အရှင်​မင်းကြီး ​ကောင်းကင်​ဘုံ...

By Alittlecoin

48.5K 7.1K 464

Unicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင... More

Prologue 1
Prologue 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Announcement !!!
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Announcement !!!
Chapter 29
Chapter 30
Chapter 31
Chapter 32
Announcement !!!
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41.1
Chapter 41.2
Announcement 📣 📣 📣
Chapter 41.3
Chapter 42.1
Chapter 42.2
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 50.1
Chapter 51
Chapter 51.1
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 56.1
Chapter 57

Chapter 5

782 141 16
By Alittlecoin

"Monsterတွေ ကို တိုက်ခိုက်ရာ
မှာကျရှုံးခြင်း သို့မဟုတ်​ ​သေ
​လောက်အောင် အရိုက်ခံရခြင်း"

ပုံမှန်ဆိုရင် အမြီးကိုးချောင်း
​မြေခွေးလို Boss အကြီးစားနဲ့
တိုက်ဖို့ အတွက် အဖွဲ့တစ်ဖွဲ့​တော့
လိုအပ်စမြဲပါ။
ထိုကဲ့သို့ အဆင့်မြင့်ပြီး ကြီးမား
တဲ့​ ​မြေခွေး ကို စုမူကျိနဲ့ထန်းရှီ
နှစ်ယောက်တည်းရဲ့ အင်အားနဲ့
မနည်း ရုန်းကန်းပြီး တိုက်နေရတာ
​ကြောင့် ပွဲရဲ့အခြေအနေက
မြင်မကောင်း ရူမကောင်း​
​လောက်​အောင် ဆိုးရွားလွန်း
လှတယ်။

သူတို့နှစ်ယောက်လုံး ​သေရာက
​နေ အကြိမ်ကြိမ်​ ပြန်ရှင်လာကြ
တဲ့ အခါတောင်မှ သူတို့ရဲ့
ခန္ဓာကိုယ်တွေ ကတော့
အင်အားနည်း ချိတဲ့နေကြတုန်း
ပင်​။
ဒါပေမဲ့ လည်း စုမူကျိ က
အခုချိန်ထိ မြင့်မြတ်ကြော့ရှင်း
ပြီး တည်ငြိမ်တဲ့ အရှိန်အဝါတွေနဲ့ ဘယ်သူမှ ထိတွေ့လို့ မရနိုင်တဲ့
မသေမျိုးဖြစ်နေတုန်းပါ။

လူနှစ်ယောက် ​သေလောက်
​အောင် အရိုက်ခံနေရတာကို မြင်နေရတာက အတိုင်းထက် အလွန်ဖြစ်လာတာကြောင့်
ရယ်စရာကောင်း လာတော့တယ်။

သို့ရာတွင်လည်း စုမူကျိရဲ့
ရူတည်တည် မျက်နှာမှာတော့ "သနားစရာလူသားငမြည်းတုံး
​လေးတွေ... ဒီမြင့်မြတ် တဲ့
နတ်ဘုရားက မင်းတို့လို နိမ့်ကျတဲ့
စောက်ကျိုးနဲလေး​တွေ နဲ့
စကားမပြောချင်ဘူး" ဆိုတဲ့
အမူအရာက ဆင်မြန်းထားတယ်​။

တစ်ဖက်မှာလည်း ထန်းရှီရဲ့
မျက်နှာထက်မှာ စာလုံးကြီးကြီး​ရေးထားတာက
"ငါက အားနည်းတဲ့ ငမြည်းတုံး
​လေးပါ။ ငါ့ကို လာပြီး အနိုင်မ
ကျင့်ကြပါနဲ့နော်"

နောက်ထပ် တစ်ခါ ရှင်သန်ထ
​မြောက်ခြင်း ဖြစ်စဉ်ပြီးနောက်
မှာတော့
စုမူကျိက တိုက်ခိုက်နေရာ ကနေ
ရုတ်တရတ်ကြီး ရပ်လိုက်တယ်။

[လက်ရှိ] ထန်းရှီ: "ဇနီးလေး?
ဘာလဲ မင်း ခဏခဏ ​သေပါများ
​တော့ ဖျားချင်သလို ဖြစ်သွား
တာလား?"

[လက်ရှိ] စုမူကျိ:"
ငါ ရူးနေတယ်ဆိုရင် ​တောင်မှ မင်းလောက်တော့ မတုံးသေးဘူး။
ငါ့ရဲ့အဖွဲ့ကို လာကူဖို့ ခေါ်ထား
တယ်"

စုမူကျိရဲ့ တပ်ကူခေါ်တဲ့ စကေး
က တကယ့်ကို ပျက်ရယ်ပြုလို့
ရတော့ အရာတော့ မဟုတ်ဘူး။ ခဏအတွင်းမှာပဲ Rankအမြင့်
ဆုံး ကစားသမားရှစ်ယောက်
က ကူပေးဖို့ရာအတွက် ​ရောက်လာ
တယ်။

ထန်းရှောင် ထိုအခိုက်အတန့် မှာ
ပဲ စုမူကျိရဲ့အရှိန်အဝါတွေ က
သူမကို ခြိမ်းခြောက်နေသလို
ခံစားလိုက်ရတာကြောင့်
တိတ်တဆိတ် နဲ့သူမရဲ့ခြေလှမ်း
​တွေကို ​နောက်သို့ အနည်းငယ်
ဆုတ်လိုက်မိတယ်။

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "ထန်းရှီလေး ကို အတူကြိတ်ဖို့
ခေါ်လိုက်တာလား?"

[လက်ရှိ] ထန်းရှီ: "......"

[လက်ရှိ] စုမူကျိ:
"အမြီးကိုးချောင်း ​မြေခွေးကို
မြင်တယ်မလား။သူ့ကို တိုက်ဖို့
မနိုင်လို့ ငါခေါ်လိုက်တာ"

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "ဟုတ်သားပဲ။ မင်း ထန်းရှီလေး
ကို ​သေအောင် ရိုက်သတ်ဖို့ဆိုရင် ဒီလောက်လူတွေ အများကြီး
​တောင် ​ခေါ်နေစရာမလိုဘူး။
မင်း တစ်ယောက်တည်း နဲ့ တင်
ဖြစ်တယ်"

[လက်ရှိ] ထန်းရှီ: !!!!!

အေးပါ။ ငါ့ကို လူခေါ်ပြီး ရိုက်မယ် ဆိုရင်လည်း ငါလေးက
သည်းခံနေမှာ မဟုတ်ပါဘူးနော်!!!

စုမူကျိ ဒီထက်ပိုပြီး အချိန်ဆွဲနေ
လို့ မရတော့​ပေ။ ကစားသမားကိုးယောက်ပါဝင်တဲ့
အဖွဲ့က သူ့နေရာနဲ့သူ position
တွေယူပြီး တိုက်ခိုက်ဖို့ စတင်
လိုက်တယ်။

RanZhi Clanရဲ့ အတော်ဆုံး
ကစားသမားတွေ ပါဝင်တဲ့
အဖွဲ့ဟာ အသန်မာဆုံး နဲ့ အားအကောင်းဆုံး ဖြစ်ပြီး တစ်ဖက်မှာလည်း အမြီးကိုး
​ချောင်း ​မြေခွေးကို အတူ
တိုက်ခိုက်ဖို့ရာ အတွက်
လူအနည်းငယ်​က အားဖြည့်ပြီး
​ရောက်လာတာကြောင့် သူတို့ရဲ့တိုက်ခိုက်မှုတွေ က
ပိုပြီး အကျိုးသက်ရောက်မှု
ရှိလာသလို ပိုပြီးလည်း
လွယ်ကူလာတယ်။

ဒီကမာ္ဘရဲ့အကြမ်းဆုံး Bossဖြစ်
တဲ့ အမြီးကိုးချောင်း ​မြေခွေးဟာ သူ့ရဲ့များစွာသော ကိုယ်ခွဲ
ခန္ဓာကိုယ် ​တွေကြောင့်
တိုက်ခိုက်တဲ့နေရာမှာ မလွယ်​​​
​ကြောင်း နံမည်​ကြီးလှတယ်။

ဒါပေါ့။ မင်းအနေနဲ့ ဆုတွေကို
လိုချင်တယ်ဆိုရင်
တကယ့် ခန္ဓာကိုယ်အစစ် ကို
သတ်နိုင်မှပဲ ဖြစ်မယ်။

လူတစ်ချို့ က မြေခွေးရဲ့
ပုံရိပ်ယောင် ခန္ဓာကိုယ်ခွဲတွေကို တိုက်ခိုက်ရင်းနဲ့ တစ်ခုချင်းစီ
ခွဲထုတ်ပြီး သူတို့နဲ့ အတူ အဝေးကို
မျှားခေါ်သွားကြတယ်။

စုမူကျိနဲ့သူ့အဖွဲ့သာ တကယ့်
​မြေခွေးအစစ်ကို တိုက်ခိုက်ဖို့ရာ
အတွက် ကျန်ခဲ့တယ်။

သို့ရာတွင်​လည်း အမြီးကိုးချောင်းမြေခွေး လို
Bossကို တိုက်ခိုက်နိုင်ဖို့ အတွက်
ဆို အဖွဲ့မှာ Enchanter
တစ်ယောက်ပါမှ သာလျှင် အောင်မြင်နိုင်ချေရှိတယ်။

သိပ်မကြာခင် အတွင်းမှာပဲ တစ်အုပ်စုလုံး ​မြေပြင်​ပေါ်
ကိုင်​​ပေါက်​ ခံလိုက်​ကြရတယ်။

ထိုအခိုက် ထန်းရှောင် က​ ​
ပြောင်ပြောင် တင်းတင်းနဲ့ပဲ အသက်မဲ့နေကြတဲ့ ခန္ဓာကိုယ်
အလောင်းတွေပေါ်ကို တက်ခွနင်း
လိုက်ပြီး သူတို့ရဲ့ရင်ဘတ်ပေါ်မှာ
​သေပန်းလို့ ခေါ်ကြတဲ့ ဂန္ဓာမာပန်း
​တွေကို တစ်ပွင့်ချင်းစီ လိုက်တင်
​ပေးလိုက်တယ်။

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
"မင်း ဒါက ဘာသဘောလဲ"

[လက်ရှိ] ထန်းရှီ:
"ဂန္ဓာမာပန်းအဖြူ ​ပေးတယ်ဆိုတာ သေခြင်းတရားကို ​လေးစားတဲ့ အထိမ်းအမှတ် သင်္ကတ ကို
ဆိုလိုတာလေ။ ဒါပေါ့ ငါ အခုပေးတယ်ဆိုတာ မင်းတို့
သေတာကို ​လေးစားလို့တော့
မဟုတ်ဘူး။ မင်းတို့တွေ
အကုန်လုံး ဝက်တစ်ကောင်လို
ပယ်ပယ်နှယ်နှယ် အရိုက်ခံရပြီးမှ သေသွားတာမို့ သနားစရာ
​ကောင်းလိုက်တာဆိုပြီး ငါ့ဘက်က
​နေ အသိအမှတ်ပြုပေးပြီး
ဂန္ဓာမာပန်းလေးတွေ လိုက်ချပေး
တာလေ"

[လက်ရှိ] Everyone: "....."

ကြာကြာဝါးမဲ့သွား အရိုးကြည့်ရှောင်ဆိုသလိုပဲ။
ရှေ့နောက်မကြည့်တဲ့
လျှာရိုး တစ်ချောင်းရှိခြင်းရဲ့ ရလဒ်ကတော့ ​သေလောက်​​
​အောင် အထောင်းခံရတာပါပဲ။

ထန်းရှောင် အစတုန်းက​
​လေကျယ်​နိုင်​​ပေမဲ့လည်း နောက်ဆုံးမှာတော့ အလံဖြူပြ
လိုက်​ရ​တယ်။

သူမက အခုချိန်မှာ မြေကြီးပေါ် ပက်လက် ဖြစ်နေရင်းနဲ့တောင် ငြိမ်းငြိမ်းချမ်းချမ်း လှလှပပ အသက်ထွက်နည်း ပုံစံ ပို့စ်
အမျိုးမျိုးကို ပေးနေလိုက်
တယ်။

[လက်ရှိ] စုမူကျိ: "မင်း ဘယ်အချိန်
ထိ ကပေါက်တိ ကပေါက်ချာတွေ
လုပ်နေအုံးမှာလဲ"

[လက်ရှိ] ထန်းရှီ: "ကိုယ်သာ မင်းနေရာမှာ ဆိုရင်
ကိုယ်ပြောမှာက
ကျွန်မတစ်ခါမှ ဒီလောက်အရှက်မဲ့
တဲ့အခြေအနေမျိုးကို မကြုံဖူးဘူး။ အခုတော့ ရှင့်ကျေးဇူးကြောင့်
ကျွန်မ ​ကောင်းကောင်းကြီး
ခံစားဖူးသွားပါပြီ။ ကျေးဇူးကမာ္ဘကြီးပါရှင့်"

[လက်ရှိ] စုမူကျိ: "....."

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
"ငါတို့တွေ ထန်းရှီမျက်နှာရူးကို ဒီထက်ပိုပြီး ဂျိုမကြွနိုင်အောင်
ရိုက်သတ်သင့်တယ်လို့ ထင်တယ်"

[လက်ရှိ]ဒီအရှင်မင်းကြီးက
ထပ်ပြီးမရူးတော့ဘူးကွယ်:
"ဂိုဏ်းချုပ် မင်း ဒီနေရာမှာ
​ပြောသင့်တာက
ထန်းရှီလေး,​ကောင်းစားအုံးမဲ့
သတ္တဝါလေး မင်း ကျားတွင်းထဲ
ဝင်ပြီး ကျားဖင်မနှိုက်ခင် အဲ့အကောင်မှာ လိပ်ခေါင်းရှိမရှိ
အရင်ဆုံး စမ်းကြည့်သင့်တယ်
မဟုတ်ဘူးလား ဆိုပြီး"

[လက်ရှိ] စုမူကျိ: "......"

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "......"

ထန်းရှောင် ဘာမှတောင်
တုံ့ပြန်ပြီး မပြောလိုက်ရသေးခင်
စုမူကျိက ​ပြောလာတော့တယ်။

[လက်ရှိ] စုမူကျိ: "ရပြီ။ သေချင်ယောင်ဆောင်နေတာ တော်လိုက်တော့။ ငါတို့အဖွဲ့ မှာ ခုခံတိုက်ခိုက်သူ Enchantress
တစ်ယောက် လိုနေတယ်။ အခုလာပြီးကူတော့"

ထန်းရှောင် စုမူကျိရဲ့အပြုအမူ နဲ့
ပတ်သက်ပြီး ရုတ်တရတ်ကြီး ရှော့ခ်ရသွားတယ်။ဒီပုံစံနဲ့ လေယူလေသိမ်း က တကယ့်ကို
သဘာဝကျလွန်းပြီး အတက်
အဆင်းမရှိ ​ချောမွတ်နေတာပဲ။

[လက်ရှိ] ထန်းရှီ: "မင်းတို့ အခုလေးတင် ကိုယ့်ကို သတ်လိုက်
တာ​လေ။အဲဒါကို ဇနီးလေးက ဘယ်လိုဖြစ်ပြီး ကိုယ့်ကိုကူညီဖို့
ပြောတဲ့နေရာမှာ အရမ်းကို
​ဖြောင့်မတ်ပြီး ယုံကြည်မှုရှိ
​နေရတာလဲ?! ကိုယ်ကတော့
နိုးလို့ ပဲ ငြင်းလိုက်ပါရစေ"

[လက်ရှိ] စုမူကျိ: "ကြည့်ရတာ မင်းနားကြားလွဲနေတဲ့ပုံပဲ။
ငါမင်းကို ကူညီဖို့တောင်းဆိုနေ
တာမဟုတ်ဘူး။ အမိန့်ပေးနေတာ။ ကောင်းပြီလေ။
မင်း မကူညီဘူးဆိုရင်လည်း
ငါတို့အကုန်​လုံး ထန်းရှီလေး
​နောက်ကို ​နေ့တိုင်းလိုက်သတ်
​နေရုံပဲပေါ့"

[လက်ရှိ] ထန်းရှီ: "ကိုယ်တစ်ခါမှ အဲ့လောက် အရည်ထူတဲ့ မျက်နှာနဲ့ အရှက်မရှိတဲ့လူ ကို မတွေ့ဖူးဘူး"

[လက်ရှိ] စုမူကျိ: "မင်းအိမ်က မှန်ရှေ့မှာ မတ်တပ် သွားရပ်
ကြည့်လေ။ အဲဒါနဲ့ တစ်ထပ်တည်း
ကျတဲ့လူကို ​တွေ့လိမ့်မယ်"

[လက်ရှိ] ထန်းရှီ: "....."

စုမူကျိက အရည်ထူပြီးအရှက်
မရှိ ရုံတင်မကဘူး လျှာ​စောင်းက
လည်း ထက်​​သေးတာကို!

[လက်ရှိ] ထန်းရှီ: "ဒီလိုဆိုရင်ရော ဘယ်လိုလဲ! မင်း ကိုယ့်ကို မူချောင်ရဲ့တစ်ကိုယ်လုံး
အဝတ်မပါတဲ့ ပိုစတာပုံတွေ
​ပေးရင် ကိုယ်ကူညီမယ်လေ"

လူနှစ်ယောက်မှ လွဲ၍ ကမာ္ဘလောကကြီး တစ်ခွင်လုံး
တိတ်ဆိတ်သွားတော့တယ်။

ခွဲခွာခြင်းတေးသံ က
သူ့ရဲ့Mouse ကို လျင်မြန်စွာပဲ
​ရွေ့လိုက်ပြီး ဒီကိစ္စကို
ရှည်ရှည်ဝေးဝေး မသွားဖို့အတွက်
ကြိုးပမ်းလိုက်တယ်။

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
"တကယ်လို့ စုမူကျိ က မင်းကို ပိုစတာဆယ်ပုံ ​ပေးရင် မင်း ငါတို့ အတွက် နှစ်ဝက်တစ်ခုလောက်
အလုပ်လုပ်ပေးရမယ် ဆိုရင်ရော"

[လက်ရှိ] ထန်းရှီ: "ဒါလည်း အဆင်ပြေတာပဲ။ ဒါပေမဲ့ ငါက အဲ့ပုံတွေမှာ မူချောင်ကိုယ်တိုင် kissပေးထားတဲ့ အနမ်းရာတွေ နဲ့
လက်မှတ်ထိုးပေးထားတာကို
ပါ ရချင်တာ"

[လက်ရှိ] စုမူကျိ: "......"

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
"ရတယ်။ ဒါဆိုရင် အပေးအယူ
ဖြစ်ပြီနော်။ စုလေး...မင်း ထန်းရှီလေးကို မူချောင်ရဲ့
အပေါ်ပိုင်း အဝတ်မပါတဲ့ ပိုစတာဆယ်ပုံ အကြီးကြီးတွေ
ချည်းပဲ ​ပေးလိုက်"

[လက်ရှိ] စုမူကျိ: "......."

[လက်ရှိ] ထန်းရှီ: "နိုး..နိုး..
မရဘူးနော်။ ကိုယ်က တစ်ကိုယ်လုံး အဝတ်မပါတဲ့ပုံတွေ
ကိုမှ ပိုသဘောကျတာ။ အပေါ်ပိုင်းဗလာလောက်နဲ့တော့ အဆင်မပြေဘူး"

[လက်ရှိ] စုမူကျိ: "......."

ထန်းရှောင် သူမရဲ့အိပ်ခန်းနံရံ
မှာရှိနေတဲ့ ပိုစတာတွေကို တစ်ချက်
ကြည့်လိုက်ပြီး သူမရဲ့စိတ်ခံစား
ချက်​တွေက ပိုပြီးကောင်းလာ
တယ်။

သူမ မထိန်းနိုင်တော့ဘဲ
ပိုစတာတွေ ဆီကို
နှုတ်​ခမ်း​ထော်​လိုက်​ကာ"မွ"
​လေထဲကနေ အနမ်းတစ်ချက်
​ပေးလိုက်တယ်။

လူတွေကို ထိန်းချုပ်နိုင်တဲ့ Enchantressဖြစ်တဲ့ ထန်းရှောင်
ရဲ့အကူအညီနဲ့ အတူ တိုက်ပွဲက မယုံကြည်နိုင်စရာကောင်း
​လောက်အောင် လွယ်ကူချောမွေ့
လာတယ်။

သူတို့တွေက အရင်ကသုံးတဲ့
နည်းလမ်းအတိုင်းပဲ တစ်ယောက်
ချင်းစီက မြေခွေးရဲ့ခန္ဓာကိုယ်ခွဲ
တွေကို တိုက်ခိုက်ပြီး ခန္ဓာကိုယ်
အစစ်တစ်ခု တည်းကျန်အောင်
ခွဲထုတ်လိုက်ကြတယ်။

ဒီတစ်ကြိမ်မှာတော့ စုမူကျိ၊
ထန်းရှီနဲ့ ကုသပေးသူသုံးယောက်
သာ တကယ့်မြေခွေးအစစ် ကို
တိုက်ခိုက်ဖို့ ကျန်ခဲ့တော့တယ်။

ထန်းရှောင်က အေးခဲခြင်းမန္တန်
ကို သုံးလိုက်ပြီး အမြီးကိုးချောင်း
​မြေခွေး ကို သေချာအေးခဲနိုင်
တဲ့ အချိန်အတိအကျကို တိတ်
တဆိတ်​ရေတွက်လိုက်တယ်။
ပြီးတာနဲ့ မန္တန်ရဲ့သက်ရောက်မှု
ကုန်ဆုံး​တော့မဲ့ အချိန်တိုင်း သူမက
ဆက်တိုက်ပဲ နောက်ထပ်
မန္တန်တစ်ခုနဲ့အမြန်ချုပ်တိုက်
​တယ်။
တစ်ခါတစ်ရံ သူမရဲ့တိုက်ခိုက်မှု
ပုံစံ ရှုံးနိမ်သွားတဲ့ အချိန်တောင် စုမူကျိက ကုသသူကို
ကာကွယ်ပေးရင်း ​မြေခွေးရဲ့
တိုက်ခိုက်မှုတွေကို ကောင်းမွန်စွာ
​ရှောင်တိမ်းနေတယ်။

ထန်းရှောင်သူမရဲ့ အသက်ဓာတ်
တစ်ဝက်လောက် ကုန်ဆုံးပြီး
​နောက်မှာတော့ ရုတ်တရတ် တစ်စုံတစ်ခုကို ​တွေးမိသွားတယ်။

[လက်ရှိ] ထန်းရှီ: "ဟုတ်သားပဲ။ ပို့ရမဲ့လိပ်စာကတော့ အရင်
တစ်ကြိမ်တုန်းက နဲ့အတူတူပဲနော်။ ကိုယ်​ရဲ့အစ်မဆီ ကိုသာ ပို့​ပေး
လိုက်"

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
"လေရှည် မနေနဲ့။ ငါတို့သိတယ်"

[လက်ရှိ] ထန်းရှီ: "အမှန်တိုင်းပြောရရင် ဇနီးလေး
မင်းက တကယ့်ကို
အဆက်အသွယ် ​ကောင်းတွေ
အများကြီးရှိတာပဲ။ မင်းက
တကယ်ကြီး မူချောင်ရဲ့​ခွေးချေး
မစားတဲ့ လက်ထောက်ကိုတောင် ပိုစတာတွေ လာပို့ပေးဖို့
ခိုင်းစားနိုင်တယ်။ မင်းမျက်နှာက တကယ်ကြီးတာပဲ! အာ...ဒါနဲ့မင်း
က သူ့ရဲ့ဆွေမျိုးများလား?"

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
"......."

စုမူကျိရဲ့Skillတွေက တစ်မိနစ်
ခွဲလောက် ရပ်တန့်သွားတယ်လို့
ထန်းရှောင် ရှင်းရှင်းလင်းလင်း
ကြီး ခံစားမိလိုက်တယ်။

ထို့​ကြောင့် သူမ အဆင်ပြေရဲ့လား
လို့​ မေးမယ် အလုပ်မှာဘဲ ခွဲခွာခြင်းတေးသံက သူမရှိရာဆီ
ကို ကြိုးလွှတ်သွားတဲ့ နွားရိုင်း
တစ်ကောင်လို ​ပြေးလာတာကို
​တွေ့လိုက်ရပြီး သူမကိုဆောင့်ကန်
လိုက်တာ ကို အီစိမ့်စွာ နဲ့ ခံစား
လိုက်ရတယ်။

ခွဲခွာခြင်းတေးသံ က အရင်တုန်း
က ဆင့်ခေါ်သူ Summoner
တစ်ယောက် ဖြစ်ခဲ့တာမို့
သူဆင့်ခေါ်နိုင်တဲ့ သားရဲသတ္တဝါ
များစွာရှိတဲ့ အပြင် အခုတော့
ထိုသားရဲသတ္တဝါ အတန်းလိုက်ကြီး
က သူ့နောက်မှာ တန်းစီလျက်
​ရောက်နေ ကြပြီး ထိုထဲမှာ
​မြေခွေးပေါက်စ တစ်ကောင်
​တောင်ပါလိုက်​သေးတယ်။

[လက်ရှိ] ထန်းရှီ:"​သေစမ်း! ရုတ်တရတ်ကြီး ဘာလုပ်တာလဲ။ စိတ်ဖောက်သွားတာလား"

လျင်မြန်စွာပဲ သူဘာလုပ်ဖို့
ကြိုးစားနေလဲဆိုတာကို သူမ သိသွားတယ်။
ဒီ​သ​ကောင့်သားက မျက်​ခွက်​
အရိုက်​ခံချင်​​နေတာကို။

ခွဲခွာခြင်းတေးသံရဲ့ အလစ်
ဝင်တိုက်မှုကြောင့် ထန်းရှီ​က
​နေရာမှာတင် လဲကျသွားပြီး
ကုသသူက သူမကို ဆက်တိုက်
ကုပေးနေတယ်။
ဒီလိုကုသသူနဲ့ ဆို သူမမှာ
ဘာမှကြောက်စရာ မရှိဘူး။

လူနှစ်ယောက်​ တိုက်​ပွဲအလယ်​
မှာ ကိုက်​​နေကြတာကို မြင်​ရတာ ဘယ်သူကမှ ထူးဆန်းတယ်လို့
မထင်ကြဘူး။

အကြိမ်ပေါင်းများစွာ တိုက်ခိုက်
ပြီး​နောက်မှာတော့ အမြီးကိုးချောင်း
​မြေခွေးရဲ့ရက်စက်ပြင်းထန်
တဲ့ တိုက်ကွက် ​ကြောင့် တစ်အုပ်
စုလုံး​ ​မြေကြီး​ပေါ်​ ​နောက်ထပ်
တစ်​ဖန်​ ပြားပြားဝပ်သွားကြပြန်​
တယ်။

[လက်ရှိ] စုမူကျိ:"ငါတို့ဒီနေ့
ထပ်ပြီး မတိုက်​တော့ဘူး။ Missionရှိတဲ့ သူတွေကလည်း ကိုယ့်Missionကိုယ် ပြီးအောင်
သာလုပ်ကြတော့"

[လက်ရှိ] ထန်းရှီ: "ဘာလို့ မတိုက်တော့တာလဲ"

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "ဘာလို့ဆိုတဲ့ အကြောင်းပြချက်
မရှိဘူး။ ရှင်းရှင်းလေးပဲ အမြီးကိုးချောင်းဘော့စ်နဲ့
မင်းနဲ့ ​ရွေးရမယ်ဆိုရင် မင်းကိုပဲ အသေရိုက်သတ်ဖို့ ငါရွေးမယ်"

ခွဲခွာခြင်းတေးသံက ​လေသံအေး
​လေးနဲ့ ပြောလိုက်ပြီး​
​နောက်တစ်ကြိမ်​မြောက်
ထန်းရှီကို သမဖို့ ပြေးလာတယ်။

ဆင့်ခေါ်သူ တစ်ယောက် မှာ နောက်လိုက် သားရဲပေါက်စတွေ
အများကြီးရှိတာကြောင့်
သူမဆီကို အကောင်ပလောင်
​ပေါင်းစုံပါတဲ့ အင်းစက်တစ်​သိုက်​ချီတက်လာတာကို မြင်လိုက်ရပြီး ရှုပ်ယှက်ခတ်နေတဲ့ ​နေရာ
အခြေအနေ ကို အသုံးပြုကာ သူမ ထွက်ပြေးလိုက်တယ်။

ခွဲခွာခြင်းတေးသံနဲ့ သူ့ရဲ့ပိုးမွှား
အုပ်စုက​ ​နောက်ကနေ တရစပ် လိုက်လံတိုက်ခိုက်နေတာမို့ ထန်းရှီလည်း မသေရုံတမယ်
အသက်ကို ဂျက်လေယာဉ်ထဲ ထည့်ထားသလိုမျိုး အားကုန်
ခုခံရင်းပြေးနေရတယ်။

စုမူကျိကတော့ ထိုပွဲကို စိမ်ပြေ
နပြေကြည့်ဖို့ရာ အတွက်နေရာ
တစ်နေရာရှာ ​နေခဲ့ရာမှ
​နောက်ဆုံးတော့ အေးဆေး
ငြိမ်သက်တဲ့ ​နေရာ​ကောင်းလေး
ကို ရှာတွေ့သွားခဲ့တယ်။

[လက်ရှိ] ထန်းရှီ: "နေပါအုံး။ သူရဲကောင်းကြီး။ ငါပြောစရာ
ရှိလို့ပါ"

ထန်းရှောင် တစ်ချိန်တည်းမှာပဲ တိုက်ခိုက်ရင်း နဲ့ စာရိုက်နေရ
တာကြောင့် သူမရဲ့လက်တွေ
​ရော ​ခြေထောက်တွေရောပါ သေလောက်အောင် အလုပ်များ
​နေတော့တယ်။

သူမမှာ စကားလုံးတွေကိုတောင် သေချာလေး မရိုက်လိုက်ရသေး
ခင် ခွဲခွာခြင်းတေးသံက တစ်ကွက်
ကျော်ပြီး သူမကို ထည့်သိပ်လိုက်
​လေတယ်။

ထန်းရှီ ​မြေပြင်ပေါ် အသာလေး
လှဲလျောင်းနေလိုက်ပြီး ပြောစရာ
မရှိ ဆွံ့အံ့စွာနဲ့ ကောင်းကင်ကြီး
ကို ​မော့ကြည့်လိုက်တယ်။

ပွဲစဉ်​တစ်​​လျှောက်​လုံး
​ပေါက်​​ပေါက်​ဆုပ်​ဘူး နဲ့
အငြိမ့်သား ထိုင်​ကြည့်နေတဲ့
စုမူကျိက က​ရော​က​သောနဲ့
သူမဆီကို ​ပြေးလာတော့တယ်။
ပြီးတာ နဲ့ သူမ အရင်က
ပြုမူခဲ့တဲ့ အမူအရာအတိုင်း
တစ်ထပ်တည်း အတုခိုးလိုက်ပြီး သူမရဲ့ရင်ဘတ်ပေါ်သို့ အဖြူရောင်
ဂန္ဓာမာပန်း​လေး တစ်ပွင့်ကို
အသာ​လေး လာတင်ပေးလာ
တယ်။

[လက်ရှိ]စုမူကျိ:"အို့...ထန်းရှီ​လေး
မင်းအတွက် ​သေပန်းတောင်ပွင့်
​နေပါ​ကောလား။ ဒီပန်း က မင်း
​စောနတုန်းက လွှတ်ပစ်လိုက်တဲ့
ပန်းလေ။ နှမြောစရာကြီးမို့။
သုံးစရာ လူ​သေ​ကောင်​ရှိနေတာ
နဲ့ အတော်ပဲ"

ထန်းရှောင်သူမရဲ့ ဆိုးရွားလွန်း
လှတဲ့ သနားစရာဘဝ
ဇာတ်​​ကြောင်း​လေး ကို​ ​တွေးမိပြီး
ရင်​ထဲက​နေ အသံတိတ်​
ငို​ကြွေးလိုက်​တယ်​။

စုမူကျိက မျက်နှာရော လျှာရော
အရည်ထူရုံ တင်မကဘူး။ သူက စိတ်ထားကလည်း ဆိုးပြီး
အမြင်ကတ်ဖို့လည်း ​ကောင်း
​သေးတယ်!!!!

သူမရဲ့အသက်ဓာတ်​ ပြန်ပြည့်
သွားတာနဲ့ ခွဲခွာခြင်းတေးသံက
သူ့ဂြိုဟ်သားအုပ်စုကြီး နဲ့ ထပ်ပြီး လိမ့်လာပြန်တယ်။

ထန်းရှီ ဒီတစ်ခါတော့
ဒရောသောပါး နဲ့ ခုန်​ပျံ​ကျော်​
လွှားပြီး အန္တရာယ်ကင်းနယ်မြေ
ထဲကို ​ရောက်​သွား​တော့တယ်။

[လက်ရှိ] ထန်းရှီ:
"သူရဲကောင်းကြီး! မင်း ဂိုဏ်းချုပ် တစ်ယောက်လုပ်နေပြီး ငါ့ကို
ဒီလိုမျိုး ရက်စက်နေရတဲ့
အကြောင်းပြချက်က ဘာလဲ?!
တကယ်ပဲ ရုတ်တရတ်ကြီး
ဘာထဖောက်သွားတာလဲ?
ခုနကတင် ငါတို့တွေ မူချောင်
အကြောင်း ​ပျော်ပျော်ရွှင်ရွှင် နဲ့
ပြောနေကြတာမလား?"

[လက်ရှိ] စုမူကျိ: "မင်း မူချောင်ရဲ့ လက်ထောက် နဲ့ ပတ်​သက်​ပြီး
တစ်ခုခုပြောလိုက်​သေးတယ်
မလား"

စုမူကျိ က သူမ အတိတ်မေ့နေတဲ့
အရာကို ပြန်မှတ်မိလာအောင် ဘေးကနေ ​ထောက်ပေးလိုက်
တယ်။

ထန်းရှောင် ခဏလောက်
စဉ်းစားကြည့်လိုက်တယ်။
သူမပါးစပ် ကနေ အမှတ်တမဲ့ နဲ့ရှောင်လင်ပြောတဲ့ ​ခွေးချေး
​တောင် မစားဘူးဆိုတဲ့ ဟာကို ထွက်လိုက်မိတာလား!

[လက်ရှိ] ထန်းရှီ: "ခွေးချေး မစားဘူးဆိုတာလား?
ငါ စကားပြောမှားသွားတာ! ငါပြောချင်တာ က တို့ဟူးရော
​ကျောက်ခဲရော မစားဘူးလို့
အတိအကျပြောချင်တာ။ နေပါအုံး....မင်း က သူ့ရဲ့
​ဆွေမျိုးမို့လို့လား? လခွမ်းပဲ,
အဲဒါက ​ရှောင်လင်ပြောတာနော်!"

(အဲ့နှစ်​ခုကအသံထွက်​ချင်း
ဆင်​လို့ပါတဲ့​)

ခွဲခွာခြင်းတေးသံ က ဘာမှ
စကားပြန် မလာတာကြောင့်
ထန်းရှောင် မြန်မြန်ဆန်ဆန် ပဲ နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကို
​တွေးလိုက်မိတယ်။

[လက်ရှိ] ထန်းရှောင်:"ဒါမှမဟုတ် မင်းက မူချောင့်လက်ထောက်ရဲ့
ရည်းစားလား?
​နေအုံး.. မဖြစ်နိုင်တာ။ မင်းက ​ယောက်ျားလေးဆိုတာ
ငါသေချာပါတယ်။
အို့...ဟိုက်​...ဒုတ်​​ခေါပဲ
သူ့လက်ထောက် က ဂေးနေတာ
လား?? ဒါဆိုရင် ဒီအဓိပ္ပာယ်က
မူချောင်က ကျားနှုတ်​ခမ်း​မွှေး​
​ပေါ်မှာ စင်္ကြန်လျှောက်နေတာ
​ပေါ့လေ!!!"

[လက်ရှိ] စုမူကျိ: "......"

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
"သူက မင်းအဖိုး"

[လက်ရှိ] ထန်းရှီ: "ငါလည်းပဲ မူချောင်ရဲ့လက်ထောက် ကို ငါ့အဖိုးဖြစ်လာဖို့ ဆုတောင်းတယ်။ ဒါဆိုရင် ​ဆွေမျိုးတစ်ယောက်ရဲ့
အာဏာကို သုံးပြီး မူချောင်ကို
ကြိုးရှည်ရှည်နဲ့ မျှားလို့ရတယ်
​လေ"

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "....."

[လက်ရှိ] စုမူကျိ: "....."

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "မင်း မူချောင် ကို အဲ့လောက်တောင်
တကယ်ကြီး သဘောကျတာ
လား?"

[လက်ရှိ] ထန်းရှီ: "သဘောကျတာ ဆိုတာက ဘာကို ဆိုလိုတာလဲ?!
အဲဒါက အချစ်ကွ!အချစ်!"

[လက်ရှိ] စုမူကျိ: "....."

ထိုအချိန်မှာပဲ ကွန်ပျူတာ နဲ့
ခေါင်းချင်းဆိုင်နေတဲ့
​ခွေးချေးမစားတဲ့ လက်ထောက်
ကတော့ ထိုအကြောင်းအရာ နဲ့
ပတ်သက်ပြီး အတွေးပေါင်း
​သောင်းခြောက်ထောင် ​ပေါ်လာ
တော့တယ်။

ရှကျိယန် က လက်ထောက်ဖြစ်
လာတာ အချိန်အတော်ကြာပြီ
ဆိုပေမဲ့ သူက တစ်ခါမှ
အတင်းအဖျင်း တစ်ခု အကြောင်း
ကို ​ခေါင်းထဲတောင် မထည့်ဖူးဘူး။

ဒါပေမဲ့လည်း ဒီတစ်ကြိမ်တော့
အရင် ကနဲ့မတူဘဲ ​ဘေးနားက
တိုက်ခန်းဆီ သူအမြန် ပဲ ပြေးသွားလိုက်တယ်။

"ထန်းရှီလေးက လုံးဝကို
အရှက်တရား မရှိတာ။ သူမက
မင်းဆီကနေ ပိုစတာပုံတွေ
ကို​တောင်​ ​​ဗြောင်​​တောင်းပြီး လင်ဝမ်(ရှောင်လင်)ဆီ ပို့ခိုင်း
လိုက်သေးတယ်။ငါ ထင်တာတော့ သူမက မင်းဘယ်သူမှန်း သိသွား
ပြီနေမှာ"

မူချောင်ရဲ့​ကျောက်​စိမ်းလို​
​ချော​မွတ်​​ပြီး ရှည်လျားသွယ်
လှတဲ့ လက်ချောင်းဖြူဖြူတွေ က ကီးဘုတ်ပေါ်မှာ ​ပြေးလွှားနေကာ
လက်ထောက်ဖြစ်သူရဲ့စကားတွေ
ကို ကြားလိုက်ရတဲ့ ​နောက်မှာ​တော့ ရယ်သံသဲ့သဲ့က ထွက်ပေါ်လာ
တယ်။

"မင်း သူမကို အရမ်းအထင်ကြီး
​နေတာပဲ"

"သိပ်​မကြာခင်​မှာ မင်း သူမနဲ့
အတူ ပွဲတစ်ခု တက်စရာ
ရှိတယ် ဆိုတာ သိတယ်မို့လား။
မမေ့နဲ့"

မူချောင်က သိပြီးသားဆိုတဲ့
အမူအရာနဲ့​ ခေါင်းဆတ်​ပြလိုက်​
ပြီး သူ့ရဲ့အာရုံတွေ အကုန်လုံးက ဂိမ်းထဲသို့ ပြန်ရောက်သွားတယ်။

ဂိမ်းထဲမှာတော့ ခွဲခွာခြင်းတေးသံ ကLoading ဖြစ်​သွားတဲ့ အပြင် စုမူကျိက လည်း ဘာမှမပြော
​တော့တာ​ကြောင့် ထန်းရှီလည်း
ပျင်းရိသွား ပြီး သူမဘာသာ
တစ်ယောက်တည်း တိုက်ဖို့ရာ
အတွက် ထွက်သွားတော့တယ်။

မူချောင်သူ့ရဲ့ Screenရှေ့ ကနေ
​ပျောက်သွားတဲ့ Female Enchantressကို မြင်လိုက်ရပြီး ရုတ်တရတ်ဆိုသလို
သူ့ရဲ့နှလုံးသားက​ မူမမှန်​ဖြစ်​ကာ
စည်းချက်​ မြန်လာတယ်။

သူသေချာပေါက် မကောင်းတဲ့
ခံစားချက်တစ်ခုခုကို ရနေတယ်။

သူနဲ့ တစ်ပြန်ကျော်လောက်
အကွာအဝေးမှာ အမြီးကိုးချောင်း
​မြေခွေးရဲ့ ဖင်​ကို ပိတ်​ကန်​​​နေတဲ့
ထန်းရှီ ကို​ ​တွေ့လိုက်ရပြီးတဲ့
​နောက်မှာတော့ စုမူကျိ နှစ်​ခါ​
​တောင်​ စဉ်းစားမ​နေ​တော့ဘဲ
နီးစပ်​ရာ ​ချောင်​တစ်​​ချောင်ဆီ
အမြန်​ခုန်​ဝင်​ပြီး ပုန်းလိုက်
​တော့တယ်။

သို့သော်လည်း ကွန်ပျူတာရှိရာ
ဆီသို့ မရောက်နိုင်သေးတဲ့
ရှကျိယန် အတွက်တော့ ကံက အရမ်းကြီးကောင်း မနေခဲ့ဘူး။

"ငါထင်တာတော့ မင်းရဲ့ဂိမ်းထဲကို
ပြန်ဝင်ကြည့်သင့်တယ်"

မူချောင်က ရူတည်တည်
မျက်နှာထား နဲ့ သူ့ရဲ့ချစ်လှစွာ
​သော လက်ထောက်​လေးကို
တည်​ငြိမ်​စွာ ပြောလိုက်တယ်။

ရှကျိယန်တစ်ယောက် သူ့ရဲ့
အခန်းဆီ ပြန်ရောက်ပြီး ဂိမ်းထဲ ဝင်လိုက်တဲ့ အခါမှာတော့
သူ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံး က
အခြေအနေမကောင်းတော့ပေ။

ထိုခံစားချက်က သူ့ရဲ့ခေါင်းထဲ
ကို တစ်ယောက် ​ယောက်က
တူနဲ့ထုပြီး သံမှိုတွေတစ်ချောင်းပြီး
တစ်ချောင်း ရိုက်ထည့်နေသလို
မျိုး။

"ငါ ထင်တယ်။ထန်းရှီ ...သူမရဲ့
ဂြိုဟ်မွှေတဲ့​နေရာမှာ နှစ်ယောက်
မရှိတဲ့ ကြိုးပမ်းအားထုတ်မှုတွေ
ကသာ လမ်းကြောင်းမှန်ပေါ်
တည့်သွားရင် မင်းက စုမူကျိ
ဆိုတာ ကို ထန်​မင်းဆက်​​ခေတ်​က
တည်းက သူမသိနေလောက်တယ်"

"......"

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "ထန်းရှီလေး,မင်း ထပ်ပြီး ငါ့ရဲ့
ကြင်​နာမှု​တွေ ကို ဆာလောင်နေ
ပြန်ပြီ​ပေါ့"

[လက်ရှိ] ထန်းရှီ: "ငါ မင်းကို ငါ့ရဲ့ခန္ဓာကိုယ် ကိုပါ စတေးပြီး
လာပြောမလို့ပါ။
​တောအုပ်နယ်မြေထဲ မှာ
မလှုပ်မယှက် နဲ့ ကျောက်ရုပ်ကြီးလို ရပ်နေတာက အရမ်းကို
အန္တရာယ်များတယ် ဆိုတာလေ"

[လက်ရှိ] ခွဲခွာခြင်းတေးသံ: "......."

#4200 words
#Ive Latte(mm)

Weekly: 9:00Pm
Monday & Thursday
-------------------------------------------

New Facts🍁

မူ​ချောင်​ရဲ့မန်​​နေဂျာအမည်​:
"ရှကျိယန်​"
Game Character name:
"ခွဲခွာခြင်း​တေးသံ"

--------------------------------------
MM TL Note#

MC ထန်း​ရှောင်​က မျက်​နှာ​ပြောင်​
ပြီးအရှက်​မဲ့သ​လောက်​
ကိုကိုမူ​ချောင်​ ကလည်း
အ​ကြောမ​ခံနိုင်​ပါဘူးတဲ့​။
​ရှေ့​လျှောက်​လည်း
နှစ်​​ယောက်​သား​ပေါင်းပြီး
ဘယ်​လိုအခွီး​တွေ
လာကြအုံးမလဲဆိုတာ.....
Coming.....soon

***********************

Continue Reading

You'll Also Like

111K 8.3K 130
Art workကအရမ်းလှလွန်းလို့ရယ်.. ရယ်လည်းရယ်ရလို့ရယ်.. ဒီManhuaလေးကို...စပြီးမြန်မာပြန်ကြည့်လိုက်တာပါ... Enjoy!!! 😍😍😍 I do not own this and all right...
6.3K 746 21
🖤He loves his mother's new husband.🖤 ■□●○•■□●○•■□●○•■□●○•■□ _Jujubes_ (Xiys58w47s)®️_
56.2K 5.1K 35
- Mos ndoshta nuk je mirë? - e pyeti ai gjasmë serioz. - Të ka bërë keq ëmbëlsira? Po të duash mund të të çoj në spital. Bëri të vendoste njërën dor...
930K 76.3K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...