"လက်ထပ်ပွဲအောင်မြင်ပြီးနောက် အများရှေ့တွင်တွတ်တီတူးကာ
နေထိုင်ခြင်း"
"လက်ထပ်ပွဲအောင်မြင်ပြီးနောက် အများရှေ့တွင် တွတ်တီတူးကာ
နေထိုင်ခြင်း"
LanRe Server သားတွေ
ကတော့ ဒရာမာရဲ့နောက်ထပ်
လာမဲ့အပိုင်းက ဘယ်လိုမျိုး မထင်မှတ်ထားတဲ့ ဇာတ်ကွက်
တွေနဲ့ချလာမလဲ မသိနိုင်တာ
ကြောင့် လည်တံရှည်ရှည်နဲ့
စိတ်အားထက်သန်စွာစောင့်
မျှော်နေကြတယ်။
သူတို့အားလုံးရဲ့ စိတ်ထဲမှာထပ်
တူညီစွာနဲ့ရှိနေတဲ့ အတွေးတစ်ခု
ကတော့....
ဒီအတွဲကတကယ်ပဲ
လက်ထပ်ဖြစ်ကြမှာလား?!
ထို့နောက်မှာတော့ သူတို့အားလုံး
တစ်ပတ်ရိုက် ခံလိုက်ရတယ်။
ထန်းရှောင်နဲ့စုမူကျိက လူတွေ အများကြီးရှိမနေမဲ့
ည၁၂နာရီတိတိ အချိန်ကိုရွေးပြီး
ယွဲ့လောင်ဘုရားကျောင်းဆီ
တိတ်တိတ်လေးသွားကာ
လက်ထပ်ပြီးကြောင်း
စာရင်းသွင်းလိုက်တယ်။
Systemကနေ ကြေညာချက်
ထွက်လာပြီးတဲ့ နောက်မှာတော့ LanRe Serverသားတွေ
အကုန်လုံး ပက်လက်လှန်ကုန်
ကြတော့တယ်။
[Worldစကားဝိုင်း၁] မြေအိုးထဲကရွှေတုံးလေး:
"ငါတော့ လက်မြောက်လိုက်ပြီ။ ကြည့်ရတာ ဒရာမာကားက
လူကြည့် အများဆုံးဖြစ်နေလို့
မင်းသမီးကို ရုတ်တရတ်ကြီး
ကားတက်ကြိတ် ခံလိုက်ရပြီး
ပြီးပါပြီ။ဒီလောက်ပါပဲ
လို့ စာတန်းထိုးလိုက်တဲ့ အတိုင်း
ပဲ။ အချိန်က အရမ်းနောက်ကျ
နေပြီမို့ ငါလိုင်းပေါ်ကဆင်းမလို့
လုပ်တုန်း ဒီလိုဖြစ်သွားတာပဲ။
ငါတော့ အခုအိပ်တောင်
မပျော်နိုင်တော့ဘူး။"
[Worldစကားဝိုင်း၂] ဒီအရှင်မင်းကြီးကထပ်ပြီး
မရူးတော့ဘူးကွယ်:
"သေစမ်းကွာ!ငါ့ဘော်ဒါ
တစ်ယောက် က ညဉ့်နက်ကြီး
ဖုန်းခေါ်ပြီး ပွဲကြီးပွဲကောင်းကို
လက်လွတ် မခံချင်ရင် လိုင်းပေါ်
တက်ခဲ့လို့ ပြောလို့ ငါ့မှာအပြေး
လေးရောက်လာရတာ။
မင်းတို့ကောင်တွေ တကယ်ပဲ
လူတွေကို အိပ်မပျော်နိုင်အောင်
လို့ တမင်သတ်သတ်လုပ်လိုက်
တာမလား"
[Worldစကားဝိုင်း၃] ခွဲခွာခြင်းတေးသံ:"ဒါကအရမ်းကို
စိတ်လှုပ်ရှားစရာကောင်းတာပဲ"
[Worldစကားဝိုင်း၄] မိန်းမလှငါးရာဝန်းရံနေတဲ့နတ်
ပြည်ကမင်းရဲ့ဘိုးအေကြီး:
"ဘုရားရေ! မြေအိုးထဲက ရွှေတုံးလေးက ငါ့ကို ညလယ်ကြီး
ဖုန်းခေါ်ပြီး ပြောလို့သိရတာ။ အဲ့တုန်းက The Ringဇာတ်ကား
ကြည့်နေတာ။ အခုတော့
The Ring ကတောင်အခု
ဒရာမာလောက် စိတ်ဝင်စားဖို့
မကောင်းတော့ဘူး"
[Worldစကားဝိုင်း၅] ထန်းရှီ: "ကောင်းပြီ။အားလုံး ဂွတ်တနိုက်
ဘဲ။ငါတော့ နှပ်တော့မယ်"
[Worldစကားဝိုင်း၆] မြေအိုးထဲကရွှေတုံးလေး:
"ဟေ့..မင်းက ဒီလိုကြေးလား။ ငါတို့အကုန်လုံး ကို အိပ်မပျော်နိုင်
အောင် မီးမွှေးလိုက်ပြီးတော့ မင်းကတော့ အရင်အိပ်တော့မယ်
ပေါ့...ဟုတ်လား။ ဘယ်မှာလဲ မင်းရဲ့စာနာထောက်ထားမှု?"
[Worldစကားဝိုင်း၇] ထန်းရှီ: "ငါထင်တာတော့ ငါတို့ Clanရဲ့
တို့တာဝန်အရေးလေးပါးထဲ ကို
နောက်ထပ် တစ်ခုလောက်
ထပ်ထည့်သင့်တယ်။
ပိုက်ဆံမရှိဘူး၊
ကိုယ်ကျင့်တရားမရှိဘူး၊
သစ္စာမရှိဘူး၊သိက္ခာမရှိဘူး၊ စာနာထောက်ထားမှုမရှိဘူး။
အိုး...ဒါနဲ့ မင်းတို့ကောင်တွေ အိပ်မပျော်နိုင်ဘူး ဆိုရင်လည်း ဘေးနားက အိပ်ခန်းပြတင်း
ပေါက်ကနေ ခုန်ချလိုက်ကြ။
အဲဒါက မင်းတို့တွေ
တစ်သက်လုံး မျက်လုံးပွင့်မလာ
ဘဲ အမြန်ဆုံး အိပ်ပျော်နိုင်စေဖို့
နည်းလမ်းပဲ"
[World] Everyone:
"......."
ဇာတ်လမ်းရဲ့ အဓိက
ဇာတ်ဆောင်နှစ်ဦးကတော့
ပရမ်းပတာ ဒရာမာကား
ကို ရိုက်ကာ လူအုပ်ကြီးကို
စိတ်ပင်ပန်းအောင် လုပ်ပြီး
နောက် အိပ်စက်ဖို့ရာ အတွက်
လိုင်းပေါ်ကနေ အေးအေး
ဆေးဆေးပဲ ဆင်းသွားကြလေ
တယ်။
ပွဲကြည့်နေကြတဲ့ ပရိတ်သတ်
ကြီးသာ ဝမ်းချုပ်သလို ခံစားချက်
မျိုးနဲ့ ကျန်ခဲ့တယ်။
ညဘက်မှာ စိတ်လှုပ်ရှားစရာ
သောင်းခြောက်ထောင်နဲ့ကြုံတွေ့
လိုက်ရတဲ့ တစ်ခုတည်းသော
အကျိုးဆက်ကတော့
လုံးဝ အိပ်မပျော်တော့တာပဲ။
အိပ်မပျော်ရင် ဘာဆက်လုပ်ကြ
မလဲ?ဆက်ပြီး တိုက်ခိုက်ရမှာပေါ့!
[World] ဒီအရှင်မင်းကြီးကထပ်ပြီးမရူး
တော့ဘူးကွယ်: "ငါတော့ အိပ်လို့မရတော့ဘူး။
ဒီမှာမွန်းစတားတွေ ကို နွှာမဲ့
တစ်ယောက်ယောက်များ
ရှိလား? တစ်ယောက်တည်း
ချင်း တိုက်မဲ့သူရော? Bossကို သွားစမဲ့သူရောရှိလား?
တစ်ယောက်မှ မရှိသေးရင်လည်း တော်ကြာမှ ငါပြန်မေးအုံးမယ်"
[World] မြေအိုးထဲကရွှေတုံး
လေး:"အဆောက်အဦးအပေါ်
ထပ်က အစ်ကိုကြီး! ကျွန်တော့်
ကို ခေါ်ပါ!ကျွန်တော်လည်းလိုက်
မယ်!"
[World] ခွဲခွာခြင်းတေးသံ: "မင်းကအခုမှLevel 69 ပဲ
ရှိသေးတာကို Level 129 က
မစ်ရှစ်ကို လုပ်မလို့လား?"
[World] မြေအိုးထဲကရွှေတုံး
လေး: "အရူးနဲ့နတ်ဘုရား တောင်ညားနိုင်သေးတာပဲ။ ဒီကမာ္ဘမှာ
မဖြစ်နိုင်ဘူးဆိုတဲ့ အရာမှမရှိတာ! သွားကြစို့!"
[World] ခွဲခွာခြင်းတေးသံ:
"......"
LanRe Serverမှာ လူတွေ
အများကြီး ညအရမ်းနောက်ကျမှ မစ်ရှစ်တွေ အများကြီး ပြီးတာမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး။
SRမှာ ဒီနှစ်ထဲ နောက်ထပ်area
တွေ အများကြီး ထပ်ဖွင့်ခဲ့တုန်း
ကတောင်မှ သူတို့ရဲ့စိတ်ပါဝင်စားမှု
က ဒီလောက်ထိ မများခဲ့ဖူးဘူး။
အိပ်မပျော်နိုင်တဲ့ဖြစ်ရပ် ရဲ့
နောက်ထပ် အကျိုးဆက်က
တော့ နောက်တစ်နေ့မှာ အလုပ်သွားမဲ့သူတွေ က
အလုပ်နောက်ကျ ကုန်ကြပြီး ကျောင်းသွားတဲ့ သူတွေကတော့ သေချင်စိတ်ပေါက်တော့တာပါပဲ။
နောက်တစ်ရက်မှာတော့
ထန်းရှောင် လှလှပပလေး အိပ်မော
ကျနေတုန်း သူမရဲ့လက်ထောက်
ဖြစ်သူ ရှောင်လင်က သူမကို
လာနိူးလာတယ်။
"ထန်းရှောင်၊ နင် မြန်မြန်
အိပ်ရာ ကနေ ထတော့"
ရှောင်လင်က သူမရဲ့အိပ်ခန်းထဲ
ကို ဝင်လာပြီး ထန်းရှောင်ရဲ့
မျက်နှာနား ဆီကို ပစ္စည်းအိတ် တစ်အိတ် ပစ်ပေးလိုက်တယ်။
"တကယ်ပဲ။ နင်ဘာလုပ်တာလဲ။
ငါ့မှာ အခုမှ အိပ်မက်ကောင်း
ကောင်းလေး မက်နေတုန်း
ရှိသေးတာ။ အိပ်မက်ထဲမှာ ငါက RanZhi Clanက သားရဲတွေ
အကုန်လုံး ကို သတ်လိုက်
နိုင်တယ်တဲ့"
ထန်းရှောင် မျက်လုံးတောင်
မပွင့်နိုင်ဘဲ ပါးစပ်ကနေ အိပ်ချင်
မူးတူးနဲ့ ပလုံးပထွေးပြောကာ ပစ္စည်းအိတ်ကို ခုတင်အောက်ဆီ အမှတ်တမဲ့နဲ့ ပစ်ချလိုက်တယ်။
"မူချောင်ရဲ့လက်ထောက် က
ငါတို့ကုမ္ပဏီ ကိုရောက်လာပြီး ဒီပစ္စည်းအိတ် ကို ငါ့လက်ထဲ
လာပေးသွားတာပဲ။ အထဲမှာ ဘာတွေပါလဲမသိဘူး။ နင်ကြည့်လိုက်အုံး။ ငါ ဒီကို လာတဲ့ တစ်လျှောက်လုံးစိတ် ကို
အတော်ကြီးထိန်းလာရ
တာ။ ဘုရားရေ...မူချောင်တဲ့!
...အား!!!!!
မူချောင်ရဲ့ လက်ထောက် က
ငါတို့ကို တကယ်ကြီး ပစ္စည်းအိတ် လာပေးသွားတယ်! ကောင်းပြီ...။နေအုံး....အရင်ဆုံး ငါ စိတ်အေးအေးထားမှ ဖြစ်မယ်"
ရှောင်လင်က ပြောပြီးတာနဲ့ သူမရဲ့လက်တစ်ဖက်နဲ့ ရင်ဘတ်
ကို ပွတ်လိုက်ပြီး လေရူလိုက်
ထုတ်လိုက် လုပ်လိုက်တယ်။
ထန်းရှောင်က ခုနကတင်
နိုးတစ်ဝက် အိပ်တစ်ဝက် ရှိနေရာ
မှ ရုတ်တရတ်ကြီး အသိစိတ်ဝင်
လာပြီး နိုးလာတော့တယ်။
သူမက အိပ်ရာပေါ်မှာ လှဲလျောင်း
လျက် ရှိနေရာမှ ပစ္စည်းအိတ်ရှိတဲ့
နေရာဆီ အကြည့်ရောက်
သွားတော့ ထိုပစ္စည်းအိတ် က
ကြမ်းပြင်ပေါ်မှာ ကျနေပြီး အထဲက
ပစ္စည်းတချို့က အပြင်ဘက်
မှာ ထွက်ကျနေလေတယ်။
မူချောင်ရဲ့ပိုစတာတွေ က
အပြင်ဘက်မှာ ထွက်ကျနေတယ်။
"အား!!!!! သေစမ်းပဲ
ရှောင်လင်ရေ။မြန်မြန်ဆေးနီဘူး
နဲ့ ပတ်တီးသွားယူလာခဲ့။ ငါ့ရဲ့အိုင်ဒေါလေးက မြေပြင်
ပေါ်ပြုတ်ကျနေတယ်!
အားယို့..... သူပြန်နေကောင်းဖို့
ဆို ငါ့ရဲ့အနမ်းတွေကို သူလိုအပ်
နေပြီ။
လာပြီနော်....Chu...အွင်း"
ထန်းရှောင်က သူမရဲ့ခန္ဓာကိုယ်
အပေါ်ပိုင်းကို ပိုစတာတွေရှိတဲ့
နေရာဆီ ရောက်အောင်ဆန့်ထုတ်
လိုက်တယ်။
ရှောင်လင်ကတော့ ထန်းရှောင်ရဲ့
ဖီးလ်တက်နေတဲ့ အဆီတစ်ဝင်း
ဝင်းနဲ့ လူ့နှာဘူးမ မျက်နှာကြီးကို
စိတ်ပျက်လက်ပျက်ဖြင့် ကြည့်
နေလိုက်တယ်။
ထန်းရှောင်ရဲ့မျက်နှာ က
ကြော်ညာတွေထဲမှာ အလှပြရမှာ
သာမဟုတ်ရင် အခုချက်ချင်းသူမ မီးဖိုချောင်ထဲ ကနေ ဓားတစ်လက်
ကို သွားယူပြီး အစိတ်စိတ်
အမွှာအမွှာဖြစ်အောင် နွှာပစ်လောက်တယ်။
"ဒီအတိုင်း ပိုစတာလေးပဲ
မဟုတ်လား? အသာလေးကောက်လိုက်ပြီး
ဖုန်သုတ်လိုက်လေ"
ပိုစတာတွေ သူမလက်ထဲ
ရောက်လာတာနဲ့ ထန်းရှောင်ရဲ့
မျက်နှာတစ်ခုလုံး က ကမာ္ဘလောကကြီးတစ်ခုလုံး ကို
အလင်းပေးနေတဲ့ နေမင်းကြီးနဲ့
အပြိုင် စူးရှတောက်ပသွားတယ်။
စုမူကျိက တကယ့်ကို ယုံကြည်
ရတဲ့သူပဲ။ သူမကသူ့ကို မနေ့ည
က မှလိပ်စာပေးလိုက်တာကို။
အခုချက်ချင်းတောင် ပစ္စည်းက
လက်ထဲ ရောက်လာပြီ!
"နင် ဘယ်လိုလုပ်ပြီး သူ့ရဲ့
လက်ထောက်နဲ့ ချိတ်မိတာလဲ? ငါကြားတော့ မူချောင်ရဲ့
လက်ထောက်က ခွေးချေး
တောင် မစားဘူးတဲ့။
နေအုံး....သူက ဘာကို မစားတာ?
အာ...အဲဒါကို ဘယ်လိုပြောတာ
လဲ?"
ရှောင်လင် ဒီမနက်က
သူမတို့ ကုမ္ပဏီဝင်ပေါက် မှာ မူချောင်ရဲ့လက်ထောက်
တားဆီးတာ ကို ခံလိုက်ရပြီး သူမရဲ့စိတ်တွေက အခုချိန်ထိ ပုံမှန်မဟုတ်သေးဘဲ ရင်ဘတ်ထဲ
တလှပ်လှပ်နဲ့ ဖြစ်နေတုန်းပင်။
ထန်းရှောင်က သူမကို အရူးတစ်
ယောက်လိုမျိုး ကြည့်လာတယ်။
"ငါ တကယ် သိချင်တာက
နင့်ရဲ့ဒီလို ဦးနှောက်လယ်ဗယ်၊
ဗဟုသုတစကေးနဲ့ ဘယ်လိုဖြစ်ပြီး ဒီကုမ္ပဏီမှာ အလုပ်ရလာတာလဲ
ဆိုတာပဲ။တို့ဟူးလည်း မစားဘူး၊ ကျောက်ခဲလည်း မစားဘူးလို့
ပြောရတာ!!တို့ဟူးနဲ့ ကျောက်ခဲ"
{TL Note: ဒီနေရာမှာEng TL
က Soft and Hardလို့
သုံးထားပါတယ်။
Soft and Hardရဲ့အဓိပ္ပာယ်က "doesn't take soft bribes
or hard threats"ပါ။
ဆိုလိုတာက ကောင်းမွန်တဲ့
လာဘ်ထိုးတာကိုရော၊ တင်းမာတဲ့ခြိမ်းခြောက်မှုတွေ
ကိုရော လက်မခံဘူးလို့
အဓိပ္ပာယ်ရပါတယ်။ ပြောချင်တာ
က ဒီနေရာမှာ မူချောင်ရဲ့
လက်ထောက်က ဘယ်သူတွေက
ဘယ်လိုမျိုး တောင်းဆိုဆို
ခြိမ်းခြောက်ခြောက် မူချောင်နဲ့
ပတ်သက်လာရင် လုံးဝလက်သင့်
မခံဘဲ ညှိနှိုင်းလို့မရတဲ့သူ
တစ်ယောက်လို့ပြောချင်တာပါ။ အဲ့လိုလူမျိုးက ဘယ်လိုလုပ်ပြီး ထန်းရှောင်ဆီ မူချောင်ရဲ့ပိုစတာ
လက်ဆောင်ပစ္စည်းတွေပါတဲ့
အိတ်ကို လာပို့တာလဲဆိုပြီး လက်ထောက်မမရှောင်လင်က
မေးချင်တာပါ။}
သူမအော်ပြီးလိုက်တာနဲ့ နှစ်ယောက်သား တစ်ယောက်နဲ့
တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြတယ်။ သူမတို့နှစ်ယောက်လုံးရဲ့မျက်လုံး
အကြည့်ထဲမှာတော့ ခုနက သူမသုံးလိုက်တဲ့ စကားလုံးက
ဘယ်လောက်ထိ ညစ်ပတ်ပြီး
မနှစ်မြို့ဖွယ်ကောင်းလဲဆိုတာ
ကို အချင်းချင်းပြောနေကြတယ်။
"သေချာပြောစမ်းပါ။ နင်ဘယ်လိုလုပ်ပြီး အဲဒီတို့ဟူးရော ကျောက်ခဲရော မစားတဲ့
လက်ထောက်နဲ့ ချိတ်ဆက်မိ
သွားတာလဲ"
ထန်းရှောင်က မူချောင်ရဲ့ပိုစတာပုံ
တွေကို လက်နဲ့ သေချာလေး
ပွတ်သပ်လိုက်တယ်။
သူမရဲ့မျက်နှာထက်မှာတော့
ခံစားချက် အမူအရာကင်းမဲ့လို့
နေတယ်။
"Ranzhi Clanက စုမူကျိတဲ့။
နင် သေချာမှတ်ထား။ သူကငါ့ကို မူချောင်ရဲ့ပစ္စည်းတွေ
ရအောင် ကူညီပေးတဲ့အရူးပဲ။ ဒါကြောင့်မို့ အပြန်အလှန်အနေနဲ့
ငါက သူ့ကို လက်ထပ် ဖို့
သဘောတူလိုက်တယ်လေ။ သူ့ကို သွေးတိုးရောဂါရပြီး မြန်မြန်သေ
အောင်လို့"
"အို့...ဘုရားရေ! ကုမ္ပဏီက နင့်ကို အွန်လိုင်းဂိမ်းတွေဆော့ခွင့်
မပေးဘူးဆိုတာ မသိဘူးလား။ ဒါတောင်မှ နင်က ခိုးဆော့နေတဲ့
အပြင် လက်ပါထပ်အုံးမှာ?
ငါနင့်ကို အခုကတည်းကကြို
ပြောထားမယ်နော်။ နောက်ကျမှ နင်တစ်ခုခု ပြဿနာတက်လို့က
တော့ ငါက ဘေးကနေ နင်ဒုက္ခ
ရောက်နေတာကို ပျော်ပျော်ကြီးနဲ့ ထိုင်ကြည့်ပြီး လက်ခုပ် လက်ဝါးတီးပြီးကို ဂုဏ်ပြုပေး
အုံးမှာဆိုတာ"
"......."
ရှောင်လင်: "ဒါနဲ့လာမဲ့ ရက်ထဲမှာ
နင်မှာ ပွဲတက်ရမဲ့အချိန်ဇယား
တစ်ခုရှိတယ်။ သူတို့က နင့်ကို
အဲ့ပွဲမှာ တက်စေချင် နေကြတာ။ ပြီးတော့ အရေးကြီးဆုံးသတင်း
တစ်ခုက မူချောင်ကိုလည်း အဲ့ပွဲ
မှာ ဖိတ်ထားတယ်။ ဒါကြောင့်မို့ နင်အဲ့ကျရင် သေသေချာချာလေး
ဖလန်းဖလန်း ဖြစ်ချင်ရင်
အခုကတည်းက ကြိုတင်
ပြင်ဆင်ထား"
"အိုကေ။ အိုကေ။ ရတယ်။
ရတယ်!"
ထန်းရှောင်က ပိုစတာတွေကို သေချာအသေးစိတ် စကင်ဖတ်ပြီး
ကြည့်နေတယ်။ သူမရဲ့မျက်လုံးထဲမှာတော့
အနီရောင် အသည်းပွင့်ကြီးတွေက တစ်ဖိတ်ဖိတ်နဲ့ တောက်ပလျက်
အပြင်ဘက်ကို အချိန်မရွေး
ထွက်ကျလာတော့မဲ့ အတိုင်းပင်။
"ကောင်းပြီ။ နင် အဲ့နေ့ကျ
လာရင် အောက်ထပ်က သစ်သီးပန်ကိတ်တွေ ဝယ်လာဖို့ မမေ့နဲ့နော်။မေ့လာလို့ကတော့
ဒီကို မျက်နှာတောင် လာပြဖို့
မစဉ်းစားနဲ့"
ရှောင်လင်: "....."
ရှောင်လင် ပြန်သွားတာနဲ့ ထန်းရှောင်သူမရဲ့ ကွန်ပျူတာ
ကို ဖွင့်လိုက်ပြီး ဂိမ်းထဲကို
ဝင်လိုက်တယ်။
စုမူကျိလည်း လိုင်းပေါ်မှာရှိ
နေတယ်။
[Privateစကားဝိုင်း၁] သင်မှစုမူကျိထံသို့:"ကိုယ်ပိုစတာ
တွေကို ရပြီ။ ကျေးဇူး...ကျေးဇူး..
ကျေးဇူးအများကြီးတင်တယ်
သိလား! ဒါနဲ့လေ ဇနီးလေးမှာ မူချောင်ရဲ့တစ်ကိုယ်လုံး
အဝတ်မပါတဲ့ ပိုစတာတွေရှိရင်
ကိုယ့်ကို ဆက်သွယ်ဖို့ မမေ့နဲ့နော်"
[Privateစကားဝိုင်း၂] စုမူကျိမှသင့်ထံသို့: "မင်းက မျက်နှာမပါလည်း ရတယ်ပေါ့"
[Privateစကားဝိုင်း၃] သင်မှစုမူကျိထံသို့:
"ရတယ်။မျက်နှာ မပါရင်နေ။ ခန္ဓာကိုယ်တစ်ခုလုံး ကိုယ်လုံးတီး
ပုံ ဖြစ်နေရင်ရပြီ"
[Private]စုမူကျိမှသင့်ထံသို့:
"....."
ပုံမှန်လိုဆိုရင် ထန်းရှောင်က
စုမူကျိ ကို သွေးတက်အောင်လို့ ပရမ်းပတာစကားတွေပြောနေ
ကျပါ။ ဒါပေမဲ့ ဒီနေ့တော့ သူမရဲ့စိတ်အခြေအနေ က အတော်လေးကို ကောင်းမွန်
နေတာမို့ သူမမှာ သူ့ကို
နှောင့်ယှက်မဲ့ အစီအစဉ်မရှိပေ။
မြေအိုးထဲက ရွှေတုံးလေး
ပြောသလိုမျိုးပဲ။ သူမကဘာလို့ အကြောင်းပြချက် ရေရေရာရာ
မရှိဘဲနဲ့ စုမူကျိကို တစ်ချိန်လုံး
လိုက်နှောင့်ယှက်နေရမှာလဲ?
ဒီအချိန်ကနေ စပြီး နောက်ထပ်
နှစ်ရာစုပေါင်း များစွာကြာလာ
တဲ့အချိန်ကျရင် သူမတို့နှစ်ယောက်
သား လက်ချင်းတွဲပြီး အများ
ပြည်သူပိုင်တဲ့ နေရာမှာ တန်ပိုအက ကနေရင် ကနေလောက်မှာလေ။
{အေးပါ...ပြီးတာနဲ့ရှင်တို့
နှစ်ယောက်လည်းထောင်နန်းစံ
ကြပေါ့}
ဒီနေ့ရဲ့ကမာ္ဘကြီးကတော့
အရမ်းကို အေးချမ်းနေတယ်။ အကြောင်းကတော့ မနေ့ညက
အော်စကာဆုရ ဒရာမာကားရဲ့
ချာတူးလန် ဇာတ်သိမ်းပိုင်းကြောင့် အောင်ပွဲခံလိုက်ကြတဲ့ လူအုပ်ကြီး
ကသူတို့ရဲ့စွမ်းအင်တွေနဲ့
ခံနိုင်ရည်တွေ အကုန်လုံးကို တစ်ညတည်းနဲ့ တင် ဖြုန်းတီးပစ်လိုက်လို့ပါပဲ။
ဒါတင် မကသေးဘူး။ မစ်ရှင်ဆောင်ရွက်ဖို့ အတွက်
ခေါ်တဲ့လူလည်း တစ်ယောက်
မှမရှိကြဘူး။
[Clan] ထန်းရှီ: "အမြီးကိုးချောင်း
မြေခွေးကို သွားကြိတ်မဲ့သူ တစ်ယောက်ယောက်များ ရှိလား? တစ်ယောက်မှ မရှိကြဘူးလား?"
သင်္ချာချိန်မှာ ဆရာက
ကျောင်းသားတွေကို ဉာဏ်စမ်း
မေးခွန်းကောက် မေးလိုက်သလို
မျိုး အမေးသာရှိပြီး အဖြေက
ချောင်တစ်ချောင် ကနေ ပိစိ
လောက်တောင်မှ ပြန်မလာကြပေ။
[World] ထန်းရှီ: "အမြီးကိုးချောင်းမြေခွေး ကို
သွားကြိတ်မဲ့သူ တစ်ယောက်
ယောက်များ ရှိလား? တစ်ယောက်မှ
မရှိကြဘူးလား?"
ထပ်ပြီးတော့ သူမရဲ့မေးခွန်း ကို
အဖက်လုပ်ပြီး တုံ့ပြန်လာမဲ့သူ
တစ်ယောက်မှ ရှိမနေလေဘူး။ သူမပုံစံက ရေတွင်းပျက်ကြီးထဲ
ခေါင်းငိုက်စိုက်ပြီး လူရှိလားလို့
အော်မေးနေတဲ့ ငတုံးတစ်ယောက်
ပုံစံနီးပါးဖြစ်နေတယ်။
ထန်းရှောင် မျက်နှာက ပြိုတော့မဲ့
မိုးလိုမှောင်ကျလာတယ်။ သူမတို့Clanထဲ မှာ အွန်လိုင်း
ဖြစ်နေတဲ့သူတွေ သေချာပေါက်
ရှိနေပါတယ်။ပြီးတော့ ဆာဗာထဲ
မှာဆို လူတွေအများကြီးရှိနေ
လိုက်ကြသေးတယ်။
ဒါကိုဘာလို့ သူမပြောနေတာကို
တစ်ယောက်မှ အဖက်မလုပ်ကြ
တာလဲ။
[World] ထန်းရှီ: "အကုန်သေကုန်ကြပြီလား?!"
[World] ထန်းရှီ: "ဇနီးလေး?"
[World] စုမူကျိ: "ဘာလဲ?"
[World]မိန်းမလှငါးရာဝန်းရံနေ
တဲ့နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "ငါ့နှလုံးသားလေး ပုရွက်ဆိတ်
ကိုက်သွားပြီ"
[Worldစကားဝိုင်း၁] မြေအိုးထဲကရွှေတုံးလေး:
"ငါ တကယ်ပဲ ဒီအချိန်မှာ အချစ်
သီချင်း ရိုရိုလေးကို ဆိုရင်းနဲ့ ကောင်းကင်မှာ မီးရှူးမီးပန်းတွေ
ဖောက်လိုက်ပြီး ကြည့်ချင်တာ"
[Worldစကားဝိုင်း၂] ဒီအရှင်မင်းကြီးကထပ်ပြီး
မရူးတော့ဘူးကွယ်:"အမှိုက်တွေနဲ့ ပြည့်နေတဲ့ မြို့ပြထဲမှာတော့ ငါ့ရဲ့နှလုံးသားလေးက မြောင်းထဲ
မှာ ပိတ်ပြီး ကျန်နေခဲ့တဲ့ ကွာစိအခွံလေးလိုပဲ။ အချစ်နဲ့ အတူလိုက်ပါ စီးမြောချင်
ပေမဲ့ ရေဆိုးမြောင်းထဲမှာပဲ
ပိတ်ပြီး ကျန်နေခဲ့တော့တယ်"
[Worldစကားဝိုင်း၃] ခွဲခွာခြင်းတေးသံ: "တစ်ကြိမ်
တစ်ခါက မိုးနဲ့လေပြင်းမုန်တိုင်း
တွေကြားမှာ လမ်းပျောက်သွားခဲ့
တုန်းက အထီးကျန်မှု ဆိုတဲ့ အရာ လေးကို ငါချစ်မိသွားခဲ့တယ်"
[Worldစကားဝိုင်း၄] ရွှေရောင်နေ့ရက်လေးများ: "ရှည်လျားလှတဲ့ ညတာထဲက ကြယ်တွေစုံနေတဲ့ ကောင်းကင်ကြီး
ကို မော့ကြည့်လိုက်တာနဲ့ အရာအားလုံးညှိုးမိုင်း ခြောက်သွေ့သွားသလိုပဲ"
[World] စုမူကျိ: "......"
[Worldစကားဝိုင်း၅] ထန်းရှီ: "မင်းတို့ကောင်တွေ အကုန်လုံး
ဘာဖြစ်နေကြတာလဲ! အကုန်လုံး ဝက်ရူးပြန်သွားကြတာလား?
ငါ ရောက်နေတဲ့နေရာက အရူးဆေးရုံလည်း မဟုတ်ပါဘူး"
[Worldစကားဝိုင်း၆] ဒီအရှင်မင်းကြီးကထပ်ပြီးမရူး
တော့ဘူးကွယ်:"ဒီအရှင်မင်းကြီး
က ဒီထက်ပိုပြီးလည်း မရူးနိုင်တော့
ပါဘူးကွယ်။ ဒါပေမဲ့
မင်းတို့နှစ်ကောင် လက်ချက်နဲ့ ငါရဲ့စိတ်အခြေအနေက အခု
ထက်ထိ မတည်ငြိမ်နိုင်သေးဘူး။ ငါအစတုန်းက ထင်ခဲ့တာ မင်းက စုမူကျိကို လက်ထပ်ခွင့်တောင်း
တာက နောက်နေတာပေါ့။ ဒါပေမဲ့ ဘယ်သူက သိမှာလဲ။ စုမူကျိက လက်ထပ်ခွင့်ကို တကယ်ကြီး
လက်ခံလိုက်ပြီး သူလည်း
လက်ခံပြီးပြီးချင်းမှာ ပဲ မင်းက
မင်္ဂလာဆောင် ကနေ ထွက်ပြေး
သွားတယ်လေ"
[Worldစကားဝိုင်း၇] ဒီအရှင်မင်းကြီးကထပ်ပြီး
မရူးတော့ဘူးကွယ်: "မင်းလည်း ထွက်ပြေးတော့ စုမူကျိက
လက်ထပ်ပွဲကို ဖိအားပေးပြီး
လုပ်တော့ရော။ ဖိအားပေး လက်ထပ်ပွဲကြောင့် မို့ မင်းလည်း သံဝေဂတွေ တစ်သီတစ်တန်းကြီး
ရပြီး နေကြာသိုင်း ကျင့်တော့မယ်
ဆိုပြီး အဖိုးတန် သင်္ဘောပဲ့ကိုင်ကြီး
ကို ချိုးပစ်လိုက်တော့ရော။
ဘယ်သူက ထင်ထားမှာလဲ
အဲ့မှာတင် စုမူကျိက ဒီတစ်ခါတော့ ပဲ့ကိုင်တဲ့သူ ဖြစ်ရမယ်ကွ ဆိုပြီး တက်မနှစ်ခု ကိုင်ပြီး သင်္ဘောကြီး
ကို ပေါ် ပေါ့် ပေါ်..ဆိုပြီး တက်မောင်းလိုက်ပါ လေရောဗျာ။
ဒါနဲ့ တစ်ခန်းပြတ်တော့မှာလား
ဟ ဆိုပြီး ထင်နေကြတုန်း မင်းတို့နှစ်ယောက်က တကယ်ကြီး လက်ထပ်လိုက်ကြ ပါလေရော။
ဒါတင် မကဘူး။လက်ထပ်ပွဲကို
လည်း ငါတို့တွေအားလုံးကို
ပြေးလမ်း တစ်ဝက်ရောက်မှ
အမောဆို့သေအောင် ဆိုပြီး
မသိအောင် တိတ်တိတ်လေး
လက်ထပ်လိုက်ကြပါလေရော....
အဲဒါနဲ့ ငါတို့တွေလည်း______"
{တော်ပါတော့။ အရှင်မင်းကြီးများ
လေများချက်😑}
[World] ထန်းရှီ: "......."
[Worldစကားဝိုင်း၈] မြေအိုးထဲကရွှေတုံးလေး:
"ကိုယ့်ရဲ့ ဘယ်ဘက်လက်.နဲ့
ညာဘက်လက် အတိုင်းလိုက်
လုပ်ကြည့်နော်။ ဖြေးဖြေးလေး လုပ်ကြည့်နော်။ ဘယ်ညာ...
ဘယ်ညာ တစ်ဆင့်ချင်းစီ...
ဘယ်ညာဘယ်ညာ"
[Worldစကားဝိုင်း၉] ခွဲခွာခြင်းတေးသံ:
"အို့....မင်းလည်း အဲ့သီချင်းကို
ကြိုက်တယ်လား။ ငါနဲ့အတူ
ချစ်ကြည့်မလား"
[Worldစကားဝိုင်း၁၀] မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: "ထန်းရှီလေး နဲ့ စုမူကျိတောင်မှ မထင်မှတ်ထားတာကို လုပ်ပြသွား
တာပဲ။ ဒါကြောင့်မို့ ဒီကမာ္ဘမှာ
မဖြစ်နိုင်တဲ့အရာမျိုး မရှိဘူး
ဆိုတာသိကြပြီလား။
တကယ်တော့ အချစ်ဆိုတာ အချစ်ပဲကို....ဟားဟားဟား"
ထန်းရှောင် ဝက်ရူးပြန်နေကြတဲ့
အုပ်စုနဲ့လိုက်ပြီး အပြိုင်
စိတ်မဖောက်ချင်တာကြောင့် သူမ လက်လုပ်စ အရာကိုပဲ ဆက်လုပ်ဖို့
ဆုံးဖြတ်လိုက်တယ်။
သူမ နောက်ထပ်တစ်ကြိမ်
မွန်းစတားတွေကို သတ်မဲ့သူရှိ
လား လို့မေးလိုက်ပေမဲ့
ဘယ်သူကမှ ပြန်မဖြေကြပြန်ဘူး။ ဒါကြောင့်မို့လို့ သူမလည်း
တောအုပ်နယ်မြေထဲ ကို သွားပြီး
အပျော်အနေနဲ့ လူတွေကို လိုက်
သတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
မနေ့တုန်းက လွန်လွန်ကဲကဲ
စိတ်လှုပ်ရှားမှုရဲ့ အကျိုးဆက်
အနေနဲ့ တောအုပ်နယ်မြေထဲမှာ
လည်း လူများများစားစားရှိ
မနေကြပေ။
Account သေးသေးလေး
အနည်းငယ်သာလျှင်
မွန်းစတားတွေ ကို တိုက်နေကြ
တယ်။
[လက်ရှိ] ထန်းရှီ: "အားယို့....ဘယ်လောက်တောင်
တိုက်ဆိုင်လိုက်လဲ"
ရွှေရောင်နေ့ရက်လေးများ က
သူမကို တစ်ချက်တောင်လှည့်
မကြည့်လာဘဲ မွန်းစတားတွေ ကို ဖြည်းဖြည်းချင်း ဆက်တိုက်
နေတယ်။
ထန်းရှောင်"အစုလိုက်အပြုံလိုက်
ဖျက်စီးခြင်းမန္တန်" ကို စတင်လိုက်
ပြီး အေးခဲခြင်းမန္တန် နဲ့ လှုပ်စိလှုပ်စိ
တိုက်နေကြတဲ့ အုပ်စု တစ်ခုလုံး
ကို အေးခဲပစ်လိုက်တယ်။
သူတို့တွေ တိုက်နေကြတဲ့
မွန်းစတား တစ်ချို့ကတော့
ထွက်ပြေးသွားကြတယ်။
ပြင်းထန်လှတဲ့ စွမ်းအားကြောင့် လူသစ်အုပ်စုလေးခမျာ မြေပြင်
ပေါ် ကိုယ်စီ အတုံးအရုံးလဲကျ
ကာ အသက်ထွက်သွားကြတယ်။ ရွှေရောင်နေ့ရက်လေးများ ရဲ့ ခုခံကာကွယ်နိုင်စွမ်း က အလွန်မြင့်မားတာကြောင့် မန္တန်ရဲ့ပြင်းအားက သူ့ကို
နည်းနည်းလေးတောင် မှ
သက်ရောက်မှု မဖြစ်စေပေ။
[လက်ရှိ] ထန်းရှီ:
"အဲဒါက ငါ မဟုတ်ဘူးနော်"
[လက်ရှိ] ရွှေရောင်နေ့ရက်လေး
များ: "အမှိုက်ကောင်"
[လက်ရှိ] ထန်းရှီ: "အားယို့....ပြောရက်လိုက်တာ"
သူမတို့နှစ်ယောက် စကားပြော
နေကြတုန်း စုမူကျိက စုံတွဲskill
တွေထဲက တယ်လီပို့တ်စကေးကို
သုံးပြီး သူမအနားကို ရောက်လာ
တယ်။
SRမှာ ဆိုရင် လက်ထပ်ပြီးသား
စုံတွဲတွေ အသုံးပြုနိုင်တဲ့ Skill
နှစ်မျိုး ရှိတယ်။
ပထမတစ်ခုက တစ်ယောက်နဲ့
တစ်ယောက် အဝေးတစ်နေရာ
ဆီမှာ ရှိနေကြရင်
တခြားတစ်ယောက် ရှိရာ ဆီကို
အချိန်မရွေး ရောက်နိုင်တဲ့
တယ်လီပို့ စကေးနဲ့
နောက်တစ်ခု ကတော့ စုံတွဲထဲက
တစ်ယောက် ဒုက္ခရောက်နေရင် တခြားတစ်ယောက် က ကူညီ ကုသပေးနိုင်တဲ့ Skillဆိုပြီး
နှစ်မျိုးရှိတယ်။
[လက်ရှိ] စုမူကျိ:"ထန်းရှီလေး။
ငါ မျက်တောင် တစ်ချက်ခတ်
လိုက်တဲ့ အချိန်အတွင်းမှာပဲ မင်းပျောက်သွားပြီး တစ်နေရာမှာ
ပြဿနာရှာ လိုက်ပြန်ပြီလား"
[လက်ရှိ] ထန်းရှီ: "ကောင်းပါပြီ။
ကိုယ် အရှုံးပေးတယ် ဟုတ်ပြီလား။ ကိုယ် သွားလိုက်အုံး မယ်နော်။ မင်းတို့ဘာသာပဲ ဆော့ပြီးနေခဲ့
တော့"
ထွက်သွားရမယ်? ဟ့....ရယ်ဖို့ကောင်းလိုက်တာ။
သူမက ဘာလို့ ဒီအတိုင်းလေး ထွက်သွားရမှာလဲ။
ထန်းရှီ တောအုပ် နယ်မြေတစ်ခု
လုံးအနှံ့ လျှောက်သွားနေလိုက်
တယ်။ ဒီနှုန်းနဲ့ လျှောက်သွားနေပုံ
ဆို အမြီးကိုးချောင်းမြေခွေး ကို
တွေ့ဖို့ အချိန်တန်နေပြီ
မဟုတ်လား။
ဒီကမာ္ဘရဲ့ အကြမ်းဆုံး"Boss"
လို့ပြောကြတဲ့ အမြီးကိုးချောင်း
မြေခွေး က သူ့ရဲ့ ခန္ဓာကိုယ်
အစစ်ကို ပြလေ့မရှိဘဲ
အတုအယောင် ခန္ဓာကိုယ်ခွဲတွေ နဲ့
ခုခံတိုက်ခိုက်သူတွေ ကို လှည့်စား
ထားတယ်။
ဒါပေမဲ့ ဒီမစ်ရှစ်ကို ပြီးမြောက်ချင်
ရင်တော့ တကယ့်မြေခွေးခန္ဓာ
ကိုယ်အစစ်ကို သတ်နိုင်မှဘဲ
ရလိမ့်မယ်။
ထန်းရှောင် လျှပ်စီးဓားပျံ ကို
စီးရင်းနဲ့ တောအုပ်တစ်ပတ်ပတ်
နေတုန်း နောက်ဆုံးမှာတော့ ချောင်တစ်ချောင်မှာ ရှိနေတဲ့
မြေခွေးကို ရှာတွေ့သွားတယ်။
သူမ မြေခွေးရှိနေတဲ့ နေရာဆီ
အလျှင်မမြန်ဘဲ သင့်တော်တဲ့
အရှိန်နဲ့ ပျံသွားပြီး ပေါက်ကွဲဗုံး
တစ်လုံးနဲ့ ပစ်လိုက်တယ်။
သူမ ပစ်လိုက်တဲ့ ဗုံးကြောင့်
အမြီးကိုးချောင်း မြေခွေး က
ရူးရူးရှဲရှဲ ဖြစ်သွားကာ
ဟိန်းဟောက်လိုက်ပြီး
သူမရှိရာ ဆီသို့ တရှိန်ထိုး
ပြေးလာတော့တယ်။
ဂါး...အမယ်လေး....!!!!!!!
ကြောက်ဖုတ် ကောင်းလိုက်တာ။ နောက်ကျတဲ့ခြေထောက်
သစ္စာဖောက်ပဲ!
ထန်းရှီအမောတကောနဲ့ တင်ပါးနဲ့ဖနောင့် တစ်သားတည်း
ကျတဲ့ အထိ ထွက်ပြေးတော့
တယ်။
သူမမှာ ကြောက်အားလန့်အားနဲ့
တောအုပ်တစ်ခုလုံး ကို ဝိုင်းကြီး ပတ်ပတ်ဒူဝေဝေ လုပ်ကာ
ပတ်ပြေးနေတာကြောင့် သူမ ပြေးရာလမ်းကြောင်း စက်ဝန်း
အတွင်းမှာရှိတဲ့ ကစားသမားတွေ
အကုန်လုံးမှာ မြေခွေးလက်ချက်
မိပြီး ကောင်းကင်ဘုံ ဆီကြွသွား
ကြရှာတယ်။
သူမ နေ့တစ်ဝက်လောက်
ပတ်ပြေးပြီး တဲ့နောက်မှာတော့ စုမူကျိနဲ့သူ့ရဲ့အုပ်စု က သူမ
အရင်က ထွက်လာတဲ့နေရာမှာ ပဲ မွန်းစတားတွေကို တိုက်နေတုန်း
ရှိတာကို မြင်လိုက်ရတယ်။
[လက်ရှိ]ရွှေရောင်နေ့ရက်လေး
များ: "လခွမ်းဘဲ! မင်းမတိုက်နိုင်
ဘူးဆိုရင် လည်း ဘာလို့သူများ
အမြီးကိုဆွဲပြီး တက်နင်းလာတာ
လဲ? မျက်နှာပြောင်ပြီး အရှက်မဲ့
လိုက်တာ!"
[လက်ရှိ] ထန်းရှီ: "မင်းဒါကို ဘယ်လိုလုပ်ပြီး မျက်နှာပြောင်ပြီး
အရှက်မဲ့တယ် လို့ခေါ် လိုက်တာ
လဲ?"
ထန်းရှီရဲ့ ကျွမ်းကျင်မှုစကေး က အလွန်ကို ပါးနပ်ပြီး အရည်အချင်း
ရှိတယ်လို့ ပြောရမယ်။
သူမကို နှိုင်းပြီးပြောရမယ် ဆိုရင် လက်ထဲကနေ ချော်ချော်ထွက်
နေတဲ့ ငါးရှဉ့်လိုပဲ။ သူမကို
လက်ဆုပ် လက်ကိုင်မိပြီလို့
ထင်လိုက်ပေမဲ့ ဘယ်တော့မှ
အရမဖမ်းနိုင်ဘဲ တစ်ချောင်
ချောင်ကနေ လွတ်လွတ်ထွက်
နေသလိုမျိုး။
ထန်းရှီက သူများကို ခြင်
တစ်ကောင် ရိုက်သတ်သလိုမျိုး
လောက်တောင် အရာထင်အောင်
မတိုက်န်ိုင်ပေမဲ့ တစ်ဖက်က
တိုက်လာတဲ့ ရိုက်ချက်တွေကို
တော့ အကွက်ပေါင်းစုံပြကာ
ကောင်းကောင်းရှောင်တိမ်းနိုင်
တယ်။
ဒါပေမဲ့ သူမဘေးနားက တစ်ခြား
သူတွေ ကတော့ အဲလိုမျိုးမလုပ်
နိုင်ကြဘူး။
အနီးအနား တစ်ဝိုက်မှာ ရှိနေတဲ့ လူသစ်လေးတွေ အကုန်လုံးက
တော့ မြေကြီးပေါ် ဆန့့်ဆန့်ကြီး
တွေ နှစ်ပါးသွားနေကြပြီး ရွှေရောင်နေ့ရက်လေးများ
တောင် မြေခွေးရဲ့လက်သည်း
ကုပ်ချက်အောက်မှာ တစ်ချက်
တည်းနဲ့ ဇာတ်သိမ်းသွားတယ်။
စုမူကျိက အကူအညီခေါ်နေရင်း
တစ်ဖက်ကလည်း အမြီးကိုးချောင်းမြေခွေးရဲ့
တိုက်ခိုက်မှုတွေ ကို ရှောင်လိုက်
တိမ်းလိုက်နဲ့ ခုခံတိုက်ခိုက်နေ
တယ်။
စက္ကန့်သုံးဆယ်လောက်ကြာပြီး
နောက်မှာ အမြီးကိုးချောင်း
မြေခွေးက အကူအညီခေါ်သူတွေ
တစ်ယောက်မှ ရောက်မလာသေး
ခင် ကြီးမားပြင်းထန်တဲ့ အကွက်
နဲ့ တိုက်ခိုက်လိုက်တာကြောင့် ထန်းရှီရော စုမူကျိပါ
နှစ်ယောက်လုံး အတုံးအရုန်း
လဲကျသွားပြီး ကြယ်မြင်လမြင်
ဖြစ်သွားကြတော့တယ်။
[လက်ရှိ] ထန်းရှီ: "ဇနီးလေး? သေတော့မှာလား? လာ...မြန်မြန်! ကိုယ့်လက်ကို တင်းတင်းဆုပ်ကိုင်
ထားလိုက်။ ဒါမှတပ်ကူတွေ ရောက်လာတဲ့ အခါကျရင်
ကိုယ်တို့နှစ်ယောက် ကို လင်မယား
မှန်း သိကြမှာ"
[လက်ရှိ] စုမူကျိ: "......"
#4606 words
#Ive Latte (mm)
Weekly: 9:00Pm
Monday & Thursday
-------------------------------------------
စုမူကျိ က Male Playerဖြစ်
သွားပြီမို့ရှေ့လျှောက် "သူ"ဆိုတဲ့
အသုံးအနှုန်းနဲ့ပြောင်းသုံးသွား
ပါမယ်နော်။
"Big Spoiler"🍁
Iveတို့မမနဲ့ သူ့မရဲ့ကမာ္ဘကြီး
မူချောင်က
Ch 8လောက်ကျမှ အပြင်မှာ
နှစ်ယောက်သား တကယ်
တွေ့ကြမှာနော်။
မူချောင်က မမထန်းရှောင် ကို
ဂိမ်းထဲက သူ့ရဲ့အရှက်မရှိတဲ့
မိန်းမမှန်း အစကတည်းက
သိနေပါတယ်။
ကိုယ်တို့မမက သာမသိဘဲ အပြင်
မှာ ကြာပန်းဖြူလေးလို နေပြီး
ဂိမ်းထဲမှာ အသေဖြဲတာ။
ဒီNovelလေးက အရမ်းရီရပြီး
စိတ်ဝင်စားစရာလည်း ကောင်း
တာမို့ အားလုံးလည်း ကြိုက်
နှစ်သက်ဖို့ မျှော်လင့်ပါတယ်။
***********************