ငါတို့ မိသားစုရဲ့ အိုမီဂါလေး...

By Fiery_Floria

279K 40.1K 1.8K

Associated Title - [家有Omega初长成] / [My Family's Omega Has Just Grown Up] Author- 秋千在时 (Qiu Qian Zai Shi) Chapt... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chaper 24 [Part 1]
Chapter 24 [Part 2]
Chapter 24 [Part 3]
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဖတ်ပေးပါ><
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41 (Part 1)
Chapter 41 (Part 2)
Chapter 42
Chapter 43
Chapter 44
Chapter 45

Chapter 7

5.7K 1K 9
By Fiery_Floria

Please scroll down for Zawgyi^^

(Unicode)

စနေနေ့ မနက်ခင်းတွင်  ဆေးရုံက ထုန်ရန့်ကို ဖုန်းဆက်ကာ ဆေးစစ်ချက်လာယူရန် သတိပေးသည်။

သူကျိုးရှန့်မင်နဲ့ အတူနေပြီး pheromone sensitiveဖြစ်မှုကို လျော့ချတဲ့ ကုသမှုခံယူနေတာ လဝက်တောင်ကျော်ပြီလေ။ ဒီလဝက်အတွင်း သူဘယ်လောက်ထိ ကျန်းမာရေးပိုကောင်းလာသလဲဆိုတာ ဆေးစစ်ချက်ပေါ်တွင်မူတည်နေသည်။ ထို့အပြင် တနင်္လာနေ့ ကျောင်းတတ်သောအခါ ကျောင်းကိုတင်ပြရန် ဆရာဝန်ထောက်ခံချက်လည်းလိုသေးသည်။ နောက်ဆုံးတွင်တော့ ဒါက သူ့ရောဂါကိုကုသဖို့ လက်ထပ်ရန်ဆုံးဖြတ်ချက် အခြားသော အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။

ထုန်ရန်းကမူ မကြာသေးခင်ကမှ အလုပ်ခရီးတစ်ခုမှ ပြန်ရောက်ခြင်းဖြစ်ရာ ရက်ပိုင်းအတွင်း ဘာမှသိပ်လုပ်စရာမရှိပဲ ဤပိတ်ရက်များတွင် အိမ်၌သာကပ်နေလေသည်။ ဆေးရုံသွားရန် ထုန်ရန်း၏အကူအညီကို ထုန်ရန့်သေချာပေါက်မလိုအပ်သော်လည်း သူကလိုက်ပို့မည်ဆိုသောကြောင့် ညီအစ်ကိုနှစ်ယောက်အတူထွက်လာခဲ့ကြသည်။

ဆေးစစ်ချက်ရလဒ်က ထင်ထားသည့်အတိုင်းပင်ဖြစ်သည်။ ထုန်ရန့်ခံစားနေရသော pheromoneများသို့တုန့်ပြန်နိုင်စွမ်းပြင်းထန်သည့်ရောဂါမှာ တုန့်ပြန်မှုအလွန်ပြင်းထန်သည့်အဆင့်မှ  Class Bအဆင့်ထိ ကျဆင်းသွားသည်။ ဆရာဝန်က သူ့အား ကျောင်းတတ်နိုင်ကြောင်းထောက်ခံသည့် ထောက်ခံစာတစ်စောင်လည်းရေးပေးလိုက်းသည်။ သို့သော်လည်း သာမန်ကျောင်းသားများကဲ့သို့မဟုတ်ပဲ ထိခိုက်လွယ်သော ကျောင်းသားတစ်ယောက်အဖြစ်သာဖြစ်သည်။ လုံးဝမပျောက်ကင်းခင်အချိန်အထိ သူ့လုံခြုံရေးနှင့် နှောင့်ယှက်ခံရမှုကင်းဝေးစေရန်အတွက် ကျောင်းကဲ့သို့ လူအများသွားလာကြသောနေရာများသို့ထွက်သောအခါ သတိပေးကဒ်တစ်ခုကိုဝတ်ဆင်ရန်လည်းလိုအပ်ပေသည်။

ဆရာဝန်နှင့်တွေ့ပြီးနောက် နှစ်ဦးသား ဆေးရုံမှ ထွက်လာကြသည်။ ထုန်ရန်းက ဖိုင်ထဲရှိ စာရွက်အချို့ကိုလှန်ကြည့်နေသည်။ ညီဖြစ်သူအတွက်လည်း အလွန်ပျော်နေကာ မထိန်းလိုက်နိုင်ပဲ ပြောလိုက်မိသည်။
"အားလုံးပြီးဆုံးတော့မယ် ငါ့ညီကလေးလေး။ ဒီလက်ထပ်ပွဲက လုံးဝအကျိုးမရှိတာတော့မဟုတ်ဘူးပဲ"

ထုန်ရန့် စကားပြန်ပြောသည်ကိုမစောင့်ပဲ ထုန်ရန်းတစ်ယောက် လက်မြှောက်လိုက်ကာ ထုန်ရန့်၏ ခေါင်းကို ခပ်ပြင်းပြင်းဖွကာပြောလိုက်သည်။
"ဒီနေ့ ဆေးရုံမှာ ဆရာဝန်ရှေ့မှာလဲ အရမ်းကို ကောင်းကောင်းနေပြခဲ့တာပဲ"

ထုန်ရန်း၏လုပ်ရပ်ကြောင့် ထုန်ရန့်တစ်ယောက် အနည်းငယ် ဒေါသထွက်သွားကာ ခေါင်းပေါ်ရှိလက်ကို ဖယ်ရန်ကြိုးစားတော့သည်။ သို့သော်လည်း ထုန်ရန့်တစ်ယောက် မလွတ်မြောက်နိုင်ပဲ သူ့၏လက်များမှာ ထုန်ရန်း၏ ထိန်းချုပ်မှုခံလိုက်ရပြီး ဆရာဝန်ပေးလိုက်သော လက်မှတ်စာရွက်ကို သူ့လည်ပင်းတွင် ချိတ်ဆွဲပေးလေသည်။

ထိုသတိပေးကဒ်မျိုးသည် မရှားပါ။ ကျောင်စများတွင် အများဆုံးတွေ့ရသည်။ ၎င်းကို အလုပ်ခွင် ဖြတ်သန်းကဒ်ကို အတုယူ၍ပြုလုပ်ထားခြင်းပင်ဖြစ်သည်။ သို့သော်လည်း ဘောင်ကတော့ အနီရောင်ဖြစ်၏။ ညဘက်တွင်လည်း အလင်းရောင်အောက်တွင် အလင်းပြန်ပေသည်။ ထိုကဒ်ပေါ်တွင် "ထိခိုက်လွယ်သည့် ပုဂ္ဂိုလ်" ဟုရေးထားသည်။ အနီးနားရှိ alphaများက ထိုကဒ်ဆွဲထားသောသူအနားရောက်လျှင် မိမိတို့၏ alpha pheromoneများကို ထိန်းချုပ်နိုင်စေရန်ရည်ရွယ်သည်။

ထုန်ရန့်က အစ်ကိုဖြစ်သူနှင့် ဆက်မဆော့တော့ပဲ ထိုလက်မှတ်ကို အပေါ်ထပ် အင်္ကျီပါးပါး၏ အိတ်ကပ်ထဲတွင်ထည့်ထားလိုက်သည်။ ဒီတစ်ခါတော့ ထုန်ရန်းက သူ့ကိုမနှောင့်ယှက်တော့ပေ။အိမ်ပြန်ရောက်သောအခါ ထုန်ရန့်က သူ့အိပ်ခန်းသို့ ဦးတည်နေစဉ် ထုန်ရန်းကတားလိုက်ကာ အတည်ပေါက်ပြောလိုက်သည်။
"ကျောင်းမှာ​တော့ အဲ့ကဒ်ကို ဖွက်ထားလို့မရဘူးနော်၊ ဝတ်ရမှာနော် သိတယ်မလား"

ထုန်ရန့်ကပြောလိုက်သည် "သိပါတယ် သိပါတယ်"

"ခွေးကောင်လေး" ထုန်ရန်းက ရှုံ့မဲ့ကာပြောလိုက်သည်။ "ငါ ဒီနေ့လည်အပြင်သွားစရာရှိတယ်၊ စောစောပြန်ရောက်မှာမဟုတ်ဘူး၊ ထမင်းစားထားနှင့်လိုက်…ပြီးတော့ ပစ္စည်းတွေကြိုသိမ်းထားဦး မနက်ဖြန် လိုက်ပို့ပေးမယ်"

"ဘယ်ကိုပို့မှာလဲ"ထုန်ရန့်ပြောလိုက်သည်။
"ကျောင်းက တနင်္လာနေ့မှ မှ ဖွင့်မှာလေ"

ထုန်ရန်းက နောက်လှည့်ကာ အပြင်ထွက်ရန်အတွက် ခြေလှမ်းအနည်းငယ်တောင်လှမ်းပြီးနေပြီဖြစ်သော်လည်း ထိုစကားကြားပြီးနောက် ပြန်လှည့်လာကာ ထုန်ရန့်ကို ခပ်ဖျော့ဖျော့ပြုံးပြပြီး သူ့အနားသို့ခေါ်လိုက်သည်။
"ဒီကိုလာ"

"ဘာလို့လာရမှာလဲ" ထုန်ရန့်က သေချာပေါက်ကို သူ့စကားနားမထောင်ပေ။

"မင်းကိုလာလို့ပြောနေတယ်လေ" ထုန်ရန်းကအော်လိုက်သည်။

"ဘာကိစ္စအော်နေတာလဲ" ထုန်ရန့်ကလဲ ပြန်အော်လိုက်သည်။ သို့သော် ခြေလှမ်းများက ရှေ့သို့ အနည်းငယ်တိုးသွားသည်။
"ဘာကိစ္စအနားလာခိုင်းတာတုန်း"

ထုန်ရန်းက သူ့ကိုငုံ့ကြည့်ကာ ခပ်ပြုံးပြုံးဖြင့မေးလာသည်။
"မနေ့ညက မင်းငါ့ကိုဘာပြောထားလဲ"

ထုန်ရန်းက အခုလိုမျိုး ဒေါသထွက်လိုက် ပြုံးပြလိုက်ဖြစ်နေသည်ကိုမြင်သောအခါ ထုန်ရန်းတစ်ယောက် သူ့အစ်ကို ရူးများသွားသလားဟုပင် တွေးမိပေသည်။ သို့​သော်လည်း သူတို့နှစ်ယောက်မှာနီးကပ်စွာရပ်နေကြသည်ဖြစ်သောကြောင့် အစ်ကိုဖြစ်သူကို မင်းရူးများသွားသလားဟု မပြောရဲပေ။ စိတ်ထဲမှသာ ကျိန်ဆဲလိုက်သည်။

"…ပွေ့ဖက်တာက ယာယီအမှတ်မဟုတ်ဘူး…ဟုတ်လား" သူ့စကားကို ပြန်ပြောပြပြီးနောက် ထုန်ရန်းကပြောသည်။
"ကံကောင်းထောက်မလို့ မနေ့ကဘာဖြစ်ခဲ့လဲဆိုတာကို သိချင်လို့ ငါဒီမနက် ကျိုးရှန့်မင်ကို ဖုန်းခေါ်ခဲ့တယ်၊ မင်းဦးနှောက်ရောရှိသေးရဲ့လား"

ထုန်ရန့်တစ်ယောက် ဆွံ့အသွားသည်။
"ဘာလို့သူ့ကို ဖုန်းသွားခေါ်တာလဲ"

"လာနောက်နေတာလား? တူတူနေတာရက်အနည်းငယ်ပဲရှိသေးတယ် သူကမင်းကို ယာယီအမှတ်တောင် ပေးရဲနေပြီ၊ ငါကဘာလို့ သူ့ကို မစောင့်ကြည့်ရမှာလဲ"
ထုန်ရန်းက ထိုစကားပြောရင်းဖြင့် သူ့ပုံစံမှာ တစ်ခါထပ်၍ ဒေါသထွက်တော့မလို ရယ်တော့မလိုပုံစံဖြစ်သွားပြန်သည်။ "မင်း ဇီဝဗေဒဘာသာ မသင်ဖူးဘူးလား ဟမ်"

ယာယီအမှတ်ဆိုသည်မှာ ယာယီဟု အမည်ရှိသည့်အတိုင်း တကယ့် အမှတ်အစစ်အမှန်နှင့် ယှဉ်လျှင် ထိတွေ့ရင်းနှိီးမှုက တော်တော်လေးကို တိမ်ပါးသည်။ သို့သော်လည်း လက်ရှိ ထုန်ရန့်အတွက် ထိုမျှတိမ်ပါးမှုကပင် အနည်းငယ် လွန်ကြူးသယောင်ရှိသည်။

သူတို့မိသားစုက သူ့ညီကို ကျိုးရှန့်မင်ထံပို့ခြင်းက ကျိုးရှန့်မင်တို့လုပ်ငန်းစုနှင့် စီးပွားရေးအရရင်းနှီးနေသောကြောင့် စီးပွားရေးတွဲဖက်အဖြစ်လုပ်ကိုင်ရန်အကြောင်းပြချက်ကိုအခြေခံ၍ ထုန်ရန့်၏ရောဂါကို သက်သာစေရန် လူသားခြင်းစာနာမှုဖြင့် ကူညီရန်တောင်းဆိုထားခြင်းဖြစ်ကြောင်း ထုန်ရန့်သိပါသည်။  ထုန်ရန့်ကို ကျိုးရှန့်မင်နှင့် ပက်သက်၍ စနောက်ခြင်းကို သူသဘောကျနှစ်သက်သော်လည်း အတွင်းစိတ်မှာတော့ ဤမင်္ဂလာပွဲနှင့်ပက်သက်၍အလွန်ရှင်းပါသည်။ ထုန်ရန့်က အခုမှ ၁၈နှစ်သာရှိသေးသည်။ ထို့အပြင် မရင့်ကျက်သေးသော ကျောင်းသားလေးတစ်ယောက်အပြင်မပို။ ကျိုးရှန့်မင်ကမူ  ၂၇နှစ်ရှိပြီဖြစ်ငေသာ အမျိုးသားတစ်ယောက်၊ သူ့တွင် ဘဝနှင့ပက်သက်ပြီး အတွေ့အကြုံအများကြီးရှိသည်ဟုပြောလျှင် အပိုချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ ဆေးစစ်ချက်ရလဒ်များအရ အခြေအနေကောင်းနေသော်လည်း အကယ်၍ စိတ်ထိခိုက်စရာတစ်ခုခုဖြစ်လာလျှင် ထုန်ရန့်ပဲ ထိခိုက်မည်မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ ထုန်ရန့်နှင့် ကျိုးရှန့်မင်ကြားတွင် လေးနက်သောကိစ္စတစ်ခုခု ရှိလိမ့်မည်ဟု ထုန်ရန်းတစ်ခါမှမတွေးဖူးပါ။ ဖြစ်မှမဖြစ်နိုင်ပဲလေဟုတွေးထားသောကြောင့်ဖြစ်သည်။ သို့သော်လည်း ရက်အနည်းငယ်အတွင်းမှာပင်ဘာဖြစ်သွားသလဲ၊ သေချာတောင်မသိသေးသည့်လူတစ်ယောက်က ယာယီအမှတ်တောင်ပေးပြီးသွားပြီလေ။ အနည်းငယ် မလွန်ပေဘူးလား။ ထုန်ရန်းက တစ်ယောက်ယောက်က ထုန်ရန်းကို ကစားနေမည့်အဖြစ်ကို လွှတ်ပေးထားရမည်လား။

သူကထုန်ရန့်ထက် အသက်အများကြီးမကြီးပါ။ ထို့အပြင် သူတို့အမေ ရုတ်တရက် အပြင်းဖျား၍ဆုံးသွားသောအခါ ထုန်ရန့်မှာ မိသားစုထဲရှိ တစ်ဦးတည်းသော omegaဖြစ်လာပေသည်။ ညီအစ်ကိုနှစ်ယောက် ဘယ်လောက်ပဲရင်းနှီးသည်ဟုဆိုပါစေ၊ သူ့တို့ကြားတွင် အနည်းငယ် အကွာအဝေးတော့ရှိမြဲပင်ဖြစ်သည်။ အလွန်အကြူးကာကွယ်နေခြင်းတော့မဟုတ်ပါ။

သို့သော် အပြင်လူတစ်ယောက်က ထုန်ရန့်ကို အနိုင်ကျင့်နေလျှင်တော့ သူသည်းခံမည်မဟုတ်ပေ။

သို့သော်လည်း ကျိုးရှန့်မင်၏ အကျင့်စရိုက်ကို နားလည်နေသောသူတစ်ယောက်ဖြစ်သဖြင့် ဘာမှမလုပ်ခင် ကျိုးရှန့်မင်ထံသို့ ဖုန်းဆက်၍ အကျိုးအကြောင်းမေးမြန်းရန်ဆုံးဖြတ်လိုက်သည်။ အချင်းချင်း ဟိုဟိုဒီဒီ စကားဖလှယ်ကြပြီးနောက် ကျိုးရှန့်မင်က ထုန်ရန့်၏ ဆေးစစ်ချက်ရလဒ် အခြေအနေဘယ်လိုရှိကြောင်းလဲ မေးလာသည်။

ထို့နောက်တွင် ဆေးရုံသို့ ​ဘေးတွင်အဖော်ပြုပေးမည့် alpha တစ်ယောက်မပါပဲ ဆေးရုံသို့သွားရတာ ထုန်ရန့်အဆင်မပြေဖြစ်မည်ကို စိုးရိမ်သောကြောင့် မသက်မသာမဖြစ်စေရန်အတွက် alpha pheromoneများကိုသည်းခံနိုင်စေရန် ယခင်ကထက် အနည်းငယ် ပို၍ကြာကြာပွေ့ဖက်ခဲ့ကြောင်းကို ကျိုးရှန့်မင်က ဆက်ပြောပြသည်။

ထိုအကြောင်းကို ကြားပြီးနောက် ထုန်ရန်းတစ်ယောက်စိတ်သက်သာရာရသွားသည်။ တော်သေးတာပေါ့ သူ့ကိုယ်သူအရှက်ရစေတော့မလို့။

"အဲ့ဒါက အချိန်ဇယားပဲလေ အခုကစပြီး ကျောင်းပိတ်ရက်တွေဆို အိမ်လာနေ၊ တနင်္ဂနွေနေ့ဆို ကျိုးရှန့်မင်တို့အိမ်ကိုပြန်သွား၊ နောက်အပတ်မှ ပြန်လာ" ပြောပြီးနောက် ထုန်ရန်းအပြင်သွားရန် လှည့်ထွက်လာခဲ့သည်။
"ခွေးကောင်လေး"

-
အိုး ဒါဆို အဲ့ဒါက ယာယီအမှတ်မဟုတ်ဘူးပေါ့။

ထိုအချိန်အတွင်း ထုန်ရန့်တစ်ယောက် သူ ကျိုးရှန့်မင်၏ ဂုဏ်သိက္ခာကို ပျက်ပြားစေမိတော့မလို့ဟူသည့် အတွေးဝင်လာကာ ကျိုးရှန့်မင်အိမ်သို့ ပြန်ရန်ပင် မဝံ့မရဲဖြစ်လာသည်။

လက်ရှိတွင် ကျိုးရှန့်မင်က ထုန်ရန့်အတွက် သူစိမ်းတစ်ယောက်မဟုတ်တော့ပါ။ သို့သော် လက်တွဲဖော်လည်း မဟုတ်သေးချေ။ သူ့ကို အစ်ကိုဟု ခေါ်သော်လည်း သွေးသားတော်စပ်မှုကလည်းမရှိ။ ဖြစ်နိုင်တာက သူ့ကို ထုန်ရန့်၏ သူငယ်ချင်းလို့ သက်မှတ်ရမလား…။ ဒါပေမဲ့ ဘယ်လို သူငယ်ချင်းအဆင့်မျိုးလဲ။

ဘယ်သူမှတော့ ကျောင်းဖွင့်ရက်များတွင် သူငယ်ချင်းအိမ်၌နေကြမည်မဟုတ်။ ထို့အပြင် နှစ်ဦးကြားရှိ အသက်အရွယ်ကွာခြားချက်ရှိရုံသာမက ကျိုးရှန့်မင်က သူ့ထက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပို၍ရင့်ကျက်သည်။ ထုန်ရန့်အနေဖြင့် သူ့ကို ပုံမှန်ဘော်ဒါတစ်ယောက်လို ဆက်ဆံနိုင်ရန် လမ်းမမြင်ပေ။
မနေ့က သူတို့နှစ်ယောက် အိမ်ပြန်လမ်းခွဲခဲ့ကြတော့ ကျိုးရှန့်မင်က လူကောင်းတစ်ယောက်ဆိုတာ သူခံစားမိသည်။ သို့သော်လည်း ဒီနေ့ အိမ်ကနေမပြန်ချင်သေးပင်။ ခံစားချက်နှစ်ခုက ရှုပ်ထွေးလျက်။

ညနေပိုင်းတွင် ကျိုးရှန့်မင်က သူ့ကိုဖုန်းခေါ်၍ ဆေးရုံမှာ အဆင်ပြေခဲ့ရဲ့လား အကျိုးအကြောင်းမေးသည်။ ထုန်ရန့်က စိတ်ရှုပ်ထွေးနေသေးသောကြောင့် စကားသိပ်မပြောပေ။

"မနက်ဖြန် မင်းအစ်ကိုက ပြန်လာပို့ပေးမယ်ဆို၊ ဘယ်အချိန်လဲသိလား" ကျိုးရှန့်မင်ကမေးလိုက်သည်။

ထုန်ရန့်: "ကျွန်တော် မသိဘူး၊ သူမပြောသွားဘူး"

"ညပိုင်းပဲဖြစ်မယ်ထင်တယ်၊ သူက နေ့ပိုင်းမအားဘူး" လိမ္မာသောပုံပေါက်ရန်ကြိုးစားရင်း ထုန်ရန့် ဆက်ပြောလိုက်သည်။

"ကောင်းပါပြီ" ကျိုးရှန့်မင်က ပြောလိုက်သည်။
"ကိုယ်လည်း မနက်ဖြန်မနက် တစ်ယောက်ယောက်နဲ့တွေ့စရာရှိတယ်၊ ဒီညတော့ စောစောအိပ်တော့လေ။ နေ့လည်ကျရင် ကိုယ်လာခေါ်မယ်"။
-----------
T/N -  ထုန်ရန်းက protective brotherပါပဲ😹

•°•°•°•°•°•°•°•°•°•°•°•°•°•

(Zawgyi)

စေနေန့ မနက္ခင္းတြင္  ေဆးရံုက ထုန္ရန႔္ကို ဖုန္းဆက္ကာ ေဆးစစ္ခ်က္လာယူရန္ သတိေပးသည္။

သူက်ိဳးရွန႔္မင္နဲ႔ အတူေနၿပီး pheromone sensitiveျဖစ္မႈကို ေလ်ာ့ခ်တဲ့ ကုသမႈခံယူေနတာ လဝက္ေတာင္ေက်ာ္ၿပီေလ။ ဒီလဝက္အတြင္း သူဘယ္ေလာက္ထိ က်န္းမာေရးပိုေကာင္းလာသလဲဆိုတာ ေဆးစစ္ခ်က္ေပၚတြင္မူတည္ေနသည္။ ထို႔အျပင္ တနလၤာေန့ ေက်ာင္းတတ္ေသာအခါ ေက်ာင္းကိုတင္ျပရန္ ဆရာဝန္ေထာက္ခံခ်က္လည္းလိုေသးသည္။ ေနာက္ဆံုးတြင္ေတာ့ ဒါက သူ႔ေရာဂါကိုကုသဖို႔ လက္ထပ္ရန္ဆံုးျဖတ္ခ်က္ အျခားေသာ အစိတ္အပိုင္းတစ္ခုပင္ျဖစ္သည္။

ထုန္ရန္းကမူ မၾကာေသးခင္ကမွ အလုပ္ခရီးတစ္ခုမွ ျပန္ေရာက္ျခင္းျဖစ္ရာ ရက္ပိုင္းအတြင္း ဘာမွသိပ္လုပ္စရာမရိွပဲ ဤပိတ္ရက္မ်ားတြင္ အိမ္၌သာကပ္ေနေလသည္။ ေဆးရံုသြားရန္ ထုန္ရန္း၏အကူအညီကို ထုန္ရန႔္ေသခ်ာေပါက္မလိုအပ္ေသာ္လည္း သူကလိုက္ပို႔မည္ဆိုေသာေၾကာင့္ ညီအစ္ကိုႏွစ္ေယာက္အတူထြက္လာခဲ့ၾကသည္။

ေဆးစစ္ခ်က္ရလဒ္က ထင္ထားသၫ့္အတိုင္းပင္ျဖစ္သည္။ ထုန္ရန႔္ခံစားေနရေသာ pheromoneမ်ားသို႔တုန႔္ျပန္ႏိုင္စြမ္းျပင္းထန္သၫ့္ေရာဂါမွာ တုန႔္ျပန္မႈအလြန္ျပင္းထန္သၫ့္အဆင့္မွ  Class Bအဆင့္ထိ က်ဆင္းသြားသည္။ ဆရာဝန္က သူ႔အား ေက်ာင္းတတ္ႏိုင္ေၾကာင္းေထာက္ခံသၫ့္ ေထာက္ခံစာတစ္ေစာင္လည္းေရးေပးလိုက္းသည္။ သို႔ေသာ္လည္း သာမန္ေက်ာင္းသားမ်ားကဲ့သို႔မဟုတ္ပဲ ထိခိုက္လြယ္ေသာ ေက်ာင္းသားတစ္ေယာက္အျဖစ္သာျဖစ္သည္။ လံုးဝမေပ်ာက္ကင္းခင္အခ်ိန္အထိ သူ႔လံုႃခံုေရးႏွင့္ ေနွာင့္ယွက္ခံရမႈကင္းေဝးေစရန္အတြက္ ေက်ာင္းကဲ့သို႔ လူအမ်ားသြားလာၾကေသာေနရာမ်ားသို႔ထြက္ေသာအခါ သတိေပးကဒ္တစ္ခုကိုဝတ္ဆင္ရန္လည္းလိုအပ္ေပသည္။

ဆရာဝန္ႏွင့္ေတြ့ၿပီးေနာက္ ႏွစ္ဦးသား ေဆးရံုမွ ထြက္လာၾကသည္။ ထုန္ရန္းက ဖိုင္ထဲရိွ စာရြက္အခ်ိဳ႕ကိုလွန္ၾကၫ့္ေနသည္။ ညီျဖစ္သူအတြက္လည္း အလြန္ေပ်ာ္ေနကာ မထိန္းလိုက္ႏိုင္ပဲ ေျပာလိုက္မိသည္။
"အားလံုးၿပီးဆံုးေတာ့မယ္ ငါ့ညီကေလးေလး။ ဒီလက္ထပ္ပဲြက လံုးဝအက်ိဳးမရိွတာေတာ့မဟုတ္ဘူးပဲ"

ထုန္ရန႔္ စကားျပန္ေျပာသည္ကိုမေစာင့္ပဲ ထုန္ရန္းတစ္ေယာက္ လက္ၿမွောက္လိုက္ကာ ထုန္ရန႔္၏ ေခါင္းကို ခပ္ျပင္းျပင္းဖြကာေျပာလိုက္သည္။
"ဒီေန့ ေဆးရံုမွာ ဆရာဝန္ေရ႔ွမွာလဲ အရမ္းကို ေကာင္းေကာင္းေနျပခဲ့တာပဲ"

ထုန္ရန္း၏လုပ္ရပ္ေၾကာင့္ ထုန္ရန႔္တစ္ေယာက္ အနည္းငယ္ ေဒါသထြက္သြားကာ ေခါင္းေပၚရိွလက္ကို ဖယ္ရန္ႀကိဳးစားေတာ့သည္။ သို႔ေသာ္လည္း ထုန္ရန႔္တစ္ေယာက္ မလြတ္ေျမာက္ႏိုင္ပဲ သူ႔၏လက္မ်ားမွာ ထုန္ရန္း၏ ထိန္းခ်ဳပ္မႈခံလိုက္ရၿပီး ဆရာဝန္ေပးလိုက္ေသာ လက္မွတ္စာရြက္ကို သူ႔လည္ပင္းတြင္ ခ်ိတ္ဆဲြေပးေလသည္။

ထိုသတိေပးကဒ္မ်ိဳးသည္ မရွားပါ။ ေက်ာင္စမ်ားတြင္ အမ်ားဆံုးေတြ့ရသည္။ ၄ကို အလုပ္ခြင္ ျဖတ္သန္းကဒ္ကို အတုယူ၍ျပဳလုပ္ထားျခင္းပင္ျဖစ္သည္။ သို႔ေသာ္လည္း ေဘာင္ကေတာ့ အနီေရာင္ျဖစ္၏။ ညဘက္တြင္လည္း အလင္းေရာင္ေအာက္တြင္ အလင္းျပန္ေပသည္။ ထိုကဒ္ေပၚတြင္ "ထိခိုက္လြယ္သၫ့္ ပုဂၢိုလ္" ဟုေရးထားသည္။ အနီးနားရိွ alphaမ်ားက ထိုကဒ္ဆဲြထားေသာသူအနားေရာက္လ်ွင္ မိမိတို႔၏ alpha pheromoneမ်ားကို ထိန္းခ်ဳပ္ႏိုင္ေစရန္ရည္ရြယ္သည္။

ထုန္ရန႔္က အစ္ကိုျဖစ္သူႏွင့္ ဆက္မေဆာ့ေတာ့ပဲ ထိုလက္မွတ္ကို အေပၚထပ္ အက်ႌပါးပါး၏ အိတ္ကပ္ထဲတြင္ထၫ့္ထားလိုက္သည္။ ဒီတစ္ခါေတာ့ ထုန္ရန္းက သူ႔ကိုမေနွာင့္ယွက္ေတာ့ေပ။အိမ္ျပန္ေရာက္ေသာအခါ ထုန္ရန႔္က သူ႔အိပ္ခန္းသို႔ ဦးတည္ေနစဉ္ ထုန္ရန္းကတားလိုက္ကာ အတည္ေပါက္ေျပာလိုက္သည္။
"ေက်ာင္းမွာ​ေတာ့ အဲ့ကဒ္ကို ဖြက္ထားလို႔မရဘူးေနာ္၊ ဝတ္ရမွာေနာ္ သိတယ္မလား"

ထုန္ရန႔္ကေျပာလိုက္သည္ "သိပါတယ္ သိပါတယ္"

"ေခြးေကာင္ေလး" ထုန္ရန္းက ရႈံ႔မဲ့ကာေျပာလိုက္သည္။ "ငါ ဒီေန့လည္အျပင္သြားစရာရိွတယ္၊ ေစာေစာျပန္ေရာက္မွာမဟုတ္ဘူး၊ ထမင္းစားထားႏွင့္လိုက္…ၿပီးေတာ့ ပစၥည္းေတြႀကိဳသိမ္းထားဦး မနက္ျဖန္ လိုက္ပို႔ေပးမယ္"

"ဘယ္ကိုပို႔မွာလဲ"ထုန္ရန႔္ေျပာလိုက္သည္။
"ေက်ာင္းက တနလၤာေန့မွ မွ ဖြင့္မွာေလ"

ထုန္ရန္းက ေနာက္လွၫ့္ကာ အျပင္ထြက္ရန္အတြက္ ေျခလွမ္းအနည္းငယ္ေတာင္လွမ္းၿပီးေနၿပီျဖစ္ေသာ္လည္း ထိုစကားၾကားၿပီးေနာက္ ျပန္လွၫ့္လာကာ ထုန္ရန႔္ကို ခပ္ေဖ်ာ့ေဖ်ာ့ႃပံုးျပၿပီး သူ႔အနားသို႔ေခၚလိုက္သည္။
"ဒီကိုလာ"

"ဘာလို႔လာရမွာလဲ" ထုန္ရန႔္က ေသခ်ာေပါက္ကို သူ႔စကားနားမေထာင္ေပ။

"မင္းကိုလာလို႔ေျပာေနတယ္ေလ" ထုန္ရန္းကေအာ္လိုက္သည္။

"ဘာကိစၥေအာ္ေနတာလဲ" ထုန္ရန႔္ကလဲ ျပန္ေအာ္လိုက္သည္။ သို႔ေသာ္ ေျခလွမ္းမ်ားက ေရ႔ွသို႔ အနည္းငယ္တိုးသြားသည္။
"ဘာကိစၥအနားလာခိုင္းတာတုန္း"

ထုန္ရန္းက သူ႔ကိုငံု႔ၾကၫ့္ကာ ခပ္ႃပံုးႃပံုးျဖင့ေမးလာသည္။
"မေန့ညက မင္းငါ့ကိုဘာေျပာထားလဲ"

ထုန္ရန္းက အခုလိုမ်ိဳး ေဒါသထြက္လိုက္ ႃပံုးျပလိုက္ျဖစ္ေနသည္ကိုျမင္ေသာအခါ ထုန္ရန္းတစ္ေယာက္ သူ႔အစ္ကို ရူးမ်ားသြားသလားဟုပင္ ေတြးမိေပသည္။ သို႔​ေသာ္လည္း သူတို႔ႏွစ္ေယာက္မွာနီးကပ္စြာရပ္ေနၾကသည္ျဖစ္ေသာေၾကာင့္ အစ္ကိုျဖစ္သူကို မင္းရူးမ်ားသြားသလားဟု မေျပာရဲေပ။ စိတ္ထဲမွသာ က်ိန္ဆဲလိုက္သည္။

"…ေပြ့ဖက္တာက ယာယီအမွတ္မဟုတ္ဘူး…ဟုတ္လား" သူ႔စကားကို ျပန္ေျပာျပၿပီးေနာက္ ထုန္ရန္းကေျပာသည္။
"ကံေကာင္းေထာက္မလို႔ မေန့ကဘာျဖစ္ခဲ့လဲဆိုတာကို သိခ်င္လို႔ ငါဒီမနက္ က်ိဳးရွန႔္မင္ကို ဖုန္းေခၚခဲ့တယ္၊ မင္းဦးေနွာက္ေရာရိွေသးရဲ့လား"

ထုန္ရန႔္တစ္ေယာက္ ဆြံ႔အသြားသည္။
"ဘာလို႔သူ႔ကို ဖုန္းသြားေခၚတာလဲ"

"လာေနာက္ေနတာလား? တူတူေနတာရက္အနည္းငယ္ပဲရိွေသးတယ္ သူကမင္းကို ယာယီအမွတ္ေတာင္ ေပးရဲေနၿပီ၊ ငါကဘာလို႔ သူ႔ကို မေစာင့္ၾကၫ့္ရမွာလဲ"
ထုန္ရန္းက ထိုစကားေျပာရင္းျဖင့္ သူ႔ပံုစံမွာ တစ္ခါထပ္၍ ေဒါသထြက္ေတာ့မလို ရယ္ေတာ့မလိုပံုစံျဖစ္သြားျပန္သည္။ "မင္း ဇီဝေဗဒဘာသာ မသင္ဖူးဘူးလား ဟမ္"

ယာယီအမွတ္ဆိုသည္မွာ ယာယီဟု အမည္ရိွသၫ့္အတိုင္း တကယ့္ အမွတ္အစစ္အမွန္ႏွင့္ ယွဉ္လ်ွင္ ထိေတြ့ရင္းႏိွီးမႈက ေတာ္ေတာ္ေလးကို တိမ္ပါးသည္။ သို႔ေသာ္လည္း လက္ရိွ ထုန္ရန႔္အတြက္ ထိုမ်ွတိမ္ပါးမႈကပင္ အနည္းငယ္ လြန္ၾကဴးသေယာင္ရိွသည္။

သူတို႔မိသားစုက သူ႔ညီကို က်ိဳးရွန႔္မင္ထံပို႔ျခင္းက က်ိဳးရွန႔္မင္တို႔လုပ္ငန္းစုႏွင့္ စီးပြားေရးအရရင္းႏွီးေနေသာေၾကာင့္ စီးပြားေရးတဲြဖက္အျဖစ္လုပ္ကိုင္ရန္အေၾကာင္းျပခ်က္ကိုအေျခခံ၍ ထုန္ရန႔္၏ေရာဂါကို သက္သာေစရန္ လူသားျခင္းစာနာမႈျဖင့္ ကူညီရန္ေတာင္းဆိုထားျခင္းျဖစ္ေၾကာင္း ထုန္ရန႔္သိပါသည္။  ထုန္ရန႔္ကို က်ိဳးရွန႔္မင္ႏွင့္ ပက္သက္၍ စေနာက္ျခင္းကို သူသေဘာက်ႏွစ္သက္ေသာ္လည္း အတြင္းစိတ္မွာေတာ့ ဤမဂၤလာပဲြႏွင့္ပက္သက္၍အလြန္ရွင္းပါသည္။ ထုန္ရန႔္က အခုမွ ၁၈ႏွစ္သာရိွေသးသည္။ ထို႔အျပင္ မရင့္က်က္ေသးေသာ ေက်ာင္းသားေလးတစ္ေယာက္အျပင္မပို။ က်ိဳးရွန႔္မင္ကမူ  ၂၇ႏွစ္ရိွၿပီျဖစ္ေငသာ အမ်ိဳးသားတစ္ေယာက္၊ သူ႔တြင္ ဘဝႏွင့ပက္သက္ၿပီး အေတြ့အႄကံုအမ်ားႀကီးရိွသည္ဟုေျပာလ်ွင္ အပိုခ်ဲ႔ကားေျပာဆိုျခင္းမဟုတ္ေပ။ ေဆးစစ္ခ်က္ရလဒ္မ်ားအရ အေျခအေနေကာင္းေနေသာ္လည္း အကယ္၍ စိတ္ထိခိုက္စရာတစ္ခုခုျဖစ္လာလ်ွင္ ထုန္ရန႔္ပဲ ထိခိုက္မည္မဟုတ္ပါလား။

မည္သို႔ပင္ျဖစ္ေစ ထုန္ရန႔္ႏွင့္ က်ိဳးရွန႔္မင္ၾကားတြင္ ေလးနက္ေသာကိစၥတစ္ခုခု ရိွလိမ့္မည္ဟု ထုန္ရန္းတစ္ခါမွမေတြးဖူးပါ။ ျဖစ္မွမျဖစ္ႏိုင္ပဲေလဟုေတြးထားေသာေၾကာင့္ျဖစ္သည္။ သို႔ေသာ္လည္း ရက္အနည္းငယ္အတြင္းမွာပင္ဘာျဖစ္သြားသလဲ၊ ေသခ်ာေတာင္မသိေသးသၫ့္လူတစ္ေယာက္က ယာယီအမွတ္ေတာင္ေပးၿပီးသြားၿပီေလ။ အနည္းငယ္ မလြန္ေပဘူးလား။ ထုန္ရန္းက တစ္ေယာက္ေယာက္က ထုန္ရန္းကို ကစားေနမၫ့္အျဖစ္ကို လႊတ္ေပးထားရမည္လား။

သူကထုန္ရန႔္ထက္ အသက္အမ်ားႀကီးမႀကီးပါ။ ထို႔အျပင္ သူတို႔အေမ ရုတ္တရက္ အျပင္းဖ်ား၍ဆံုးသြားေသာအခါ ထုန္ရန႔္မွာ မိသားစုထဲရိွ တစ္ဦးတည္းေသာ omegaျဖစ္လာေပသည္။ ညီအစ္ကိုႏွစ္ေယာက္ ဘယ္ေလာက္ပဲရင္းႏွီးသည္ဟုဆိုပါေစ၊ သူ႔တို႔ၾကားတြင္ အနည္းငယ္ အကြာအေဝးေတာ့ရိွၿမဲပင္ျဖစ္သည္။ အလြန္အၾကဴးကာကြယ္ေနျခင္းေတာ့မဟုတ္ပါ။

သို႔ေသာ္ အျပင္လူတစ္ေယာက္က ထုန္ရန႔္ကို အႏိုင္က်င့္ေနလ်ွင္ေတာ့ သူသည္းခံမည္မဟုတ္ေပ။

သို႔ေသာ္လည္း က်ိဳးရွန႔္မင္၏ အက်င့္စရိုက္ကို နားလည္ေနေသာသူတစ္ေယာက္ျဖစ္သျဖင့္ ဘာမွမလုပ္ခင္ က်ိဳးရွန႔္မင္ထံသို႔ ဖုန္းဆက္၍ အက်ိဳးအေၾကာင္းေမးျမန္းရန္ဆံုးျဖတ္လိုက္သည္။ အခ်င္းခ်င္း ဟိုဟိုဒီဒီ စကားဖလွယ္ၾကၿပီးေနာက္ က်ိဳးရွန႔္မင္က ထုန္ရန႔္၏ ေဆးစစ္ခ်က္ရလဒ္ အေျခအေနဘယ္လိုရိွေၾကာင္းလဲ ေမးလာသည္။

ထို႔ေနာက္တြင္ ေဆးရံုသို႔ ​ေဘးတြင္အေဖာ္ျပဳေပးမၫ့္ alpha တစ္ေယာက္မပါပဲ ေဆးရံုသို႔သြားရတာ ထုန္ရန႔္အဆင္မေျပျဖစ္မည္ကို စိုးရိမ္ေသာေၾကာင့္ မသက္မသာမျဖစ္ေစရန္အတြက္ alpha pheromoneမ်ားကိုသည္းခံႏိုင္ေစရန္ ယခင္ကထက္ အနည္းငယ္ ပို၍ၾကာၾကာေပြ့ဖက္ခဲ့ေၾကာင္းကို က်ိဳးရွန႔္မင္က ဆက္ေျပာျပသည္။

ထိုအေၾကာင္းကို ၾကားၿပီးေနာက္ ထုန္ရန္းတစ္ေယာက္စိတ္သက္သာရာရသြားသည္။ ေတာ္ေသးတာေပါ့ သူ႔ကိုယ္သူအရွက္ရေစေတာ့မလို႔။

"အဲ့ဒါက အခ်ိန္ဇယားပဲေလ အခုကစၿပီး ေက်ာင္းပိတ္ရက္ေတြဆို အိမ္လာေန၊ တနဂၤေနြေန့ဆို က်ိဳးရွန႔္မင္တို႔အိမ္ကိုျပန္သြား၊ ေနာက္အပတ္မွ ျပန္လာ" ေျပာၿပီးေနာက္ ထုန္ရန္းအျပင္သြားရန္ လွၫ့္ထြက္လာခဲ့သည္။
"ေခြးေကာင္ေလး"

-
အိုး ဒါဆို အဲ့ဒါက ယာယီအမွတ္မဟုတ္ဘူးေပါ့။

ထိုအခ်ိန္အတြင္း ထုန္ရန႔္တစ္ေယာက္ သူ က်ိဳးရွန႔္မင္၏ ဂုဏ္သိကၡာကို ပ်က္ျပားေစမိေတာ့မလို႔ဟူသၫ့္ အေတြးဝင္လာကာ က်ိဳးရွန႔္မင္အိမ္သို႔ ျပန္ရန္ပင္ မဝံ့မရဲျဖစ္လာသည္။

လက္ရိွတြင္ က်ိဳးရွန႔္မင္က ထုန္ရန႔္အတြက္ သူစိမ္းတစ္ေယာက္မဟုတ္ေတာ့ပါ။ သို႔ေသာ္ လက္တဲြေဖာ္လည္း မဟုတ္ေသးေခ်။ သူ႔ကို အစ္ကိုဟု ေခၚေသာ္လည္း ေသြးသားေတာ္စပ္မႈကလည္းမရိွ။ ျဖစ္ႏိုင္တာက သူ႔ကို ထုန္ရန႔္၏ သူငယ္ခ်င္းလို႔ သက္မွတ္ရမလား…။ ဒါေပမဲ့ ဘယ္လို သူငယ္ခ်င္းအဆင့္မ်ိဳးလဲ။

ဘယ္သူမွေတာ့ ေက်ာင္းဖြင့္ရက္မ်ားတြင္ သူငယ္ခ်င္းအိမ္၌ေနၾကမည္မဟုတ္။ ထို႔အျပင္ ႏွစ္ဦးၾကားရိွ အသက္အရြယ္ကြာျခားခ်က္ရိွရံုသာမက က်ိဳးရွန႔္မင္က သူ႔ထက္ ရုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ ပို၍ရင့္က်က္သည္။ ထုန္ရန႔္အေနျဖင့္ သူ႔ကို ပံုမွန္ေဘာ္ဒါတစ္ေယာက္လို ဆက္ဆံႏိုင္ရန္ လမ္းမျမင္ေပ။
မေန့က သူတို႔ႏွစ္ေယာက္ အိမ္ျပန္လမ္းခဲြခဲ့ၾကေတာ့ က်ိဳးရွန႔္မင္က လူေကာင္းတစ္ေယာက္ဆိုတာ သူခံစားမိသည္။ သို႔ေသာ္လည္း ဒီေန့ အိမ္ကေနမျပန္ခ်င္ေသးပင္။ ခံစားခ်က္ႏွစ္ခုက ရႈပ္ေထြးလ်က္။

ညေနပိုင္းတြင္ က်ိဳးရွန႔္မင္က သူ႔ကိုဖုန္းေခၚ၍ ေဆးရံုမွာ အဆင္ေျပခဲ့ရဲ့လား အက်ိဳးအေၾကာင္းေမးသည္။ ထုန္ရန႔္က စိတ္ရႈပ္ေထြးေနေသးေသာေၾကာင့္ စကားသိပ္မေျပာေပ။

"မနက္ျဖန္ မင္းအစ္ကိုက ျပန္လာပို႔ေပးမယ္ဆို၊ ဘယ္အခ်ိန္လဲသိလား" က်ိဳးရွန႔္မင္ကေမးလိုက္သည္။

ထုန္ရန႔္: "ကၽြန္ေတာ္ မသိဘူး၊ သူမေျပာသြားဘူး"

"ညပိုင္းပဲျဖစ္မယ္ထင္တယ္၊ သူက ေန့ပိုင္းမအားဘူး" လိမၼာေသာပံုေပါက္ရန္ႀကိဳးစားရင္း ထုန္ရန႔္ ဆက္ေျပာလိုက္သည္။

"ေကာင္းပါၿပီ" က်ိဳးရွန႔္မင္က ေျပာလိုက္သည္။
"ကိုယ္လည္း မနက္ျဖန္မနက္ တစ္ေယာက္ေယာက္နဲ႔ေတြ့စရာရိွတယ္၊ ဒီညေတာ့ ေစာေစာအိပ္ေတာ့ေလ။ ေန့လည္က်ရင္ ကိုယ္လာေခၚမယ္"။
-----------
T/N -  ထုန္ရန္းက protective brotherပါပဲ😹

Continue Reading

You'll Also Like

722K 101K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
310K 33.5K 170
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
425K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1M 65.5K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင္ဒါသစ္ခြေတြကိုျမင္တိုင္း အတိတ္...