Zawgyi
လူတိုင္းျပန္သြားၿပီးတဲ့အခ်ိန္က်မွ ႐ွဳရန္စိတ္သက္သာရာ ရသြားတယ္။ သူလ်ိဳထံုကို ဖက္ၿပီးေတာ့ ေျပာလိုက္တယ္။ "ထံုထံု! ရန္ျဖစ္ရတာက အလုပ္လုပ္ရတာထက္
ပိုၿပီးေျခကုန္လက္ပန္းက်တယ္လို႔ ငါတကယ္ကို
ေတြးမိေနၿပီ။"
ေန႔အခ်ိန္မွာ အဖက္ခံရေတာ့ လ်ိဳထံုက နည္းနည္း႐ွက္လာသလို ခံစားလိုက္ရတယ္။ အဲ့ဒါေၾကာင့္ သူသူ႔ကိုအေဝးကို တြန္းထုတ္ၿပီး ေျပာလိုက္တယ္။ "စိတ္မေကာင္းမျဖစ္ပါနဲ႔။ ရန္ ေယာကၡထီးေဖေဖက ကိုယ္တို႔ကို ဘာလို႔ဒီလိုမ်ိဳးဆက္ဆံေနရတာလဲဆိုတာကို ကိုယ္လည္းမသိဘူး။"
႐ွဳရန္က နည္းနည္းေလးေတာင္ စိတ္မေကာင္းျဖစ္မေနပါဘူး။ ဒီခႏၶာကိုယ္ရဲ႕ အရင္ပိုင္႐ွင္ျဖစ္တဲ့ အ႐ူးကသာ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ဝမ္းနည္းမွာ။ သို႔ေသာ္လည္း သူက ေသၿပီးသြားၿပီ။ သူ႔မိသားစုက သူ႔ကို အထင္ေသးစက္ဆုပ္တာကလဲြၿပီး ဘာမွမေပးခဲ့ဘူး။
႐ွဳရန္ကလ်ိဳထံုကို ထပ္ေပ႔ြဖက္လိုက္ၿပီးေတာ့
တ်န္းတ်န္းႏွင့္ေကာ္ေကာ္တို႔ကို ၾကည္႔ဖို႔ အိမ္ထဲကို ဝင္သြားတယ္။
တ်န္းတ်န္းႏွင့္ေကာ္ေကာ္တို႔က ႏွစ္ေယာက္တည္း အခန္းထဲမွာ က်န္ခဲ့တာျဖစ္တယ္။ သူသူတို႔ကို ေျခာက္လန္႔မိသြားမွာကို ႐ွဳရန္ေၾကာက္ရံြ႕ေနတယ္။
တ်န္းတ်န္းႏွင့္ေကာ္ေကာ္တို႔က အိပ္ရာေပၚမွာ ထိုင္ေနၾကတယ္။ ႐ွဳရန္အိမ္ထဲဝင္လာတာကို သူတို႔ျမင္တာနဲ႔ အိပ္ရာေပၚကေန ခုန္ခ်လာၿပီးေတာ့ သူ႔ေျခေထာက္ေတြေပၚ ဖက္တက္လာၿပီး ေခၚလိုက္တယ္။ "အေဖ"
ကေလးေတြက သူ႔ကိုတၿပိဳင္နက္တည္း ေခၚလိုက္ၾက
တယ္။ သူတို႔ေတြက သူတို႔ကို မၾကာခဏ ဆူေလ့႐ွိတဲ့ သက္ႀကီးေဖေဖ႐ွဳကို ေၾကာက္လန္႔ေနၾကတယ္။ သူတို႔ ဒီေနရာကို ေျပာင္းလာၿပီးကတည္းက သူတို႔ေတြးထားခဲ့တာက သူတို႔ထပ္ၿပီး အဆူခံမထိေတာ့ဘူးလို႔ေပါ့။ သူတို႔ကို အ့ံျသသြားေစတာက သက္ႀကီးေဖေဖ႐ွဳက သူတို႔ရဲ႕အိမ္ကို ေရာက္လာတာကိုပဲ။
ကေလးႏွစ္ေယာက္ရဲ႕ ညိဳးငယ္ေနတဲ့ပံုေလးေတြကို
ၾကည့္ၿပီးေတာ့ ႐ွဳရန္သူတို႔ကို သူ႔လက္ေမာင္းၾကားထဲမွာ ဖက္လိုက္ၿပီး သူတို႔ရဲ႕ပါးမို႔မို႔ေလးေတြကို နမ္းလိုက္တယ္။ "အဲ့ဒါက အဆင္ေျပပါတယ္။ တ်န္းတ်န္း
ေကာ္ေကာ္ အေဖဒီမွာ႐ွိတယ္။ အဲ့ဒါေၾကာင့္ ဘယ္သူမွသားတို႔ကို ထပ္ၿပီးအႏိုင္က်င့္ေတာ့မွာ မဟုတ္ဘူး။"
"အေဖ့ကိုလည္း ဘယ္သူမွ အႏိုင္မက်င့္ရဘူး။"
ေကာ္ေကာ္က လက္သီးတင္းတင္းဆုပ္ၿပီးေတာ့
မေပ်ာ္မ႐ႊင္နဲ႔ ေျပာလိုက္တယ္။
"ဟုတ္တယ္။ ၿပီးေတာ့ ေေဖဖ့ကိုေရာပဲ။" တ်န္းတ်န္းက ေနာက္ကလိုက္ေျပာလိုက္တယ္။
လ်ိဳထံု အခန္းထဲကို ဝင္လာေတာ့ သူတို႔စကားေျပာေနတာကို နားစြန္႔နားဖ်ားၾကားလိုက္တယ္။ အဲ့စကားလံုးေတြက သူ႔ရဲ႕ႏွလံုးသားကို ေႏြးေထြးသြားေစတယ္။
လ်ိဳထံုသူတို႔ဆီကို ေလွ်ာက္သြားၿပီးေတာ့ သူတို႔ကို ဖက္လိုက္တယ္။ သူတို႔အတူတကြ႐ွိေနရတာကိုက
သူတို႔အတြက္ စိတ္ခ်မ္းသာစရာတစ္ခု ျဖစ္ေနပါၿပီ။
႐ွဳရန္က သူ႔အတိတ္ဘဝမွာတုန္းက အက်ိဳးသင့္
အေၾကာင္းသင့္မဟုတ္တဲ့ မေတာ္တေရာ္ေဆြမ်ိဳးေတြ မ႐ွိဖူးဘူး။ အဲ့ဒါေၾကာင့္ သူတို႔ကို ဘယ္လိုရင္ဆိုင္ရမလဲဆိုတာကို သူမသိဘူး။ ဒါေပမဲ့ သူေသေသခ်ာခ်ာသိတာတစ္ခုကေတာ့ သူက သနားၾကင္နာတတ္ၿပီး သေဘာေကာင္းတတ္တဲ့လူ မဟုတ္ဘူးဆိုတာပဲ။ မင္းအခုလိုမ်ိဳး အႏိုင္က်င့္ခံေနရတဲ့အခ်ိန္မွာေပါ့။ အခု သူ႔မွာ
ခင္ပြန္းႏွင့္ကေလးေတြ ႐ွိေနၿပီ။ သူတို႔ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္အတြက္ဆိုရင္ေတာင္မွ သူသင့္တင့္ေလ်ာက္ပတ္တဲ့ အသက္ေမြးဝမ္းေက်ာင္းမႈတစ္ခုကို
စတင္ျပဳလုပ္သင့္ၿပီ။
ကေလးႏွစ္ေယာက္ကို ႏွစ္သိမ့္ေပးလိုက္ၿပီးေတာ့ ႐ွဳရန္ကလ်ိဳထံုကို ေျပာလိုက္တယ္။ "ထံုထံု ငါတို႔င႐ုတ္အႏွစ္ေတြကို ဝါးက်ည္ေတာက္ထဲကို ဒီေန႔ထည့္ၾကရေအာင္! ၿပီးရင္ မင္းအဲ့ဒါကို ၿမိဳ႕ထဲမွာ သြားေရာင္းလိုက္။ ငါတို႔ေတြ ျမန္ႏိုင္သေလာက္ျမန္ျမန္ ေျမကြက္ဝယ္မွျဖစ္မယ္။"
"ေကာင္းၿပီ။ အဲ့ဒါဆိုရင္ တ်န္းတ်န္းနဲ႔ေကာ္ေကာ္ သားတို႔ႏွစ္ေယာက္ အိမ္ထဲမွာ ကစားႏိုင္တယ္။
ဒါမွမဟုတ္ရင္ စာေရးဖို႔ အျပင္ဘက္မွာ
သစ္ရြက္အခ်ိဳ႕႐ွာႏိုင္တယ္။"
"သိပါၿပီ။ ေဖေဖ"
ျပန္ေျဖၿပီးေနာက္ တ်န္းတ်န္းက ေကာ္ေကာ္ရဲ႕လက္ကို ကိုင္ၿပီး ဦးေဆာင္ထြက္သြားေတာ့တယ္။
သူတို႔႐ွဳမိသားစုဆီမွာ ေနတုန္းက သူတို႔ေဖေဖက သူတို႔ကို စာေရးနည္းသင္ေပးတယ္။ ဒါေပမဲ့ သူက
ဒီအေၾကာင္းကို အမ်ားႀကီးမသိပါဘူး။ ၿပီးေတာ့ သူတို႔ရဲ႕အေဖက ညဏ္မထိုင္းဘူးဆိုတာကိုပဲ မၾကာခဏ ေျပာေလ့႐ွိတယ္။
သူတို႔ေတြက စာေရးဖို႔အတြက္ စကၠဴဝယ္ဖို႔ ေငြမ႐ွိပါဘူး။ အဲ့ဒါေၾကာင့္ သူတို႔ေတြက သစ္ပင္ေပၚက သစ္ရြက္အခ်ိဳ႕ကိုခူးၿပီး တုတ္ေခ်ာင္းအျဖစ္ ႂကြင္းက်န္ရစ္ခဲ့တဲ့ မီးခတ္ေက်ာက္အက်န္ေတြနဲ႔ သစ္ရြက္ေပၚမွာ ေရးၾကတယ္။ သူတို႔ေတြက ဒီပံုစံမ်ိဳးနဲ႔ လက္ေရးလွေလ့က်င့္ရာမွာ အေတာ္ေလးကြၽမ္းက်င္ႏွင့္ေနၿပီ။
႐ွဳရန္ႏွင့္လ်ိဳထံုတို႔က င႐ုတ္အႏွစ္အိုးႀကီးကို ဖြင့္လိုက္တယ္။ အထဲမွာ႐ွိတဲ့ င႐ုတ္အႏႇစ္ေတြက အိုးတစ္ဝက္ထက္ေတာင္ ပိုမ်ားအံုးမယ္။ "ထံုထံု ဒီလိုပံုစံမ်ိဳးနဲ႔ဆို ဝါးက်ည္ေတာက္ထဲကို ထည့္ဖို႔က ခက္ခဲလိမ့္မယ္။ ငါဝါးက်ည္ေတာက္အခ်ိဳ႕ သြား႐ွာလိုက္အံုးမယ္။ မင္းက ဇြန္းတစ္ေခ်ာင္းနဲ႔ ကေတာ့တစ္ခုကို သြား႐ွာလာခဲ့။ ဒီေန႔ ဝါးက်ည္ေတာက္ အခုႏွစ္ဆယ္ၿပီးေအာင္ လုပ္ၾကရေအာင္။"
"ေကာင္းၿပီ။" လ်ိဳထံုက မီးဖိုေခ်ာင္ထဲကို
ဝင္သြားၿပီးေတာ့ ပစၥည္းေတြကိုယူၿပီး ျပန္ေရာက္လာတယ္။ အဲ့အခ်ိန္အေတာအတြင္းမွာပဲ ႐ွဳရန္က သူအခ်ိန္အေတာ္ၾကာကတည္းက ျပင္ဆင္ထားခဲ့တဲ့ ဝါးက်ည္ေတာက္ေတြကို ယူလို႔ ၿပီးသြားၿပီ။ အဆို႔ေတြကို ေဘးဘက္မွာ
ထားလိုက္တယ္။ အဆို႔ေတြက သူတို႔ရဲ႕ကိုယ္ပိုင္
ဝါးက်ည္ေတာက္ေတြနဲ႔ တဲြလ်က္႐ွိၾကေတာ့ သူတို႔ေတြကို ေရာၿပီး ႐ွဳပ္ေထြးသြားေအာင္ ထားလို႔မရဘူး။
တစ္ေယာက္က ဝါးက်ည္ေတာက္ရဲ႕ထိပ္မွာ႐ွိတဲ့ ကေတာ့ကို ကိုင္ထားၿပီးေတာ့ ေနာက္တစ္ေယာက္က
င႐ုတ္အႏွစ္ေတြကို အဲ့အထဲကို ေလာင္းထည့္ေနတယ္။ ျပီးေတာ့ က်ည္ေတာက္ထဲကို ေျဖးေျဖးခ်င္းစီးက်သြားတယ္။
ကေတာ့က င႐ုတ္အႏွစ္ေတြကို ေလာင္းထည္႔ဖို႔ ႐ွဳရန္ကေနၿပီး အထူးသီးသန္႔ ျပင္ဆင္ထားတာျဖစ္တယ္။ ျဖစ္ခ်င္ေတာ့ အဲ့ဒါက အေတာ္ေလးအသံုးဝင္တယ္။
က်ည္ေတာက္ႏွစ္ဆယ္လံုးကို ျဖည္႔ဖို႔ တစ္နာရီေလာက္ အခ်ိန္ယူလိုက္ရတယ္။ တစ္ခုခ်င္းစီကို အဆို႔လိုက္ဆို႔ျပီးေနာက္ သူတို႔ေတြကို ျခင္းေတာင္းထဲမထည့္ခင္ င႐ုတ္အႏွစ္ အစအနေတြကို သုတ္ပစ္လိုက္တယ္။
သူတို႔ႏွစ္ေယာက္စလံုး ေက်နပ္အားရေနၾကတယ္။
"ဒါေတြအကုန္လံုး အခုေတာ့ ဒီလိုမ်ိဳးနဲ႔ပဲ ၿပီးသြားၿပီ။ ထံုထံု မင္း႐ွဳအန္ရဲ႕ႏြားလွည္းကို သြားငွါးလိုက္ေတာ့!"
"ေကာင္းၿပီ။" လ်ိဳထံုက ဝုမိန္ရဲ႕ႏြားလွည္းကို သြားငွါးဖို႔ ထြက္သြားေတာ့တယ္။
႐ွဳရန္က သူ႔လက္ထဲမွာ ျခင္းေတာင္းကို ကိုင္ၿပီးေတာ့ လ်ိဳထံုျပန္လာမွာကို ေစာင့္ေနလိုက္တယ္။
Unicode
လူတိုင်းပြန်သွားပြီးတဲ့အချိန်ကျမှ ရှုရန်စိတ်သက်သာရာ ရသွားတယ်။ သူလျိုထုံကို ဖက်ပြီးတော့ ပြောလိုက်တယ်။ "ထုံထုံ! ရန်ဖြစ်ရတာက အလုပ်လုပ်ရတာထက်
ပိုပြီးခြေကုန်လက်ပန်းကျတယ်လို့ ငါတကယ်ကို
တွေးမိနေပြီ။"
နေ့အချိန်မှာ အဖက်ခံရတော့ လျိုထုံက နည်းနည်းရှက်လာသလို ခံစားလိုက်ရတယ်။ အဲ့ဒါကြောင့် သူသူ့ကိုအဝေးကို တွန်းထုတ်ပြီး ပြောလိုက်တယ်။ "စိတ်မကောင်းမဖြစ်ပါနဲ့။ ရန် ယောက္ခထီးဖေဖေက ကိုယ်တို့ကို ဘာလို့ဒီလိုမျိုးဆက်ဆံနေရတာလဲဆိုတာကို ကိုယ်လည်းမသိဘူး။"
ရှုရန်က နည်းနည်းလေးတောင် စိတ်မကောင်းဖြစ်မနေပါဘူး။ ဒီခန္ဓာကိုယ်ရဲ့ အရင်ပိုင်ရှင်ဖြစ်တဲ့ အရူးကသာ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဝမ်းနည်းမှာ။ သို့သော်လည်း သူက သေပြီးသွားပြီ။ သူ့မိသားစုက သူ့ကို အထင်သေးစက်ဆုပ်တာကလွဲပြီး ဘာမှမပေးခဲ့ဘူး။
ရှုရန်ကလျိုထုံကို ထပ်ပေ့ွဖက်လိုက်ပြီးတော့
တျန်းတျန်းနှင့်ကော်ကော်တို့ကို ကြည့်ဖို့ အိမ်ထဲကို ဝင်သွားတယ်။
တျန်းတျန်းနှင့်ကော်ကော်တို့က နှစ်ယောက်တည်း အခန်းထဲမှာ ကျန်ခဲ့တာဖြစ်တယ်။ သူသူတို့ကို ခြောက်လန့်မိသွားမှာကို ရှုရန်ကြောက်ရံွ့နေတယ်။
တျန်းတျန်းနှင့်ကော်ကော်တို့က အိပ်ရာပေါ်မှာ ထိုင်နေကြတယ်။ ရှုရန်အိမ်ထဲဝင်လာတာကို သူတို့မြင်တာနဲ့ အိပ်ရာပေါ်ကနေ ခုန်ချလာပြီးတော့ သူ့ခြေထောက်တွေပေါ် ဖက်တက်လာပြီး ခေါ်လိုက်တယ်။ "အဖေ"
ကလေးတွေက သူ့ကိုတပြိုင်နက်တည်း ခေါ်လိုက်ကြ
တယ်။ သူတို့တွေက သူတို့ကို မကြာခဏ ဆူလေ့ရှိတဲ့ သက်ကြီးဖေဖေရှုကို ကြောက်လန့်နေကြတယ်။ သူတို့ ဒီနေရာကို ပြောင်းလာပြီးကတည်းက သူတို့တွေးထားခဲ့တာက သူတို့ထပ်ပြီး အဆူခံမထိတော့ဘူးလို့ပေါ့။ သူတို့ကို အ့ံသြသွားစေတာက သက်ကြီးဖေဖေရှုက သူတို့ရဲ့အိမ်ကို ရောက်လာတာကိုပဲ။
ကလေးနှစ်ယောက်ရဲ့ ညိုးငယ်နေတဲ့ပုံလေးတွေကို
ကြည့်ပြီးတော့ ရှုရန်သူတို့ကို သူ့လက်မောင်းကြားထဲမှာ ဖက်လိုက်ပြီး သူတို့ရဲ့ပါးမို့မို့လေးတွေကို နမ်းလိုက်တယ်။ "အဲ့ဒါက အဆင်ပြေပါတယ်။ တျန်းတျန်း
ကော်ကော် အဖေဒီမှာရှိတယ်။ အဲ့ဒါကြောင့် ဘယ်သူမှသားတို့ကို ထပ်ပြီးအနိုင်ကျင့်တော့မှာ မဟုတ်ဘူး။"
"အဖေ့ကိုလည်း ဘယ်သူမှ အနိုင်မကျင့်ရဘူး။"
ကော်ကော်က လက်သီးတင်းတင်းဆုပ်ပြီးတော့
မပျော်မရွှင်နဲ့ ပြောလိုက်တယ်။
"ဟုတ်တယ်။ ပြီးတော့ ေဖေဖ့ကိုရောပဲ။" တျန်းတျန်းက နောက်ကလိုက်ပြောလိုက်တယ်။
လျိုထုံ အခန်းထဲကို ဝင်လာတော့ သူတို့စကားပြောနေတာကို နားစွန့်နားဖျားကြားလိုက်တယ်။ အဲ့စကားလုံးတွေက သူ့ရဲ့နှလုံးသားကို နွေးထွေးသွားစေတယ်။
လျိုထုံသူတို့ဆီကို လျှောက်သွားပြီးတော့ သူတို့ကို ဖက်လိုက်တယ်။ သူတို့အတူတကွရှိနေရတာကိုက
သူတို့အတွက် စိတ်ချမ်းသာစရာတစ်ခု ဖြစ်နေပါပြီ။
ရှုရန်က သူ့အတိတ်ဘဝမှာတုန်းက အကျိုးသင့်
အကြောင်းသင့်မဟုတ်တဲ့ မတော်တရော်ဆွေမျိုးတွေ မရှိဖူးဘူး။ အဲ့ဒါကြောင့် သူတို့ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို သူမသိဘူး။ ဒါပေမဲ့ သူသေသေချာချာသိတာတစ်ခုကတော့ သူက သနားကြင်နာတတ်ပြီး သဘောကောင်းတတ်တဲ့လူ မဟုတ်ဘူးဆိုတာပဲ။ မင်းအခုလိုမျိုး အနိုင်ကျင့်ခံနေရတဲ့အချိန်မှာပေါ့။ အခု သူ့မှာ
ခင်ပွန်းနှင့်ကလေးတွေ ရှိနေပြီ။ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အတွက်ဆိုရင်တောင်မှ သူသင့်တင့်လျောက်ပတ်တဲ့ အသက်မွေးဝမ်းကျောင်းမှုတစ်ခုကို
စတင်ပြုလုပ်သင့်ပြီ။
ကလေးနှစ်ယောက်ကို နှစ်သိမ့်ပေးလိုက်ပြီးတော့ ရှုရန်ကလျိုထုံကို ပြောလိုက်တယ်။ "ထုံထုံ ငါတို့ငရုတ်အနှစ်တွေကို ဝါးကျည်တောက်ထဲကို ဒီနေ့ထည့်ကြရအောင်! ပြီးရင် မင်းအဲ့ဒါကို မြို့ထဲမှာ သွားရောင်းလိုက်။ ငါတို့တွေ မြန်နိုင်သလောက်မြန်မြန် မြေကွက်ဝယ်မှဖြစ်မယ်။"
"ကောင်းပြီ။ အဲ့ဒါဆိုရင် တျန်းတျန်းနဲ့ကော်ကော် သားတို့နှစ်ယောက် အိမ်ထဲမှာ ကစားနိုင်တယ်။
ဒါမှမဟုတ်ရင် စာရေးဖို့ အပြင်ဘက်မှာ
သစ်ရွက်အချို့ရှာနိုင်တယ်။"
"သိပါပြီ။ ဖေဖေ"
ပြန်ဖြေပြီးနောက် တျန်းတျန်းက ကော်ကော်ရဲ့လက်ကို ကိုင်ပြီး ဦးဆောင်ထွက်သွားတော့တယ်။
သူတို့ရှုမိသားစုဆီမှာ နေတုန်းက သူတို့ဖေဖေက သူတို့ကို စာရေးနည်းသင်ပေးတယ်။ ဒါပေမဲ့ သူက
ဒီအကြောင်းကို အများကြီးမသိပါဘူး။ ပြီးတော့ သူတို့ရဲ့အဖေက ညဏ်မထိုင်းဘူးဆိုတာကိုပဲ မကြာခဏ ပြောလေ့ရှိတယ်။
သူတို့တွေက စာရေးဖို့အတွက် စက္ကူဝယ်ဖို့ ငွေမရှိပါဘူး။ အဲ့ဒါကြောင့် သူတို့တွေက သစ်ပင်ပေါ်က သစ်ရွက်အချို့ကိုခူးပြီး တုတ်ချောင်းအဖြစ် ကြွင်းကျန်ရစ်ခဲ့တဲ့ မီးခတ်ကျောက်အကျန်တွေနဲ့ သစ်ရွက်ပေါ်မှာ ရေးကြတယ်။ သူတို့တွေက ဒီပုံစံမျိုးနဲ့ လက်ရေးလှလေ့ကျင့်ရာမှာ အတော်လေးကျွမ်းကျင်နှင့်နေပြီ။
ရှုရန်နှင့်လျိုထုံတို့က ငရုတ်အနှစ်အိုးကြီးကို ဖွင့်လိုက်တယ်။ အထဲမှာရှိတဲ့ ငရုတ်အနှစ်တွေက အိုးတစ်ဝက်ထက်တောင် ပိုများအုံးမယ်။ "ထုံထုံ ဒီလိုပုံစံမျိုးနဲ့ဆို ဝါးကျည်တောက်ထဲကို ထည့်ဖို့က ခက်ခဲလိမ့်မယ်။ ငါဝါးကျည်တောက်အချို့ သွားရှာလိုက်အုံးမယ်။ မင်းက ဇွန်းတစ်ချောင်းနဲ့ ကတော့တစ်ခုကို သွားရှာလာခဲ့။ ဒီနေ့ ဝါးကျည်တောက် အခုနှစ်ဆယ်ပြီးအောင် လုပ်ကြရအောင်။"
"ကောင်းပြီ။" လျိုထုံက မီးဖိုချောင်ထဲကို
ဝင်သွားပြီးတော့ ပစ္စည်းတွေကိုယူပြီး ပြန်ရောက်လာတယ်။ အဲ့အချိန်အတောအတွင်းမှာပဲ ရှုရန်က သူအချိန်အတော်ကြာကတည်းက ပြင်ဆင်ထားခဲ့တဲ့ ဝါးကျည်တောက်တွေကို ယူလို့ ပြီးသွားပြီ။ အဆို့တွေကို ဘေးဘက်မှာ
ထားလိုက်တယ်။ အဆို့တွေက သူတို့ရဲ့ကိုယ်ပိုင်
ဝါးကျည်တောက်တွေနဲ့ တွဲလျက်ရှိကြတော့ သူတို့တွေကို ရောပြီး ရှုပ်ထွေးသွားအောင် ထားလို့မရဘူး။
တစ်ယောက်က ဝါးကျည်တောက်ရဲ့ထိပ်မှာရှိတဲ့ ကတော့ကို ကိုင်ထားပြီးတော့ နောက်တစ်ယောက်က
ငရုတ်အနှစ်တွေကို အဲ့အထဲကို လောင်းထည့်နေတယ်။ ပြီးတော့ ကျည်တောက်ထဲကို ဖြေးဖြေးချင်းစီးကျသွားတယ်။
ကတော့က ငရုတ်အနှစ်တွေကို လောင်းထည့်ဖို့ ရှုရန်ကနေပြီး အထူးသီးသန့် ပြင်ဆင်ထားတာဖြစ်တယ်။ ဖြစ်ချင်တော့ အဲ့ဒါက အတော်လေးအသုံးဝင်တယ်။
ကျည်တောက်နှစ်ဆယ်လုံးကို ဖြည့်ဖို့ တစ်နာရီလောက် အချိန်ယူလိုက်ရတယ်။ တစ်ခုချင်းစီကို အဆို့လိုက်ဆို့ပြီးနောက် သူတို့တွေကို ခြင်းတောင်းထဲမထည့်ခင် ငရုတ်အနှစ် အစအနတွေကို သုတ်ပစ်လိုက်တယ်။
သူတို့နှစ်ယောက်စလုံး ကျေနပ်အားရနေကြတယ်။
"ဒါတွေအကုန်လုံး အခုတော့ ဒီလိုမျိုးနဲ့ပဲ ပြီးသွားပြီ။ ထုံထုံ မင်းရှုအန်ရဲ့နွားလှည်းကို သွားငှါးလိုက်တော့!"
"ကောင်းပြီ။" လျိုထုံက ဝုမိန်ရဲ့နွားလှည်းကို သွားငှါးဖို့ ထွက်သွားတော့တယ်။
ရှုရန်က သူ့လက်ထဲမှာ ခြင်းတောင်းကို ကိုင်ပြီးတော့ လျိုထုံပြန်လာမှာကို စောင့်နေလိုက်တယ်။