဒေါ်ဒေါ်တို့တစ်မိသားစုလုံးက လိုက်ပို့ခဲ့ကြသည်။ လေဆိပ်မှာ လူးဝစ်လေးက
ငိုတာကြောင့် ယွန်းမှာ ချော့ခဲ့ရသေးသည်။ ကျန်တဲ့မိသားစုဝင်တွေလည်း မျက်ရည်လေးတွေ စမ်းတမ်း စမ်းတမ်းနဲ့... ဒေါ်ဒေါ်တို့ကတော့ လန်ဒန်ကို မကြာခဏလာလည်ဖို့ တဖွဖွ မှာပြီးနောက်
ဒေါ်ဒေါ်တို့ တစ်မိသားစုလုံးကို တစ်ယောက်ချင်းစီ ဖက်ပြီး နှုတ်ဆက်ခဲ့လေသည်။ လေယာဥ်ပေါ်ရောက်တာနဲ့ လေဆိပ်မှာ
ထိန်းထားရတဲ့ မျက်ရည်တွေက အတားအဆီးမရှိစွာ ကျလာတော့သည်။

In myanmar airport......

လေယာဥ်ဆိုက်ပြီးနောက် လေယာဥ်ကွင်းမှာ လူကြိုတဲ့ နေရာကိုကြည့်လိုက်တော့ ပါးပါးနဲ့မားမားကို ချက်ချင်း တွေ့ရသည်။ ယွန်းကိုမြင်တာနဲ့ နှစ်ယောက်လုံးး ပြေးလာပြီး ဖက်ကာ သားအမိ သားအဖ သုံးယောက် အလွမ်းဖြေကြတော့သည်။

"သမီးလေးရယ် မားမားမှာ သမီးလေးပြန်လာမှာဆိုပြီး မနေ့ညကတည်းက အိပ်မပျော်ဘူးသိလား ငါ့သမီးလေးကို မတွေ့ရတဲ့တစ်လအတွက်းမှာ အရမ်းလှလာတာပဲ ကြည့်ပါအုန်း ကိုမင်းရယ်"

"ဒါပေါ့ ငါ့သမီးက ငါနဲတူတော့ ကြီးလေချောလေပဲ "

"အမယ်လေး ရှင်နဲ့တူလို့မဟုတ်ပါဘူးနော် ကျွန်မနဲ့တူလို့ သမီးလေးက ဒီလောက်ချောနေတာ"

"ကဲ ဟုတ်ပါပြီ မိန်းမရယ် မင်းကိုတော့ ငါဘယ်တော့မှဘယ်တော့မှ မနိုင်ဘူးသိလား "

"ရှင်က ကျွန်မကို နိုင်ချင်သေးတာလား😒😒😒😒"

"မဟုတ်ပါဘူးဗျာ ကျုပ်မိန်းမလေးကို ဘယ်တော့မှ အနိုင်မယူရက်ပါဘူးဗျ"

"တော်ပါ... ကဲသမီးလေးလည်း ပင်ပန်းနေပြီမဟုတ်လား..
လာ...မားမား အိမ်မှာ သမီးလေးကြိုက်တဲ့ ဟင်းတွေ ချက်ထားတယ် "

"တကယ်...အာ့ကြောင့်မားမားကို ချစ်နေရတာ😘😘😘😘"

"ဒါဆို ပါးပါးကြမချစ်ဘူးပေါ့"

"ပါးပါးကိုလည်း ချစ်တယ် မားမားကိုလည်း ချစ်တယ် ဟုတ်ပြီလား လာ သွားကြမယ်"

ပါးပါးနဲ့မားမားရဲ့ လက်မောင်းတစ်ဖက်ဆီကို တွဲပြီး လေဆိပ်ထဲမှ
ထွက်လာခဲ့သည်။ ကားပေါ်မှာတော့ မိသားစုသုံးယောက် အရင်ကအကြောင်းတွေပြောကြရင်း အိမ်ကို ပြန်လာခဲ့ကြသည်။

#အေးချမ်းညိမ်း

ကဲ ကြိုက်ကြရဲ့လား ကြိုးစားပြီး ရေးပေးထားပါတယ်...
ကြိုက်ရင် feedback လေးတွေ ပေးကြနော်

Zawgi

ကိုကိုရဲ႕ ငယ္

အပိုင္း ၂၃

"ဒါဆို နင္က ေနာက္လက်ရင္ ျပန္ေတာ့မွာေပါ့"

ဟယ္လန္ရဲ႕ အေမးကို ယြန္းေခါင္းၿငိမ့္ျပလိုက္ေတာ့ ဟယ္လန္နဲ႕
လူစီအတူတူ သက္ျပင္းခ်လိဳက္ၾကသည္။ေက်ာင္းၿပီးရင္ ကမၻာပတ္ၿပီး ကဲၾကမယ္လို႔ အခ်င္းခ်င္း တိုင္ပင္ထားၾကသည္မဟုတ္လား..
အခုေတာ့ စီစဥ္ထားသမွ်အကုန္လုံးက သဲထဲေရသြန္...

"ကဲပါ လူစီရယ္ ဘာဘီက အခုခ်က္ခ်င္းျပန္မွာမွ မဟုတ္တာ
တစ္လေတာင္ေနအုန္းမွာဘဲ အဲ့တစ္လအတြင္း ငါတို႔ တစ္ေနရာရာေတာ့ သြားရမွာပါ "

ဟယ္လန္ရဲ႕ စကားကို ၾကားမွဘဲ မှုိင်နေတဲ့ လူစီရဲ႕ မ်က္ႏွာေလးက ဝင္းပလာေတာ့သည္။ဘာဘီအ႐ုပ္မေလးနဲ႕တူလို႔ ဘာဘီဆိုၿပီး ခ်စ္စနိုးနဲ႕ေခၚရတဲ့ ယြန္းဆိုတဲ့ ျမန္မာမေလးက လူစီအတြက္ေတာ့
အခ်စ္ရဆုံးသူငယ္ခ်င္းမေလးပင္။ အရမ္းလည္း ခ်စ္စရာေကာင္းသလို စိတ္ထားေလးကလည္း အရမ္းလွတာေၾကာင့္ တစ္ခါတစ္ေလ သူနဲ႕ ဟယ္လန္နဲ႕ အၿမဲလုေနရၾက။

အိမ္မွာဆို ေက်ာင္းအေၾကာင္းေျပာၿပီဆို လူစီ့အတြက္က ဘာဘီ အေၾကာင္းက မပါမျဖစ္..အိမ္က လူေတြေတာင္ ဘာဘီကို
မေတြ႕ရကတည္းက ခ်စ္ေနၾကတာပင္..ဟိုေန႕က ဘြဲ႕ယူတဲ့ေန႕က
ေတြ႕ေတာ့ လူစီ့မိဘေတြဆို ဘာဘီ့အနားကေတာင္ မခြာခ်င္ၾက..
ဘာဘီက အေပါင္းအသင္းဆက္ဆံေရး ေကာင္းသလို သူတစ္ဖက္သားကို လည္း အရမ္းအေလးထားတတ္သည္။

ဘာဘီက သူ႕အေၾကာင္းေျပာျဖစ္တာထက္ အျခားသူအေၾကာင္း
ကို ပိုေျပာေလ့ရွိသည္။ ေနာက္ၿပီး တစ္ဖက္လူကို အရမ္းစာနာတတ္တာေၾကာင့္ ဘာဘီ့ရဲ႕ အတိုေကာက္ နာမည္ေျပာင္က Angel
တဲ့ေလ..ေက်ာင္းမွာဆို ဘာဘီ့ကို ခ်စ္တဲ့လူက ခပ္မ်ားမ်ား..
မခ်စ္တဲ့လူဆိုတာ ေတယ္ေတယ္ရွားသည္..အခုေတာ့ ဒီေကာင္မေလးနဲ႕ ခြဲရေတာ့မည္ဆိုေတာ့ လူစီ စိတ္မေကာင္းျဖစ္မိသည္မွာအမွန္ပင္....

"အင္းပါ ဒါေပမယ့္ ဘာဘီေနာ္ ငါတို႔ကို ဒီတစ္လလုံး အခ်ိန္ေပးရမွာ"

"ဒါေပါ့ ဒီတစ္လအတြင္းမွာ ရွင္တို႔ႏွစ္ေယာက္ဘယ္သြားခ်င္လည္း ဘာဘီ က အကုန္ဒကာခံမွာ"

"ေတာ္ပါၿပီ ဘာဘီရယ္ သုံးေယာက္စလုံး American system ပဲက်င့္သုံးတာေပါ့"

"ဟုတ္ပါၿပီ ငါတို႔ရဲ႕လူစီေလးက American system ဆိုေတာ့
သူေျပာတဲ့အတိုင္းေပါ့ေလ မဟုတ္ရင္ ငါတို႔ႏွစ္ေယာက္ တစ္ခ်ိန္လုံးနားပူခံေနရမွာ "

ဟယ္လန့္ရဲ႕ အေျပာကို ယြန္း သေဘာက်စြာျဖင့္ ေခါင္းၿငိမ့္ေထာက္ခံလိုက္သည္။ လူစီ က အရမ္းကို စိတ္ေကာက္တတ္တဲ့
ေကာင္မေလးပင္..သူေျပာတဲ့အတိုင္း မလုပ္ဖူးဆိုရင္ လူကို စိတ္ေကာက္ၿပီ..စိတ္ေကာက္ၿပီဆိုရင္လည္း သူမ်ားေတြလို စကားမေျပာဘဲနဲ႕ေနတာမဟုတ္..သူျဖစ္ခ်င္တာကို မရရေအာင္ ေျပာၿပီး
နားပူနားဆာ လုပ္တတ္သည္..ေနာက္ဆုံး လူက နားပူၿပီး
သူေျပာတဲ့အတိုင္းသာ လုပ္ေပးလိုက္ရေတာ့သည္။

"😒😒😒😒"

"ကဲ ဟုတ္ပါၿပီ အဲ့ေတာ့ ဘယ္သြားၾကမလည္း ဟင္"
ယြန္းေမးလိုက္ေတာ့မွ သုံးေယာက္လုံး ဘယ္သြားၾကမလည္းဆိုတာ
အႀကိတ္အနယ္ စဥ္းစားၾကရေတာ့သည္..ဘာလို႔လည္း ဆိုေတာ့ သြားခ်င္ေနတဲ့ ေနရာက ခပ္မ်ားမ်ား မလား..

"အင္...paris ဆိုရင္ေကာ"

ဟယ္လန္ရဲ႕ အေျပာကို က်န္တဲ့ႏွစ္ေယာက္လုံးက သေဘာတူညီစြာ ျဖင့္ ေခါင္းၿငိမ့္ျပလိုက္သည္။ ဤသို႔ျဖင့္ ယြန္း တို႔ သူငယ္ခ်င္းသုံးေယာက္ paris ကို ခ်ီတက္လာခဲ့ၾကသည္။

ပထမ paris ကို စစ ေရာက္ခ်င္းရက္မွာေတာ့ေရာက္တဲ့အခ်ိန္က ညေမွာင္ၿပီျဖစ္တာေၾကာင့္ သုံးေယာက္လုံးဘယ္မွမသြားဘဲ ဟိုတယ္မွာဘဲ ေနရန္ ဆုံးျဖတ္လိုက္ေတာ့သည္။ ခရီးပင္ပန္းလာတာေၾကာင့္ အိပ္ယာထဲလည္း လဲခ်လိဳက္ေရာ သုံးေယာက္လုံး
တစ္ခါတည္း အိပ္ေပ်ာ္သြားေတာ့သည္။

ယြန္းတို႔ သူငယ္ခ်င္းသုံးေယာက္ ပဲရစ္ၿမိဳ႕ရဲ႕ အထင္ကရေနရာေတြ
ကို လည္ပတ္ခဲ့ၾကသည္။ ဆယ္ရက္ေလာက္လည္ပတ္ျပ ီးတဲ့အခါမွာေတာ့ လန္ဒန္ကို ျပန္လာခဲ့ၾကသည္။ လန္ဒန္ကို ျပန္ေရာက္ၿပီး
တာနဲ႕ ဟယ္လန္နဲ႕ လူစီတို႔ႏွစ္ေယာက္လုံး သူတို႔ေတြရဲ႕ သက္ဆိုင္အိမ္အသီးသီးတို႔ျပန္သြားခဲ့ၾကသည္။

ဟယ္လန္နဲ႕ လူစီ ႏွစ္ေယာက္က တစ္ရက္တည္း ႏွစ္ေယာက္လုံး အတူတူျပန္သြားၾကသျဖင့္ သုံးေယာက္သား ေလဆိပ္မွာ အတူတူဖက္၍ ငိုခဲ့ၾကေသးသည္။ငါးႏွစ္တာ သြားအတူ လာအတူ စားအတူသာမက စိတ္တူကိုယ္တူေပါင္းခဲ့ၾကတဲ့ သူငယ္ခ်င္းေတြမလား...ခြဲခြာခဲ့ရတဲ့အခ်ိန္မွာေတာ့ ရင္ႏွင့္မခ်ိ စိတ္မေကာင္းျဖစ္ခဲ့ရသည္။ ေနာက္တစ္ႏွစ္ၾကာျပ ီးရင္ေတာ့ လန္ဒန္မွာ သုံးေယာက္လုံး အတူတူ ျပန္ဆုံရန္ ကတိကိုလည္း ေပးခဲ့ၾကေသးသည္။ ဘာပဲျဖစ္ျဖစ္ ေနာက္တစ္ႏွစ္ေနရင္ေတာ့ ဟယ္လန္ေကာ လူစီနဲ႕ေရာ ျပန္ေတြ႕ခ်င္ေသးသည္...

ဟယ္လန္တို႔ျပန္သြားၿပီးေနာက္ လူးဝစ္တို႔ကို ကတိေပးထားတဲ့ အတိုင္း သူတို႔သြားခ်င္တဲ့ေနရာေတြကို လိုက္ပို႔ခဲ့ေလသည္။ အခုဆိုရင္ လူးဝစ္က ၁၁ ႏွစ္မို႔ နည္းနည္းထြားလာေပမယ့္ ကစ္တီက ၁၃
ႏွစ္မို႔ အပ်ိဳႀကီးဖားဖားေတာင္ျဖစ္ေနေလၿပီ...

ဟိုပတ္ ဒီပတ္နဲ႕ အခ်ိန္ေတြကုန္ဆုံးသြားလိုက္တာ မနက္ျဖန္ဆို
ယြန္း ျမန္မာျပည္ကိုျပန္ရေတာ့မည္..ျမန္မာကိုျပန္ရမည္ဆိုတာနဲ႕
ယြန္းေခါင္းထဲကို လူတစ္ေယာက္က ခ်က္ခ်င္း စိုးမိုးသြားေတာ့သည္။ ယြန္းေမ့့ထားတဲ့ အမွတ္တရေတြ နာက်င္မႈေတြက
ခ်က္ခ်င္း သတိျပန္ရလာေတာ့သည္။ အမွန္ေတာ့ ေမ့ထားတာထက္
သတိမရေအာင္ ႀကိဳးစားၿပီး ေနေနတာဆိုပိုမွန္လိမ့္မည္။

အခ်ိန္ေတြ ၾကာသြားလည္း အရာအားလုံးက မေန႕တစ္ေန႕ကလိုပင္။
ျပန္ေတြးမိတိုင္းလည္း နာက်င္ရတာအခါခါ..ေရခ်ိဳးခန္းထဲက ေရပန္းေအာက္မွာ ငိုမိတာကလည္း အႀကိမ္ႀကိမ္..တစ္ေနရာရာမွာ
သူနဲ႕ ပုံစံတူတဲ့ လူေတြကို ေတြ႕တိုင္းလည္း လိုက္ၾကည့္ရတာအေမာ... သူမဟုတ္ဘူးဆိုတာကို သိသြားတဲ့အခါတိုင္းလည္း မ်က္ရည္က က်မိျပန္ေလသည္။ တစ္ခါတစ္ေလေတာ့လည္း
မုန္းပစ္ခ်င္မိသည္။ နာၾကည္းခ်င္မိသည္။ ဒါေပမယ့္ ကိုယ့္ႏွလုံးသားက သူမွ သူျဖစ္ေနေတာ့လည္း အခက္သား..သူနဲ႕ကိုယ္
ခ်စ္ေနတုန္းက သူ႕အေပၚ အဲ့ေလာက္ႀကီး ခ်စ္မိေနလိမ့္မယ္လို႔ မထင္ခဲ့..အခုလို ေဝးသြားေတာ့မွ ကိုယ့္မွာ သူ႕ကို စြဲလန္းမိၿပီး
႐ူးေလာက္ေအာင္ ခ်စ္မိေနတယ္ဆိုတာ သိခဲ့ရသည္။

တကယ္လို႔ ျပန္ေတြ႕ခဲ့ရင္ ဘယ္လိုလုပ္ရမလည္း ဆိုတာ ယြန္းမသိေသး...ေတြ႕လည္းမေတြ႕ခ်င္ေတာ့..ျပန္ေတြ႕ခဲ့ရင္ ယြန္းႏွလုံးသားက
သစၥာေဖာက္မယ္ဆိုတာကေတာ့ အေသအခ်ာပင္..
ဦးႏွောက္က ဘယ္ေလာက္ပဲ သတိေပးေပး ကိုယ့္ႏွလုံးသားက
ဘယ္လိုမွ မနာခံဘူးဆိုတာ လန္ဒန္မွာေနခဲ့တဲ့ တစ္ေလွ်ာက္လုံးက
သက္ေသ သာ ျဖစ္သည္။

ကိုယ္နဲ႕ သင့္ေတာ္တဲ့သူ ကိုယ့္ကို အမွန္တကယ္ ခ်စ္ျမတ္နိုးတဲ့လူေတြနဲ႕ ေတြ႕ခဲ့လည္း ႏွလုံးသားက ေတာ့ သူမွသူ ျဖစ္ေနေတာ့ အခ်စ္မပါတဲ့ relationship ကို မတည္ေဆာက္ခ်င္ေတာ့ေပ...ေနာက္ၿပီး တျခားသူကိုလည္း ဒဏ္ရာေတြ မေပးခ်င္တာလည္း မွန္ေပသည္။

မနက္ ၉နာရီခြဲတြင္ ေလယာဥ္ ထြက္မွာေၾကာင့္ မနက္ရွစ္နာရွီ ခြဲကတည္းက ေလဆိပ္ကို ထြက္လာခဲ့ရသည္။ ေဒၚေဒၚတို႔တစ္မိသားစုလုံးက လိုက္ပို႔ခဲ့ၾကသည္။ ေလဆိပ္မွာ လူးဝစ္ေလးက
ငိုတာေၾကာင့္ ယြန္းမွာ ေခ်ာ့ခဲ့ရေသးသည္။ က်န္တဲ့မိသားစုဝင္ေတြလည္း မ်က္ရည္ေလးေတြ စမ္းတမ္း စမ္းတမ္းနဲ႕... ေဒၚေဒၚတို႔ကေတာ့ လန္ဒန္ကို မၾကာခဏလာလည္ဖို႔ တဖြဖြ မွာၿပီးေနာက္
ေဒၚေဒၚတို႔ တစ္မိသားစုလုံးကို တစ္ေယာက္ခ်င္းစီ ဖက္ၿပီး ႏႈတ္ဆက္ခဲ့ေလသည္။ ေလယာဥ္ေပၚေရာက္တာနဲ႕ ေလဆိပ္မွာ
ထိန္းထားရတဲ့ မ်က္ရည္ေတြက အတားအဆီးမရွိစြာ က်လာေတာ့သည္။

In myanmar airport......

ေလယာဥ္ဆိုက္ၿပီးေနာက္ ေလယာဥ္ကြင္းမွာ လူႀကိဳတဲ့ ေနရာကိုၾကည့္လိုက္ေတာ့ ပါးပါးနဲ႕မားမားကို ခ်က္ခ်င္း ေတြ႕ရသည္။ ယြန္းကိုျမင္တာနဲ႕ ႏွစ္ေယာက္လုံးး ေျပးလာၿပီး ဖက္ကာ သားအမိ သားအဖ သုံးေယာက္ အလြမ္းေျဖၾကေတာ့သည္။

"သမီးေလးရယ္ မားမားမွာ သမီးေလးျပန္လာမွာဆိုၿပီး မေန႕ညကတည္းက အိပ္မေပ်ာ္ဘူးသိလား ငါ့သမီးေလးကို မေတြ႕ရတဲ့တစ္လအတြက္းမွာ အရမ္းလွလာတာပဲ ၾကည့္ပါအုန္း ကိုမင္းရယ္"

"ဒါေပါ့ ငါ့သမီးက ငါနဲတူေတာ့ ႀကီးေလေခ်ာေလပဲ "

"အမယ္ေလး ရွင္နဲ႕တူလို႔မဟုတ္ပါဘူးေနာ္ ကြၽန္မနဲ႕တူလို႔ သမီးေလးက ဒီေလာက္ေခ်ာေနတာ"

"ကဲ ဟုတ္ပါၿပီ မိန္းမရယ္ မင္းကိုေတာ့ ငါဘယ္ေတာ့မွဘယ္ေတာ့မွ မနိုင္ဘူးသိလား "

"ရွင္က ကြၽန္မကို နိုင္ခ်င္ေသးတာလား😒😒😒😒"

"မဟုတ္ပါဘူးဗ်ာ က်ဳပ္မိန္းမေလးကို ဘယ္ေတာ့မွ အနိုင္မယူရက္ပါဘူးဗ်"

"ေတာ္ပါ... ကဲသမီးေလးလည္း ပင္ပန္းေနၿပီမဟုတ္လား..
လာ...မားမား အိမ္မွာ သမီးေလးႀကိဳက္တဲ့ ဟင္းေတြ ခ်က္ထားတယ္ "

"တကယ္...အာ့ေၾကာင့္မားမားကို ခ်စ္ေနရတာ😘😘😘😘"

"ဒါဆို ပါးပါးၾကမခ်စ္ဘူးေပါ့"

"ပါးပါးကိုလည္း ခ်စ္တယ္ မားမားကိုလည္း ခ်စ္တယ္ ဟုတ္ၿပီလား လာ သြားၾကမယ္"

ပါးပါးနဲ႕မားမားရဲ႕ လက္ေမာင္းတစ္ဖက္ဆီကို တြဲၿပီး ေလဆိပ္ထဲမွ
ထြက္လာခဲ့သည္။ ကားေပၚမွာေတာ့ မိသားစုသုံးေယာက္ အရင္ကအေၾကာင္းေတြေျပာၾကရင္း အိမ္ကို ျပန္လာခဲ့ၾကသည္။

#ေအးခ်မ္းညိမ္း

ကဲ ႀကိဳက္ၾကရဲ႕လား ႀကိဳးစားၿပီး ေရးေပးထားပါတယ္...
ႀကိဳက္ရင္ feedback ေလးေတြ ေပးၾကေနာ္

Продолжить чтение

Вам также понравится

54.7K 1.8K 12
MD နဲ့ baby တို့ အချစ်ဇာတ်လမ်းလေးပါ။ baby ကအရမ်းချစ်တတ်ပေမယ့် အလုပ်နဲ့ပတ်သတ်လာရင် ဆတ်ဆတ်ထိမခံတတ်တဲ့ type လေးပါ။ MD ကလည်း baby အတွက်ဆို လုံးဝ sugar mo...
100K 6.9K 24
Font: both UNICODE & ZAWGYI Genre: Lesbian Romance/ Transgender / Tomboy/ GL Update: Every Sunday, Tuesday & Wednesday (UNICODE) မမျှော်လင့်တဲ့ အခြေအ...
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
130K 3.1K 23
ႏွင္​းဆီအကၡရာ × ပန္​းျမတ္​သခင္​ Girl Love(Lesbian) နှင်းဆီအက္ခရာ× ပန်းမြတ်သခင် Girl Love(Lesbian)