Zawgyi
"ငါလည်းလုပ်မယ်။"
Unicode
Chapter(45):မြေကွက်ရိုင်းတွေကို ရှင်းလင်းခြင်း-2
ကော်ကော်က သူတို့ကိုပြောလိုက်တယ်။ "အဖေ ဖေဖေ သားဗိုက်ဆာနေပြီ။"
တျန်းတျန်းကလည်း နောက်ကျမကျန်ခဲ့ချင်တာကြောင့် သူလည်းပြောလိုက်တယ်။ "သားလည်းဗိုက်ဆာနေပြီ။" သူကဗိုက်ကလေးကိုထိပြီးတော့တောင် ဗိုက်ဆာနေပြီဖြစ်ကြောင်း သက်သေပြလိုက်သေးတယ်။
ရှုရန်က သဘောတကျပြုံးလိုက်တယ်။ "ကောင်းပါပြီ။ ခနစောင့်။ အဖေသားတို့အတွက် ထမင်းချက်ပေးမယ်။"
ရှုရန်ရဲ့အခုလက်ရှိအချက်အပြုတ်စွမ်းရည်က လျိုထုံထက်ပိုသာတာကြောင့် ကလေးနှစ်ယောက်စလုံးက
သူချက်ထားတဲ့အစားအစာတွေ စားရတာကို ပိုကြိုက်ကြတယ်။ ရှုရန်က သူချက်မယ်လို့ပြောတာကို ကြားလိုက်ရတော့ ကလေးနှစ်ယောက်စလုံး ပျော်ပျော်ရွှင်ရွှင်အော်ဟစ်ပြီး အဝေးကိုပြေးသွားကြတယ်။
ရှုရန်အခု ရယ်ရမလား။ ငိုရမလားဆိုတာကို သူမသိတော့ဘူး! ကလေးတွေက ဘယ်လိုမျိုးချွဲရမလဲဆိုတာကို သိကြတာပဲ။
ရှုရန်ကဒီအကြောင်းနဲ့ပတ်သက်ပြီး ကျေနပ်အားရနေတယ်။ သူ့ကလေးနှစ်ယောက်စလုံးက နောက်ဆုံးမှာတော့
တကယ့်ကလေးတွေနဲ့တူလာကြပြီပဲ။
နောက်တစ်နေ့မနက်ခင်းစောစောတွင် ရွာလူကြီးပြောလို့လာကြတဲ့လူတွေက သူတို့ရဲ့ဝါးအိမ်လေးအပြင်ဘက်မှာ စောင့်ဆိုင်းနေကြတယ်။ ရှုရန်ကပါးစပ်အပြည့်
ထမင်းအလုတ်အနည်းငယ်ကို အမြန်သွတ်သွင်းလိုက်ပြီးနောက် သူတို့တွေကိုတွေ့ဖို့ အပြင်ကိုထွက်လာခဲ့တော့တယ်။
ပထမဆုံးအနေနဲ့ သူအရင်တစ်နေ့တုန်းကဝယ်လာခဲ့တဲ့ အသင့်စားသုံးလို့ရတဲ့အစေ့တွေအားလုံးကို ယူထုတ်လာပြီးတော့ အခုလက်ရှိရှိနေကြတဲ့လူတိုင်းကို ရိုးရိုးသားသားဧည့်ခံလိုက်တယ်။
အချိန်ပိုင်းအလုပ်သမားတွေအဖြစ် လာလုပ်ကြတဲ့လူအများစုက ရိုးသားပြီးနာခံတတ်ကြတယ်။ ထို့ကြောင့် သူတို့ကအလုပ်စမလုပ်ခင် အစားအရင်စားကြတယ်။
အစေ့တွေကိုခွဲဝေပေးပြီးနောက် ရှုရန်ကသူ့ရဲ့အဖွင့်မိန့်ခွန်းကို စတင်ပြောတော့တယ်။ "အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်အိမ်ကအရမ်းသေးနေတာမို့ ကျွန်တော်ခင်ဗျားတို့ကို အိမ်ထဲမဖိတ်တော့ပါဘူး။ ခင်ဗျားတို့အားလုံးက ရွာလူကြီးကနေ ကျွန်တော့်အတွက် ဖိတ်ကြားပေးထားတဲ့ လူတွေချည်းပါပဲ။ ကျွန်တော်မြေကွက်ရိုင်းသုံးဆယ်မြူကို ဝယ်ထားတယ်ဆိုတာကို ခင်ဗျားတို့အားလုံးသိကြမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့မိသားစုထဲမှာ အလုပ်လုပ်နိုင်တဲ့သူဆိုလို့ ကျွန်တော်ရယ် ကျွန်တော့်ခင်ပွန်းရယ် နှစ်ယောက်ပဲရှိတယ်။ ဒါကအမှန်တကယ်ကို ကျွန်တော်တို့ဘာသာကျွန်တော်တို့ ကိုင်တွယ်ဖို့အတွက် ကျွန်တော်တို့ရဲ့လုပ်နိုင်စွမ်းကို ကျော်လွန်နေတာကြောင့် လူတိုင်းကိုဖိတ်ခေါ်လိုက်ရတာ ဖြစ်ပါတယ်။
သို့သော်လည်း ခင်ဗျားတို့အတွက် ဘာအကျိုးအမြတ်မှမရဘဲ အလုပ်လုပ်ရမှာမဟုတ်ဘူး ဆိုတာကိုတော့ ကျွန်တော်အာမခံပါတယ်။ အချိန်ပိုင်းအလုပ်သမားတွေအတွက် ငွေကြေးကို ရွာထဲကအတိုင်း ကျွန်တော်ပေးပါမယ်။ အဲ့ဒါက လူတစ်ယောက်စီအတွက် တစ်နေ့စာရှစ်ဆယ်ပဲနိပေါ့။ အဲ့ဒါအပြင် ကျွန်တော်ခင်ဗျားတို့အတွက် နေ့လယ်စာကိုလည်း ထပ်ပေါင်းထည့်ပေးထားပါတယ်။ သို့သော်လည်း လူတိုင်းလူတိုင်းက ကျွန်တော့်ရဲ့စည်းမျဉ်းတွေကို လိုက်နာတယ်ဆိုတာကိုတော့ သေချာအောင် ကျွန်တော်ပြုလုပ်ထားပါတယ်။ အဲ့ဒါကတော့ အလုပ်ကြိုးစားတဲ့လူက ဆုချီးမြှင့်ခံရမှာဖြစ်ပြီး ပျင်းရိပြီးလိမ်လည်လှည့်စားတဲ့လူကတော့ ထွက်သွားဖို့တောင်းဆိုခံရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်အနာဂတ်ကျရင် ကျွန်တော်တို့ဆီမှာ အလုပ်တစ်ခုခုလုပ်ဖို့ ရှိလာခဲ့မယ်ဆိုရင်တောင်မှ အဲ့လိုလူတွေကို နောက်ထပ်ဘယ်တော့မှ မငှါးတော့ပါဘူး။
ဒီအကြောင်းပြချက်ကြောင့် ကျွန်တော်ကြီးကြပ်သူသုံးယောက်ကို ငှါးရမ်းထားတယ်။ နောက်မိနစ်အနည်းငယ်ကြာရင် ကျွန်တော်တို့လူအရေအတွက် အညီအမျှပါတဲ့အုပ်စုသုံးစုကို ခွဲထုတ်ပေးမယ်။ အုပ်စုတစ်စုစီက မြေကွက်ဆယ်မြူစီကို တာဝန်ယူရမယ်။ နောက်ဆုံးသူတို့ရဲ့တာဝန်ကို ပထမဆုံးပြီးမြောက်တဲ့အဖဲ့ွကို ကျွန်တော်ကသူတို့ရဲ့နေ့လုပ်အားခကို ပေးရုံတင်မကပဲနဲ့ တစ်နေ့စာအပိုငွေနှစ်ဆယ်ပဲနိကိုလည်း သူတို့တစ်ယောက်ချင်းစီကို ပေးအုံးမယ်။ နောက်ဆုံးအလုပ်ပြီးဆုံးသွားတဲ့အချိန်ကျရင် သူတို့တစ်ယောက်ချင်းစီက အသားတစ်ကီလိုကို
အိမ်ပြန်ယူသွားခွင့်ရှိတယ်။"
ရှုရန်ရဲ့စကားကိုကြားတော့ ဒီမှာရှိနေကြတဲ့လူအများစုက တီးတိုးတီးတိုးပြောလာကြတယ်။ ဒီစီးပွားရေးက
အရင်ကနေအခုထိ ရွာထဲမှာရှိခဲ့တဲ့စီးပွားရေးတွေထဲမှာ
သေချာပေါက်ကို အကြီးမားဆုံးပဲ။ သူတို့တွေအရင်က တစ်ခါမှဒီလောက်ငွေအများကြီးကို မရှာဖူးဘူး။ အဲ့ဒါကြောင့် လူအများစုက စိတ်လှုပ်ရှားနေကြပြီး စိတ်အားထက်သန်မှုတွေအပြည့် ဖြစ်နေကြတယ်။ သူတို့အားလုံး ပထမနေရာအတွက် တိုက်ခိုက်ချင်နေကြတယ်။ ဒီနည်းလမ်းအတိုင်းဆိုရင် သူတို့နေ့တိုင်း စုစုပေါင်းတစ်ရာပဲနိကိုရော အသားတစ်ကီလိုကိုပါ ရနိုင်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နေရာမှာဆိုရင် အသားတစ်ကီလိုအတွက် ပဲနိတစ်ရာထက်ပိုကုန်ဖို့လိုအပ်တယ်ဆိုတာကို သူတို့အားလုံးသိကြလို့ပဲဖြစ်တယ်။
ရှုရန်ကခဏနားပြီးတော့ သူတို့ရဲ့တုံ့ပြန်မှုတွေကို
စောင့်ကြည့်လိုက်တယ်။ ထို့နောက် သူဆက်ပြောလိုက်တယ်။ "ဒုတိယနေရာအတွက်လည်းဆုရှိတယ်။ အဲ့ဒါကတစ်နေ့ကို တစ်ပဲနိစီအပိုရမယ်။ သို့သော်လည်း သူတို့အတွက် အသားတော့မရှိဘူး။
တတိယနေရာအတွက်ကတော့ သူတို့ကမူလစီစဉ်ထားတဲ့ လုပ်အားခတွေကိုပဲ ရကြလိမ့်မယ်။ အခုခင်ဗျားတို့ကို ကြီးကြပ်သူသုံးယောက်နဲ့ မိတ်ဆက်ပေးမယ်။"
ရှုရန်ကရှုအန်၊ ရှုဖာနဲ့ရှုဇန်တို့ကို လူအုပ်ကြီးထဲကနေ ဖိတ်ခေါ်လိုက်တယ်။ ထို့နောက်သူသူတို့ကို ညွှန်ပြပြီးနောက် ပြောလိုက်တယ်။ "လူတိုင်းဒီလူသုံးယောက်ကို သိကြတယ်မလား? သူတို့တွေက ကြီးကြပ်သူတွေပဲ။
ကောင်းပြီ။ ဒီမှာနေပြီး အလုပ်လုပ်ဖို့လိုလားတဲ့လူတွေကို အုပ်စုသုံးစုခွဲထုတ်ပေးမယ်။ ပြီးရင် ကျွန်တော့်ရဲ့ကြီးကြပ်သူတွေက ခင်ဗျားတို့အလုပ်စလုပ်ဖို့ တာဝန်ကျရာမြေကွက်တွေဆီကို ခင်ဗျားတို့ကို ဦးဆောင်ခေါ်သွားလိမ့်မယ်။
ဒီမှာနေပြီး ကျွန်တော့်ကိုကူညီချင်တဲ့လူတွေ ရှိသလားဆိုတာကို ကျွန်တော်သိချင်တယ်?"
ရှုရန်က ရိုးရိုးသားသားနဲ့ ဣနြေ္ဒရရကြည့်လိုက်တော့ အခုလက်ရှိရှိနေတဲ့ လူတွေအများကြီးက သူ့အရှေ့ကို ရောက်လာကြတယ်။
"ဒီလိုမျိုးကောင်းမွန်တဲ့ သဘောထားရှိတာဆိုတော့ ငါကလည်း သဘာဝကျကျကိုပဲ ဒီမှာအလုပ်လုပ်ဖို့ကို ဆန္ဒရှိတယ်။ ညီအကိုရှုရန် ငါလုပ်မယ်။"
"ငါလည်းလုပ်မယ်။"
"ကျွန်တော်လည်းလုပ်မယ်။"
ပထမဆုံးတစ်ယောက်က ရှေ့ထွက်ပြီး တုံ့ပြန်မှုကောင်းကောင်းပေးလိုက်တာနဲ့ လူတွေတစ်ယောက်ပြီးတစ်ယောက် ထောက်ခံလာပြီး ပူးပေါင်းပါဝင်လာကြတယ်။ နောက်ဆုံးမှာတော့ လူသုံးဆယ်ကျော်ကျော်လောက် နေကျန်ရစ်ခဲ့ကြတယ်။
ထို့နောက်ရှုရန်က အလုပ်သမားတွေကို အုပ်စုအလိုက်ခွဲထုတ်ပေးဖို့ ရှုအန်နဲ့တစ်ခြားကြီးကြပ်သူနှစ်ယောက်ကို ပြောလိုက်တယ်။ နောက်တစ်ဆင့်သူ့အနေနဲ့ လုပ်စရာရှိတာဆိုလို့ ငွေပေးချေဖို့ပဲကျန်ပြီ။
မြေကွက်သုံးဆယ်မြူရဲ့တည်နေရာနဲ့ ပတ်သက်လို့ကတော့ အဲ့ဒါကရှာတွေ့ဖို့လွယ်ကူပါတယ်။ သူအဲ့အကြောင်းနဲ့ပတ်သက်ပြီး စိတ်ပူနေဖို့လုံးဝမလိုအပ်ပါဘူး။
ရှုအန်နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ရှုရန်ဒီလိုအစီအစဉ်မျိုး ပြုလုပ်လိမ့်မယ်လို့ မမျှော်လင့်ထားမိပါဘူး။ ဒါပေမဲ့အဲ့ဒါက သူတို့ကသူနဲ့သူ့မိသားစုကို ကူညီခဲ့တာကြောင့်မို့လို့ဆိုတာကို သူတို့သိတယ်။ မဟုတ်ရင် ဒီလိုမျိုးဝင်ငွေရနေတဲ့အချိန်မှာ သူတို့ကဒီလိုလွယ်ကူတဲ့တာဝန်မျိုးကို ရမှာမဟုတ်ဘူး။ သဘာဝကျကျကိုပဲ သူတို့တွေကလည်း ရှုရန်ရဲ့ယုံကြည်မှုကို မပျက်ဆီးစေရဘူး။
သူတို့သုံးယောက်စလုံးက အမှန်တကယ်ကို တူညီတဲ့စိတ်ကူးရှိနေကြပြီးတော့ အားလုံးအလုပ်ကို ကြိုးကြိုးစားစားလုပ်ကြတော့တယ်။
သေချာပေါက်ကို အချက်အပြုတ်တာဝန်ကို ဝုမိန်နဲ့ကျန်တဲ့ကောနှစ်ယောက်က ကိုင်တွယ်ရတာဖြစ်တယ်။ ရှုရန်ကိုယ်တိုင်နဲ့လျိုထုံတို့ကတော့ ကောက်တိုမည်ရတွေကို ဆက်တိုက်လုပ်နေကြတယ်။
မကြာခင်မှာပဲ ရှုရန်က ဝုမိန်ရဲ့နွားလှည်းနဲ့ မြို့ပေါ်တက်ပြီးတော့ အရိုးအကြီးကြီးတွေနဲ့ ဝက်နောက်ကျောသားကို ဝယ်လာခဲ့တယ်။ ဝက်သားကိုအသီးအရွက်နဲ့ ကြော်ပြီးတော့ အရိုးအကြီးတွေကိုတော့ စတူးစွပ်ပြုတ်လုပ်လိုက်တယ်။
ရွာလူကြီးဆီကရတဲ့ဆန်ညိုနဲ့ မနေ့ကသူ့ညီငယ်ဆီကနေ ပို့ပေးလာတဲ့အသီးအရွက်တွေအတွက် ရှုရန်ကငွေတုံးအမြောက်အမြားကို သုံးစွဲခဲ့ရတယ်။
ရှုရန်က နေ့လယ်စာထမင်းစားပွဲမှာ ငါးပူဒီနာရွက်ကလည်း ဟင်းပွဲကောင်းတစ်ပွဲဖြစ်လိမ့်မယ်လို့ သူတွေးမိတာကြောင့် သူ့ရဲ့ကိုယ်ပိုင်အလုပ်ထဲမှာ ထပ်ပေါင်းထည့်ပြီးတော့ မြေကွက်ရှင်းလင်းတဲ့အလုပ်သမားတွေ
အနောက်ကလိုက်ပြီး ငါးပူဒီနာကိုခူးဖို့ ကလေးတစ်အုပ်စုကိုလည်း စီစဉ်လိုက်တယ်။
နောက်ဆုံးမှာတော့ မွန်းတည့်အချိန်မှာ အလုပ်ကနေပြန်လာကြတဲ့လူတွေက စားပွဲပေါ်မှာ စုစုပေါင်းဟင်းပွဲလေးပွဲနဲ့ စွပ်ပြုတ်တစ်ခွက်ရှိနေတာကို မြင်လိုက်ကြရတယ်။
ပုံမှန်အားဖြင့်ဆိုရင် ဒီဟင်းပွဲတွေကို နွေဦးရာသီကျမှ
စားကြတာဖြစ်တယ်။ အခုတော့သူတို့တွေက တစ်ခြားလူအတွက် အလုပ်လုပ်ပေးနေတဲ့အချိန်မှာ အဲ့ဒါတွေကို စားနိုင်နေကြပြီ။ အဲ့ဒါကြောင့်သူတို့တွေက အစားကောင်းကောင်းစားရရုံတင်မကပဲနဲ့ ငွေလည်းရကြအုံးမယ်။ အလုပ်ရှင်မိသားစုရဲ့ကြင်နာမှုနဲ့ စိတ်အားထက်သန်မှုကို သူတို့အားလုံးအသိအမှတ်ပြုလိုက်ကြပြီးတော့
အလုပ်သမားတွေအားလုံး ရင်ထဲအရမ်းထိသွားကြတယ်။
အစားမစားခင်မှာ အလုပ်သမားတစ်ယောက်ချင်းစီတိုင်းက အရသာရှိတဲ့အရိုးစွပ်ပြုတ်တစ်ခွက်ကို အရင်သောက်လိုက်ကြတယ်။ ပြီးနောက်သူတို့အားလုံး ဗိုက်ပြည့်တဲ့အထိ စားကြတော့တယ်။ ဒီလိုအတိုင်းဆိုရင် မွန်းလွဲပိုင်းသူတို့အလုပ်လုပ်တဲ့အချိန်ကျရင် သူတို့တွေပိုပြီးအားရှိလိမ့်မယ်။