"ဒါဟာ ချီးထုပ်ကံကြမ္မာပေလား၂"
ဒီနှစ်ရက် အတွင်းမှာ ထန်းရှောင်
ရဲ့ ဘဝဟာ စည်းစိမ် ချမ်းသာ
အပြည့်ပဲ။
နေ့တိုင်း လိုလို သူမရဲ့ ကိုယ်ပိုင်
alt accountလေး ကို
လိုက်ဖမ်းပြီး သတ်ရတာနဲ့ တင် အလုပ်များ နေတယ်။
ထန်းရှောင် လိုင်းပေါ် ရောက်တာနဲ့ သူမရဲ့ဂိုဏ်းတူ ဘော်ဒါတွေကို
မီးလိုက်မွှေးတယ်။
ကောင်မလေးတွေနဲ့ အီစီကလီ
လုပ်တယ်။
ပြီးတာနဲ့ သူမရဲ့ သတ်ဖြတ်ခြင်း
စွမ်းရည်တွေ ကို နေ့ကနေည အထိ
လှလှပပကြီး ပြသတော့တယ်။
Ranzhi Clanက ဒါကို မြင်ပေမဲ့ အဲဒီaccount သေးသေးလေး က တစ်မိုးအောက် ထန်းရှီ ကို
ဘာတွေများ ရန်စထားလို့ လဲ
ဆိုတာ မသိကြဘူး။
တစ်ဖက်မှာတော့ အကြောင်းသိ
နေတဲ့ MengHu Clanက
ထိုဟာကို ကြားပြီး တသောသောနဲ့ ပွဲကျကုန် ကြကာ သူတို့ခမျာ
ရယ်ရလွန်းလို့ ခုံပေါ်က တောင်
ပြုတ်ကျ ကုန်တယ်။ သူတို့တွေ က
မိသားစုဝင်တွေကို တောင် ကွန်ပျူတာရှေ့ ဆွဲခေါ်လာပြီး
ထန်းရှီကို လက်ညှိုးထိုး ပြကာ ဟားတိုက် ကုန်ကြတယ်။
"အမယ်လေး...ဒီတစ်ယောက်ကို
ကယ်တင်ပေးလိုက်ကြပါအုံး!!"
ထန်းရှောင် ကတော့ ဖြစ်ပျက်နေ
ကြတာတွေကို ကြည့်ပြီး သိပ်ပြီး
မခံစားရတော့ပေ။
MengHu Clan က သူမ ကိုလှောင်ပြောင်ဖို့ဆို လက်သည်းခွံ
လောက် အခွင့်အရေးကို တောင်မှ
လုံးဝ လက်လွတ်ခံ ကြမှာ
မဟုတ်ဘူး။
ထို့ကြောင့် ထိုသောက်ပေါ အုပ်စုနဲ့
သူမနဲ့ တစ်ကျက်ကျက် ပွဲဖြစ်ကြ
ပြီဆို စုမူကျိက သူမရဲ့ ဘေးနားကို
တယ်လီပို့တ်နဲ့ ရောက်လာပြီး
ထန်းရှောင်ရဲ့ accountနှစ်ခု
စလုံးကို သူ့ရဲ့နောက် ကို
တွန်းပို့လိုက်ကာ ကြက်မကြီး က
ကြက်ပေါက်လေးတွေကို
ကာကွယ်ပေးသလိုမျိုး ရှေ့ကနေ မားမားမတ်မတ်နဲ့ ပေါ်လာတယ်။
ထိုအခိုက်အတန့်မှာ သူ့ပုံစံက
အချစ်ဟာသ ပေါကားထဲ
ဇာတ်လိုက် အရူးကောင်လိုမျိုး။
"မင်းတို့တွေ သူတို့ကို ထိချင်ရင် ငါ့ရဲ့အလောင်းကို ဖြတ်နိုင် မှပဲ
ရလိမ့်မယ်"
ဒါပေါ့....သေချာပေါက် ကို
MengHu Clanသားတွေ က ကိုယ့်ကိုကိုယ် သတ်သေဖို့
ဘယ်လုပ် ကြပါ့မလဲ!
စုမူကျိကို မြင်တာနဲ့တင် အကုန် လက်နက်ချ လိုက်ကြတယ်။
ပြီးတာနဲ့ သူတို့တွေ က ဘေးမှာ ငုတ်ဆောင့်ကြီးတွေ ထိုင်ချလိုက်
ကြပြီး ထိုပေါကားကို ဆက်ကြည့်
ဖို့သာ ဆုံးဖြတ်လိုက် ကြတော့
တယ်။
{T/N:ဒီနေရာမှာ Guild=ဂိုဏ်းနဲ့
Clan တို့မတူဘူး ဆိုတာ
ရှင်းပြပါရစေ။
ဥပမာ ဆိုရရင် အတန်းA က
Clan ဖြစ်ပြီး
အဲ့အတန်းAထဲမှာ ရှိနေတဲ့
သူတွေ အကုန်လုံး က အချင်းချင်း ခင်မင်ပေါင်းသင်း နေကြတာမျိုး
မဟုတ်ဘဲ ကိုယ့်အဖွဲ့နဲ့ကိုယ်၊
ကိုယ့်အုပ်စုနဲ့ကိုယ် နေကြသလိုမျိုး။ အဲလို အဖွဲ့တွေကိုကျ ဂိုဏ်းလို့ ခေါ်ပါတယ်။
ထန်းရှောင်ရဲ့Clan က
MengHu Clan ဖြစ်ပြီး
သူမနဲ့ ဂိုဏ်းတူအသင်းသားတွေ က
နတ်ပြည်ကဘိုးအေကြီးတို့၊
ရွှေတုံးလေးတို့၊ ဘောင်းဘီပေါ်က
အမွှေးတစ်မျှင်လေးတို့နဲ့
တခြားသူတွေ ဖြစ်ပါတယ်။
Clanနဲ့ဂိုဏ်းနဲ့ ရှုပ်ထွေးကုန်
ကြမှာစိုးလို့ပါ}
[Guild] မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "ငါကြားတယ်,မင်းက စုမူကျိရဲ့
alt accountကို တောင် ဆဲလိုက်တာဆို။
ဘုရားရေ! သေခြင်းတရား ကို
မကြောက်တဲ့ လူတွေ ကို
တွေ့ဖူးပေမဲ့ မင်းလောက်
အတိုင်းအတာမဲ့ နေတဲ့သူတော့
မကြုံဖူးဘူး!"
[Guild] ထန်းရှီ: "ဒီထက်ပိုပြီး ဘာမှမပြောနဲ့တော့။ ငါ လည်း နောင်တတွေ တနင့်တပိုး ရနေတာ။
အခုအချိန်မှာ လုပ်နိုင်တာ ဆိုလို့
ငါ့ရဲ့ နောက်ဆုံး ထွက်သက်လေး
မတိုင်ခင် ကောက်ရိုး တစ်မျှင်
လောက်လေးပဲ ဖြစ်ဖြစ်
ဆွဲနိုင်သမျှ ဆွဲနေရတာ"
[Guild]မြေအိုးထဲကရွှေတုံးလေး: "လောကတစ်ခွင် ပြဲပြဲစင်အောင် အကြောက်အလန့် မရှိတဲ့
ထန်းရှီလေးက စုမူကျိကို တွေ့တာ
နဲ့ တင် ဘာလို့ ကျိုးနွံလွန်း တဲ့
ချစ်စရာ သိုးငယ်လေး လို
ပြောင်းလဲ သွားတာပါလိမ့်"
[Guild] ထန်းရှီ: ထန်းရှီ: "လာ,လာ,လာ! ငါ မင်းကို
ကောင်းကောင်းလေး ပြုစုပေး
မယ်။ဒါဆိုရင် ငါဘယ်လောက် ထိ
ကျိုးနွံပြီး ချစ်စရာကောင်း လဲ
ဆိုတာ သိသွားတာပေါ့!"
[Guild] မြေအိုးထဲကရွှေတုံးလေး: "မင်းက အဲလိုမျိုး ဆိုမှတော့ ငါလေးလည်း စုမူကျိ ကို "အရှင်မင်းကြီးက ငါ့ကို ဆင့်ခေါ်
လိုက်တယ်"ဆိုတဲ့ accountက
မင်းရဲ့ alt account လို့ ပြောပြ လိုက်ရုံပဲပေါ့"
[Guild] ထန်းရှီ: "မလုပ်ပါနဲ့, မလုပ်ပါနဲ့~ ငါ တောင်းပန်ပါတယ်။
ငါ မှားသွားတယ်.."
[Guild] မြေအိုးထဲကရွှေတုံးလေး: "My god! ဒီလျှို့ဝှက်ချက် က
အရမ်းကို လေးလံတာပဲ။ ငါ အသက်တောင် မရူနိုင်တော့ဘူး! ဒီထက်ပိုပြီး ငါ ဒါကို ထိန်းသိမ်း
ထားနိုင်မယ်လို့ မထင်ဘူး။ ငါ့ကို ကယ်ပါ! ငါ့ ပါးစပ် ကနေ ဒီလျှို့ဝှက်ချက်ကြီး ယောင်ပြီးချော်ထွက်သွားမှာ ကို တကယ်
ကြောက်နေပြီ။ ငါ ဘယ်လို
လုပ်ရမလဲ...ဟင်"
မော်နီတာရဲ့ တစ်ဖက်မှာတော့ ထန်းရှောင်မှာ ဒေါသထွက်လွန်း
လို့ ကီးဘုတ်ကိုတောင် အတောင့်
လိုက် ဝါးစားချင်နေပြီ။
[Guild] ထန်းရှီ:
"မင်း ဘာလိုချင်တာလဲ ပြော!"
[Guild] မြေအိုးထဲကရွှေတုံးလေး: "နှုတ်ပိတ်ခ!"
[Guild] ထန်းရှီ: "သဒေါင်းဇား!!"
ငွေရေးကြေရေး ပါလာတာနဲ့ ဘယ်အရပ်ဌာနီမှာ လေလွင့်နေ
ကြမှန်းမသိတဲ့ ကြောင်သူတော်
ကြွက်သူခိုးတွေ အကုန်လုံး သူမဘေးနားဆီ ဝိုင်းအုံ စုပြုံလာ
ကြကာ သူတို့ လည်း
နှုတ်ပိတ်ခ လိုချင်ကြောင်း
ပြောလာ ကြတော့တယ်။
ဒါက ထန်းရှောင် အတွက်တော့
သူမရဲ့ accountလေး hackခံ
ရပြီးနောက် ပထမဆုံး အကြိမ်
သူမရဲ့ စည်းစိမ်ဥစ္စာတွေ အကုန်
ပြောင်မဲ့ အချိန်အခါပဲ။
သူမရဲ့ account နောက်တစ်ကြိမ်
Hackခံ လိုက်ရသလိုမျိုး
ခံစားရတာကြောင့်
ထန်းရှောင်မှာ ခါးကြားထဲ က
လက်ကိုင်ပဝါလေး ကို ထုတ်ပြီး
ငိုကြွေးလု နီးပါးပင်။
ဒါပေမဲ့ ဒီတစ်ကြိမ် က ပိုပြီး
ရင်နာစရာ ကောင်းတယ်။
အနည်းဆုံးတော့ သူမရဲ့
Account hack ခံလိုက်ရ တဲ့
အချိန်မှာ သူမဘာမှ မသိလိုက်ပေမဲ့ ဘာဖြစ်သွားမှန်း သိလိုက်ရတဲ့
အချိန်မှာတော့ သူမရဲ့ account
က hack ခံလိုက်ရ ပြီးပြီ။
ဒါပေမဲ့ ဒီတစ်ခါက ကျ ပေါ်တင်ကြီး
ကို သူမဆီကနေ ဓားပြတိုက်
နေကြတာလေ။
ခွေးသဒေါင်းဇားတွေ!!!
ဘေးထောင် အိတ်ကပ်လေး တွေ
ဖောင်းသွားတဲ့သူတွေ ကတော့ သီချင်းလေး တညီးညီးနဲ့
ထွက်သွားကြတယ်။
ထန်းရှောင် မှာသာ မျက်ရည်ရွှဲလဲ
နဲ့ ငိုချင်းချပြီး ကျန်ခဲ့ရင်း သူမကိုယ်သူမ လည်း
ဓားနဲ့တစ်စွပ်စွပ် ထိုးနေလိုက်
တယ်။
ဒီလောကကြီး ထဲ မှာ
သူမလောက် အဖြစ် ဆိုးပြီး
သနားစရာကောင်းတဲ့ သူမျိုး
ရှိမှာ မဟုတ်တော့ဘူး!
[လက်ရှိ] ထန်းရှီ (ငိုသံကြီးဖြင့်): "အရှင်မင်းကြီးက ငါ့ကို
ဆင့်ခေါ်လိုက်တယ်, ငါက မင်းရဲ့
***သောက်ဘိုးအေကြီးပဲကွ!"
[လက်ရှိ] ထန်းရှီ:"ဒီခွေး@#$%&! ငါ့မိန်းမကို တောင် အနိုင်ကျင့်ရဲ
သေးတယ်ပေါ့လေ! လာ,လာ,လာ! လူကြီးလူကောင်း တစ်ယောက် က
ဘယ်လို နေထိုင်ရမလဲ ဆိုတာ
ငါ မင်းကို သင်ပေးမယ်!"
လက်ကို လုံးဝအနားမပေးဘဲ
သူမရဲ့ alt account ကို
စိတ်လွတ်သွားတဲ့ လူလို
တရစပ် ထိုင်ခုတ်နေ လိုက်တယ်။
စုံတွဲတွေရဲ့ တယ်လီပို့တ် skill က
စုမူကျိ အတွက်တော့ အရမ်းကို
လွယ်ကူပြီး သက်သာစေတယ်။
သူက သူမဘေးနား ကို
အသံမပေး ဘာမပေးနဲ့ အချိန်မရွေး
ရောက်လာနိုင် တာကြောင့်
ထန်းရှောင်မှာ အပျင်းတောင်
မခိုရဲဘဲ ထိုAlt Account ကို မေတ္တာပို့တဲ့ စာသားတွေ ကို copyကူးပြီး ဆက်တိုက်ပို့ နေသလို ဆက်တိုက်လည်း ဆဲဆိုနေလေ
တယ်။
[လက်ရှိ] စုမူကျိ: "ထန်းရှီလေး,
ငါ မင်းကို ရုတ်တရတ်ကြီး
မေးချင်လာလို့, မင်းမှာ အဘိုး
ရှိလား?"
[လက်ရှိ] ထန်းရှီ: "ဟမ်?"
သူမမှာ ဒုတိယမြောက် မေတ္တာပို့စာ
ကို ရိုက်ထည့်နေတုန်း
ရုတ်တရတ်ကြီး စုမူကျိ ရဲ့
ထူးဆန်းတဲ့ မေးခွန်းကြောင့် အမှန်တိုင်းပင် သူမမှာ မရှိဘူးလို့
ပြောလိုက်တယ်။
[လက်ရှိ] စုမူကျိ: "အဲလိုလား, ဒါဆိုလည်း ကောင်းပြီ။
ဆက်ပြီး သာ ဆဲနေ"
ထန်းရှောင်က ထိုအခါ မှ
သတိပြုမိ သွားတယ်။
သူမမှာ ဘာအဘိုးမှ မရှိဘူးလေ!
ဒါဆို သူမဘာကို ကြောက်နေရမှာ
လဲ! ထို့ကြောင့် သူမရဲ့ဆဲတဲ့
အခွန်းတိုင်းမှာ "ငါ က မင်းရဲ့***သောက်ဘိုးအေကြီးပဲ!"
လို့ အစချီတော့တယ်။
[လက်ရှိ] စုမူကျိ:
"မင်း ဆဲတဲ့ အခါကျ ဒုတိယအဖိုး
လို့တပ်သင့်တယ်"
[လက်ရှိ] ထန်းရှီ: "ဘာလို့လဲ? ပထမအဘိုးနဲ့ ဒုတိယအဘိုး တို့
ကြားက ကွာခြားချက်က
အရမ်းကို ကြီးမားတယ်!
"ငါက မင်းရဲ့***
သောက်ဘိုးအေကြီးပဲ"ဆိုတာ
က စာလုံးငါးလုံးပဲ ရှိတာ။ အဲဒါက လုံးဝကို လိုရှင်းတိုရှင်းနဲ့ ကိုယ်အကြိုက်ဆုံး ဆဲနည်း
styleလေ။
ပြီးတော့ တစ်ဖက်သားကို လည်း နာမ်နှိမ်သလို မျိုးဖြစ်ပြီး
အထိရောက်ဆုံးပဲ။ ဒါပေမဲ့ ကြည့်ရအောင်, ကိုယ်သာ
တကယ်လို့ "ငါက မင်းရဲ့ ဒုတိယ
***သောက်ဘိုးအေကြီးပဲ"
လို့ ပြောင်းလိုက်ရင် စကားလုံးတွေ
က အရှည်ကြီး မဖြစ်သွားဘူးလား။ လေသံ toneက အစ မာန်မပါ
တော့ဘူးလေ။ ဒါကြောင့်
ကိုယ် မင်းကို သေချာ ပြောပြမယ်...
ဇနီးလေး။ မင်း သာ တစ်ယောက်
ယောက်ကို ဆဲတော့မယ်ဆိုရင်
သူတို့ကို အသက်သာဆုံး နည်း
လမ်းနဲ့ သာဆဲလိုက်။ မဟုတ်ရင်
သူများကို ဆဲတာက ဘာလုပ်ဖို့လဲ။ နားထောင်ရတာနဲ့ တင် ရှောရှော
ရူရူနဲ့ နားဝင် မချိုဘူးလား~
***မင်းရဲ့ သောက်ဘိုးအေကြီး"
[လက်ရှိ] စုမူကျိ:
".....ဒီအတိုင်းသာ ဒုတိယအဘိုး
လို့ ပြောင်းလိုက်စမ်းပါ"
ရုတ်တရတ်ကြီး စာလုံးနှစ်လုံး
တည်းနဲ့ ကပ်ရစ်နေတဲ့
စုမူကျိကြောင့် ထန်းရှောင်
ဒေါသတွေ တောင် ထွက်လာ
တယ်။
[လက်ရှိ] ထန်းရှောင်: "ဘာလို့လဲ!"
[လက်ရှိ] စုမူကျိ: "ဘာလို့ဆိုတော့ ငါ့မှာအဘိုးရှိလို့!"
"......"
{အဟားဟားဟား...ဒီနားလေး မူချောင်ကိုတောင် သနားသွားပြီ။ ကိုယ့်ကောင်မလေး က
အဘိုးနဲ့ချည်း ကိုင်တုပ်နေတော့ အဘိုးရှိတဲ့ ကိုကို က ကြားထဲ
မနေနိုင်တော့ဘူး။ ကိုယ်လည်း ရီသေပါပြီ}
အဲ့တော့.....
နင့်မှာ အဘိုးရှိတော့ ငါက ဘာသောက်လုပ် လုပ်ရမှာလဲ!
@#$%& ဒီငကြောင် ကတော့!
ထန်းရှောင် ထိုသို့ပြောလိုက်
ချင်ပေမဲ့လည်း မော်နီတာ ကနေ
တစ်ဆင့် မြင်နေရတဲ့ စုမူကျိရဲ့
ခြိမ်းခြောက်နေတဲ့ ကြောက်မက်
ဖွယ်အငွေ့အသက်တွေ ကို ခံစားမိတာကြောင့် တစ်ခွန်းမှ
ပြန်မလှန်ရဲပေ။
ထို့ကြောင့် သူမဘာသာ နောက်
လှည့်ပြီး သူမရဲ့ alt account
လေးကို သာ ထပ်ခါထပ်ခါ
ခုတ်ထစ် နေလိုက်တယ်။
သူမကိုယ်သူမ ဓားနဲ့ ပိုင်းနေရင်း သတ်တဲ့ အကြိမ် အရေအတွက် ကို
တိတ်တိတ်လေး ရေတွက်လိုက်
တယ်။ ဂိမ်းထဲမှာ လူတွေကို
သတ်တာနဲ့ အတူ တစ်ဖက်မှာ
လည်း Crime points တွေ ကို
ရလာမှာ ဖြစ်တာကြောင့် သူမ ထောင်ထဲဝင် ရတော့မဲ့ point နား
နီးလာတာနဲ့ ရပ်ဖို့ ဆုံးဖြတ် လိုက်
တယ်။
ခဏအကြာမှာ တော့ စုမူကျိက
Crime Points တွေ ကို ပယ်ဖျောက်ပေးတဲ့ Itemတွေ
ကို ဝယ်လိုက်တယ်။
သူမကို ပေးဖို့ များလား???
[လက်ရှိ] ထန်းရှီ:
"အများကြီးပါလား?"
[လက်ရှိ] စုမူကျိ: "မနက်ဖြန် ငါ လိုင်းတက်ဖြစ်မှာ မဟုတ်ဘူး။
ဒါကြောင့်မို့ ငါ မရှိတုန်း မင်း
ထောင်ထဲ ရောက်နေမှာ စိုးလို့"
[လက်ရှိ] ထန်းရှီ: "ဟမ်?"
စုမူကျိ ပြောတာကို ထန်းရှောင်
နှေးကွေး တုံ့ဆိုင်းစွာနဲ့ တုံ့ပြန်လိုက်
တယ်။
စုမူကျိ က သူမကို
သတင်းပို့ နေတာလား?
မူချောင်က စာရိုက်ပြီးတာနဲ့
သူ့ရဲ့ မျက်ခုံးမွှေး နှစ်ခု ကို
ပွတ်ဆွဲလိုက်တယ်။
ပြီးတော့မှ သူ ရုတ်တရတ်ကြီး
သတိရသွားတာက ထန်းရှောင်
လည်း မနက်ဖြန် လိုင်းတက်နိုင်
မှာ မဟုတ်ဘူး ဆိုတာ။
ဘာပဲဖြစ်ဖြစ်, သူ ဒီထက်ပိုပြီး
ဆက်မရှင်းပြ ချင်တော့ပေ။
သူမသာ ဒီလောက်ထိ တုံးအ
နေရင်တော့, ဆက်သာ တုံးနေလိုက်
တော့။
Spirit Roadရဲ့ ပြောရေး
ဆိုခွင့်ရ ကိုယ်စားလှယ် အသစ် ကို ရွေးချယ်တဲ့ အွန်လိုင်း Voting
စနစ်က နောက်ဆုံးတော့
ပြီးဆုံး သွားခဲ့တယ်။
စုပိုင်က နောက်ဆုံးအချိန် ထိ တစ်ပြေးနေပြီး အွန်လိုင်း voting
မှာ အနိုင်ရသွားကာ ထန်းရှောင်
ကတော့ ထင်ထားသည့် အတိုင်း
ဒုတိယနေရာမှာ ပင်။
တခြား အမျိုးသမီး သရုပ်ဆောင်
အချို့ကလည်း သူမရဲ့ နောက်မှာ
voting သိပ်မကွာစွာ နဲ့
ရပ်တည် နေခဲ့ကြတယ်။
စုပိုင်က အဖွဲ့မှူးနင် ပြောတဲ့
အတိုင်း နိုင်ငံခြားမှာ ရိုက်ကူးရေး
အချိန်ဇယားတွေ နဲ့ ပြည့်နေတာ
ကြောင့် SR ရဲ့ နောက်လာမဲ့ ကိုယ်စားလှယ်နေရာ အသစ်
အတွက် စာချုပ်ကို ထပ်မံ
ချုပ်ဆိုမည် မဟုတ်ပေ။
ထို့ကြောင့် Spirit Road
ကုမ္ပဏီက ဒုတိယနေရာမှာ ရှိနေတဲ့
ထန်းရှောင်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး လက်ထောက်
ဖြစ်တဲ့ ရှောင်လင်ဆီ ကို
ဆက်သွယ် လိုက်ကြတယ်။
နောက်ရက်က စာချုပ်
လက်မှတ်ထိုးရမဲ့ နေ့ ဖြစ်ပြီး
ထန်းရှောင် ရေးတေးတေးလေး
မှတ်မိတာက အဖွဲ့မှူးနင် က
သူမ ဆီကို ဖုန်းဆက်ပြီး
မနက်ဖြန်ကျ တစ်ခုခု ကို
လက်မှတ် ထိုးရမယ်လို့ ပြောလိုက်
သလားဘဲ။
အဖွဲ့မှူးနင် ဖုန်းဆက်တဲ့
အချိန်တုန်း ကဆို သူမရဲ့ နားထဲ မူချောင်ရဲ့ နံမည်က လွဲ၍
တစ်ဖက်က ပြောသမျှ
နဂန်းတစ်လုံးမှ နားထဲဝင်မလာ
ပေ။ထိုအချိန်တိုလေး အတွင်း မှာ
တင် သူမက မူချောင် ဆိုတဲ့ မှော်ဆန်လွန်းတဲ့ လူသားရဲ့
ညို့ယူ ပြုစားခြင်း ကို ခံလိုက်ရပြီး
သူမရဲ့ ဝိဉာဉ်လေး တောင်
ထွက်လုနီးပါး ဖြစ်သွားခဲ့လေ
တယ်။
ဒုတိယမြောက်ရက် မှာ တော့ ရှောင်လင်က သူမကို စာချုပ်
လက်မှတ်ထိုးဖို့ ဆွဲခေါ်လာတဲ့
အချိန်မှာ ထန်းရှောင်ရဲ့ မျက်လုံး
တွေ အောက်မှာ အမဲကွင်းကြီး
နှစ်ကွင်းနဲ့။
ထန်းရှောင် က Spirit Road
ကုမ္ပဏီရဲ့ ဝင်ပေါက်တံခါးတွေ ဆီ အမြင်မွဲနေတဲ့ အဘွားအိုလေး လို
အားစိုက်ပြီး ကြည့်လိုက်တယ်။
"ရှောင်လင်, ငါ မျက်လုံး
လေ့ကျင့်ခန်းလေး နည်းနည်း
လောက် လုပ်လိုက်ရင် ငါ့ရဲ့ မျက်လုံးအောက် က အနက်ကွင်း
တွေ ပျောက်သွားမယ်လို့
နင် ထင်လား?"
ရှောင်လင်က သူမကို ရှေ့တည်
တည့်ကနေ စိုက်ကြည့်လိုက်ပြီး
သူမရဲ့စိတ်ကူးယဉ် အိပ်မက်လေး
ကို စက္ကန့်ပိုင်း အတွင်းတင်
ဖျက်စီး ပစ်လိုက်တယ်။
"မျက်လုံး လေ့ကျင့်ခန်း လုပ်ရင် အနက်ကွင်းတွေ ပျောက်သွားမယ်
လို့ နင့်ကို ဘယ်သူက ပြောလိုက်
တာ လဲ?"
"အဖွဲ့မှူးနင် ပြောတာ။ အဲဒါ့အပြင် သူက ငါ့ မျက်နှာမှာ တခြား
လုပ်ရမဲ့ နည်းလမ်းတွေ ကို ပါ
ပြောလိုက်သေးတယ်။
ပထမဆုံး လုပ်ရမှာက မျက်လုံး
အတွင်းပိုင်း ကို နက်အောင် လုပ်ပြီး အတွင်း မျက်ဆံတွေ ကြီးလာ
အောင် လုပ်ရမှာတဲ့။ ဒုတိယ
လုပ်ရမဲ့ အပိုင်းက နှာတံရိုးကို
မြင့်သွားအောင် လုပ်လိုက်တဲ့။ တတိယမြောက် က တော့ အသားအရေကို တင်းရင်းပြီး
ပျော့ပြောင်းအောင် လုပ်လိုက်
ဆိုလား။ နောက်ဆုံး လုပ်ရမှာ
ကတော့ မျက်လုံးအောက် က
အဆီတွေကို ဖယ်ပစ်ရမယ် တဲ့။
ဒါဆိုရင် မျက်အိတ်တွေ
ထွက်လာတာမျိုး ရှိမှာ
မဟုတ်တော့ဘူးတဲ့။ အဖွဲ့မှူးနင်
က စုပိုင်လည်း အဲလိုမျိုး လုပ်ခဲ့
တယ်လို့ ပြောတယ်။ ဒါကြောင့်
မို့ လည်း သူမက နတ်ဘုရားမ
ဖြစ်လာတာ ဆိုလားဘဲ"
ရှောင်လင်က သူမ ကို
စိတ်ကုန်ခမ်းနေတဲ့ မျက်နှာ နဲ့
ကြည့်လိုက်တယ်။
"စုပိုင်က plastic surgery
လုပ်ထားတာဟဲ့။ အဖွဲ့မှူးနင်
ပေါက်ကရ ပြောသမျှကို
ယုံရအောင် နင့်ဦးနှောက် ကို
နည်းနည်းပါးပါး ခွဲပြင်ပြီး
ကြည့်လိုက်အုံး။ အထဲမှာ
ဝိုင်ယာကြိုးတွေ ကပ်နေလို့
ထင်ပါရဲ့!"
ထန်းရှောင် ဆဲလိုက်တယ်။
ရုတ်တရတ်ကြီး စုပိုင်
ဆာဂျရီ လုပ်ထားတယ် ဆိုတဲ့
အကြောင်းကို သိလိုက်ရပြီး ထိုသတင်းကိုသာ အတင်းအဖျင်း
မဂ္ဂဇင်းတွေဆီ ရောင်းစားလိုက်
ရရင် ဘယ်လောက် အချီကြီး
ပွသွားမလဲဆိုတာ ကို သူမ သိချင်သွားတယ်။
ထန်းရှောင်: "အနည်းဆုံးတော့ အဖွဲ့မှူးနင်က နင့်ကို ငတုံးမလို့
ပြောမဲ့ အချိန်ကျရင် တော့
ငါ လုံးလုံးယုံမှာ"
ရှောင်လင်:....နင့်မေ
လက်မှတ်ထိုးမဲ့ အချိန် ရောက်လာ
တာနဲ့ Spirit Road ရဲ့ ပိုင်ရှင်
သူဌေး ကိုယ်တိုင် ရောက်လာ
တယ်။
ထန်းရှောင် သူ့ကို မြင်မြင်ချင်း
ခံစားချက်တွေ က ရင်နဲ့ အပြည့်
လှိုက်တက်လာကာ သူ့ကို မေးလိုက်ချင်တာ က
ဘာလို့! ဂိမ်းထဲမှာ သူမ ရလာ
သမျှ random equipment
တွေ အကုန်လုံးက သောက်ကျိုး
နည်း အမှိုက်တွေ ချည်း ဖြစ်နေ ရတာလဲ!!
"Missထန်း, ကျေးဇူးပြုပြီး
စာချုပ်ကို သေချာစစ်ဆေးပြီး
ဖတ်ကြည့်ပါ။
တစ်ခုခု သဘောမတွေ့စရာ
အချက် မရှိဘူး ဆိုရင်တော့
လက်မှတ် ထိုးကြတာ ပေါ့ဗျာ"
Spirit Roadရဲ့သူဌေးက
သက်လတ်ပိုင်းအရွယ်
လူကြီးလူကောင်းဖြစ်ပြီး ပရောဖက်ရှင်နယ်ကျကျနဲ့ပဲ
အတွင်းရေးမှူးကတစ်ဆင့်
စာချုပ်ကို သူမဆီကမ်းပေးလိုက်
တယ်။
ထန်းရှောင် က ထိုစာချုပ် ကို အကြမ်းဖျင်း နည်းနည်းပါးပါး
လှန်ကြည့် လိုက်ပြီး
"မူချောင် လက်မှတ်ထိုး တဲ့
စာချုပ်နဲ့ အတူတူ ပဲလား?"
"ဟုတ်ကဲ့။ စာချုပ် ပါ
အချက် အလက်တွေ က အစ
အကုန် အတူတူပါပဲ"
တစ်ဖက်က ပြန်ဖြေလိုက်တယ်။
ထန်းရှောင် တည်ငြိမ်စွာ နဲ့
နောက်ဆုံး စာမျက်နှာ အထိ
လှန်ချလိုက်ပြီး သူမရဲ့ နံမည်
အောက်မှာ လက်မှတ် ထိုး
လိုက်တယ်။
Meeting အခန်းထဲ မှာရှိနေတဲ့
လူတွေ အကုန်လုံး သူမရဲ့အပြု
အမူတွေ ကြောင့် အံ့ဩသင့် သွား
ကြတယ်။
ထန်းရှောင် က စာချုပ် ကို
တစ်ချက်လေးတောင်
မဖတ်ကြည့်ဘဲ လက်မှတ်ထိုး
လိုက်တယ်?
"Missထန်း စာချုပ်ကို သေချာ
တောင် မဖတ်ကြည့်တော့ဘူး
လား?"
"ရတယ်။ ဖတ်ကြည့်စရာ မလိုဘူး။ မူချောင်က ရှင်တို့နဲ့ လက်တွဲလာ
တာ ကြာပြီ မဟုတ်လား။ ကျွန်မ
သူ့ကို ယုံတယ်"
"ဒါဆို လည်း Missထန်း နဲ့
ကျွန်တော်တို့ ကုမ္ပဏီ နဲ့
ရှေ့လျှောက် အတူ လက်တွဲသွား
ကြတာပေါ့ဗျာ"
SRပိုင်ရှင် သူဌေးက မတ်တပ်ထ
ရပ်ပြီး သူမနဲ့ လက်ချင်းဆွဲ
နှုတ်ဆက်လိုက် ကြတယ်။
သူမတို့တွေ စကား နည်းနည်း
ပါးပါး ပြောကြတဲ့ အချိန် မှာ ထိုသူဌေးက သူမ ကို စိတ်ဝင်
တစားနဲ့ ကြည့်လာ တယ်။
သူက ရယ်လိုက်ရင်း
"စုပိုင် လက်မှတ်ထိုး တဲ့
အချိန်တုန်းက သူမက...အင်း...
Missထန်း လောက် သတ္တိ
မရှိဘူးဗျ"
ထန်းရှောင် ခပ်ယဲ့ယဲ့လေး သာ
ပြုံးပြလိုက်တယ်။
သတ္တိရှိတယ် ဆိုတာ ဘာကို ဆိုလိုချင်တာလဲ!
ခဏကြာပြီး နောက်မှာတော့
အတွင်းရေးမှူးက သူမတို့ ကို
တခြား Meeting အခန်း ဆီ
ခေါ်သွားတယ်။
ထိုအခန်းထဲမှာတော့ မူချောင် က
ကြိုရောက်နေကာ ရှကျိယန်နဲ့
အတူ ပြတင်းပေါက် နားလေး မှာ ထိုင်နေတယ်။
ဧပြီလရဲ့ နွေးထွေးတဲ့ နေရောင်
ခြည် အလင်းတန်းဖျော့ဖျော့ က
သူ့ရဲ့ ဘေးတိုက် ကိုယ်တစ်ခြမ်း
ပေါ်မှာ နူးညံ့ ညင်သာစွာ နဲ့
သက်ဆင်း ဖြာကျလျက် ရှိပြီး
နတ်ပြည် ကနေ
သက်ရှိ နတ်သားလေး တစ်ပါး ဆင်းသက်လာသည့် အလား သူ့တစ်ကိုယ်လုံး က တစ်လက်
လက်နဲ့ တောက်ပ နေတယ်။
အနည်းဆုံးတော့ ထန်းရှောင် ရဲ့
နှလုံးသားထဲမှာ သူက အမြဲတမ်း
အဲလို ကိုယ်ရောင် ကိုယ်ဝါတွေ
ဖိတ်ဖိတ်ယိုပြီး ဖြာထွက်နေတဲ့
သူမျိုး။
အား....မျက်စိကျိန်း လိုက်တာ!
မူချောင် က သူ့ရဲ့ စွဲမက်ဖွယ်
ကိုက်မြည်းချင်စရာ နှုတ်ခမ်းသား
ကို လက်ညိုးထိပ်လေး နဲ့
အသာပွတ်တိုက် ဆွဲနေပြီး
တစ်ဖက်ကို ဖြည်းဖြည်းချင်း နဲ့
ခေါင်းလှည့် ကြည့်လာတယ်။
သူ့ရဲ့ ပင်ကိုယ် ခံစားချက်
အမူအရာကင်းမဲ့နေ တဲ့
မျက်လုံးတွေ က သူမ တို့ကို
မြင်တာနဲ့ နွေးထွေးမှု တွေ
အစားထိုးပြီး ဝင်ရောက်လာတော့
တယ်။
သူက ထန်းရှောင် အခန်း ထဲ
ဝင်လာတာကို ကြည့်ပြီး သူမကို ညင်သာတဲ့ အပြုံးတစ်ခု နဲ့ နှုတ်ဆက်လိုက်ကာ သူမ အတွက်
ထိုင်ခုံ ကိုတောင် သူ့အနား မှာ
နေရာချပေး လိုက်လေတယ်။
ထန်းရှောင်ရဲ့ ဝိဉာဉ်က တော့ နောက်တစ်ကြိမ် ကဆုန်ပေါက်ပြီး
ခုန်ထွက်သွား ပြန်ချေပြီ။
သူမမှာ "မူချောင်" ဆို တဲ့
စကားလုံးလေး နှစ်လုံး ကို
ခုခံ လွတ်မြောက်နိုင် ဖို့ရာ လမ်းမရှိတော့ပေ။
မူချောင် ရဲ့ အသံ၊ သူ့ရဲ့ မျက်နှာ၊ သူ့ရဲ့ဖြစ်တည်မှု ...သူ့ရဲ့အရာအားလုံး ...
အို~~~ကောင်းကင်ဘုံက
အရှင်မြတ်တို့
ဒီက ချစ်သမီးတော်လေး ကို ခွန်အားများ ပေးသနားတော်မူပါ~~
ဘေးက ထိုင်နေတဲ့ ရှောင်လင်က ထန်းရှောင် စိတ်ထပ်လွတ် နေတာ
ကို မြင်တာကြောင့် စားပွဲခုံ
အောက် ကနေ သူမရဲ့ပေါင်တွင်း
ကြောကို မညှာမတာနဲ့ လိမ်ဆွဲ
လိုက်တယ်။
"အ_!
ထန်းရှောင်မှာ ထခုန်လုနီးပါးပင်။
"ဘာဖြစ်တာလဲ?"
မူချောင်က သူမ ဓာတ်လိုက် သလို
တွန့်လိမ်သွားတာကို မြင်ပြီး
မေးလိုက်တယ်။
"ဘာမှမဟုတ်ပါဘူး"
သူမ ရှောင်လင် ကို
မျက်စောင်းထိုး လိုက်ပြီး
"ကျွန်မ စားပွဲခုံနဲ့ မတော်တဆ
တိုက်မိသွားလို့ပါ..."
"ဘာမှမဖြစ်တာ
တော်သေးတာပေါ့"
မူချောင်ရဲ့ စကားသံထဲ မှာ
ပါဝင်နေတဲ့ စိုးရိမ်ပူပန်မှု က
အများကြီး လွန်ကဲနေတာမျိုး
မဟုတ်ပဲ တစ်ဖက်သားပေါ်မှာ
ရှိသင့် ရှိထိုက်တဲ့ ဂရုစိုက်မှု ပမာဏ
အတိအကျနဲ့ပင်။
သိပ်မကြာခင်မှာပဲ ပရိုဂျူဆာ
ရောက်လာကာ နှစ်ယောက်
အတူ တွဲရိုက်ရမဲ့ Photo shoot Concept အကြောင်းတွေ၊
ရိုက်ကူးရေး ပြင်ဆင်မှုတွေနဲ့ အချိန်ဇယားတွေ ကိုပါ ညှိနှိုင်း ဆွေးနွေးကြ တော့တယ်။
Photo Shoot မှာ ဝတ်ဆင်ရမဲ့
အဝတ်အစားတွေ ကိုပါ ပြင်ဆင်
ရမှာ ဖြစ်တာကြောင့်
ထန်းရှောင်ရဲ့ ရင်ဘတ်၊
ခါး နဲ့ တင်တို့ရဲ့ အတိုင်းတွေကို
ပါ တစ်ခါတည်း တိုင်းလိုက်ကြ
တယ်။
သူတို့တွေ တော်တော်လေး ကြာ
အောင် ဆွေးနွေး ပြီးချိန် မှာတော့
Meeting ခန်းထဲမှာ ရှိတဲ့ လူတွေ
က အနည်းနဲ့ အများ ရင်းနှီးလာ
ကြတယ်။
ထိုကနေ တဖြည်းဖြည်း
သိလာရတာက Spirit Road ရဲ့ ပရိုဂျူဆာက တော်တော်လေး
ကို စကားအမျှင် မပြတ် ပြောနိုင်
တဲ့ သူဆိုတာပဲ။
သူ တစ်ချိန်လုံး ပေါက်ပေါက်
ဖောက်အောင် ပြောနေတဲ့
အကြောင်းရာ တွေ က ဂိမ်း
အကြောင်း ရယ်၊ ဖျော်ဖြေရေး
လောက ထဲမှာ ဘယ်သူကတော့ ဘယ်သူနဲ့ ဘယ်လို အတွင်းရေး တွေရှိနေတာ၊ ဘယ်သူ ကတော့ ဘယ်သူ ကို ကြိတ်ကြံနေတာ
ဆိုတာမျိုး။ အဲလို အရည်မရ အဖတ်မရတွေ...။
အတင်းအဖျင်း တို့ရဲ့ ဘုရင်မ
ထန်းရှောင် ကိုယ်တိုင် မကြာခဏ ကြားနေရတဲ့ အကြောင်းအရာ
တွေ ချည်း ဖြစ်တာကြောင့်
အခု ချက်ချင်းတောင် သူမက ထိုအတင်းအဖျင်းတွေကို အလွတ် ဆိုပြဆို ဆိုပြ နိုင်တယ်။
ကိုလေအိုးရဲ့ ဆက်တိုက်
လေကန်နေတဲ့ စကားတွေကို
စားပွဲပေါ် လက်ထောက် မေးတင်
ုပြီး ဝတ်ကျေတန်းကျေ ဖျစ်ညစ်
နားထောင်ရင်း တစ်ဖက် က လည်း ဘေးနားက မူချောင်ရဲ့ မျက်စိ
ပဒေသာ ဖြစ်လွန်းတဲ့ လက်ချောင်း
ရှည်ရှည်လေးတွေ ဆီကို အကြည့်
တွေက ရောက်ရောက် သွားတယ်။
"SR ထဲက နတ်ဘုရားမရုပ်ထုက
စုပိုင်ရဲ့ ပုံစံငယ် ကို ယူပြီး
လုပ်ထားတာ။ Designerရေ, ငါတို့လည်း ထန်းရှောင် အတွက်
တစ်ခု လုပ်လို့ ရတယ်"
ပရိုဂျူဆာနဲ့ မျက်နှာချင်းဆိုင် မှာ
ထိုင်နေတဲ့ Designer က တော့ ခံစားချက် အမူအရာ တစ်စိုး
တစ်စိမှ မပြလေဘဲ
ငါးသေကြီးလို မတုန်မလှုပ်နဲ့။
ထိုလေအိုး ပရိုဂျူဆာ က
အတွေးတစ်ခု ပေါ်လာတာနဲ့
သူ့ရဲ့ စိတ်ကူး စိတ်သန်းတွေ
ကလည်း ဘေးနားက လူတွေ ပေါ် တံတွေး တစ်ပျစ်ပျစ် စင်အောင်
မရပ်မနား လေကန်နေသလို မျိုး
မရပ်တန့် တော့ပေ။
"ငါတို့တွေ Secret quest
တစ်ခု လုပ်ခိုင်းလို့ ရတယ်။
ထန်းရှောင် ကို NPC အနေ နဲ့
ထည့်ပြီး မြေပုံအသစ် တစ်ခု လည်း
ထပ်ထည့် လိုက်မယ်ကွာ...."
တစ်ဖက် က လေပေါနေတဲ့
တောက်လျှောက် လုံး ပါးစပ် ကို စင်ကော်နဲ့ ပိတ်ထား သလား
အောက်မေ့ရတဲ့ Designer က ရုတ်တရတ်ကြီး သူ့ရဲ့ နှုတ်ခမ်း
ကို ခပ်ဟဟလေး ဖွင့်လိုက်ပြီး
"လွန်ခဲ့တဲ့ ရက်အနည်းငယ် တုန်း
က သတင်းတစ်ခု တွေ့လိုက်တယ်။ ပရိုဂျူဆာရဲ့ မညှာမတာ လွန်လွန် ကျူးကျူး တောင်းဆိုချက်တွေ
ကြောင့် Designer တစ်ယောက်
သေကြောင်းကြံ လုနီးပါး
ဖြစ်သွား ခဲ့တယ်တဲ့။ ဒါကြောင့်_"
"...ရပြီ။ ရပြီ။ ဒီနေရာမှာ တကယ်
အရေးပါတဲ့ ကိစ္စတွေပဲ ပြောကြစို့"
ပရိုဂျူဆာက ထိုသို့ ပြောလိုက်ပြီး
သူ့ရဲ့ လေလုံးထွား တဲ့ ပါးစပ်
ပေါက်ကြီးကို ဖွင့်ကာ နောက်တစ်
ကြိမ် လေကန် ပြန်တော့တယ်။
တကယ် အရေးပါတဲ့ ကိစ္စတွေ က ၁၀မိနစ်လောက်နဲ့ တင် ပြီးပြတ်
သွားပြီး တခြားသောက်ရေး
မပါတဲ့ အရည်မရ အဖတ်တွေ
က တစ်နာရီ နီးပါး ကြာသွား
လေတယ်။
နောက်ဆုံးမှာတော့ သူတို့တွေ အကုန်လုံး Photo Shootရဲ့
အကြောင်းအရာတွေ နဲ့ အချိန်ဇယားတွေ အားလုံး ကို
သေချာ ညှိနှိုင်း ဆုံးဖြတ်ပြီး
သွားတဲ့ အချိန်မှာ ပရိုဂျူဆာ က ထန်းရှောင် ကို အမှုမဲ့အမှတ်မဲ့
ကြည့်လိုက်တယ်။
"ငါ ပြောတာကို အဆုံး ထိ
သေချာ နားထောင်ပေးတဲ့ သူက
မင်းက ပထမဆုံးပဲ။
မင်း နံမည်ကြီး လာမှာ ကို
ငါ သိနေတယ်။ သေချာပေါက် ကို
နံမည် ကြီးလာမှာ! နောက်ရက်
ကျ ငါ မင်းကို ညစာ လိုက်ကျွေး
အုံးမယ်။ ငါပြောရသေးတာ ဂိမ်း
ထဲမှာ Female Enchantress
တွေ က ဘာလို့ လက်မထပ် နိုင်
တာလဲ ဆိုတဲ့ အကြောင်း ပဲ ရှိ
သေး တာမလား။
နောက်ရက်ကျ ငါ မင်းကို ဘာလို့ ကုသပေးသူတွေ က လည်း
လက်မထပ်နိုင် တာလဲ ဆိုတဲ့ အကြောင်းကို ပြောပြအုံးမယ်"
"Spirit Road မှာ လက်မထပ်
နိုင်သေးတဲ့ Character တွေ က
ဘယ်လောက် တောင် များတာ
လဲ?"
ထန်းရှောင် မေးလိုက်တယ်။
ပရိုဂျူဆာ က ခဏလောက်
စဉ်းစား လိုက်ပြီး
"ငါ ထင်တာတော့ မင်း မေးရမှာ
က Spirit Roadမှာ လက်ထပ်
နိုင်တဲ့ Character က
ဘယ်လောက် များ လဲ ဆိုတာပဲ။
ဒါပေမဲ့ SR မှာ က ကစားသမား
တွေ အများကြီး ရှိတာလေ!
ငါနဲ့ သိတဲ့ ကြင်ဖက် ရှာပေးတဲ့
မိတ်ဆွေတွေ လိုမျိုး ဂိမ်းထဲမှာ
လည်း အဲလိုမျိုး အောင်သွယ်
တော်တွေ ထားပေးသင့်တယ်! အာ...ထန်းရှောင်..မင်း မှာ
ရည်းစား မရှိသေးဘူး မလား။ တကယ်လို့ မင်း ကောင်လေး
ရှာမတွေ့သေးရင် နောက်ရက်ကျ
...ငါ_"
ဘေးက Designer က မနေနိုင်
တော့ဘဲ ကိုလေအိုး ပရိုဂျူဆာ
ကို ဆွဲခေါ် သွားတော့တယ်။
ထန်းရှောင် ရုတ်တရတ်ကြီး
GM(game master) တွေ ကို
တောင် သနားသွားတယ်။
{T/N: GM= game master
ဆိုတာက အားလုံးနားလည်
အောင်ပြောရရင်
Fbမှာ gpတစ်ခု ရှိတယ်မလား
အဲ့gpရဲ့ admin moderator
လို သဘောမျိုးပဲ။
gpကို စောင့်ရှောက်
ထိန်းသိမ်းပေးတဲ့သူပေါ့။
GM ဆိုတာလည်း ဂိမ်းထဲမှာ
ကစားသမားတွေ လိုက်နာရမဲ့
စည်းမျဉ်းစည်းကမ်းတွေ
ထုတ်ပေးတယ်။
ပြသာနာတက်ရင် ဖြေရှင်းပေး
တယ်။ လိုအပ်တာ မှန်သမျှ
မသိနား မလည်တာ မှန်သမျှ
သူ့ကို မေးလို့လည်း ရတယ်။
သူက Game ကုမ္ပဏီ ကနေ
ခန့်ထားတဲ့ ဝန်ထမ်းတစ်ယောက်ပဲ}
ဂိမ်းထဲမှာ တစ်ခုခု မကောင်းတာ
ဖြစ်တိုင်း ထန်းရှောင် ပထမဆုံး
လုပ်တာ က GM ကို မေးတာပဲ။
ဒါပေမဲ့ အခုတော့ သူမ သိလိုက် ရတာက ဒီလို ပရိုဂျူဆာမျိုး နဲ့
ဆို GMဆိုတာ ဟိုးအရင်က
တည်းက ကြားထဲက ဓားစာခံ ပဲ
ဆိုတာ!
"မင်း သင်တန်းကျောင်း ကို
သွားမှာလား?"
မူချောင် မေးလိုက်တာကြောင့် ထန်းရှောင် ပြုံးရွှင်စွာဖြင့်
ဖြေလိုက်တယ်။
"သွားမှာ!"
"ကျိယန်,မင်း လက်ထောက်လင်
ကို လိုက်ပို့ ပေးလို့ရမလား?
ငါ ထန်းရှောင်နဲ့ အတူ သင်တန်း
ကျောင်းကို သွားလိုက်မယ်"
ရှကျိယန်က ဝေခွဲမရ ဖြစ်သွားတဲ့
အကြည့်တွေနဲ့ ခပ်ဟဟ ရယ်လိုက်
တယ်။
ရှောင်လင်ရဲ့ မျက်နှာထက်မှာ
တော့ တုန်လှုပ်မှု အပြည့်နဲ့။
သူမ သတိမထားမိလိုက်ခင် မှာတင် သူမရဲ့အသုံးမကျတဲ့ သူဌေး
ထန်းရှောင်နဲ့ မူချောင် က တွဲ
ဖြစ်သွား ကြတာလား?
သူမ အသံတိုးလေး နဲ့
ထန်းရှောင်ကို လက်ကုပ်ပြီး
မေးလိုက်တယ်။
"နင် မူချောင်ကို ဆေးခတ်ခဲ့တာ
လား?"
"ဟဟ...ဘယ်လောက်တောင်
မရီရတဲ့ ဟာသလဲ! ဘာကို ဆေးခတ်တာလဲ ငါ့ရဲ့ ဆွဲဆောင်မှု
ရှိတဲ့ ကိုယ်ရည် ကိုယ်သွေး ကို
အသုံးပြုခဲ့တာဟဲ့! ငါ့ရဲ့ ကိုယ်ရည် ကိုယ်သွေးကြောင့်, နင် နားလည်ပြီ
လား! ငါ့ရဲ့ ဆွဲဆောင်မှု ရှိတဲ့
အရည်အသွေး တွေကြောင့်ပဲ ငါနဲ့ မူချောင်နဲ့ က အခုလို အခြေအနေ
ထိ ရောက်လာတာ"
ရှောင်လင်ရဲ့ လက်ရှိ မျက်နှာ
အမူအယာ ကတော့
သမ်းနေရင်း ပါးစပ်ထဲ
ယင်ကောင် တစ်ကောင် ကို
ုမြိုချ မိလိုက်တဲ့ အတိုင်း။
"နင့်ရဲ့ မအောင်မမာ အပြုအမူတွေ
ကြောင့် မူချောင်က သနားပြီး
ကူညီဖေးမ ပေးနေတာဆို
ငါ ယုံလိုက်အုံးမယ်"
ထန်းရှောင်က အဖွဲ့မှူးနင် ရဲ့
အမူအရာအတိုင်း တစ်ထပ်တည်း
ကော်ပီ ကူးလိုက်ပြီး မျက်ခုံးတစ်
ဖက်ကို ပင့်လိုက်တယ်။
"ငါ သိပါတယ်။ နင် မနာလိုနေ
တယ် ဆိုတာ"
ရှောင်လင်:.....
မူချောင် က ကားပါကင် ကနေ
မောင်းလာမည် ဆိုတာကြောင့် ထန်းရှောင်လည်း ကုမ္ပဏီ
ဝင်ပေါက်ရှေ့ကနေ စောင့်လိုက်
ရင်း သူမရဲ့ခါးပေါ် လက်ထောက်
တင်လိုက်ကာ ကောင်းကင်ပြာ
ကြီးကို ကြည့်ပြီး စူးစူးဝါးဝါး
အော်ရယ် လိုက်တယ်။
"အဟားဟားဟား! မူချောင် ရဲ့
ကားပေါ် လိုက်စီး ရတော့မယ်။ သိပ်မကြာခင် သူ့ အိပ်ယာ ပေါ်
ရောက်တော့မှာပဲ!"
သူမနဲ့ မနီးမဝေးမှာ ရပ်နေတဲ့
ရှကျိယန် က ထိုစကားကို ကြား
သွားပြီး အူလှိုက် သည်းလှိုက် နဲ့
ကို ကြိတ်ရယ် တော့တယ်။
"အဟီး..ဟီးဟီးဟီးဟီး"
သူ့မှာ ခြေလှမ်းတောင် မကြွနိုင်ဘဲ
ပါးစပ်ကို လက်နဲ့ အုပ်ထားပြီး
အူတက် နေလိုက်တာ များ
ပခုံးတွေတောင် တုန်ခါနေတော့
တယ်။
"နင်..နင် အရှက်မရှိ လိုက်တာ"
"ဟုတ်တယ်။ ငါက အရှက်မရှိဘူး"
ရှောင်လင်:.....
အဲဒီ စာသားက အရမ်းမှန်တာပဲ။
လူတစ်ယောက် က သာ
အရှက် လုံးဝမရှိဘူး ဆိုရင် ကောင်းကင်ဘုံ က တောင်
မယှဉ်နိုင် လောက်အောင်
အတုမရှိ ဖြစ်နေ လိမ့်မယ်။
ထန်းရှောင် ကတော့ တကယ့် ကို
အတုမရှိတဲ့ လူသားပဲ။
#5010 words
Ive Latte (mm)
Weekly: 9:00Pm
Monday & Thursday
------------------------------------------
Eng T/N#
ထန်းရှောင်ရဲ့ logic အရ ဆို
ငါ လူတွေ အများကြီး ရဲ့
အိပ်ယာတွေ ပေါ် ရောက်ပြီး
နေပြီ😆
MM T/N:#
ထန်းရှောင်: "ငါ က မင်းရဲ့***
သောက်ဘိုးအေကြီးပဲ!"
မူချောင်: "မင်း နောက်ခါ ဆဲရင်
ဒုတိယအဖိုးလို့ ပြောင်းဆဲလို့
မရဘူးလား"
ထန်းရှောင်: "ဘာလို့လဲ"
မူချောင်: "ဘာလို့ ဆို ကိုယ့် မှာ
အဖိုး ရှိလို့"
"....."
😆😆😆😆😆😆