Zawgyi
အဆံုးမွာေတာ့ သူတို႔မိသားစုေတြက ဒဏ္ရာေတြနဲ႔
ျပန္လွည့္သြားၾကရတယ္။ ဒီကိစၥကိုအစပ်ိဳးသူအေနနဲ႔ ေျမကြက္သံုးဆယ္ျမဴကို ႐ွဳရန္ပိုင္ဆိုင္ေနတုန္းပဲ ျဖစ္တယ္။ အမ်ားဆံုးမွာမွ အဲ့ဒါက ေျခေထာက္အနည္းငယ္ထပ္ပိုလာၿပီး နင္းေျခေစာ္ကားခံရရံုပါပဲ။
ဒါေပမဲ့ ဒီမေတာ္တဆမႈျဖစ္ၿပီးေနာက္ ႐ွဳမိသားစုက သူ႔ကိုပိုၿပီးေတာ့ေတာင္ မုန္းသြားေလာက္မယ္။
သို႔ေသာ္လည္း ႐ွဳရန္အတြက္ကေတာ့ အဲ့ဒါက အေရးႀကီးခြင္က်ယ္ မဟုတ္ပါဘူး။ သူတို႔မိသားစု ခြဲထုတ္တဲ့အခ်ိန္တုန္းက အနာဂတ္မွာ သူတို႔ေသေသ႐ွင္႐ွင္ မိသားစုႏွစ္စုၾကားမွာ ဘာပတ္သက္ဆက္ႏြယ္မႈမွ မ႐ွိပါဘူးလို႔ ႏွစ္ဖက္စလံုးက သေဘာတူထားခဲ့ၾကတယ္။ အဲ့အခ်ိန္တုန္းက ရြာလူႀကီးလည္းပဲ အဲ့ဒီမွာ႐ွိေနခဲ့တယ္။ သက္ေသျပဖို႔အတြက္ ႐ွဳရန္မွာ အေထာက္အထားနည္းနည္းေလးပဲ ႐ွိတာတစ္ခုပဲ သနားစရာေကာင္းတယ္။ အခုထိလည္း သူအဲ့ဒါကို ေၾကာက္မေနပါဘူး။
တကယ္လို႔ သူ႔ေဖေဖကသာ သူ႔ကိုဒီလိုမ်ိဳး မဆက္ဆံခဲ့ရင္ ၿပီးေတာ့ တကယ္လို႔ သူ႔အေဖကသာ ယုန္ေလးတစ္ေကာင္အတြက္ လ်ိဳထံုနဲ႔သူ႔ကို မ႐ိုက္ႏွက္ခဲ့ရင္ သူသူတို႔ေတြကို အ႐ူးကိုယ္စား ေသေသခ်ာခ်ာ ဂ႐ုစိုက္ေစာင့္ေ႐ွာက္ေပးဖို႔ ရည္ရြယ္ထားမိမွာပဲ။ ဒါေပမဲ့သူတို႔ေတြ ဒီလိုမ်ိဳးရက္စက္တဲ့အရာေတြကို လုပ္လိုက္ကတည္းက ႐ွဳရန္က သူသူတို႔ေတြကို အရမ္းေကာင္းျပေနစရာ မလိုေတာ့ဘူးလို႔ ခံစားလိုက္ရတယ္။
ဒါ့အျပင္ သက္ႀကီးေဖေဖ႐ွဳကလည္း အရမ္းတံုးလြန္းတယ္။ အခုခ်ိန္ကစၿပီး ရြာထဲမွာ႐ွိတဲ့ သူ႔ရဲ႕ဂုဏ္သတင္းက ပိုၿပီးေတာ့ေတာင္ ဆိုးရြားသြားေတာ့မယ္။ ႐ွဳရန္အေပၚကိုလည္း သက္ေရာက္မႈေတြ ႐ွိလာႏိုင္တယ္ဆိုေပမဲ့လည္း အဲ့ဒါကသူ႔အတြက္ ကိစၥႀကီးႀကီးမားမား မဟုတ္ပါဘူး။
ဒီမေတာ္တဆမႈေၾကာင့္ပဲ ဝုမိန္ကလည္း တစ္ခ်က္လာၾကည့္တယ္။ ႐ွဳရန္မွာ ဘာျပႆနာမွမျဖစ္ဘူးဆိုတာကို ျမင္ေတာ့မွ သူျပန္သြားေတာ့တယ္။ သူက ဒီရက္ေတြအတြင္းမွာ အလုပ္အေတာ္ေလး ႐ွဳပ္ေနတယ္။ တကယ္လို႔ အဲ့ဒါက လ်ိဳထံုေၾကာင့္သာ မဟုတ္ဘူးဆိုရင္ သူဒီကိုလာၿပီး အေႏွာင့္အယွက္ေပးမိမွာ မဟုတ္ဘူး။ အေရးမပါတဲ့လူရမ္းကားအုပ္စု ရန္ျဖစ္ေနၾကတာကို ဒီအတိုင္းရပ္ၾကည့္ေနမွာ ျဖစ္တယ္။
႐ွဳမိသားစုက ဒါေၾကာင့္နဲ႔ ဆံုး႐ွံဳးမႈေတြ ခံစားလိုက္ရတယ္။ အဲ့ဒါေၾကာင့္ ျပန္သြားၿပီးတဲ့ေနာက္မွာ သူတို႔ေတြက ရက္အတန္ၾကာေအာင္ ၿငိမ္ေနေနၾကတယ္။ သူတို႔ေတြကို ေႏွာင့္ယွက္မယ့္သူမ႐ွိေတာ့တာေၾကာင့္ ႐ွဳရန္ကအဲ့ဒါကို အခြင့္ေကာင္းယူၿပီး လ်ိဳထံုနဲ႔အတူတူ င႐ုတ္အႏွစ္ေတြ လုပ္ၾကေတာ့တယ္။
အရင္တစ္ႀကိမ္ ဆိုင္႐ွင္ခ်န္ဆီ သူတို႔ပို႔ေပးခဲ့တဲ့ င႐ုတ္အႏႇစ္ေတြက ေရာင္းကုန္သြားၿပီ ျဖစ္တယ္။ ဒီေန႔ေအာက္တိုဘာ ၁၀ ရက္ေန႔မွာ အရင္တစ္ႀကိမ္တုန္းက က်န္ေနတဲ့င႐ုတ္အႏွစ္ေတြ အားလံုးကို ထုပ္ပိုးၿပီး ၿမိဳ႕ေပၚသြားပို႔ေတာ့မွာ ျဖစ္တယ္။
သူတို႔င႐ုတ္အႏွစ္ေတြ ပိုၿပီးမထုတ္လုပ္ခင္ အခ်ိန္အထိ သူတို႔ ဒီနည္းလမ္းအတိုင္း ဆက္သြားႏိုင္ပါ့မလားဆိုတာကို မေသခ်ာမေရာရာ ျဖစ္ေနတုန္းပဲ။
ဒီေန႔မွာေတာ့ သူတို႔အားလံုး ၿမိဳ႕ေပၚတက္ၾကမွာ ျဖစ္တယ္။ ႐ွဳရန္ကေတာ့ အရင္အဝတ္အစားနဲ႔
႐ွိေနေသးတဲ့အခ်ိန္မွာ ကေလးႏွစ္ေယာက္အတြက္ လ်ိဳထံုခ်ဳပ္ေပးထားတဲ့ အဝတ္အစားအသစ္ေတြကေတာ့
အဆင္သင့္ျဖစ္ေနၿပီ ျဖစ္တယ္။ အမွန္တကယ္မွာေတာ့ ႐ွဳရန္က အဝတ္အစားနဲ႔ ပတ္သက္ၿပီး ဂ႐ုမစိုက္ပါဘူး။ သူက ႏွစ္ေတြအမ်ားႀကီးၾကာေအာင္ အ႐ူးတစ္ေယာက္ျဖစ္ခဲ့တာ ျဖစ္တယ္။ သူ႔အဝတ္အစားနဲ႔ ပတ္သက္ၿပီး တစ္ျခားလူေတြက ဘယ္လိုထင္ျမင္ခ်က္ေပးသလဲဆိုတာကို သူဂ႐ုစိုက္ေနရအံုးမွာလား?
အရင္တစ္ႀကိမ္ သူ႐ႈအန္နဲ႔ ၿမိဳ႕ေပၚတက္တုန္းက
သူေစ်းနည္းနည္းပဲ ဝယ္ခဲ့ၿပီးေတာ့ ေစ်းကိုလည္း ေကာင္းေကာင္းေလွ်ာက္မၾကည့္ခဲ့ရဘူး။ ဒီတစ္ႀကိမ္မွာေတာ့ ေျပာင္းေစ့နဲ႔ သစ္သီးအေစ့ႏွစ္မ်ိဳးစလံုး ဝယ္ဖို႔႐ွိသလားဆိုတာကို သူၾကည့္ၾကည့္ခ်င္တယ္။ လာမဲ့ေန႔ေတြမွာ သူလယ္စိုက္ရာမွာ အားအစြမ္းကုန္စိုက္ထုတ္ဖို႔ ရည္ရြယ္ထားတယ္။
ဒီတစ္ႀကိမ္မွာေတာ့ ၿမိဳ႕ထဲမွာ ဝယ္စရာေတြအမ်ားႀကီး ႐ွိေနတယ္။ အဲ့ဒါေၾကာင့္ လ်ိဳထံုက ႐ွဳအန္မိသားစုဆီကေန ႏြားလွည္းကို သြားငွါးလာခဲ့တယ္။
သြားေနတဲ့လမ္းမွာ ႐ွဳရန္ကလ်ိဳထံုကို ေျပာလိုက္တယ္။ "ထံုထံု တစ္ခ်ိန္လံုး ငါတို႔တစ္ျခားလူရဲ႕ႏြားလွည္းကိုပဲ ငွါးေနရတာက ေကာင္းတဲ့အႀကံလို႔ ငါမထင္ဘူး။ အဲ့အစား ငါတို႔ဘာသာငါတို႔ ဘာလို႔ျမည္းတစ္ေကာင္ မဝယ္ၾကတာလဲ? တစ္ေကာင္ကို ဘယ္ေလာက္ေလာက္ ေပးရလဲ?"
လ်ိဳထံုက တံု႔ဆိုင္းတံု႔ဆိုင္းနဲ႔ ျပန္ေျဖလိုက္တယ္။ "ရန္ ငါတို႔မွာ ျမည္းတစ္ေကာင္ဝယ္ဖို႔ ေငြအလံုအေလာက္မ႐ွိဘူး။ ဒါေပမဲ့ အဲ့လိုလုပ္တာက တစ္ျခားသူေတြရဲ႕အာရံုကို လြယ္လြယ္ကူကူနဲ႔ ဆြဲေဆာင္ႏိုင္လိမ့္မယ္။ ငါတို႔ေတြက အခုမွ ေျမကြက္ဝယ္ထားရံုပဲ ႐ွိေသးတယ္။ ဒီေလာက္ျမန္ျမန္ႀကီး ျမည္းတစ္ေကာင္ထပ္ဝယ္လို႔ မေကာင္းဘူး။"
႐ွဳရန္က အဲ့ဒါကမွန္တယ္လို႔ ေတြးလိုက္မိတယ္။ ဒီအခ်ိန္မွာ ႂကြားဝါျပဖို႔က သူတို႔အတြက္ မလိုအပ္ဘူး။
"အဲ့ဒါဆိုရင္လည္း ေနာက္ႏွစ္အထိ ေစာင့္ၾကတာေပါ့။"
"ေကာင္းၿပီ။ စာရြက္နဲ႔ စာေရးစုတ္တံေတြက ေစ်းနည္းနည္းႀကီးရင္ေတာင္မွ တ်န္းတ်န္း ေကာ္ေကာ္နဲ႔ မင္းအတြက္ နည္းနည္းဝယ္ၾကရေအာင္။ ဒါ့အျပင္ ငါတို႔ေတြ ဂြမ္းကပ္ေတြလည္း ဝယ္ရမယ္။ အခုခ်ိန္က ေအးလာၿပီ။"
"ဟုတ္ပါၿပီ။ ကိုယ့္ရဲ႕ထံုထံုေျပာတာကို နားေထာင္မယ္။ မင္းဘာကိုပဲဝယ္ခ်င္ဝယ္ခ်င္ အားလံုးကို ဒီအတိုင္းသာဝယ္လိုက္။ ေငြေတြအားလံုးက မင္းဟာပဲေလ။" ႐ွဳရန္က က်ီစားေနတဲ့ေလသံနဲ႔ ေျပာလိုက္တယ္။
လ်ိဳထံုကသူ႔ကို ညင္သာစြာပုတ္လိုက္တယ္။ "ရန္ တည္တည္ၿငိမ္ၿငိမ္ေနစမ္း။"
႐ွဳရန္က တခစ္ခစ္ရယ္လိုက္တယ္။ "မင္းက ကိုယ့္ခင္ပြန္းေလ။ ကိုယ္မွန္တယ္မလား? ဒါမွမဟုတ္ရင္ မင္းတ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ကို ေမးၾကည့္လိုက္ေလ?"
ကေလးႏွစ္ေယာက္စလံုးက သူတို႔ေတြကို ဘာမွမသိတဲ့ပံုစံေလးနဲ႔ ၾကည့္လာတယ္။ ႏြားလွည္းစီးၿပီး ၿမိဳ႕ကိုသြားတာက သူတို႔အတြက္ ပထမဦးဆံုးအႀကိမ္ျဖစ္တယ္။ သူတို႔ေတြက အရမ္းစိတ္လႈပ္႐ွားေနၿပီးေတာ့ အာရံုစိုက္ေနၾကတာေၾကာင့္ သူတို႔အေဖနဲ႔ေဖေဖ ဘာအေၾကာင္းေျပာေနၾကသလဲဆိုတာကို သူတို႔မၾကားလိုက္မိဘူး။ သူတို႔နာမည္ေတြကို ေခၚသံၾကားမွပဲ သူတို႔လွည့္ၾကည့္လာၾကတာ ျဖစ္တယ္။
"သားတို႔ႏွစ္ေယာက္ကေရာ အဲ့လိုမ်ိဳးေတြးလား?" ႐ွဳရန္က သူတို႔ကို ေမးလိုက္တယ္။
ကေလးႏွစ္ေယာက္စလံုးက သူတို႔ေျပာေနတဲ့အေၾကာင္းနဲ႔ ပတ္သက္ၿပီး အမွန္တကယ္ ဘာမွမသိေပမဲ့ သူတို႔ေတြက တစ္ညီတစ္ညာတည္း ေခါင္းၿငိမ့္လိုက္ၾကတယ္။ သူတို႔ရဲ႕စိတ္ထဲမွာေတာ့ သူတို႔အေဖေျပာသမွ် ဘာပဲျဖစ္ျဖစ္ အကုန္မွန္တယ္။
ၿပီးေတာ့ ဒီျဖစ္ရပ္က ရယ္သံေတြနဲ႔ ဆူညံသြားေစတယ္။ ႏြားလွည္းကို ေမာင္းေနတဲ့လ်ိဳထံုက သူ႔ကိုယ္သူ စိတ္အေႏွာင့္အယွက္ေပးေနတာကို ရပ္လိုက္ၿပီးေတာ့ စတင္ရယ္ေတာ့တယ္။ သူသူ႔ဘာသာသူ ေတြးလိုက္မိတယ္။ 'ဒါကို ရန္ႀကိဳက္ေနသေရ႔ြ ထားလိုက္ပါေတာ့။'
Unicode
အဆုံးမှာတော့ သူတို့မိသားစုတွေက ဒဏ်ရာတွေနဲ့
ပြန်လှည့်သွားကြရတယ်။ ဒီကိစ္စကိုအစပျိုးသူအနေနဲ့ မြေကွက်သုံးဆယ်မြူကို ရှုရန်ပိုင်ဆိုင်နေတုန်းပဲ ဖြစ်တယ်။ အများဆုံးမှာမှ အဲ့ဒါက ခြေထောက်အနည်းငယ်ထပ်ပိုလာပြီး နင်းခြေစော်ကားခံရရုံပါပဲ။
ဒါပေမဲ့ ဒီမတော်တဆမှုဖြစ်ပြီးနောက် ရှုမိသားစုက သူ့ကိုပိုပြီးတော့တောင် မုန်းသွားလောက်မယ်။
သို့သော်လည်း ရှုရန်အတွက်ကတော့ အဲ့ဒါက အရေးကြီးခွင်ကျယ် မဟုတ်ပါဘူး။ သူတို့မိသားစု ခွဲထုတ်တဲ့အချိန်တုန်းက အနာဂတ်မှာ သူတို့သေသေရှင်ရှင် မိသားစုနှစ်စုကြားမှာ ဘာပတ်သက်ဆက်နွယ်မှုမှ မရှိပါဘူးလို့ နှစ်ဖက်စလုံးက သဘောတူထားခဲ့ကြတယ်။ အဲ့အချိန်တုန်းက ရွာလူကြီးလည်းပဲ အဲ့ဒီမှာရှိနေခဲ့တယ်။ သက်သေပြဖို့အတွက် ရှုရန်မှာ အထောက်အထားနည်းနည်းလေးပဲ ရှိတာတစ်ခုပဲ သနားစရာကောင်းတယ်။ အခုထိလည်း သူအဲ့ဒါကို ကြောက်မနေပါဘူး။
တကယ်လို့ သူ့ဖေဖေကသာ သူ့ကိုဒီလိုမျိုး မဆက်ဆံခဲ့ရင် ပြီးတော့ တကယ်လို့ သူ့အဖေကသာ ယုန်လေးတစ်ကောင်အတွက် လျိုထုံနဲ့သူ့ကို မရိုက်နှက်ခဲ့ရင် သူသူတို့တွေကို အရူးကိုယ်စား သေသေချာချာ ဂရုစိုက်စောင့်ရှောက်ပေးဖို့ ရည်ရွယ်ထားမိမှာပဲ။ ဒါပေမဲ့သူတို့တွေ ဒီလိုမျိုးရက်စက်တဲ့အရာတွေကို လုပ်လိုက်ကတည်းက ရှုရန်က သူသူတို့တွေကို အရမ်းကောင်းပြနေစရာ မလိုတော့ဘူးလို့ ခံစားလိုက်ရတယ်။
ဒါ့အပြင် သက်ကြီးဖေဖေရှုကလည်း အရမ်းတုံးလွန်းတယ်။ အခုချိန်ကစပြီး ရွာထဲမှာရှိတဲ့ သူ့ရဲ့ဂုဏ်သတင်းက ပိုပြီးတော့တောင် ဆိုးရွားသွားတော့မယ်။ ရှုရန်အပေါ်ကိုလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုပေမဲ့လည်း အဲ့ဒါကသူ့အတွက် ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး။
ဒီမတော်တဆမှုကြောင့်ပဲ ဝုမိန်ကလည်း တစ်ချက်လာကြည့်တယ်။ ရှုရန်မှာ ဘာပြဿနာမှမဖြစ်ဘူးဆိုတာကို မြင်တော့မှ သူပြန်သွားတော့တယ်။ သူက ဒီရက်တွေအတွင်းမှာ အလုပ်အတော်လေး ရှုပ်နေတယ်။ တကယ်လို့ အဲ့ဒါက လျိုထုံကြောင့်သာ မဟုတ်ဘူးဆိုရင် သူဒီကိုလာပြီး အနှောင့်အယှက်ပေးမိမှာ မဟုတ်ဘူး။ အရေးမပါတဲ့လူရမ်းကားအုပ်စု ရန်ဖြစ်နေကြတာကို ဒီအတိုင်းရပ်ကြည့်နေမှာ ဖြစ်တယ်။
ရှုမိသားစုက ဒါကြောင့်နဲ့ ဆုံးရှုံးမှုတွေ ခံစားလိုက်ရတယ်။ အဲ့ဒါကြောင့် ပြန်သွားပြီးတဲ့နောက်မှာ သူတို့တွေက ရက်အတန်ကြာအောင် ငြိမ်နေနေကြတယ်။ သူတို့တွေကို နှောင့်ယှက်မယ့်သူမရှိတော့တာကြောင့် ရှုရန်ကအဲ့ဒါကို အခွင့်ကောင်းယူပြီး လျိုထုံနဲ့အတူတူ ငရုတ်အနှစ်တွေ လုပ်ကြတော့တယ်။
အရင်တစ်ကြိမ် ဆိုင်ရှင်ချန်ဆီ သူတို့ပို့ပေးခဲ့တဲ့ ငရုတ်အနှစ်တွေက ရောင်းကုန်သွားပြီ ဖြစ်တယ်။ ဒီနေ့အောက်တိုဘာ ၁၀ ရက်နေ့မှာ အရင်တစ်ကြိမ်တုန်းက ကျန်နေတဲ့ငရုတ်အနှစ်တွေ အားလုံးကို ထုပ်ပိုးပြီး မြို့ပေါ်သွားပို့တော့မှာ ဖြစ်တယ်။
သူတို့ငရုတ်အနှစ်တွေ ပိုပြီးမထုတ်လုပ်ခင် အချိန်အထိ သူတို့ ဒီနည်းလမ်းအတိုင်း ဆက်သွားနိုင်ပါ့မလားဆိုတာကို မသေချာမရောရာ ဖြစ်နေတုန်းပဲ။
ဒီနေ့မှာတော့ သူတို့အားလုံး မြို့ပေါ်တက်ကြမှာ ဖြစ်တယ်။ ရှုရန်ကတော့ အရင်အဝတ်အစားနဲ့
ရှိနေသေးတဲ့အချိန်မှာ ကလေးနှစ်ယောက်အတွက် လျိုထုံချုပ်ပေးထားတဲ့ အဝတ်အစားအသစ်တွေကတော့
အဆင်သင့်ဖြစ်နေပြီ ဖြစ်တယ်။ အမှန်တကယ်မှာတော့ ရှုရန်က အဝတ်အစားနဲ့ ပတ်သက်ပြီး ဂရုမစိုက်ပါဘူး။ သူက နှစ်တွေအများကြီးကြာအောင် အရူးတစ်ယောက်ဖြစ်ခဲ့တာ ဖြစ်တယ်။ သူ့အဝတ်အစားနဲ့ ပတ်သက်ပြီး တစ်ခြားလူတွေက ဘယ်လိုထင်မြင်ချက်ပေးသလဲဆိုတာကို သူဂရုစိုက်နေရအုံးမှာလား?
အရင်တစ်ကြိမ် သူရှုအန်နဲ့ မြို့ပေါ်တက်တုန်းက
သူဈေးနည်းနည်းပဲ ဝယ်ခဲ့ပြီးတော့ ဈေးကိုလည်း ကောင်းကောင်းလျှောက်မကြည့်ခဲ့ရဘူး။ ဒီတစ်ကြိမ်မှာတော့ ပြောင်းစေ့နဲ့ သစ်သီးအစေ့နှစ်မျိုးစလုံး ဝယ်ဖို့ရှိသလားဆိုတာကို သူကြည့်ကြည့်ချင်တယ်။ လာမဲ့နေ့တွေမှာ သူလယ်စိုက်ရာမှာ အားအစွမ်းကုန်စိုက်ထုတ်ဖို့ ရည်ရွယ်ထားတယ်။
ဒီတစ်ကြိမ်မှာတော့ မြို့ထဲမှာ ဝယ်စရာတွေအများကြီး ရှိနေတယ်။ အဲ့ဒါကြောင့် လျိုထုံက ရှုအန်မိသားစုဆီကနေ နွားလှည်းကို သွားငှါးလာခဲ့တယ်။
သွားနေတဲ့လမ်းမှာ ရှုရန်ကလျိုထုံကို ပြောလိုက်တယ်။ "ထုံထုံ တစ်ချိန်လုံး ငါတို့တစ်ခြားလူရဲ့နွားလှည်းကိုပဲ ငှါးနေရတာက ကောင်းတဲ့အကြံလို့ ငါမထင်ဘူး။ အဲ့အစား ငါတို့ဘာသာငါတို့ ဘာလို့မြည်းတစ်ကောင် မဝယ်ကြတာလဲ? တစ်ကောင်ကို ဘယ်လောက်လောက် ပေးရလဲ?"
လျိုထုံက တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ပြန်ဖြေလိုက်တယ်။ "ရန် ငါတို့မှာ မြည်းတစ်ကောင်ဝယ်ဖို့ ငွေအလုံအလောက်မရှိဘူး။ ဒါပေမဲ့ အဲ့လိုလုပ်တာက တစ်ခြားသူတွေရဲ့အာရုံကို လွယ်လွယ်ကူကူနဲ့ ဆွဲဆောင်နိုင်လိမ့်မယ်။ ငါတို့တွေက အခုမှ မြေကွက်ဝယ်ထားရုံပဲ ရှိသေးတယ်။ ဒီလောက်မြန်မြန်ကြီး မြည်းတစ်ကောင်ထပ်ဝယ်လို့ မကောင်းဘူး။"
ရှုရန်က အဲ့ဒါကမှန်တယ်လို့ တွေးလိုက်မိတယ်။ ဒီအချိန်မှာ ကြွားဝါပြဖို့က သူတို့အတွက် မလိုအပ်ဘူး။
"အဲ့ဒါဆိုရင်လည်း နောက်နှစ်အထိ စောင့်ကြတာပေါ့။"
"ကောင်းပြီ။ စာရွက်နဲ့ စာရေးစုတ်တံတွေက ဈေးနည်းနည်းကြီးရင်တောင်မှ တျန်းတျန်း ကော်ကော်နဲ့ မင်းအတွက် နည်းနည်းဝယ်ကြရအောင်။ ဒါ့အပြင် ငါတို့တွေ ဂွမ်းကပ်တွေလည်း ဝယ်ရမယ်။ အခုချိန်က အေးလာပြီ။"
"ဟုတ်ပါပြီ။ ကိုယ့်ရဲ့ထုံထုံပြောတာကို နားထောင်မယ်။ မင်းဘာကိုပဲဝယ်ချင်ဝယ်ချင် အားလုံးကို ဒီအတိုင်းသာဝယ်လိုက်။ ငွေတွေအားလုံးက မင်းဟာပဲလေ။" ရှုရန်က ကျီစားနေတဲ့လေသံနဲ့ ပြောလိုက်တယ်။
လျိုထုံကသူ့ကို ညင်သာစွာပုတ်လိုက်တယ်။ "ရန် တည်တည်ငြိမ်ငြိမ်နေစမ်း။"
ရှုရန်က တခစ်ခစ်ရယ်လိုက်တယ်။ "မင်းက ကိုယ့်ခင်ပွန်းလေ။ ကိုယ်မှန်တယ်မလား? ဒါမှမဟုတ်ရင် မင်းတျန်းတျန်းနဲ့ကော်ကော်တို့ကို မေးကြည့်လိုက်လေ?"
ကလေးနှစ်ယောက်စလုံးက သူတို့တွေကို ဘာမှမသိတဲ့ပုံစံလေးနဲ့ ကြည့်လာတယ်။ နွားလှည်းစီးပြီး မြို့ကိုသွားတာက သူတို့အတွက် ပထမဦးဆုံးအကြိမ်ဖြစ်တယ်။ သူတို့တွေက အရမ်းစိတ်လှုပ်ရှားနေပြီးတော့ အာရုံစိုက်နေကြတာကြောင့် သူတို့အဖေနဲ့ဖေဖေ ဘာအကြောင်းပြောနေကြသလဲဆိုတာကို သူတို့မကြားလိုက်မိဘူး။ သူတို့နာမည်တွေကို ခေါ်သံကြားမှပဲ သူတို့လှည့်ကြည့်လာကြတာ ဖြစ်တယ်။
"သားတို့နှစ်ယောက်ကရော အဲ့လိုမျိုးတွေးလား?" ရှုရန်က သူတို့ကို မေးလိုက်တယ်။
ကလေးနှစ်ယောက်စလုံးက သူတို့ပြောနေတဲ့အကြောင်းနဲ့ ပတ်သက်ပြီး အမှန်တကယ် ဘာမှမသိပေမဲ့ သူတို့တွေက တစ်ညီတစ်ညာတည်း ခေါင်းငြိမ့်လိုက်ကြတယ်။ သူတို့ရဲ့စိတ်ထဲမှာတော့ သူတို့အဖေပြောသမျှ ဘာပဲဖြစ်ဖြစ် အကုန်မှန်တယ်။
ပြီးတော့ ဒီဖြစ်ရပ်က ရယ်သံတွေနဲ့ ဆူညံသွားစေတယ်။ နွားလှည်းကို မောင်းနေတဲ့လျိုထုံက သူ့ကိုယ်သူ စိတ်အနှောင့်အယှက်ပေးနေတာကို ရပ်လိုက်ပြီးတော့ စတင်ရယ်တော့တယ်။ သူသူ့ဘာသာသူ တွေးလိုက်မိတယ်။ 'ဒါကို ရန်ကြိုက်နေသရေ့ွ ထားလိုက်ပါတော့။'