"အချစ်ကို ဝန်ခံလိုက်တာက ဘာအသုံးဝင်လို့လဲ?"
သူမ အဖွဲ့မှူးနင် ဆီ ဖုန်းခေါ်
လိုက်တဲ့ အချိန်မှာ အဖွဲ့မှူးနင်
တစ်ယောက် ၉၁၁(အရေးပေါ်
နံပါတ်) ဆီကို တောင် ဆက်သွယ်
လုနီးပါး ဖြစ်သွားခဲ့တယ်။
ထန်းရှောင်:
“အဟားဟားဟားဟား,
ရှင် ကျွန်မကို လစာမပေးတာ
တော်တော် ကြာနေပြီနော်။
ကုမ္ပဏီက ဒေဝါလီ ခံရတော့မှာ
လား?! အဟားဟားဟားဟား”
အဖွဲ့မှူးနင်: “မင်း ဆရာဝန် ဆီ
သွားပြဖို့ ငွေလိုနေတာလား?”
ထန်းရှောင်:
“အဟားဟားဟားဟား, ကျွန်မရဲ့ ခန္ဓာကိုယ် က အကောင်းမွန်ဆုံး
အခြေအနေမှာ ရှိနေတာကို ရှင် ဘယ်လိုများ ပြောလိုက်တာလဲ! အဟားဟားဟား! မြန်မြန်လေး,
ရှင်ရဲ့ ဘဏ္ဍာရေးဌာန ကို ပြော
လိုက်။ ကျွန်မရဲ့လစာကို ပေးဖို့!
ကျွန်မ အရမ်းကို မွဲတေနေလို့
သေတော့မလို ဖြစ်နေပြီ။ ကျွန်မ
မှာ နေထိုင် စားသောက်ဖို့ ပိုက်ဆံ
တောင် မရှိတာ့ဘူး။
အခု ကျွန်မ ဗိုက်ဆာလွန်းလို့ သိပ်မကြာခင်မှာ ခွေးသားဟော့ပေါ့
လုပ်စားမိတော့မယ်”
အဖွဲ့မှူးနင်: “ငါက မင်းရဲ့ခန္ဓာကိုယ်
ကို စိတ်ပူနေတာ မဟုတ်ဘူး။
မင်းရဲ့ စိတ်ကျန်းမာရေး ကို
ပူနေတာ။ ငါ မင်းအတွက်
ဆရာဝန် တစ်ယောက်လောက်
ရှာပေး ရမလား?”
ထန်းရှောင် ဂွပ်ခနဲ ဖုန်းချပစ်
လိုက်တယ်။
ပါးစပ်ပါတိုင်း ပြစ်မှားလို့
ရတယ်လို့ ဘယ်ဖအေ က
သင်ပေးထားလို့လဲ လဒရဲ့။
သူမရဲ့ စိတ်အခြေအနေ က
ဒေါင်ဒေါင် မြည်အောင်
အကောင်းကြီးကို။
အဟားဟားဟားဟား!!!!
အဖွဲ့မှူးနင်ကို ဖုန်းဆက်ပြီးတာ
နဲ့ ရှောင်လင် ဆီ ဖုန်းခေါ်လိုက်
တယ်။
ရှောင်လင်: “အဖွဲ့မှူးနင် က ပြော
တယ်။ နင့်ရဲ့ စိတ်အခြေအနေ က
ပုံမှန် မဟုတ်ဘူးဆို။ နင့်အတွက်
စိတ်ရောဂါပညာရှင် တစ်ယောက်
လောက် ရှာပေးဖို့ အကူအညီ
လိုလား?”
ထန်းရှောင်:
“အဟားဟားဟားဟား….”
သူမ ထပ်ပြီး ဖုန်းချပစ်လိုက်တယ်။ သူမရဲ့ဘလက်ထောက်နဲ့ သူဌေး က
ငါးမျှားချိတ် နဲ့ ချိတ်ကောက် လို
တော်တော် လိုက်ဖက်ကြတာပဲ။
ထန်းရှောင် အခုချက်ချင်းတောင်
ဝတ္တုတစ်ပုဒ်လောက် ကောက်
ရေး လိုက်ချင်တယ်။
မာနကြီးပြီး မောက်မာတဲ့
အထက်လူကြီး နဲ့ ချိုသာပြီး
နူးညံ့တဲ့ လက်ထောက်မလေး။
ဒါမှမဟုတ် အေးတိအေးစက် နဲ့
နှိပ်စက်တတ်တဲ့ သူဌေးနဲ့
ချိုသာတဲ့ လက်ထောက်မလေး။
ဘာပဲဖြစ်ဖြစ် အကုန် သောက်မြင်
ကတ်စရာတွေ ချည်းပဲ!
ဒါပေမဲ့လည်း ထန်းရှောင်
ရှောင်လင် ဆီကို စာပို့နေလိုက်
တယ်။
မူချောင် training လုပ် တဲ့
နေရာလိပ်စာ ကို အခု ချက်ချင်း
ရှာပို့လိုက်ဖို့ရယ်။ သူမ လည်း
အဲ့နေရာ မှာ training လုပ်ချင်
တယ် ဆိုတာရယ်။
ရှောင်လင် က လျင်မြန်စွာ နဲ့
ဒေါသပုန်ထနေတဲ့ emoji တစ်ခု
ကို ပြန်ပို့လာတယ်။
ထန်းရှောင်ရဲ့ စိတ်အခြေအနေ က
နောက်ထပ် တစ်ကြိမ် သာယာ
ကြည်နူးလှပခြင်း အဖြစ် ကို
ရောက်ရှိသွားတော့တယ်။
စုမူကျိ ကို သန့်ရှင်းရေး လုပ်ပေး
ပြီးတာနဲ့ သူမလည်း ရေချိုးပစ်
လိုက်တယ်။ သူမ လိုင်းပေါ်တက်
ပြီး ဂိမ်းထဲ ဝင်လိုက်တဲ့ အချိန်မှာ
တော့ ညတောင် ရောက်နေပြီး
စုမူကျိပါ online ဖြစ်နေတာ ကို
တွေ့လိုက် ရတာနဲ့ ထန်းရှောင်
ချက်ချင်းပဲ တယ်လီပို့တ်skill
သုံးပြီး သူ့ဘေးနားကို အရောက်
သွားလိုက်တယ်။
[လက်ရှိ] ထန်းရှီ: “အဟားဟားဟားဟား~
ဇနီးလေး~~~မင်းပျော်နေလား~”
[လက်ရှိ] စုမူကျိ: “ပျော်တယ်”
[လက်ရှိ] ထန်းရှီ: “အဟားဟားဟားဟား,
ကိုယ်လည်း ပျော်တယ်”
ထို့နောက်မှာတော့ ပျော်ရွှင်နေတဲ့
စုမူကျိဟာ ပျော်ရွှင်နေတဲ့
ထန်းရှီလေးကို ပျော်ပျော်ကြီး
သတ်လိုက်လေတယ်။
[လက်ရှိ] ထန်းရှီ:“ဖာခ့်***!
ဇနီးလေး! မင်းပဲ စောနကတင်
ပျော်တယ်လို့ မပြောလိုက်
ဘူးလား? မင်း ပျော်ရင် ဘာလို့
ကိုယ့်ကို သေအောင် ရိုက်တာလဲ?
ဒါက အိမ်တွင်း အကြမ်းဖက်မှုနော်!
အိမ်တွင်း အကြမ်းဖက်မှု ဆိုတာ
ဘာလဲ မင်း သိလား?!”
[လက်ရှိ] စုမူကျိ: “မင်း မပေါ်လာ
ခင်တုန်းထိ ငါ ပျော်နေသေးတယ်။
ဒါပေမဲ့ မင်း အခု ရောက်လာပြီး
ငါ့ကို ပြီတီတီလုပ်နေတာကို က
မင်္သကာစရာ ကောင်းပြီး အချိုး
မပြေလို့”
[လက်ရှိ] ထန်းရှီ: "....."
သူမကို ရိုက်သတ်ဖ်ို့ညအတွက်
စုမူကျိ ဆီမှာ အကြောင်းပြချက်
မျိုးစုံ ရှိနေတတ်တာကို ထန်းရှောင်
တော်တော် အံ့သြမိတယ်။
တစ်ခါတစ်လေ လေး ငါ စိတ်
ကောင်း ဝင်နေတာကို မင်း က
လက်သင့် မခံနိုင်ဘူးလား!
စုမူကျိရဲ့ ဒီနေ့ နှိပ်စက်ပုံကြီး က တော်တော်လေးကို အညှာအတာ
ကင်းမဲ့ပြီး ရက်စက်လွန်းတယ်။
သူက သူမကို နေရာပေါင်းစုံမချန်
ချစ်မြတ်နိုးပြီး လုံးဝအလွတ်
မပေးပေ။ သူ့ရဲ့ ချစ်မြတ်နိုး
စွဲလမ်းမှုကြီးကြောင့် ဘေးကနေ
ဖျာခင်းပြီး ပွဲကြည့်နေကြ တဲ့ နတ်ပြည်က ဘိုးအေကြီးနဲ့
မြေအိုးထဲက ရွှေတုံးလေး တို့
နှစ်ယောက်မှာ ပါးစပ်အဟောင်း
သားနဲ့ မေးရိုး ပြုတ်ထွက်လု
မတတ်ပင်။
အိမ်တွင်း အကြမ်းဖက်မှု ကို
မြင်ရသလောက် ကတော့
ထန်းရှီဘက် ကနေ အားကြိုး
မာန်တက် နဲ့ ခုခံနေသလောက် သေလောက်အောင် လည်း
အကြိတ်ခံ နေရတယ်ဆိုတာပဲ။
ထန်းရှောင် က ချစ်ဇနီး
အိမ်သူသက်ထားရဲ့ အရိုက်အနှိက်
ကို ခံလာရတဲ့ သက်တမ်း က
တော်တော်ရင့်နေပြီမို့ လက်ရှိမှာ
သူမရဲ့ ခုခံကာကွယ်မှုတွေညက အချည်းနှီးသာ ဖြစ်ပြီး လုံးဝ
အသုံးမဝင်ဘူး ဆိုတာကို သိနေ
တာကြောင့် အချိန်ကြာလာတာ နဲ့ သူမလည်း ထိုနှိပ်စက်မှုကြီး ကို
ပျော်ပျော်ကြီး ခံစားလိုက်ဖို့သာ
ဆုံးဖြတ်လိုက် တော့တယ်။
သူမက မြေကြီးပေါ်မှာ ဂန္ဓာမာပန်း
ပွင့်လေးတွေ ခြံရံပြီး လဲလျောင်းနေ
လျက် နတ်ပြည်ကဘိုးအေကြီး နဲ့
ရွှေတုံးလေးတို့ နဲ့ အတူ စကားစ
ပြောလိုက်တယ်။
[လက်ရှိ] ထန်းရှီ:
“ငါ မင်းတို့ကို ပြောစရာရှိတယ်! ဒီနေ့လည်တုန်း ကလေ
ငါ့ရဲ့အိုင်ဒေါကြီးက ငါ့ဖုန်းနံပါတ်
ကို တောင်းသွားတာ!!! အို့,,,,အရှင်ဘုရားနဲ့ နတ်ကောင်း
နတ်မြတ်တွေ မစတော်မူပါ!
မင်းတို့ ပြောကြည့်, ငါ သူ့ဆီကို စာပို့လိုက် သင့်လား။
မနက်ဖြန် နေ့လည်လောက်
သူ့ခွေးနဲ့ ငါ့ခွေးနဲ့ အတူတူဆော့
ဖို့ တွေ့ကြရအောင် ဆိုပြီးတော့?”
[လက်ရှိ]မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်က မင်းရဲ့ဘိုးအေကြီး: “ဒါလည်း အဆင်ပြေတာပဲ။
ပို့လိုက်!”
[လက်ရှိ] ထန်းရှီ: “ဥပမာအနေနဲ့ ပထမနည်းလမ်းက ချစ်စရာ
ကောင်းအောင် ဟန်ဆောင်မယ်။
ငါ သူ့ကို ပြောလိုက်မယ်,
အိုက်ယို့, အိုင်ဒေါကြီး
ရှင် အချိန်လေးများ အားရင်
ကျွန်မနဲ့ အတူ ခွေးစာလိုက်
ကြည့်ပေးနိုင်မလား?
ဒုတိယနည်းလမ်း က
ရှင် မနေ့က ကျွန်မနဲ့ အသားချင်း
ထိပြီး ဖက်လိုက်မိတယ်။ ဒါကြောင့်
ကျွန်မ ရှင့်ကို တာဝန်ယူမယ်, ဒါမှမဟုတ် ရှင် ကျွန်မ ကို
တာဝန်ယူပေး ဆိုပြီးတော့”
[လက်ရှိ] စုမူကျိ: “…..”
[လက်ရှိ]မြေအိုးထဲကရွှေတုံးလေး: “မင်း သူ့ကို ချစ်ရင် မင်းသူ့ကို
ထိကို ထိရမယ်။ မင်းသူ့ကို
သဘောကျရင် သူ့ကို ဒီအတိုင်းသာ
မုဒိမ်း ကျင့်ပလိုက်။ အချစ်ကို
ဝန်ခံတာက ဘာအသုံးဝင်လို့လဲ။ သေချာပေါက် တန်းငြင်းခံ ရမှာပဲ။
မင်း သူ့ကို အရမဖမ်းနိုင်ရင်
ဒီအတိုင်း ပြန်ပေးဆွဲပလိုက်။
မင်းသူ့ကို ပြန်ပေးဆွဲပြီးမှ ကိုယ်ထိလက်ရောက် ကျူးလွန်
တာကို ဟိုက လက်မခံရင် ဆေးခတ်ပြီးသာ လုပ်ကြံလိုက်။
သူက အဲတာကိုမှ လက်မခံသေးရင်
အောက်ဖဲလှန်တဲ့ အနေနဲ့
သူ့ရဲ့ ကိုယ်လုံးတီး ပုံတွေကို
လိုင်းပေါ် တင်ပလိုက်။ အဆိုးရွားဆုံးတွေ က အဆိုးရွား
ဆုံးတွေပဲ ဖြစ်လာမှာ။ မသကာ
မင်း ထောင်ထဲဝင်ပြီး အချိန်
ခဏလောက် ဖြုန်းလိုက်ရုံပဲ။
မင်း သူ့အတွက်နဲ့ ထောင်ထဲ
တောင် မဝင်နိုင်မှတော့ သူ့ ကို
ချစ်တယ်လို့ မပြောနဲ့တော့!”
(ကိုယ်ကျိုးတွေလည်းနည်းပါပြီ
မူချောင်ရေ ...hhhhhha)
[လက်ရှိ] စုမူကျိ: “…..”
ထိုအချိန်မှာတော့ ကွန်ပျူတာရှေ့
မှာ ထိုင်နေတဲ့ မူချောင် တစ်ယောက် သူ့တစ်ကိုယ်လုံး က သွေးတွေက
မီးတောင် ချော်ရည်တွေ အလား
ပွက်ပွက်ဆူနေပြီး အပြင်ကို
အခိုးငွေ့တွေတောင် ပျံထွက်လု
နီးပါး ဖြစ်နေတယ်။
သူ ခန့်မှန်းတာ မမှားဘူး ဆိုရင် ထန်းရှောင် ပြောနေတဲ့လူက သေချာပေါက် သူ့အကြောင်းပဲ!
မူချောင် သူ့လက်ကို လုံးဝ
အနားမပေးဘဲ ရွှေတုံးလေးကို
အကြိမ်ပေါင်း များစွာ တရစပ် ရိုက်သတ်ပစ်လိုက်တယ်။
ရွှေတုံးလေး နဲ့ ထန်းရှောင်တို့
နှစ်ယောက်သား ကတော့ တောင်စဉ်ရေမရ စကားတွေကို ပျော်ရွှင်စွာ နဲ့ လေကန်နေကြပြီး သေခြင်းတရား ကတောင်မှ
သူတို့ရဲ့ စကားအမျှင်တန်း ကို
ရပ်တန့် သွားအောင် မစွမ်းဆောင်
နိုင်ပေ။
[လက်ရှိ]မြေအိုးထဲကရွှေတုံးလေး: “ဟမ်? ငါ သေသွားတာလား?
အို့, ဒါလည်း ကောင်းတာပဲ။
ငါတို့ စကား အေးအေးဆေးဆေး
ပြောလို့ ရပြီ။ လာ,လာ,လာ
ငါ မင်းကို ပြောပြမယ်။ ဒီလို
အရာတွေနဲ့ ပတ်သက်ရင် ငါပြောတဲ့
အတိုင်းသာ နားထောင်”
[လက်ရှိ] ထန်းရှီ: “မင်းမှာ အတွေ့အကြုံ ရှိတယ်ပေါ့”
ထို့နောက်မှာတော့ ရွှေတုံးလေး
ဆီက စကားပြန် မလာတော့ပေ။
ထန်းရှောင် နဲ့ နတ်ပြည်ကဘိုးအေ
ကြီးတ်ို့ရဲ့ အတင်းတုပ်ပြီး စပ်စုချင်
တဲ့ နှလုံးသားတွေ ကတော့
မီးတောက်ကြီးတွေ လို ဟုန်းဟုန်း
တောက်ပြီး လောင်ကျွမ်းနေကြ
တယ်။
နတ်ပြည်ကဘိုးအေကြီး က
သူ့ကိုပါ သတ်ပေးဖို့ စုမူကျိကို
တောင်းဆိုလိုက် လေတယ်။
လူသုံးယောက် ကတော့
မြေကြီးပေါ်မှာ ကြုံရာကြုံပန်း
ပက်လက်လှန် နေကြပြီး စကားဝိုင်း
ထောင်နေကြတယ်။
[လက်ရှိ]မြေအိုးထဲကရွှေတုံးလေး: “ဒါက အရေးကြီးတဲ့ အပိုင်း
မဟုတ်သေးဘူးနော်။
အရေးကြီးတာ က ထန်းရှီပဲ!
မင်း ငါပြောတာကို သေချာပေါက်
နားထောင်ရမယ်! ဝန်ခံတယ် ဆိုတဲ့ အရာမျိုးက မင်းရဲ့ အပြင်ပန်း
ရုပ်ရည် သွင်ပြင်ကိုပဲ မူတည်တာ။ မင်းသာ လှပနေရင်တော့ ဝန်ခံတာ
မျိုးက မလိုအပ်တော့ဘူး။
တစ်ဖက် က အလိုလို နေရင်း
မင်း နောက် ပါလာလိမ့်မယ်။အေး…မင်းသာ ဘဲရုပ်ဆိုး ဖြစ်နေရင်တော့ သူ့ကို ဆေးခတ်ပြီး
လုပ်ကြံလိုက် တဲ့ ကိစ္စပေါ် မှာပဲ
မူတည်တော့မှာ”
[လက်ရှိ]မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: “ထန်းရှီလေး, ငါ မင်းကို အပြင်မှာ
တစ်ခါမှ မတွေ့ဖူးပေမဲ့ ငါ ခံစားရ
သလောက်က တော့ မူချောင် က
မင်းကို သောက်ဖက်တောင်
လုပ်မှာ မဟုတ်ဘူး ဆိုတာပဲ။
ဒီတော့ မင်းလုပ်ရမှာ က ဘာလဲ..
သူ့ကို ဆေးခတ်လိုက်!”
[လက်ရှိ] စုမူကျိ: “…..”
[လက်ရှိ] ခွဲခွာခြင်းတေးသံ:“ဖာခ့်! မင်းတို့ ကောင်တွေ ဘာလုပ်နေကြ
တာလဲ! သူ့ကို ဆေးခတ်မယ်?!”
နတ်ပြည်ကဘိုးအေကြီးရဲ့
စကားက စုမူကျိနဲ့ ထန်းရှီတို့ကို တင်
ထိတ်လန့် သွားစေတာ မဟုတ်ပေ။ ဘေးနား ကနေ ဖြတ်သွားတဲ့ ခွဲခွာခြင်းတေးသံ ပါ ထိုစာကြောင်း
ကို မြင်ပြီး ရှော့ခ်ရသွားလေတယ်။
ရွှေတုံးလေးရဲ့ အကြံပေးချက်တွေ
ကို ကြားပြီး ထန်းရှောင် ရဲ့ နှလုံးသားလေး က အနည်းငယ်
တော့ လှိုင်းဂယက်တွေ ထသွား
ခဲ့တယ်။ ရုပ်တည်ကြီးနဲ့ ဗရုတ်
သုတ်ခတွေ ပြောတဲ့ နေရာမှာတော့
သူမ နဲ့ ရွှေတုံးလေး က တကယ့်
ကို လယ်ဗင်တူပဲ။ ရွှေတုံးလေး ရဲ့
အကြံပြုချက် အရ အဲဒါက နည်းနည်းတော့ နားဝင်ဆိုးပြီး အောက်တန်းကျတယ် ဆိုပေမဲ့
စဉ်းစား ကြည့်လိုက်ရင် တော့ သင့်လျော်တယ်။
တခြား ပါဝင် ပတ်သက်သူ
တစ်ယောက်ဖြစ်တဲ့ စုမူကျိ က
တော့ ဒီကိစ္စက လုံးဝကို
ဘောင်ကျော် ကမ်းကျော်
သမုဒ္ဒါကြီး နဲ့ မိုးကုတ်စက်ဝိုင်းကြီး
ကို တောင် ကျော်လွန်သွားပြီလို့ ခံစားနေရတယ်။
ဒါပေမဲ့လည်း သူတို့နဲ့ ယှဉ်ရင်တော့ သူက တည်ငြိမ်တဲ့အသွင်ကို
ဆောင်ထားတယ်။
အကြိမ် အနည်းငယ် လောက်
သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ က အကျည်းတန်စွာ နဲ့ အပေါ် ကို
တွန့်ကွေး သွားပြီး သူ့သွေးကြော
ထဲက ဆဲလ်တွေ အကုန်လုံး
တိုင်ဖွန်းမုန်တိုင်း ဝင်သလိုမျိုး ဝုန်းဒဲကြဲပြီး ခုန်ပေါက်နေရုံ
လောက်ပဲ။
တစ်ဖက်မှာတော့ ခွဲခွာခြင်းတေးသံ
ရဲ့ စိတ်ခံစားချက်က တစ်မူ ကွဲပြား
နေခဲ့တယ်။ သူက အခုချက်ချင်း
ကို အတင်းအဖျင်း မဂ္ဂဇင်းတိုက်
တစ်ခုကို ဖုန်းခေါ်ပြီး သတင်းပေး
လိုက်ချင်စိတ် ကို မတရားဖိနှိပ်
နေရတယ်။
သေချာပေါက် ဒီသတင်းက
လုံးဝကို ပေါက်သွားမှာပဲ။
ဒီဟာ သာ ပေါက်ကြားသွားရင် ထန်းရှောင် ရဲ့ နံမည်ကတော့
ကမာ္ဘကြီး မပြောနဲ့ စကြာဝဌာကြီး
တစ်ခုလုံး အထိတောင် ဖုံးလွှမ်းပြီး ကျော်ကြား သွားတော့မှာ။
မနက်ဖြန်ရဲ့ ထိပ်ဆုံး သတင်း
ခေါင်းစည်းပိုင်း က ဒီလိုဖြစ်လိမ့်
မယ်။
အမျိုးသမီး သရုပ်ဆောင်တစ်ဦး
မှ နံမည်ကြီး အနုပညာရှင်မူချောင်
အား ဖွင့်ဟဝန်ခံခြင်း ကျရှုံး,
ထို့ကြောင့် သူမမှ သူ့ အား
ဆေးခတ်ပြီးလုပ်ကြံ။
ထိုစဉ် ဖြတ်ခနဲ ဆိုသလို ရှကျိယန်
ရဲ့ အတွေးအာရုံထဲ မြင်ကွင်းတစ်ခု
က ပေါ်လာတယ်။
ထန်းရှောင်က လူယုတ်မာမျက်နှာ
ကြီးနဲ့ မကောင်းဆိုးဝါး ဆန်စွာ
ပြုံးလိုက်ပြီး မူချောင်ကို အိပ်ယာ
ပေါ် တွန်းလှဲ ပစ်လိုက်တဲ့
မြင်ကွင်းမျိုး။
လခွမ်း$#%&@*!
ငါ ဘာတွေ လျှောက်တွေးနေတာ
လဲ!!
[လက်ရှိ] ခွဲခွာခြင်းတေးသံ: “ဘယ်လိုတောင် မဖွယ်မရာ
စကားတွေ ပြောနေကြတာလဲ!
မင်းတို့တွေ မဟုတ်တမ်း တရား
တွေ ပြောချင်ရင် private chat
နဲ့ ပြောကြပါလား?!”
သိသိသာသာကြီး ကို
လူသုံးယောက် ကတော့ သူ့ရဲ့
စကားတွေ ကို လစ်လျူရူထား
ကြလေတယ်။
[လက်ရှိ] ထန်းရှီ: “ငါထင်တာတော့ ဆေးခတ်တာမျိုး က မင်း သာ
ဆေးညွှန်းအတိုင်း ကောင်းကောင်း
မွန်မွန် လက်ဆ မချိန်နိုင်ရင် မတော်
တဆ တစ်ဖက်လူ ကို သတ်မိသွား
နိုင်တယ်။ ဒီတော့ တခြားနည်းလမ်း
ကို ပြောင်းလိုက်ကြစို့!”
[လက်ရှိ]
စုမူကျိ & ခွဲခွာခြင်းတေးသံ: “…..”
[လက်ရှိ]မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး:
“ဒါဆို မင်း ဂုန်နီအိတ် တစ်အိတ်
လောက် ရှာလိုက်ရင်ရော။ ပြီးရင်
အုတ်ခဲတစ်ခဲ ပါ ယူသွားလိုက်။ လူတွေ့တာ နဲ့ တစ်ချက်တည်းနဲ့
ထုပစ်လိုက်။ မရသေးရင် နှစ်ချက်
သုံးချက်လောက် ထုထည့်လိုက်။
ပြီးရင် သတိလစ်သွား လိမ့်မယ်။
ဒါဆို ရပြီ”
[လက်ရှိ]မြေအိုးထဲကရွှေတုံးလေး: “မဖြစ်နိုင်တာကွာ, အဲ့နည်းလမ်း
သာသုံးရင် သွေးထွက် သံယိုတွေ
ဖြစ်ကုန်မှာပေါ့။ အဲ့အချိန်ကျ ရင်
မင်း သူ့ကို အိပ်ယာထဲ ပို့မလား ဆေးရုံသာ ပို့မလားဘဲ?”
[လက်ရှိ] ထန်းရှီ: “ဟုတ်တယ်။ သွေးမြေ ကျရင် ပျော်စရာကောင်း
မှာ မဟုတ်ဘူး”
[လက်ရှိ]
စုမူကျိ & ခွဲခွာခြင်းတေးသံ: “…..”
စကားဝိုင်း က ပိုပိုပြီး နက်ရှိုင်း
ကျယ်ပြန့်လာကာ တဖြည်းဖြည်းနဲ့
ကြက်သီးထဖွယ် ကောင်းပြီး ကြောက်စရာကောင်းလာတော့
တယ်။
စုမူကျိနဲ့ ခွဲခွာခြင်းတေးသံ တို့
နှစ်ယောက်သား ကတော့ သူတို့ရဲ့
Limitတွေ ကို ကျော်လွန်ပြီး
အမှောင်ထု စွမ်းအားကြီးကြီး က
သူတို့နှစ်ယောက် ကို ဖမ်းစားမြိုချ
သွားကာ အဆုံးအစ မရှိတဲ့
လဟာပြင် တွင်းနက်ကြီး ထဲကို
ဆွဲချသွား သလိုမျိုး ခံစားနေရ
လေတယ်။
မကြားဝံ့မနာသာ စကားဝိုင်းက
ရိုလာကိုစတာ စီးသလိုမျိုး
အမြင့်ဆုံး ထိပ်နေရာကို ရောက်ရှိ
သွားတဲ့ အချိန်မှာတော့ မူချောင် ချက်ချင်းပဲ သူ့ဖုန်းကို ယူလိုက်ပြီး ထန်းရှောင် ကို ခေါ်လိုက်တော့
တယ်။
[လက်ရှိ] ထန်းရှီ:
“အား!!!!!!…ဖာခ့်***!
ငါ့ အိုင်ဒေါ က ငါ့ဆီ ဖုန်းခေါ်
နေတယ်!!!”
[လက်ရှိ] မြေအိုးထဲကရွှေတုံးလေး: “ညလယ်ခေါင်ကြီး မှာ ဖုန်းခေါ်
တယ်။ ဒါက မင်းဆီ က အကြွေး
တောင်းဖို့ မဟုတ်ရင် မုန့်မုန့်စားချင်
တဲ့ အရိပ်အယောင်ကို ပြနေတာပဲ!”
[လက်ရှိ] ထန်းရှီ:
“ငါ့မှာ ဘာအကြွေးမှ မရှိဘူး!”
[လက်ရှိ] မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်က မင်းရဲ့ဘိုးအေကြီး:
“ဒါဆို နောက်က တစ်ခုပဲ ဖြစ်လိမ့်
မယ်! မြန်မြန် ကိုင်လိုက်!”
[လက်ရှိ]
စုမူကျိ & ခွဲခွာခြင်းတေးသံ: “…..”
မူချောင် ဖုန်းကို ကိုင်ထားရင်းနဲ့ တုံ့ဆိုင်းသွားတယ်။
သူ့ရဲ့စိတ်ထဲ မှာတော့ လူသတ်ချင်
စိတ်ကို မနည်း ဖိနှိပ်နေရတယ်။
ငါ ဖုန်းခေါ်လိုက်တာက မင်းတို့
တွေ ငါ့ကို ရစရာ မရှိအောင်
ရက်ရက်စက်စက် ပြောနေကြတာ
ကို ရပ်တန့်သွား စေချင်လို့ပဲ။
ထိုအချိန်မှာတော့ ထန်းရှောင် မှာ
သူမရဲ့ ဗလောင်ဆူနေတဲ့ နှလုံး
ခုန်သံတွေ ကို တည်ငြိမ်အောင်
လုပ်လိုက်ပြီး ဖုန်းကိုင်လိုက်တယ်။
ဖုန်းထဲ ကနေ ဖြတ်ကျော်လာတဲ့ မူချောင်ရဲ့ အသံ က အနည်းငယ်
တိုးလျှနေကာ လေးနက် နက်ရှိုင်း
နေတဲ့ သူ့အသံက သံလိုက်လိုမျိုး
တစ်ဖက်လူကို ဆွဲငင်နေလေတယ်။
ထန်းရှောင် ကတော့ ထိုအခိုက်
အတန့်လေးမှာပဲ သူမရဲ့ဘေးနား
မှာ ပန်းရောင် ပူစီပေါင်းကြီးတွေ
လွင့်မြော လာသလိုမျိုး ခံစားလိုက်
ရတယ်။
“စီနီယာ မူချောင်”
တစ်ဖက် ကနေ ဖုန်းပြန် ဖြေလိုက်
တဲ့ ထန်းရှောင်က သူမရဲ့လေသံ
tone ကို တတ်နိုင်သမျှ ခပ်နှိမ့်နှိမ့်
လေး ပြောင်းထားကာ ငှက်မွှေး
တောင်လေးလို နူးညံ့ သိမ့်မွေ့ပြီး
ရိုကျိုး ယဉ်ကျေးလွန်းတဲ့ အသံ
လေး နဲ့ ပြောလိုက်တယ်။
မူချောင် မှာ တစ်ဖက်လူ ရဲ့
ကြက်သီးထဖွယ် အသံကြောင့်
ရုတ်တရတ်ကြီး မေးခွန်းထုတ်မေး
လုနီးပါးတောင် ဖြစ်သွားတယ်။
အခု ဖုန်းပြန်ဖြေတဲ့ သူက
တကယ်ပဲ သူမ အစစ်လား။
ဒါမှမဟုတ် ဂိမ်းထဲမှာ ပေါက်ကရလေးဆယ် ပြောနေတဲ့သူ ကပဲ
သူမ အစစ်လား။
“ကျွန်တော့် ကို ပေါ့ပေါ့ပါးပါး
ခေါ်လို့ ရပါတယ်”
ထန်းရှောင် က တောင်ပေါ်က
စမ်းရေလေးကို သောက်လိုက်
ရသလိုမျိုး အေးချမ်း ချိုမြလွန်း
တဲ့ ရုံးပတေသီး သံလေး နဲ့
လေးလေးကန်ကန်လေး ခေါ်လိုက်
တယ်။
“မူချောင်?”
“မင်း မနက်ဖြန် နေ့လည်လောက်
အချိန် အားလား? ထန်းရှီလေး နဲ့
မင်းရဲ့ခွေး က အတူ ဆော့နေကျ
ဆိုတော့ ဒီနေ့သူ့ကို တွေ့ပြီး
ကျွန့်တော့်မိသားစု က ထန်းရှီလေး
က အိမ်ပြန်ရောက်တော့ မှိုင်တွေ
ကျနေတာ။ ဒါကြောင့် ဖြစ်နိုင်ရင် မနက်ဖြန် မင်း အား_”
မူချောင်မှာ စကားတောင် ဆုံး
အောင် မပြောလိုက်ရသေးခင်
ထန်းရှောင် က အလျင်အမြန်ပဲ
လေသံကျယ်ကြီး နဲ့ ဖြတ်ပြော
လိုက်တယ်။
“ကျွန်မ အားတယ်! ကျွန်မ အား
တယ်! ဒါဆို မနက်ဖြန် ညနေနော်!”
သူတို့နှစ်ယောက် ဖုန်းချ ပြီးတာနဲ့ ထန်းရှောင် မှာ ကမာ္ဘကြီး တစ်ခု
လုံးကို ပိုင်ဆိုင်လိုက် ရသလိုမျိုး
အင်မတန် ပျော်ရွှင်သွားတာ
ကြောင့် အိပ်ယာထဲ နှစ်ပတ်
သုံးပတ်လောက် လိမ့်နေလိုက်
တယ်။
[လက်ရှိ] မြေအိုးထဲကရွှေတုံးလေး: “ဘာတွေ ဖြစ်ကုန်ပြီလဲ! မင်း ဆီ
က အကြွေးတောင်း တာလား မုန့်စားချင်လို့ တဲ့လား”
[လက်ရှိ] ထန်းရှီ: “အဟားဟားဟားဟား!!”
[လက်ရှိ]မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: “ဖာခ့်***,ကြည့်စမ်း
ဘယ်လောက် ဂုဏ်ဆာနေ တဲ့
လေသံကြီးလဲ။ သူက တကယ်ကြီး
မုန့်မုန့် စားချင်လို့ တဲ့လား”
[လက်ရှိ] ထန်းရှီ: “သူ့ခွေး က
ငါ့ခွေး ကို တွေ့ချင်နေလို့တဲ့။ တစ်ခါတည်း မုန့်စားရမဲ့ ဘူတာ
မဆိုက်ခင် လမ်းကြုံ အအေးလေး
ဘာလေး ဝင်သောက်ထားတာ လဲ
မဆိုးဘူးလေ”
[လက်ရှိ] စုမူကျိ: “…..”
[လက်ရှိ] မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: “ကိစ္စတွေ ကတော့ ဟုတ်နေပြီ! မနက်ဖြန် ကျရင် မင်း ဂုန်နီအိတ် နဲ့
အုတ်ခဲ ပြင်ဆင်သွားဖို့ မမေ့နဲ့နော်။ တစ်ခုခု အကူအညီ လိုရင်လည်း
ငါ့ဆီ ဖုန်းခေါ်လိုက်။ ရွှေတုံးလေး
က A မြို့ထဲ ကပဲ။ ငါ ကလည်း
ဘေးနားက မြို့ကပဲ”
[လက်ရှိ] မြေအိုးထဲကရွှေတုံးလေး: “မြန်မြန်! ပစ္စည်း အစုံအလင်
သေချာ ပြင်ဆင်သွား!”
[လက်ရှိ] စုမူကျိ: “…..”
စုမူကျိ ရုတ်တရတ်ကြီး ခံစားလိုက်
ရတာက အသက်သုံးနှစ် လောက်
ကွာတာက လုံးဝကို generation
မျိုးဆက် တစ်ဆက်စာ လောက်
ကွာခြား သွားတယ် ဆိုတာပဲ။
သူက ထန်းရှောင် ထက်
လေးနှစ်လောက် ပဲ ပိုကြီးပေမဲ့
ဘာကြောင့် သူတို့နှစ်ယောက်ကြား
ထဲက ကွာခြားချက်က ပစိဖိတ်
သမုဒ္ဒရာကြီး လောက် ကြီးမားနေ
တယ်လို့ ခံစားနေရတာလဲ?
ခွဲခွာခြင်းတေးသံ ကတော့ လက်ရှိ
မှာ ဖင်ပူမိသလို အငြိမ် မထိုင်နိုင်
တော့ဘဲ ဘေးနားက တိုက်ခန်း
ဆီသာ အမြန် ပြေးသွားလိုက်
တယ်။
“မူချောင် မင်း ခုနတုန်း က
သူမ ဆီ ဖုန်းမခေါ် လိုက်သင့်ဘူး”
အမှန်တိုင်း ပြောရရင် မူချောင်
လို ထိပ်တန်း နတ်ဘုရားတစ်ပါး
က နှစ်ပြား မတန်အောင် အပြော
ခံနေရတာ ကို မြင်တော့ ရှကျိယန်
စိတ်ထဲ အနည်းငယ်တော့ ကြိတ်
ပြီး ပျော်ရွှင်မိသလိုပဲ။
မူချောင်က သူ့ရဲ့ လက်မနဲ့
လက်ညှိုး ကို သုံးပြီး နဖူးကြော
ကို ဖိပွတ်လိုက်တယ်။
သို့ရာတွင်လည်း သူ့ရဲ့နှုတ်ခမ်း
ထောင့်စွန်းတွေ ကတော့ လေးကိုင်း
သဖွယ် အနည်းငယ် ကွေးညွှတ်
နေခဲ့တယ်။
ထန်းရှီလေး က သာမန်လူတွေ
ထက် လွန်ကဲပြီး ပုံမှန်မဟုတ်ဘူး
ဆိုတာ ကိုတော့ သူ တကယ်ဝန်ခံ
ရမယ်။
ဒါပေမဲ့ ဘာကြောင့်မှန်း မသိ
သူမနဲ့ အတူရှိနေတဲ့ အချိန်မှာ
သူ့ရဲ့ ဝန်ထုတ်ဝန်ပိုးတွေ အပြင် လောကကြီး ကိုတောင် မေ့လျော့
သွားပြီး လွတ်လပ် ပေါ့ပါးမှု ကို
အတိုင်းသား ခံစားရတယ်။
“သူမ စိတ်ကြိုက် အတိုင်း
လုပ်ပလေ့စေ”
“ဟိုက မင်းကို တကယ်ကြီး
ဆေးခတ်ထည့်လိုက်မှာ မကြောက်
ဘူးလား”
မူချောင်ရဲ့ စိတ်ထဲ မှာတော့
ထန်းရှောင်ရဲ့ မှင်နက်လို စိုရွှင်ပြီး
ကြည်လင် တောက်ပနေ တဲ့ မျက်လုံးတွေ ကို မြင်ယောင်လာ
တယ်။ သူ သူမကို ကြည့်လိုက်တဲ့
အချိန် မှာ လျင်မြန်စွာပဲ သူမ ရဲ့
မျက်လုံး အကြည့်တွေက သူ့ဆီ
ကနေ ရှောင်ဖယ်သွားတယ်။
ထိုအခိုက်အတန့်လေး မှာ သူမရဲ့
နားရွက်တွေ က အနည်းငယ်
နီမြန်းနေခဲ့တာ ကို သူမ ကိုယ်တိုင်
တောင်မှ သတိထားမိပုံ မပေါ်ဘူး။
“သူမ လုပ်ရဲမှာ မဟုတ်ဘူး”
ရှကျိယန် ရဲ့ နှလုံးသားထဲ မှာ
တော့ ဆောက်တည်ရာ မရ
အော်ဟစ် နေပြီ။
“!!!!မင်း ပြောတာ သူမ လုပ်ရဲမှာ မဟုတ်ဘူး လို့လေ!!! လုပ်ရဲ မှာ
မဟုတ်ဘူး ဆိုတာ က တကယ်ကြီး
မလုပ်ဘူးလို့ မှ မပြောနိုင်တာ!!!!”
#3733 words
Ive Latte (mm)
Weekly: 9:00Pm
Monday & Thursday
------------------------------------------
Eng T/N:
မြေအိုးထဲကရွှေတုံးလေး က
တကယ့် ကို ညစ်ပတ်တဲ့စကား
တွေ ပြောတဲ့နေရာမှာ ပြိုင်ဘက်
ကင်းပဲ။ ငါ မတတ်နိုင်ပေမဲ့
ဒီအထဲမှာတော့ မူချောင် ကို
သနားဆုံးပဲ hahaha
စိတ်ချပါ။
ထန်းရှောင် က မူချောင် ကို
ဆေးခတ်မှာ မဟုတ်ပါဘူး
MM T/N:
ဒီအပိုင်းက ကိုကိုမူချောင်
ခံ ကလှည့်ကွ hhhhhhha
မူချောင် တော့ ညဘက်
အိပ်ပျော်မှာ မဟုတ်တော့ဘူး
မနက်ဖြန် ထန်းရှောင်နဲ့ တွေ့ရင်
အုတ်ခဲနဲ့ အရိုက်ခံရမလားဘဲ။
(မနေ့က တင်ပေးရမှာကို
အလုပ်က မပြီးပြတ်သေးလို့
ဒီနေ့မှ တင်ပေးဖြစ်တယ်)