Zawgyi
ေန႔လယ္စာစားၿပီးေနာက္ လ်ိဳထံုက ကေလးႏွစ္ေယာက္နဲ႔အတူ ေတာင္ေပၚတက္ေတာ့တယ္။ သူတို႔တစ္ေယာက္စီကလည္း ျခင္းေတာင္းတစ္လံုးစီကို သယ္ထားၾကတယ္။ သူတို႔ေတြက င႐ုတ္သီးေတြတင္ မကပဲနဲ႔ ပဲပိစပ္ေတြပါ ႐ွာခူးဖို႔ စီစဥ္ထားၾကတယ္။ အခုလက္႐ွိမွာ ဒီင႐ုတ္အႏွစ္ကပဲ သူတို႔ဝင္ေငြရဲ႕ အဓိကအရင္းအျမစ္ ျဖစ္ေနေတာ့ သူတို႔ေတြ အခုကတည္းကေန ရႏိုင္သေလာက္မ်ားမ်ား
စုေဆာင္းထားရမယ္။ မဟုတ္ရင္ သူတို႔ရဲ႕င႐ုတ္အႏွစ္က ေသခ်ာေပါက္ကို ဆိုင္႐ွင္ခ်န္ရဲ႕ေတာင္းဆိုမႈနဲ႔ မကိုက္ညီပဲ ျဖစ္သြားလိမ့္မယ္။
လ်ိဳထံုက တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ကို အရင္တုန္းက သူတို႔ဆံုခဲ့တဲ့ေနရာဆီကို ေခၚလာခဲ့တယ္။ သူကသူတို႔ေတြကို ဒီထက္ပိုၿပီး ေဝးေဝးကို မေခၚသြားရဲဘူး။ ႐ွဳရန္ကလည္း ဒီနားမွာပဲ႐ွိေနမယ္လို႔ သူခန္႔မွန္းမိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီနားမွာ႐ွိတဲ့ င႐ုတ္သီးေတြေတာ္ေတာ္မ်ားမ်ားက အခူးမခံရေသးဘူး။ အဲ့ဒါအျပင္ ႐ွဳရန္ကလည္းပဲ တစ္ျခားေနရာေတြနဲ႔ မရင္းႏွီးဘူး။
ေသခ်ာေပါက္ကိုပဲ။ လ်ိဳထံု ေတာင္ေပၚသစ္ေတာထဲကို ေျခလွမ္းခ်လိုက္တာနဲ႔ခ်က္ခ်င္း ႐ွဳရန္ရဲ႕ပံုရိပ္ကို ဖမ္းမိသြားတယ္။ သူ႔ေနာက္ေက်ာမွာ ျခင္းေတာင္းတစ္လံုးကို လြယ္ထားၿပီး င႐ုတ္သီးေတြကို ကုန္းခူးေနတယ္။ သူ႔အေရွ႕မွာေတာ့ အနီေရာင္င႐ုတ္သီးပင္ေတြက ေနရာတိုင္းမွာ ေပါက္ေရာက္ေနတယ္။
႐ွဳရန္ကိုျမင္ေတာ့ ကေလးႏွစ္ေယာက္က သူ႔ဆီေပ်ာ္႐ႊင္စြာ ေျပးသြားၾကတယ္။ "အေဖ အေဖ..."
႐ွဳရန္ကျပံဳးရင္း သူ႔ေခါင္းကို ေမာ့ၾကည့္လိုက္တယ္။ "သားတို႔က ဒီမွာပဲ! သားတို႔ထမင္းစားၿပီးၿပီလား?"
"ဟုတ္ကဲ့။ ၿပီးေတာ့ ေဖေဖက အသားလည္း ဝယ္လာတယ္။ သားတို႔အကုန္မစားဘူး။ အိမ္မွာ အေဖ့အတြက္ သားတို႔ခ်န္ထားတယ္။" ေကာ္ေကာ္က စိတ္လႈပ္႐ွားစြာ ေျပာလိုက္တယ္။
သူ႔ေဘးနားမွာ႐ွိေနတဲ့ တ်န္းတ်န္းေတာင္မွပဲ
စိတ္လႈပ္႐ွားေနပံုရတယ္။
႐ွဳရန္က ျပံဳးလိုက္တယ္။ "ဟုတ္ပါၿပီ။ သားတို႔က
ေကာင္းတဲ့ကေလးေတြပဲ။ အေဖတို႔ဒီညေနခင္း အိမ္ျပန္ေရာက္တဲ့အခ်ိန္က်ရင္ အေဖတို႔အသားစားၾကမယ္။"
"ေကာင္းတယ္! အဲ့ဒါဆိုရင္ အေဖ သားတို႔င႐ုတ္သီးခူးလိုက္အံုးမယ္။"
"အင္း အျမန္မလိုနဲ႔။"
ကေလးႏွစ္ေယာက္ထြက္သြားၿပီးေနာက္ လ်ိဳထံုက အနီးနားကို ေလွ်ာက္လာတယ္။ ႐ွဳရန္ရဲ႕နဖူးေပၚက ေခြၽးေတြကို ျမင္ေတာ့ သူ႔ရဲ႕အက်ႌလက္နဲ႔ သုတ္ေပးလိုက္တယ္။ "ရန္ တကယ္လို႔ မင္းပင္ပန္းေနရင္ မင္းခဏေလာက္ အနားယူလိုက္ေလ။ ၿပီးမွ အလုပ္ျပန္လုပ္ေပါ့။"
႐ွဳရန္က ေခါင္းခါၿပီး ျပန္ေျပာလိုက္တယ္။ "အဲ့ဒါ
အဆင္ေျပတယ္။ ငါ့ကိုယ္ငါ သိပါတယ္။ ဒါေပမဲ့
မင္းကေတာ့ အနားယူသင့္တယ္။ မင္းဒီေန႔ ၿမိဳ႕တက္ထားရတယ္မလား။ မင္းပင္ပန္းေနၿပီလား?"
"မပင္ပန္းပါဘူး။ လံုးဝ" လ်ိဳထံုက ျပန္ေျဖလိုက္တယ္။ သူက အမွန္တကယ္ကို မပင္ပန္းပါဘူး။ ႐ွဳမိသားစုထဲမွာ ေနတုန္းက သူလုပ္ခဲ႔ရတဲ့အလုပ္ေတြနဲ႔ ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ ဒါကဘာမွမဟုတ္ပါဘူး။
"ဟုတ္ၿပီ။ ရန္ ငါပဲပိစပ္ေတြကို ခူးလိုက္မယ္။ မင္းနဲ႔
ကေလးေတြက င႐ုတ္သီးေတြ ခူးလိုက္ၾက။"
"ေကာင္းၿပီ။" ထို႔ေနာက္ သူတို႔ႏွစ္ေယာက္သား သူတို႔ရဲ႕ ကိုယ္ပိုင္အလုပ္ေတြကို ဆက္လုပ္ၾကေတာ့တယ္။
မြန္းတည္႔ခ်ိန္မွာ ႐ွဳရန္က ေန႔လယ္စာအတြက္
အာလူးျပင္ဆင္ထားတာေၾကာင့္ သူဗိုက္မဆာဘူး။
မြန္းလဲြပိုင္း ေနာက္က်တဲ့အခ်ိန္အထိ မိသားစုတစ္စုလံုးက အိမ္မျပန္ၾကပါဘူး။
အားလံုးေပါင္းလိုက္ရင္ သူတို႔ေတြက င႐ုတ္သီးျခင္း
ေလးေတာင္းနဲ႔ ပဲပိစပ္ျခင္းႏွစ္ေတာင္းကို ရလိုက္ၾက
တယ္။
ခူးထားတာေတြအားလံုးကို အိမ္ျပန္သယ္ဖို႔အတြက္ ႐ွဳရန္နဲ႔လ်ိဳထံုတို႔ အသြားအျပန္ႏွစ္ေခါက္ေလာက္ လုပ္လိုက္ရတယ္။
ညအခ်ိန္တြင္ ႐ွဳရန္က တ်န္းတ်န္းနဲ႔ေကာ္ေကာ္တို႔ သူ႔အတြက္ သီးသန္႔ခ်န္ေပးထားတဲ့အသားကို စားလိုက္တယ္။ အမွန္တကယ္မွာေတာ့ သူကအသားကို အဲ့ေလာက္အႀကိဳက္ႀကီးလည္း မဟုတ္ပါဘူး။ သူ႔အတြက္က စားဖို႔ အသား႐ွိ႐ွိမ႐ွိ႐ွိ သူသိပ္ၿပီး ဂ႐ုမစိုက္ပါဘူး။ သို႔ေသာ္လည္း သူ႔ရဲ႕မိသားစုဝင္အားလံုးက သူ႔ကိုၾကည့္ေနၾကၿပီးေတာ့ သူတို႔ကိုယ္တိုင္ အသားစားရတာထက္ ပိုၿပီးေပ်ာ္႐ႊင္ေနပံုရတယ္ဆိုတာကို သူသတိထားမိလိုက္တယ္။
အဲ့ဒီအခ်ိန္အခိုက္အတန္႔ေလးမွာပဲ သူ႔ရဲ႕ႏွလံုးသားထဲကို စိတ္ခံစားမႈလိႈင္းလံုးႀကီးေတြ ႐ိုက္ခတ္သြားသလိုမ်ိဳး ခံစားလိုက္ရတယ္။ သူ႔စိတ္ထဲ အရမ္းထိသြားတယ္။
ညစာစားၿပီးေနာက္ သူတို႔အနားယူၾကတယ္။ ႐ွဳရန္က ကေလးႏွစ္ေယာက္ကို နတ္သမီးပံုျပင္ ေျပာျပၿပီးေနာက္ သူနဲ႔လ်ိဳထံုတို႔က ကေလးတစ္ေယာက္စီကို ေရခ်ိဳးေပးလိုက္ၾကတယ္။
ညအခ်ိန္ ကေလးႏွစ္ေယာက္စလံုး အိပ္ေမာက်သြား
ၾကၿပီ။ လ်ိဳထံုနဲ႔႐ွဳရန္တို႔က သူတို႔ရဲ႕အခန္းဆီ ျပန္လာခဲ့ၾကတယ္။ လ်ိဳထံုက ႐ွဳရန္ကို ဒီေန႔ဆိုင္႐ွင္ခ်န္သူ႕ကို ေျပာခဲ့တာေတြကို ျပန္ေျပာျပလိုက္တယ္။ ခုႏွစ္ရက္တိုင္းမွာ သူတို႔ရဲ႕ပစၥည္းေတြကို ပို႔ေပးဖို႔ သူတို႔အတြက္
အဆင္ေျပတယ္လို႔ ႐ွဳရန္ေတြးလိုက္တယ္။ ၿပီးေတာ့
အခုေလာေလာဆယ္မွာ အရည္အေသြးလိုအပ္ခ်က္
ျပႆနာေတြမ႐ွိေသးဘူး။ သို႔ေသာ္လည္း သူတို႔
ထုတ္ကုန္ေတြကို ျမန္ျမန္သေလာက္ျမန္ျမန္
အဆင္သင့္ျဖစ္ေအာင္ လုပ္ထားမွရမယ္။
ၾကည့္ရတာ သူတို႔င႐ုတ္သီးနဲ႔ ပဲပိစပ္အရင္းအျမစ္ေတြကို ပိုၿပီး႐ွာေဖြဖို႔ လိုအပ္ေနၿပီ။ ၿပီးေတာ့ ဒီနည္းလမ္းအတိုင္းလုပ္တာက သူတို႔အတြက္ နၫ္းလမ္းေကာင္းတစ္ခုမဟုတ္ဘူး။ သူတို႔ေတြ ျဖစ္ႏိုင္သေလာက္ျမန္ျမန္ ေျမကြက္ေတြကို ဝယ္မွရမယ္။
လ်ိဳထံုက သူဒီေန႔ရလာတဲ့ေငြေတြကို ႐ွဳရန္ကို ျပလိုက္တယ္။ သူေငြတံုးေလးတံုးကို သံုးခဲ့တာေၾကာင့္ ေငြေျခာက္တံုးက်န္ေနေသးတယ္။ ထို႔ေနာက္လ်ိဳထံုက သူဒီေန႔ ဘာလို႔ဝယ္လာခဲ့သလဲဆိုတာကို ျဖစ္ေၾကာင္းကုန္စင္ ေျပာျပလိုက္တယ္။ အထူးသျဖင့္ သူဝုမိန္နဲ႔ တစ္ျခားမိသားစုႏွစ္စုဆီကို အသားေတြခဲြေဝေပးလိုက္တဲ့အေၾကာင္း ေျပာျပလိုက္တယ္။ ႐ုတ္တရက္ လ်ိဳထံုက တစ္ခုခုကို ေတြးမိၿပီးေတာ့ စိုးရိမ္မိသြားတယ္။
သူ ဝင္ေငြနဲ႔ပတ္သက္ၿပီး ႐ွဳရန္နဲ႔မေဆြးေႏြးမတိုင္ပင္ဘဲ အသားဝယ္လာမိတယ္ဆိုတာကို ႐ုတ္တရက္ နားလည္သြားတယ္။
႐ွဳရန္က သူ႔ရဲ႕ေၾကာက္ရံြ႕ထိတ္လန္႔ေနတဲ့ မ်က္ႏွာအမူအရာကို ၾကည့္ၿပီးေတာ့ ရယ္လိုက္တယ္။ "ထံုထံု အဲ့ဒါ အဆင္ေျပပါတယ္။ အခုခ်ိန္ကစၿပီး ဒီလိုမ်ိဳးအရာေတြအတြက္ မင္းဘာသာမင္း ဆံုးျဖတ္ခ်က္ခ်လို႔ရပါတယ္။
မင္းကငါ့ထက္ပိုၿပီး အေတ႔ြအႀကံဳပိုမ်ားတယ္။
ဒီအေၾကာင္းေတြကို ငါ့ကိုေျပာျပၿပီး အသိေပးဖို႔ပဲ လိုတာပါ။"
"ဟုတ္ကဲ့။ ငါလုပ္ပါ့မယ္။" အဲ့ဒါကိုၾကားၿပီးေနာက္ လ်ိဳထံုက စိတ္သက္သာရာရသြားတယ္။ အတိတ္တုန္းကဆိုရင္ ရန္က အ႐ူးတစ္ေယာက္ျဖစ္တယ္။ သူဒီလိုကိစၥေတြကို ဆံုးျဖတ္ခ်က္ခ်ခဲ့ေပမဲ့ ႐ွဳမိသားစုနဲ႔ တစ္ျခားလူေတြကို အသိမေပးခဲ့ဘူး။ ဒီနည္းလမ္းနဲ႔ပဲ သူကဝုမိန္နဲ႔ တစ္ျခားမိသားစုႏွစ္စုနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခုကို တည္ေဆာက္ႏုိင္ခဲ့တာျဖစ္တယ္။
အခုအခ်ိန္မွာေတာ့ ရန္က ျပန္လည္ေကာင္းမြန္လာေပမဲ့လည္း သူကေနသားက်ေနၿပီးေတာ့ မိသားစုထဲမွာ ဘယ္သူက အိမ္ေထာင္ဦးစီးလဲဆိုတာကို ေမ့ေလ်ာ့သြားခဲ့တယ္။
ကံေကာင္းစြာနဲ႔ပဲ ရန္ကအဲ့ဒါကို စိတ္မ႐ွိလို႔။ ၿပီးေတာ့
ကိစၥေတြကို သူ႔ကိုေတာင္ ကိုင္တြယ္ခိုင္းလိုက္ေသး
တယ္။
ရန္ျပန္လည္ေကာင္းမြန္လာၿပီးကတည္းက သူျပဳလုပ္ခဲ့တဲ့အရာေတြက သူ႔ကိုအမွန္တကယ္ ေႏြးေထြးသြားေစၿပီးေတာ့ ရင္ထဲထိသြားေစတယ္။
ေနာက္တစ္ေန႔မွာ လ်ိဳထံုက င႐ုတ္အႏွစ္ ဝါးက်ည္
ေတာက္ဘူး တစ္ရာ့ငါးဆယ္ဘူးကို ၿမိဳ႕ဆီသယ္သြား
တယ္။ ဒီတစ္ႀကိမ္မွာေတာ့ သူကၿမိဳ႕ေပၚကို ေျခက်င္
တက္သြားတယ္။ ဘာလို႔လဲဆိုေတာ့ သူဝုမိန္ရဲ႕ႏြားလွည္းကို အႀကိမ္တိုင္းငွါးေနရမွာ ႐ွက္လို႔ျဖစ္တယ္။
လမ္းတစ္ေလွ်ာက္မွာ လ်ိဳထံုက စိတ္လႈပ္႐ွားေနတယ္။
ဒီေန႔ရဲ႕အေရာင္းအဝယ္ကိစၥၿပီးရင္ သူတို႔ေျမကြက္ေတြပိုဝယ္ဖို႔ေငြေတြရလာေတာ့မယ္။
သူမေန႔က အားလံုးဝယ္ၿပီးသြားၿပီ။ အဲ့ဒါေၾကာင့္ လ်ိဳထံုက ဒီေန႔မွာဘာတစ္ခုမွမဝယ္ဘဲ ပစၥည္းပို႔ေပးၿပီးတာနဲ႔ အိမ္အျမန္ျပန္ေတာ့တယ္။
ဒီေန႔ ႐ွဳရန္က သူတို႔ရဲ႕ကေလးႏွစ္ေယာက္ကို အိမ္မွာထားခဲ့ၿပီးေတာ့ ေတာင္ေပၚကို တစ္ေယာက္တည္းထပ္တက္သြားျပန္တယ္။ လ်ိဳထံုက သူတို႔ႏြစ္ေယာက္စလံုးကို
အျပင္ထြက္ကစားေနဖို႔ ေျပာလိုက္တယ္။ ဒါေပမဲ့ သူတို႔ မကစားခ်င္ဘူး။ သူတို႔႐ွဳမိသားစုဆီမွာ ေနတုန္းက သူတို႔အႏိုင္က်င့္ခံရတဲ့ အေတ႔ြအႀကံဳေတြအမ်ားႀကီးကို
ႀကံဳေတ႔ြခဲ့ရတယ္။ အဲ့ဒါေၾကာင့္အခု သူတို႔အျပင္ထြက္ၿပီး ကစားဖို႔ကို ေၾကာက္ရံြ႕ေနၾကတယ္။
လ်ိဳထံုက ဒါေတြအားလံုးအတြက္ ဘာနည္းလမ္းမွ မ႐ွိခဲ့ဘူး။ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက သူ႔မိသားစုကို ႐ွဳမိသားစုမွ ႏွင္ထုတ္ခံရျခင္းကေန ကာကြယ္ဖို႔အတြက္ အခ်ိန္အမ်ားစုမွာ သူအလုပ္ျပင္းျပင္းထန္ထန္ လုပ္ခဲ့ရတယ္။ တစ္ခါတစ္ရံ သူအားလပ္တဲ့အခ်ိန္က်ရင္ သူ႐ွဳရန္ကို ဂ႐ုစိုက္ေနရတယ္။ သူထို႔ေနာက္မွာမွ ကေလးႏွစ္ေယာက္ကို နည္းနည္းဂ႐ုစိုက္ႏိုင္ခဲ့တာ ျဖစ္တယ္။ ထပ္ေျပာရရင္ သူတို႔ႏွစ္ေယာက္စလံုးက အရမ္းလိမၼာၾကၿပီးေတာ့ ရန္ကို ကူေစာင့္ေ႐ွာက္ေပးရာမွာ အရမ္းအကူအညီ ျဖစ္ၾက
တယ္။ အဲ့ဒါေၾကာင့္ လ်ိဳထံုက သူ႔ႏွလံုးသားထဲမွာ
သူ႔ကေလးေတြအတြက္ အျပစ္႐ွိသလို ခံစားေနရတယ္။
အဲ့ဒါကို သူဘယ္တုန္းကမွ မေျပာထုတ္ခဲ့ရံုသာျဖစ္တယ္။
Unicode
Chapter(37):ရင်ထဲထိသွားခြင်း-2
နေ့လယ်စာစားပြီးနောက် လျိုထုံက ကလေးနှစ်ယောက်နဲ့အတူ တောင်ပေါ်တက်တော့တယ်။ သူတို့တစ်ယောက်စီကလည်း ခြင်းတောင်းတစ်လုံးစီကို သယ်ထားကြတယ်။ သူတို့တွေက ငရုတ်သီးတွေတင် မကပဲနဲ့ ပဲပိစပ်တွေပါ ရှာခူးဖို့ စီစဉ်ထားကြတယ်။ အခုလက်ရှိမှာ ဒီငရုတ်အနှစ်ကပဲ သူတို့ဝင်ငွေရဲ့ အဓိကအရင်းအမြစ် ဖြစ်နေတော့ သူတို့တွေ အခုကတည်းကနေ ရနိုင်သလောက်များများ
စုဆောင်းထားရမယ်။ မဟုတ်ရင် သူတို့ရဲ့ငရုတ်အနှစ်က သေချာပေါက်ကို ဆိုင်ရှင်ချန်ရဲ့တောင်းဆိုမှုနဲ့ မကိုက်ညီပဲ ဖြစ်သွားလိမ့်မယ်။
လျိုထုံက တျန်းတျန်းနဲ့ကော်ကော်တို့ကို အရင်တုန်းက သူတို့ဆုံခဲ့တဲ့နေရာဆီကို ခေါ်လာခဲ့တယ်။ သူကသူတို့တွေကို ဒီထက်ပိုပြီး ဝေးဝေးကို မခေါ်သွားရဲဘူး။ ရှုရန်ကလည်း ဒီနားမှာပဲရှိနေမယ်လို့ သူခန့်မှန်းမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနားမှာရှိတဲ့ ငရုတ်သီးတွေတော်တော်များများက အခူးမခံရသေးဘူး။ အဲ့ဒါအပြင် ရှုရန်ကလည်းပဲ တစ်ခြားနေရာတွေနဲ့ မရင်းနှီးဘူး။
သေချာပေါက်ကိုပဲ။ လျိုထုံ တောင်ပေါ်သစ်တောထဲကို ခြေလှမ်းချလိုက်တာနဲ့ချက်ချင်း ရှုရန်ရဲ့ပုံရိပ်ကို ဖမ်းမိသွားတယ်။ သူ့နောက်ကျောမှာ ခြင်းတောင်းတစ်လုံးကို လွယ်ထားပြီး ငရုတ်သီးတွေကို ကုန်းခူးနေတယ်။ သူ့အရှေ့မှာတော့ အနီရောင်ငရုတ်သီးပင်တွေက နေရာတိုင်းမှာ ပေါက်ရောက်နေတယ်။
ရှုရန်ကိုမြင်တော့ ကလေးနှစ်ယောက်က သူ့ဆီပျော်ရွှင်စွာ ပြေးသွားကြတယ်။ "အဖေ အဖေ..."
ရှုရန်ကပြုံးရင်း သူ့ခေါင်းကို မော့ကြည့်လိုက်တယ်။ "သားတို့က ဒီမှာပဲ! သားတို့ထမင်းစားပြီးပြီလား?"
"ဟုတ်ကဲ့။ ပြီးတော့ ဖေဖေက အသားလည်း ဝယ်လာတယ်။ သားတို့အကုန်မစားဘူး။ အိမ်မှာ အဖေ့အတွက် သားတို့ချန်ထားတယ်။" ကော်ကော်က စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။
သူ့ဘေးနားမှာရှိနေတဲ့ တျန်းတျန်းတောင်မှပဲ
စိတ်လှုပ်ရှားနေပုံရတယ်။
ရှုရန်က ပြုံးလိုက်တယ်။ "ဟုတ်ပါပြီ။ သားတို့က
ကောင်းတဲ့ကလေးတွေပဲ။ အဖေတို့ဒီညနေခင်း အိမ်ပြန်ရောက်တဲ့အချိန်ကျရင် အဖေတို့အသားစားကြမယ်။"
"ကောင်းတယ်! အဲ့ဒါဆိုရင် အဖေ သားတို့ငရုတ်သီးခူးလိုက်အုံးမယ်။"
"အင်း အမြန်မလိုနဲ့။"
ကလေးနှစ်ယောက်ထွက်သွားပြီးနောက် လျိုထုံက အနီးနားကို လျှောက်လာတယ်။ ရှုရန်ရဲ့နဖူးပေါ်က ချွေးတွေကို မြင်တော့ သူ့ရဲ့အကျႌလက်နဲ့ သုတ်ပေးလိုက်တယ်။ "ရန် တကယ်လို့ မင်းပင်ပန်းနေရင် မင်းခဏလောက် အနားယူလိုက်လေ။ ပြီးမှ အလုပ်ပြန်လုပ်ပေါ့။"
ရှုရန်က ခေါင်းခါပြီး ပြန်ပြောလိုက်တယ်။ "အဲ့ဒါ
အဆင်ပြေတယ်။ ငါ့ကိုယ်ငါ သိပါတယ်။ ဒါပေမဲ့
မင်းကတော့ အနားယူသင့်တယ်။ မင်းဒီနေ့ မြို့တက်ထားရတယ်မလား။ မင်းပင်ပန်းနေပြီလား?"
"မပင်ပန်းပါဘူး။ လုံးဝ" လျိုထုံက ပြန်ဖြေလိုက်တယ်။ သူက အမှန်တကယ်ကို မပင်ပန်းပါဘူး။ ရှုမိသားစုထဲမှာ နေတုန်းက သူလုပ်ခဲ့ရတဲ့အလုပ်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒါကဘာမှမဟုတ်ပါဘူး။
"ဟုတ်ပြီ။ ရန် ငါပဲပိစပ်တွေကို ခူးလိုက်မယ်။ မင်းနဲ့
ကလေးတွေက ငရုတ်သီးတွေ ခူးလိုက်ကြ။"
"ကောင်းပြီ။" ထို့နောက် သူတို့နှစ်ယောက်သား သူတို့ရဲ့ ကိုယ်ပိုင်အလုပ်တွေကို ဆက်လုပ်ကြတော့တယ်။
မွန်းတည့်ချိန်မှာ ရှုရန်က နေ့လယ်စာအတွက်
အာလူးပြင်ဆင်ထားတာကြောင့် သူဗိုက်မဆာဘူး။
မွန်းလွဲပိုင်း နောက်ကျတဲ့အချိန်အထိ မိသားစုတစ်စုလုံးက အိမ်မပြန်ကြပါဘူး။
အားလုံးပေါင်းလိုက်ရင် သူတို့တွေက ငရုတ်သီးခြင်း
လေးတောင်းနဲ့ ပဲပိစပ်ခြင်းနှစ်တောင်းကို ရလိုက်ကြ
တယ်။
ခူးထားတာတွေအားလုံးကို အိမ်ပြန်သယ်ဖို့အတွက် ရှုရန်နဲ့လျိုထုံတို့ အသွားအပြန်နှစ်ခေါက်လောက် လုပ်လိုက်ရတယ်။
ညအချိန်တွင် ရှုရန်က တျန်းတျန်းနဲ့ကော်ကော်တို့ သူ့အတွက် သီးသန့်ချန်ပေးထားတဲ့အသားကို စားလိုက်တယ်။ အမှန်တကယ်မှာတော့ သူကအသားကို အဲ့လောက်အကြိုက်ကြီးလည်း မဟုတ်ပါဘူး။ သူ့အတွက်က စားဖို့ အသားရှိရှိမရှိရှိ သူသိပ်ပြီး ဂရုမစိုက်ပါဘူး။ သို့သော်လည်း သူ့ရဲ့မိသားစုဝင်အားလုံးက သူ့ကိုကြည့်နေကြပြီးတော့ သူတို့ကိုယ်တိုင် အသားစားရတာထက် ပိုပြီးပျော်ရွှင်နေပုံရတယ်ဆိုတာကို သူသတိထားမိလိုက်တယ်။
အဲ့ဒီအချိန်အခိုက်အတန့်လေးမှာပဲ သူ့ရဲ့နှလုံးသားထဲကို စိတ်ခံစားမှုလှိုင်းလုံးကြီးတွေ ရိုက်ခတ်သွားသလိုမျိုး ခံစားလိုက်ရတယ်။ သူ့စိတ်ထဲ အရမ်းထိသွားတယ်။
ညစာစားပြီးနောက် သူတို့အနားယူကြတယ်။ ရှုရန်က ကလေးနှစ်ယောက်ကို နတ်သမီးပုံပြင် ပြောပြပြီးနောက် သူနဲ့လျိုထုံတို့က ကလေးတစ်ယောက်စီကို ရေချိုးပေးလိုက်ကြတယ်။
ညအချိန် ကလေးနှစ်ယောက်စလုံး အိပ်မောကျသွား
ကြပြီ။ လျိုထုံနဲ့ရှုရန်တို့က သူတို့ရဲ့အခန်းဆီ ပြန်လာခဲ့ကြတယ်။ လျိုထုံက ရှုရန်ကို ဒီနေ့ဆိုင်ရှင်ချန်သူ့ကို ပြောခဲ့တာတွေကို ပြန်ပြောပြလိုက်တယ်။ ခုနှစ်ရက်တိုင်းမှာ သူတို့ရဲ့ပစ္စည်းတွေကို ပို့ပေးဖို့ သူတို့အတွက်
အဆင်ပြေတယ်လို့ ရှုရန်တွေးလိုက်တယ်။ ပြီးတော့
အခုလောလောဆယ်မှာ အရည်အသွေးလိုအပ်ချက်
ပြဿနာတွေမရှိသေးဘူး။ သို့သော်လည်း သူတို့
ထုတ်ကုန်တွေကို မြန်မြန်သလောက်မြန်မြန်
အဆင်သင့်ဖြစ်အောင် လုပ်ထားမှရမယ်။
ကြည့်ရတာ သူတို့ငရုတ်သီးနဲ့ ပဲပိစပ်အရင်းအမြစ်တွေကို ပိုပြီးရှာဖွေဖို့ လိုအပ်နေပြီ။ ပြီးတော့ ဒီနည်းလမ်းအတိုင်းလုပ်တာက သူတို့အတွက် နည်းလမ်းကောင်းတစ်ခုမဟုတ်ဘူး။ သူတို့တွေ ဖြစ်နိုင်သလောက်မြန်မြန် မြေကွက်တွေကို ဝယ်မှရမယ်။
လျိုထုံက သူဒီနေ့ရလာတဲ့ငွေတွေကို ရှုရန်ကို ပြလိုက်တယ်။ သူငွေတုံးလေးတုံးကို သုံးခဲ့တာကြောင့် ငွေခြောက်တုံးကျန်နေသေးတယ်။ ထို့နောက်လျိုထုံက သူဒီနေ့ ဘာလို့ဝယ်လာခဲ့သလဲဆိုတာကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။ အထူးသဖြင့် သူဝုမိန်နဲ့ တစ်ခြားမိသားစုနှစ်စုဆီကို အသားတွေခွဲဝေပေးလိုက်တဲ့အကြောင်း ပြောပြလိုက်တယ်။ ရုတ်တရက် လျိုထုံက တစ်ခုခုကို တွေးမိပြီးတော့ စိုးရိမ်မိသွားတယ်။
သူ ဝင်ငွေနဲ့ပတ်သက်ပြီး ရှုရန်နဲ့မဆွေးနွေးမတိုင်ပင်ဘဲ အသားဝယ်လာမိတယ်ဆိုတာကို ရုတ်တရက် နားလည်သွားတယ်။
ရှုရန်က သူ့ရဲ့ကြောက်ရံွ့ထိတ်လန့်နေတဲ့ မျက်နှာအမူအရာကို ကြည့်ပြီးတော့ ရယ်လိုက်တယ်။ "ထုံထုံ အဲ့ဒါ အဆင်ပြေပါတယ်။ အခုချိန်ကစပြီး ဒီလိုမျိုးအရာတွေအတွက် မင်းဘာသာမင်း ဆုံးဖြတ်ချက်ချလို့ရပါတယ်။
မင်းကငါ့ထက်ပိုပြီး အတေ့ွအကြုံပိုများတယ်။
ဒီအကြောင်းတွေကို ငါ့ကိုပြောပြပြီး အသိပေးဖို့ပဲ လိုတာပါ။"
"ဟုတ်ကဲ့။ ငါလုပ်ပါ့မယ်။" အဲ့ဒါကိုကြားပြီးနောက် လျိုထုံက စိတ်သက်သာရာရသွားတယ်။ အတိတ်တုန်းကဆိုရင် ရန်က အရူးတစ်ယောက်ဖြစ်တယ်။ သူဒီလိုကိစ္စတွေကို ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ ရှုမိသားစုနဲ့ တစ်ခြားလူတွေကို အသိမပေးခဲ့ဘူး။ ဒီနည်းလမ်းနဲ့ပဲ သူကဝုမိန်နဲ့ တစ်ခြားမိသားစုနှစ်စုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့တာဖြစ်တယ်။
အခုအချိန်မှာတော့ ရန်က ပြန်လည်ကောင်းမွန်လာပေမဲ့လည်း သူကနေသားကျနေပြီးတော့ မိသားစုထဲမှာ ဘယ်သူက အိမ်ထောင်ဦးစီးလဲဆိုတာကို မေ့လျော့သွားခဲ့တယ်။
ကံကောင်းစွာနဲ့ပဲ ရန်ကအဲ့ဒါကို စိတ်မရှိလို့။ ပြီးတော့
ကိစ္စတွေကို သူ့ကိုတောင် ကိုင်တွယ်ခိုင်းလိုက်သေး
တယ်။
ရန်ပြန်လည်ကောင်းမွန်လာပြီးကတည်းက သူပြုလုပ်ခဲ့တဲ့အရာတွေက သူ့ကိုအမှန်တကယ် နွေးထွေးသွားစေပြီးတော့ ရင်ထဲထိသွားစေတယ်။
နောက်တစ်နေ့မှာ လျိုထုံက ငရုတ်အနှစ် ဝါးကျည်
တောက်ဘူး တစ်ရာ့ငါးဆယ်ဘူးကို မြို့ဆီသယ်သွား
တယ်။ ဒီတစ်ကြိမ်မှာတော့ သူကမြို့ပေါ်ကို ခြေကျင်
တက်သွားတယ်။ ဘာလို့လဲဆိုတော့ သူဝုမိန်ရဲ့နွားလှည်းကို အကြိမ်တိုင်းငှါးနေရမှာ ရှက်လို့ဖြစ်တယ်။
လမ်းတစ်လျှောက်မှာ လျိုထုံက စိတ်လှုပ်ရှားနေတယ်။
ဒီနေ့ရဲ့အရောင်းအဝယ်ကိစ္စပြီးရင် သူတို့မြေကွက်တွေပိုဝယ်ဖို့ငွေတွေရလာတော့မယ်။
သူမနေ့က အားလုံးဝယ်ပြီးသွားပြီ။ အဲ့ဒါကြောင့် လျိုထုံက ဒီနေ့မှာဘာတစ်ခုမှမဝယ်ဘဲ ပစ္စည်းပို့ပေးပြီးတာနဲ့ အိမ်အမြန်ပြန်တော့တယ်။
ဒီနေ့ ရှုရန်က သူတို့ရဲ့ကလေးနှစ်ယောက်ကို အိမ်မှာထားခဲ့ပြီးတော့ တောင်ပေါ်ကို တစ်ယောက်တည်းထပ်တက်သွားပြန်တယ်။ လျိုထုံက သူတို့နွစ်ယောက်စလုံးကို
အပြင်ထွက်ကစားနေဖို့ ပြောလိုက်တယ်။ ဒါပေမဲ့ သူတို့ မကစားချင်ဘူး။ သူတို့ရှုမိသားစုဆီမှာ နေတုန်းက သူတို့အနိုင်ကျင့်ခံရတဲ့ အတေ့ွအကြုံတွေအများကြီးကို
ကြုံတေ့ွခဲ့ရတယ်။ အဲ့ဒါကြောင့်အခု သူတို့အပြင်ထွက်ပြီး ကစားဖို့ကို ကြောက်ရံွ့နေကြတယ်။
လျိုထုံက ဒါတွေအားလုံးအတွက် ဘာနည်းလမ်းမှ မရှိခဲ့ဘူး။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့မိသားစုကို ရှုမိသားစုမှ နှင်ထုတ်ခံရခြင်းကနေ ကာကွယ်ဖို့အတွက် အချိန်အများစုမှာ သူအလုပ်ပြင်းပြင်းထန်ထန် လုပ်ခဲ့ရတယ်။ တစ်ခါတစ်ရံ သူအားလပ်တဲ့အချိန်ကျရင် သူရှုရန်ကို ဂရုစိုက်နေရတယ်။ သူထို့နောက်မှာမှ ကလေးနှစ်ယောက်ကို နည်းနည်းဂရုစိုက်နိုင်ခဲ့တာ ဖြစ်တယ်။ ထပ်ပြောရရင် သူတို့နှစ်ယောက်စလုံးက အရမ်းလိမ္မာကြပြီးတော့ ရန်ကို ကူစောင့်ရှောက်ပေးရာမှာ အရမ်းအကူအညီ ဖြစ်ကြ
တယ်။ အဲ့ဒါကြောင့် လျိုထုံက သူ့နှလုံးသားထဲမှာ
သူ့ကလေးတွေအတွက် အပြစ်ရှိသလို ခံစားနေရတယ်။
အဲ့ဒါကို သူဘယ်တုန်းကမှ မပြောထုတ်ခဲ့ရုံသာဖြစ်တယ်။