[Zawgyi]
ေက်ာင္းခ်ီမွာ သူ႕ကိုအာရံုစိုက္ဖို႕ ပ်င္းလြန္းေနသည္။ သူက နားေနခန္းထဲသြားျပီး က်န္းခ်န္ေဖး၏ ေဘာင္းဘီတစ္စံုကိုဆြဲထုတ္လိုက္သည္။ သူက ထုိ႕ေနာက္ ယြိယြမ္ကိုေခၚျပီး အစည္းအေဝးအတြက္လာျကိုလ်ွင္ အက်ႌတစ္စံုပါ ယူလာခိုင္းလိုက္သည္။
ေန႕လယ္တစ္နာရီတြင္ က်န္းခ်န္ေဖးတစ္ေယာက္ ထူးဆန္းသည့္ ဖုန္းဝင္လာျပီးေနာက္ေျပးထြက္သြားေသာ သူ႕ဇနီးေလးအား ေငါင္ေၾကာင္ေၾကာင္စိုက္ၾကည့္ေနသည္။ ျပတင္းေပါက္ေနာက္ရပ္ကာ သူငံု႕ျကည့္ေတာ့ အနက္ေရာင္ကားတစ္စီးေပၚ တက္သြားတာျမင္လိုက္ရသည္။ ဒါေပမဲ့ ကားေပ၏မတက္ခင္ သူ႕ဇနီးေလးက တစ္ေယာက္ေယာက္ သူ႕ကိုျမင္သြားမွာစိုးသည့္ဟန္ ဘယ္ညာၾကည့္ေနေသးသည္။
ေစာက္သူေတာင္းစားဝမ္!
ဘယ္လိုပဲျဖစ္ျဖစ္ ေက်ာင္းခ်ီက ျမင့္မားသည့္ရာထူးနွင့္လူတစ္ေယာက္ပင္။ အေဆာက္အဦးအျပင္ထြက္တုန္း သူ႕ေလာင္ကုန္းရဲ႕ မေတာ္တေရာ္အဝတ္အစားမ်ားကို ဝတ္ထားတာကိုသာျမင္လိုက္ရေတာ့လ်ွင္ ေသခ်ာေပါက္ အရွက္ကြဲရမည္။ ဒါေၾကာင့္ အလင္းလိုအရွိန္နွုန္းနွင့္ သူအလ်င္အျမန္ကားေပၚတက္သြားသည္။ သူအထဲေရာက္သြားသည္နွင့္ ခ်က္ခ်င္းအဝတ္လဲျပီးေတာ့မွ ေနာက္ဆံုးေတာ့ စိတ္သက္သာရာရသြားေတာ့သည္။
အစည္းအေဝးက နွစ္နာရီမွ ငါးနာရီထိျကာသြားခဲ့သည္။ လူတုိင္း အလုပ္မ်ားေနခဲ့ျပီး ရွည္လ်ားလွေသာ တစ္ေန႕တာကုန္ဆံုးျပီးေနာက္တြင္ အလုပ္ဆင္းလာခဲ့ၾကသည္။
"နွုတ္ဆက္ပါတယ္ ဥကၠဌေက်ာင္း!"
"မနက္ျဖန္ ေတြ႕ၾကတာေပါ့ ဥကၠဌေက်ာင္း!"
ဝန္ထမ္းတစ္စုက ေက်ာင္းခ်ီကုိ ပါ့ေက်ာင္းအေဆာက္အဦးထဲကထြက္လာရင္း နွုတ္ဆက္သြားၾကသည္။ ေက်ာင္းခ်ီ သူ႕ကားက ရွီးေဖးတြင္ က်န္ေနခဲ့တာကို သတိရသြားသည္။ သူ႕ကိုလိုက္ပို႕ဖို႕ ယြိယြမ္ကိုေျပာမို႕ ရွိေသး...
"ဇြန္း --" အေဝးကေနလာေနသည့္ ေမာ္တာသံက အနားကပ္လာကာ ကားေမာင္းသူ၏ ရင္သပ္ရွုေမာစရာ ကားေမာင္းအရည္အခ်င္းနဲ႕အတူ ေငြေရာင္ မာစီးတီးကားက သူ႕ေရွ႕တံု႕ခနဲရပ္သြားသည္။ ျပတင္းေပါက္က တျဖည္းျဖည္းေအာက္က်လာကာ က်န္းခ်န္ေဖး၏ ထူးကဲလွျပီး ေခ်ာေမာလွသည့္ မ်က္နွာက ေပၚလာခဲ့သည္။
ေကာင္းကင္ကေမွာင္လာေခ်ျပီ။ လမ္းမီးတုိင္မ်ားက တျဖည္းျဖည္း လင္းလာျပီးသာမန္လူမ်ားထက္ နက္နဲသိမ္ေမြ႕ေသာ က်န္းခ်န္ေဖးမ်က္နွာကို ေရာင္ျပန္ဟပ္ေနေစသည္။ သံုးဖက္ျမင္ပံုရိပ္ေယာင္ျဖစ္လုနီးပါးပင္။
'ဒီမ်က္နွာက တကယ္ၾကည့္လို႕ေကာင္းတာေတာ့ ဝန္ခံရမယ္'
ဒီနွစ္ေတြအတြင္း က်န္းတာ့ေတ်ာင္းမွာ သူ႕ကိုရံဖန္ရံခါေဒါသထြက္ေစဖူးသည္။ ဒါေပမဲ့ မျကာခဏ သူဒီမ်က္နွာကိုျမင္တိုင္း သူ႕ေဒါသက ေတာ္ေတာ္ေလးေလ်ာ့က်သြားေနၾကပင္။
ေက်ာင္းခ်ီမွာ သိသိသာသာ အ့ံၾသၾကည္နူးသြားကာ ေမးလိုက္မိသည္။
"ခင္ဗ်ား ဘာလို႕ ငါ့ကိုလာၾကိဳတာလဲ"
မထင္မွတ္ထားသည္က သူ႕ကုမၸဏီလိပ္စာကို တကယ္မွတ္မိေနတာပင္! သူ႕ဦးေနွာက္ ျပန္သက္သာသြားျပီလား။
က်န္းခ်န္ေဖး ရယ္ေမာျပီး တံခါးဖြင့္ကာ အျပင္ထြက္လာသည္။ လက္တစ္ဖက္က ကားေခါင္မိုးကိုေထာက္ရင္း သူ႕ခ်စ္ဇနီးေလးကို ကားနွင့္သူ႕ရင္ခြင္ၾကား ညွပ္ထားလိုက္သည္။
"ဟုတ္တာေပါ့၊ ငါပဲ မင္းကိုျကိုခြင့္ရွိတယ္၊ တျခားသူကားထဲထိုင္ခြင့္မျပဳပါဘူး၊ သတိရ မင္းက 'ငါ့' လူပဲ!"
"..."
အလုပ္ကဆင္းလာသည့္ ပါ့ေက်ာင္းဝန္ထမ္းက ေဘးကေနျဖတ္ရင္း သူတုိ႕ဦးတည္ရာဘက္ စူးစမ္းလိုစြာ ၾကည့္ေနမိသည္။
"ဝိုး! အဲဒါဘယ္သူလဲ!... ကားေပၚလက္ေထာက္ေနတဲ့ တစ္ေယာက္ေလ!"
"ဟာ့... အဲဒါ ဥကၠဌေက်ာင္းကားဆုိတာ မျမင္ဘူးလား"
"ဘာ! အဲဒါ အဲဒါ..."
"ဒါ ဥကၠဌေက်ာင္းမလား၊ အမေလး၊ ဒီလိုမ်ိဳးလည္း ကစားနုိင္ေသးတယ္ေပါ့၊ အမေလး ငါ့ေယာက်္ားလည္း အဲလို ရုိဆန္ရင္ေကာင္းမယ္ဆုေတာင္းမိတယ္"
ပါဝင္ပတ္သတ္ေနသည့္လူမ်ားကေတာ့ လံုးဝ ရုိဆန္သည္ဟု မခံစားရရွာေပ။ သူတုိ႕ ဦးေခါင္းခြံ ေပါက္ကြဲထြက္ေတာ့ မတတ္ဟုသာ ခံစားလိုက္ရသည္။ စာအုပ္ထဲကေန စက္ရုပ္ဆန္ဆန္ ေကာ္ပီယူထားသည့္ဇာတ္ၫႊန္းႏွင့္ ေလးလံေသာဖိရြတ္သံပါဝင္ေနသည့္ တအိအိအသံက တကယ္ကို အိပ္မက္ဆုိးတစ္ခုသာပင္။
ပါကင္ထဲကေန ကားကထြက္လာၿပီး လမ္းေပၚဦးတည္လာသည္။
"ခင္ဗ်ား ဘယ္သြားေနတာလဲ" ေက်ာင္းခ်ီက မီးနီကိုၾကည့္လိုက္သည္။ ထို႕ေနာက္ကားက လမ္းဘယ္ဘက္ျခမ္းဘက္ ေရြ႕သြားျပီးအလ်င္အျမန္ရပ္သြားသည္။
"ဗီလာဆီ မျပန္နဲ႕ေတာ့၊ အရမ္းေဝးလြန္းတယ္၊ အလုပ္မနက္ျဖန္သြားရမယ္၊ ဒီကိုပဲေမာင္းေတာ့"
Smart brainကို ကားလမ္းၫႊန္ႏွင့္ခ်ိတ္ဆက္အသံုးျပဳကာ ၿမိဳ႕ထဲတုိက္ခန္းေနရာက ပံုရိပ္ေယာင္ စခရင္ေပၚ ေပၚလာသည္။
"ဟာ့ဟာ့" ဥကၠဌကရယ္လိုက္သည္။ သူ႕ဇနီးေလးေမးေစ့ကို ဆြဲစိတ္ကာ သူက လွ်ာသပ္ျပီး ေျပာလိုက္သည္။
"ေဘဘီ ခုက အိမ္ျပန္ဖုိ႕ေစာလြန္းေသးတယ္ေလ၊ ေဘဘီ့တာဝန္ေတြျဖည့္ေပးဖို႕ အဲေလာက္ေတာင္စိတ္မရွည္ျဖစ္ေနျပီလား"
ေက်ာင္းခ်ီက မ်က္နွာအနည္းငယ္ရဲသြားကာ ေမးလိုက္သည္။
"... ဒါဆုိ ခင္ဗ်ားဘယ္သြားေနတာလဲ"
"အပန္းေျဖဖို႕ေနရာေပါ့" ဥကၠဌက လ်ွိဳ႕ဝွက္ဆန္းျကယ္စြာ ေျဖလိုက္သည္။ သူက စတီယာရင္ကို အိမ္ျပန္လမ္းနွင့္ဆန္႕က်င္ဖက္ဘက္ လွည့္ေကြ႔လိုက္သည္။
စကားေျပာရင္း ေက်ာင္းခ်ီ၏ smart brain က အသံျမည္လာသည္။ 'အေဖ' ဆုိသည့္ နာမည္ေပၚေန၍ ေသခ်ာေပါက္ကိုင္ရေတာ့မည္ဆုိတာသိလိုက္သည္။
"ယန္ယန္ မင္းအလုပ္ဆင္းၿပီလား" ယန္ယန္က ေက်ာင္းခ်ီ၏ ငယ္နာမည္ျဖစ္သည္။ အထက္တန္းမတိုင္ခင္ထိ သူ႕ကုိေက်ာင္းယန္ဟုေခၚၾကသည္။ ထိုအခ်ိန္တုန္းက သူက ပိန္လြန္းလွ၍ သူ႕စြက္ဖက္တတ္ေသာ ေက်ာင္းေနဖက္က နာမည္ေျပာင္ေပးခဲ့သည္။ 'ဆားနဲ႕ငရုတ္ေကာင္း ဝက္နံရုိး' ဟုစေနာက္ခဲ့၍ ေက်ာင္းခ်ီမွာ အင္မတန္ စိတ္ညစ္ခဲ့ရသည္။ ပါပါးေက်ာင္းမွာ ဒါကိုသိသြားခ်ိန္ တရွဴးရွဴးေဒါသထြက္ကာ သူ႕စားနာမည္ကိုေျပာင္းရန္ဆံုးျဖတ္ခဲ့သည္။
"အြန္း" ေက်ာင္းခ်ီ လမ္းကိုျကည့္လို္ကေတာ့ ဗီလာေရာ တိုက္ခန္းဆီေရာ ျပန္သည့္လမ္းမဟုတ္၍ သိခ်င္စိတ္ျဖစ္ေပၚလာမိသည္။
"ဟိုေကာင္ေလးေရာ" ပါပါးေက်ာင္းက က်န္းခ်န္ေဖးအား ရည္ရြယ္ေျပာလိုက္ေသာ္ျငား အသံက မႏူးည့ံလွေပ။
"သူကားေမာင္းေနလို႕" ေက်ာင္းခ်ီက တစ္စံုတစ္ရာလြဲေနသလိုခံစားလိုက္ရ၍ မ်က္ခံုးပင့္လိုက္သည္။
နွစ္ေယာက္သား တြဲခ်ိန္ သူ႕အေဖက က်န္းခ်န္ေဖးကို သေဘာမက်ခဲ့။ အဓိကအေျကာင္းရင္းကေတာ့ သူ႕သား ေယာက်္ားေလးေတြကို သေဘာက်တာကို လက္မခံနိုင္၍ပင္။ ယခုနွစ္ပိုင္းမ်ားအတြင္း က်န္းခ်န္ေဖးက ေကာင္းမြန္စြာ စြမ္းေဆာင္ရည္ျပသျပီး လုပ္ငန္းကလည္း တုိးတက္ေနသည္။ အခက သူ႕အေဖ ပါးစပ္ဖြင့္ခ်ိန္ က်န္းခ်န္ေဖးကိုေခၚသည့္ 'ေကာင္ေလး' ၊ 'ဒီေကာင္' မဟုတ္ေတာ့ဘဲ 'သားလိမၼာ' စသျဖင့္ ျဖစ္လာသည္။
သူ႕ေလသံ အခုရုတ္တရက္ေျပာင္းလဲျခင္းက တစ္ခုခုျဖစ္ထားတာပင္ျဖစ္ရမည္။
"ေကာင္းျပီေလ၊ လူၾကီးတစ္ခ်ိဳ႕ ငါ့ဆီ ေက်ာက္ပုစြန္ေတြပို႕လိုက္တယ္၊ မင္းတုိ႕နွစ္ေယာက္လံုး ပိတ္ရက္ျပန္လာသင့္တယ္"
အိမ္ျပန္ရမွာလား။ က်န္းခ်န္ေဖး၏ smart brain စိတ္ကစဥ့္ကလ်ားအေျကာင္း မွတ္မိသြားေတာ့ ေက်ာင္းခ်ီတစ္ေယာက္ အေဖကိုကယ္တင္ျပီးအေၾကြးေတြကိုဆပ္ဖုိ႕လိုသည့္ သူ႕ဇာတ္ကြက္ကို ေတြးမိသြားသည္။ သူ ယတိျပတ္ ဆင္ေျခတစ္ခုေပးလိုက္သည္။
"ကြ်န္ေတာ္တုိ႕ ဒီပိတ္ရက္ သတင္းညီလာခံတတ္ဖုိ႕လိုေသးတယ္၊ အခ်ိန္က်လာမွ ထပ္ေျပာၾကတာေပါ့"
ေက်ာင္းခ်ီဖုန္းခ်လိုက္ျပီး ျပတင္းေပါက္အျပင္က ျမင္ကြင္းကိုပကည့္လိုက္ေတာ့ အသားအေရာင္ေျပာင္းလဲသြားသည္။
"ဒီေနရာလား..."
အလင္းေရာင္မ်ားက ျဖာထြက္ေနျပီး သီခ်င္းသံက က်ယ္ေလာင္ေနသည္။ ဒီေနရာက အေတာ္ေလးနာမည္ျကီးသည့္ နုိက္ကလပ္ပင္။ သီခ်င္းမ်ား၊ ဝိုင္မ်ား ျပီးေတာ့ မိန္းမလွေလးမ်ားလည္းရွိေသးသည္။
က်န္းခ်န္ေဖးျပံဳးကာ သူ႕ကိုကားထဲေနဆြဲထုတ္လာသည္။ ထို႕ေနာက္အေျကြတစ္ခ်ိဳ႕ကို ဧည့္ျကိုေလးထံ ထိုးေပးလိုက္သည္။
သူ႕ေလာင္ကုန္း၏ ပံုမွန္ျပဳမူေနက်ထင္ရေသာ ေပါ့ပါးသြက္လက္သည့္ ဟန္အေနအထားက ေက်ာင္းခ်ီအားလက္သီးတင္းတင္းဆုပ္သြားမိေစသည္။ ဥကၠဌတစ္ေယာက္အေနနွင့္ က်န္းတာ့ေတ်ာင္း အခ်ိန္နွင့္အမ်ွေနာက္က်တတ္ေသာ္ျငား သူအျမဲျကိုအသိေပးတတ္သည္။ ဒါေပမဲ့ သူရွိေနခဲ့သည့္ ေနရာမ်ားတြင္ ဘယ္တုန္းကမွဒီနုိက္ကလပ္မပါဖူးခဲ့။
[Unicode]
ကျောင်းချီမှာ သူ့ကိုအာရုံစိုက်ဖို့ ပျင်းလွန်းနေသည်။ သူက နားနေခန်းထဲသွားပြီး ကျန်းချန်ဖေး၏ ဘောင်းဘီတစ်စုံကိုဆွဲထုတ်လိုက်သည်။ သူက ထို့နောက် ယွိယွမ်ကိုခေါ်ပြီး အစည်းအဝေးအတွက်လာကြိုလျှင် အကျႌတစ်စုံပါ ယူလာခိုင်းလိုက်သည်။
နေ့လယ်တစ်နာရီတွင် ကျန်းချန်ဖေးတစ်ယောက် ထူးဆန်းသည့် ဖုန်းဝင်လာပြီးနောက်ပြေးထွက်သွားသော သူ့ဇနီးလေးအား ငေါင်ကြောင်ကြောင်စိုက်ကြည့်နေသည်။ ပြတင်းပေါက်နောက်ရပ်ကာ သူငုံ့ကြည့်တော့ အနက်ရောင်ကားတစ်စီးပေါ် တက်သွားတာမြင်လိုက်ရသည်။ ဒါပေမဲ့ ကားပေ၏မတက်ခင် သူ့ဇနီးလေးက တစ်ယောက်ယောက် သူ့ကိုမြင်သွားမှာစိုးသည့်ဟန် ဘယ်ညာကြည့်နေသေးသည်။
စောက်သူတောင်းစားဝမ်!
ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းချီက မြင့်မားသည့်ရာထူးနှင့်လူတစ်ယောက်ပင်။ အဆောက်အဦးအပြင်ထွက်တုန်း သူ့လောင်ကုန်းရဲ့ မတော်တရော်အဝတ်အစားများကို ဝတ်ထားတာကိုသာမြင်လိုက်ရတော့လျှင် သေချာပေါက် အရှက်ကွဲရမည်။ ဒါကြောင့် အလင်းလိုအရှိန်နှုန်းနှင့် သူအလျင်အမြန်ကားပေါ်တက်သွားသည်။ သူအထဲရောက်သွားသည်နှင့် ချက်ချင်းအဝတ်လဲပြီးတော့မှ နောက်ဆုံးတော့ စိတ်သက်သာရာရသွားတော့သည်။
အစည်းအဝေးက နှစ်နာရီမှ ငါးနာရီထိကြာသွားခဲ့သည်။ လူတိုင်း အလုပ်များနေခဲ့ပြီး ရှည်လျားလှသော တစ်နေ့တာကုန်ဆုံးပြီးနောက်တွင် အလုပ်ဆင်းလာခဲ့ကြသည်။
"နှုတ်ဆက်ပါတယ် ဥက္ကဌကျောင်း!"
"မနက်ဖြန် တွေ့ကြတာပေါ့ ဥက္ကဌကျောင်း!"
ဝန်ထမ်းတစ်စုက ကျောင်းချီကို ပါ့ကျောင်းအဆောက်အဦးထဲကထွက်လာရင်း နှုတ်ဆက်သွားကြသည်။ ကျောင်းချီ သူ့ကားက ရှီးဖေးတွင် ကျန်နေခဲ့တာကို သတိရသွားသည်။ သူ့ကိုလိုက်ပို့ဖို့ ယွိယွမ်ကိုပြောမို့ ရှိသေး...
"ဇွန်း --" အဝေးကနေလာနေသည့် မော်တာသံက အနားကပ်လာကာ ကားမောင်းသူ၏ ရင်သပ်ရှုမောစရာ ကားမောင်းအရည်အချင်းနဲ့အတူ ငွေရောင် မာစီးတီးကားက သူ့ရှေ့တုံ့ခနဲရပ်သွားသည်။ ပြတင်းပေါက်က တဖြည်းဖြည်းအောက်ကျလာကာ ကျန်းချန်ဖေး၏ ထူးကဲလှပြီး ချောမောလှသည့် မျက်နှာက ပေါ်လာခဲ့သည်။
ကောင်းကင်ကမှောင်လာချေပြီ။ လမ်းမီးတိုင်များက တဖြည်းဖြည်း လင်းလာပြီးသာမန်လူများထက် နက်နဲသိမ်မွေ့သော ကျန်းချန်ဖေးမျက်နှာကို ရောင်ပြန်ဟပ်နေစေသည်။ သုံးဖက်မြင်ပုံရိပ်ယောင်ဖြစ်လုနီးပါးပင်။
'ဒီမျက်နှာက တကယ်ကြည့်လို့ကောင်းတာတော့ ဝန်ခံရမယ်'
ဒီနှစ်တွေအတွင်း ကျန်းတာ့တျောင်းမှာ သူ့ကိုရံဖန်ရံခါဒေါသထွက်စေဖူးသည်။ ဒါပေမဲ့ မကြာခဏ သူဒီမျက်နှာကိုမြင်တိုင်း သူ့ဒေါသက တော်တော်လေးလျော့ကျသွားနေကြပင်။
ကျောင်းချီမှာ သိသိသာသာ အံ့သြကြည်နူးသွားကာ မေးလိုက်မိသည်။
"ခင်ဗျား ဘာလို့ ငါ့ကိုလာကြိုတာလဲ"
မထင်မှတ်ထားသည်က သူ့ကုမ္ပဏီလိပ်စာကို တကယ်မှတ်မိနေတာပင်! သူ့ဦးနှောက် ပြန်သက်သာသွားပြီလား။
ကျန်းချန်ဖေး ရယ်မောပြီး တံခါးဖွင့်ကာ အပြင်ထွက်လာသည်။ လက်တစ်ဖက်က ကားခေါင်မိုးကိုထောက်ရင်း သူ့ချစ်ဇနီးလေးကို ကားနှင့်သူ့ရင်ခွင်ကြား ညှပ်ထားလိုက်သည်။
"ဟုတ်တာပေါ့၊ ငါပဲ မင်းကိုကြိုခွင့်ရှိတယ်၊ တခြားသူကားထဲထိုင်ခွင့်မပြုပါဘူး၊ သတိရ မင်းက 'ငါ့' လူပဲ!"
"..."
အလုပ်ကဆင်းလာသည့် ပါ့ကျောင်းဝန်ထမ်းက ဘေးကနေဖြတ်ရင်း သူတို့ဦးတည်ရာဘက် စူးစမ်းလိုစွာ ကြည့်နေမိသည်။
"ဝိုး! အဲဒါဘယ်သူလဲ!... ကားပေါ်လက်ထောက်နေတဲ့ တစ်ယောက်လေ!"
"ဟာ့... အဲဒါ ဥက္ကဌကျောင်းကားဆိုတာ မမြင်ဘူးလား"
"ဘာ! အဲဒါ အဲဒါ..."
"ဒါ ဥက္ကဌကျောင်းမလား၊ အမလေး၊ ဒီလိုမျိုးလည်း ကစားနိုင်သေးတယ်ပေါ့၊ အမလေး ငါ့ယောကျ်ားလည်း အဲလို ရိုဆန်ရင်ကောင်းမယ်ဆုတောင်းမိတယ်"
ပါဝင်ပတ်သတ်နေသည့်လူများကတော့ လုံးဝ ရိုဆန်သည်ဟု မခံစားရရှာပေ။ သူတို့ ဦးခေါင်းခွံ ပေါက်ကွဲထွက်တော့ မတတ်ဟုသာ ခံစားလိုက်ရသည်။ စာအုပ်ထဲကနေ စက်ရုပ်ဆန်ဆန် ကော်ပီယူထားသည့်ဇာတ်ညွှန်းနှင့် လေးလံသောဖိရွတ်သံပါဝင်နေသည့် တအိအိအသံက တကယ်ကို အိပ်မက်ဆိုးတစ်ခုသာပင်။
ပါကင်ထဲကနေ ကားကထွက်လာပြီး လမ်းပေါ်ဦးတည်လာသည်။
"ခင်ဗျား ဘယ်သွားနေတာလဲ" ကျောင်းချီက မီးနီကိုကြည့်လိုက်သည်။ ထို့နောက်ကားက လမ်းဘယ်ဘက်ခြမ်းဘက် ရွေ့သွားပြီးအလျင်အမြန်ရပ်သွားသည်။
"ဗီလာဆီ မပြန်နဲ့တော့၊ အရမ်းဝေးလွန်းတယ်၊ အလုပ်မနက်ဖြန်သွားရမယ်၊ ဒီကိုပဲမောင်းတော့"
Smart brainကို ကားလမ်းညွှန်နှင့်ချိတ်ဆက်အသုံးပြုကာ မြို့ထဲတိုက်ခန်းနေရာက ပုံရိပ်ယောင် စခရင်ပေါ် ပေါ်လာသည်။
"ဟာ့ဟာ့" ဥက္ကဌကရယ်လိုက်သည်။ သူ့ဇနီးလေးမေးစေ့ကို ဆွဲစိတ်ကာ သူက လျှာသပ်ပြီး ပြောလိုက်သည်။
"ဘေဘီ ခုက အိမ်ပြန်ဖို့စောလွန်းသေးတယ်လေ၊ ဘေဘီ့တာဝန်တွေဖြည့်ပေးဖို့ အဲလောက်တောင်စိတ်မရှည်ဖြစ်နေပြီလား"
ကျောင်းချီက မျက်နှာအနည်းငယ်ရဲသွားကာ မေးလိုက်သည်။
"... ဒါဆို ခင်ဗျားဘယ်သွားနေတာလဲ"
"အပန်းဖြေဖို့နေရာပေါ့" ဥက္ကဌက လျှို့ဝှက်ဆန်းကြယ်စွာ ဖြေလိုက်သည်။ သူက စတီယာရင်ကို အိမ်ပြန်လမ်းနှင့်ဆန့်ကျင်ဖက်ဘက် လှည့်ကွေ့လိုက်သည်။
စကားပြောရင်း ကျောင်းချီ၏ smart brain က အသံမြည်လာသည်။ 'အဖေ' ဆိုသည့် နာမည်ပေါ်နေ၍ သေချာပေါက်ကိုင်ရတော့မည်ဆိုတာသိလိုက်သည်။
"ယန်ယန် မင်းအလုပ်ဆင်းပြီလား" ယန်ယန်က ကျောင်းချီ၏ ငယ်နာမည်ဖြစ်သည်။ အထက်တန်းမတိုင်ခင်ထိ သူ့ကိုကျောင်းယန်ဟုခေါ်ကြသည်။ ထိုအချိန်တုန်းက သူက ပိန်လွန်းလှ၍ သူ့စွက်ဖက်တတ်သော ကျောင်းနေဖက်က နာမည်ပြောင်ပေးခဲ့သည်။ 'ဆားနဲ့ငရုတ်ကောင်း ဝက်နံရိုး' ဟုစနောက်ခဲ့၍ ကျောင်းချီမှာ အင်မတန် စိတ်ညစ်ခဲ့ရသည်။ ပါပါးကျောင်းမှာ ဒါကိုသိသွားချိန် တရှူးရှူးဒေါသထွက်ကာ သူ့စားနာမည်ကိုပြောင်းရန်ဆုံးဖြတ်ခဲ့သည်။
"အွန်း" ကျောင်းချီ လမ်းကိုကြည့်လိုကတော့ ဗီလာရော တိုက်ခန်းဆီရော ပြန်သည့်လမ်းမဟုတ်၍ သိချင်စိတ်ဖြစ်ပေါ်လာမိသည်။
"ဟိုကောင်လေးရော" ပါပါးကျောင်းက ကျန်းချန်ဖေးအား ရည်ရွယ်ပြောလိုက်သော်ငြား အသံက မနူးညံ့လှပေ။
"သူကားမောင်းနေလို့" ကျောင်းချီက တစ်စုံတစ်ရာလွဲနေသလိုခံစားလိုက်ရ၍ မျက်ခုံးပင့်လိုက်သည်။
နှစ်ယောက်သား တွဲချိန် သူ့အဖေက ကျန်းချန်ဖေးကို သဘောမကျခဲ့။ အဓိကအကြောင်းရင်းကတော့ သူ့သား ယောကျ်ားလေးတွေကို သဘောကျတာကို လက်မခံနိုင်၍ပင်။ ယခုနှစ်ပိုင်းများအတွင်း ကျန်းချန်ဖေးက ကောင်းမွန်စွာ စွမ်းဆောင်ရည်ပြသပြီး လုပ်ငန်းကလည်း တိုးတက်နေသည်။ အခက သူ့အဖေ ပါးစပ်ဖွင့်ချိန် ကျန်းချန်ဖေးကိုခေါ်သည့် 'ကောင်လေး' ၊ 'ဒီကောင်' မဟုတ်တော့ဘဲ 'သားလိမ္မာ' စသဖြင့် ဖြစ်လာသည်။
သူ့လေသံ အခုရုတ်တရက်ပြောင်းလဲခြင်းက တစ်ခုခုဖြစ်ထားတာပင်ဖြစ်ရမည်။
"ကောင်းပြီလေ၊ လူကြီးတစ်ချို့ ငါ့ဆီ ကျောက်ပုစွန်တွေပို့လိုက်တယ်၊ မင်းတို့နှစ်ယောက်လုံး ပိတ်ရက်ပြန်လာသင့်တယ်"
အိမ်ပြန်ရမှာလား။ ကျန်းချန်ဖေး၏ smart brain စိတ်ကစဥ့်ကလျားအကြောင်း မှတ်မိသွားတော့ ကျောင်းချီတစ်ယောက် အဖေကိုကယ်တင်ပြီးအကြွေးတွေကိုဆပ်ဖို့လိုသည့် သူ့ဇာတ်ကွက်ကို တွေးမိသွားသည်။ သူ ယတိပြတ် ဆင်ခြေတစ်ခုပေးလိုက်သည်။
"ကျွန်တော်တို့ ဒီပိတ်ရက် သတင်းညီလာခံတတ်ဖို့လိုသေးတယ်၊ အချိန်ကျလာမှ ထပ်ပြောကြတာပေါ့"
ကျောင်းချီဖုန်းချလိုက်ပြီး ပြတင်းပေါက်အပြင်က မြင်ကွင်းကိုပကည့်လိုက်တော့ အသားအရောင်ပြောင်းလဲသွားသည်။
"ဒီနေရာလား..."
အလင်းရောင်များက ဖြာထွက်နေပြီး သီချင်းသံက ကျယ်လောင်နေသည်။ ဒီနေရာက အတော်လေးနာမည်ကြီးသည့် နိုက်ကလပ်ပင်။ သီချင်းများ၊ ဝိုင်များ ပြီးတော့ မိန်းမလှလေးများလည်းရှိသေးသည်။
ကျန်းချန်ဖေးပြုံးကာ သူ့ကိုကားထဲနေဆွဲထုတ်လာသည်။ ထို့နောက်အကြွေတစ်ချို့ကို ဧည့်ကြိုလေးထံ ထိုးပေးလိုက်သည်။
သူ့လောင်ကုန်း၏ ပုံမှန်ပြုမူနေကျထင်ရသော ပေါ့ပါးသွက်လက်သည့် ဟန်အနေအထားက ကျောင်းချီအားလက်သီးတင်းတင်းဆုပ်သွားမိစေသည်။ ဥက္ကဌတစ်ယောက်အနေနှင့် ကျန်းတာ့တျောင်း အချိန်နှင့်အမျှနောက်ကျတတ်သော်ငြား သူအမြဲကြိုအသိပေးတတ်သည်။ ဒါပေမဲ့ သူရှိနေခဲ့သည့် နေရာများတွင် ဘယ်တုန်းကမှဒီနိုက်ကလပ်မပါဖူးခဲ့။