How to die as heavy as mount...

By OpalHawthorn28

242K 42.6K 1.1K

ဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ More

အခန်း(အခန်း1) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး
(အခန်း2) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး
(အခန်း3) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး
အခန်း (4) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး
အခန်း(5)တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး
အခန်း (6) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး
အခန်း (7) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး
အခန်း (8) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး
အခန်း (9) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး
အခန်း (10) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး
အခန်း (11) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး
အခန်း (12) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး
အခန်း(13) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှုးလေး
အခန်း(14) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှုးလေး
အခန်း(15) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှုးလေး
အခန်း(16) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှုးလေး
အခန်း (17)မာရှယ့်အကြောင်းလေ့လာမှု မှတ်စု
အခန်း(18)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(19)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(20)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(22)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(25)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(23)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(24)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(26)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(27)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(28)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(29)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(30.1)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(30.2)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(30.3)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(31)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(32)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(33)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(34)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(35)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(36)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(37.1)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(37.2)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(38)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်
အခန်း(39)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက် ကပ်ဘေးကိုကယ်တင်ခြင်း
အခန်း(40.1)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကို ကယ်တင်ခြင
အခန်း(40.2)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကို ကယ်တင်ခြင
အခန်း(41.1)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကိုကယ်တင်ခြင်
အခန်း(41.2)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကိုကယ်တင်ခြင်
အခန်း(42.1)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကိုကယ်တင်ခြင်
အခန်း(42.2)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကိုကယ်တင်ခြင်
အခန်း(43.1)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကိုကယ်တင်ခြင်
အခန်း(43.2)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကိုကယ်တင်ခြင်
အခန်း(44.1)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကိုကယ်တင်ခြင်
အခန်း(44.2)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကိုကယ်တင်ခြင်
အခန်း(45.1)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကိုကယ်တင်ခြင်
Ch (45.1)Zawgyi only
အခန်း(45.2)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကိုကယ်တင်ခြင်
အခန်း (46.1)
အခန်း(အခန်း46.2)
အခန်း (47.1)
အခန်း(အခန်း47.2)
အခန်း (48.1)
အခန်း (48.2)
အခန်း(49.1)
အခန်း(49.2)
အခန်း (50.1)
အခန်း (50.2)
အကြံဉာဏ်လေးများပေးသနားကြပါ
ဒီသူရဲကောင်းကြီးကို ရေဘဝဲမကြီးလို့သာပြောင်းခေါ်ကြပါတော့😅
အခန်း(51.1)
အခန်း (51.2)
အခန်း(52.1)
အခန်း(53.1)
အခန်း (53.2)
အခန်း (54.1)
အခန်း (54.2)
အခန်း (55)
အခန်း (56.1)
အခန်း (56.2)
အခန်း (58)သန့်ရှင်းသောအလင်းရောင်ကို ဖြန့်ကျက်ပေးသော ပုပ်ရဟန်းမင်းကြီး

အခန်း(21)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်

3K 616 10
By OpalHawthorn28

ရှင်းလင်းချက်:ချင်ခုန်ကျစ် ရဲ့ ဂိုဏ်းကိုဖျက်ဆီးပြီး ပိုင်လီ ကိုကယ်ဆယ်ပြီးနောက် လုဟန် ကို ဆွေရှင်း က ကောင်းကင်ဘုံအပစ်ပေးမိုးကြိုးနဲ့ လွတ်ရာဆီကို နေရာကူးပြောင်းခေါ်ဆောင်သွားခဲ့.....


နိုးထလာချိန်မှာ နောင်တရဖို့နောက်ကျလွန်းနေခဲ့ပြီဆိုတာ ချင်ခုန်ကျစ် တစ်ယောက်နားလည်ခဲ့ပေမယ့် ဒီခံစားချက်တွေကို ယာယီထိန်းချုပ်ထားလိုက်တယ်။

လုဟန် ကတော့ ဘယ်နေရာမှန်းမသိတဲ့နေရာတစ်ခုဆီကို ဆွေရှင်းရဲ့ ပို့ဆောင်ခြင်းကိုခံခဲ့ရပေမယ့် စက်ဆုပ်စရာအပစ်ပေးမိုးကြိုးကတော့ တောက်လျှောက်ကို လိုက်ပါလာဆဲပါ။ အနက်ရောင်တိမ်တွေက လေထုထဲမှာ နောက်တစ်ကြိမ်ပြန်လည်စုဝေးနေကျပါပြီ။

လုဟန် က သူထွက်ခွာလာစဉ်က ပိုင်လီ ရဲ့ မူမမှန်တဲ့အမူအရာကိုတွေးမိတဲ့အခါ သူ့ဝတ်ရုံထဲကို ရှာဖွေကြည့်လိုက်တယ်။ အနက်ရောင်သွေးကြောတွေပေါ်နေတဲ့ နတ်ဆိုးအမြူတေတစ်ခုကို ရှာတွေ့ခဲ့လေတယ်။ဒါက ထောင်ပေါင်းများစွာသောအသက်တွေကိုရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ ယုတ်မာတဲ့နတ်ဆိုးရဲ့အမြူတေပဲဖြစ်ပါတယ်။ကောင်းကင်ဘုံအပစ်ပေးမိုးကြိုး ရုတ်တရက်ပေါ်ထွက်လာပြီး လုဟန် နောက်ကိုတောက်လျှောက်လိုက်နေတာ အံ့သြစရာမဟုတ်တော့ပါဘူး။

လုဟန် ထိုနတ်ဆိုးအမြူအတေကို ပေါ့ပေါ့ပါးပါးဖိပွတ်လိုက်ပြီး အမှုန့်ချေပစ်လိုက်ပါတယ်။ကောင်းကင်ဘုံအပစ်ပေးမိုးကြိုး တိမ်တိုက်တွေက ပုံသဏ္ဍာန်ဖွဲ့စည်းပြီးနေပြီ ဖြစ်တာကြောင့် ရှောင်လွှဲလို့မရလောက်တော့ပါဘူး။မိုးကြိုးတိမ်တိုက်တွေက ပိုမိုသိပ်သည်းထူထပ်လာပြီး ခရမ်းရောင် မိုးကြိုးမျှင်တစ်ချို့ကိုတောင်ထုတ်လွှတ်နေပါပြီ။လုဟန် ရဲ့ ထွက်ပြေးဖို့ကြိုးပမ်းမှုကြောင့် ဒေါသတကြီးရုတ်တရက် ပစ်ချလိုက်တဲ့ မိုးကြိုးချက်က အတော်လေး ပြင်းထန်လှပါတယ်။

အပစ်ပေးမိုးကြိုး ၉၉ ချက်ကို လွတ်အောင်ရှောင်နိုင်တဲ့ နတ်ဆိုး တစ်ယောက်မှ မရှိပါဘူး။ ဒါကိုတွေးမိတဲ့အခါ လုဟန် ရဲ့ နှလုံးသားတစ်ခုလုံး ခါးသက်လာခဲ့တယ်။
ဆွေရှင်း ရဲ့ အစွမ်းကိုသုံးပြီး အပစ်ပေးမိုးကြိုးလက်ကနေ လွတ်အောင်ပြေးခဲ့ခြင်းက ဒီလိုမျိုးအကျိုးဆက်ဖြစ်လာမယ်လို့ လုဟန် ထင်မထားခဲ့ပါဘူး။အပစ်ပေးမိုးကြိုးတွေ တစ်စင်းပြီး တစ်စင်း ဆက်လက်ကျဆင်းလာနေပါတယ်။ အချက် 70 လောက်မှာတော့ လုဟန် ပုံစံကအတော်လေး သနားစရာကောင်းနေပါပြီ။သူနောက်ဆုံးတော့ သူ့ရဲ့နတ်ဆိုးအသွင်ကိုပြောင်းလိုက်ရပါတော့တယ်။

ကြိမ်ဖန်များစွာရိုက်ခတ်နေတဲ့ မိုးကြိုးတွေကြားမှာစိမ်းပြာရောင်ဉီးခေါင်း ၊ အနက်ရောင်ကိုယ်ထည်ရှိတဲ့ ကြီးမားလှတဲ့ စပါးအုံးမြွေကြီးတစ်ကောင်ထွက်ပေါ်လာခဲ့ပါတယ်။ မြွေကြီးရဲ့ ကိုယ်ထည်ပေါ်မှာ အနက်ရောင်အကြေးခွံတွေက ရွှေရောင်ချည်ကြိုးတွေနဲ့တွယ်ဆက်ထားသလို လှပတင့်တယ်နေပါတယ်။ မြွေကြီးရဲ့ အသွင်သဏ္ဍာန်က သာမာန်အခြေနေမှာဆို ရင်သပ်ရှုမောလောက်အောင် လှပပေမယ့် လက်ရှိမှာတော့ အတော်လေး ကြည့်ရဆိုးနေပါတယ်။ အနက်ရောင်ကျောက်မျက်ရတနာကဲ့သို့သောအကြေးခွံတွေက  မိုးကြိုးဒဏ်ကြောင့် ကွာကျနေပြီး ထိုအက်ကွဲကြောင်းတွေကြားကနေ သွေးတွေစီးကျနေပါတယ်။

အပစ်ပေးမိုးကြိုးက ခဏလေးတောင်ရပ်နားခြင်းမရှိဘဲ ဆက်လက် ပစ်ခတ်နေပါတယ်။ လုဟန် ရဲ့ ပျော့ပြောင်းသန်မာလှတဲ့ မြွေအမြှီးကြီးက သူ့ရဲ့ဉီးခေါင်းဆီကို ဉီးတည်ပစ်ခတ်လာတဲ့ မိုးကြိုးကို ရိုက်ထုတ်လိုက်ပါတယ်။ချွန်မြတောက်ပနေတဲ့ အမြီးရဲ့လက်ရှိ အခြေနေကတော့ လက်ရှိမှာ ရေခွံတွေစုတ်ပြဲကုန်ပြီး သွေးတွေတလဟောထွက်နေခဲ့ပါပြီ။

နောက်ထပ် အပစ်ပေးမိုးကြိုး 3 ချက်သာကျန်ပါတော့တယ်။ ဒါပေမယ့် တစ်ချက်ထက် တစ်ချက် ပိုပြီးအားကောင်းလာနေပါတယ်။

ပထမအချက်ကိုတော့ လုဟန် က အံတစ်ချက်တင်းတင်းကြိတ်လိုက်ပြီး နတ်ဆိုးမျိုးနွယ်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုသက်သက်နဲ့ ခံယူလိုက်ပါတယ်။

ဒုတိယအချက်အလှည့်မှာ  လုဟန်က သူ့ရဲ့
အစာအိမ်ထဲက နတ်ဆိုးအမြူတေကို ပါးစပ်ကနေထွေးထုတ်လိုက်ပါတယ်။ ရွှေရောင်နတ်ဆိုးအမြူအတေက လုဟန် ရဲ့ ဉီးခေါင်းအထက်မှာ လှည့်ပတ်ပျံသန်းနေပါတယ်။ အမြူတေက အပစ်ပေးမိုးကြိုးကို ခုခံတဲ့အခါ မျက်စိကျိန်းလောက်တဲ့အလင်းရောင်တွေပေါ်ထွက်လာပါတယ်။ခဏအကြာမှာတော့ ဘန်းးးဆိုတဲ့ အသံကျယ်ကြီးတစ်ချက်တွက်ပေါ်လာပြီး တောင်ကြီးတစ်ခုလုံးလှုပ်ခါသွားစေခဲ့ပါတယ်။ အမြူတေရဲ့တောက်ပမှုတွေမှိန်ဖျော့လာပြီး သေချာအနီးကပ်ကြည့်ကြည့်မယ်ဆိုအမြူတေပေါ်မှာ  သေးငယ်တဲ့အက်ကွဲရာတွေကို တွေ့မြင်နိုင်ပါတယ်။

တတိယမြောက်မိုးကြိုးက အခုထိ မကျဆင်းသေးပေမယ့် တိမ်တိုက်တွေကပိုမိုသိပ်သည်းထူထပ်လာပါတယ်။မုန်တိုင်းတစ်ခု တိုက်ခတ်သလိုလေပြင်းတွေလဲ တိုက်ခတ်လာနေခဲ့ပါတယ်။လုဟန် တစ်ချက်လေးမှ သတိမလွတ်ရဲခဲ့ပါဘူး။ မှင်နက်ရောင်ကဲ့သို့ နက်မှောင်နေတဲ့ တိမ်တိုက်ကို လုဟန် အာရုံစူးစိုက်မှုအပြည့်နဲ့စိုက်ကြည့်နေခဲ့ပါတယ်။ရေတိုင်ကီလုံးပတ်လောက်ရှိတဲ့ မိုးကြိုးတစ်စင်းက အနက်ရောင်တိမ်တိုက်ထဲကနေ ထိုးထွက်လာပြီး ကောင်းကင်နဲ့ မြေကြီးကို နှစ်ပိုင်းခွဲပစ်တော့မလောက် ပြင်းထန်နေခဲ့ပါတယ်။ လုဟန် ရဲ့ ဉီးရေပြားတွေ ထုံထိုင်းစပ်ဖျင်းလာပြီး " ငါတော့ ကိစ္စချောပြီ"လို့သာတွေးလိုက်နိုင်ပါတော့တယ်။

သေခြင်းရှင်ခြင်းကျဉ်းတည်းကြပ်တည်း အခြေနေမှာ မျှော်လင့်ချက်တွေအကုန်လုံးကို ဆွေရှင်း ဆီမှာ လုဟန် ပုံအပ်ခဲ့လေတယ်။ လက်ကျန်နတ်ဆိုးစွမ်းအားတွေအကုန်လုံးကို ဆွေရှင်း ဆီကိုပို့လွှတ်လိုက်တယ်။ အထွတ်အမြတ်ရတနာဆွေရှင်း သည်တောက်ပသောအလင်းရောင်တို့နှင့်အတူ စတင်ပေါက်ကွဲလာပြီး ကြီးမားသော ပါးစပ်ပေါက်ရှိတဲ့ နွားသိုးတစ်ကောင်အသွင်ပြောင်းလဲသွားခဲ့တယ်။ဆွေရှင်း ရဲ့ ကြီးမားသောပါးစပ်ကြီးက 99ကြိမ်မြောက်သော မိုးကြိုးကို ဝါးမြိုဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် နဂါးတစ်ကောင်သဏ္ဍာန်ရှိသောမိုးကြိုးရဲ့ အစွမ်းက ဆွေရှင်း ကိုင်တွယ်နိုင်တဲ့ အခြေနေမဟုတ်ခဲ့ပြန်ပါဘူး။မိုးကြိုးနဂါးနဲ့ ဆွေရှင်း တို့လေထဲမှာအတန်ကြာတိုက်ခိုက်နေပြီးနောက်မှာနှစ်ကောင်စလုံး ပေါက်ကွဲပျောက်ကွယ်သွားခဲ့လေတယ်။
ကောင်းကင်နဲ့မြေကြီးကို အဖြူရောင်အလင်းတွေလွှမ်းခြုံထားပြီး လုဟန် ရဲ့နတ်ဆိုးစွမ်းအင်တွေအကုန်လုံး ခြောက်သွေ့အောင်စုပ်ယူခံထားရတာကြောင့် မြေပြင်ပေါ်ကို အကာအကွယ်မရှိ တိုက်ရိုက်ပြုတ်ကျလာခဲ့တယ်။ နောက်ဆုံးတော့ လုဟန် ရဲ့ မြင်ကွင်းတစ်ခုလုံးအမှောင်ကျသွားခဲ့လေပြီ။

ပြင်းထန်သောနာကျင်မှုကြောင့် လုဟန် သတိပြန်ရလာခဲ့တယ်။သူ့အခြေနေက အတော်လေး သနားစဖွယ်ဖြစ်နေတယ်ဆိုတာ လက်ခံလိုက်ရတယ်။ သူ့အရိုးတွေအကုန်ကျိုးပဲ့နေပြီဆိုတာ အတည်ပြုလိုက်ရပါတော့တယ်။ လက်ချောင်းလေးတစ်ချောင်းတောင်မလှုပ်ရှားနိုင်တော့တဲ့အဖြစ်ပါ။

// ငါမသေသေးဘူးလား? မီးနီကိုဖြတ်မောင်းလာတဲ့ ကား ဝင်တိုက်ခံလိုက်ရတာကြောင့်မီတာ20လောက်လွှင့်ထွက်သွားခဲ့တာလေ?အသက်ရှင်နေသေးတာ ဖြစ်ရောဖြစ်နိုင်ရဲ့လား?//

လုဟန် သူ့ရဲ့ခေါင်းတစ်ခုလုံးပေါက်ကွဲထွက်တော့မလိုခံစားနေရတယ်။ တစ်ကိုယ်လုံးလဲမသက်မသာနဲ့နေရထိုင်ရတာအဆင်ပြေမနေဘူး။ ဒါပေမယ့် အသက်ရှိနေသေးတာပဲ ကျေးဇူးတင်ရမယ်။ လက်ကိုမြှောက်ပြီး နားထင်ကိုနှိပ်ကာ ခေါင်းနောက်သက်သာအောင်လုပ်ဖို့ ကြိုးစားကြည့်လိုက်တယ်။

"ငါ့လက်ရော?"

သူ့မျက်စိရှေ့မှာမြင်နေရတဲ့ တောက်ပချွန်ထက်နေတဲ့အမြှီးတစ်ခုကိုမြင်လိုက်ရချိန်မှာ လုဟန် စကားမပြောနိုင်အောင် အံ့သြသွားခဲ့ရတယ်။သူနဖူးကိုပွတ်ဖို့ကြိုးစားကြည့်တဲ့အခါ အဲ့ဒီ့အမြီးက ညှင်သာစွာလှုပ်ရှားသွားပြန်တယ်။အမြီးမှာရှိတဲ့အကြေးခွံတွေက နောက်ကိုလန်ပြီးကွေးကောာက်နေတယ်။တစ်ချို့နေရာတွေမှာ သွေးတွေစွန်းပေနေတယ်။ ရောင်စုံကျောက်မျက်ရတနာတွေကို ရွှေချည်ကြိုးနဲ့တွယ်ယှက်ထားသလိုပုံစံရှိတဲ့ အကြေးခွံတွေက အတော်လေးလက်ရာမြောက်ခံ့ညားနေပါတယ်။

သို့ပါသော်လည်း ထိုလက်ရာမြောက်ခံ့ညားနေမှုကြီးက ဒီအရာဟာ မြွေတစ်ကောင်ရဲ့အမြီးဖြစ်တယ်ဆိုတဲ့အချက်ကနေသွေဖယ်မသွားခဲ့ပါဘူး။လုဟန် သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးပြိုလဲတော့မလိုခံစားလိုက်ရတယ်။

လုဟန် ရဲ့မျက်လုံးရှေ့မှာ သစ်ရွက်တစ်ရွက်ကြွေကျလာတာကိုမြင်လိုက်ရတယ်။ ထိုသစ်ရွက်ရဲ့အရွယ်အစားက သူ့ရဲ့ ဉီးခေါင်းထက်ကြီးနေတာကိုလဲ လုဟန် သိလိုက်ရတယ်။ နောက်တစ်ခုက သူ့ရဲ့သနားစရာမြွေခန္ဓာကိုယ်အရွယ်အစားက ထမင်းစားတူတစ်ချောင်းလောက်ပဲရှိတယ်ဆိုတာကို ဝမ်းနည်းစရာကောင်းလောက်အောင် လုဟန် သိရှိခဲ့ရပြန်တယ်။

//ငါကားနဲ့အတိုက်ခံရပြီး မြွေဖြစ်သွားတာလား//

လုဟန် ရဲ့အသိစိတ်တစ်ခုလုံးမြူဆိုင်းနေသလိုခံစားနေရစဉ်မှာပဲ တောင့်တင်းသန်မာပြီးသွယ်လျလှတဲ့ လက်တစ်စုံကို တွေ့လိုက်ရတယ်။ ထိုနွေးထွေးတဲ့ လက်ဖဝါးပေါ်မှာ သူ လှဲလျောင်းနေတယ်ဆိုတာကိုလဲ
လုဟန် သိလိုက်ရတယ်။သူ့ရဲ့မြင်ကွင်းရှုထောင့်ကိုတဖြည်းဖြည်းမြှင့်လိုက်တဲ့အခါ "နွေဉီးလေပြည်ကဲ့သို့ညှင်သာသော၊ လရောင်ကဲ့သို့တောက်ပသော" အသွင်ရှိတဲ့မျက်နှာတစ်ခုကို သူမြင်လိုက်ရပါတော့တယ်။

ထိုလူရဲ့ ဉီးခေါင်းပေါ်က အစက်9စက်က ထိုလူကဘုန်းကြီးတစ်ပါးဖြစ်တယ်ဆိုတာ ကို သက်သေပြနေပါတယ်။သူ့ရဲ့မျက်ဝန်းတွေက ရှည်လျားလှတဲ့မျက်တောင်မွှေးတွေရဲ့အနောက်မှာ နက်ရှိုင်းစွာတည်ရှိနေပါတယ်။သူ့ရဲ့မျက်ဝန်းတွေက "ပန်းတစ်ပွင့်၊ သစ်ရွက်တစ်ရွက်၊ ကမ္ဘာတစ်ခု"*စာစုကိုပုံဖော်နေသလိုပါပဲ။

စစ်ခုန်း သူ့လက်ခုပ်ထဲက မြွေလေးကို သေချာလေ့လာကြည့်နေပါတယ်။ တစ်ကိုယ်လုံးဒဏ်ရာတွေရနေသည့်တိုင် ရောက်စုံကျောက်မျက်ရတနာတွေလို အကြေးခွံတွေကို မြင်နိုင်သေးပါတယ်။ သူသာလွှတ်ပေးလိုက်မယ်ဆို မြွေငယ်လေးခင်မျာ မကြာခင်
မုဆိုးတွေဖမ်းတာခံလိုက်ရနိုင်ပါတယ်။

လုဟန် သူ့ကို ဘုန်းကြီးက စစ်ဆေးကြည့်ရှုနေတာကိုသိလိုက်ပါတယ်။ ဘုန်းကြီးရဲ့မျက်လုံးအရောင်တွေက လင်းလက်နေပြီး အနည်းငယ် လျစ်လျူရှုမှုတွေပါဝင်နေပြန်ပါတယ်။ ခဏအကြာမှာတော့ ဗုဒ္ဓရဲ့ရနံ့တွေထုံမွှန်းနေတဲ့ ဝတ်ရုံတစ်ခုထဲ သူရောက်ရှိနေပြီဆိုတာ လုဟန် သိလိုက်ရပါတယ်။ ထို့နောက် သူ့ရဲ့ ဉီးခေါင်းထက်ကနေ အေးစက်စက်အသံတစ်ခုထွက်ပေါ်လာခဲ့တယ်။

"ဒီနိမ့်ကျတဲ့ကိုယ်တော်ရဲ့နာမည်က စစ်ခုန်း လို့ခေါ်ပါတယ်။ မင်း ရဲ့ဒဏ်ရာတွေပျောက်တဲ့ထိ ဒီကိုယ်တော်နဲ့ အတူနေနိုင်ပါတယ်"

//သူငါ့ကို ခေါ်လာတာလား?// လုဟန် စိတ်ငြိမ်သက်မှုရသွားတဲ့အခါ ပြင်းထန်တဲ့ငိုက်မျည်းမှုကအစားထိုးဝင်ရောက်လာခဲ့တယ်။ ခုခံမှု မရှိတော့တဲ့အခါ နက်ရှိုင်းသောအိပ်စက်ခြင်းဆီသို့လုဟန် ကျရောက်သွားခဲ့ပါတော့တယ်။

လုဟန် နိုးလာတဲ့အချိန်မှာ ကောင်းကင်တစ်ခုလုံးမှောင်မည်းနေခဲ့ပါပြီ။ သူ့ရဲ့ အရှေ့မှာ တရားအားထုတ်တဲ့အခန်းတစ်ခုရှိနေပြီး ဖျော့တော့တဲ့ဖယောင်းတိုင်အလင်းကလဲ လှုပ်ခတ်နေပါတယ်။စစ်ခုန်း က ကုတင်ပေါ်မှာ တရားထိုင်နေတာဖြစ်ပြီး ခန်းထဲကိုဝင်ရောက်လာတဲ့ လရောင်က စစ်ခုန်း ရဲ့ မျက်နှာပြင်ပေါ် ကျရောက်နေပါတယ်။

အလှတရားသည် လူကိုယစ်မူးစေသည်။လရောင်ကဲ့သို့တောက်ပနေသော ထိုလူရဲ့အနီးကို လုဟန် တိုးကပ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမယ့် စားပွဲပေါ်ကနေ ခေါင်းစိုက်ပြုတ်ကျခြင်းနဲ့သာအဆုံးသတ်ခဲ့ရတယ်။မြေပြင်နဲ့ ပိုမိုနီးကပ်လာတဲ့အခါ လုဟန် မျက်လုံးတွေစုံမှိတ်လိုက်တယ်။မျက်လုံးတွေမှိတ်ထားရင်း လုဟန် ကိုယ့်ကိုကိုယ်နှစ်သိမ့်နေခဲ့တယ်။

// အမြီးကလဲ ဒဏ်ရာရထားတယ်။ အခုလဲ ခေါင်းကဒဏ်ရာရတော့မယ်။ဒါဆိုရင်တော့ တစ်ကိုယ်လုံးခေါက်ချိုးညီပြီပေါ့//

လုဟန် မျှော်လင့်ထားတဲ့ နာကျင်မှုအစား ပျော့ပြောင်းတဲ့ တစ်စုံတစ်ရာနဲ့သာ ဉီးခေါင်းက ထိတွေ့လိုက်ရတယ်။ သာယာတဲ့အသံတစ်ခုက သူ့ရဲ့အထက်ကနေပေါ်ထွက်လာပြန်တယ်။

"ငါမင်းကိုဆေးလိမ်းပေးမယ်။ မင်းကိုမင်းဒဏ်ရာရအောင်ထပ်မလုပ်နဲ့တော့"

လုဟန် သူ့ရဲ့ခန္ဓာကိုယ်ပေါ်က မီးလောင်သလိုပူပြင်းတဲ့ခံစားမှုတွေအစား အေးမြပြီး သက်တောင့်သက်သာရှိတဲ့ ခံစားမှုတွေ ဖြစ်ပေါ်လာတာကိုတွေ့လိုက်ရတယ်။ သူ့အမြီးကို ပြန်ကြည့်လိုက်တဲ့အခါကျွတ်ထွက်နေတဲ့ အကြေးခွံတွေနေရာမှာ အစိမ်းဖျော့ရောင်လိမ်းဆေးတစ်ချို့လိမ်းကျံထားတာကိုတွေ့လိုက်ရတယ်။

"ဒီလိမ်းဆေးက ဝိဉာဉ်စွမ်းအားတွေကိုပျံ့နှံ့စေတယ်။မနက်ဖြန်လောက်ဆို မင်းပြန်ကောင်းသွားပြီ"

စစ်ခုန်း အနက်ရောင်မြွေငယ်လေးကို ကုတင်ပေါ်ပြန်တင်ပေးပြီးနောက် ခြေထောက်ကို ကြက်ခြေခတ်သဏ္ဍာန်ချိတ်ကာ တရားရှုမှတ်နေခဲ့တယ်။မြွေငယ်လေးရဲ့ မျက်လုံးတွေက သူ့ကို မလှုပ်မယှက် စိုက်ကြည့်နေတာကို သူတွေ့ခဲ့တယ်။သိသာထင်ရှားတာက ဒါကမြွေငယ်လေးတစ်ကောင်ပဲလေ။ ဒါက စစ်ခုန်း အတွက် ပထမဆုံးအကြိမ် သက်ရှိသတ္တဝါတစ်ကောင်နဲ့ ထိတွေ့ဆက်ဆံခြင်းဖြစ်တယ်။

စစ်ခုန်း ဟာ ဉာဏ်ပညာကြီးမြတ်မှုနဲ့မွေးဖွားလာခဲ့တယ်လို့ဆိုကျပါတယ်။ဒါကြောင့် သူဟာ သေချာပေါက်ကို ဉာဏ်အလင်းပွင့်ပြီး Buddha ဖြစ်လာမယ်လို့ အားလုံးကလက်ခံထားကျပါတယ်။ စစ်ခုန်း ကို သူနဲ့အတူတရားကျင့်ဖက်ညီအစ်ကိုတွေကရော သူ့ရဲ့ဆရာတော်ကပါ တလေးတစားဆက်ဆံကျပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး မှားယွင်းနေတယ်လို့ စစ်ခုန်း ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။သူမျက်လုံးဖွင့်လိုက်တဲ့အခါတိုင်း လောကတစ်ခုလုံးကို ဖုံးလွှမ်းထားတဲ့ အလွှာတစ်ခုရှိနေတာကို သိမြင်ရတယ်။ဘဝရဲ့ ရှင်သန်ခြင်း၊သေဆုံးခြင်း၊ ပျော်ရွှင်ခြင်း၊နာကျင်ခြင်း၊ကံကြမ္မာအပြောင်းအလဲ အနိမ့်အမြင့်၊အတက်အကျတွေက စစ်ခုန်း ရဲ့ စိတ်နှလုံးသားကို နည်းနည်းလေးမှ မလှုတ်ခတ်စေခဲ့ပါဘူး။

ဒါတွေကလဲ မြက်ခင်းပြင်မှာလဲလျောင်းနေတဲ့မြွေငယ်လေးကို မတွေ့ခင်အထိပါပဲ။

သူ မမျှော်လင့်ဘဲမြွေငယ်လေးကို သူ့စိတ်ဆန္ဒအရ သူ့ဝတ်ရုံထဲကိုထည့်ပြီးခေါ်ဆောင်လာခဲ့တယ်လေ။

စစ်ခုန်း အပြင်လောကမှာခရီးထွက်နေခဲ့တာအတော်ကြာနေခဲ့ပါပြီ။တစ်နေ့တာကုန်ဆုံးခါနီးမှာ အနားယူ တရားထိုင်ဖို့ သူနေရာတစ်နေရာရှာနေခဲ့တာဖြစ်ပါတယ်။ကျင့်ကြံသူတစ်ယောက်အနေနဲ့ စားသောက်ဖို့မလိုအပ်ပါဘူး။အဝတ်စားတွေကိုလည်း ဖုန်မှုန့်သန့်ရှင်းရေးနည်းစနစ်နဲ့ သန့်ရှင်းနိုင်ပါတယ်။ ဒါကြောင့် မြေပြင်ပေါ်မှာ ဖြစ်စေ၊တောင်တန်းပေါ်မှာ ဖြစ်စေ စစ်ခုန်း အတွက် ဘယ်နေရာမှာမဆိုအနားယူလို့ရပါတယ်။
သို့ပေမယ့် ဒဏ်ရာရနေတဲ့ မြွေငယ်လေးကိုပြုစုဖို့အတွက် အနီးအနားမှာရှိတဲ့ဘုရားကျောင်းတစ်ခုကိုရှာဖွေခဲ့ရပြန်ပါတယ်။

စစ်ခုန်း မြွေငယ်လေးရဲ့ဉီးခေါင်းကိုလက်ချောင်းတွေနဲ့ညှင်သာစွာထိတွေ့လိုက်တယ်။ အထိအတွေ့က ရေခဲတွေလိုအေးစက်နေတယ်။

"မနက်ဖြန်မင်းကိုတောထဲမှာ ပြန်လွှတ်ပေးမယ်"

လုဟန် ရဲ့နှလုံးသားလေးနစ်မွှန်းသွားခဲ့တယ်။

//ကယ်တင်ရှင်ကြီးက ငါလေးကိုစွန့်ပစ်တော့မယ်//

လုဟန် က စစ်ခုန်း ရဲ့ရုပ်ဆင်းသဏ္ဍာန်နဲ့ စိတ်နေသဘောထားကြောင့် ထွက်သွားဖို့ငြင်းဆန်ချင်နေခဲ့တာပါ။ စစ်ခုန်း တရားကျင့်နေတဲ့နေရာနားမှာနေရတာ အရမ်းသက်တောင့်သက်သာရှိတယ်လေ။လုဟန် က ထူးဆန်းစွာနဲ့မြွေတစ်ကောင်ဖြစ်လာခဲ့ပေမယ့် မြွေတစ်ကောင်လိုပြုမူဖို့သူ့ကိုယ်သူခွင့်မပြုနိူင်ဘူး။ အသွေးအသားထဲကနေ သူ့ကိုယ်သူပြောနေခဲ့တာက သူ စစ်ခုန်း နားမှာပဲနေသင့်တယ်။

သို့ပေမယ့်လဲ မြွေငယ်လေးတစ်ကောင်ရဲ့အတွေးတွေက ဘာကိုမှမပြောင်းလဲနိုင်ခဲ့ပါဘူး။ နောက်တစ်နေ့မနက်ရောက်တဲ့အခါ သူနဲ့မရင်းနှီးတဲ့တောအုပ်ထဲကိုရောက်နေခဲ့ပြီ။

"သွားတော့"

စစ်ခုန်း အနက်ရောင်မြွေငယ်လေးရဲ့ဉီးခေါင်းကို ကြင်နာစွာနောက်တစ်ကြိမ်ပွတ်သပ်ပေးပြီး မြက်ခင်းပေါ်ချပေးလိုက်တယ်။

လုဟန် ရဲ့နှလုံးသားတစ်ခုလုံးတုန်လှုပ်စွာခုန်ပေါက်နေခဲ့တယ်။သူ့ရဲ့ ပါးစပ်ကိုဖွင့်ပြီး စစ်ခုန်း ရဲ့ လက်ချောင်းကို ညှင်သာစွာကိုက်လိုက်ပြီး မခွဲခွာချင်ဘူးဆိုတာကို မျက်လုံးကနေတဆင့်တောင်းဆိုနေခဲ့တယ်။ ဒါပေမယ့် စစ်ခုန်း က လုဟန် ရဲ့ ပါးစပ်ကို ညှင်သာစွာညှစ်လိုက်ပြီးသူ့ရဲ့လက်ချောင်းကိုဆွဲထုတ်လိုက်လေတယ်။

စစ်ခုန်း က လုဟန် ကိုငေးကြည့်နေခဲ့တယ်။ဒဏ်ရာတွေပျောက်ကင်းသွားတဲ့ မြွေငယ်လေးက တက်ကြွစွာနဲ့ပဲ လွမ်းဆွေးမှု လက္ခဏာတွေမချန်ခဲ့ပဲပြေးထွက်သွားလေပြီ။

ရေခဲကဲ့သို့အေးစက်နေတဲ့မထုံတက်တေး ဘုန်းကြီး စစ်ခုန်း နောက်ကို တတိတ်တဆိတ်လိုက်ဖို့ လုဟန် ဆုံးဖြတ်ချက်ချလိုက်တယ်။သူ့ရဲ့အကြေးခွံတွေကလဲ ပြန်လည်ကောင်းမွန်နေပြီဖြစ်တာကြောင့် သူသာ အလုပ်ကြိုးစားမယ်ဆို စစ်ခုန်း ရဲ့ နောက်လိုက်တစ်ယောက်ဖြစ်လာနိုင််လေ။သို့ပါသော်လည်း သူ့ရဲ့ မြင့်မားလှတဲ့ရည်ရွယ်ချက်လေးက ရှေ့ကမြင်ကွင်းကြောင့်ပျောက်ကွယ်သွားရလေပြီ။တောင်ပေါ်က ငှက်တွေရဲ့ဆူညံသံတွေက လုဟန် ရဲ့ အပြစ်ကင်းစင်မှုကိုလှောင်ပြောင်သရော်နေခဲ့သလိုပါပဲ။


"ဒါက မသေမျိုး(အင်မော်တယ်)တွေရဲ့နေရပ်လား?"

လုဟန် သူ့မျက်လုံးတွေကို ပွတ်ကြည့်လိုက်တယ်။ သူ့ရှေ့က ဝတ်ရုံဖြုနဲ့လူတွေက ခြေသုံးလှမ်းလောက်လှမ်းပြီးတာနဲ့ လေထဲမှာ ပျောက်ကွယ်သွားကျတယ်။ ဒါက ဒဏ္ဍာရီလာ "အကွာအဝေးချုံ့အစီအရင်"လား?။
လုဟန် သူ့ရဲ့ အမြင် ၃ ခုလုံး ပျက်စီးသွားသလိုခံစားရတယ်။သူလေထဲမှာ အရိုက်ခံဖြတ်သန်းပြီး မြွေတစ်ကောင်ဖြစ်လာတယ်။ အခုတော့ ဒီလောကထဲမှာ မသေမျိုးတွေကိုပါရှာတွေ့နိုင်ပြီလား?

လုဟန် မြက်ခင်းပေါ်မှာ ပျင်းရိပျင်းတွဲလှဲလျောင်းနေခဲ့တယ်။ သူ ဗိုက်ဆာလာသလိုခံစားရတယ်။

//မြွေတွေက ဘာစားလဲ? ဖားတွေလား? မေ့လိုက်တော့ ဒါက ထင်မြင်ယူဆချက်သက်သက်ပဲ//

လုဟန် သစ်ပင်ရဲ့ထိပ်မှာရှိတဲ့ ငှက်သိုက်တစ်ခုကိုတွေ့လိုက်တယ်။

// ငှက်ဉဆိုရင်တော့ အိုကေလောက်တယ်//

ခြေထောက်မရှိတာကြောင့် လုဟန် ခင်မျာ ခက်ခက်ခဲခဲရုန်းကန်ပြီး သစ်ပင်ပေါ်တက်လာရတယ်။ နောက်ဆုံးတော့ သူ ငှက်သိုက်နားကိုရောက်သွားခဲ့ပြီ။ငှက်သိုက်ထဲမှာရှိတဲ့ ငှက်ဉဖြူဖြူလေးတွေကို မြင်လိုက်ရတဲ့အခါ စားချင်စိတ်ပျောက်ရုံတင်မကဘူး ရွံစရာကောင်းတယ်လို့ပါထင်လာတယ်။

လုဟန် ကြိုးစားပြီးပျို့အန်ချင်စိတ်ကိုထိန်းကာ ငှက်ဉကို မြိုချဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ငှက်ဉကို မြိုချလိုက်တာနဲ့ မကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ သူ့ရဲ့ပင်ကိုယ်အသိစိတ်ကသတိပေးနေတယ်လေ။

//အစာငတ်ပြီးသေတဲ့မြွေတစ်ကောင်အဖြစ်ကိုရောက်ရတော့မှာလား?//

လုဟန် သူ့ရဲ့အမြီးကို သစ်ကိုင်းမှာချိတ်ပြီး လေထဲမှာတွဲလောင်းဆွဲနေလိုက်ရင်း သူ့ဘဝရဲ့ သေခြင်းရှင်ခြင်းအကြောင်းကိုတွေးနေလိုက်တယ်။သူ စစ်ခုန်း နဲ့အတူရှိနေတုန်းက အစာစားဖို့မလိုခဲ့ဘူး ဆိုတာ လုဟန် တွေးမိလိုက်တယ်။ စစ်ခုန်း တရားကျင့်တဲ့အနားမှာနေတိုင်း သူနွေးထွေးမှုကိုခံစားရပြီး ဆာလောင်မှုကိုမေ့ပျောက်သွားတယ်။

ချက်ကျလက်ကျစဉ်းစားပြီးနောက်မှာတော့ လုဟန် သူ့ရဲ့ ကိုယ်ပိုင်အသက်လေးကို ကယ်တင်ဖို့ရာအတွက် စစ်ခုန်း ကိုရှာဖွေဖို့ ရှာပုံတော်ခရီးစဉ်ဖွင့်လိုက်ပါတော့တယ်။


*//one flower.one leaf.oneWorld...ပန်းတစ်ပွင့်၊သစ်ရွက်တစ်ရွက်၊ ကမ္ဘာတစ်ခုဆိုတာ တရုတ်တို့ရဲ့ ဗုဒ္ဓဘာသာစကားစုတစ်ခုပါ။Huayan Sutraလို့လဲခေါ်ကျပါတယ်။

ထိုင်နေတာကလဲကျင့်ကြံတာဖြစ်ပြီး၊ လမ်းလျှောက်နေတာကလဲ ကျင်ကြံတာဖြစ်ပါတယ်။

ပန်းပွင့်က ကမ္ဘာလောက ကို ကိုယ်စားပြုပြီး။
သစ်ရွက်ကတော့ Tathagata(ဂေါတမမြတ်စွာဘုရား) ကို ကိုယ်စားပြုပါတယ်။နွေဉီးပန်းပွင့်တွေက အစိမ်းရောင်ကနေ ဖြစ်ပေါ်လာတယ်။ ဆောင်းဉီး ရွက်ကြွေတွေမြောလွင့်နေတယ်။ (ဖြစ်တယ် ပျက်တယ်ဆိုတာကို မှတ်ရှုတာကိုပြောချင်တာလို့ထင်တာပဲ)အသိဉာဏ်ပညာပေါ်ထွန်းလာတဲ့အခါ စကားသံတွေတိတ်ဆိတ်ကုန်တယ်။ ခန္ဓာနဲ့ လှုပ်ရှားမှုတွေက သဘာဝနဲ့တသားတည်းကျသွားတယ်။

(ဂလူး ဂလူး ကနေသွားရှာလာတာကို ဆီလျော်အောင်ဘာသာပြန်ထားတာပါ။အမှားပါရင်ခွင့်လျွတ်ကျပါကုန်)

(စစ်ခုန်း ကို Buddha ဖြစ်လာမယ်လို့ရေးထားတာကလေ တရုတ်တွေက ယာမာယနကိုးကွယ်ကျတာပါ။ မြန်မာလိုပြောရရင် ထွက်ရပ်ပေါက်တို့ဘာတို့ကိုပြောချင်တာလို့ ထင်ပါတယ်။ဒါပေမယ့် E Tran က Buddha လို့ရေးထားတာဆိုတော့ Buddha လို့ပဲရေးလိုက်တာပါ။ စော်ကားလိုစိတ်အလျင်းမရှိပါကြောင်း🙏🙏🙏)



Zawgyi code

႐ွင္းလင္းခ်က္:ခ်င္ခုန္က်စ္ ရဲ႕ ဂိုဏ္းကိုဖ်က္ဆီးၿပီး ပိုင္လီ ကိုကယ္ဆယ္ၿပီးေနာက္ လုဟန္ ကို ေဆြ႐ွင္း က ေကာင္းကင္ဘုံအပစ္ေပးမိုးႀကိဳးနဲ႔ လြတ္ရာဆီကို ေနရာကူးေျပာင္းေခၚေဆာင္သြားခဲ့.....

ႏိုးထလာခ်ိန္မွာ ေနာင္တရဖို႔ေနာက္က်လြန္းေနခဲ့ၿပီဆိုတာ ခ်င္ခုန္က်စ္ တစ္ေယာက္နားလည္ခဲ့ေပမယ့္ ဒီခံစားခ်က္ေတြကို ယာယီထိန္းခ်ဳပ္ထားလိုက္တယ္။

လုဟန္ ကေတာ့ ဘယ္ေနရာမွန္းမသိတဲ့ေနရာတစ္ခုဆီကို ေဆြ႐ွင္းရဲ႕ ပို႔ေဆာင္ျခင္းကိုခံခဲ့ရေပမယ့္ စက္ဆုပ္စရာအပစ္ေပးမိုးႀကိဳးကေတာ့ ေတာက္ေလွ်ာက္ကို လိုက္ပါလာဆဲပါ။ အနက္ေရာင္တိမ္ေတြက ေလထုထဲမွာ ေနာက္တစ္ႀကိမ္ျပန္လည္စုေဝးေနက်ပါၿပီ။

လုဟန္ က သူထြက္ခြာလာစဥ္က ပိုင္လီ ရဲ႕ မူမမွန္တဲ့အမူအရာကိုေတြးမိတဲ့အခါ သူ႕ဝတ္႐ုံထဲကို ႐ွာေဖြၾကည့္လိုက္တယ္။ အနက္ေရာင္ေသြးေၾကာေတြေပၚေနတဲ့ နတ္ဆိုးအျမဴေတတစ္ခုကို ႐ွာေတြ႕ခဲ့ေလတယ္။ဒါက ေထာင္ေပါင္းမ်ားစြာေသာအသက္ေတြကိုရက္စက္စြာသတ္ျဖတ္ခဲ့တဲ့ ယုတ္မာတဲ့နတ္ဆိုးရဲ႕အျမဴေတပဲျဖစ္ပါတယ္။ေကာင္းကင္ဘုံအပစ္ေပးမိုးႀကိဳး ႐ုတ္တရက္ေပၚထြက္လာၿပီး လုဟန္ ေနာက္ကိုေတာက္ေလွ်ာက္လိုက္ေနတာ အံ့ၾသစရာမဟုတ္ေတာ့ပါဘူး။

လုဟန္ ထိုနတ္ဆိုးအျမဴအေတကို ေပါ့ေပါ့ပါးပါးဖိပြတ္လိုက္ၿပီး အမႈန္႔ေခ်ပစ္လိုက္ပါတယ္။ေကာင္းကင္ဘုံအပစ္ေပးမိုးႀကိဳး တိမ္တိုက္ေတြက ပုံသ႑ာန္ဖြဲ႕စည္းၿပီးေနၿပီ ျဖစ္တာေၾကာင့္ ေ႐ွာင္လႊဲလို႔မရေလာက္ေတာ့ပါဘူး။မိုးႀကိဳးတိမ္တိုက္ေတြက ပိုမိုသိပ္သည္းထူထပ္လာၿပီး ခရမ္းေရာင္ မိုးႀကိဳးမွ်င္တစ္ခ်ိဳ႕ကိုေတာင္ထုတ္လႊတ္ေနပါၿပီ။လုဟန္ ရဲ႕ ထြက္ေျပးဖို႔ႀကိဳးပမ္းမႈေၾကာင့္ ေဒါသတႀကီး႐ုတ္တရက္ ပစ္ခ်လိုက္တဲ့ မိုးႀကိဳးခ်က္က အေတာ္ေလး ျပင္းထန္လွပါတယ္။

အပစ္ေပးမိုးႀကိဳး ၉၉ ခ်က္ကို လြတ္ေအာင္ေ႐ွာင္ႏိုင္တဲ့ နတ္ဆိုး တစ္ေယာက္မွ မ႐ွိပါဘူး။ ဒါကိုေတြးမိတဲ့အခါ လုဟန္ ရဲ႕ ႏွလုံးသားတစ္ခုလုံး ခါးသက္လာခဲ့တယ္။
ေဆြ႐ွင္း ရဲ႕ အစြမ္းကိုသုံးၿပီး အပစ္ေပးမိုးႀကိဳးလက္ကေန လြတ္ေအာင္ေျပးခဲ့ျခင္းက ဒီလိုမ်ိဳးအက်ိဳးဆက္ျဖစ္လာမယ္လို႔ လုဟန္ ထင္မထားခဲ့ပါဘူး။အပစ္ေပးမိုးႀကိဳးေတြ တစ္စင္းၿပီး တစ္စင္း ဆက္လက္က်ဆင္းလာေနပါတယ္။ အခ်က္ 70 ေလာက္မွာေတာ့ လုဟန္ ပုံစံကအေတာ္ေလး သနားစရာေကာင္းေနပါၿပီ။သူေနာက္ဆုံးေတာ့ သူ႕ရဲ႕နတ္ဆိုးအသြင္ကိုေျပာင္းလိုက္ရပါေတာ့တယ္။

ႀကိမ္ဖန္မ်ားစြာ႐ိုက္ခတ္ေနတဲ့ မိုးႀကိဳးေတြၾကားမွာစိမ္းျပာေရာင္ဉီးေခါင္း ၊ အနက္ေရာင္ကိုယ္ထည္႐ွိတဲ့ ႀကီးမားလွတဲ့ စပါးအုံးေႁမြႀကီးတစ္ေကာင္ထြက္ေပၚလာခဲ့ပါတယ္။ ေႁမြႀကီးရဲ႕ ကိုယ္ထည္ေပၚမွာ အနက္ေရာင္အေၾကးခြံေတြက ေ႐ႊေရာင္ခ်ည္ႀကိဳးေတြနဲ႔တြယ္ဆက္ထားသလို လွပတင့္တယ္ေနပါတယ္။ ေႁမြႀကီးရဲ႕ အသြင္သ႑ာန္က သာမာန္အေျခေနမွာဆို ရင္သပ္႐ႈေမာေလာက္ေအာင္ လွပေပမယ့္ လက္႐ွိမွာေတာ့ အေတာ္ေလး ၾကည့္ရဆိုးေနပါတယ္။ အနက္ေရာင္ေက်ာက္မ်က္ရတနာကဲ့သို႔ေသာအေၾကးခြံေတြက  မိုးႀကိဳးဒဏ္ေၾကာင့္ ကြာက်ေနၿပီး ထိုအက္ကြဲေၾကာင္းေတြၾကားကေန ေသြးေတြစီးက်ေနပါတယ္။

အပစ္ေပးမိုးႀကိဳးက ခဏေလးေတာင္ရပ္နားျခင္းမ႐ွိဘဲ ဆက္လက္ ပစ္ခတ္ေနပါတယ္။ လုဟန္ ရဲ႕ ေပ်ာ့ေျပာင္းသန္မာလွတဲ့ ေႁမြအၿမႇီးႀကီးက သူ႕ရဲ႕ဉီးေခါင္းဆီကို ဉီးတည္ပစ္ခတ္လာတဲ့ မိုးႀကိဳးကို ႐ိုက္ထုတ္လိုက္ပါတယ္။ခြၽန္ျမေတာက္ပေနတဲ့ အၿမီးရဲ႕လက္႐ွိ
အေျခေနကေတာ့ လက္႐ွိမွာ ေရခြံေတြစုတ္ၿပဲကုန္ၿပီး ေသြးေတြတလေဟာထြက္ေနခဲ့ပါၿပီ။

ေနာက္ထပ္ အပစ္ေပးမိုးႀကိဳး 3 ခ်က္သာက်န္ပါေတာ့တယ္။ ဒါေပမယ့္ တစ္ခ်က္ထက္ တစ္ခ်က္ ပိုၿပီးအားေကာင္းလာေနပါတယ္။

ပထမအခ်က္ကိုေတာ့ လုဟန္ က အံတစ္ခ်က္တင္းတင္းႀကိတ္လိုက္ၿပီး နတ္ဆိုးမ်ိဳးႏြယ္ရဲ႕ ခႏၶာကိုယ္ၾကံ့ခိုင္မႈသက္သက္နဲ႔ ခံယူလိုက္ပါတယ္။

ဒုတိယအခ်က္အလွည့္မွာ  လုဟန္က သူ႕ရဲ႕
အစာအိမ္ထဲက နတ္ဆိုးအျမဴေတကို ပါးစပ္ကေနေထြးထုတ္လိုက္ပါတယ္။ ေ႐ႊေရာင္နတ္ဆိုးအျမဴအေတက လုဟန္ ရဲ႕ ဉီးေခါင္းအထက္မွာ လွည့္ပတ္ပ်ံသန္းေနပါတယ္။ အျမဴေတက အပစ္ေပးမိုးႀကိဳးကို ခုခံတဲ့အခါ မ်က္စိက်ိန္းေလာက္တဲ့အလင္းေရာင္ေတြေပၚထြက္လာပါတယ္။ခဏအၾကာမွာေတာ့ ဘန္းးးဆိုတဲ့ အသံက်ယ္ႀကီးတစ္ခ်က္တြက္ေပၚလာၿပီး ေတာင္ႀကီးတစ္ခုလုံးလႈပ္ခါသြားေစခဲ့ပါတယ္။ အျမဴေတရဲ႕ေတာက္ပမႈေတြမွိန္ေဖ်ာ့လာၿပီး ေသခ်ာအနီးကပ္ၾကည့္ၾကည့္မယ္ဆိုအျမဴေတေပၚမွာ  ေသးငယ္တဲ့အက္ကြဲရာေတြကို ေတြ႕ျမင္ႏိုင္ပါတယ္။

တတိယေျမာက္မိုးႀကိဳးက အခုထိ မက်ဆင္းေသးေပမယ့္ တိမ္တိုက္ေတြကပိုမိုသိပ္သည္းထူထပ္လာပါတယ္။မုန္တိုင္းတစ္ခု တိုက္ခတ္သလိုေလျပင္းေတြလဲ တိုက္ခတ္လာေနခဲ့ပါတယ္။လုဟန္ တစ္ခ်က္ေလးမွ သတိမလြတ္ရဲခဲ့ပါဘူး။ မွင္နက္ေရာင္ကဲ့သို႔ နက္ေမွာင္ေနတဲ့ တိမ္တိုက္ကို လုဟန္ အာ႐ုံစူးစိုက္မႈအျပည့္နဲ႔စိုက္ၾကည့္ေနခဲ့ပါတယ္။ေရတိုင္ကီလုံးပတ္ေလာက္႐ွိတဲ့ မိုးႀကိဳးတစ္စင္းက အနက္ေရာင္တိမ္တိုက္ထဲကေန ထိုးထြက္လာၿပီး ေကာင္းကင္နဲ႔ ေျမႀကီးကို ႏွစ္ပိုင္းခြဲပစ္ေတာ့မေလာက္ ျပင္းထန္ေနခဲ့ပါတယ္။ လုဟန္ ရဲ႕ ဉီးေရျပားေတြ ထုံထိုင္းစပ္ဖ်င္းလာၿပီး " ငါေတာ့ ကိစၥေခ်ာၿပီ"လို႔သာေတြးလိုက္ႏိုင္ပါေတာ့တယ္။

ေသျခင္း႐ွင္ျခင္းက်ဥ္းတည္းၾကပ္တည္း အေျခေနမွာ ေမွ်ာ္လင့္ခ်က္ေတြအကုန္လုံးကို ေဆြ႐ွင္း ဆီမွာ လုဟန္ ပုံအပ္ခဲ့ေလတယ္။ လက္က်န္နတ္ဆိုးစြမ္းအားေတြအကုန္လုံးကို ေဆြ႐ွင္း ဆီကိုပို႔လႊတ္လိုက္တယ္။ အထြတ္အျမတ္ရတနာေဆြ႐ွင္း သည္ေတာက္ပေသာအလင္းေရာင္တို႔ႏွင့္အတူ စတင္ေပါက္ကြဲလာၿပီး ႀကီးမားေသာ ပါးစပ္ေပါက္႐ွိတဲ့ ႏြားသိုးတစ္ေကာင္အသြင္ေျပာင္းလဲသြားခဲ့တယ္။ေဆြ႐ွင္း ရဲ႕ ႀကီးမားေသာပါးစပ္ႀကီးက 99ႀကိမ္ေျမာက္ေသာ မိုးႀကိဳးကို ဝါးၿမိဳဖို႔ႀကိဳးစားခဲ့တယ္။ ဒါေပမယ့္ နဂါးတစ္ေကာင္သ႑ာန္႐ွိေသာမိုးႀကိဳးရဲ႕ အစြမ္းက ေဆြ႐ွင္း ကိုင္တြယ္ႏိုင္တဲ့ အေျခေနမဟုတ္ခဲ့ျပန္ပါဘူး။မိုးႀကိဳးနဂါးနဲ႔ ေဆြ႐ွင္း တို႔ေလထဲမွာအတန္ၾကာတိုက္ခိုက္ေနၿပီးေနာက္မွာႏွစ္ေကာင္စလုံး ေပါက္ကြဲေပ်ာက္ကြယ္သြားခဲ့ေလတယ္။
ေကာင္းကင္နဲ႔ေျမႀကီးကို အျဖဴေရာင္အလင္းေတြလႊမ္းျခဳံထားၿပီး လုဟန္ ရဲ႕နတ္ဆိုးစြမ္းအင္ေတြအကုန္လုံး ေျခာက္ေသြ႕ေအာင္စုပ္ယူခံထားရတာေၾကာင့္ ေျမျပင္ေပၚကို အကာအကြယ္မ႐ွိ တိုက္႐ိုက္ျပဳတ္က်လာခဲ့တယ္။ ေနာက္ဆုံးေတာ့ လုဟန္ ရဲ႕ ျမင္ကြင္းတစ္ခုလုံးအေမွာင္က်သြားခဲ့ေလၿပီ။

ျပင္းထန္ေသာနာက်င္မႈေၾကာင့္ လုဟန္ သတိျပန္ရလာခဲ့တယ္။သူ႕အေျခေနက အေတာ္ေလး သနားစဖြယ္ျဖစ္ေနတယ္ဆိုတာ လက္ခံလိုက္ရတယ္။ သူ႕အ႐ိုးေတြအကုန္က်ိဳးပဲ့ေနၿပီဆိုတာ အတည္ျပဳလိုက္ရပါေတာ့တယ္။ လက္ေခ်ာင္းေလးတစ္ေခ်ာင္းေတာင္မလႈပ္႐ွားႏိုင္ေတာ့တဲ့အျဖစ္ပါ။

// ငါမေသေသးဘူးလား? မီးနီကိုျဖတ္ေမာင္းလာတဲ့ ကား ဝင္တိုက္ခံလိုက္ရတာေၾကာင့္မီတာ20ေလာက္လႊင့္ထြက္သြားခဲ့တာေလ?အသက္႐ွင္ေနေသးတာ ျဖစ္ေရာျဖစ္ႏိုင္ရဲ႕လား?//

လုဟန္ သူ႕ရဲ႕ေခါင္းတစ္ခုလုံးေပါက္ကြဲထြက္ေတာ့မလိုခံစားေနရတယ္။ တစ္ကိုယ္လုံးလဲမသက္မသာနဲ႔ေနရထိုင္ရတာအဆင္ေျပမေနဘူး။ ဒါေပမယ့္ အသက္႐ွိေနေသးတာပဲ ေက်းဇူးတင္ရမယ္။ လက္ကိုေျမႇာက္ၿပီး နားထင္ကိုႏွိပ္ကာ ေခါင္းေနာက္သက္သာေအာင္လုပ္ဖို႔ ႀကိဳးစားၾကည့္လိုက္တယ္။

"ငါ့လက္ေရာ?"

သူ႕မ်က္စိေ႐ွ႕မွာျမင္ေနရတဲ့ ေတာက္ပခြၽန္ထက္ေနတဲ့အၿမႇီးတစ္ခုကိုျမင္လိုက္ရခ်ိန္မွာ လုဟန္ စကားမေျပာႏိုင္ေအာင္ အံ့ၾသသြားခဲ့ရတယ္။သူနဖူးကိုပြတ္ဖို႔ႀကိဳးစားၾကည့္တဲ့အခါ အဲ့ဒီ့အၿမီးက ညႇင္သာစြာလႈပ္႐ွားသြားျပန္တယ္။အၿမီးမွာ႐ွိတဲ့အေၾကးခြံေတြက ေနာက္ကိုလန္ၿပီးေကြးေကာာက္ေနတယ္။တစ္ခ်ိဳ႕ေနရာေတြမွာ ေသြးေတြစြန္းေပေနတယ္။ ေရာင္စုံေက်ာက္မ်က္ရတနာေတြကို ေ႐ႊခ်ည္ႀကိဳးနဲ႔တြယ္ယွက္ထားသလိုပုံစံ႐ွိတဲ့ အေၾကးခြံေတြက အေတာ္ေလးလက္ရာေျမာက္ခံ့ညားေနပါတယ္။

သို႔ပါေသာ္လည္း ထိုလက္ရာေျမာက္ခံ့ညားေနမႈႀကီးက ဒီအရာဟာ ေႁမြတစ္ေကာင္ရဲ႕အၿမီးျဖစ္တယ္ဆိုတဲ့အခ်က္ကေနေသြဖယ္မသြားခဲ့ပါဘူး။လုဟန္ သူ႕ရဲ႕ ခႏၶာကိုယ္ တစ္ခုလုံးၿပိဳလဲေတာ့မလိုခံစားလိုက္ရတယ္။

လုဟန္ ရဲ႕မ်က္လုံးေ႐ွ႕မွာ သစ္႐ြက္တစ္႐ြက္ေႂကြက်လာတာကိုျမင္လိုက္ရတယ္။ ထိုသစ္႐ြက္ရဲ႕အ႐ြယ္အစားက သူ႕ရဲ႕ ဉီးေခါင္းထက္ႀကီးေနတာကိုလဲ လုဟန္ သိလိုက္ရတယ္။ ေနာက္တစ္ခုက သူ႕ရဲ႕သနားစရာေႁမြခႏၶာကိုယ္အ႐ြယ္အစားက ထမင္းစားတူတစ္ေခ်ာင္းေလာက္ပဲ႐ွိတယ္ဆိုတာကို ဝမ္းနည္းစရာေကာင္းေလာက္ေအာင္ လုဟန္ သိ႐ွိခဲ့ရျပန္တယ္။

//ငါကားနဲ႔အတိုက္ခံရၿပီး ေႁမြျဖစ္သြားတာလား//

လုဟန္ ရဲ႕အသိစိတ္တစ္ခုလုံးျမဴဆိုင္းေနသလိုခံစားေနရစဥ္မွာပဲ ေတာင့္တင္းသန္မာၿပီးသြယ္လ်လွတဲ့ လက္တစ္စုံကို ေတြ႕လိုက္ရတယ္။ ထိုေႏြးေထြးတဲ့ လက္ဖဝါးေပၚမွာ သူ လွဲေလ်ာင္းေနတယ္ဆိုတာကိုလဲ
လုဟန္ သိလိုက္ရတယ္။သူ႕ရဲ႕ျမင္ကြင္း႐ႈေထာင့္ကိုတျဖည္းျဖည္းျမႇင့္လိုက္တဲ့အခါ "ေႏြဉီးေလျပည္ကဲ့သို႔ညႇင္သာေသာ၊ လေရာင္ကဲ့သို႔ေတာက္ပေသာ" အသြင္႐ွိတဲ့မ်က္ႏွာတစ္ခုကို သူျမင္လိုက္ရပါေတာ့တယ္။

ထိုလူရဲ႕ ဉီးေခါင္းေပၚက အစက္9စက္က ထိုလူကဘုန္းႀကီးတစ္ပါးျဖစ္တယ္ဆိုတာ ကို သက္ေသျပေနပါတယ္။သူ႕ရဲ႕မ်က္ဝန္းေတြက ႐ွည္လ်ားလွတဲ့မ်က္ေတာင္ေမႊးေတြရဲ႕အေနာက္မွာ နက္႐ိႈင္းစြာတည္႐ွိေနပါတယ္။သူ႕ရဲ႕မ်က္ဝန္းေတြက "ပန္းတစ္ပြင့္၊ သစ္႐ြက္တစ္႐ြက္၊ ကမ႓ာတစ္ခု"*စာစုကိုပုံေဖာ္ေနသလိုပါပဲ။

စစ္ခုန္း သူ႕လက္ခုပ္ထဲက ေႁမြေလးကို ေသခ်ာေလ့လာၾကည့္ေနပါတယ္။ တစ္ကိုယ္လုံးဒဏ္ရာေတြရေနသည့္တိုင္ ေရာက္စုံေက်ာက္မ်က္ရတနာေတြလို အေၾကးခြံေတြကို ျမင္ႏိုင္ေသးပါတယ္။ သူသာလႊတ္ေပးလိုက္မယ္ဆို ေႁမြငယ္ေလးခင္မ်ာ မၾကာခင္
မုဆိုးေတြဖမ္းတာခံလိုက္ရႏိုင္ပါတယ္။

လုဟန္ သူ႕ကို ဘုန္းႀကီးက စစ္ေဆးၾကည့္႐ႈေနတာကိုသိလိုက္ပါတယ္။ ဘုန္းႀကီးရဲ႕မ်က္လုံးအေရာင္ေတြက လင္းလက္ေနၿပီး အနည္းငယ္ လ်စ္လ်ဴ႐ႈမႈေတြပါဝင္ေနျပန္ပါတယ္။ ခဏအၾကာမွာေတာ့ ဗုဒၶရဲ႕ရနံ႔ေတြထုံမႊန္းေနတဲ့ ဝတ္႐ုံတစ္ခုထဲ သူေရာက္႐ွိေနၿပီဆိုတာ လုဟန္ သိလိုက္ရပါတယ္။ ထို႔ေနာက္ သူ႕ရဲ႕ ဉီးေခါင္းထက္ကေန ေအးစက္စက္အသံတစ္ခုထြက္ေပၚလာခဲ့တယ္။

"ဒီနိမ့္က်တဲ့ကိုယ္ေတာ္ရဲ႕နာမည္က စစ္ခုန္း လို႔ေခၚပါတယ္။ မင္း ရဲ႕ဒဏ္ရာေတြေပ်ာက္တဲ့ထိ ဒီကိုယ္ေတာ္နဲ႔ အတူေနႏိုင္ပါတယ္"

//သူငါ့ကို ေခၚလာတာလား?// လုဟန္ စိတ္ၿငိမ္သက္မႈရသြားတဲ့အခါ ျပင္းထန္တဲ့ငိုက္မ်ည္းမႈကအစားထိုးဝင္ေရာက္လာခဲ့တယ္။ ခုခံမႈ မ႐ွိေတာ့တဲ့အခါ နက္႐ိႈင္းေသာအိပ္စက္ျခင္းဆီသို႔လုဟန္ က်ေရာက္သြားခဲ့ပါေတာ့တယ္။

လုဟန္ ႏိုးလာတဲ့အခ်ိန္မွာ ေကာင္းကင္တစ္ခုလုံးေမွာင္မည္းေနခဲ့ပါၿပီ။ သူ႕ရဲ႕ အေ႐ွ႕မွာ တရားအားထုတ္တဲ့အခန္းတစ္ခု႐ွိေနၿပီး ေဖ်ာ့ေတာ့တဲ့ဖေယာင္းတိုင္အလင္းကလဲ လႈပ္ခတ္ေနပါတယ္။စစ္ခုန္း က ကုတင္ေပၚမွာ တရားထိုင္ေနတာျဖစ္ၿပီး ခန္းထဲကိုဝင္ေရာက္လာတဲ့ လေရာင္က စစ္ခုန္း ရဲ႕ မ်က္ႏွာျပင္ေပၚ က်ေရာက္ေနပါတယ္။

အလွတရားသည္ လူကိုယစ္မူးေစသည္။လေရာင္ကဲ့သို႔ေတာက္ပေနေသာ ထိုလူရဲ႕အနီးကို လုဟန္ တိုးကပ္ဖို႔ႀကိဳးစားလိုက္တယ္။ ဒါေပမယ့္ စားပြဲေပၚကေန ေခါင္းစိုက္ျပဳတ္က်ျခင္းနဲ႔သာအဆုံးသတ္ခဲ့ရတယ္။ေျမျပင္နဲ႔ ပိုမိုနီးကပ္လာတဲ့အခါ လုဟန္ မ်က္လုံးေတြစုံမွိတ္လိုက္တယ္။မ်က္လုံးေတြမွိတ္ထားရင္း လုဟန္ ကိုယ့္ကိုကိုယ္ႏွစ္သိမ့္ေနခဲ့တယ္။

// အၿမီးကလဲ ဒဏ္ရာရထားတယ္။ အခုလဲ ေခါင္းကဒဏ္ရာရေတာ့မယ္။ဒါဆိုရင္ေတာ့ တစ္ကိုယ္လုံးေခါက္ခ်ိဳးညီၿပီေပါ့//

လုဟန္ ေမွ်ာ္လင့္ထားတဲ့ နာက်င္မႈအစား ေပ်ာ့ေျပာင္းတဲ့ တစ္စုံတစ္ရာနဲ႔သာ ဉီးေခါင္းက ထိေတြ႕လိုက္ရတယ္။ သာယာတဲ့အသံတစ္ခုက သူ႕ရဲ႕အထက္ကေနေပၚထြက္လာျပန္တယ္။

"ငါမင္းကိုေဆးလိမ္းေပးမယ္။ မင္းကိုမင္းဒဏ္ရာရေအာင္ထပ္မလုပ္နဲ႔ေတာ့"

လုဟန္ သူ႕ရဲ႕ခႏၶာကိုယ္ေပၚက မီးေလာင္သလိုပူျပင္းတဲ့ခံစားမႈေတြအစား ေအးျမၿပီး သက္ေတာင့္သက္သာ႐ွိတဲ့ ခံစားမႈေတြ ျဖစ္ေပၚလာတာကိုေတြ႕လိုက္ရတယ္။ သူ႕အၿမီးကို ျပန္ၾကည့္လိုက္တဲ့အခါကြၽတ္ထြက္ေနတဲ့ အေၾကးခြံေတြေနရာမွာ အစိမ္းေဖ်ာ့ေရာင္လိမ္းေဆးတစ္ခ်ိဳ႕လိမ္းက်ံထားတာကိုေတြ႕လိုက္ရတယ္။

"ဒီလိမ္းေဆးက ဝိဉာဥ္စြမ္းအားေတြကိုပ်ံ႕ႏွံ႔ေစတယ္။မနက္ျဖန္ေလာက္ဆို မင္းျပန္ေကာင္းသြားၿပီ"

စစ္ခုန္း အနက္ေရာင္ေႁမြငယ္ေလးကို ကုတင္ေပၚျပန္တင္ေပးၿပီးေနာက္ ေျခေထာက္ကို ၾကက္ေျခခတ္သ႑ာန္ခ်ိတ္ကာ တရား႐ႈမွတ္ေနခဲ့တယ္။ေႁမြငယ္ေလးရဲ႕ မ်က္လုံးေတြက သူ႕ကို မလႈပ္မယွက္ စိုက္ၾကည့္ေနတာကို သူေတြ႕ခဲ့တယ္။သိသာထင္႐ွားတာက ဒါကေႁမြငယ္ေလးတစ္ေကာင္ပဲေလ။ ဒါက စစ္ခုန္း အတြက္ ပထမဆုံးအႀကိမ္ သက္႐ွိသတၱဝါတစ္ေကာင္နဲ႔ ထိေတြ႕ဆက္ဆံျခင္းျဖစ္တယ္။

စစ္ခုန္း ဟာ ဉာဏ္ပညာႀကီးျမတ္မႈနဲ႔ေမြးဖြားလာခဲ့တယ္လို႔ဆိုက်ပါတယ္။ဒါေၾကာင့္ သူဟာ ေသခ်ာေပါက္ကို ဉာဏ္အလင္းပြင့္ၿပီး Buddha ျဖစ္လာမယ္လို႔ အားလုံးကလက္ခံထားက်ပါတယ္။ စစ္ခုန္း ကို သူနဲ႔အတူတရားက်င့္ဖက္ညီအစ္ကိုေတြကေရာ သူ႕ရဲ႕ဆရာေတာ္ကပါ တေလးတစားဆက္ဆံက်ပါတယ္။ ဒါနဲ႔ ပတ္သတ္ၿပီး မွားယြင္းေနတယ္လို႔ စစ္ခုန္း ဘယ္တုန္းကမွ မထင္ခဲ့ပါဘူး။သူမ်က္လုံးဖြင့္လိုက္တဲ့အခါတိုင္း ေလာကတစ္ခုလုံးကို ဖုံးလႊမ္းထားတဲ့ အလႊာတစ္ခု႐ွိေနတာကို သိျမင္ရတယ္။ဘဝရဲ႕ ႐ွင္သန္ျခင္း၊ေသဆုံးျခင္း၊ ေပ်ာ္႐ႊင္ျခင္း၊နာက်င္ျခင္း၊ကံၾကမၼာအေျပာင္းအလဲ အနိမ့္အျမင့္၊အတက္အက်ေတြက စစ္ခုန္း ရဲ႕ စိတ္ႏွလုံးသားကို နည္းနည္းေလးမွ မလႈတ္ခတ္ေစခဲ့ပါဘူး။

ဒါေတြကလဲ ျမက္ခင္းျပင္မွာလဲေလ်ာင္းေနတဲ့ေႁမြငယ္ေလးကို မေတြ႕ခင္အထိပါပဲ။

သူ မေမွ်ာ္လင့္ဘဲေႁမြငယ္ေလးကို သူ႕စိတ္ဆႏၵအရ သူ႕ဝတ္႐ုံထဲကိုထည့္ၿပီးေခၚေဆာင္လာခဲ့တယ္ေလ။

စစ္ခုန္း အျပင္ေလာကမွာခရီးထြက္ေနခဲ့တာအေတာ္ၾကာေနခဲ့ပါၿပီ။တစ္ေန႔တာကုန္ဆုံးခါနီးမွာ အနားယူ တရားထိုင္ဖို႔ သူေနရာတစ္ေနရာ႐ွာေနခဲ့တာျဖစ္ပါတယ္။က်င့္ၾကံသူတစ္ေယာက္အေနနဲ႔ စားေသာက္ဖို႔မလိုအပ္ပါဘူး။အဝတ္စားေတြကိုလည္း ဖုန္မႈန္႔သန္႔႐ွင္းေရးနည္းစနစ္နဲ႔ သန္႔႐ွင္းႏိုင္ပါတယ္။ ဒါေၾကာင့္ ေျမျပင္ေပၚမွာ ျဖစ္ေစ၊ေတာင္တန္းေပၚမွာ ျဖစ္ေစ စစ္ခုန္း အတြက္ ဘယ္ေနရာမွာမဆိုအနားယူလို႔ရပါတယ္။
သို႔ေပမယ့္ ဒဏ္ရာရေနတဲ့ ေႁမြငယ္ေလးကိုျပဳစုဖို႔အတြက္ အနီးအနားမွာ႐ွိတဲ့ဘုရားေက်ာင္းတစ္ခုကို႐ွာေဖြခဲ့ရျပန္ပါတယ္။

စစ္ခုန္း ေႁမြငယ္ေလးရဲ႕ဉီးေခါင္းကိုလက္ေခ်ာင္းေတြနဲ႔ညႇင္သာစြာထိေတြ႕လိုက္တယ္။ အထိအေတြ႕က ေရခဲေတြလိုေအးစက္ေနတယ္။

"မနက္ျဖန္မင္းကိုေတာထဲမွာ ျပန္လႊတ္ေပးမယ္"

လုဟန္ ရဲ႕ႏွလုံးသားေလးနစ္မႊန္းသြားခဲ့တယ္။

//ကယ္တင္႐ွင္ႀကီးက ငါေလးကိုစြန္႔ပစ္ေတာ့မယ္//

လုဟန္ က စစ္ခုန္း ရဲ႕႐ုပ္ဆင္းသ႑ာန္နဲ႔ စိတ္ေနသေဘာထားေၾကာင့္ ထြက္သြားဖို႔ျငင္းဆန္ခ်င္ေနခဲ့တာပါ။ စစ္ခုန္း တရားက်င့္ေနတဲ့ေနရာနားမွာေနရတာ အရမ္းသက္ေတာင့္သက္သာ႐ွိတယ္ေလ။လုဟန္ က ထူးဆန္းစြာနဲ႔ေႁမြတစ္ေကာင္ျဖစ္လာခဲ့ေပမယ့္ ေႁမြတစ္ေကာင္လိုျပဳမူဖို႔သူ႕ကိုယ္သူခြင့္မျပဳႏိူင္ဘူး။ အေသြးအသားထဲကေန သူ႕ကိုယ္သူေျပာေနခဲ့တာက သူ စစ္ခုန္း နားမွာပဲေနသင့္တယ္။

သို႔ေပမယ့္လဲ ေႁမြငယ္ေလးတစ္ေကာင္ရဲ႕အေတြးေတြက ဘာကိုမွမေျပာင္းလဲႏိုင္ခဲ့ပါဘူး။ ေနာက္တစ္ေန႔မနက္ေရာက္တဲ့အခါ သူနဲ႔မရင္းႏွီးတဲ့ေတာအုပ္ထဲကိုေရာက္ေနခဲ့ၿပီ။

"သြားေတာ့"

စစ္ခုန္း အနက္ေရာင္ေႁမြငယ္ေလးရဲ႕ဉီးေခါင္းကို ၾကင္နာစြာေနာက္တစ္ႀကိမ္ပြတ္သပ္ေပးၿပီး ျမက္ခင္းေပၚခ်ေပးလိုက္တယ္။

လုဟန္ ရဲ႕ႏွလုံးသားတစ္ခုလုံးတုန္လႈပ္စြာခုန္ေပါက္ေနခဲ့တယ္။သူ႕ရဲ႕ ပါးစပ္ကိုဖြင့္ၿပီး စစ္ခုန္း ရဲ႕ လက္ေခ်ာင္းကို ညႇင္သာစြာကိုက္လိုက္ၿပီး မခြဲခြာခ်င္ဘူးဆိုတာကို မ်က္လုံးကေနတဆင့္ေတာင္းဆိုေနခဲ့တယ္။ ဒါေပမယ့္ စစ္ခုန္း က လုဟန္ ရဲ႕ ပါးစပ္ကို ညႇင္သာစြာညႇစ္လိုက္ၿပီးသူ႕ရဲ႕လက္ေခ်ာင္းကိုဆြဲထုတ္လိုက္ေလတယ္။

စစ္ခုန္း က လုဟန္ ကိုေငးၾကည့္ေနခဲ့တယ္။ဒဏ္ရာေတြေပ်ာက္ကင္းသြားတဲ့ ေႁမြငယ္ေလးက တက္ႂကြစြာနဲ႔ပဲ လြမ္းေဆြးမႈ လကၡဏာေတြမခ်န္ခဲ့ပဲေျပးထြက္သြားေလၿပီ။

ေရခဲကဲ့သို႔ေအးစက္ေနတဲ့မထုံတက္ေတး ဘုန္းႀကီး စစ္ခုန္း ေနာက္ကို တတိတ္တဆိတ္လိုက္ဖို႔ လုဟန္ ဆုံးျဖတ္ခ်က္ခ်လိုက္တယ္။သူ႕ရဲ႕အေၾကးခြံေတြကလဲ ျပန္လည္ေကာင္းမြန္ေနၿပီျဖစ္တာေၾကာင့္ သူသာ အလုပ္ႀကိဳးစားမယ္ဆို စစ္ခုန္း ရဲ႕ ေနာက္လိုက္တစ္ေယာက္ျဖစ္လာႏိုင္္ေလ။သို႔ပါေသာ္လည္း သူ႕ရဲ႕ ျမင့္မားလွတဲ့ရည္႐ြယ္ခ်က္ေလးက ေ႐ွ႕ကျမင္ကြင္းေၾကာင့္ေပ်ာက္ကြယ္သြားရေလၿပီ။ေတာင္ေပၚက ငွက္ေတြရဲ႕ဆူညံသံေတြက လုဟန္ ရဲ႕ အျပစ္ကင္းစင္မႈကိုေလွာင္ေျပာင္သေရာ္ေနခဲ့သလိုပါပဲ။

"ဒါက မေသမ်ိဳး(အင္ေမာ္တယ္)ေတြရဲ႕ေနရပ္လား?"

လုဟန္ သူ႕မ်က္လုံးေတြကို ပြတ္ၾကည့္လိုက္တယ္။ သူ႕ေ႐ွ႕က ဝတ္႐ုံျဖဳနဲ႔လူေတြက ေျခသုံးလွမ္းေလာက္လွမ္းၿပီးတာနဲ႔ ေလထဲမွာ ေပ်ာက္ကြယ္သြားက်တယ္။ ဒါက ဒ႑ာရီလာ "အကြာအေဝးခ်ံဳ႕အစီအရင္"လား?။
လုဟန္ သူ႕ရဲ႕ အျမင္ ၃ ခုလုံး ပ်က္စီးသြားသလိုခံစားရတယ္။သူေလထဲမွာ အ႐ိုက္ခံျဖတ္သန္းၿပီး ေႁမြတစ္ေကာင္ျဖစ္လာတယ္။ အခုေတာ့ ဒီေလာကထဲမွာ မေသမ်ိဳးေတြကိုပါ႐ွာေတြ႕ႏိုင္ၿပီလား?

လုဟန္ ျမက္ခင္းေပၚမွာ ပ်င္းရိပ်င္းတြဲလွဲေလ်ာင္းေနခဲ့တယ္။ သူ ဗိုက္ဆာလာသလိုခံစားရတယ္။

//ေႁမြေတြက ဘာစားလဲ? ဖားေတြလား? ေမ့လိုက္ေတာ့ ဒါက ထင္ျမင္ယူဆခ်က္သက္သက္ပဲ//

လုဟန္ သစ္ပင္ရဲ႕ထိပ္မွာ႐ွိတဲ့ ငွက္သိုက္တစ္ခုကိုေတြ႕လိုက္တယ္။

// ငွက္ဉဆိုရင္ေတာ့ အိုေကေလာက္တယ္//

ေျခေထာက္မ႐ွိတာေၾကာင့္ လုဟန္ ခင္မ်ာ ခက္ခက္ခဲခဲ႐ုန္းကန္ၿပီး သစ္ပင္ေပၚတက္လာရတယ္။ ေနာက္ဆုံးေတာ့ သူ ငွက္သိုက္နားကိုေရာက္သြားခဲ့ၿပီ။ငွက္သိုက္ထဲမွာ႐ွိတဲ့ ငွက္ဉျဖဴျဖဴေလးေတြကို ျမင္လိုက္ရတဲ့အခါ စားခ်င္စိတ္ေပ်ာက္႐ုံတင္မကဘူး ႐ြံစရာေကာင္းတယ္လို႔ပါထင္လာတယ္။

လုဟန္ ႀကိဳးစားၿပီးပ်ိဳ႕အန္ခ်င္စိတ္ကိုထိန္းကာ ငွက္ဉကို ၿမိဳခ်ဖို႔ႀကိဳးစားေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ငွက္ဉကို ၿမိဳခ်လိုက္တာနဲ႔ မေကာင္းတာတစ္ခုခုျဖစ္ေတာ့မယ္လို႔ သူ႕ရဲ႕ပင္ကိုယ္အသိစိတ္ကသတိေပးေနတယ္ေလ။

//အစာငတ္ၿပီးေသတဲ့ေႁမြတစ္ေကာင္အျဖစ္ကိုေရာက္ရေတာ့မွာလား?//

လုဟန္ သူ႕ရဲ႕အၿမီးကို သစ္ကိုင္းမွာခ်ိတ္ၿပီး ေလထဲမွာတြဲေလာင္းဆြဲေနလိုက္ရင္း သူ႕ဘဝရဲ႕ ေသျခင္း႐ွင္ျခင္းအေၾကာင္းကိုေတြးေနလိုက္တယ္။သူ စစ္ခုန္း နဲ႔အတူ႐ွိေနတုန္းက အစာစားဖို႔မလိုခဲ့ဘူး ဆိုတာ လုဟန္ ေတြးမိလိုက္တယ္။ စစ္ခုန္း တရားက်င့္တဲ့အနားမွာေနတိုင္း သူေႏြးေထြးမႈကိုခံစားရၿပီး ဆာေလာင္မႈကိုေမ့ေပ်ာက္သြားတယ္။

ခ်က္က်လက္က်စဥ္းစားၿပီးေနာက္မွာေတာ့ လုဟန္ သူ႕ရဲ႕ ကိုယ္ပိုင္အသက္ေလးကို ကယ္တင္ဖို႔ရာအတြက္ စစ္ခုန္း ကို႐ွာေဖြဖို႔ ႐ွာပုံေတာ္ခရီးစဥ္ဖြင့္လိုက္ပါေတာ့တယ္။

*//one flower.one leaf.oneWorld...ပန္းတစ္ပြင့္၊သစ္႐ြက္တစ္႐ြက္၊ ကမ႓ာတစ္ခုဆိုတာ တ႐ုတ္တို႔ရဲ႕ ဗုဒၶဘာသာစကားစုတစ္ခုပါ။Huayan Sutraလို႔လဲေခၚက်ပါတယ္။

ထိုင္ေနတာကလဲက်င့္ၾကံတာျဖစ္ၿပီး၊ လမ္းေလွ်ာက္ေနတာကလဲ က်င္ၾကံတာျဖစ္ပါတယ္။

ပန္းပြင့္က ကမ႓ာေလာက ကို ကိုယ္စားျပဳၿပီး။
သစ္႐ြက္ကေတာ့ Tathagata(ေဂါတမျမတ္စြာဘုရား) ကို ကိုယ္စားျပဳပါတယ္။ေႏြဉီးပန္းပြင့္ေတြက အစိမ္းေရာင္ကေန ျဖစ္ေပၚလာတယ္။ ေဆာင္းဉီး ႐ြက္ေႂကြေတြေျမာလြင့္ေနတယ္။ (ျဖစ္တယ္ ပ်က္တယ္ဆိုတာကို မွတ္႐ႈတာကိုေျပာခ်င္တာလို႔ထင္တာပဲ)အသိဉာဏ္ပညာေပၚထြန္းလာတဲ့အခါ စကားသံေတြတိတ္ဆိတ္ကုန္တယ္။ ခႏၶာနဲ႔ လႈပ္႐ွားမႈေတြက သဘာဝနဲ႔တသားတည္းက်သြားတယ္။

(ဂလူး ဂလူး ကေနသြား႐ွာလာတာကို ဆီေလ်ာ္ေအာင္ဘာသာျပန္ထားတာပါ။အမွားပါရင္ခြင့္လြၽတ္က်ပါကုန္)

(စစ္ခုန္း ကို Buddha ျဖစ္လာမယ္လို႔ေရးထားတာကေလ တ႐ုတ္ေတြက ယာမာယနကိုးကြယ္က်တာပါ။ ျမန္မာလိုေျပာရရင္ ထြက္ရပ္ေပါက္တို႔ဘာတို႔ကိုေျပာခ်င္တာလို႔ ထင္ပါတယ္။ဒါေပမယ့္ E Tran က Buddha လို႔ေရးထားတာဆိုေတာ့ Buddha လို႔ပဲေရးလိုက္တာပါ။ ေစာ္ကားလိုစိတ္အလ်င္းမ႐ွိပါေၾကာင္း🙏🙏🙏)


Continue Reading

You'll Also Like

117K 16.2K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
58.9K 4.4K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
105K 10.2K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
205K 13.8K 55
Jeon Jungkook x Kim Taehyung