My Lover With Split Personali...

By Mine-Edge

303K 53.3K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)

5.3K 1K 91
By Mine-Edge

[Zawgyi]

ေက်ာင္းခ်ီရဲ႕ အလုပ္ကြ်မ္းက်င္မွုက အင္မတန္ျမင့္မားသည္။ တစ္နာရီအတြင္းမွာပင္ စာရြက္စာတမ္းအကုန္လံုး စစ္ေဆးျပီးကာ ခြင့္ျပဳခ်က္လိုသည့္အရာမ်ားကိုလည္း စနစ္တက်စီမံျပီးသြား၏။

ဖက္တီးေလး အတြင္းေရးမွဴးယြိယြမ္မွာ သူ႕ေပ်ာ့ေပ်ာင္းေသာ ကိုယ္လံုးကို တြန္႕လိမ္ကာ ပစၥည္းမ်ားကို လွည္းက်င္းျပီး အိတ္ထဲ ထည့္လိုက္သည္။
"ေန႕လည္၂ နာရီက် အစည္းအေဝးတစ္ခုရွိပါတယ္၊ ကြ်န္ေတာ္ ဥကၠဌကို ျကိုဖို႕ကားေမာင္းလာခဲ့ပါမယ္၊ ျပီးေတာ့ ေန႕လယ္စာစားဖုိ႕ေရာ ကြ်န္ေတာ္ အေဖာ္ျပဳေပးဖို႕လိုေသးလားဗ်"

ယြိယြမ္၏ ေရွ႕စကားလံုးတစ္လံုးကိုမွ က်န္းခ်န္ေဖးမျကားလိုက္ဘဲ "ေန႕လယ္စာစားဖို႕ေရာ ကြ်န္ေတာ္အေဖာ္ျပဳဖို႕" ဆိုသည့္ စကားပဲ ျကားသြားေလသည္။ ရုတ္တရက္ သူ ေအးစက္လြန္းစြာျဖင့္ လွမ္းျကည့္လိုက္သည္။
'သူ႕ ခ်စ္ဇနီးေလးကို သူ႕ေရွ႕မွာတင္ ျမဴစြယ္ရဲတယ္ေပါ့! ဒီဖက္တီးက သူ႕တစ္ကိုယ္လံုးက ဝက္ဗိုက္သားလိုျဖစ္ေနတာ သတိမထားမိဘူးလား!'

"မလိုေတာ့ဘူး" ေက်ာင္းခ်ီက လက္ယမ္းျပကာ စုစုထံမွ ရွီးေဖး၏ စာရြက္စာတမ္းမ်ားကို ယူလိုက္သည္။

စုစုက အားက်ျခင္းမ်ားနွင့္ ဖက္တီးေလးကိုျကည့္လိုက္သည
ဥကၠဌေက်ာင္းကို ေန႕လယ္စာတူတူစားဖုိ႕ အေဖာ္ျပဳရဲတယ္ေပါ့၊ သူကတကယ္ကို နတ္ဘုရားပဲ!

ဖက္တီးေလးက မ်က္လံုးမ်ားကိုျကုတ္ကာ စုစုကို မ်က္စိတစ္ဖက္မွိတ္ျပလိုက္၏။ သူက လည္ပင္းနွင့္ ေရာေနသည့္ ေမးေစ့ကိုေမာ့ကာ ေခါင္းနွင့္ရင္ဘတ္ကိုေကာ့ျပီး ထြက္သြားေလသည္။

"ဥကၠဌ၊ ဥကၠဌလီ ေရာက္လာပါတယ္" မေန႕က ဥကၠဌလီ၏ ခ်ိန္းဆုိမွုမွာ ေရႊ႕ခံလိုက္ရ၍ ဒီေန႔လာရျခင္းပင္။

"ေအာ္! ဥကၠဌေက်ာင္းလည္း ဒီေရာက္ေနတာကိုး"
ဥကၠဌလီက ျပံဳးကာ ေက်ာင္းခ်ီကိုနွုတ္ဆက္လာသည္။ အတြင္းေရးမွဴးက လက္ဖက္ရည္ခြက္ျဖင့္ ဝင္လာျပီးေနာက္ ခ်က္ခ်င္း တံခါးကို ျငင္သာစြာပိတ္ကာ ျပန္ထြက္သြားသည္။

"ခင္ဗ်ား ဒီမွာဘာလုပ္ေနတာလဲ"

က်န္းခ်န္ေဖးက ဒီလူ တံခါးကေနဝင္လာျပီး သူ႕ဇနီးေလးအား ပထမဆံုး ပူပင္ေျကာင့္ျကကင္းမဲ့ေသာ အမူအရာျဖင့္ နွုတ္ဆက္တာျမင္လိုက္ရ၏။

"ခင္ဗ်ား စံပယ္ပန္းေလးကို ဝယ္ခ်င္ေနတယ္လို႕ျကားတယ္၊ ဒါေၾကာင့္ ေဆြးေႏြးဖုိ႕လာတာပါ"
ဥကၠဌလီက အျပံဳးတစ္ခုနွင့္ေျပာလာသည္။

စံပယ္ပန္းေလးမွာ မိန္းကေလးမ်ားအတြက္ smart brain ဂိမ္းထုတ္ထားကာစ ဂိမ္းစတူဒီယိုျဖစ္၏။ ၎က အင္မတန္လ်င္ျမန္စြာပင္ တစ္ဟုန္ထုိးနာမည္ျကီးသြားခဲ့သည္။ သို႕ေသာ္ျငား ဒီစတူဒီယိုက ေသးလြန္း၍ ၎၏ လုပ္ငန္းမ်ားရဲ႕ ေနာက္ပိုင္းကုန္က်စရိတ္မ်ားကို တာဝန္မယူနုိင္ေတာ့ေပ။ ထုိ႕ေျကာင့္ အျပင္ေငြေျကးေထာက္ပ့ံမွုမ်ားကို ရွာေဖြရေတာ့သည္။

ရွီးေဖးနည္းပညာက ဂိမ္းကိုစိတ္ဝင္စားေသာ္ျငား ရင္းနွီးျမဳပ္နွံရန္ အၾကံအစည္ေတာ့မရွိ။ ထုိအစား သူက စတူဒီယိုတစ္ခုလံုးကို ဝယ္ခ်င္တာပင္။

သို႕ေပမဲ့ ရွီးေဖးနည္းပညာက အဓိကအားျဖင့္ အားကစားနွင့္ပတ္သတ္ေသာဂိမ္းမ်ားနွင့္ ပတ္သတ္တာျဖစ္သည္။ ဥကၠဌလီယင္ကြ်င္းနာမည္ေအာက္က ဂိမ္းအမ်ားစုကေတာ့ တစ္ဖက္တြင္ မိန္းကေလးမ်ားကစားရန္ စီစဥ္ထားတာျဖစ္သည္။ ဒါေၾကာင့္ ရွီးေဖးနွင့္ယွဥ္လ်ွင္ သူက စံပယ္ပန္းေလးနွင့္ပူးေပါင္းရန္ ပိုသင့္ေတာ္သည္။

"အဲေတာ့" က်န္းခ်န္ေဖးက ဥကၠဌလီရဲ့ စိတ္ရွုပ္စရာ မက္မြန္ပြင့္မ်က္လံုးမ်ားကို စိုက္ျကည့္၍ မ်က္ခံုးပင့္လိုက္သည္။

"နွစ္ဖက္စလံုး အဲဒါကို အခု ေလာင္းေျကးစားေျကးလုပ္ေနတာက မေကာင္းဘူးေလ၊ ဒါေၾကာင့္ ကြ်န္ေတာ္ ခင္ဗ်ားနဲ႕ ဒီကိစၥကိုေဆြးေႏြးဖို႕ ေရာက္လာရတာ၊ စံပယ္ပန္းေလးကို ကြ်န္ေတာ့္ဆီေပးလိုက္ဖို႕ ေျပာတာပါ၊ ေနာက္က် ရွီးေဖးက ရင္းနွီးျမဳပ္နွံေပါ့၊ ကြ်န္ေတာ္တုိ႕ဂိမ္းကို တူတူထုတ္လုပ္လို႕ရတယ္"

"ေအာ္၊ လီယင္ကြ်င္း၊ ခင္ဗ်ားဘာေတြေတြးေနလဲ ကြ်န္ေတာ္မသိဘူးမ်ားထင္ေနသလား" က်န္းခ်န္ေဖးက သေရာ္လိုက္သည္။ 'ကြ်န္ေတာ့္ဆီေပး' ဆိုသည့္စကားလံုးမ်ားျကားခ်ိန္ သူ႕ေခါင္းေပၚက မီးေတာက္မ်ားမွာ အလိုလို အမိုးထိေရာက္သြားေခ်ေတာ့သည္။ ဒီလူက အေပၚယံတြင္ စံပယ္ပန္းေလးကိုသာ ယူခ်င္သည့္ပံုေပါက္ေနတာကို မသိဘူး မထင္လိုက္နဲ႕၊ တကယ္ေတာ့ သူ႕ဇနီးေလးကိုပါ သူ႕ဆီကလုယူခ်င္ေနတာပင္။

"ကြ်န္ေတာ္က စံပယ္ပန္းေလးကို အရင္မ်က္စိက်တဲ့သူမို႕ အဲဒါက ကြ်န္ေတာ့္အပိုင္ပဲျဖစ္ရမွာေပါ့၊ ဒီလိုစတူဒီယိုအေသးေလးနဲ႕ ရွီးေဖးက ပူးတြဲတီထြင္မွုမ်ိဳးလုပ္ဖုိ႕မလိုဘူး၊ ခင္ဗ်ား လိုခ်င္ရင္ ကိုယ့္အရည္အခ်င္းပဲကိုယ္မီွခိုပါ!"
သူ႕စကားလံုးမ်ားထဲတြင္ ယဥ္ေက်းမွုတစ္စံုတစ္ရာမရွိ။ စီးပြားေရးေလာက၏ အထက္တန္းအဆင့္ထဲက လူတစ္ေယာက္ပံုစံ ျဖစ္မလာေတာ့ေပ။ ဒါက 'လူေတြကို မိုက္မိုက္ကန္းကန္း မေစာ္ကားနဲ႔' ဆုိသည့္ အေျခခံသေဘာတရားကိုျပေနသည္။

တစ္ခဏတာ အခန္းပတ္ပတ္လည္ေလထုမွာ ေအးခဲသြားေတာ့သည္။

"ဟားဟား၊ ဟားဟား... ေကာင္းပါျပီ" လီယင္ကြ်င္းက အေနရခက္စြာ သူ႕နွာေခါင္းကိုထိျပီး မတ္တပ္ရပ္ကာ ျပန္ဖုိ႕လုပ္သည္။ ဒီလိုရက္စက္ေသာ စကားမ်ားေျကာင့္ သူ ထိတ္လန္႕သြားမိသည္။

ေက်ာင္းခ်ီက ခုေလးတင္ အမွိုက္သရုိက္မ်ား ေျပာလိုက္သည့္ သူ႕ေလာင္ကုန္းအား စိန္းစိန္းဝါးဝါး ျကည့္လိုက္ေခ်သည္။ သူ ေနာက္တစ္ျကိမ္ ဖ်တ္ခနဲျကည့္ျပီးေနာက္ မတ္တပ္ရပ္ကာ ဥကၠဌလီကို လိုက္ပို႕လိုက္သည္။

"သူက ဒီေန႕ယမ္းမွုန္႕ေတြစားထားတာမို႕၊ စိတ္ထဲမထားပါနဲ႕ဦး" ေက်ာင္းခ်ီက ရွက္ရြံ႕စြာေတာင္းပန္လိုက္၏။

"ဘာမွမျဖစ္ပါဘူး၊ သူက အျမဲစီးပြားေရးလုပ္ရင္ တစ္လက္မမွ အေလ်ွာ့မေပးတာပဲ၊ ငါက်င့္သားရေနျပီ"
ဥကၠဌလီက တကယ့္ကို အင္မတန္သေဘာထားျကီးသည္။ သူက ေက်ာင္းခ်ီကိုပင္ ရယ္ရယ္ေမာေမာျဖင့္ အိမ္ဆီ တစ္ရက္ေလာက္လာလည္ဖုိ႕ ဖိတ္သြားေသးသည္။

ဥကၠဌရံုးခန္းထဲ ျပန္ေရာက္လာခ်ိန္ ေက်ာင္းခ်ီမွာ တိေအာင္းက်န္း ဆိုဖာေပၚတြင္ ေျခေထာက္မ်ားခ်ိတ္လ်က္ထုိင္ေနတာျမင္လိုက္ရသည္။ ဘယ္ခ်ိန္ကလဲမသိေပမဲ့ သူ႕လက္ထဲတြင္ ေနာက္ထပ္ ဝိုင္ခြက္တစ္ခြက္ေရာက္ေနျပန္ျပီ။

သူဝင္လာတာျမင္ေတာ့ က်န္းခ်န္ေဖးေလသံက ေအးစက္စကာ ေထ့ေငါ့ျပီးေမးေလသည္။
"ဘာလဲ၊ မင္းရည္းစားေဟာင္းကို ျပန္ေတြ႕ရေတာ့ တြန္႕ဆုတ္သြားျပီလား"

ေက်ာင္းခ်ီ ဒါကိုျကားခ်ိန္တြင္ အ့ံၾသမင္သက္သြားေတာ့သည္... ဘာလား!

အတိတ္တြင္ သူနွင့္က်န္းတ်ာ့ေတာင္းက blind dateတစ္ခုကေန ပတ္သတ္ခဲ့ျကာတာျဖစ္သည္။ သူနွင့္က်န္းခ်န္ေဖး အျပန္အလွန္ မခ်စ္မိခင္ သူလည္း ရည္းစားမ်ားထားခဲ့ဖူးသည္။ သူတုိ႕ထဲတြင္ ဥကၠဌလီတစ္ျဖစ္လဲ လီယင္က်ြင္းလည္း အပါအဝင္ျဖစ္သည္။ ထိုအခ်ိန္တုန္းက လီယင္ကြ်င္းအတြက္ မည္သည့္ ခံစားခ်က္မွ မခံစားခဲ့ရသလို လီယင္ကြ်င္းလည္း ထုိနည္းတူပင္ျဖစ္၍ ဘာမွေရေရရာရာမရွိဘဲ အျပီးသတ္သြားခဲ့သည္။ နွစ္ေပါင္းမ်ားစြာ က်န္းခ်န္ေဖးက ဒီကိစၥကို ဂရုမစိုက္ခဲ့ဖူးေပ။ ဒီအခ်ိန္တြင္ အရင္က ကိစၥမ်ားကို ျပန္သတိေပးမည္ဟု သူဘယ္တုန္းကမွ မထင္ဖူးခဲ့။

သူရွင္းျပမွာကို ေစာင့္မေနေတာ့ဘဲ က်န္းခ်န္ေဖးက ေက်ာင္းခ်ီကို ရင္ခြင္ထဲ ရုတ္တရက္ ဆြဲသြင္းကာ ပါးစပ္ထဲ ဝိုင္မ်ား ျဖည့္လိုက္ေလသည္။

ေက်ာင္းခ်ီ သူ႕နွုတ္ခမ္းမ်ားကိုနမ္းရွုတ္လိုက္ကာ အရသာခံျကည့္ေတာ့ အေတာ္ေလးေကာင္းလွသည္။ သိပ္မျကာခင္မွာပင္ သူ႕ေလာင္ကုန္းက ေနာက္တစ္ျကိမ္ ဝိုင္ထပ္တိုက္ျပန္သည္။

"ေလာဘျကီးတဲ့ ေျကာင္ကေလးပဲ"
ဥကၠဌလူျကီးမင္းမွာ စာအုပ္ထဲမွ ဇာတ္ၫႊန္းစာသားကို ကေလးကလားဆန္ဆန္ ေျပာလာေခ်သည္။

"ဖ႐ူး...." ဝိုင္မ်ား သီးသြားၿပီး ေက်ာင္းခ်ီ အက်ႌအျဖဴမွာ ရင္ဘတ္ေနရာတြင္ ရဲရဲနီသြားရွာသည္။

"အာ၊ ကြ်န္ေတာ္ ခင္ဗ်ားတုိ႕နွစ္ေယာက္ကို ဖိတ္စာေပးဖုိ႕ ေမ့သြားတယ္၊ ကုမၸဏီက သန္ဘက္ခါ ထုတ္ကုန္အသစ္ဖုတ္မွာမုိ႕......"

ဥကၠဌလီမွာ ျပန္ေလ်ွာက္လာျပီး ရံုးခန္းထဲ ျပန္ေရာက္လာသည္။ ဥကၠဌ၏ ခ်စ္ဇနီးေလး "အနိုင္က်င့္ခံေနရသည့္" ျမင္ကြင္းနွင့္ အခ်ိန္ကိုက္တုိးကာ ေၾကာင္အအျဖင့္ ေနရာတြင္ ရပ္ေနမိရွာေတာ့သည္။

ဒီလထဲ manhuaလာေတာ့မယ္ေျပာပါတယ္😭❤
Art styleကေတာ့လံုးဝအမိုက္စားပါပဲ ㅠㅠ
ကိုယ္ေတြရဲ့ က်န္းခ်န္ေဖးအလြဲေတြ၊ ေက်ာင္းခ်ီရဲ႕ သူ႕ေယာက်္ားကို နုိင္ပံုေတြ ျမင္ရပါေတာ့မယ္

[Unicode]

ကျောင်းချီရဲ့ အလုပ်ကျွမ်းကျင်မှုက အင်မတန်မြင့်မားသည်။ တစ်နာရီအတွင်းမှာပင် စာရွက်စာတမ်းအကုန်လုံး စစ်ဆေးပြီးကာ ခွင့်ပြုချက်လိုသည့်အရာများကိုလည်း စနစ်တကျစီမံပြီးသွား၏။

ဖက်တီးလေး အတွင်းရေးမှူးယွိယွမ်မှာ သူ့ပျော့ပျောင်းသော ကိုယ်လုံးကို တွန့်လိမ်ကာ ပစ္စည်းများကို လှည်းကျင်းပြီး အိတ်ထဲ ထည့်လိုက်သည်။
"နေ့လည်၂ နာရီကျ အစည်းအဝေးတစ်ခုရှိပါတယ်၊ ကျွန်တော် ဥက္ကဌကို ကြိုဖို့ကားမောင်းလာခဲ့ပါမယ်၊ ပြီးတော့ နေ့လယ်စာစားဖို့ရော ကျွန်တော် အဖော်ပြုပေးဖို့လိုသေးလားဗျ"

ယွိယွမ်၏ ရှေ့စကားလုံးတစ်လုံးကိုမှ ကျန်းချန်ဖေးမကြားလိုက်ဘဲ "နေ့လယ်စာစားဖို့ရော ကျွန်တော်အဖော်ပြုဖို့" ဆိုသည့် စကားပဲ ကြားသွားလေသည်။ ရုတ်တရက် သူ အေးစက်လွန်းစွာဖြင့် လှမ်းကြည့်လိုက်သည်။
'သူ့ ချစ်ဇနီးလေးကို သူ့ရှေ့မှာတင် မြူစွယ်ရဲတယ်ပေါ့! ဒီဖက်တီးက သူ့တစ်ကိုယ်လုံးက ဝက်ဗိုက်သားလိုဖြစ်နေတာ သတိမထားမိဘူးလား!'

"မလိုတော့ဘူး" ကျောင်းချီက လက်ယမ်းပြကာ စုစုထံမှ ရှီးဖေး၏ စာရွက်စာတမ်းများကို ယူလိုက်သည်။

စုစုက အားကျခြင်းများနှင့် ဖက်တီးလေးကိုကြည့်လိုက်သည
ဥက္ကဌကျောင်းကို နေ့လယ်စာတူတူစားဖို့ အဖော်ပြုရဲတယ်ပေါ့၊ သူကတကယ်ကို နတ်ဘုရားပဲ!

ဖက်တီးလေးက မျက်လုံးများကိုကြုတ်ကာ စုစုကို မျက်စိတစ်ဖက်မှိတ်ပြလိုက်၏။ သူက လည်ပင်းနှင့် ရောနေသည့် မေးစေ့ကိုမော့ကာ ခေါင်းနှင့်ရင်ဘတ်ကိုကော့ပြီး ထွက်သွားလေသည်။

"ဥက္ကဌ၊ ဥက္ကဌလီ ရောက်လာပါတယ်" မနေ့က ဥက္ကဌလီ၏ ချိန်းဆိုမှုမှာ ရွှေ့ခံလိုက်ရ၍ ဒီနေ့လာရခြင်းပင်။

"အော်! ဥက္ကဌကျောင်းလည်း ဒီရောက်နေတာကိုး"
ဥက္ကဌလီက ပြုံးကာ ကျောင်းချီကိုနှုတ်ဆက်လာသည်။ အတွင်းရေးမှူးက လက်ဖက်ရည်ခွက်ဖြင့် ဝင်လာပြီးနောက် ချက်ချင်း တံခါးကို ငြင်သာစွာပိတ်ကာ ပြန်ထွက်သွားသည်။

"ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ"

ကျန်းချန်ဖေးက ဒီလူ တံခါးကနေဝင်လာပြီး သူ့ဇနီးလေးအား ပထမဆုံး ပူပင်ကြောင့်ကြကင်းမဲ့သော အမူအရာဖြင့် နှုတ်ဆက်တာမြင်လိုက်ရ၏။

"ခင်ဗျား စံပယ်ပန်းလေးကို ဝယ်ချင်နေတယ်လို့ကြားတယ်၊ ဒါကြောင့် ဆွေးနွေးဖို့လာတာပါ"
ဥက္ကဌလီက အပြုံးတစ်ခုနှင့်ပြောလာသည်။

စံပယ်ပန်းလေးမှာ မိန်းကလေးများအတွက် smart brain ဂိမ်းထုတ်ထားကာစ ဂိမ်းစတူဒီယိုဖြစ်၏။ ၎င်းက အင်မတန်လျင်မြန်စွာပင် တစ်ဟုန်ထိုးနာမည်ကြီးသွားခဲ့သည်။ သို့သော်ငြား ဒီစတူဒီယိုက သေးလွန်း၍ ၎င်း၏ လုပ်ငန်းများရဲ့ နောက်ပိုင်းကုန်ကျစရိတ်များကို တာဝန်မယူနိုင်တော့ပေ။ ထို့ကြောင့် အပြင်ငွေကြေးထောက်ပံ့မှုများကို ရှာဖွေရတော့သည်။

ရှီးဖေးနည်းပညာက ဂိမ်းကိုစိတ်ဝင်စားသော်ငြား ရင်းနှီးမြုပ်နှံရန် အကြံအစည်တော့မရှိ။ ထိုအစား သူက စတူဒီယိုတစ်ခုလုံးကို ဝယ်ချင်တာပင်။

သို့ပေမဲ့ ရှီးဖေးနည်းပညာက အဓိကအားဖြင့် အားကစားနှင့်ပတ်သတ်သောဂိမ်းများနှင့် ပတ်သတ်တာဖြစ်သည်။ ဥက္ကဌလီယင်ကျွင်းနာမည်အောက်က ဂိမ်းအများစုကတော့ တစ်ဖက်တွင် မိန်းကလေးများကစားရန် စီစဉ်ထားတာဖြစ်သည်။ ဒါကြောင့် ရှီးဖေးနှင့်ယှဉ်လျှင် သူက စံပယ်ပန်းလေးနှင့်ပူးပေါင်းရန် ပိုသင့်တော်သည်။

"အဲတော့" ကျန်းချန်ဖေးက ဥက္ကဌလီ၏ စိတ်ရှုပ်စရာ မက်မွန်ပွင့်မျက်လုံးများကို စိုက်ကြည့်၍ မျက်ခုံးပင့်လိုက်သည်။

"နှစ်ဖက်စလုံး အဲဒါကို အခု လောင်းကြေးစားကြေးလုပ်နေတာက မကောင်းဘူးလေ၊ ဒါကြောင့် ကျွန်တော် ခင်ဗျားနဲ့ ဒီကိစ္စကိုဆွေးနွေးဖို့ ရောက်လာရတာ၊ စံပယ်ပန်းလေးကို ကျွန်တော့်ဆီပေးလိုက်ဖို့ ပြောတာပါ၊ နောက်ကျ ရှီးဖေးက ရင်းနှီးမြုပ်နှံပေါ့၊ ကျွန်တော်တို့ဂိမ်းကို တူတူထုတ်လုပ်လို့ရတယ်"

"အော်၊ လီယင်ကျွင်း၊ ခင်ဗျားဘာတွေတွေးနေလဲ ကျွန်တော်မသိဘူးများထင်နေသလား" ကျန်းချန်ဖေးက သရော်လိုက်သည်။ 'ကျွန်တော့်ဆီပေး' ဆိုသည့်စကားလုံးများကြားချိန် သူ့ခေါင်းပေါ်က မီးတောက်များမှာ အလိုလို အမိုးထိရောက်သွားချေတော့သည်။ ဒီလူက အပေါ်ယံတွင် စံပယ်ပန်းလေးကိုသာ ယူချင်သည့်ပုံပေါက်နေတာကို မသိဘူး မထင်လိုက်နဲ့၊ တကယ်တော့ သူ့ဇနီးလေးကိုပါ သူ့ဆီကလုယူချင်နေတာပင်။

"ကျွန်တော်က စံပယ်ပန်းလေးကို အရင်မျက်စိကျတဲ့သူမို့ အဲဒါက ကျွန်တော့်အပိုင်ပဲဖြစ်ရမှာပေါ့၊ ဒီလိုစတူဒီယိုအသေးလေးနဲ့ ရှီးဖေးက ပူးတွဲတီထွင်မှုမျိုးလုပ်ဖို့မလိုဘူး၊ ခင်ဗျား လိုချင်ရင် ကိုယ့်အရည်အချင်းပဲကိုယ်မှီခိုပါ!"
သူ့စကားလုံးများထဲတွင် ယဉ်ကျေးမှုတစ်စုံတစ်ရာမရှိ။ စီးပွားရေးလောက၏ အထက်တန်းအဆင့်ထဲက လူတစ်ယောက်ပုံစံ ဖြစ်မလာတော့ပေ။ ဒါက 'လူတွေကို မိုက်မိုက်ကန်းကန်း မစော်ကားနဲ့' ဆိုသည့် အခြေခံသဘောတရားကိုပြနေသည်။

တစ်ခဏတာ အခန်းပတ်ပတ်လည်လေထုမှာ အေးခဲသွားတော့သည်။

"ဟားဟား၊ ဟားဟား... ကောင်းပါပြီ" လီယင်ကျွင်းက အနေရခက်စွာ သူ့နှာခေါင်းကိုထိပြီး မတ်တပ်ရပ်ကာ ပြန်ဖို့လုပ်သည်။ ဒီလိုရက်စက်သော စကားများကြောင့် သူ ထိတ်လန့်သွားမိသည်။

ကျောင်းချီက ခုလေးတင် အမှိုက်သရိုက်များ ပြောလိုက်သည့် သူ့လောင်ကုန်းအား စိန်းစိန်းဝါးဝါး ကြည့်လိုက်ချေသည်။ သူ နောက်တစ်ကြိမ် ဖျတ်ခနဲကြည့်ပြီးနောက် မတ်တပ်ရပ်ကာ ဥက္ကဌလီကို လိုက်ပို့လိုက်သည်။

"သူက ဒီနေ့ယမ်းမှုန့်တွေစားထားတာမို့၊ စိတ်ထဲမထားပါနဲ့ဦး" ကျောင်းချီက ရှက်ရွံ့စွာတောင်းပန်လိုက်၏။

"ဘာမှမဖြစ်ပါဘူး၊ သူက အမြဲစီးပွားရေးလုပ်ရင် တစ်လက်မမှ အလျှော့မပေးတာပဲ၊ ငါကျင့်သားရနေပြီ"
ဥက္ကဌလီက တကယ့်ကို အင်မတန်သဘောထားကြီးသည်။ သူက ကျောင်းချီကိုပင် ရယ်ရယ်မောမောဖြင့် အိမ်ဆီ တစ်ရက်လောက်လာလည်ဖို့ ဖိတ်သွားသေးသည်။

ဥက္ကဌရုံးခန်းထဲ ပြန်ရောက်လာချိန် ကျောင်းချီမှာ တိအောင်းကျန်း ဆိုဖာပေါ်တွင် ခြေထောက်များချိတ်လျက်ထိုင်နေတာမြင်လိုက်ရသည်။ ဘယ်ချိန်ကလဲမသိပေမဲ့ သူ့လက်ထဲတွင် နောက်ထပ် ဝိုင်ခွက်တစ်ခွက်ရောက်နေပြန်ပြီ။

သူဝင်လာတာမြင်တော့ ကျန်းချန်ဖေးလေသံက အေးစက်စကာ ထေ့ငေါ့ပြီးမေးလေသည်။
"ဘာလဲ၊ မင်းရည်းစားဟောင်းကို ပြန်တွေ့ရတော့ တွန့်ဆုတ်သွားပြီလား"

ကျောင်းချီ ဒါကိုကြားချိန်တွင် အံ့သြမင်သက်သွားတော့သည်... ဘာလား!

အတိတ်တွင် သူနှင့်ကျန်းတျာ့တောင်းက blind dateတစ်ခုကနေ ပတ်သတ်ခဲ့ကြာတာဖြစ်သည်။ သူနှင့်ကျန်းချန်ဖေး အပြန်အလှန် မချစ်မိခင် သူလည်း ရည်းစားများထားခဲ့ဖူးသည်။ သူတို့ထဲတွင် ဥက္ကဌလီတစ်ဖြစ်လဲ လီယင်ကျွင်းလည်း အပါအဝင်ဖြစ်သည်။ ထိုအချိန်တုန်းက လီယင်ကျွင်းအတွက် မည်သည့် ခံစားချက်မှ မခံစားခဲ့ရသလို လီယင်ကျွင်းလည်း ထိုနည်းတူပင်ဖြစ်၍ ဘာမှရေရေရာရာမရှိဘဲ အပြီးသတ်သွားခဲ့သည်။ နှစ်ပေါင်းများစွာ ကျန်းချန်ဖေးက ဒီကိစ္စကို ဂရုမစိုက်ခဲ့ဖူးပေ။ ဒီအချိန်တွင် အရင်က ကိစ္စများကို ပြန်သတိပေးမည်ဟု သူဘယ်တုန်းကမှ မထင်ဖူးခဲ့။

သူရှင်းပြမည်ကို စောင့်မနေတော့ဘဲ ကျန်းချန်ဖေးက ကျောင်းချီကို ရင်ခွင်ထဲ ရုတ်တရက် ဆွဲသွင်းကာ ပါးစပ်ထဲ ဝိုင်များ ဖြည့်လိုက်လေသည်။

ကျောင်းချီ သူ့နှုတ်ခမ်းများကိုနမ်းရှုတ်လိုက်ကာ အရသာခံကြည့်တော့ အတော်လေးကောင်းလှသည်။ သိပ်မကြာခင်မှာပင် သူ့လောင်ကုန်းက နောက်တစ်ကြိမ် ဝိုင်ထပ်တိုက်ပြန်သည်။

"လောဘကြီးတဲ့ ကြောင်ကလေးပဲ"
ဥက္ကဌလူကြီးမင်းမှာ စာအုပ်ထဲမှ ဇာတ်ညွှန်းစာသားကို ကလေးကလားဆန်ဆန် ပြောလာချေသည်။

"ဖရူး...." ဝိုင်များ သီးသွားပြီး ကျောင်းချီ အကျႌအဖြူမှာ ရင်ဘတ်နေရာတွင် ရဲရဲနီသွားရှာသည်။

"အာ၊ ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို ဖိတ်စာပေးဖို့ မေ့သွားတယ်၊ ကုမ္ပဏီက သန်ဘက်ခါ ထုတ်ကုန်အသစ်ဖုတ်မှာမို့......"

ဥက္ကဌလီမှာ ပြန်လျှောက်လာပြီး ရုံးခန်းထဲ ပြန်ရောက်လာသည်။ ဥက္ကဌ၏ ချစ်ဇနီးလေး "အနိုင်ကျင့်ခံနေရသည့်" မြင်ကွင်းနှင့် အချိန်ကိုက်တိုးကာ ကြောင်အအဖြင့် နေရာတွင် ရပ်နေမိရှာတော့သည်။


ဒီလထဲ manhuaလာတော့မယ်ပြောပါတယ်😭❤
Art styleကတော့လုံးဝအမိုက်စားပါပဲ ㅠㅠ
ကိုယ်တွေရဲ့ ကျန်းချန်ဖေးအလွဲတွေ၊ ကျောင်းချီရဲ့ သူ့ယောကျ်ားကို နိုင်ပုံတွေ မြင်ရပါတော့မယ်

Continue Reading

You'll Also Like

209K 8.4K 42
ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយា...
341K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
247K 7K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
4.8M 530K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...