Zawgyi
ေနာက္တစ္ေန႔မနက္ခင္း မနက္စာစားၿပီးခ်ိန္တြင္ ႐ွဳရန္က တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ကို အိမ္မွာ လက္ေရးလွေရးေလ့က်င့္ေနဖို႔ ေျပာလိုက္တယ္။ သူနဲ႔လ်ိဳထံုတို႔ကေတာ့ တစ္ေယာက္က ရြာလူႀကီးအိမ္ဆီသြားၿပီး ေနာက္တစ္ေယာက္က ဝုမိန္ကိုသြား႐ွာတယ္။
႐ွဳရန္ေရာက္တဲ႔အခ်ိန္မွာ ရြာလူႀကီးမိသားစုက မနက္စာစားေနၾကတယ္။ ႐ွဳရန္က စားပဲြေပၚမွာ႐ွိတဲ့အစားအစာေတြကို တစ္ခ်က္ၾကည့္လိုက္ေတာ့ သူေတြ႔လိုက္ရတယ္။ သူက ရြာလူႀကီးတစ္ေယာက္ျဖစ္ေနတာေတာင္မွ သူတို႔ရဲ႕အစားအစာေတြက အရမ္းအရမ္းကိုပဲ။ ဒီေခတ္မႇာ႐ွိတဲ့လူေတြက အမ်ားအားျဖင့္ ဆင္းရဲၾကတယ္ဆိုတာ တကယ္မွန္တာပဲ။
႐ွဳရန္က သူလာရတဲ့ရည္ရြယ္ခ်က္ကို တိုက္႐ိုက္ေျပာလိုက္တယ္။ "ရြာလူႀကီး ကြၽန္ေတာ္တို႔မိသားစု အသစ္ဝယ္ထားတဲ့ေျမကြက္ေတြကို ႐ွင္းလင္းဖို႔ လူေတြကို ဖိတ္ေခၚခ်င္လို႔။ သံုးဆယ္ျမဴထက္ပိုမ်ားတဲ့ေျမကြက္ေတြမွာ ကြၽန္ေတာ္တို႔ဘာသာကြၽန္ေတာ္တို႔ လယ္အလုပ္မလုပ္ႏိုင္ဘူးေလ။ ကြၽန္ေတာ္တို႔ အခ်ိန္ပိုင္း ဒါမွမဟုတ္ အခ်ိန္ျပည့္အလုပ္သမားေတြကို ငွါးခ်င္လို႔။ ေငြက ျပႆနာမဟုတ္ဘူး။ ၿပီးေတာ့လခကိုလည္း ေဆြးေႏြးႏိုင္တယ္။ ဒါေပမဲ့ အေျခအေနတစ္ခုကိုေတာ့ လိုအပ္တယ္။ အဲ့ဒါက သူတို႔အလုပ္လုပ္တာက လက္ခံႏိုင္တဲ႔အတိုင္းအတာအတြင္းမွာ ႐ွိရမယ္။"
ရြာလူႀကီးက႐ွဳရန္ကို ေခါင္းအစေျခအဆံုးၾကည့္ၿပီးေနာက္ ေျပာလိုက္တယ္။ "အို ႐ွဳရန္! ေျမကြက္မွာအလုပ္လုပ္ဖို႔ လူငွါးမယ္ဆိုရင္ ေငြအမ်ားႀကီးကုန္က်လိမ့္မယ္။ အဲ့အတြက္မင္းမွာ ေငြ႐ွိတယ္ဆိုတာ ေသခ်ာရဲ႕လား?"
႐ွဳရန္ေခါင္းၿငိမ့္ျပလိုက္တယ္။ "ေငြနဲ႔ပတ္သက္ၿပီး
မစိုးရိမ္ပါနဲ႔။ ရြာလူႀကီး ကြၽန္ေတာ္ကတိေပးတယ္ဆိုကတည္းက ကြၽန္ေတာ္ေပးႏိုင္လို႔ေပါ့။ ဒါနဲ႔စကားမစပ္ ရြာလူႀကီး အခ်ိန္ပိုင္းအလုပ္သမားတစ္ေယာက္အတြက္
တစ္ေန႔စာကို ကြၽန္ေတာ္ဘယ္ေလာက္ေပးသင့္သလဲ?"
"အခုခ်ိန္ရြာထဲမွာ အခ်ိန္ပိုင္းအလုပ္သမားေတြကို
လူအနည္းငယ္ေလာက္ကပဲ ငွါးၾကတာ။ ဒါေပမဲ့ ေယဘုယ်က်က်ေျပာရရင္ သူတို႔ေတြက တစ္ေန႔စာအတြက္ အလုပ္သမားတစ္ေယာက္ကို ႐ွစ္ဆယ္ပဲနိေပးၾကတယ္။ ေနရာထိုင္ခင္းနဲ႔ အစားအေသာက္အတြက္ မပါေသးဘူး။"
"ဒီလိုမ်ိဳးဆိုရင္ေရာ ဘယ္လိုလဲ? ရြာလူႀကီး ကြၽန္ေတာ္ ေန႔လယ္စာအပါအဝင္ တစ္ေန႔ကို ႐ွစ္ဆယ္ပဲနိေပးမယ္ေလ?"
"ေကာင္းၿပီ။ မင္းကဒီလိုေျပာမွေတာ့ ငါလည္းမင္းကိုကူညီေပးဖို႔အတြက္ တစ္ျခားလူေတြကို သြားေမးေပးမယ္။ ဒီအခ်ိန္မွာလူတိုင္း သူတို႔ရဲ႕အလုပ္ေတြ ၿပီးသြားၾကၿပီး ၿမိဳ႕ထဲမွာအခ်ိန္ပိုင္းအလုပ္ေတြကို ႐ွာေနၾကတာဆိုေတာ့ အခ်ိန္ကိုက္ျဖစ္သြားတာေပါ့။ အခုသူတို႔ေတြ အျပင္ထြက္စရာမလိုဘဲ ေငြ႐ွာႏိုင္ၿပီ။ မင္းရဲ႕အလုပ္ေတြကိုလုပ္ဖို႔ သူတို႔ႀကိဳက္ၾကလိမ့္မယ္လို႔ ငါထင္တယ္။"
႐ွဳရန္က အျပံဳးျဖင့္ျပန္ေျဖလိုက္တယ္။ "ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ရြာလူႀကီး အလုပ္လုပ္ဖို႔လိုလားတဲ့လူေတြကိုလည္း သူတို႔ရဲ႕ပစၥည္းကိရိယာေတြကို
ေကာင္းေကာင္းျပင္ဆင္လာဖို႔ ေျပာေပးပါ။ မနက္ျဖန္မနက္ ကြၽန္ေတာ့္အိမ္အျပင္ဘက္မွာ သူတို႔ေတြလာစုႏိုင္ပါတယ္။"
ရြာလူႀကီးက ေခါင္းၿငိမ့္ျပလိုက္တယ္။ "ေကာင္းၿပီ။"
"စကားမစပ္ ရြာလူႀကီး ကြၽန္ေတာ္ဆန္နဲ႔ အသီးအရြက္အခ်ိဳ႕ ဝယ္ခ်င္တယ္။ ကြၽန္ေတာ့္မိသားစုက လယ္အလုပ္တစ္ခုကိုမွ မလုပ္ရေသးဘူးဆိုေတာ့ ၿမိဳ႕ထဲကေန
စားစရာေတြကို ဝယ္ဖို႔လိုအပ္ေနတုန္းပဲဆိုတာကို ခင္ဗ်ားလည္းသိတာပဲ။ ဒီရက္ေတြမွာ လူအမ်ားႀကီးလာအလုပ္လုပ္ၾကမွာဆိုေတာ့ အစားစားဖို႔လိုအပ္တယ္။ ကြၽန္ေတာ္တို႔ကို စားစရာအခ်ိဳ႕ေရာင္းေပးခ်င္တဲ့ မိသားစုမ်ား႐ွိသလားဆိုတာကို ကြၽန္ေတာ္သိခ်င္မိတယ္?"
"တကယ္လို႔ မင္းဆန္ညိဳဝယ္ခ်င္တယ္ဆိုရင္ ငါ့မိသားစုထဲမွာ နည္းနည္း႐ွိေသးတယ္။ ေနာက္က်ရင္ ငါမင္းအတြက္ တခ်ိဳ႕ကိုခ်န္ေပးမယ္။ အသီးအရြက္အတြက္ကက်ေတာ့ ငါ့ညီငယ္ကိုမင္းအတြက္ တခ်ိဳ႕ကိုေထာက္ပ့ံေပးႏိုင္တယ္။ သူ႔ကိုငါေျပာၿပီး ပို႔ေပးခိုင္းလိုက္မယ္။ ေငြအတြက္ကက်ေတာ့ ဘယ္ေလာက္ေပးမလဲဆိုတာကို မင္းဆံုးျဖတ္လိုက္။ ဘာပဲျဖစ္ျဖစ္ ေနာက္ဆံုးမွာေတာ့
ငါတို႔ေတြက တစ္ရြာတည္းသားေတြပဲေလ။"
"ေကာင္းပါၿပီ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။
ရြာလူႀကီး ဆန္ညိဳေတြကိုလည္း ကြၽန္ေတာ့္ရဲ႕အိမ္ဆီ
ပို႔ေပးလို႔ရမလား? ကြၽန္ေတာ့္မွာ ဘာတြန္းလွည္းမွမ႐ွိဘူးေလ။ ခင္ဗ်ားကိုၿမိဳ႕ထဲကေစ်းႏႈန္းအတိုင္း ကြၽန္ေတာ္ေပးပါမယ္။" ႐ွဳရန္က ရြာလူႀကီးေငြဆံုး႐ွံဳးသြားရမွာကို မလိုခ်င္ဘူး။ ဒီထဲမွာ သူေငြေတြအမ်ားႀကီး မေခြၽတာသင့္ဘူးဆိုတာကိုလည္း သူသိတယ္။ ဒီလိုလုပ္ျခင္းအားျဖင့္ ရြာလူႀကီးကသူ႔အေပၚမွာ အျမင္ေကာင္းေတြ ႐ွိလာႏိုင္တယ္။
ျပံဳးရင္းနဲ႔ရြာလူႀကီးက ေခါင္းၿငိမ့္လက္ခံလိုက္တယ္။
"ေနာက္မိနစ္အနည္းငယ္ၾကာရင္ ငါမင္းကိုလာပို႔ေပးမယ္။ မင္းအတြက္ ႏွစ္ရာကီလိုဆိုေလာက္ၿပီလား!"
"ေလာက္ပါၿပီ။ ေက်းဇူးတင္ပါတယ္။ ရြာလူႀကီး"
ရြာလူႀကီးအိမ္ကေန ျပန္လာၿပီးေနာက္ ႐ွဳရန္က သူ႔ဝါးအိမ္ထဲမွာ႐ွိတဲ့ပစၥည္းေတြကို စတင္႐ွင္းလင္းေတာ့တယ္။ အမွန္တကယ္မွာေတာ့ အထဲမွာပစၥည္းအမ်ားႀကီးမ႐ွိပါဘူး။ အခုေလာေလာဆယ္မွာ အာလူးကို အျပင္ထုတ္ဖို႔အစီအစဥ္မ႐ွိေသးတာေၾကာင့္ သူေျမေအာက္ခန္းထဲမွာ ထည့္ထားလိုက္တယ္။ င႐ုတ္အႏွစ္ေတြကိုလည္း ေျမေအာက္ခန္းထဲမွာ သိုေလွာင္ထားၿပီးၿပီဆိုေတာ့ စိုးရိမ္စရာမလိုေတာ့ဘူးေပါ့။ သို႔ေသာ္လည္း သူအျပင္ဘက္မွာ႐ွိတဲ့ ႀကိတ္ဆံုေက်ာက္ကိုဖံုးဖို႔ နည္းလမ္းတစ္ခု႐ွာရမယ္။ ဒီအေတာအတြင္းမွာ အိမ္ေဆာက္တုန္းကက်န္တဲ့ဝါးေတြကို ထင္းမီးအျဖစ္အသံုးျပဳလိုက္တာေၾကာင့္ ကုန္လုနီးပါးျဖစ္ေနၿပီ။ အဲ့ဒါေၾကာင့္ ႀကိတ္ဆံုေက်ာက္ကို
ေကာင္းေကာင္းဖံုးအုပ္ထားဖို႔အတြက္ မလံုေလာက္ေတာ့ဘူး။ သူတစ္ျခားနည္းလမ္းတစ္ခုကို ႐ွာမွရမယ္။
အခ်ိန္ခဏေလာက္ၾကာေအာင္ စဥ္းစားၿပီးေနာက္
သူေကာက္႐ိုးေတြကိုသြား႐ွာဖို႔ ဆံုးျဖတ္လိုက္တယ္။ ဝုမိန္တို႔မိသားစုဆီမွာ ေကာက္႐ိုးေတြအမ်ားႀကီး သိုေလွာင္ထားတာ႐ွိလိမ့္မယ္လို႔ သူယံုၾကည္တယ္။ အဲ့ဒါေၾကာင့္ သူတ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ကို အသိေပးလိုက္ၿပီးေနာက္ အလ်င္အျမန္ထြက္သြားေတာ့တယ္။
ဝုမိန္တို႔အိမ္မွာ ႐ွဳရန္ကဝုလန္နဲ႔ လ်ိဳခ်င္တို႔ႏွစ္ေယာက္စလံုးကလည္း ေရာက္ေနၾကတာကို ေတြ႔လိုက္ရတယ္။ ဒါေပမဲ့ေကာသံုးေယာက္တည္းသာ အထဲမွာ႐ွိေနၾကတာျဖစ္တယ္။ မိသားစုရဲ႕ေ႐ွာင္ဇီေတြအားလံုးကေတာ့ အျပင္ဘက္မွာျဖစ္တယ္။
႐ွဳရန္ကိုျမင္ေတာ့ လ်ိဳထံုက ခ်က္ခ်င္းမတ္တပ္ရပ္ၿပီး ေမးလာတယ္။ "ရန္ မင္းဘယ္လိုလုပ္ၿပီး ဒီကိုေရာက္လာတာလဲ?"
"ကိုယ္ႀကိတ္ဆံုေက်ာက္ကိုဖံုးဖို႔ ေကာက္႐ိုးအခ်ိဳ႕လိုခ်င္လို႔။ ဝုမိန္ မင္းတို႔ဆီမွာ႐ွိလား?"
"႐ွိတယ္။ ငါ့မွာ႐ွိတယ္။ ဒါေပမဲ့သိပ္မမ်ားဘူး။ ငါ့မွာႏြားတစ္ေကာင္ေမြးထားေတာ့ သူ႔ကိုအစာေကြၽးဖို႔လည္း ႐ွိေသးတယ္။"
လ်ိဳခ်င္က႐ွဳရန္ကို ေျပာလိုက္တယ္။ "ငါ့အိမ္မွာလိုက္ယူလိုက္! ငါ့အိမ္မွာမီးအျဖစ္အသံုးျပဳဖို႔ သိုေလွာင္ထားတာ႐ွိတယ္။"
"ေကာင္းၿပီ။ ေက်းဇူးတင္ပါတယ္။ ငါတို႔ေျမကြက္႐ိုင္းေတြကို ႐ွင္းလင္းေတာ့မယ္ဆိုတာကို လ်ိဳထံုမင္းတို႔ကို
ေျပာျပၿပီးေလာက္ၿပီေပါ့! မနက္ျဖန္က်ရင္ခ်က္ျပဳတ္ဖို႔ကို လာၿပီးကူညီေပးပါအံုး! အလုပ္အတြက္လခကေတာ့ တစ္ျခားလူေတြလိုမ်ိဳး တစ္ေန႔ကိုအစားအစာအပါအဝင္ ႐ွစ္ဆယ္ပဲနိပဲ။"
ေငြအေၾကာင္းေျပာတာၾကားေတာ့ ဝုမိန္ကသူ႔ဘက္လွည့္လာၿပီး ရန္ေထာင္ေတာ့တယ္။ "ငါတို႔ေငြမလိုခ်င္ပါဘူး။ မင္းအတြက္ ေငြအခ်ိဳ႕ရဖို႔ဆိုတာ လြယ္ကူတာမဟုတ္ဘူး။
ေျမကြက္ကို႐ွင္းလင္းဖို႔အတြက္လည္း မင္းအခ်ိန္အၾကာႀကီး သံုးျဖဳန္းရအံုးမယ္။"
႐ွဳရန္ကသူ႔လက္ကိုေဝွ႔ယမ္းၿပီးေတာ့ ေျပာလိုက္တယ္။ "အဲ့ဒါက အဆင္ေျပပါတယ္။ ဒီအတြက္မစိုးရိမ္ပါနဲ႔။ ေျမကြက္ကို႐ွင္းလင္းဖို႔က အရမ္းၾကာမွာမဟုတ္ပါဘူး။ မနက္ျဖန္က်ရင္ မင္းတစ္ေယာက္တည္းမဟုတ္ဘူး။ ႐ွဳအန္ေရာ တစ္ျခားလူေတြပါလာလိမ့္မယ္။ အဲ့အခါက်မွငါ့ရဲ႕အစီအစဥ္ေတြကို မင္းတို႔ကိုေျပာျပမယ္။"
ဒီအေျခအေနေအာက္မွာ ဝုမိန္အတြက္ ေနာက္ထပ္ျငင္းဆန္လို႔ မေကာင္းေတာ့ဘူး။ လ်ိဳခ်င္နဲ႔တစ္ျခားလူေတြကလည္း ဝုမိန္ကိုအျမဲတမ္းဝန္းရံၿပီးေနခဲ့ၾကတာဆိုေတာ့ သူတို႔ေတြကလည္း သဘာဝက်က်ကိုပဲ မျငင္းဆန္ၾကေတာ့ပါဘူး။
အခ်ိန္အခ်ိဳ႕ၾကာေအာင္ စကားေျပာၿပီးေနာက္ ႐ွဳရန္နဲ႔လ်ိဳထံုတို႔က လ်ိဳခ်င္အေနာက္ကေန ေကာက္႐ိုးေတြကိုယူဖို႔ သူ႔အိမ္ကိုလိုက္လာခဲ့ၾကတယ္။ သြားရာလမ္းမွာ လ်ိဳခ်င္ကသတိေပးလိုက္တယ္။ "လ်ိဳထံု ကူညီဖို႔တစ္ေယာက္ေယာက္ကို မင္းငွါးလို႔မရဘူးေလ!
တစ္ခ်ိဳ႕လူေတြကလာလွည့္စားၿပီး ေငြကိုဒီအတိုင္းယူသြားလိမ့္မယ္လို႔ ငါထင္ေနတယ္။"
"အဲ့အတြက္ မစိုးရိမ္ပါနဲ႔။ ငါႀကီးၾကပ္ဖို႔အတြက္
လူအခ်ိဳ႕႐ွာလိုက္မယ္။ သူ႔အလုပ္ကို ေကာင္းေကာင္းမလုပ္တဲ့လူတစ္ေယာက္ေယာက္ကို ႀကီးၾကပ္သူက ႐ွာေတြ႔ခဲ့ရင္ ငါအဲ့လူကိုျပန္သြားခိုင္းလိုက္မယ္။ ၿပီးရင္ငါအဲ့လူကို ေနာက္ထပ္မငွါးေတာ့ဘူး။"
"အဆင္ေျပပါတယ္ေလ။ ႐ွဳရန္ မင္းကကိစၥတိုင္းကို စဥ္းစဥ္းစားစားလုပ္တတ္တာပဲ။ စာဖတ္ဖူးတဲ့လူေတြက ကြဲျပားျခားနားၾကတယ္။" လ်ိဳခ်င္ကစိတ္ခံစားမႈအျပည္႔နဲ႔ ေျပာလိုက္တယ္။
႐ွဳရန္နည္းနည္း႐ွက္သြားသလို ခံစားလိုက္ရတယ္။
ေမာ္ဒန္ေခတ္ကလူေတြက အမ်ားအားျဖင့္ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ႐ွင္း႐ွင္းလင္းလင္းသိၾကမယ္ဆိုတာကို သူသိတယ္။
လ်ိဳခ်င္တို႔မိသားစုဆီကေန ေကာက္႐ိုးေတြကို သူတို႔ျပန္သယ္လာၿပီးတဲ့အခ်ိန္မွာ ကေလးႏွစ္ေယာက္ကသူတို႔ကို
ျခံဝင္းထဲမွာ ေစာင့္ေနၾကတယ္။ သူတို႔ဗိုက္ဆာေနၾကတာ ျဖစ္မယ္။ လ်ိဳထံုနဲ႔႐ွဳရန္တို႔ႏွစ္ေယာက္စလံုး သူတို႔ကိုျမင္ေအာင္လို႔ သူတို႔ခ်က္ခ်င္းေျပးသြားလိုက္ၾကတယ္။
Unicode
Chapter(45):မြေကွက်ရိုင်းတွေကို ရှင်းလင်းခြင်း-1
နောက်တစ်နေ့မနက်ခင်း မနက်စာစားပြီးချိန်တွင် ရှုရန်က တျန်းတျန်းနဲ့ကော်ကော်တို့ကို အိမ်မှာ လက်ရေးလှရေးလေ့ကျင့်နေဖို့ ပြောလိုက်တယ်။ သူနဲ့လျိုထုံတို့ကတော့ တစ်ယောက်က ရွာလူကြီးအိမ်ဆီသွားပြီး နောက်တစ်ယောက်က ဝုမိန်ကိုသွားရှာတယ်။
ရှုရန်ရောက်တဲ့အချိန်မှာ ရွာလူကြီးမိသားစုက မနက်စာစားနေကြတယ်။ ရှုရန်က စားပွဲပေါ်မှာရှိတဲ့အစားအစာတွေကို တစ်ချက်ကြည့်လိုက်တော့ သူတွေ့လိုက်ရတယ်။ သူက ရွာလူကြီးတစ်ယောက်ဖြစ်နေတာတောင်မှ သူတို့ရဲ့အစားအစာတွေက အရမ်းအရမ်းကိုပဲ။ ဒီခေတ်မှာရှိတဲ့လူတွေက အများအားဖြင့် ဆင်းရဲကြတယ်ဆိုတာ တကယ်မှန်တာပဲ။
ရှုရန်က သူလာရတဲ့ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောလိုက်တယ်။ "ရွာလူကြီး ကျွန်တော်တို့မိသားစု အသစ်ဝယ်ထားတဲ့မြေကွက်တွေကို ရှင်းလင်းဖို့ လူတွေကို ဖိတ်ခေါ်ချင်လို့။ သုံးဆယ်မြူထက်ပိုများတဲ့မြေကွက်တွေမှာ ကျွန်တော်တို့ဘာသာကျွန်တော်တို့ လယ်အလုပ်မလုပ်နိုင်ဘူးလေ။ ကျွန်တော်တို့ အချိန်ပိုင်း ဒါမှမဟုတ် အချိန်ပြည့်အလုပ်သမားတွေကို ငှါးချင်လို့။ ငွေက ပြဿနာမဟုတ်ဘူး။ ပြီးတော့လခကိုလည်း ဆွေးနွေးနိုင်တယ်။ ဒါပေမဲ့ အခြေအနေတစ်ခုကိုတော့ လိုအပ်တယ်။ အဲ့ဒါက သူတို့အလုပ်လုပ်တာက လက်ခံနိုင်တဲ့အတိုင်းအတာအတွင်းမှာ ရှိရမယ်။"
ရွာလူကြီးကရှုရန်ကို ခေါင်းအစခြေအဆုံးကြည့်ပြီးနောက် ပြောလိုက်တယ်။ "အို ရှုရန်! မြေကွက်မှာအလုပ်လုပ်ဖို့ လူငှါးမယ်ဆိုရင် ငွေအများကြီးကုန်ကျလိမ့်မယ်။ အဲ့အတွက်မင်းမှာ ငွေရှိတယ်ဆိုတာ သေချာရဲ့လား?"
ရှုရန်ခေါင်းငြိမ့်ပြလိုက်တယ်။ "ငွေနဲ့ပတ်သက်ပြီး
မစိုးရိမ်ပါနဲ့။ ရွာလူကြီး ကျွန်တော်ကတိပေးတယ်ဆိုကတည်းက ကျွန်တော်ပေးနိုင်လို့ပေါ့။ ဒါနဲ့စကားမစပ် ရွာလူကြီး အချိန်ပိုင်းအလုပ်သမားတစ်ယောက်အတွက်
တစ်နေ့စာကို ကျွန်တော်ဘယ်လောက်ပေးသင့်သလဲ?"
"အခုချိန်ရွာထဲမှာ အချိန်ပိုင်းအလုပ်သမားတွေကို
လူအနည်းငယ်လောက်ကပဲ ငှါးကြတာ။ ဒါပေမဲ့ ယေဘုယျကျကျပြောရရင် သူတို့တွေက တစ်နေ့စာအတွက် အလုပ်သမားတစ်ယောက်ကို ရှစ်ဆယ်ပဲနိပေးကြတယ်။ နေရာထိုင်ခင်းနဲ့ အစားအသောက်အတွက် မပါသေးဘူး။"
"ဒီလိုမျိုးဆိုရင်ရော ဘယ်လိုလဲ? ရွာလူကြီး ကျွန်တော် နေ့လယ်စာအပါအဝင် တစ်နေ့ကို ရှစ်ဆယ်ပဲနိပေးမယ်လေ?"
"ကောင်းပြီ။ မင်းကဒီလိုပြောမှတော့ ငါလည်းမင်းကိုကူညီပေးဖို့အတွက် တစ်ခြားလူတွေကို သွားမေးပေးမယ်။ ဒီအချိန်မှာလူတိုင်း သူတို့ရဲ့အလုပ်တွေ ပြီးသွားကြပြီး မြို့ထဲမှာအချိန်ပိုင်းအလုပ်တွေကို ရှာနေကြတာဆိုတော့ အချိန်ကိုက်ဖြစ်သွားတာပေါ့။ အခုသူတို့တွေ အပြင်ထွက်စရာမလိုဘဲ ငွေရှာနိုင်ပြီ။ မင်းရဲ့အလုပ်တွေကိုလုပ်ဖို့ သူတို့ကြိုက်ကြလိမ့်မယ်လို့ ငါထင်တယ်။"
ရှုရန်က အပြုံးဖြင့်ပြန်ဖြေလိုက်တယ်။ "ကျေးဇူးအများကြီးတင်ပါတယ်။ ရွာလူကြီး အလုပ်လုပ်ဖို့လိုလားတဲ့လူတွေကိုလည်း သူတို့ရဲ့ပစ္စည်းကိရိယာတွေကို
ကောင်းကောင်းပြင်ဆင်လာဖို့ ပြောပေးပါ။ မနက်ဖြန်မနက် ကျွန်တော့်အိမ်အပြင်ဘက်မှာ သူတို့တွေလာစုနိုင်ပါတယ်။"
ရွာလူကြီးက ခေါင်းငြိမ့်ပြလိုက်တယ်။ "ကောင်းပြီ။"
"စကားမစပ် ရွာလူကြီး ကျွန်တော်ဆန်နဲ့ အသီးအရွက်အချို့ ဝယ်ချင်တယ်။ ကျွန်တော့်မိသားစုက လယ်အလုပ်တစ်ခုကိုမှ မလုပ်ရသေးဘူးဆိုတော့ မြို့ထဲကနေ
စားစရာတွေကို ဝယ်ဖို့လိုအပ်နေတုန်းပဲဆိုတာကို ခင်ဗျားလည်းသိတာပဲ။ ဒီရက်တွေမှာ လူအများကြီးလာအလုပ်လုပ်ကြမှာဆိုတော့ အစားစားဖို့လိုအပ်တယ်။ ကျွန်တော်တို့ကို စားစရာအချို့ရောင်းပေးချင်တဲ့ မိသားစုများရှိသလားဆိုတာကို ကျွန်တော်သိချင်မိတယ်?"
"တကယ်လို့ မင်းဆန်ညိုဝယ်ချင်တယ်ဆိုရင် ငါ့မိသားစုထဲမှာ နည်းနည်းရှိသေးတယ်။ နောက်ကျရင် ငါမင်းအတွက် တချို့ကိုချန်ပေးမယ်။ အသီးအရွက်အတွက်ကကျတော့ ငါ့ညီငယ်ကိုမင်းအတွက် တချို့ကိုထောက်ပ့ံပေးနိုင်တယ်။ သူ့ကိုငါပြောပြီး ပို့ပေးခိုင်းလိုက်မယ်။ ငွေအတွက်ကကျတော့ ဘယ်လောက်ပေးမလဲဆိုတာကို မင်းဆုံးဖြတ်လိုက်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့
ငါတို့တွေက တစ်ရွာတည်းသားတွေပဲလေ။"
"ကောင်းပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ်။
ရွာလူကြီး ဆန်ညိုတွေကိုလည်း ကျွန်တော့်ရဲ့အိမ်ဆီ
ပို့ပေးလို့ရမလား? ကျွန်တော့်မှာ ဘာတွန်းလှည်းမှမရှိဘူးလေ။ ခင်ဗျားကိုမြို့ထဲကဈေးနှုန်းအတိုင်း ကျွန်တော်ပေးပါမယ်။" ရှုရန်က ရွာလူကြီးငွေဆုံးရှုံးသွားရမှာကို မလိုချင်ဘူး။ ဒီထဲမှာ သူငွေတွေအများကြီး မချွေတာသင့်ဘူးဆိုတာကိုလည်း သူသိတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ရွာလူကြီးကသူ့အပေါ်မှာ အမြင်ကောင်းတွေ ရှိလာနိုင်တယ်။
ပြုံးရင်းနဲ့ရွာလူကြီးက ခေါင်းငြိမ့်လက်ခံလိုက်တယ်။
"နောက်မိနစ်အနည်းငယ်ကြာရင် ငါမင်းကိုလာပို့ပေးမယ်။ မင်းအတွက် နှစ်ရာကီလိုဆိုလောက်ပြီလား!"
"လောက်ပါပြီ။ ကျေးဇူးတင်ပါတယ်။ ရွာလူကြီး"
ရွာလူကြီးအိမ်ကနေ ပြန်လာပြီးနောက် ရှုရန်က သူ့ဝါးအိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကို စတင်ရှင်းလင်းတော့တယ်။ အမှန်တကယ်မှာတော့ အထဲမှာပစ္စည်းအများကြီးမရှိပါဘူး။ အခုလောလောဆယ်မှာ အာလူးကို အပြင်ထုတ်ဖို့အစီအစဉ်မရှိသေးတာကြောင့် သူမြေအောက်ခန်းထဲမှာ ထည့်ထားလိုက်တယ်။ ငရုတ်အနှစ်တွေကိုလည်း မြေအောက်ခန်းထဲမှာ သိုလှောင်ထားပြီးပြီဆိုတော့ စိုးရိမ်စရာမလိုတော့ဘူးပေါ့။ သို့သော်လည်း သူအပြင်ဘက်မှာရှိတဲ့ ကြိတ်ဆုံကျောက်ကိုဖုံးဖို့ နည်းလမ်းတစ်ခုရှာရမယ်။ ဒီအတောအတွင်းမှာ အိမ်ဆောက်တုန်းကကျန်တဲ့ဝါးတွေကို ထင်းမီးအဖြစ်အသုံးပြုလိုက်တာကြောင့် ကုန်လုနီးပါးဖြစ်နေပြီ။ အဲ့ဒါကြောင့် ကြိတ်ဆုံကျောက်ကို
ကောင်းကောင်းဖုံးအုပ်ထားဖို့အတွက် မလုံလောက်တော့ဘူး။ သူတစ်ခြားနည်းလမ်းတစ်ခုကို ရှာမှရမယ်။
အချိန်ခဏလောက်ကြာအောင် စဉ်းစားပြီးနောက်
သူကောက်ရိုးတွေကိုသွားရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ဝုမိန်တို့မိသားစုဆီမှာ ကောက်ရိုးတွေအများကြီး သိုလှောင်ထားတာရှိလိမ့်မယ်လို့ သူယုံကြည်တယ်။ အဲ့ဒါကြောင့် သူတျန်းတျန်းနဲ့ကော်ကော်တို့ကို အသိပေးလိုက်ပြီးနောက် အလျင်အမြန်ထွက်သွားတော့တယ်။
ဝုမိန်တို့အိမ်မှာ ရှုရန်ကဝုလန်နဲ့ လျိုချင်တို့နှစ်ယောက်စလုံးကလည်း ရောက်နေကြတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ကောသုံးယောက်တည်းသာ အထဲမှာရှိနေကြတာဖြစ်တယ်။ မိသားစုရဲ့ရှောင်ဇီတွေအားလုံးကတော့ အပြင်ဘက်မှာဖြစ်တယ်။
ရှုရန်ကိုမြင်တော့ လျိုထုံက ချက်ချင်းမတ်တပ်ရပ်ပြီး မေးလာတယ်။ "ရန် မင်းဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ?"
"ကိုယ်ကြိတ်ဆုံကျောက်ကိုဖုံးဖို့ ကောက်ရိုးအချို့လိုချင်လို့။ ဝုမိန် မင်းတို့ဆီမှာရှိလား?"
"ရှိတယ်။ ငါ့မှာရှိတယ်။ ဒါပေမဲ့သိပ်မများဘူး။ ငါ့မှာနွားတစ်ကောင်မွေးထားတော့ သူ့ကိုအစာကျွေးဖို့လည်း ရှိသေးတယ်။"
လျိုချင်ကရှုရန်ကို ပြောလိုက်တယ်။ "ငါ့အိမ်မှာလိုက်ယူလိုက်! ငါ့အိမ်မှာမီးအဖြစ်အသုံးပြုဖို့ သိုလှောင်ထားတာရှိတယ်။"
"ကောင်းပြီ။ ကျေးဇူးတင်ပါတယ်။ ငါတို့မြေကွက်ရိုင်းတွေကို ရှင်းလင်းတော့မယ်ဆိုတာကို လျိုထုံမင်းတို့ကို
ပြောပြပြီးလောက်ပြီပေါ့! မနက်ဖြန်ကျရင်ချက်ပြုတ်ဖို့ကို လာပြီးကူညီပေးပါအုံး! အလုပ်အတွက်လခကတော့ တစ်ခြားလူတွေလိုမျိုး တစ်နေ့ကိုအစားအစာအပါအဝင် ရှစ်ဆယ်ပဲနိပဲ။"
ငွေအကြောင်းပြောတာကြားတော့ ဝုမိန်ကသူ့ဘက်လှည့်လာပြီး ရန်ထောင်တော့တယ်။ "ငါတို့ငွေမလိုချင်ပါဘူး။ မင်းအတွက် ငွေအချို့ရဖို့ဆိုတာ လွယ်ကူတာမဟုတ်ဘူး။
မြေကွက်ကိုရှင်းလင်းဖို့အတွက်လည်း မင်းအချိန်အကြာကြီး သုံးဖြုန်းရအုံးမယ်။"
ရှုရန်ကသူ့လက်ကိုဝှေ့ယမ်းပြီးတော့ ပြောလိုက်တယ်။ "အဲ့ဒါက အဆင်ပြေပါတယ်။ ဒီအတွက်မစိုးရိမ်ပါနဲ့။ မြေကွက်ကိုရှင်းလင်းဖို့က အရမ်းကြာမှာမဟုတ်ပါဘူး။ မနက်ဖြန်ကျရင် မင်းတစ်ယောက်တည်းမဟုတ်ဘူး။ ရှုအန်ရော တစ်ခြားလူတွေပါလာလိမ့်မယ်။ အဲ့အခါကျမှငါ့ရဲ့အစီအစဉ်တွေကို မင်းတို့ကိုပြောပြမယ်။"
ဒီအခြေအနေအောက်မှာ ဝုမိန်အတွက် နောက်ထပ်ငြင်းဆန်လို့ မကောင်းတော့ဘူး။ လျိုချင်နဲ့တစ်ခြားလူတွေကလည်း ဝုမိန်ကိုအမြဲတမ်းဝန်းရံပြီးနေခဲ့ကြတာဆိုတော့ သူတို့တွေကလည်း သဘာဝကျကျကိုပဲ မငြင်းဆန်ကြတော့ပါဘူး။
အချိန်အချို့ကြာအောင် စကားပြောပြီးနောက် ရှုရန်နဲ့လျိုထုံတို့က လျိုချင်အနောက်ကနေ ကောက်ရိုးတွေကိုယူဖို့ သူ့အိမ်ကိုလိုက်လာခဲ့ကြတယ်။ သွားရာလမ်းမှာ လျိုချင်ကသတိပေးလိုက်တယ်။ "လျိုထုံ ကူညီဖို့တစ်ယောက်ယောက်ကို မင်းငှါးလို့မရဘူးလေ!
တစ်ချို့လူတွေကလာလှည့်စားပြီး ငွေကိုဒီအတိုင်းယူသွားလိမ့်မယ်လို့ ငါထင်နေတယ်။"
"အဲ့အတွက် မစိုးရိမ်ပါနဲ့။ ငါကြီးကြပ်ဖို့အတွက်
လူအချို့ရှာလိုက်မယ်။ သူ့အလုပ်ကို ကောင်းကောင်းမလုပ်တဲ့လူတစ်ယောက်ယောက်ကို ကြီးကြပ်သူက ရှာတွေ့ခဲ့ရင် ငါအဲ့လူကိုပြန်သွားခိုင်းလိုက်မယ်။ ပြီးရင်ငါအဲ့လူကို နောက်ထပ်မငှါးတော့ဘူး။"
"အဆင်ပြေပါတယ်လေ။ ရှုရန် မင်းကကိစ္စတိုင်းကို စဉ်းစဉ်းစားစားလုပ်တတ်တာပဲ။ စာဖတ်ဖူးတဲ့လူတွေက ကွဲပြားခြားနားကြတယ်။" လျိုချင်ကစိတ်ခံစားမှုအပြည့်နဲ့ ပြောလိုက်တယ်။
ရှုရန်နည်းနည်းရှက်သွားသလို ခံစားလိုက်ရတယ်။
မော်ဒန်ခေတ်ကလူတွေက အများအားဖြင့် ဒီအကြောင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိကြမယ်ဆိုတာကို သူသိတယ်။
လျိုချင်တို့မိသားစုဆီကနေ ကောက်ရိုးတွေကို သူတို့ပြန်သယ်လာပြီးတဲ့အချိန်မှာ ကလေးနှစ်ယောက်ကသူတို့ကို
ခြံဝင်းထဲမှာ စောင့်နေကြတယ်။ သူတို့ဗိုက်ဆာနေကြတာ ဖြစ်မယ်။ လျိုထုံနဲ့ရှုရန်တို့နှစ်ယောက်စလုံး သူတို့ကိုမြင်အောင်လို့ သူတို့ချက်ချင်းပြေးသွားလိုက်ကြတယ်။