Zawgyi
အိမ္ထဲတြင္ ႐ွဳဟိုခိုင္က သူ႔ေျမးေတြကို ေခ်ာ့သိပ္ၿပီးသြားတဲ့အခ်ိန္မွ အိမ္ထဲမွာ ဘယ္သူ႔မွမ႐ွိဘူးဆိုတာကို သိေတာ့တယ္။ သူအရမ္းစိုးရိမ္သြားၿပီးေတာ့ သူတို႔ကို အျပင္ဘက္မွာ ထြက္႐ွာဖို႔ကိုေတာင္ ျပင္ဆင္ၿပီးသြားၿပီ။ ဒါေပမဲ့ သူတံခါးေပါက္ကို ဖြင့္လိုက္တဲ့အခ်ိန္မွာပဲ သူ႔ခင္ပြန္းနဲ႔သူ႔သားႏွစ္ေယာက္ စိတ္အေျခအေနမေကာင္းဘဲ ျပန္လာတာကို ျမင္လိုက္ရတယ္။
ဘာျဖစ္ခဲ့သလဲဆိုတာကို သူမသိဘူး။ အဲ့ဒါေၾကာင့္
သူေမးလိုက္တယ္။ "ဘာျဖစ္ခဲ့တာလဲ?"
သက္ႀကီးေဖေဖ႐ွဳက ႐ွဳဟိုခိုင္ကို ေအးစက္စက္အၾကည့္တစ္ခ်က္ ေပးလိုက္ၿပီးေတာ့ အခန္းထဲဝင္သြားတယ္။
ထို႔ေနာက္႐ွဳဟိုခိုင္က သူ႔သားနဲ႔သူ႔သားမက္ဘက္ကို လွည့္လိုက္တယ္။ "ခ်ိန္ မင္းငါ့ကိုေျပာျပ။"
"အေဖ ကြၽန္ေတာ္ဒီေန႔ ၿမိဳ႕ကေနျပန္ေရာက္လာတုန္းက ကြၽန္ေတာ့္အကိုႀကီးက ေျမကြက္႐ိုင္းသံုးဆယ္ျမဴကို ဝယ္ခဲ႔တယ္လို႔ ကြၽန္ေတာ္ၾကားလိုက္ရတယ္။ ေနာက္ေတာ့ ကြၽန္ေတာ့္ေဖေဖ့ကို ဒီအေၾကာင္းေျပာျပလိုက္တယ္။ ၿပီးတာနဲ႔ ကြၽန္ေတာ္တို႔က သူ႔ဆီသြားလည္ဖို႔ ဆံုးျဖတ္လိုက္တယ္။ ကြၽန္ေတာ္တို႔သြားေနတဲ့လမ္းမွာတုန္းက ေဖေဖက ကြၽန္ေတာ့္အကိုႀကီးအေၾကာင္းကို စကားအနည္းငယ္ေျပာခဲ့တယ္။ အဲ့ဒါကို တစ္ျခားရြာသားအခ်ိဳ႕က ၾကားၿပီးေတာ့ လမ္းတစ္ေလွ်ာက္လိုက္လာခဲ့တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ေရာက္တဲ႔အခ်ိန္မွာ ကြၽန္ေတာ့္အကိုႀကီးက ဒီေန႔အရမ္းေနာက္က်ေနၿပီမလို႔ ဘာကိစၥပဲ႐ွိ႐ွိ မနက္ျဖန္အထိေစာင့္ပါလို႔ေျပာၿပီး ကြၽန္ေတာ္တို႔ကို ျပန္လႊတ္လိုက္တယ္။"
႐ွဳဟိုခိုင္လည္းအခု တစ္ပံုစံတည္း ေဒါသထြက္လာတယ္လို႔ ခံစားလိုက္ရတယ္။ ဒါကေျမကြက္ သံုးဆယ္ျမဴႀကီးမ်ားေတာင္! ႐ွဳရန္ေျမကြက္အတြက္ ေငြေတြကို ဘယ္လိုရလာသလဲဆိုတဲ့ အျဖစ္အပ်က္ကို ေဘးဖယ္ထားအံုး။ သူကအဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး လံုးဝကို စကားတစ္ခြန္းေတာင္မွ မေျပာဘူးေလ။ သူ႔ရဲ႕မိသားစုအရင္းကိုေလ! သူ႔ေဖေဖအရင္းနဲ႔ညီငယ္ အလည္အပတ္ေရာက္လာတာက ဘာမွားေနလို႔လဲ။ သူတို႔ရဲ႕မ်က္ႏွာကို ေ႐ွ႕ထားျပီး သူကတံခါးကို ဘယ္လိုလုပ္ ပိတ္ႏိုင္ရတာလဲ!
"မနာခံတတ္တဲ့သား! မနက္ျဖန္က်မွ ငါသူနဲ႔ သြားေတ႔ြမယ္။"
သက္ႀကီးေဖေဖ႐ွဳလိုမ်ိဳးပဲ ႐ွဳဟိုခိုင္လည္း တစ္ပံုစံတည္း ခံစားလိုက္ရတယ္။ သူတို႔ေတြက အခု ေကာင္းေကာင္းေနေနၾကရၿပီဆိုကတည္းက ပထမဆံုး သူတို႔လုပ္သင့္တဲ့အရာက အဲ့ေငြေတြကို သူ႔ရဲ႕မိဘေတြအတြက္ သံုးေပးသင့္တယ္လို႔ သူထင္တယ္။ ၾကည့္ရတာေတာ့ ႐ွဳဟိုခိုင္က သူတို႔ေတြကို သူတို႔ကိုယ္တိုင္ မိသားစုထဲကေန ႏွင္ထုတ္ခဲ့တယ္ဆိုတာကို လံုးဝ ေမ့ေလ်ာ့သြားတဲ့ပံုပဲ။
သူ႔အေဖ ေဒါသထြက္ေနၿပီဆိုတာကို ျမင္ေတာ့ ႐ွဳခ်ိန္
သူ႔စိတ္ထဲကေန ေလွာင္ေျပာင္လိုက္တယ္။ ႐ွဳရန္က
ဒီတစ္ႀကိမ္ ဒီဒံုးက်ည္ကို ဘယ္လိုေခါင္းေ႐ွာင္မလဲဆိုတာကို သူသိခ်င္မိတယ္!
ဒါေပမဲ့ ႐ွဳခ်ိန္က သ႐ုပ္ေဆာင္ေတာ္တယ္။ သူက
သူ႔အေဖအေ႐ွ႕မွာေတာ့ သူပီတိျဖာေနတယ္ဆိုတာကို
ေဖာ္ျပမွာမဟုတ္ဘူး။ အဲ့အစားသူက စိုးရိမ္ပူပန္စြာနဲ႔
ေျပာလိုက္တယ္။ "အေဖ အခုခ်ိန္က ေနာက္က်ေနၿပီ။ အရင္ သြားအနားယူၾကရေအာင္! ကြၽန္ေတာ္တို႔ မနက္ျဖန္က်မွပဲ ဒီကိစၥကို အေျဖ႐ွာၾကတာေပါ့။"
သူ႔ရဲ႕အိမ္တံခါးေ႐ွ႕မွာ ေပၚလာတဲ့လူေတြကို အေဝးကို ျပန္လႊတ္လိုက္ၿပီးေနာက္ ႐ွဳရန္က သူ႔မွာဘယ္လိုလုပ္ၿပီး ဒီလိုမ်ိဳးအ႐ွက္မဲ့တဲ့ ေဆြမ်ိဳးေတြ ႐ွိရတာလဲဆိုတာကို အ့ံအားသင့္လ်က္ မည္းေမွာင္ေနတဲ့မ်က္ႏွာထားနဲ႔ အခန္းထဲကို ျပန္ဝင္လာခဲ့တယ္။
သူ႔ရဲ႕ေဒါသကို သတိျပဳမိေတာ့ လ်ိဳထံုက ႏွစ္သိမ့္လာခဲ့တယ္။ "ဟုတ္ပါၿပီ။ ရန္ စိတ္မဆိုးနဲ႔ေတာ့။ မင္းေဖေဖအေၾကာင္းသိတာ ဒါက ပထမဆံုးရက္မွ မဟုတ္ေတာ့တာ။ သူကအျမဲတမ္း ဒီလိုမ်ိဳးပဲေလ။ ငါတို႔ကိုယ့္ဘဝနဲ႔ကိုယ္ပဲ ေနၾကရေအာင္။"
သူလည္း ဒီတံုးအတဲ့လူေတြအတြက္နဲ႔ ေဒါသမထြက္ခ်င္ပါဘူး။ သူစိတ္ေလွ်ာ့လိုက္တယ္။ "ေတာင္းပန္ပါတယ္။ ကိုယ္မင္းအေပၚမွာ ဒီလိုမ်ိဳးမျပဳမူလိုက္သင့္ဘူး။"
လ်ိဳထံုက ဒါအတြက္နဲ႔ သူ႔ကိုဘယ္တုန္းကမွ အျပစ္မတင္ပါဘူး။ "အဆင္ေျပပါတယ္။ ငါဂ႐ုမစိုက္ပါဘူး။ ဒါေပမဲ့ မင္းဘာသာမင္း ဒါေတြကို ထိန္းသိမ္းထားေနတာမ်ိဳးကိုေတာ့ ငါမလိုခ်င္ဘူး။"
"ကိုယ့္ေဖေဖက ဒီလိုမ်ိဳးဆိုတာကို ကိုယ္ကမေမွ်ာ္လင့္ထားခဲ့မိရံုပါ။ ကိုယ္အရင္တုန္းက ဘယ္လိုမ်ိဳး အ႐ူးတစ္ေယာက္ျဖစ္လာရသလဲ ဆိုတာကို မင္းေသခ်ာေပါက္မသိဘူးလို႔ ကိုယ္ထင္တယ္။ ကိုယ့္ဘာသာကိုယ္ လွိမ့္က်ခဲ့တာ မဟုတ္ဘူး။ ႐ွဳခ်ိန္ရဲ႕အဆိပ္ခတ္ျခင္းကို ခံလိုက္ရတာ။ သူကကိုယ့္ကို ေတာင္ေပၚကိုေတာင္
ေခၚေဆာင္သြားၿပီးေတာ့ ကိုယ့္ကို တြန္းခ်ၿပီးသတ္ခဲ့တာ။ သူကကိုယ့္ကို ပညာေတာ္သင္စာေမးပဲြကို သြားမေျဖေစခ်င္ဘူး။ ၿပီးေတာ့ က်န္းယဲ႔ြကို ကိုယ့္ဆီကေန ခိုးယူဖို႔ေတာင္ ႀကိဳးစားခဲ့ေသးတယ္။ ကိုယ့္ကိုေျပာျပစမ္းပါ။
ကိုယ့္မွာဘယ္လိုျဖစ္လို႔ ဒီလိုမေကာင္းဆိုးဝါးညီမ်ိဳး
႐ွိေနရတာလဲ?"
အ႐ူးအတြက္ စိတ္မေကာင္းျဖစ္သလို ခံစားရတာေၾကာင့္ သူမတတ္ႏိုင္ဘဲ ကိစၥတစ္ခုလံုးကို ေျပာျပလိုက္တယ္။
ဒါကိုၾကားလိုက္ေတာ့ လ်ိဳထံုက ေ႐ွာ့ခ္ရသြားတယ္။
"ဒီလိုကိစၥမ်ိဳး ဘယ္လိုလုပ္ၿပီး ျဖစ္ပ်က္ရတာလဲ?
မင္းေဖေဖနဲ႔အေဖေရာ ဒီအေၾကာင္းကိုသိလား?"
"Humph ေသခ်ာေပါက္ ကိုယ့္ေဖေဖကေတာ့
ဒီအေၾကာင္းကို သိတာေပါ့။ ကိုယ့္အေဖကသာ မသိတာ။ တကယ္လို႔သူတို႔ေတြ ေနာက္ထပ္တစ္ႀကိမ္ ကိုယ္တို႔ဆီလာၿပီး လာ႐ွဳပ္ရဲအံုးမယ္ဆိုရင္ ကိုယ္သူတို႔ကို အမွန္တရားကို ေျပာျပလိုက္ေတာ့မယ္။ သူတို႔ဒီရြာမွာ ေနဖို႔ကို အရမ္း႐ွက္ရြံ႕သြားၾကလိမ့္မယ္။"
႐ွဳရန္က အည့ံခံအေလွ်ာ့ေပးဖို႔ မစီစဥ္ထားဘူး။ အ႐ူးရဲ႕စိတ္႐ွည္သည္းခံႏိုင္မႈ အက်ိဳးဆက္ကေတာ့
သူ႔အသက္ေသဆံုးခဲ့ရတာပဲ။ သူဘယ္ေတာ့မွ တူညီတဲ့အမွားမ်ိဳးကို ထပ္လုပ္မွာမဟုတ္ဘူး။
အမွန္တရားကို ၾကားၿပီးေနာက္ လ်ိဳထံုက သူတို႔ေတြ
တရားလြန္သြားၿပီလို႔ ခံစားလိုက္ရတယ္။ အမွန္တရားက ဒီလိုမ်ိဳးျဖစ္ေနမယ္လို႔ သူမေမွ်ာ္လင့္ထားမိဘူး။ သူသူ႔လက္သီးကို တင္းတင္းဆုပ္ထားမိတယ္။ တကယ္လို႔အခုခ်ိန္ ႐ွဳခ်ိန္သာ သူ႔အေ႐ွ႕မွာ ႐ွိေနမယ္ဆိုရင္ သူေသခ်ာေပါက္ကို တံု႔ဆိုင္းမေနဘဲ သူ႔ကို႐ိုက္ႏွက္မိမွာပဲ။
႐ွဳရန္က လ်ိဳထံုေဒါသထြက္ေနတာကို သတိထားမိလိုက္တယ္။ သူလ်ိဳထံုကို သူ႔လက္ေမာင္းၾကားထဲကို ဆဲြသြင္းလိုက္တယ္။ "စိတ္မဆိုးပါနဲ႔။ ကိုယ္အဆင္ေျပပါတယ္။
ၿပီးေတာ့ ဒါေတြကလည္း အဆင္ေျပသြားမွာပါ။ ကိုယ္တို႔ဘာသာကိုယ္တို႔ေတြ ဘဝေကာင္းေကာင္းမွာ ဘယ္လိုမ်ိဳး ေနေနသလဲဆိုတာကို သူတို႔ေတြကို ျပလိုက္ၾကရေအာင္။ သူတို႔တင္ေနတဲ့အေၾကြးေတြကို အေႏွးနဲ႔အျမန္ ျပန္ေပးဆပ္ရလိမ့္မယ္။"
႐ွဳရန္က အဲ့လိုေျပာၿပီးတာေတာင္ လ်ိဳထံုက ပံုမွန္အေျခအေနကို ျပန္မေရာက္ေသးဘူး။ အဲ့ဒါေၾကာင့္ ႐ွဳရန္က သူ႔ႏႈတ္ခမ္းကို နမ္းလိုက္ၿပီးေတာ့ သူ႔ကိုအိပ္ရာေပၚကို ေခၚသြားေတာ့တယ္။
ထို႔ေနာက္ သူတို႔ေတြ လွပတဲ့ညေလးတစ္ညကို
အတူတကြ ကုန္ဆံုးခဲ့ၾကတယ္။
Unicode
အိမ်ထဲတွင် ရှုဟိုခိုင်က သူ့မြေးတွေကို ချော့သိပ်ပြီးသွားတဲ့အချိန်မှ အိမ်ထဲမှာ ဘယ်သူ့မှမရှိဘူးဆိုတာကို သိတော့တယ်။ သူအရမ်းစိုးရိမ်သွားပြီးတော့ သူတို့ကို အပြင်ဘက်မှာ ထွက်ရှာဖို့ကိုတောင် ပြင်ဆင်ပြီးသွားပြီ။ ဒါပေမဲ့ သူတံခါးပေါက်ကို ဖွင့်လိုက်တဲ့အချိန်မှာပဲ သူ့ခင်ပွန်းနဲ့သူ့သားနှစ်ယောက် စိတ်အခြေအနေမကောင်းဘဲ ပြန်လာတာကို မြင်လိုက်ရတယ်။
ဘာဖြစ်ခဲ့သလဲဆိုတာကို သူမသိဘူး။ အဲ့ဒါကြောင့်
သူမေးလိုက်တယ်။ "ဘာဖြစ်ခဲ့တာလဲ?"
သက်ကြီးဖေဖေရှုက ရှုဟိုခိုင်ကို အေးစက်စက်အကြည့်တစ်ချက် ပေးလိုက်ပြီးတော့ အခန်းထဲဝင်သွားတယ်။
ထို့နောက်ရှုဟိုခိုင်က သူ့သားနဲ့သူ့သားမက်ဘက်ကို လှည့်လိုက်တယ်။ "ချိန် မင်းငါ့ကိုပြောပြ။"
"အဖေ ကျွန်တော်ဒီနေ့ မြို့ကနေပြန်ရောက်လာတုန်းက ကျွန်တော့်အကိုကြီးက မြေကွက်ရိုင်းသုံးဆယ်မြူကို ဝယ်ခဲ့တယ်လို့ ကျွန်တော်ကြားလိုက်ရတယ်။ နောက်တော့ ကျွန်တော့်ဖေဖေ့ကို ဒီအကြောင်းပြောပြလိုက်တယ်။ ပြီးတာနဲ့ ကျွန်တော်တို့က သူ့ဆီသွားလည်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့သွားနေတဲ့လမ်းမှာတုန်းက ဖေဖေက ကျွန်တော့်အကိုကြီးအကြောင်းကို စကားအနည်းငယ်ပြောခဲ့တယ်။ အဲ့ဒါကို တစ်ခြားရွာသားအချို့က ကြားပြီးတော့ လမ်းတစ်လျှောက်လိုက်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ကျွန်တော့်အကိုကြီးက ဒီနေ့အရမ်းနောက်ကျနေပြီမလို့ ဘာကိစ္စပဲရှိရှိ မနက်ဖြန်အထိစောင့်ပါလို့ပြောပြီး ကျွန်တော်တို့ကို ပြန်လွှတ်လိုက်တယ်။"
ရှုဟိုခိုင်လည်းအခု တစ်ပုံစံတည်း ဒေါသထွက်လာတယ်လို့ ခံစားလိုက်ရတယ်။ ဒါကမြေကွက် သုံးဆယ်မြူကြီးများတောင်! ရှုရန်မြေကွက်အတွက် ငွေတွေကို ဘယ်လိုရလာသလဲဆိုတဲ့ အဖြစ်အပျက်ကို ဘေးဖယ်ထားအုံး။ သူကအဲ့အကြောင်းနဲ့ပတ်သက်ပြီး လုံးဝကို စကားတစ်ခွန်းတောင်မှ မပြောဘူးလေ။ သူ့ရဲ့မိသားစုအရင်းကိုလေ! သူ့ဖေဖေအရင်းနဲ့ညီငယ် အလည်အပတ်ရောက်လာတာက ဘာမှားနေလို့လဲ။ သူတို့ရဲ့မျက်နှာကို ရှေ့ထားပြီး သူကတံခါးကို ဘယ်လိုလုပ် ပိတ်နိုင်ရတာလဲ!
"မနာခံတတ်တဲ့သား! မနက်ဖြန်ကျမှ ငါသူနဲ့ သွားတေ့ွမယ်။"
သက်ကြီးဖေဖေရှုလိုမျိုးပဲ ရှုဟိုခိုင်လည်း တစ်ပုံစံတည်း ခံစားလိုက်ရတယ်။ သူတို့တွေက အခု ကောင်းကောင်းနေနေကြရပြီဆိုကတည်းက ပထမဆုံး သူတို့လုပ်သင့်တဲ့အရာက အဲ့ငွေတွေကို သူ့ရဲ့မိဘတွေအတွက် သုံးပေးသင့်တယ်လို့ သူထင်တယ်။ ကြည့်ရတာတော့ ရှုဟိုခိုင်က သူတို့တွေကို သူတို့ကိုယ်တိုင် မိသားစုထဲကနေ နှင်ထုတ်ခဲ့တယ်ဆိုတာကို လုံးဝ မေ့လျော့သွားတဲ့ပုံပဲ။
သူ့အဖေ ဒေါသထွက်နေပြီဆိုတာကို မြင်တော့ ရှုချိန်
သူ့စိတ်ထဲကနေ လှောင်ပြောင်လိုက်တယ်။ ရှုရန်က
ဒီတစ်ကြိမ် ဒီဒုံးကျည်ကို ဘယ်လိုခေါင်းရှောင်မလဲဆိုတာကို သူသိချင်မိတယ်!
ဒါပေမဲ့ ရှုချိန်က သရုပ်ဆောင်တော်တယ်။ သူက
သူ့အဖေအရှေ့မှာတော့ သူပီတိဖြာနေတယ်ဆိုတာကို
ဖော်ပြမှာမဟုတ်ဘူး။ အဲ့အစားသူက စိုးရိမ်ပူပန်စွာနဲ့
ပြောလိုက်တယ်။ "အဖေ အခုချိန်က နောက်ကျနေပြီ။ အရင် သွားအနားယူကြရအောင်! ကျွန်တော်တို့ မနက်ဖြန်ကျမှပဲ ဒီကိစ္စကို အဖြေရှာကြတာပေါ့။"
သူ့ရဲ့အိမ်တံခါးရှေ့မှာ ပေါ်လာတဲ့လူတွေကို အဝေးကို ပြန်လွှတ်လိုက်ပြီးနောက် ရှုရန်က သူ့မှာဘယ်လိုလုပ်ပြီး ဒီလိုမျိုးအရှက်မဲ့တဲ့ ဆွေမျိုးတွေ ရှိရတာလဲဆိုတာကို အ့ံအားသင့်လျက် မည်းမှောင်နေတဲ့မျက်နှာထားနဲ့ အခန်းထဲကို ပြန်ဝင်လာခဲ့တယ်။
သူ့ရဲ့ဒေါသကို သတိပြုမိတော့ လျိုထုံက နှစ်သိမ့်လာခဲ့တယ်။ "ဟုတ်ပါပြီ။ ရန် စိတ်မဆိုးနဲ့တော့။ မင်းဖေဖေအကြောင်းသိတာ ဒါက ပထမဆုံးရက်မှ မဟုတ်တော့တာ။ သူကအမြဲတမ်း ဒီလိုမျိုးပဲလေ။ ငါတို့ကိုယ့်ဘဝနဲ့ကိုယ်ပဲ နေကြရအောင်။"
သူလည်း ဒီတုံးအတဲ့လူတွေအတွက်နဲ့ ဒေါသမထွက်ချင်ပါဘူး။ သူစိတ်လျှော့လိုက်တယ်။ "တောင်းပန်ပါတယ်။ ကိုယ်မင်းအပေါ်မှာ ဒီလိုမျိုးမပြုမူလိုက်သင့်ဘူး။"
လျိုထုံက ဒါအတွက်နဲ့ သူ့ကိုဘယ်တုန်းကမှ အပြစ်မတင်ပါဘူး။ "အဆင်ပြေပါတယ်။ ငါဂရုမစိုက်ပါဘူး။ ဒါပေမဲ့ မင်းဘာသာမင်း ဒါတွေကို ထိန်းသိမ်းထားနေတာမျိုးကိုတော့ ငါမလိုချင်ဘူး။"
"ကိုယ့်ဖေဖေက ဒီလိုမျိုးဆိုတာကို ကိုယ်ကမမျှော်လင့်ထားခဲ့မိရုံပါ။ ကိုယ်အရင်တုန်းက ဘယ်လိုမျိုး အရူးတစ်ယောက်ဖြစ်လာရသလဲ ဆိုတာကို မင်းသေချာပေါက်မသိဘူးလို့ ကိုယ်ထင်တယ်။ ကိုယ့်ဘာသာကိုယ် လှိမ့်ကျခဲ့တာ မဟုတ်ဘူး။ ရှုချိန်ရဲ့အဆိပ်ခတ်ခြင်းကို ခံလိုက်ရတာ။ သူကကိုယ့်ကို တောင်ပေါ်ကိုတောင်
ခေါ်ဆောင်သွားပြီးတော့ ကိုယ့်ကို တွန်းချပြီးသတ်ခဲ့တာ။ သူကကိုယ့်ကို ပညာတော်သင်စာမေးပွဲကို သွားမဖြေစေချင်ဘူး။ ပြီးတော့ ကျန်းယဲ့ွကို ကိုယ့်ဆီကနေ ခိုးယူဖို့တောင် ကြိုးစားခဲ့သေးတယ်။ ကိုယ့်ကိုပြောပြစမ်းပါ။
ကိုယ့်မှာဘယ်လိုဖြစ်လို့ ဒီလိုမကောင်းဆိုးဝါးညီမျိုး
ရှိနေရတာလဲ?"
အရူးအတွက် စိတ်မကောင်းဖြစ်သလို ခံစားရတာကြောင့် သူမတတ်နိုင်ဘဲ ကိစ္စတစ်ခုလုံးကို ပြောပြလိုက်တယ်။
ဒါကိုကြားလိုက်တော့ လျိုထုံက ရှော့ခ်ရသွားတယ်။
"ဒီလိုကိစ္စမျိုး ဘယ်လိုလုပ်ပြီး ဖြစ်ပျက်ရတာလဲ?
မင်းဖေဖေနဲ့အဖေရော ဒီအကြောင်းကိုသိလား?"
"Humph သေချာပေါက် ကိုယ့်ဖေဖေကတော့
ဒီအကြောင်းကို သိတာပေါ့။ ကိုယ့်အဖေကသာ မသိတာ။ တကယ်လို့သူတို့တွေ နောက်ထပ်တစ်ကြိမ် ကိုယ်တို့ဆီလာပြီး လာရှုပ်ရဲအုံးမယ်ဆိုရင် ကိုယ်သူတို့ကို အမှန်တရားကို ပြောပြလိုက်တော့မယ်။ သူတို့ဒီရွာမှာ နေဖို့ကို အရမ်းရှက်ရွံ့သွားကြလိမ့်မယ်။"
ရှုရန်က အည့ံခံအလျှော့ပေးဖို့ မစီစဉ်ထားဘူး။ အရူးရဲ့စိတ်ရှည်သည်းခံနိုင်မှု အကျိုးဆက်ကတော့
သူ့အသက်သေဆုံးခဲ့ရတာပဲ။ သူဘယ်တော့မှ တူညီတဲ့အမှားမျိုးကို ထပ်လုပ်မှာမဟုတ်ဘူး။
အမှန်တရားကို ကြားပြီးနောက် လျိုထုံက သူတို့တွေ
တရားလွန်သွားပြီလို့ ခံစားလိုက်ရတယ်။ အမှန်တရားက ဒီလိုမျိုးဖြစ်နေမယ်လို့ သူမမျှော်လင့်ထားမိဘူး။ သူသူ့လက်သီးကို တင်းတင်းဆုပ်ထားမိတယ်။ တကယ်လို့အခုချိန် ရှုချိန်သာ သူ့အရှေ့မှာ ရှိနေမယ်ဆိုရင် သူသေချာပေါက်ကို တုံ့ဆိုင်းမနေဘဲ သူ့ကိုရိုက်နှက်မိမှာပဲ။
ရှုရန်က လျိုထုံဒေါသထွက်နေတာကို သတိထားမိလိုက်တယ်။ သူလျိုထုံကို သူ့လက်မောင်းကြားထဲကို ဆွဲသွင်းလိုက်တယ်။ "စိတ်မဆိုးပါနဲ့။ ကိုယ်အဆင်ပြေပါတယ်။
ပြီးတော့ ဒါတွေကလည်း အဆင်ပြေသွားမှာပါ။ ကိုယ်တို့ဘာသာကိုယ်တို့တွေ ဘဝကောင်းကောင်းမှာ ဘယ်လိုမျိုး နေနေသလဲဆိုတာကို သူတို့တွေကို ပြလိုက်ကြရအောင်။ သူတို့တင်နေတဲ့အကြွေးတွေကို အနှေးနဲ့အမြန် ပြန်ပေးဆပ်ရလိမ့်မယ်။"
ရှုရန်က အဲ့လိုပြောပြီးတာတောင် လျိုထုံက ပုံမှန်အခြေအနေကို ပြန်မရောက်သေးဘူး။ အဲ့ဒါကြောင့် ရှုရန်က သူ့နှုတ်ခမ်းကို နမ်းလိုက်ပြီးတော့ သူ့ကိုအိပ်ရာပေါ်ကို ခေါ်သွားတော့တယ်။
ထို့နောက် သူတို့တွေ လှပတဲ့ညလေးတစ်ညကို
အတူတကွ ကုန်ဆုံးခဲ့ကြတယ်။