"အချစ်ပြိုင်ဘက်များ တွေ့ဆုံကြ
သောအခါဝယ်:အကျဉ်းထောင်
အတွင်းချိန်းတွေ့ခြင်း"
ဒီရက်တွေအတွင်း အငြိမ်းချမ်းဆုံး နဲ့ အပျော်ရွှင်ဆုံးလူသားတွေကို ပြပါလို့
ဆိုရင် LanRe Serverက
မိန်းကလေးတွေပဲ ဖြစ်လိမ့်မယ်။
အဓိက အကြောင်းအရင်းကတော့ ဆာဗာရဲ့အဖျက်ကောင် စုန်းပြူးက သူ့ရဲ့ရွှေခြူနှစ်လုံးကို ကိုယ်တိုင် ဖြုတ်ပစ်လိုက်လို့ပါ။
သူက ခြူနှစ်လုံးကို စွန့်ပစ်လိုက်
ပြီးတော့ စုမူကျိ နဲ့ လက်ထပ်
လိုက်တယ်။
ဒါပေမဲ့လည်း စုမူကျိနဲ့လက်ထပ်
လိုက်ပြီးမှ သူ့ခမျာ Clanနှစ်ခုရဲ့ ရိုက်နှက်မှုတွေ ကို ပိုပြီးတောင် ခံစားလာရလေတယ်။
ဒါကြောင့်လည်း အခုတလောအတွင်း
မိန်းကလေးတွေအကုန်လုံး လွတ်လပ်ရေးရကုန်ကြပြီး သူတို့အနေ နဲ့ တစ်ယောက် သောသူရဲ့လိုက်ပြီး ဖွန်ကြောင်မှုတွေ၊
အမှိုက်နဲ့ တူတဲ့ အီစီကလီတွေကို နားဒုက္ခခံ စိတ်ဒုက္ခခံစရာမလိုတော့ဘူး။
ဒါပေမဲ့လည်း အဓိကအကြောင်းရင်းကတော့ သက်သက်ရှိနေခဲ့တယ်။
အခုရက်တွေမှာ ထန်းရှောင်
ငြိမ်နေရတာက သူမအရမ်းကို
အလုပ်ရှုပ်နေခဲ့လို့ပါ။
လူ့အမှိုက်တွေကိုလိုက်ပြီး
ဖြေရှင်းနေရလို့လေ!!
ထန်းရှောင်သူမရဲ့ Screenပေါ်က
ဇွဲကြီးလွန်းတဲ့ မဟာဇာနက အလောင်းအလျာတွေကို မြင်နေရတဲ့ အခါမှာတော့
သူမရဲ့ပါးကို တစ်ယောက်ယောက်က
ပိတ်ရိုက်လိုက်သလိုမျိုး နာကျင်လာတော့တယ်။
စုမူကျိက ဒီဆာဗာတစ်ခုလုံးမှာ
အကျော်ကြားဆုံးနဲ့ ပေါ်ပြူလာ
အဖြစ်ဆုံး သူဆိုတာ သူမသိပါတယ်။
သူမတို့မင်္ဂလာပွဲတုန်းက လည်း အမျိုး
မျိုးသောLengendary Playerများစွာက
အုံလိုက်ကျင်းလိုက်နဲ့ တက်ရောက်လာ
ကြတယ်ဆိုတဲ့ အကြောင်းကိုလည်း
သူမ သိပြီးသားပါ။
ဒီလိုဖြစ်စဉ်မျိုး က မင်းတစ်သက်လုံး
ဂိမ်းဆော့ရင်တောင်မှ တွေ့ကြုံဖို့ဆိုတာ ဖြစ်နိုင်ချေနည်းလွန်းတဲ့ ဆာဗာရဲ့
အကျော်ကြားဆုံး မင်္ဂလာပွဲဖြစ်ခဲ့တယ်
ဆိုတာကိုလည်း သူမသိပါတယ်။
ဒါပေမဲ့လည်း ဒီနှစ်သန်းပေါင်းတရာကျော်အတွင်း မှာ သူမ တစ်ခါမှတောင် မစဉ်းစားခဲ့ဖူးတာက သူမရဲ့အချစ်ပြိုင်
ဘက်တွေက သောက်ကျိုးနဲဒီလောက်
ထိ များလိမ့်မယ်လို့လေ!!!
ထန်းရှီ တောအုပ်နယ်မြေထဲ ကို
ခြေချပြီဆိုတာ နဲ့ သူမဘေးနားမှာ
ဂိုဏ်းစတားတစ်သိုက် က အမဲရိုးကို
ဝိုင်းလုကြတော့မဲ့အတိုင်း ဝိုင်းလာတော့တယ်။ ဒါကြောင့်မို့လို့ သူမမှာ
မရင့်ကျက်တဲ့ ကလေကချေတွေကို
ဖြေရှင်းဖို့ရာ အတွက် ပွဲတစ်ပွဲလောက်
တော့ နွှဲလိုက်ရတယ်။
ထို့နောက်မှာတော့ သူမကို
တစ်ပါးသူကို အကြမ်းဖက်မှုနဲ့
ရာဇဝတ်ကောင်လို့ တံဆိပ်တုံးထု
ခံလိုက်ရပြီး အကျဉ်းထောင်ဆီ
ပို့ခံလိုက်ရတော့တယ်။
Crime Points= ပြစ်မှုမှတ်တမ်း
Spirit Roadမှာ ဆိုရင်
မင်းရဲ့Crime pointsတွေ က
သတ်မှတ်ထားတဲ့ အရေအတွက်
တစ်ခုကို ကျော်သွားတာနဲ့ မင်းကို
အကျဉ်းထောင်ဆီ ပို့ခြင်းခံရနိုင်
တယ်။
ထန်းရှောင်က တကယ်တော့
"ထောင်"ဆိုတဲ့ နေရာနဲ့ တော်တော်လေး ရင်းနှီးနေပြီးသားပါ။
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းဆို
သူမမှာ ထောင်ထဲ အိမ်ဦးကြမ်းပြင်
လိုမျိုး ဝင်လိုက်ထွက်လိုက်နဲ့
ကူးလူးသန်းချည်နေတာ မို့ အကြိမ်
ပေါင်းများစွာ ထောင်နန်းစံရတဲ့အခါမှာတော့ သူမ လိုမျိုး အချုပ်ကျနေကြသူတွေ နဲ့ မျက်နှာသိမိတ်ဆွေတွေ ဖြစ်လာ
တော့တယ်။
[လက်ရှိ] အားကောင်းတဲ့ဟော့ပ်ပေါ့လေး: "ဟော်? ထန်းရှီလေးပါလား...
ဘယ်တုန်းက ဒီထဲရောက်နေတာတုန်း?"
[လက်ရှိ] ထန်းရှီ:
"အချစ်ပြိုင်ဘက်တွေ လက်ချက်နဲ့လေ။ ငါ့မှာ အဲ့ကောင်တွေကို ဂေါ်ဖီထုပ် လှီးသလိုမျိုး ခုတ်လိုက်ထစ်လိုက် ခုတ်လိုက် ထစ်လိုက်နဲ့ လုပ်လို့ ကောင်းနေတုန်း ငါသိလိုက်ရတာ က ထောင်ထဲ အပို့ခံလိုက်ရတယ် ဆိုတာပဲ။ မင်းကရော ဘာအကြောင်း နဲ့ ဒီကြွလာတာလဲ?"
[လက်ရှိ] အားကောင်းတဲ့ဟော့ပ်ပေါ့လေး:
"ငါ တစ်စုံတစ်ယောက် ကို သဘောကျသွားတာမို့ သူ့ကို ရွေးချယ်စရာ နှစ်ခု ပေးလိုက်တယ်လေ။ သူပဲ ဖြတ်ဖောက်ချုပ် လုပ်ပြီး ငါ့ကို လက်ထပ်မလား။
ဒါမှမဟုတ် ငါကပဲ ဖြတ်ဖောက်ချုပ်လုပ်ပြီး သူ့ကို လက်ထပ်ရမလား ဆိုပြီးပြောလိုက်တော့ အဆုံးမှာ သူက ဘာကိုမှမရွေး
လိုက်ဘူးလေ။ ဒါကြောင့် မို့လို့
ငါ သူ့ကို သတ်လိုက်တယ်"
[လက်ရှိ] ထန်းရှီ: "......"
"မင်းက ဘယ်သူ့ကိုများ မျက်စိ
ကျသွားလို့လဲ"
[လက်ရှိ] အားကောင်းတဲ့ဟော့ပ်ပေါ့လေး: "အို့...တကယ်တော့ ဘယ်သူမှ
မဟုတ်ပါဘူး။ အဲဒါက ဒီအတိုင်း
မင်း ဇနီးရဲ့အဖွဲ့သားတွေထဲ က
တစ်ယောက်ပါ, ရွှေရောင်နေ့ရက်
လေးများ လေ"
[လက်ရှိ] ထန်းရှီ: "......."
ထန်းရှောင်ရဲ့ အတင်းအဖျင်း
ပြောချင်တဲ့ နှလုံးသားလေးဟာ
မီးတစ်စ ထွန်းညှိပေးလိုက်
သလိုမျိုး တစ်ဖြည်းဖြည်း နဲ့
လောင်ကျွမ်းလာတော့တယ်။
သူမ နောက်ဆုံးတော့ စုမူကျိနဲ့ သူမတို့
မင်္ဂလာဆောင်တုန်းက အကြောင်းကို
ပယ်ပယ်နှယ်နှယ် အတင်းတုပ်ခဲ့ကြတဲ့ လူအုပ်ကြီးရဲ့ စိတ်ခံစားချက်ကို ကောင်းကောင်းကြီး နားလည်သွားတယ်။
ဒါက သောက်ရမ်းကို စိတ်လှုပ်ရှားဖို့
ကောင်းတာပဲ!!!
[လက်ရှိ]ထန်းရှီ:
"သူရဲကောင်းကြီး! မင်း ဘာလို့
သူနဲ့အတူ ကွေးဖို့ ဆန္ဒရှိရတာလဲ"
[လက်ရှိ] အားကောင်းတဲ့ဟော့ပ်ပေါ့လေး: "ဒါဆိုလည်း ငါမင်းကို မေးပါရစေ။
မင်းတုန်းကရော ဘာလို့ စုမူကျိကို လက်ထပ်ပါရစေဆိုပြီး အသည်းအသန် ရောဂါတက်နေတဲ့ပုံနဲ့ သူ့ဂါဝန်စလိုက်ဆွဲနေခဲ့တာလဲ"
[လက်ရှိ] ထန်းရှီ: "ငါတို့ရဲ့ အခြေအနေတွေ က မတူဘူးလေ။ငါ လက်မထပ်ခင်
တုန်း ကတော့ ငါ သူမကို သွေးတက်အောင်လို့ နောက်ကနေ ဗရုတ်လိုက်ကျနေတာက အဆင်ပြေတယ်။
ဒါပေမဲ့ အိမ်ထောင်လည်း ကျပြီးရော ငါ့မှာ နှာခေါင်းတစ်ချက် ကုပ်နိုင်ဖို့တောင် နေနေသာသာ အခုချိန်ထိ အသက်ရှင်လျက် ရှိနေတာကိုပဲ ကံကောင်းလွန်းနေတာ"
[လက်ရှိ] အားကောင်းတဲ့ဟော့ပ်ပေါ့လေး: "စုမူကျိက အဲ့လောက်ထိ ဆိုးမယ်
ဆိုတာ မဖြစ်နိုင်တာ။ သူက အရမ်းကို ကျော်ကြားတဲ့သူလေ"
ထန်းရှောင် အတွက် စုမူကျိအကြောင်း
အတင်းတုပ်လို့နိုင်မဲ့ အခုလိုမျိုး
ရွှေရောင် အခွင့်အရေးကြီးက
မျက်စိရှေ့တင် ရောက်လာတာကို လက်လွှတ်ခံလို့ဘယ်ဖြစ်မလဲ?!
[လက်ရှိ] ထန်းရှီ:
"မင်း လူတစ်ယောက်ကို ဆုံးဖြတ်
ရင် သူတို့ရဲ့အပြင်ပန်း ရုပ်ရည်
သွင်ပြင်ကို ပဲကြည့်ပြီး မဆုံးဖြတ်သင့်ဘူး။ သရက်သီးတစ်လုံးကို ပဲကြည့်။
အပြင်ပန်းက အဝါရောင် သန်းနေ
တာနဲ့ပဲ အထဲက ပိုပြီးဝါလိမ့်မယ်
လို့ မင်းမပြောနိုင်ဘူးလေ။ ဥပမာအနေနဲ့ ငါ့ကိုသာ ကြည့်လိုက်တော့။ အပြင်ပန်း က ငါ့သွင်ပြင်ကို လူယုတ်မာနှာဘူး
အမှိုက်ကောင်လို့ ပြောကြပေမဲ့ ငါ့ရဲ့
အတွင်းစိတ် ကတော့ အရမ်းကို အင်နိုးဆန့်ပြီး အပြစ်ကင်းနေတာမျိုး။
ငါ့ရဲ့ နှလုံးသားအတွင်းဆုံး တစ်နေရာထဲမှာ နတ်သမီးလေးတစ်ပါး ကိန်းဝှက်နေတယ်လို့တောင် ပြောလို့ရတယ်"
[လက်ရှိ] ထန်းရှီ: "အဲ့လိုပဲ ဆန့်ကျင်ဘက် အနေနဲ့ စုမူကျိ...သူရဲ့အပြင်ပန်းပုံစံ က
လှပကြော့ရှင်းပြီး အရည်အချင်း
လေးက သိပ်မဆိုးဘူး ဆိုတာနဲ့
မယုံလိုက်နဲ့။ သူ့ရဲ့ ကိုယ်တွင်းထဲ
မှာ မကောင်းဆိုးဝါး ဝင်ပူးနေတာ!
မကောင်းဆိုးဝါး တစ်ကောင်!"
[လက်ရှိ] စုမူကျိ: "...မင်းအခု ဘာပြောလိုက်တာလဲ"
.......
"......"
"......."
ဒါက ဘယ်လိုတောင် နေရခက်တဲ့ လေထုကြီးလဲ!? အဲဒါက မင်းရဲ့နောက်မှာ ရောက်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ အကြောင်း
ကို အားရပါးရ အတင်းထိုင်တုပ်
နေတုန်း ထိုသူကလည်း မင်းပြော
နေတဲ့ အရာမှန်သမျှကို တစ်လုံးမကျန် ကြားသွားတဲ့အခါမျိုးမှာ....
ဒီထက်ပိုပြီး နေရခက်ကာ မသက်မသာ
ဖြစ်ရတာက တစ်ဖက်လူက သူ့မကောင်း
ကြောင်းပြောနေတာကို တည့်တည့်မိသွားတဲ့အခါမှာ မင်းကို သေလောက်အောင်
ရိုက်မယ်။
ဒါပေမဲ့လည်း မင်းမှာ သူ့ကို ခုခံနိုင်မဲ့ အင်အားတစ်စက်မှမရှိတာကြောင့်
တစ်ဖက်ကရိုက်သမျှကို လိမ့်ပိန့်နေအောင် ခံရုံကလွဲပြီး တခြားရွေးချယ်စရာမရှိ
တဲ့အခါမျိုးမှာ.....
စုမူကျိရဲ့ Penthouseဆန်စွာ
ရုတ်တရတ်ကြီး ထွက်ပေါ်လာမှုက
ထန်းရှောင်ကို အင်မတန်စိတ်ခြောက်ခြားသွားစေပြီး သူမရဲ့ ကွန်ပျူတာပလပ်ကြိုး ကို တောင် ဆွဲဖြုတ်လုနီးပါးဖြစ်သွားတယ်။
စုမူကျိ က တကယ့်ကို...
သူမအတွက်တော့ မလွတ်မြောက်
နိုင်တဲ့ ကျိန်စာလိုမျိုးပဲ။
သူမ အမြဲတမ်း ထင်ခဲ့ဖူးတာ က စုမူကျိလောက်တော့ သူမ အသာလေး သိပ်နိုင်
မယ်လို့လေ။ ဒါပေမဲ့လည်း နှစ်သန်းပေါင်း
တစ်ရာအတွင်းမှာ စဉ်းတောင် မစဉ်းစားခဲ့ဖူးတာက စူမူကျိက အမြဲအောင်နိုင်သူကြီး ဖြစ်ပြီး သူမတစ်ယောက်တည်းပဲ ကြက်ဥနှစ်လုံးထွက်အောင် အရိုက်ခံရတယ်ဆိုတာ။
နောက်ကျတော့ သူမ တစ်ခြား
နည်းလမ်းနဲ့ ဖြေသိမ့်လိုက်တယ်။
စစ်မြေပြင်မှာ အနိုင်မရနိုင်ရင်တောင် သူမအနေနဲ့ စုမူကျိကို သွေးတိုးရောဂါလောက်တော့ ရအောင် စိတ်ဒုက္ခပေးနိုင်
မယ်လို့ ယုံကြည်ခဲ့ဖူးတယ်။ ဒါပေမဲ့
လည်း အဆုံးမှာတော့ ဘယ်သူကမှ
မပြောနိုင်ခဲ့ဘူး။ စုမူကျိကြောင့် သူမခေါင်းထဲက သွေးတွေ အကုန်ကပြောင်းကပြန် စီးဆင်းကုန်ပြီး တစ်ခါတစ်လေ
အတွင်းကြောတွေတောင် ဖောက်ပြန်လု နီးပါးဖြစ်ကုန်တယ်ဆိုတာ။
ဒါက သူမရဲ့ကြီးမြတ်တဲ့ ဂုဏ်ကျက်သရေ အပေါ် ငှက်ချီး ပါချခံလိုက်သလိုမျိုး စော်ကားခံလိုက်ရတာပဲ။
[လက်ရှိ] ထန်းရှီ:" အာ...ဇနီးလေး ဘယ်လိုဖြစ်ပြီး ထောင်နန်းဌာနေ ဆီ အလည်အပတ် ရောက်လာတာလဲ"
စုမူကျိ က ချက်ချင်း တုံ့ပြန်မလာပေမဲ့ ဘာကြောင့်လဲဆိုတာကို ထန်းရှောင်
သိလိုက်တယ်။
[World] Ah,ပျော့ပျော့လေး: "စုမူကျိ!
ကိုယ် မင်းကို အရမ်းသဘောကျတယ်! ဘာကြောင့်မို့လို့ ကိုယ်နဲ့ အတူမရှိချင်ရတာလဲ...ဟင်! မင်းကိုယ့်ကို သစ်စိမ်းချိုး
ချိုးတော့မလို့လား"
[World] ဒီအရှင်မင်းကြီးက ထပ်ပြီး မရူးတော့ဘူးကွယ်: "ဟား...ဒီလိုမျိုး ချစ်ရေးဆိုတာကို မတွေ့ရတာတောင် အတော်ကြာ
နေပြီ။ ဒါက အလုပ်ဖြစ်မယ်လို့ မထင်ပေမဲ့လည်း သူရဲကောင်း....ငါမင်းကို ချီးကျူးပါတယ်။ မင်းဆက်ပြီး အလုပ်
ကြိုးစားသွားဖို့ ငါမျှော်လင့်ပါတယ်"
စုမူကျိ ကို နောက်ပိုးနေတဲ့ လူများစွာ
ရှိတဲ့အထဲမှာ ထိုသောက်ကလေး က ဇွဲအကြီးဆုံးနွားလားဥဿပလေးပါ။
ထိုနောက်ပိုးအုပ်စု က ထန်းရှောင်နောက် ကို တစ်ချိန်လုံး လိုက်နှောင့်ယှက်နေရင်း နဲ့ သူမကို မင်္ဂလာပွဲကနေ ထွက်ပြေးသွားတဲ့
အကြောင်းရင်းကို ပဲ လိုက်မေးနေတော့
တယ်။
စိတ်ပျက်စရာ ခြင်တွေလိုမျိုး
တစ်ဝီဝီနဲ့ လိုက်နှောင့်ယှက်နေတာ
ကို သည်းမခံနိုင်တော့တဲ့ အဆုံး
ထိုကလေးကို တစ်ချက်တည်းနဲ့တင်
ကိစ္စတုံးလိုက်ပြီး ထို့ကြောင့်ပဲ ထန်းရှီ ထောင်နန်းစံလိုက်ရတယ်။
အလားတူပဲ စုမူကျိလည်း
Ah, ပျော့ပျော့လေး ရဲ့ ဒရာမာကားထဲက
အလွတ်ကျက်ထားတဲ့ စာသားတွေနဲ့
နောက်ကနေ တစ်ချိန်လုံး လိုက်နှောင့်ယှက်နေတာကို ခံရတာများပြီး မျက်စိနောက်လာတာကြောင့် ထိုကလေးစုတ်ကို အကြိမ်ပေါင်းများစွာ ရိုက်သတ်လိုက်
တော့တယ်။
ထို့နောက်မှာတော့"မောင့်ခြေရာ
ထက်မှ တစ်ဖဝါးမှ မခွာလို"
ဆိုတဲ့ အတိုင်း သူ လည်း ထောင်နန်းစံဖို့
ပို့ခံလိုက်ရတယ်။
ထိုအချိန်ထောင်ထဲမှာ လူသုံးယောက်
ရှိနေတယ်။
Male Accountနှစ်ခုနဲ့ Female Accountတစ်ခု။
ထိုလူသုံးယောက်က သုံးထောင့်ချွန်း ပုံစံထိုင်နေကြပြီး စကားဝိုင်းကို စလိုက်ကြ
တယ်။
[လက်ရှိ] စုမူကျိ: "မင်းခုနတုန်းက ပြောလိုက်တဲ့ဟာကို သေသေချာချာ ရှင်းပြဖို့ လိုတယ်လို့ ငါထင်တယ်"
စုမူကျိရဲ့ username က အရမ်းကို နီရဲတောက်လျက်ရှိပြီး ထိုအရာကို မြင်နေရတာ က ကျားကသားကောင်ကို
လတ်တလောမှ စားထားပြီး ထိုအသွေးအသား လက်ကျန်က ပါးစပ်မှာ ကပ်လျက်
သား နဲ့ သွားဖြဲပြဲနေသလိုမျိုး ခံစားလိုက်
ရတာကြောင့် ထန်းရှောင် ရုတ်တရတ်ကြီး တုန်ယင်လာတယ်။
သူမ ဂိမ်းဆော့တဲ့ တစ်လျှောက်လုံး သူ့ရှေ့မှာ တစ်ခါမှဖင်တုန်အောင် ကြောက်ရွံ့နေတာမျိုး မရှိခဲ့ဖူးဘူး။
သို့ပေမဲ့လည်း ထိုကြောက်ရွံ့မှုက ဖြစ်တည်လာတဲ့ အခါမှာတော့ ထန်းရှောင်မှာ နှာစေးနေတဲ့ယုန်သူငယ် ဖြစ်လာတော့တယ်။
[လက်ရှိ] ထန်းရှီ: ဟမ်? ဘာကို ပြောတာလဲ? ကိုယ် ဘာပြောလိုက်လို့လဲ!? ဟေး...ဟော့ပ်ပေါ့, ငါ တစ်ခုခုပြောလိုက်တာကို မင်းရော ကြားလိုက်လို့လား"
[လက်ရှိ] အားကောင်းတဲ့ဟော့ပ်ပေါ့လေး:
"ငါ ကြားလိုက်တယ်။ မင်းပြောတာ က စုမူကျိရဲ့ကိုယ်ထဲမှာ မကောင်းဆိုးဝါး ဝင်ပူးနေတာတဲ့"
[လက်ရှိ] ထန်းရှီ:
"....ဟေး...နေအုံး,What about love?...
အချစ်အကြောင်း ပြောကြမယ်ဆိုရင်
ရော? ငါတို့ရဲ့ ကျန်တဲ့ ဘဝသက်တမ်း တစ်လျှောက်လုံးကို အိန်ဂျယ်လေးတွေလို နေသွားကြမလား? ငါက အိန်ဂျယ် ဖြစ်နေတဲ့အချိန်မှာ မင်းကဘာလို့
အခုချိန်ထိ ကြက်တောင်ပံကင်ပဲ
ဖြစ်လာရတာလဲ?"
[လက်ရှိ] အားကောင်းတဲ့ဟော့ပ်ပေါ့လေး: "ဘာလို့လဲဆိုတော့ ငါက စုမူကျိကို
အလဲ မထိုးနိုင်လို့လေ။ ပြီးတော့
တောင်ပံပါတဲ့ အိန်ဂျယ်ချင်းယှဉ်ရမယ်
ဆိုရင် အနည်းဆုံးတော့ ကြက်တောင်ပံ
ကင်တွေ ကမှ ကမ္ဘာပေါ် ရှိနေနိုင်သေး
တယ်။ အိန်ဂျယ်တွေကတော့ ကောင်းကင်ဘုံမှာလေ"
ထန်းရှောင်နောက်ဆုံးတော့
သူမ ကြားဖူးတဲ့စကားပုံ အတိုင်း
ထပ်တူခံစားလိုက်ရတယ်။
"ဝှေ့တတ်သည့်နွား ကို ရှောင်ပြန်
ကန်တတ်သည့် နွားနှင့်ငြား"
ထောင်ထဲမှာတော့ ဟော့ပ်ပေါ့နဲ့
ထန်းရှီတို့နှစ်ကောင်လုံး လုံးထွေး
သတ်ပုပ်နိုင်တဲ့နေရာ အကျယ်
အဝန်းလေးတော့ ရှိနေသေးတယ်။ သူမက စုမူကျိကို မင်သေသေနဲ့ ကြည့်လိုက်
ပြီး
"အစုလိုက် အပြုံလိုက်ပေါက်ကွဲ
ဖျက်စီးခြင်းမန္တန်" ကို သုံးဖို့လုပ်
လိုက်တယ်။
သူမ လက်တစ်ချောင်းတောင်
မလှုပ်နိုင်ခင်မှာဘဲ မြေကြီးပေါ် နွား
တစ်ကောင်လိုမျိုး ဘိုင်းခနဲ
လဲကျသွားတော့တယ်။
စုမူကျိ ကတော့ အလွန်ကို
ကောင်းမွန်တဲ့ စိတ်အခြေအနေမှာ
ရှိနေကာ ခပ်တည်တည်နဲ့ ထန်းရှီ
ရဲ့ခေါင်းပေါ် ဖင်ခုပြီး တက်ထိုင်
လိုက်လေတယ်။
ထိုအချိန်....ထန်းရှောင် ရုတ်တရတ်ကြီး ခံစားလိုက်ရတာက
ဒါက လူ့အဖွဲ့အစည်းမှာ လုံးဝမရှိသင့်တဲ့ စက်ဆုတ်ဖွယ်ရာကောင်းပြီး လူသားချင်း စာနာထောက်ထားမှု မရှိတဲ့လုပ်ရပ်ပဲ!
ကောင်းပြီလေ...မင်း ငါ့ကို ရိုက်
ချင်တယ်မို့လား..ဒါဆိုလည်း.ငါ့ကို သေအောင်ရိုက်လေ!
ဒါပေမဲ့ မင်း အခုလိုမျိုးကြီးတော့
ငါ့ကို ထောက်ထားမှုမရှိ
အနိုင်ကျင့်စရာ မလိုဘူးမလား?
ရတယ်။ မင်း ငါ့ကို အနိုင်ကျင့်ချင်
လို့ မင်းစိတ်ကြိုက် မန်းနီးတွေ
ကို သုံးဖြုန်းနိုင်တယ်။
ဒါက အဆင်ပြေသေးတယ်!
ဒါပေမဲ့မင်း....မင်း ငါ့ကို အနိုင်ကျင့်စရာ နည်းလမ်းပေါင်း တစ်ရာ့တစ်သွယ်ရှိတဲ့ အထဲမှ ဒီလိုရိုင်းစိုင်းတဲ့နည်းလမ်း ကို အသုံးပြုတယ်ပေါ့လေ!
[လက်ရှိ] ထန်းရှီ: "ငါ့ ခေါင်းပေါ်မှာ
ချီးတုံးအကြီးကြီး လာတင်နေ
တယ်။ ငါ့ပုံစံက ဘူးသီးညီနောင်
နဲ့ တူနေတယ်မလား"
(ပုံထဲကMCထန်းရှောင်ပြောတဲ့....
ဘူးသီးညီနောင်ဆိုတာလေ။
Iveတို့ ငယ်ငယ်တုန်းက ကြည့်ဖူး
တဲ့ တရုတ်Cartoon seriesရဲ့
Main characterလေးပါ။
တော်တော်များများသိကြမှာပါ)
[လက်ရှိ] အားကောင်းတဲ့ဟော့ပေါ့လေး:
"မင်းခေါင်းပေါ်က ချီးတုံးနဲ့ဆို မင်းက
ဘူးသီညီနောင်နဲ့ မတူတော့ဘူး နွားချေးပိုးကောင်နဲ့ ပိုတူနေတယ်"
အားကောင်းတဲ့ ဟော့ပ်ပေါ့လေးက
ထန်းရှောင်ရဲ့ဈေးပေါတဲ့စကားလုံးတွေ ကို ထပ်ပြီး နက်ရှိုင်းသွားအောင် ဖေးမပြောလိုက်တာဆိုပေမဲ့ ထိုမထင်မှတ်ထားတဲ့စကားလုံးရဲ့ နောက်ကွယ်မှာတော့ တကယ်ကြီး ထိရှနာကျင်သွားရတဲ့လူက နှစ်ယောက် ဖြစ်နေခဲ့လေတယ်။
စုမူကျိက ဆတ်ခနဲ့ဆိုသလို ခန္ဓာကိုယ်ကို မတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။
ပြီးတာနဲ့ သူက ဟော့ပ်ပေါ့အိုးကိုလည်း အလွတ်မပေးဘဲ ပိန်လိန်နေအောင်
ကန်ထည့်လိုက်တယ်။ ဒါပေမဲ့လည်း အနည်းဆုံးတော့ သူ့ရဲ့ပြုစုပုံတွေက
ထန်းရှောင်လောက်တော့ မဆိုးရွားဘူး။ ဘာလို့လဲဆိုတော့ စုမူကျိက ဟော့ပ်ပေါ့
ရဲ့ခေါင်းပေါ်တော့ တက်မထိုင်ဘူးလေ။
[လက်ရှိ] ထန်းရှီ:
"ဟေး...နောက်လိုက် အိန်ဂျယ်လေး"
[လက်ရှိ] အားကောင်းတဲ့ဟော့ပ်ပေါ့လေး:
"......"
သူတို့တွေ ထိုနည်းတူစွာ အတိုင်း
အရှုပ်ထုတ်များစွာ ဖန်တီးပြီး
နောက်မှာတော့ ထောင်ထဲကို နောက်ထပ် ပုဂ္ဂိုလ်တစ်ဦးရောက်လာတယ်။
[လက်ရှိ] Ah,ပျော့ပျော့လေး:
"စုလေး, ကိုယ် မင်းရဲ့နောက်ကို
လိုက်လာတာလေ။ ကိုယ် မင်းအပေါ်မှာ ဘယ်လောက်ကောင်းလဲ ကြည့်ပါအုံး။
ထောင်ထဲမှာ ရောက်နေတဲ့ မင်းကို တွေ့
ချင်လွန်းလို့ ဆိုပြီး ကိုယ် ကိုယ်တိုင်
ထောင်ထဲဝင်လာတယ်လေ"
အချစ်ပြိုင်ဘက် အချင်းချင်း တွေ့ဆုံကြတဲ့ အခါမှာ သူတို့ရဲ့မျက်လုံး အကြည့်
တွေက သဝန်တိုစိတ်တွေကြောင့်
မီးတွေရော လေဆာတွေပါ ပွင့်ထွက်ကုန်ပြီး နီရဲလာကြတယ်တဲ့။
ထန်းရှောင်ကတော့ သူမရဲ့မျက်လုံးတွေက စပ်ဖျင်းဖျင်းဖြစ်လာတယ်လို့
မခံစားရဘူး။
ဒါပေမဲ့လည်း စုမူကျိကို သူမ မဟုတ်တဲ့ တစ်စုံတစ်ယောက်က ထိကပါးရိကပါး လုပ်တာကိုမြင်လိုက်ရတဲ့ အခါမှာတော့
သူမရဲ့ခံစားချက်တွေက ပေါက်ကွဲထွက်
လာကာ Ah,ပျော့ပျော့လေး ရဲ့ရှေ့တည့်
တည့်ကို သွားလိုက်ပြီး သူ့မျက်ခွက်ကို ပိတ်ကန်ပစ်လိုက်တယ်။
စကေးအနည်းငယ်နဲ့တင် ထိုပျော့ပျော့လေးက မြော့မြော့လေး ကျန်တော့ကာ
သူမရဲ့ခြေထောက်အောက်မှာ ကြမ်းပြင်
နဲ့ စခန်းသွားလိုက်ရတော့တယ်။
သူမလည်း ချက်ချင်းဆိုသလို
စုမူကျိရဲ့ အပြုအမူအတိုင်း
တစ်ထပ်တည်း အတုခိုးလိုက်ပြီး
သူ့ခေါင်းပေါ် ကို ဖင်ထိုင်ချပစ်
လိုက်တယ်။
[လက်ရှိ] Ah,ပျော့ပျော့လေး:
"စုလေး, အ...မင်း တကယ်ပဲ... ဒီလိုစိတ်မမှန်တဲ့ ခွေးချေးလုပ်ရပ်မျိုး လုပ်တဲ့သူမျိုးကို ကြိုက်တာလား"
ထန်းရှောင်ထင်တယ်။
ဒါနဲ့ဆို တစ်ယောက်ယောက် က
စုမူကျိရဲ့အနာထဲ ကို ဆားထည့်သိပ်
လိုက်တာ တတိယအကြိမ်မြောက်မလား!
Ah,ပျော့ပျော့လေး မတ်တပ်ပြန်
ရပ်နိုင်လာတဲ့အထိ စောင့်ပြီး
နောက်မှာတော့ ထင်တဲ့အတိုင်း စုမူကျိ
က သူ့ကို နောက်တစ်ဖန်ကြမ်းပြင် နဲ့
စခန်းသွားအောင် ကိုင်ပေါက်လိုက်လေ
တယ်။
[လက်ရှိ] Ah,ပျော့ပျော့လေး: "အသားနာစေတာက အထိအတွေ့ကို မက်မောလို့။ ငေါက်ငန်းတာ ကတော့ အချစ်တဲ့။
မင်း ကိုယ့်ကို အရမ်းချစ်လွန်းလို့
မင်းရဲ့ဖနောင့်လေးကိုတောင်
သုံးပြီး ကိုယ့်ကို ကိုင်ပေါက်လိုက်
သေးတယ်။ မင်းရဲ့ အချစ်တွေကို ကိုယ်
ခံစားရပါတယ်...စုလေး"
[လက်ရှိ] စုမူကျိ: "....."
[လက်ရှိ] အားကောင်းတဲ့ဟော့ပ်ပေါ့လေး:
"......"
[လက်ရှိ] ထန်းရှီ: "....."
သူ့ဦးနှောက်ထဲမှာ ဝါယာကြိုး
တစ်ချောင်းချောင်းများ လွတ်နေ
တာလား!
စုမူကျိရဲ့ဒေါသတွေက ထိန်းသိမ်း
ထားနိုင်တဲ့ လစ်မစ်အထက်ကို
ကျော်သွားတော့တာမို့ သူက
ချောင်တစ်ချောင်ဆီ ပြေးသွား
လိုက်ပြီး စကားတစ်လုံးမှ မပြော
တော့ဘဲ ဆောင့်ကြောင့်ထိုင်
လိုက်တော့တယ်။
[လက်ရှိ] အားကောင်းတဲ့ဟော့ပ်ပေါ့လေး:
"အစ်ကိုကြီး မင်းဘာလို့ စုမူကျိကို မရနိုင်တာလဲ သိလား?"
[လက်ရှိ] Ah,ပျော့ပျော့လေး: "ဘာလို့လဲ"
[လက်ရှိ] အားကောင်းတဲ့ဟော့ပ်ပေါ့လေး: "ဘာလို့လဲဆိုတော့ မင်းရဲ့နံမည်ကြောင့်
မို့လို့လေ! အဲဒါက အလုပ်မဖြစ်ဘူး! မင်း ဘယ်လိုလုပ်ပြီးများ ပျော့ပျော့လေး ဆိုပြီး အမည်ပေးလိုက်တာလဲ? ငါဘာပြောချင်လဲဆိုတာ မင်းသိရဲ့လား? ပျော့ပျော့လေး!!!! ...ဒီလိုဆိုမှတော့ ဘယ်လိုလုပ်ပြီး
အလုပ်ဖြစ်တော့မလဲ?!"
ထန်းရှောင်သူမရဲ့ ကွန်ပျူတာရှေ့
မှာ ဝါးလုံးကွဲ ရယ်ချလိုက်တယ်။
အစတုန်းကတော့ ဘာကိုပြောချင်မှန်း သူမလည်း သဘောမပေါက်ခဲ့ဘူး။ ဒါပေမဲ့ နောက်တစ်ကြိမ် Screenကို ထပ်ကြည့်ပြီးနောက်မှာတော့ အထာပေါက်သွားလေတယ်။
[လက်ရှိ] ထန်းရှီ: "မှန်တယ်။ မင်းရဲ့နံမည် ကို ပြောင်းလိုက်သင့်တယ်။
Ah,ထောင်ထောင်လေး ဆိုပြီးတော့လေ"
သူမရဲ့message ပေါ်လာပြီး နောက်မှာချောင်မှာ ငုတ်ဆောင့်ထိုင်နေတဲ့ စုမူကျိ
က မြွေပွေးကင်းကိုက်သလိုမျိုး
ရူးရူးရှဲရှဲနဲ့ ပြေးလာတယ်။
ထန်းရှောင် အစတုန်းက ထင်တာ
က စုမူကျိက ဂိမ်းထဲ ကနေ
ထွက်သွားပြီလို့လေ။ ဒါပေမဲ့
သူက Screenရဲ့မမြင်ရတဲ့ နေရာမှာ
ကွယ်နေပြီး တိတ်တိတ်လေး
ထိုင်နေမယ်လို့ ဘယ်သူကသိခဲ့မှာလဲ
ဒါပေမဲ့လည်း သေရုံလောက်နဲ့
တော့ သူမရဲ့စုမူကျိကို သွေးတက်အောင် လုပ်မဲ့ မဟာပရောဂျက်ကြီးကို
မရပ်တန့် နိုင်လေဘူး။
[လက်ရှိ] ထန်းရှီ: "ဒါမှမဟုတ် ဒီလိုပြောင်းလိုက်ရင်ရော Ah,ကောင်းလိုက်တာ...ဆိုပြီးလေ။ဒါနဲ့ဆို အလုပ်အရမ်းဖြစ်မှာ။ စုမူကျိ အခုတောင် ငါ့ကို ဆော်ဖို့
လုပ်နေတာတွေ့လား!"
[လက်ရှိ] Ah,ပျော့ပျော့လေး: "စုလေး....ဒါအမှန်ပဲလား? အဲဒါက အရမ်းကို ကောင်းလွန်းနေတယ်မလား? အဲ့နံမည်နဲ့ဆို အရမ်းကို တိုက်ရိုက်လည်းကျပြီး အရမ်းလည်းမြန်...."
ထို့နောက်မှာတော့ စုမူကျိ ရဲ့ လက်ချက်နဲ့ ပျော့ပျော့လေးမှာ မြေကြီးပေါ် ဆန့်ဆန့်ကြီးလဲကျသွားပြီး သွေးတွေ အန်ထွက်
လာတော့တယ်။
[လက်ရှိ] ထန်းရှီ: "မြင်လား! သူက မင်းကို ချစ်သလား မချစ်ဖူးလားဆိုတာ! ဒါကအချစ် မဟုတ်ရင်ဘာလဲ!"
တစ်စုံတစ်ယောက် ကို သွေးတက်အောင် လိုက်နှောင့်ရတဲ့ ခံစားချက်မျိုးက အရမ်း ကို နေသာထိုင်သာ ရှိလိုက်တာ။
စုမူကျိရဲ့စက်သေနတ် လို
တရစပ် မနည်းတမ်းဆော်နေ တဲ့
မရဏသိုင်းကွက်တွေက
ပုရွက်ဆိတ်တစ်ကောင် ဖြတ်သွား
မိရုံနဲ့တင် အလောင်းကောက်စရာ
မရှိတော့လောက်အောင်
ပြင်းထန်ပြီး ရက်စက်လှတယ်။
နှစ်ယောက်ထဲက တစ်ယောက်ပြန်
ထလာတာ နဲ့ ချက်ချင်းဆိုသလို
စုမူကျိရဲ့ဗြင်းတာ ကို ခံလိုက်ရပြီး
ဗီဇာဖရီးနဲ့ ငရဲပြည်ဆီ အလည်
ရောက်သွားတော့လေတယ်။
အကျဉ်းထောင်အတွင်း မှာ မုန်တိုင်း
ထန်ကာ ပွဲကြမ်းနေသလောက်
အပြင်ဘက် ကမ္ဘာလောကကြီးကတော့ အေးချမ်းသာယာလျက် ရှိလေတယ်။
*****
Mission ကို ပြီးအောင်မလုပ်
ကြဘဲ ဒရာမာရဲ့နောက်လာမဲ့ အပိုင်းကို မျှော်နေကြတဲ့ ဇာတ်ကားချစ်သူများ
အဖွဲ့ကတော့ သူတို့ရဲ့လည်ပင်းတွေကို
အကြောလျှော့ရင်း စောင့်နေလိုက်တယ်။
ဒါပေမဲ့လည်း နောက်ဆုံးမှာတော့
ဘာမှဖြစ်မလာခဲ့ဘူး။
[Worldစကားဝိုင်း၁] မြေအိုးထဲကရွှေတုံးလေး: "သတင်းထူးဟေ့!ငါ ကြားတာ
သူတို့သုံးယောက်လုံး ထောင်ထဲမှာ
စုံစွမ်စိကစားနေကြတယ်တဲ့"
[Worldစကားဝိုင်း၂] ဒီအရှင်မင်းကြီးကထပ်ပြီးမရူးတော့ဘူးကွယ်:
"အချစ်ပြိုင်ဘက် အချင်းချင်း
တွေ့ကြရင် သူတို့ရဲ့မျက်လုံးတွေ
က သဝန်တိုစိတ်တွေကြောင့်
နီရဲလာကြတယ်တဲ့။ ဒါနဲ့ဆို စစ်ပွဲတစ်ပွဲ
စာလောက် ခင်းလို့ရနေပြီ"
[Worldစကားဝိုင်း၃] မိန်းမလှငါးရာဝန်းရံနေတဲ့ နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး:
"မြန်မြန်!တစ်ယောက်လောက် ငါ့ကို
ထောင်ထဲပို့ပေးကြပါ!"
ဘယ်သူက စလိုက်တာလဲတော့
မသိဘူး။ ရုတ်တရုတ်ကြီး
တစ်အုပ်စုလုံး ထောင်ထဲဝင်ချင်
ကြလို့ အကူအညီ လိုက်တောင်း
ကြတော့တယ်။
လူအင်အားက အရမ်းကို များပြား
လွန်းနေတာကြောင့် ဘောင်းဘီမှာကပ်နေတဲ့အမွှေး တစ်မျှင်လေး က MengHu
Clanက ကျန်တဲ့ ညီနောင်တွေကို
ပါခေါ်လိုက်ပြီး RanZhi Clan
ကို အခွံနွှာဖို့ စလိုက်တော့တယ်။
[World] ခွဲခွာခြင်းတေးသံ: "နေအုံး...
ငါ့ကို အရင်ဆုံး ပြောပါအုံး! Clanတိုက်ပွဲ ကို စချင်ရတဲ့ အကြောင်းရင်းက
ဘာလဲ?"
[World]မြေအိုးထဲကရွှေတုံးလေး: "စကားလုံးတွေ နဲ့ အချိန်ဖြုန်းနေ
တာကို တော်လိုက်တော့။ မြန်မြန်လေး
မျက်စိရှေ့ ကခြေနှစ်ချောင်းသတ္တဝါ
မှန်သမျှအကုန်ကြိတ်ပြီး အကျဉ်းထောင်
ထဲက အချစ်ဒရာမာကားကို ကြည့်ဖို့
ထောင်ထဲဝင်ကြရအောင်...ငါးကောင်တို့ရေ! ဟေ့...မပြေးနဲ့! ဒီဘက်က အားနည်းတဲ့ ကြက်ဖတွေက ငါ့ဟာတွေပဲ!"
မြေအိုးထဲကရွှေတုံးလေး က သူ့ရဲ့ကုသသူ ပစ္စည်းကိရိယာ လက်နက်တွေ နဲ့ အကာအကွယ်တွေအကုန်လုံး ကို ချွတ်
ပစ်လိုက်ပြီး ဓားတစ်ချောင်း နဲ့ လိုက်ရမ်း
တော့တယ်။
သူက ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ လူအုပ်
ကြီးထဲ ဓားဆွဲပြီး ပြေးဝင်သွားကာ တွေ့သမျှအကုန် လိုက်ခုတ်နေရင်း
သိပ်မကြာခင်မှာပဲ မြေပြင်ပေါ်
တုံးလုံးဖြစ်သွားတယ်။
Clanနှစ်ခုရဲ့တိုက်ပွဲ ကတော့ ပရမ်းပတာ နဲ့ ကြွက်တန်းမီးလောင်နေသည့် အလား ပွတ်လောရိုက်နေတယ်။
[World] ဘောင်းဘီပေါ်မှာကပ်နေတဲ့ အမွှေးတစ်မျှင်လေး: "မကောင်းတော့ဘူး။ လက်နက်တွေ နဲ့ ဆိုရင်လမ်း
ကြောင်းကို မြန်မြန်ရောက်မှာ
မဟုတ်ဘူး။ ဒီအတိုင်း လက်ဗလာနဲ့ ပဲ ချကြရအောင်!"
[World] မြေအိုးထဲကရွှေတုံး
လေး: "ကောင်းသားပဲ။ မင်းအကြံ မဆိုးဘူး"
Clanနှစ်ခုစလုံး လက်နက်မှန်သမျှ
မြေကြီးပေါ် အကုန်ပစ်ချလိုက်ကြပြီး လက်ချင်းယှဉ်ကာ ဖိုက်တင်ချကြတော့
တယ်။
ကုသသူတွေ အကုန်လုံးက သူတို့ရဲ့
လက်နက် အကာအကွယ် ပစ္စည်း
မှန်သမျှကို ချွတ်ပစ်လိုက်ကြတာ
ကြောင့် လူအုပ်ကြားထဲမှာ သူတို့တွေက အတွင်းခံသင်တိုင်းကိုယ်စီနဲ့ တောတွင်းတာဇံလူသားတွေအလား။
မိန်းမလှငါးရာဝန်းရံနေတဲ့ နတ်ပြည်က မင်းရဲ့ဘိုးအေကြီး က မြေအိုးထဲကရွှေတုံးလေး ကို ကြည့်လိုက်ပြီး လျင်မြန်စွာ
လက်နက်တွေကို အသာလေး
ကောက်ယူလိုက်ကာ ရွှေတုံးလေး
ရဲ့ ဂုတ်ပိုးကို တစ်ချက်တည်း
နဲ့ ခုတ်ပြီး ကိစ္စတုံးပစ်လိုက်တယ်။
[World] ဒီအရှင်မင်းကြီးက
ထပ်ပြီး မရူးတော့ဘူးကွယ်: "ဒါက ဘယ်လို ကမာ္ဘပျက်ကိန်းကြီးလဲ!
ငါ့မှာRanzhi Clanဆီ တိတ်တိတ်လေး သွားချောင်းလိုက်ပါတယ်။မမြင်ခဲ့တာမှ
ပိုကောင်းလိုက်အုံးမယ်...F*ck!
အဲ့ကောင်တွေ အကုန်လုံး ပဒိုင်းသီးစား
ပြီးများ ရူးသွားကြတာလားမသိဘူး!
တစ်အုပ်စုလုံး လက်နက်တွေရော အကာအကွယ် ဝတ်ရုံတွေရောတစ်ခုမှ မရှိတော့ဘဲ အောက်ခံပင်တီလေးတွေ တန်းလန်း
နဲ့ နပန်းလုံးနေကြတာ"
[World]မြေအိုးထဲကရွှေတုံးလေး:
"သေစမ်း! ငါတို့ ခုနကတင်
လက်နက်တွေ အကုန် ချထားဖို့
သဘောတူထားတာမလား ?
ဘာလို့ ငါကကျ ဘာမှမပါဘဲ
မင်းကကျ လက်နက် နဲ့ ဖြစ်နေ
ရတာလဲ? မင်းက တကယ်ကို
မယုံကြည်ရတဲ့သူပဲ"
[World] မိန်းမလှငါးရာဝန်းရံနေ
တဲ့နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး:
"ငါက မင်းကို သင်ခန်းစာတစ်ခု
လောက်ပေးချင်ရုံပါ။ ငါ့လိုမျိုး ရုပ်ရည် ချောမောလွန်းတဲ့ လူတွေရဲ့ စကားကို အလွယ်တကူနဲ့ မယုံကြည်မိစေနဲ့"
[World] ခွဲခွာခြင်းတေးသံ: "....."
ထောင်ထဲရောက်သွားတဲ့ ပထမဆုံး
ဖောက်သည်ကတော့ အရှင်မင်းကြီးပဲ
ဖြစ်တယ်။
ညလယ်ခေါင်ကြီးမှာ သူ့ရဲ့နောက်ထပ် Accountတစ်ခုကို ဖွင့်ပြီး သူ့ကိုယ်သူ
ဓားနဲ့ အကြိမ်ကြိမ် တစွပ်စွပ်ထိုးနေ
လိုက်ရင်း နောက်ဆုံးတော့ သူအလိုရှိတဲ့ အတိုင်း ထောင်နန်းစံလိုက်ရတယ်။
သို့ရာတွင်လည်း သူထောင်ထဲ
ရောက်သွားတဲ့ အချိန်မှာတော့
အထဲမှာ ခွေးတစ်ကောင်
ကြောင်တစ်မြီးမှ ရှိမနေပေ။
လူသုံးယောက်စလုံးက လွန်ခဲ့တဲ့
နာရီပိုင်း အတော်ကြာ ကတည်းက
လိုင်းပေါ်ကနေ ဆင်းသွားခဲ့ကြပြီ။
အရှင်မင်းကြီးက လစ်ဟာနေတဲ့
အကျဉ်းထောင်ကို ကြည့်နေရင်း
ရုတ်တရတ် ဆိုသလို သူ့ကိုယ့်သူ
အရမ်းရူးမိုက်မှန်း ခံစားလိုက်
ရတယ်။
ဒီထောင်ထဲကို ဝင်ရဖို့ သူ့မှာ
အချိန်ပေါင်းများစွာ အင်အားများစွာ အကုန်ခံ၊Missionတွေ လုပ်ဖို့တောင်
ပျက်ကွက်ခံပြီး ရေကုန်ရေခမ်း
ကြိုးစားခဲ့ရတာ။
ကောင်းပြီလေ။ ဒီလို ဖြစ်လာမှတော့ သူတစ်ယောက်တည်းနဲ့ ဒီနာကျင်စရာ ခံစားချက်တွေကို တနင့်တပိုး ထမ်းထားလို့ဘယ်ဖြစ်မလဲ။ အကုန်လုံး အတူတူ စိတ်ဒုက္ခရောက်သင့်တာပေါ့!
[World]ဒီအရှင်မင်းကြီးကထပ်
ပြီးမရူးတော့ဘူးကွယ်: "ဟေး..! ဒီမှာHDတွေတောင် လိုက်ဖ်ကြည့်
နေရပြီနော်! ထောင်ထဲ မရောက်ကြ
သေးတဲ့သူတွေ အကုန်လုံးလည်း မြန်မြန်လာကြတော့! ဒီမှာ threesome နဲ့ ရှယ်ပွဲကြမ်းနေပြီ!"
Voice mail တစ်ခုကြေညာလိုက်ရုံနဲ့တင် စက္ကန့်ပိုင်းအတွင်းမှာပဲ ထောင်ထဲ ကို လူတွေ တစ်ပြုံကြီးတန်းစီပြီး ရောက်လာကြတယ်။
လျင်မြန်စွာပဲ ထိုအကျဉ်းထောင်က Server တစ်ခုလုံးမှာ အကြီးမားဆုံး နဲ အကြီးကျယ်ဆုံး ထောင်နန်းကြီး ဖြစ်
သွားတော့တယ်။
[World]ဘောင်းဘီပေါ်မှာကပ်နေ
တဲ့ အမွှေးတစ်မျှင်လေး:"သေစမ်း! ဘယ်မလဲ သရီးဆမ်း? ငါတို့တော့
ဂျင်းအကြီးစားမိသွားပြီ! ဟေး...Ranzhiကတောသားတွေ ဘေးကို ဖယ်ကြစမ်း။ ငါ့လူတွေကိုတောင် ရှာမတွေ့တော့ဘူး"
[World] မြေအိုးထဲက ရွှေတုံးလေး:
"ဝက်သဖတ်! ငါ့ကိုယ်ငါ ဘယ်ရောက်နေမှန်းတောင် မသိတော့ဘူး။ ဟိုဘက်လည်း နည်းနည်းတိုးကြပါအုံးဟ။ ဒီမှာက ပေါင်မုန့်အစာသွပ်လို ညှက်နေပြီ။ တက်နင်း
ခံနေရပြီလားတောင် မသိတော့ဘူး။
ဟေး....ဟိုတစ်ယောက် ငါ့ခေါင်းပေါ်
ကနေ ဖယ်လိုက်စမ်း!"
အရှင်မင်းကြီး က Screenပေါ်က
ဖင်မလှည့် ခေါင်းမလှည့်နိုင်
လောက်အောင် ပြွတ်သိပ်ညပ်သပ်
နေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး
လေးနက်တဲ့ အတွေးတစ်ခု
ဝင်လာတယ်။
ဒီနေရာမှာ စောက်ရူးတွေက
သူတစ်ယောက်တည်း မဟုတ်ပါလား!
သူ ဒီထက်ပိုပြီး စိတ်သောက
ရောက်စရာမလိုတော့ဘူး။
သူအရမ်းကိုပျော်ရွှင်သွားတယ်!
နောက်ဆုံးတော့ သူလိုင်းပေါ်က
နေဆင်းနိုင်သွားပြီလေ!
လူအုပ်ထဲက ရှားလော့ဟုမ်းရဲ့
ဖိနပ်ကောက်တွေ ကတော့
မလှုပ်မရှောင်သာ တိုးဝှေ့နေကြတဲ့
အထဲ က သရီးဆမ်းခဲ့တဲ့ သက်သေတွေကို လိုက်ရှာနေလိုက်ကြသေးတယ်။
တစ်အုပ်စုလုံး မြေကြီးပေါ်ရောက်
နေမှတော့ မင်းတစ်ယောက်တည်း
သာ မတ်တပ်ဖြစ်နေရင် အလွယ်တကူ
ရှာလို့ရပြီလေ။
ခဏအကြာမှာတော့ ဘယ်သူက
စပြီး လက်ကမြင်းလိုက်မှန်းမသိဘဲ
အကုန်လုံးက မြေပြင်ကိုဖောက်ခွဲတဲ့
မန္တန်တွေကို ထုတ်သုံးလိုက်ကြကာ
တအုံးအုံးတဒိုင်းဒိုင်းနဲ့ ဆော်ကုန်ကြတယ်။
SRရဲ့သမိုင်းတစ်လျှောက်မှာတော့
ဝရုန်းသုန်းကား နဲ့ ပရမ်းပတာအနိုင်ဆုံး တိုက်ပွဲတစ်ခုကို စတင်လိုက်တော့တယ်။
#5215 words
#Ive Latte(mm)
Weekly: 9:00Pm
Monday & Thursday
-------------------------------------------
အရင်တုန်း က ပြောခဲ့ဖူးပေမဲ့
Iveထပ်ပြီး ပြောအုံးမယ်နော်။
စုမူကျိက Male playerဖြစ်သွားတာမို့"သူ"နာမ်စားနဲ့ပြောင်း
သုံးလိုက်ပေမဲ့ အားလုံးကတော့
သူ့ကို မိန်းကလေးလို့ပဲ ထင်နေ
ကြတာပါ။
အလားတူ ထန်းရှီလည်း အတူတူ
ပါပဲ။တော်ကြာနေ နာမ်စားအသုံး
နှုန်းတွေကြောင့် ဒါဒါတို့ မျက်စိ
လည်မှာစိုးလို့ပါ.....
Gameကို အခြေခံထားတဲ့
Online romanceဖြစ်တာ
ကြောင့် အပြင်မှာ လူချင်းမတွေ့
သေးဘူးလား ဆိုပြီး စိတ်မညစ်ကြ
နဲ့နော်။ နောက်လာမဲ့Chတွေထဲ
ကျရင် ဒါဒါတို့စောင့်နေတဲ့
Reactionတွေလာတော့မှာ
....😚😚
************************