အရှင်​မင်းကြီး ​ကောင်းကင်​ဘုံ...

By Alittlecoin

48.5K 7.1K 464

Unicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင... More

Prologue 1
Prologue 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Announcement !!!
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Announcement !!!
Chapter 29
Chapter 30
Chapter 31
Chapter 32
Announcement !!!
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41.1
Chapter 41.2
Announcement 📣 📣 📣
Chapter 41.3
Chapter 42.1
Chapter 42.2
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 50.1
Chapter 51
Chapter 51.1
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 56.1
Chapter 57

Chapter 10

668 126 7
By Alittlecoin

"မင်းလက်​ထဲက စက်​ဆုပ်​ရွံစရာ
​လေးကိုချထားလိုက်​"

ဒီရက်တွေကတော့ ထန်းရှောင်
ဘဝရဲ့မုန်တိုင်း အထန်ဆုံး
​နေ့ရက်တွေလို့တောင်
​ပြောလို့ရတယ်။
သူမရဲ့Account ဟက်​ခ်​ခံ
လိုက်ရပြီး ရှိသမျှ အကုန်
​ပြောင်တလင်ခါသွားလို့
မပဒါမြေလူး ဖြစ်နေပါတယ်ဆိုမှ ဘယ်လို ​ချေးထုပ်တွေ က
ဒီလိုအချိန်မျိုးမှာ သူမကို
အနိုင်ကျင့်ရဲ ကြသေးတာလဲ။ ဒီလိုအချိန်မျိုးလေးတော့
လူလို အသိရှိပြီး လွှတ်ပေးသင့်တယ်လေ!

သူမရဲ့ရှေ့ ကနေ
MengHu Clanနဲ့
Ranzhi Clan နှစ်ခုလုံး က မားမားမတ်မတ် နဲ့ တံတိုင်းကြီး
​တွေလို ကာကွယ်ပေးနေပေမဲ့ နောက်ကွယ်မှာတော့ ထန်းရှောင်
တစ်ယောက် အဝီဇိငရဲထိ ပြုတ်ကျ
​အောင် အရိုက်ခံနေရတုန်းပဲ။

တစ်ဖက်က ရန်သူတပ်ကြီး က
ညာသံပေးကာ လက်နက်တွေ
တရမ်းရမ်း နဲ့ ရှေ့ကို တရှိန်ထိုး
​ပြေးပြီး ချီတက်လာတယ်။

ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​​လေး နဲ့ ကျန်တဲ့ တစ်သိုက်လုံး က
လည်း မျက်နှာချင်းဆိုင်တိုက်ဖို့
ရာအတွက် ရှေ့ ကို
ဖုန်တထောင်းထောင်းနဲ့
ထိုးပြေးသွားကြတယ်။

သူတို့နောက်မှာတော့
တခြားရန်သူ တစ်အုပ် က
အသံပေါင်းစုံ ကွိကွမြည်ရင်း ပြေးလိုက်သွားကြတယ်။

အကြောမပေးချင်တဲ့
Ranzhi Clanက လည်း ထိုဂိုဏ်းပေါင်းစုံကိုက်ပွဲ ကို
ဝင်ဆင်နွှဲဖို့ ရန်အတွက် အားကြိုးမာန်တက် နဲ့ အုပ်လိုက်
ကြီး ချီတက်​ကာ​ ​ပြေးသွားကြ
ပြန်တယ်။
ထိုပျားပန်းခတ်နေတဲ့ လူအုပ်ကြီး
ကို ကြည့်ရာတာ သကြားခဲလုဖို့ ​ပြေးအုံလာကြတဲ့ ပုရွက်ဆိတ်တွေ
လိုပဲ။

ထိုအခိုက် တိုက်ပွဲအလယ်ခေါင်
မှာ​ ​ရောက်နေတဲ့ ထန်းရှီကတော့ ထွက်ပြေးနိုင်ဖို့ နေနေသာသာ ရှုပ်ယှက်ခတ်နေတဲ့ လူအုပ်ကြား
ထဲ ဆင်နင်းကျွဲနင်း တက်နင်းခံရ
ပြီး ကိစ္စချောသွားလေတယ်။

နည်းနည်း လူစုကွဲသွားတဲ့ အခါမှာ မြေအိုးလေး က ​ရောက်လာကာ
ထန်းရှီ ကို တက်နင်းခံရမဲ့
​ဘေးကနေ လွတ်မြောက်အောင် ခြေထောက်ကို မပြီး ဂုန်နီအိတ်လို
အသာကုန်ဒရွတ် တိုက်ဆွဲထုတ်
​ပေမဲ့လည်း တစ်ချိန်လုံး မှာ
ထန်းရှောင် ထိုတစ်ပုံစံတည်းနဲ့ပဲ အသက်ထွက်နေတုန်း။

တစ်ဖက်မှာ MengHu Clanနဲ့ Ranzhi Clan က လူတွေက
​တော့ ​ပျော်ပျော်ပါးပါးကြီး
တစ်ယောက် နဲ့ တစ်ယောက်
သတ်ဖြတ်လို့ ကောင်းနေတုန်း တခြားတစ်ဖက်မှာတော့
အလောင်းကောင် ထန်းရှီ က မြေကြီးပေါ်မှာ ဆန့်ဆန့်ကြီး
လဲ​နေကာ မျက်နှာ ကနေ
မျက်ရည်ဘူးသီးလုံးတွေ က သမုဒ္ဒရာရေကြီးတဲ့ အထိ
တစ်ဖြိုင်ဖြိုင် ကျဆင်းနေတော့
​လေတယ်။

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "ထန်းရှီလေး, မင်းကို အဲ့လောက်
ထိ လူချစ်လူခင်​​ ​ပေါများလိမ့်
မယ်လို့ မထင်ထားဘူး"

[လက်ရှိ]​မြေအိုးထဲကရွှေတုံး​လေး:
"မင်းAccount ကို ဖျက်လိုက်
​တော့"

[လက်ရှိ]မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "မင်းAccount ကို ဖျက်လိုက်
​တော့"

[လက်ရှိ] ထန်းရှီ: "......"

ထန်းရှောင်သူမရဲ့Account ကို
ုပြန်ရဖို့ အတွက် ​လျှောက်လိုက်
တယ်။ နှစ်ရက်ကြာပြီးနောက်မှာ
​တော့ Customer Service
ကနေ သူမရဲ့ အကောင့် ကို
ပြန်ပြင်ဆင်ပြီး ထည့်ပေးလိုက်
တာက ဖိနပ်တစ်စုံ၊လက်စွပ်
နှစ်ကွင်း၊ လက်ကောက်နှစ်ကွင်း
နဲ့ ဂန္ဓမာပန်းလေးနှစ်ပွင့် ရယ်သာ။

သူမရဲ့Character က
ခရမ်းရောင် လည်သာ ဖိနပ်ရှည်​
စီးထားတဲ့ Enchantress
ဖြစ်လာတာက လွဲရင် အရင်လို
အတွင်းခံလေး တစ်ထည်နဲ့ ဒုံးရင်းကဒုံးရင်း အတိုင်းပင်။

လောကဓံပေါင်းစုံကို ကြုံတွေ့
လိုက်ရတဲ့ ထန်းရှီကတော့ အသက်ပြင်းတဲ့သူ ပီပီ
ဟန်ကျိုးမြို့ထဲက တစ်နေရာမှာ ဖျာလေးခင်းလိုက်ပြီး လက်ထဲက
စုလာတဲ့ ဂန္ဓမာပန်းတွေ ကို
​ရောင်းဖို့ ရှေ့မှာဖြန့်ချလိုက်
တယ်။

[World] ထန်းရှီ:
"အပြာရောင် မျက်နှာဖုံးရှိတဲ့
Dou Erdunကတော့ မြင်းစီးနေပြီး~~ အနီရောင်မျက်နှာမျက်နှာဖုံး
ပိုင်ရှင်ဘိုးဘိုးMaoကတော့ ငွေပြားတွေလုံလုံလောက်လောက် မရှိဘူး​လေတဲ့​နော်​~~"

{အပြာရောင်မျက်နှာဖုံးဆိုတာ တရုတ်ပြဇာတ်တွေမှာကပြလေ့
ရှိတဲ့ဇာတ်ကောင်ပါ။
အပေါ်ကဟာ က သီချင်းထဲက
စာသားတွေ ကို ​ရေးထားတာမို့
Iveလည်း နားလည်သလိုလေး ပြန်လိုက်ပါတယ်}

[World] ထန်းရှီ:
"ဦးဦးတို့ ​ဒေါ်ဒေါ်တို့တွေ လည်း ကျေးဇူးပြုပြီး ကျွန်တော့ ကို
သနားကြပါခင်ဗျှာ~~....
အခု ကျွန်တော့တစ်ကိုယ်လုံး မှာ အရှက်လုံရုံလေးပဲ ဖုံးဖိထားနိုင်
တယ်ဆိုတာ အကုန်လုံးလည်း
​တွေ့ကြမှာပါ။ ဒါကြောင့်မို့ ကျေးဇူးပြုပြီး ကျွန်တော့်ဆီက ပန်းလေးတွေ အား​ပေးကြပါအုံး"

တစ်ကမာ္ဘလုံးက လူတွေပေါက်ကွဲသွားကြတယ်!

MengHu Clanက နံပါတ်ဝမ်း
Enchantress က ဘယ်တုန်းက
များ သဒေါင်းဇားနီးပါး မွဲပြာကျ
ကိန်း ဆိုက်သွားတာလဲ!

လမ်းပေါ်မှာတောင် တကယ်ကြီး ဂန္ဓာမာပန်း ​အော်ရောင်းနေရတဲ့
အဆင့်ထိ ကန်ချခံလိုက်ရတာ
လား!

[World]​မြေအိုးထဲကရွှေတုံး
​လေး: "ဂန္ဓမာပန်းတွေတော့
အကုန်လုံး ​ရေဆေးပစ်ရတော့
မှာပဲ! အရင်ကဆိုရင် ဖိနပ်နဲ့
မြေကြီးနဲ့ ​တောင် မထိဘဲ သွေးနထင်ရောက်နေတဲ့
ထန်းရှီလေး က အခုတော့
လမ်းပေါ်တက်ပြီး သူ့ကိုယ့်သူ
တောင် ပြန်ရောင်းစားနေရပြီ...
ကျွတ်ကျွတ်...."

[World]မိန်းမလှငါးရာဝန်းရံနေ
တဲ့နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "အခုချိန်က ငါတို့တွေ စုမူကျိကို
သွားပြောရမဲ့ အချိန်မဟုတ်ဘူး
လား။ထန်းရှီလေး တော်တော်
ဆာလောင်ပြီး ငတ်ပြတ်နေတာမို့ မြန်မြန် အိမ်ပြန်ခေါ်သွားပြီး ဟိုဒင်း**ဟိုဟွာလေး**
ပြုပေးလိုက်ပါ ဆိုပြီးပြောပေး
ရမှာမလား"

[World] ထန်းရှီ: "အဟွင်း...ငါ့ရဲ့လက်နက်ပစ္စည်း
​တွေ ပြန်ရလာတဲ့ အချိန်ကျရင် မင်းတို့ကောင်တွေဆီ ငါလာပြီး ဟိုဒင်း**ဟိုဟွာလေး***ပြုပေး
လိုက်မှာကို မကြောက်ကြဘူးနဲ့
တူတယ်"

ထန်းရှောင် တစ်နေ့လုံးနေမှ ပန်းတစ်ပွင့်တောင် မရောင်းရ
​ပေမဲ့ ထိုအစား သူမကို
​မျောက်ပွဲကြည့်သလို
အုံကြည့်လာကြတဲ့ လူအုပ်ကြီး
သာ တိုးလာလေတယ်။

သူမလည်း ဘာမှအလုပ်မဖြစ်တဲ့
အတူ လမ်းဘေးဆိုင်လေးကို
ပိတ်လိုက်​ပြီး ပစ္စည်းတွေကို
ထုတ်ပိုးလိုက်တယ်။
လက်နက် ပစ္စည်းတွေ က
ထန်းရှောင် အတွက်တော့
​ဈေးမကြီးပေမဲ့
ပစ္စည်းကောင်းရဖို့ ကတော့
အတော်လေး ခဲယဉ်းတယ်။
Spirit Roadမှာကတော့ ဒါက ထုံးစံလိုပဲ။

ထန်းရှောင် ပစ္စည်းတွေ အကုန်
သိမ်းပြီးတာနဲ့
GM(game master) ဆီသွား
ပြီး သူမရဲ့လေးစားသမှုတွေ
ကို ပြလိုက်တယ်။
ပထမဆုံးအနေနဲ့ သူမရဲ့ပါးစပ်
ကို ကျယ်​ကျယ်​ ဖွင့်လိုက်ကာ
တစ်​နာရီ မိုင်​၅၀နှုန်းထား နဲ့ ​
ကုန်းအော်ပစ်​လိုက်တယ်။

"GMMMMMMMMM....
ငါက မင်းရဲ့ဘိုးဘေးကြီးပဲ!"

ပြီးတာနဲ့ နောက်ဆက်တွဲ
ထပ်​​အော် လိုက်ပြန်တယ်။

"GM, ငါ့တစ်ကိုယ်လုံး ​ရေမိုးချိုး
ပြီး လိုးရှင်းပါ လိမ်းပြီးသွားပြီ။
အခု ငါဒီမှာ ပက်လက်လှဲနေတယ်။ မြန်မြန်လာခဲ့တော့"

ထန်းရှောင် ဒီနေ့ ​တော်တော်
များများ ကို ခံစားလိုက်ရ
ကတည်း က အညံ့ခံလိုက်ဖို့
ဆုံးဖြတ်ပြီးပြီ။

[World] စုမူကျိ: "ထန်းရှီလေး, ဒီကိုလာ"

[World] ထန်းရှီ: "မလာဘူး။ မင်းဘာသာ တစ်ချောင်ချောင်မှာ သွားသဝေထိုးနေ"

ထန်းရှောင်သူမရဲ့ ​ရေမြင်းပါးစပ်
ကို ​နောက်တစ်ကြိမ်ဖြဲလိုက်
တယ်။

"GM..., ငါ..မင်းကို ဟောဒီ အသဲနှလုံးကြီးထဲ ကကို
က ချစ်တယ်​! ငါ့ကို လက်နက်
​ကောင်းကောင်း​လေး စွန့်ကြဲပေးပါ"

[World] ခွဲခွာခြင်းတေးသံ: "ထန်းရှီလေး, မင်း တကယ်
မသွားချင်တာ ​သေချာလား?
စုလေးက မနေ့က တစ်နေ့လုံး မင်းအတွက် လက်နက်ပစ္စည်း
အစုံလိုက် ​ပေးဖို့ ပြင်ဆင်နေခဲ့တာ"

ထန်းရှောင်:!!!!!

[World] အားကောင်းတဲ့ဟော့ပေါ့လေး: "နေပါအုံး? ဘယ်လို? စုမူကျိက
ထန်းရှီလေး အတွက် လက်နက်
ပစ္စည်းအစုံလိုက် ပြင်ဆင်ပေး
တယ်? ဖတ်​ခ်​, ငါ နားကြားမှား
တာ​တော့ မဟုတ်ပါဘူး​နော်?
ငါ ရက်လေး နည်းနည်း ပဲ
​ပျောက်သွားတာ။ သူတို့တွေ ​သောက်ဆန်းကြီးတွေ ထလုပ်နေ
ကြ ပြန်တာလား?"

သောက်ဆန်း ဆိုတဲ့ စကားလုံး
က LanRe Server က
လူတွေ အတွက်တော့ နားယား
လို့ နှိုက်သလောက်ပဲ ရှိတယ်။
Ranzhi Clan တစ်ခုလုံး
​တောင်မှ MengHu Clan ကို
ကူဖို့ ရောက်လာ ကြ​သေးတာပဲ။ သူတို့အတွက် ဒီထက်ပိုပြီး
​သောက်ဆန်းလို့ အော်စရာ ဘာသောက်ကြောင်း ရှိသေးလို့
လဲ!

[World]ဒီအရှင်မင်းကြီးက
ထပ်ပြီး မရူးတော့ဘူးကွယ်: "ကမာ္ဘကြီးက ​နေ့စဉ်နဲ့အမျှ
​ပြောင်းလဲ တိုးတက်နေတဲ့
​ခေတ်ဖြစ်နေပြီ။
အရင်က တစ်ကျက်ကျက်
ကိုက်နေကြ Clanနှစ်ခု ​တောင်
အခုဆိုရင် မခွဲမခွာနိုင် ဖြစ်သွားကြ
ပြီ​လေ။ ဒီလို အံ့ဩစရာကောင်း
တဲ့ ဖြစ်ရပ်နဲ့အတူ ဒီအတွဲ ကလည်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်
ဆက်ဆံရေးမျိုးပဲ။ မင်းတစ်နာရီ ​လောက်​ ​ပျောက်သွားရင်တောင် ဒီဒရာမာရဲ့ ဇာတ်ကြောင်း ကို
နားလည်မှာ မဟုတ်တော့ဘူး။
ဒီကြားထဲ မင်းက ရက်နည်းနည်း
​တောင်​ ​ပျောက်သွားတယ် ဆိုမှ
​တော့ အခုချိန်ထိ သူတို့တွေ
ကလေးတစ်ကောင် မထွက်လာ
​​သေးတာ မင်းအတွက် အချိန်မီ
​သေးတယ်လို့ ပြောရမယ်"

[World] မြေအိုးထဲကရွှေတုံး
​လေး:"တစ်ယောက် နဲ့ တစ်ယောက်
​သေကြပါစေ ဆိုပြီး သတ်လိုက်
ဖြတ်လိုက် လုပ်နေကြရာ ကနေ ဘယ်လိုလုပ်ပြီး သူတို့ရဲ့ ဆက်ဆံ
​ရေးတွေက​ ​ပြောင်းလဲ သွားကြ
တာလဲ?
ဘာကြောင့် မို့လို့ နတ်ဘုရားမက ရုတ်တရုတ်ကြီး အတင်းဖိအား
​ပေးပြီး မင်္ဂလာဆောင်ချင် လာ
ရတာလဲ?
ဘာကြောင့် မို့လို့ Clanနှစ်ခု က
ရုတ်တရတ်ကြီး ငြိမ်းချမ်းရေးကို
တည်ဆောက်သွားနိုင်တာလဲ? ဘယ်လိုလုပ်ပြီး လိင်ပြောင်းထား
တဲ့ စုံတွဲက လူအများ ကို မေးရိုးပြုတ်အောင် လုပ်တဲ့
​နေရာမှာ သောက်ရမ်းတော်​
​နေရတာလဲ?
MengHu Clanရဲ့နေ့စဉ်ထုတ် အတင်းတုပ်​ကြမယ် မဂ္ဂဇင်း ကို
ဖတ်ရှု့ဖို့ မမေ့နဲ့နော်။
အဲ့ဒီမှာဆိုရင် နောက်ဆုံးရ
အကြောင်းအရာတွေ နဲ့
အတင်းအဖျင်း စကားသံတွေ ကို
အမြဲတမ်း ထည့်သွင်းဖော်ပြသွား
မှာပါ"

[World]
မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "ငါတို့တွေက အတင်းမတုပ်​
ကြဘူး။ အတင်းတုပ်​တဲ့
စကားသံတွေ ကိုသာ လူအများ
သိအောင် ​ဖော်ပြပေးတဲ့
ဝန်​​ဆောင်​မှုလုပ်​ငန်း ဖြစ်တယ်။ ဒီတစ်ခါ အားလပ်ရက်ကာလ
ပြီးရင် ငါတို့တွေ ဒီထက်ပိုပြီး
လူကိုယ်တိုင် မတင်ဆက်တော့ဘူး။ ငါတို့ရဲ့ရင်တွင်းဖြစ် အတင်း
စကားသံ​တွေကို MengHu Clan
ရဲ့နေ့စဉ်ထုတ် အတင်းအဖျင်း
ဂျာနယ်​မှာပဲ ဖော်ပြသွားတော့
မယ်။ ဒါကြောင့်မို့ မင်း အိမ်သာ
တက် ရင်​တောင် တစ်ရှူးယူဖို့
မေ့သွားနိုင် တယ်။ဒါပေမဲ့
MengHu Clan ရဲ့နေ့စဉ်ထုတ်
အတင်းအဖျင်း ဂျာနယ်​ကိုတော့
ယူသွားဖို့ မမေ့နဲ့နော်"

[World] ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေး:
"ဝိုး...ကြည့်ရတာ​ ​တော်တော်
မိုက်မဲ့ပုံပဲ။တစ်စောင် ကို
ဘယ်လောက်လဲ ဗျို့?"

[World]မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "မေးခွန်းကောင်းပဲ။
မင်း အခုပဲ မှာယူမယ် ဆိုရင် ငွေတုံးတစ်တုံးပဲ ကုန်ကျမှာပါ။ အဲဒီမှာဆိုရင် လိင်ပြောင်းစုံတွဲ ရဲ့
အတိတ် နဲ့ လက်ရှိလူနေမှုဘဝ
အကြောင်း ကို ဖော်ပြထားတယ်။
ရပြီ....နောက်တစ်ယောက်!"

[World] ထန်းရှီ: "....."

[World] စုမူကျိ: "အမြတ်ခွဲပေးဖို့လည်းမမေ့နဲ့"

[World] ထန်းရှီ: "....."

ထန်းရှောင်သူမရဲ့တယ်လီပို့
စကေးကို သုံးကာ စုမူကျိ အနား
​ရောက်အောင် သွားလိုက်ပြီး
သူမ ​ရောက်နေတဲ့ ​နေရာက
နတ်ဘုရားမရုပ်ထု ရဲ့ ​ခေါင်း​ထက်​ ဖြစ်နေတာ ကို မြင်လိုက်ရတယ်။

Spirit Road ရဲ့ သ​င်္ကေတ
အထိမ်းအမှတ်ဖြစ် တဲ့ ထိုရုပ်ထု
ကို မြင့်မြတ်​ တဲ့နတ်ဘုရားမတို့
ရဲ့ ပုံပန်းသွင်ပြင် လက္ခဏာတွေ
နဲ့ 100% တူအောင် တည်ဆောက် ထားတယ်။

ကောလဟာလတွေ အရတော့
အဲ့ရုပ်ထု ကို ရုပ်​ရှင်မင်းသမီးစုပိုင်
နဲ့ တူအောင် လုပ်ထားတာတဲ့။

ထိုရုပ်ထုရဲ့ ​ခြေဆုံးခေါင်းဆုံး ကို
ကြည့်လိုက်ရင် အဖြူရောင်
တိမ်တိုက်လေးတွေ က နတ်ဘုရားမရုပ်ထုရဲ့ ရင်ဘတ် နဲ့ ခြေထောက်တွေကြား ကနေ
ဖြတ်ကာ ကောင်းကင်ထက်မှာ
လွင့်မြောနေတယ်။

မျက်နှာ ကတော့ စုပိုင် နဲ့
တူတာ ထားလိုက်ပါတော့။
ဒါပေမဲ့ ရင်ဘတ် ကတော့
သေချာပေါက် သူမ size
မဟုတ်ဘူး!

စုမူကျိက သူ့ရဲ့လိုင်စင်ဆွဲထား
တဲ့ အဖြူရောင် ဝတ်ရုံရှည် ကနေ ပြောင်းလဲ ဝတ်ဆင်ထားပြီး အဝါနဲ့အနီရောင်စပ် ဝတ်စုံ က မြင့်မြတ်တဲ့ မသေမျိုးတို့ ရဲ့
အရှိန်အဝါ ကနေ ​သွေဖယ်ကာ ခန့်ညားတောက်ပပြီး ဆန်းသစ်တဲ့
အသွင် ကို တစ်​မျိုး​ဖော်​​ဆောင်
​နေတယ်။

[World] ထန်းရှီ:
"ဇနီးလေး....ကိုယ် ဒီကနေကြည့်
ရင် မင်းကို အနီရောင် လှိုင်းတွန့်
​တွေပါတဲ့ ဂန္ဓမာပန်းပွင့်ကြီး
​လေထဲ လွင့်နေတယ် လို့
ထင်လိုက်တာ။ ဘယ်လိုဖြစ်ပြီး ဖက်ရှင်တွေ ထူးခြား ဆန်းသစ်
​နေလှပါလား"

စုမူကျိ ရဲ့ လှုပ်ရှားမှုတွေ က
စက္ကန့် အနည်းငယ်​လောက်
ရပ်တန့်သွားတယ်။
ထန်းရှောင်လည်း သူမရဲ့Screen
​ပေါ်က မြင်နေရတဲ့
ထိုအမျိုးသားကောင်း က
ခဏလောက်​ ​တောင့်တောင့်ကြီး
ဖြစ်သွားတာ ကို ခံစားမိလိုက်​
တယ်။

ဒါပေါ့။ မှန်တာ ​ပြောရင်
ရွာ့ပြင်တောင် ထုတ်တယ်တဲ့။ ပွင့်လင်းစွာ ​ဝေဖန်ချီးကျူးလိုက်
ခြင်းရဲ့ ​နောက်ဆက်တွဲ ရလဒ်
ကတော့ ဓားတစ်ချောင်း က
သူမရဲ့လည်မျိုဆီ ကို ဝဲပျံလာ
​လေတယ်။
ထန်းရှောင် တစ်ချက်တည်း နဲ့ နတ်ရွာစံသွားပေမဲ့ စုမူကျိကတော့ သူ့ရဲ့ဒေါသတွေ ​ပြေပျောက်သွား
တဲ့ အထိ သူမကို ဓားနဲ့ခုတ်​လို့​
ကောင်း​နေတုန်းပင်​။

[လက်ရှိ] ထန်းရှီ: "မင်းကိုယ့် ကို တစ်ကြိမ်လောက် ရိုက်ရုံ နဲ့ ရပါ
တယ်။ကိုယ် လည်း မင်းကို
ပြန်လုပ်နိုင်မှာ မှ မဟုတ်တာ"

[လက်ရှိ] စုမူကျိ: "မင်း အခု ဘာမှမလုပ်နိုင် သလိုမျိုးလား?"

[လက်ရှိ] ထန်းရှီ: "ကိုယ့် လက်
​တွေ နဲ့ မင်းကို ဘာမှပြန်မလုပ်
နိုင်ပေမဲ့ ကိုယ့်ပါးစပ် နဲ့ ပြန်ကိုက်
လို့ ရတယ်​နော်! မင်းပဲ ကိုယ့်ကို ပစ္စည်းပေးမလို့ဆို! ပေးတော့လေ~ ကိုယ် ​ပျော်ပျော်ကြီး လက်ခံဖို့ စောင့်နေတယ်!"

စုမူကျိက ပစ္စည်းပေးဖို့
အရိပ်အယောင် မပြဘဲ ထိုအစား ဗြတ်စောင်း ကို လက်မှာ ကိုင်ထား
လျက်​ တီးဖို့ အသင့်ပြင်လိုက်
တယ်။
အစိမ်းနုရောင် မြက်ခင်းပြင်
​ကော်ဇော်ထက်မှာတော့ ရုပ်ရည်ချောမောပြီး ခန့်ညားတဲ့ အမျိုးသားငယ် တစ်ယောက် က
ဗြတ်စောင်း ကို ငြိမ့်ငြိမ့်ညောင်း
​ညောင်းလေး တီးနေကာ သူ့ဘေးနားမှာတော့ အတွင်းခံ
​လေးသာ ဝတ်ထားတဲ့ ချစ်စရာ
မိန်းကလေး တစ်ယောက် ရှိနေ
တယ်။

ဒီမြင်ကွင်း က ဆောင်ကြာမြိုင်
ကို လာလည်တဲ့ ချမ်းသာတဲ့
သခင်လေးရဲ့ ပုံစံအတိုင်းပဲ။
ထန်းရှောင်စိတ် ထဲ သူမဘာသာ
ဒရာမာကားထဲက ဇာတ်ကွက်
​တွေ နဲ့ စိတ်ကူးယဉ်လိုက် ပြီး
အလိုလို မျက်နှာပူကာ ရှက်
လာတယ်။

[လက်ရှိ] စုမူကျိ:
"ထန်းရှီလေး...ငါ မင်းနဲ့ပတ်သက်
ပြီး ဘာကို အကြိုက်ဆုံးလဲသိ
လား"

[လက်ရှိ] ထန်းရှီ:
"ကောင်းကင် နဲ့ ကမာ္ဘမြေကြီး
ကိုတောင် တုန်ဟီးသွားစေနိုင် တဲ့ ကိုယ့်ရဲ့ ​ချောမောတဲ့ ရုပ်ရည်ကို
သဘောကျတာလား"

[လက်ရှိ] စုမူကျိ:
"....မင်းက ဘယ်သူ့ကိုမှ
အရှုံးမပေးပေမဲ့ အဆုံးကျရင်တော့ ငါ့ကိုပဲ လာခယနေရတာ ကို
သဘောကျတာ"

ဒီအခြေအနေက အရင်တုန်း
ကသာ ဖြစ်ခဲ့မယ် ဆိုရင်တော့ ထန်းရှောင် စုမူကျိရဲ့ မျက်ခွက်
ကို စုတ်နေအောင် ချက်ချင်း
ရိုက်ပစ်လောက်တယ်။

ဒါပေမဲ့ အခုလောလောဆယ်
​တော့ စုမူကျိ အခုပြောလိုက်သလို
ပဲ သူမ အရှုံးမပေးနိုင်ဘူး။
ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားနိုင်
ရမယ်!

[လက်ရှိ] ထန်းရှီ: "ဇနီးလေး, အနည်းဆုံးတော့ ကိုယ်တို့တွေ
က လက်ထပ်ထားတဲ့ လင်မယား
​လေ။ ရှေးလူကြီးတွေ ​ပြောပုံအရ
ဆို လင်မယားအဖြစ် နဲ့ တစ်ရက်
တာ​နေတာ က ရက်တစ်ရာ ချစ်ခြင်းမေတ္တာနဲ့ ညီတယ်တဲ့။ ကိုယ့်ဗိုက်ထဲက အနာဂတ်
က​လေးလေး ကို တွေးကြည့်ပြီး
ကိုယ့်အပေါ်ကို အရမ်း မရက်စက်
ပါနဲ့"

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "......ငါတောင်းပန်ပါတယ်။
မင်းတို့ကိုနှောင့်ယှက်မိပြီ"

[လက်ရှိ] ထန်းရှီ: "....."

[လက်ရှိ] ထန်းရှီ:"မင်း ဘယ်
အချိန် ကတည်းက ဒီရောက်နေတာ
လဲ"

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
"မင်း ဗိုက်ထဲ စုလေး ရဲ့
ကလေး ကို လွယ်ထားရပြီ လို့ ပြောလိုက်တဲ့ အချိန်တုန်းက"

[လက်ရှိ] ထန်းရှီ: "....."

ထန်းရှောင် ထိုသကောင့်သား ရဲ့
ပါးစပ်ပေါက်ကို ပိတ်ဖို့ လုပ်ထည့်
လိုက်ချင်ပေမဲ့ လည်း ဘယ်အချိန်
တုန်းက စုမူကျိက သူမဆီကို
အဆင့်မြင့်လက်နက် ပစ္စည်းတွေ
ပို့လိုက်မှန်း မသိလိုက်ပေ။
သူမရဲ့အရင်ပစ္စည်းတွေ​လောက်
မကောင်းပေမဲ့ လည်း အတွင်းခံ​
​လေးပဲ ဝတ်နေရတဲ့ ဘဝထက်
​တော့ အဆပေါင်းထောင်
ချီသာတယ်လို့!!

စုမူကျိက ဝတ်စုံကို ရိုးရိုး
ခရမ်းရောင် ကနေ ခရမ်းရင့်ရင့်
​ပြောင်းပေးထားတာ​ကြောင့် သူမရဲ့ပုံစံက ပိုပြီး အသက်ဝင်ကာ​ ​တောက်ပနေတယ်။

[လက်ရှိ] စုမူကျိ: "ကိစ္စတစ်ခု ​ပေါ်လာလို့ ငါ ခဏ သွားလိုက်အုံး
မယ်"

စုမူကျိ ထွက်သွားတာ ​သေချာပြီ
ဆိုတာ နဲ့ ထန်းရှောင်သူမ ရဲ့
လက်နက်အသစ်​ ဂျပ်​ချွတ်​​လေး
ကို ဖုန်သုတ်လိုက်ကာ တစ်စုံတစ်
​ယောက် ရဲ့ အသုံးမလိုတဲ့
အပေါက်တွေ ကို ပိတ်ဖို့ရာ
အတွက် သွေးပူလေ့ကျင့်ခန်း
​လေး စဖို့ ပြင်လိုက်တယ်။

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
"နေအုံး။ မင်း မူချောင် ကို
အရမ်း သဘောကျတာ ကို
ုကြည့်ပြီး ငါ မင်းကို​ ​ပြောစရာ
ရှိတယ်။ မင်းသာ ဒါကို ကြားရင်
​သေချာပေါက်ကို ​ပျော်သွားမှာ"

[လက်ရှိ] ထန်းရှီ: "ဘာလဲ?
မူချောင် နဲ့ ထန်းရှောင်တို့
နှစ်ယောက် အစီအစဉ်တစ်ခု မှာ
ပထမဆုံး မျက်နှာချင်းဆိုင်
​တွေ့ကြပြီး မူချောင် က
ထန်းရှောင် ကို မရူနိုင်မကယ်နိုင်
ချစ်မိသွားလို့လား"

ခွဲခွာခြင်းတေးသံ က သူ့ရဲ့
Screen​ ​ရှေ့ကနေ လူကို
ခွာလိုက်ကာ လက်ခလယ်ထောင်
ပြ လုနီးပါးဖြစ်သွားတယ်။

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
"စုလေးက မင်းကို အဲ့ပစ္စည်းတွေ
​ပေးဖို့ တစ်ညလုံး ကြိုးပမ်းနေခဲ့
ရတာ။ ဒါက ဘာသဘောလဲဆိုရင် မင်းရဲ့ကျန်ရှိတဲ့ ဘဝသက်တမ်း
တစ်လျှောက်လုံး ကို ကမာ္ဘကြီး
ကို ကယ်တင်ရင်း နဲ့ပဲ ​နေသွားရ
မယ်လို့ ဆိုလိုတာ"

[လက်ရှိ] ထန်းရှီ: "မဟုတ်ဘူး။
ဒီမှာ တကယ့် အရေးကြီးတဲ့
အချက်က မင်းမိသားစုက စုလေး
ကို မင်း အခုချိန်​ထိ ချစ်နိုင်ပြီး
သူမနဲ့ အတူရှိ ​ပေးနိုင်တယ်။ သူမရဲ့မောက်မာပြီး အေးတိ
​အေးစက် နဲ့ တစ်ခါတစ်ရံ ရိုက်
သတ်ချင်စိတ်​ ​ပေါက်တာ က
လွဲ၍ ....ငါ့ကောင်ကြီး,
မင်း တကယ့် အချစ်စစ် ကို
ခံစားဖူးပြီးသွားပြီ! မင်း စိတ်​​စေရာ
အတိုင်းသာလုပ်ပါ။ ငါ မင်း ကို သေချာပေါက် ကူညီပေးမယ်!"

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "...."

သူအခု ချက်ချင်း ပဲ
ထန်းရှောင်ရဲ့ ကုမ္ပဏီ ဆီ
​ပြေးသွားပြီး သူမ ကို
​အော်ပြောလိုက်ချင်တယ်။

အနာဂတ်ကျရင်
မင်း ဒါအတွက်​ ​သေချာပေါက်​
​နောင်တရလိမ့်မယ်!!!

မျက်ခွက် ကို ဖြတ်ရိုက်ခံလိုက်
ရသလိုမျိုး!

တဖြောင်း ဖြောင်း ဖြောင်းနဲ့!

မင်းသေလောက်တဲ့ အထိ
နာကျင်ရ လိမ့်မယ်!!!

[လက်ရှိ] ထန်းရှီ: "ကောင်းပြီ, ဒီတော့အခု ငါ့ရှေ့က ဖယ်တော့။
မင်း ငါ့ကို ​ပြောချင်တာ
ဘာပဲဖြစ်ဖြစ်, ငါ ဒီထက်ပိုပြီး
အောင့်အီးသည်းခံ ပြီး မနေနိုင်
​တော့ဘူး"

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "ဘာမှမဟုတ်ဘူး။ ဒီအတိုင်း
ငါ ​ပြောချင်တာက_
စုလေးက အရင်တုန်း က
တစ်ခါမှ မချစ်ခဲ့ဖူးဘူးလို့!"

သူ့အပေါက်ပွင့်ပြီး အာသီး ကို
မြင်ရဖို့ သူမ​ ​နေ့တစ်ဝက်လုံး
​စောင့်စားနေခဲ့တာ!

အဲဒါကို အခု သူ ​ပြောလိုက်တာ
စုမူကျိက ဘာရယ်????

ငါ မူချောင်ကို အရမ်းသဘောကျ
တာ နဲ့ ပတ်သက်ပြီး ပြောစရာရှိ
တယ် ဆိုတာ ဒါလား?????

စုမူကျိ ကို ယင်ဖိုယင်မဲ မသန်း
တဲ့ ကိစ္စက ငါ့စောက်လုပ်ပါလို့
လား!!!

ပြီးတော့ စုမူကျိက မူချောင်နဲ့
ဘာသောက်လုပ် လုပ်စရာရှိလို့
လဲ!!!!

[လက်ရှိ] ထန်းရှီ: "အို့...ဒါက ပုံမှန်ပဲလေ။ မင်း ​စောက်ရုပ်ဆိုး
ရင်တော့ ဘယ်သူကမှ မင်းကို
လိုချင်မှာ မဟုတ်ဘူး"

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "....."

ထန်းရှောင် ထိုအချိန်မှာ ပဲ သူမရဲ့ကံဆိုးလေ့ရှိ တဲ့ အချက်
ကို ရှာတွေ့သွားတယ်။
အဲဒါကတော့ သူမစုမူကျိ ရဲ့
နောက်ကွယ်မှာ မကောင်းကြောင်း
​ပြောလိုက်တဲ့ အချိန်တိုင်း
ကာယကံရှင် ကိုယ်တိုင် နဲ့
တည့်တည့်မိလေ့ ရှိတယ်ဆိုတာ
ပဲ။

ဘယ်အချိန်တုန်း က စုမူကျိ
ပြန်ရောက်လာကာ လက်ထဲက
ဓားနဲ့ သူမ ကို ရွယ်ထားမှန်း
မသိလိုက်ပေ။ သူက သူမရဲ့
​နောက်မှာ ရပ်နေပြီး ကြောက်မက်
ဖွယ် လူသတ်ချင်​နေတဲ့ အငွေ့
အသက်တွေ ကို ထုတ်လွှတ်နေ
တယ်။
ထန်းရှောင် လည်း နှုတ်​ကနေ "ချီးပဲဟေ့"
ဟု ​အော်ကာ သုတ်ခြေတင်ပြီး
ထွက်ပြေးဖို့ ပြင်လိုက်တယ်။

သို့သော်လည်း သူမရဲ့ရှေ့ မှာ
လမ်းပိတ်ပြီး ရပ်နေတဲ့
ခွဲခွာခြင်းတေးသံ က ရှိနေကာ သူမရဲ့နောက်မှာတော့ စုမူကျိ က
ဓား​သွေးကာ ​စောင့်နေလေတယ်။

"ရှေ့မှာ က ကျား၊
​နောက်မှာ က နဂါး"လို့ပြောကြ
တဲ့ အခြေအနေ ကို မျက်မြင်ကိုယ်
​တွေ့ ကြုံလိုက်ရတယ်။

[လက်ရှိ] စုမူကျိ:"ထန်းရှီလေး, မင်းကတော့ ဘယ်တော့မှ ကို
အမှတ်မရှိဘူးနော်"

[လက်ရှိ] ထန်းရှီ:"သူရဲကောင်းကြီး! မင်းလက်ထဲက စက်ဆုပ်ရွံစရာ
​လေး ကို အရင်ဆုံး ချထားလိုက်
​နော်"

[လက်ရှိ] ထန်းရှီ:
"စက်ဆုပ် ရွံစရာလေး!!!"

[လက်ရှိ] ထန်းရှီ: "အဲ....
ကိုယ်ပြောချင်တာ ဓားလေး!!!"

{ဒီနေရာမှာ Jianလို့ရေးထား
ပါတယ်။
ဓားလို့အဓိပ္ပာယ်ရတဲ့ Jian နဲ့
စက်ဆုပ် အထင်အမြင်သေးဖွယ်
​ကောင်းတယ်ဆို တဲ့ အဓိပ္ပာယ်ရတဲ့ Jianစကားလုံး နဲ့ ကအတူတူပါ။
နှစ်ခုလုံး ကို Jianလို့ပဲသုံးပါတယ်}

သေရွာလည် ထန်းရှောင် က သူမကိုယ်သူမ သေတဲ့နေရာ မှာ
နံပါတ်နှစ်လို့ သာကြေညာလိုက်
ရင် နံပါတ်တစ် ဆိုတဲ့ လူ က
ကမာ္ဘကြီး ကို ဥက္ကာခဲပျံ
ဝင်တိုက်သွားရင်တောင်
​ပေါ်လာမည် မဟုတ်ပေ။
သူမက နှစ်ပေါင်းတစ်ရာ အတွင်း ကျားနှုတ်ခမ်းမွှေး​ ​ပြေးနှုတ် တဲ့
​နေရာမှာ ပြိုင်​ဘက်​ကင်း
တစ်ယောက်ဖြစ်သလို နှစ်တစ်ရာအတွင်း​ ​သေမှုရေးရာ
မှာလည်း ပြိုင်​စံရှားတစ်ယောက်
ဖြစ်နေခဲ့သေးတယ်​။

စုမူကျိက ထန်းရှီကို မရိုက်လိုက်
ရတဲ့ တစ်နေ့များရှိခဲ့ရင်
သူတို့နှစ်ကောင်လုံး ဟိုယား
ဒီယားနဲ့​ ​နေရခက်​လာကြသည်​
မှာ အမှန်​ပင်​။

ဟိုဟိုဒီဒီ ပတ်ရှာကြည့်ပြီး
​နောက်မှာတော့ ခွဲခွာခြင်းတေးသံ
က ဆိတ်ငြိမ်တဲ့ ​နေရာကောင်းလေး
ကို ရှာတွေ့သွားကာ ပေါက်ပေါက်
ဆုပ်ဘူး ကို ထုတ်လိုက်ပြီး ဒရာမာ ကားကို ​ကြည့်နေလိုက်တယ်။

စုမူကျိ က ထန်းရှောင် ရဲ့
တိုက်ပုံတိုက်နည်းတွေ ကို အလွတ် ဆယ်ခါပြန် မှတ်မိကျွမ်းဝင်
​နေရုံတင်မက သူမရဲ့လက်ရှိ
လက်နက်ပစ္စည်းတွေ ကလည်း
အရင်က​လောက် မကောင်းတာ
​ကြောင့် သူမ စုမူကျိကိုအေးခဲနိုင်
သည်ဖြစ်စေ လွဲသွားသည်ဖြစ်စေ နောက်ဆုံးမှာတော့ သူမတစ်
​ယောက်သာ ​မြေပြင်ပေါ်
မျက်ဖြူဆိုက်​ပြီး လဲကျသွား​တော့​
​လေတယ်။

[World]မိန်းမလှငါးရာဝန်းရံနေ
တဲ့နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး:
"​နောက်စိတွေ လည်း မျက်လာပြီ။ အဲဒီလိင်ပြောင်းစုံတွဲ ကတော့ နတ်ဘုရားမ ရဲ့ ​ခေါင်း​ပေါ်မှာ
ထပ်ပြီး အချစ်စမ်းနေကြပြန်ပြီ!"

[World] ဒီအရှင်မင်းကြီး က
ထပ်ပြီး မရူးတော့ဘူးကွယ်:
"ဒီတစ်ကြိမ်တော့ ထန်းရှီလေး
ကပြောသင့်တယ်; ကိုယ့်အချစ်
က ဘယ်လောက်ထိ နက်ရှိုင်းလဲ
ဆိုတာ​ ​မေးပါတို့~ ကိုယ် မင်းကို
ဘယ်လောက်ထိ ချစ်လဲဆိုတာ
တို့?!"

[World] မြေအိုးထဲကရွှေတုံး
​လေး: "တကယ်က ငါတို့ မေးသင့်
တာက စုမူကျိ က ဘယ်နှစ်မိနစ်
​လောက် ထိကြာနိုင်လဲဆိုတာပဲ"

[World]
ဒီအရှင်မင်းကြီးကထပ်ပြီး
မရူးတော့ဘူးကွယ်: "ဖတ်​ခ်,
မင်း တရုတ်စာ ကို Teacher
Cang နဲ့ သင်ခဲ့ရဲ့လား?"

[World] ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေး: "အို့, ငါပြောဖို့ ​မေ့နေတာ။
ငါတို့ ဂိုဏ်းကြီးရဲ့ နှစ်ပေါင်း
တစ်ရာအတွင်း​ ​​လောကတစ်​ခွင်
တက်​တက်​စင်​​​​အောင်​ ဂုဏ်သတင်း
​မွှေး​ ​ကျော်ကြားရတဲ့ အကြောင်း
ရင်းက ဘာလဲဆိုရင် ငါတို့မှာ
သေမှုရေးရာ မှာ ကျွမ်းကျင်တဲ့
ဆရာကြီး ထန်းရှီရယ်၊ ညစ်ပတ်တဲ့
ပြက်လုံးတွေ ​ပြောတဲ့ ​နေရာမှာ
ကျွမ်းကျင်တဲ့ ကိမုချိရွှေတုံးရယ်၊ အတင်းတုတ်တဲ့ ​နေရာမှာ
ကျွမ်းကျင်တဲ့ ငရဲပြည်လားမဲ့ နတ်ပြည်ကဘိုးအေကြီးရယ်...
သူတို့လို မဟာအင်အားကြီး
လူသားသုံးယောက် ရှိနေလို့ပဲ"

[World]
ဒီအရှင်မင်းကြီးကထပ်ပြီး
မရူးတော့ဘူးကွယ်: "....."

#4133 words
#Ive Latte (mm)

Weekly: 9:00Pm
Monday & Thursday
------------------------------------------

Teacher Cang = Japanese
AV actress Cang Ki Jong
တရုတ်မှာနံမည်ကြီးတဲ့AV(Adult video)မင်းသမီးပါ။

{'Ji fen = ငါမင်းကို
ဘယ်လောက်ထိ ချစ်လဲဆိုတာ တရုတ်မှာ ဗန်းစကားဟာသ
အနေနဲ့ သုံးတာပါ။ အဲဒါက ဘယ်နှစ်မိနစ်လောက်ထိ
ကြာနိုင်လဲဆိုတာ နဲ့ အဓိပ္ပာယ်
တူပါတယ်}

သူပြောချင်တဲ့ အဓိပ္ပာယ် က AVတွေမှာဆို Teacher Cang
က ကျွန်မကို ဘယ်လောက်ထိချစ်
လဲလို့မေးရင် တစ်ဖက်က partner
က ကိုယ် ဘယ်နှစ် မိနစ်လောက် ထိ ကြာနိုင်တယ် ဆိုပြီးပြောတဲ့ စကားကို
ဟာသအနေ နဲ့ ယူသုံးထားတာ
လို့ Iveတော့ထင်ပါတယ်။

ဘာကို ဘယ်နှစ်မိနစ်ကြာလဲဆို
တာ​တော့
​သေချာကြီး လာမမေးနဲ့....😏
ဝုတ်​တယ်​...
ဒီက အင်​နိုးဆန့်​လေးကို😇

ဒီအပိုင်း ရဲ့ အကြိုက်​ဆုံးစာသား
"​ကျေးဇူးပြုပြီး ကျွန်​​တော့ကို
သနားကြပါခင်​ဗျှာ....

***********************

Continue Reading

You'll Also Like

139K 23.8K 14
Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Mo...
659K 54.1K 200
ရွမ်ကျူးကျူးတ‌ယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြ...
108K 6.4K 20
နွေဦး ... ။ နွေဦး ဆိုပေမဲ့လို့ သာမန်နွေဦးရာသီတစ်ခုနဲ့ မတူညီတဲ့ ပူပြင်းလွန်းတဲ့ နွေဦး ... ။ ဟုတ်တယ် ... နွေဦး ဟာသိပ်ကိုပူပြင်ခြောက်သွေ့လွန်းတယ် .. ။...
929K 76.3K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...