ငါတို့ မိသားစုရဲ့ အိုမီဂါလေး...

By Fiery_Floria

279K 40K 1.8K

Associated Title - [家有Omega初长成] / [My Family's Omega Has Just Grown Up] Author- 秋千在时 (Qiu Qian Zai Shi) Chapt... More

Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chaper 24 [Part 1]
Chapter 24 [Part 2]
Chapter 24 [Part 3]
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
ဖတ်ပေးပါ><
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41 (Part 1)
Chapter 41 (Part 2)
Chapter 42
Chapter 43
Chapter 44
Chapter 45

Chapter 1

38.5K 2K 49
By Fiery_Floria

Scroll down for Zawgyi^^

(Unicode)
"ထုန်မိသားစုရဲ့ သားအငယ်ဆုံးလေးက omega တဲ့။ အဲ့ကောင်လေးက လူမှုဆက်ဆံရေးကောင်းပြီး အရည်အချင်းရှိတယ်လို့လည်း ကြားတယ်။
နည်းနည်းလေး ငယ်ပေမဲ့ တော်တော်လေးကို စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်ဆိုပဲ.... အမေကတော့ အဲ့ကလေးက မင်းအတွက် အရမ်းသင့်တော်တယ်လို့ ထင်တယ်"

လင်ယွဲ့ဟွာက ထူးထူးခြားခြား ကျိုးရှန့်မင်ကို သူ့ဆီလာဖို့ခေါ်ကာ ရှည်လျားသည့် စကားဝိုင်းကို ဦးဆောင်ပြီးနောက် နောက်ဆုံးမှာတော့ သူပြောချင်နေတဲ့ အဓိက လိုရင်းကိုပြောလိုက်သည်။

"မင်းကငယ်တော့တာလည်းမဟုတ်ဘူး အမေလည်း မင်းကို ကူညီစီစဉ်ပေးနိုင်မှာမဟုတ်တော့ဘူးလေ၊ တစ်သက်လုံး မင်းရဲ့အလုပ်ကိုပဲ လက်ထပ်ပြီးနေသွားလို့မှ မရတာ မဟုတ်ဘူးလား"

ကျောင်းပြီး ဘွဲ့ရပြီးလို့ အလုပ်ခွင်ဝင်နေတာဖြင့် ဘယ်နှနှစ်တောင်ရှိနေပြီလဲ၊ သူ့အမေက သူ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ တစ်ခါမှ ဝင်မပါဖူးဘူးလေ။ ကျိုးရှန့်မင် ခေတ္တတုန့်ဆိုင်းသွား ပြီး အမေဖြစ်သူကိုမေးလိုက်သည်။

"အမေက ကျွန်တော် နောက်ကျမှ အိမ်ထောင်ကျမှာကို စိတ်ရင်းနဲ့စိုးရိမ်နေတာလား ဒါမှမဟုတ် ဒီတိုင်း ထုန်မိသားစုက တစ်ယောက်ယောက်နဲ့ ကျွန်တော့်ကို လက်ထပ်စေချင်နေတာလား"

သူတို့သားအမိနှစ်ယောက်က ပွင့်လင်းကြသည်ပင်ဖြစ်ရာ လင်ယွဲ့ဟွာသည် ကွေ့ဝိုက်မနေတော့ပဲ ရှင်းရှင်းလင်းလင်း ပြောချလိုက်တော့သည်။

"ထုန်မိသားစုကတစ်ယောက်ယောက်နဲ့ မင်းက သေချာပေါက်ကို လက်ထပ်ရမှာပဲ ဒါပေမဲ့ မင်းက အိမ်ထောင်မပြုဖြစ်ပဲ တစ်သက်လုံး လူပျိုကြီးဖြစ်သွားမှာကိုလည်း အမေစိတ်ပူတယ်လေ။ တကယ်လို့ မင်းသာ ထုန်ရန့်ကို လက်ထပ်ယူလိုက်ရင် ကိစ္စနှစ်ခုလုံးကို အမေစိုးရိမ်နေစရာမလိုတော့ဘူးပေါ့"

ကျိုးရှန့်မင်ရဲ့ အဖေဖြစ်သူ ကျိုးကျန့်သျဲသည် အနုပညာကို နှစ်သက်ခုံမင်သူဖြစ်ပြီး စီးပွားရေးလုပ်ကိုင်ခြင်းသည် ဘယ်တုန်းကမှ သူ့နှလုံးသားထဲတွင်နေရာမရှိခဲ့ပေ။ သို့သော် သူ၏ မျိုးဆက်တွင်မူကား သူသည် တစ်ဦးတည်းသော အမျိုးသား Alpha ဖြစ်ခဲ့သောကြောင့် နောက်ဆုံးတွင်မူ တွန့်ဆုတ်စွာဖြင့်ပင် မိသားစုပိုင်စီးပွားရေးလုပ်ငန်းများကို လက်လွှဲယူခဲ့ရသည်။ သူ့အသက် ၂၅နှစ်တွင် လင်ယွဲ့ဟွာနှင့် လက်ထပ်ပြီးနောက် အိမ်ထောင်စုကိစ္စအဝဝကို လင်ယွဲ့ဟွာထံသို့ အကုန်အပ်၍ သူကိုယ်တိုင်ကမူ လုပ်ငန်းဆိုင်ရာကိစ္စများကို ဆက်လက်မတွေးတော မလုပ်ကိုင်တော့ပါချေ။

ကျိုးမိသားစု၏ လုပ်ငန်းအများစုသည် စက်မှုလုပ်ငန်းများတွင် အခြေစိုက်သည့်တိုင် ကျိုးကျန့်မင်ကမူ လူမှု securities ဆိုင်ရာ ကိစ္စများတွင်သာ အမြဲတမ်း စိတ်ဝင်စားခဲ့သည်ပင်။ ဘွဲ့ရပြီးနောက်ပိုင်း ကိုယ်ပိုင်စီးပွားရေးကိုစတင်ခဲ့သဖြင့် စင်စစ်ဆိုရလျှင် ဘဏ္ဍာရေး မဂ္ဂဇင်းများကိုသာ စောင့်ကြည့်နေသည့် သုသေသီများထက်စာလျှင် သူသည် အိမ်၌ထိုင်နေရင်းကပင် ဤသို့သောအခြေအနေများကို ပို၍တိတိကျကျသိသည်။

"လက်ထပ်ဖို့ကမဖြစ်မနေလိုအပ်လို့လား"

သူကြိုက်သည် မကြိုက်သည်ကိုအသာထား၊ ကျိုးရှန့်မင်ကတော့ အဲ့ဒါက မဖြစ်မနေ လိုအပ်နေသည်ဟု မထင်မိ။

"မြို့တော်နဲ့ပက်သက်ပြီး ပြဿနာတစ်ခုခုရှိနေတယ်ဆိုရင် ကျွန်တော်ဖြေရှင်းပေးနိုင် ...."

"ပိုက်ဆံလိုအပ်နေလို့မဟုတ်ပါဘူး"

လင်ယွဲ့ဟွာက အနည်းငယ် ညီးညူဟန်ဖြင့်ပြောသည်။

"အိမ်မှာလဲ ဘာမှဖြစ်မနေပါဘူး၊ အဲ့ဒါက ဒီတိုင်း ..... မင်း ရုန်ရှင်းဈေးဝယ်စင်တာနဲ့ လုံရှန်းမြစ်နဲ့ ပက်သက်တဲ့ ဆောက်လုပ်ရေးသဘောတူညီချက်စာချုပ် ဖတ်ပြီးပြီလား"

ကျိုးရှန့်မင်သည် စက်မှုလုပ်ငန်းများတွင် စိတ်မဝင်စားသည့်တိုင် ထိုသို့သတင်းမျိုးများကိုတော့ သူ အာရုံစိုက်ဖြစ်သည်။

"အင်း ကျွန်တော်တွေ့လိုက်တယ်၊ အမေက အဲ့ ပရောဂျက်ကို လေလံဆွဲနိုင်ဖို့ ထုန်မိသားစုနဲ့ ပူးပေါင်းမလို့လား"

လုံရှန်းမြစ်၏အကျယ်ကို ထည့်ပြောရန်မလိုသော်လည်း ရုန်ရှင်း ဈေးဝယ်စင်တာသည် မြို့တော်၏ အဓိကမြို့လည်ခေါင်တွင်တည်ရှိပြီး ထိုနေရာ၏ လေးပုံတစ်ပုံ အကျယ်အဝန်းရှိရုံသာမက စီးပွားရေးလုပ်ငန်းအများစုရှိသည့် လမ်းနှစ်သွယ်၏ကြား၌ တည်ရှိပေရာ အလွန်မြင့်သော ဈေးသည်ပင် ထိုနေရာကိုဖော်ပြရန် လုံလောက်လိမ့်မည်မဟုတ်ချေ။
အကယ်၍ လုပ်ငန်းစုနှစ်စုက အဲ့ဒါကိုရသွားခဲ့လျှင် ၎င်းအပေါ် လူအများ၏စိတ်ဝင်စားမှုသည် သာမန်လူများထံမှပင် သိသိသာသာ ရလာနိုင်သည်မှာ အမှန်ဖြစ်သည်။

ဤစီးပွားရေးလုပ်ငန်းစုလောကတွင် လုပ်ငန်းစုများ၏ သားပျိုသမီးပျိုများကို ထိမ်းမြှားပေးခြင်းဖြင့် မကြာခဏ အချင်းချင်းအကျိုးတူပေါင်းစပ်ရန် လုပ်ဆောင်ကြပေသည်။ ထို့ကြောင့် ဤလောကရှိမိသားစုတွင် မွေးဖွားလာသူ တစ်ယောက်အနေဖြင့် ဤကိစ္စမျိုးကို သတိမပြုနိုင်လောက်သည်မှာ မဖြစ်နိုင်သော အကြောင်းတရားဖြစ်သည်။ ဒါမျိုးက သူတို့အတွက်ထူးဆန်းနေတာမှမဟုတ်ဘဲ။

ထို့အပြင် ဤသို့သော လက်ထပ်ခြင်းများ၏ တည်ရှိနေမှုကလည်း ဒါပဲပင်ဖြစ်သည်။ ပူးပေါင်းခြင်းကြောင့်နှစ်ဦးနှစ်ဘက် အကျိုးရှိလက်ထပ်ထားသော ဤလက်ထပ်ခြင်းက ကြာကြာတည်မြဲလေလေ ပရောဂျက်၏ ရှယ်ယာရှင်များက သေချာမှုကိုခံစားရလေလေဖြစ်သည်။ ရှယ်ယာရှင်များက သေချာလေလေ စီအီးအိုများက ယုံကြည်မှုရှိလေလေပင် ဖြစ်သည်။

ကျိုးရှန့်မင်သည် မဝေးလှသောအနာဂတ်တွင် အိမ်ထောင်ပြုရန် အစီအစဉ်မရှိသေးချေ။ အရှင်းဆုံးပြောရလျှင် သူ့အိမ်ထောင်ဖက် ဖူးစာရှင်သည် ဤကမ္ဘာ၏ ဘယ်အစွန်အဖျားတွင်ရှိနေမှန်းတောင် သူမသိပေ။ လင်ယွဲ့ဟွာက ဒီအကြောင်းကို ပြောလာမှတော့ သူ တုန့်ဆိုင်းမနေပဲ တိုတိုတုတ်တုတ်သာဖြေလိုက်သည်။

"ကောင်းပြီ ကျွန်တော်လက်ခံပါတယ်"

ကျိုးရှန့်မင်က လက်ထပ်ရန်သဘောတူလိုက်သော်လည်း လင်ယွဲ့ဟွာသည် စိတ်လက်ပေါ့ပါးသွားဟန်မပေါ်သေးချေ။

"အမေ မင်းနဲ့တိုင်ပင်စရာနောက်တစ်ခုရှိသေးတယ်"

လင်ယွဲ့ဟွာက သူ ကိုင်ထားသော လက်ဖက်ရည်ခွက်ကို တစ်ချက် တင်းနေအောင် ဆုပ်ကိုင်လိုက်ရင်းပြောသည်။
ဒီကိစ္စက ထင်ထားသည်ထက် စကားစဖို့ခက်နေသည်။
သားဖြစ်သူကို အိမ်ထောင်ပြုရန်တိုက်တွန်းစဉ်ကပင် သားအမိအချင်းချင်းမို့ သူမျက်နှာမပူမိချေ။

"ပြောလေ"

ကျိုးရှန့်မင်က စကားစပေးလိုက်သည်။

"ဒီလိုကွယ် အမေပြောတာနားထောင်၊ ထုန်မိသားစုရဲ့ သားငယ်လေးက ဒီနှစ် ၁၈နှစ်ပြည့်မှာ အထက်တန်းနောက်ဆုံးနှစ်ပေါ့။ ဒီစာသင်နှစ်မှာ တစ်ကျောင်းလုံး အဆင့် ၃တောင်ဝင်တယ်လို့ကြား …"

"ဒါကိုကျွန်တော်သိပါတယ်၊ လိုရင်းကိုသာပြောပါ"

ကျိုးရှန့်မင်က ဖြတ်ပြောလိုက်သည်။

"သူ ... သူက ကျန်းမာရေးသိပ်မကောင်းဘူး တဲ့"

လင်ယွဲ့ဟွာက တိုးတိုးသာသာပြောလိုက်သည်။

"မင်းလည်းသိမှာပါ ထုန်အိမ်တော် သခင်မက စောစောစီးစီးကွယ်လွန်သွားတာလေ၊ မိသားစုမှာ ကျန်ခဲ့တဲ့ ယောကျ်ားသားတွေကလည်း သူ့အဖေနဲ့ အစ်ကိုပဲရှိတာ၊ ဒါ့အပြင် သူ့အစ်ကိုက Beta တစ်ယောက်။ အဖေဖြစ်သူရော အစ်ကိုဖြစ်သူရောက Omega တစ်ယောက်ကို ဘယ်လိုစောင့်ရှောက်ရမလဲ ကောင်းကောင်းသိကြတာမဟုတ်ဘူး၊ ပြီးတော့ အမေကြားတာကတော့ ကောင်လေး ပထမဆုံး estrus ကာလတုန်းက ထိခိုက်မိထားတယ်တဲ့၊ အဲ့ဒါကြောင့် ကျောင်းတောင်တစ်နှစ်နားလိုက်ရသေးတယ်။ အခုတော့ အပြင်ထွက်တိုင်း isolation patch ကပ်နေရတယ်တဲ့"

လင်ယွဲ့ဟွာက စကားအရှည်ကြီးကို ဝေဝေဝါးဝါး အကြမ်းဖျင်းသိရုံပြောလိုက်သည်။ သို့သော် ကျိုးရှန့်မင်ကမူ ပထမဆုံးကျောင်းတတ်သည့်နေ့ကပင် AO biology နဲ့ပက်သက်၍ သိသင့်သိထိုက်သည်များကို သင်ထားရသူဖြစ်လေရာ မိခင်ဖြစ်သူ ဆိုလိုချင်သည်ကို ချက်ချင်းပင် နားလည်လိုက်သည်။

"Pheromone stress disorder လား"

လင်ယွဲ့ဟွာက ခေါင်းညိတ်သည်။

Pheromone stress disorder သည် omega များကြားတွင် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်သည်။ ဖြစ်ရန်လွယ်ကူပြီး ကုသရန်လည်း မခက်ခဲပေ။
Omega များသည် ၎င်းတို့ အစဉ်အဆက် မျိုးရိုးအရ သိမ်မွေ့၍ ကာကွယ်ပေးမှုကို လိုအပ်ကြသည်။ estrus ဖြစ်ချိန်တွင် ဂရုမစိုက်မိပါက၊ အထူးသဖြင့် ပထမဆုံး estrus ဖြစ်ချိန်တွင် ဂရုမစိုက်ပဲ ပေါ့ပေါ့နေမိပါက နောက်ပိုင်းတွင် သူတို့သည် alpha များ၏ pheromone များကို လိုအပ်သည်ထက်ပို၍ အထိခိုက်မခံနိုင် ဖြစ်တတ်ကြသည်။ ထိုအခါ နောက်ပိုင်းတွင် လွယ်လွယ်ကူကူ လှုံ့ဆော်ခံနိုင်ခြင်း မရှိကြတော့ပေ။ သူတို့၏ ခန္ဓာကိုယ် အနှံ့အပြားမှလည်း နာကျင်မှုများ ခံစားရလာနိုင်သည်။

သို့သော်ငြား omega အများစုသည် များသောအားဖြင့် ပြန်လည် သက်သာလာကြသည်။ အနည်းငယ်သော သူများသာ ပို၍ပြင်းထန်သော ကိစ္စရပ်များကို ခံစားရတတ်သည်။ ရောဂါကို ကုသရန် လိင်ပိုင်းဆိုင်ရာတွင် သုံးသော ဆေးဝါးများကလည်း ရေရှည်အတွက် မကောင်းသောကြောင့် ထိုရောဂါခံစားရသော omega များအဖို့ အိမ်ထောင်ကျချိန်ထိစောင့်ပြီး သူတို့၏ alpha များက အမှတ်အသားပြုပေးသည့်အချိန်ကိုသာ စောင့်ရပေသည်။ ထိုအခါမှသာ သူတို့၏ တွဲဖက် alpha ၏ pheromone အကူအညီဖြင့် တဖြည်းဖြည်း ပြန်လည်သက်သာလာကြသည်။

ယေဘုယျဆိုရလျှင် ဤနည်းသည် omega တစ်ယောက်၏ ခန္ဓာကိုယ်သို့ ဆိုးကျိုးအနည်းဆုံး ကုသနည်းတစ်မျိုးပင်ဖြစ်၏။

ထုန်ရန့်၏ အခြေအနေသည် ကျောင်းခေတ္တနားရန်ပင်လိုသည်။ ထို့အပြင် ယခုထိလည်း မပျောက်ကင်းသေး။ ကြည့်ရသည်မှာ သူ၏ ပထမဆုံး estrus က တော်တော်လေး ဆိုးရွားခဲ့ပုံပေါ်၏။

"အဲ့တော့ အမေဆိုလိုချင်တာက ကျွန်တော်က သူ့ကို အမှတ်အသားပြုပေးရမှာလား"

ကျိုးရှန့်မင်က မေးလိုက်သည်။
လင်ယွဲ့ဟွာက အလျှင်အမြန်ပင်ငြင်းလိုက်သည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ဒီအမေက ကိုယ့်သားကို အဲ့လိုမျိုးအထိတော့ လုပ်ဖို့ ဖိအားပေးပါ့မလား"

ထို့နောက် အတန်ကြာတုန့်ဆိုင်းနေပြီးနောက် လင်ယွဲ့ဟွာက ဆက်ပြောသည်။

"အဲ့ဒါက မင်းထင်နေသလောက်ကြီးဆိုးရွားနေတာမျိုး မဟုတ်ပါဘူး၊ ဒီအတိုင်းဆို ဒီလိုဘဝကြီးက ထုန်ရန့်အတွက် အရမ်းအဆင်မပြေ ဖြစ်နေတယ်လေ၊ ထုန်မိသားစုက အမေ့ကိုမေးလာတယ် တကယ်လို့ မင်းက ဒီလက်ထပ်ပွဲကို လက်ခံတယ်ဆိုရင် နောက်ပိုင်းမှာ ထုန်ရန့်လေးကို မင်းအိမ်ကိုပြောင်းလာခိုင်းမလားတဲ့၊ ပထမဆုံးအနေနဲ့ အဲ့လိုပြောင်းနေခြင်းက မင်းတို့က အိမ်ထောင်ကျပြီးပြီးချင်း အိမ်ခွဲနေတယ်ဆိုတာကို သတင်းထောက်တွေကို အလိုလိုပြောပြပြီးသား ဖြစ်သွားလိမ့်မယ်။ ဒုတိယအချက်အနေနဲ့ကတော့ မင်းက အသက်ပိုကြီးတဲ့ alpha တစ်ယောက်ပဲ၊ မင်းနဲ့အချိန်တချို့ တူတူကုန်ဆုံးစေခြင်းက ထုန်ရန့်လေးအတွက် အခြေအနေ ပိုကောင်းလာနိုင်တယ်လေ"

ဒီလိုစကားအရှည်ကြီးပြောပြီးတာတောင်မှ လင်ယွဲ့ဟွာက ကျိုးရှန့်မင်ကို နားချနိုင်သေးပုံမပေါ်ချေ။

သူသဘောတူလိုက်သည့် အိမ်ထောင်ရေးသည် စီးပွားရေး တွဲဖက်အတွက် အရင်းအနှီးတစ်ခုအပြင်မပိုခဲ့။ မြို့တော်ရုံးကိုသွားပြီး လက်ထပ်လက်မှတ်ယူ၊ အသင့်ပြင်ထားသည့် လက်ထပ်ပွဲတွင် ရေလိုက်ငါးလိုက် ကောင်းကောင်း သရုပ်ဆောင်ပြပြီး လုပ်ယူထားသော အိမ်ထောင်ရေးတစ်ခုမှန်း မီဒီယာနှင့် အစိုးရအဖွဲ့အစည်းများမှ မသိခင် မြန်မြန် အဆုံးသတ်လိုက်ရန်သာလိုသည်။

သို့သော်ငြား ယခုအခြေအနေကြီးက သူမျှော်မှန်းထားသည့် အခြေအနေထက် အနည်းငယ် ပို၍ ရှုပ်ထွေးသည်။ အရွယ်ရောက်စ omega တစ်ယောက်ကို အိမ်ကိုသယ်လာခြင်းသည် အိမ်မွေးကြောင်တစ်ကောင်ကို အိမ်သို့ခေါ်လာခြင်း သို့မဟုတ် အိမ်အကူစက်ရုပ်တစ်ရုပ်ကို ဝယ်လိုက်ခြင်းကဲ့သို့သော ကိစ္စများနှင့် တူညီမနေပေ။ pheromone တွေပါလာသည့်အခါမှာ မည်မျှပင် စိတ်ထားမြင့်မြတ်ပြီး နှလုံးသားကြီးမားနေပါစေ၊ မည်သည့် AO မဆို ဒါကို အရေးမကြီးသော ကိစ္စသေးသေးလေးတစ်ခုအဖြစ် သဘောထားနေမည်မဟုတ်။

AO တို့၏ ဘဝသက်တမ်းတစ်လျောက်တွင် pheromone ၏ အရေးပါမှုက မည်မျှရှိသည်ကို အတိအကျ မသိကြသော်လည်း ထိုအရာက တစ်ခါတစ်လေ တစ်ယောက်၏ သေခြင်း ရှင်ခြင်းကို ဆုံးဖြတ်ပေးသည်ဟူသောစကားသည် အပိုလုပ်ပြောခြင်း မဟုတ်ပေ။

ဤကိစ္စနှင့်ပက်စက်သော ရိုးရာအတွေးအခေါ်များမှာ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ခန့်ကပင် စွန့်ပစ်ခြင်းခံလိုက်ရပြီး ယခုတွင်မူ alpha pheromone ကြောင့် နောက်ဆက်တွဲ အကျိုးခံစားရသည်မှာ omega တစ်ယောက်တည်းမဟုတ်တော့ပဲ bonding လုပ်ပြီးနောက် alpha ၏ စိတ်ကူး ဆုံးဖြတ်ချက်များသည် အလွန်ပြန့်ကားလာပြီး သူတို့၏ omega ကို ဘဝထက် အရေးကြီးသောသူများဟုပင် ခံယူတတ်ကြပေသည်။

Pheromone သည် AO တို့၏ နှစ်ဦးကြား အတွင်းအကျဆုံးသော အရာဖြစ်သည်။ ထိုအရာသည် လှပနိုင်သည် သို့သော် အန္တရာယ်လည်းများနိုင်သည်။ အရွယ်ရောက်စဉ်အချိန်က စိတ်မထိန်းချုပ်နိုင်ခဲ့ခြင်းနှင့် စိတ်လိုက်မာန်ပါလုပ်ခြင်းတို့ကို တွေ့ကြုံခဲ့ရသော ကျိုးရှန့်မင်အနေနဲ့ ဒါတွေအားလုံးကို သေချာနားလည်နေသည်။ ထို့ကြောင့် ထုန်ရန့်အနေဖြင့် alpha တစ်ယောက်၏ သဘာဝ pheromone ကို အနည်းငယ်မျှသာ လိုအပ်နေသော်လည်း ထိုအချိန်မျိုးတွင် ကျိုးရှန့်မင် လွယ်လွယ်ကူကူ သဘောတူနိုင်လိမ့်မည် မဟုတ်ချေ။

"အမေ အခုလိုပြောတာက ကျွန်တော့်ကို ဒါမျိုးမေးတာအတွက် ဘာအကူအညီမှမဖြစ်စေဘူး၊ သူတို့ဘက်ကရော ဘာပြောသေးလဲ"

ကျိုးရှန့်မင် သိလိုစိတ်ပြင်းပြစွာမေးလိုက်သည်။

"သားရယ် ဒါတွေက မစ္စတာထုန်ပြောပြတာလေ၊ သူသာမပြောပြရင် အမေက ဒါတွေဘယ်လိုသိနေနိုင်မှာလဲ"

"ကျွန်တော်က ကောင်လေး ဘာပြန်ပြောလဲဆိုတာကို သိချင်တာ"

"ဪ ထုန်ရန့်လား"
လင်ယွဲ့ဟွာက မေးလိုက်သည်။

"ဟုတ်တယ် ကျွန်တော်က ထုန်ရန့်အကြောင်းမေးနေတာ၊ သူကရောဘာပြောလဲ"

ကျိုးရှန့်မင်က မေးလိုက်သည်။

"ရုတ်တရက်ကြီး တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်း alpha တစ်ယောက်နဲ့ နေခိုင်းတာကို သူရော လက်ခံတာလား"

"သူကဘာပြောနိုင်မှာလဲ၊ ကလေးလေးကခုမှ ၁၈နှစ်ပဲရှိသေးတာလေ သူ့အဖေကသူ့ကို ဒီလိုနေရာချပေးမှတော့ သူ့မှာ လိုက်နာရုံပဲရှိတာပေါ့"

လင်ယွဲ့ဟွာက ဆက်ပြောသည်

"သူ့ရောဂါ​က အဓိကအကြောင်းအရာမဟုတ်ပါဘူး၊ ခြုံငုံပြောရရင် သူ့ ပြင်ပပုံပန်းသွင်ပြင်ကို မထိခိုက်သွားဘူး၊ အရင်လိုပဲ ကျန်းကျန်းမာမာတက်တက်ကြွကြွပဲ ဒါပေမယ့် အရမ်း မသက်မသာဖြစ်နေတယ်လေ။ ထုန်ရန့်က ငယ်သေးတယ် သူလဲမြန်မြန်ကြီး လက်ထပ်ချင်မှာမဟုတ်ဘူး ဒါပေမဲ့ သူ့အခြေအနေက သူအိမ်ကနေ ခဏတဖြုတ်ထွက်ရင်တောင်မှ သူ့ကိုခက်ခဲနေစေတယ်လေ သူကလူထူတဲ့နေရာတွေကိုတောင် မသွားနိုင်ဘူး၊ အမြဲတမ်း တစ်သက်လုံး သူက ဒီလိုကြီးပဲ နေသွားလို့မှ မရတာ… ဟုတ်တယ်မလား"

"သူ့အဖေ မစ္စတာထုန်က Alpha မဟုတ်ဘူးလား"

လင်ယွဲ့ဟွာက သူ့ကို ဘာတွေမေးနေတာတုန်းဆိုသည့် အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်သည်။
တကယ်တော့ ကျိုးရှန့်မင်လည်း သူ့ပါးစပ်မှ ထိုမေးခွန်းထွက်သွားသွားချင်း သူ့ကိုယ်သူ ရူးနှမ်းသည့်မေးခွန်းတစ်ခု မေးလိုက်မိမှန်း သတိထားမိသည်။

Pheromone က အကြမ်းဖျင်းဆိုရလျှင်တောင်မှ လိင်မှုကိစ္စရေးရာဖြစ်သည်။ အဖေတစ်ယောက်က သူ့သားကို ဘယ်လိုလုပ် ကျေနပ်အောင် လုပ်ပေးနိုင်မှာတဲ့တုန်း။

ကျိုးရှန့်မင် နားလည်လိုက်သည်။
ယနေ့ခေတ်တွင် အကျိုးတူ ထိမ်းမြားမှုများ ရှိနေသေးသော်လည်း အိမ်တိုင်းက သူတို့အိမ်၏ omega ကလေးများကို ရွှေကဲ့သို့ ဥထားကြသည်ပင်။ အိမ်က သူ့ညီ omega ကိုပဲ ကြည့်လေ။

သို့သော် omega တစ်ယောက်အတွက် ၁၈နှစ်ပြည့်ပြည့်ချင်း အိမ်ထောင်ပြုခြင်းသည် အလွန်ကို ပုံမှန်မဟုတ်သော ကိစ္စပင်ဖြစ်သည်။
ထုန်ရန့်၏ ရောဂါကြောင့် ထုန်မိသားစုတွင် စိတ်ဖိအားရှိကောင်းရှိနေနိုင်သည်။ မိသားစုနှစ်စု project အတွက် ပေါင်းစပ်ဖို့အခွင့်အရေးနဲ့ လင်ယွဲ့ဟွာရဲ့ ဇာတ်လမ်းဇာတ်ကွက်ကြောင့် ဒီအခြေအနေဖြစ်လာခြင်းပင်။

အကုန်လုံးကို ပြောဆိုပြီးသောအခါ ထုန်ရန့်ကဲ့သို့ မိသားစုနောက်ခံကောင်းသော သူတစ်ယောက်အနေဖြင့် လက်ထပ်ခြင်း၏ ယာယီ အမှတ်အသားပေးခြင်းကို စိတ်ပူရန်တော့မလိုပါချေ။ လက်ရှိတွင် အမှတ်အသားဖျောက်သည့် ဆာဂျရီက တော်တော်လေးတိုးတက်နေပြီ မဟုတ်ပါလား။ပရောဂျက်ပြီး၍ ကွာရှင်းပြီးသည့်အချိန်၊ ဆာဂျရီလုပ်လိုက်လျှင် ထုန်ရန့် တွဲဖက်အသစ်ရှာတဲ့အခါ ပြဿနာမရှိလောက်ပေ။

သို့သော် ဤကဲ့သို့ ချက်ကျလက်ချ ရှင်းလင်းပြောဆိုပြီးတာတောင်မှ ကျိုးရှန့်မင်က ချက်ချင်းလက်မခံနိုင်သေးပါ။ တစ်ဖက်၌ ထုန်ရန့်သည် အရမ်းငယ်လွန်းသေးသလို တခြားတစ်ဖက်တွင်လည်း ကျိုးရှန့်မင် ကိုယ်တိုင်ကိုက လက်ထပ်ရန် သိပ်စိတ်မပါပေ။
သူ့အသက်ကဖြင့် ၃၀ပင် ပြည့်တော့မည်။ လူမှုအဖွဲ့အစည်းတစ်ခုလုံးကနေ ကွဲထွက်နေတာမျိုးမဟုတ်သည့်တိုင် သူ့ခေတ်သူ့ခါတုန်းက ဘဏ္ဍာရေးဆိုင်ရာ သင်တန်းကျောင်း၏ ကြယ်ပွင့်တစ်ယောက်၊ ကျောင်း၏ ထိရက်နိုင်စရာမရှိသော ပန်းတစ်ပွင့်အဖြစ် သက်မှတ်ခံထားရသော ကျိုးရှန့်မင်သည် omega တစ်ယောက်၏လက်ကိုပင် တစ်ခါမှမကိုင်ဖူးပေ။

လင်ယွဲ့ဟွာက သူ့အတွေးတွေကို သိနေသည့်အလား ပြောလိုက်သည်

" မင်းကိုယ်မင်း အရမ်းတွေ တန်ဖိုးထားပြမနေစမ်းပါနဲ့၊ ထုန်ထုန့်ရဲ့မျက်နှာလိုမျိုး ရှိတဲ့လူတစ်ယောက်ကို မြင်ရတာနဲ့တင် မင်းရဲ့ pheromone တချို့ကို လွှတ်ပေးဖို့က တန်တာထက်ပိုနေပြီ"

ကျိုးရှန့်မင် သူ့အမေပြောတာကို စိတ်မဆိုးပေ။ သူ့အမေက ကောင်လေးကို ကြင်နာခြင်းအပြည့်ဖြင့် ထုန်ထုန်လို့ခေါ်လိုက်တာကို သူသတိထားမိလိုက်သည်။

"အမေက ထုန်ရန့်ကိုတွေ့ဖူးပြီးပြီလား"

ကျိုးရှန့်မင် မေးလိုက်သည်။

လင်ယွဲ့ဟွာက ကွေ့ဝိုက်မနေတော့ချေ။ သူ့မျက်လုံးထဲရှိ ကျေနပ်မှုများမှာ အတုအယောင်များ မဟုတ်မှန်း သိသာလွန်းသည်။

"အမေ သူ့ကို အရင်အပတ် ရုံးပိတ်ရက်ကတွေ့ခဲ့တယ်။ ကလေးက မနက်ပိုင်းမှာ တယောထိုးသင်တယ်တဲ့လေ။ အမေကသူ့အဖေနဲ့ စောစောသွားတွေ့ခဲ့တာ၊ ထုန်ထုန့်လေးကတော့ သူ့ဘာသာ ကားစီးပြီးလာခဲ့တာ၊ သူ့ကျောပေါ်မှာ တယောအိတ်လေးလွယ်ထားပြီးတော့ တံခါးကနေဝင်လာလာချင်းပဲ ကျွန်တော်နောက်ကျသွားလို့ တောင်းပန်ပါတယ်ဆိုပြီး တောင်းပန်စကား ပြောလာတာပဲ"

"ကလေးကအရမ်း ဆင်ဆင်ခြင်ခြင်နေတတ်ပြီး စကားလည်းနားထောင်လွန်းတယ်၊ ဒါတင်မကသေးဘူး ရုပ်လေးကလည်းချောလို့ အမေ့ဘဝမှာ ဒီလောက်လှလွန်းတဲ့ ကလေးလေး တစ်ခါမှမတွေ့ဖူးခဲ့ဘူး"

ထုန်ရန့်အကြောင်းဆက်တိုက်ပြောပြီးနောက် လင်ယွဲ့ဟွာ ပြုံနေမိတာ ပါးစပ်ကနားရွက် တက်ချိတ်မိမတတ်ပင်။ သို့ပေမယ့် တစ်စုံတစ်ခုကိုတွေးမိသွားသည့်နှယ် ရုတ်တရက်ကြီး သက်ပြင်းချလိုက်သည်။

"သနားဖို့ကောင်းလိုက်တာ၊ ဒီလိုကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံနေတဲ့ ကလေးလေးက ဘယ်လို အပြစ်တွေရှိလို့များ အမေမရှိဘဲ ကြီးပြင်းလာရတာတဲ့လဲ"

လင်ယွဲ့ဟွာက စိတ်မကာင်းကြီးစွာဖြစ်သွားဟန်ဖြင့် ငြီးငြူလိုက်သည်။

"…"

"ဒါပေမဲ့လေ သူလေးက တကယ်ကို ယဉ်ယဉ်ကျေးကျေးရှိပြီး တော်တော်လေး စဉ်းစားဆင်ခြင်နိုင်တယ်။ ပြီးတော့ သူက သူ့အချိန်တော်တော်များများကို ကျောင်းမှာပဲ ကုန်ဆုံးတတ်တော့ မင်းနဲ့တူတူပြောင်းနေပြီးတဲ့ အချိန်ကျရင်လည်း မင်းကို ဒုက္ခပေးရာရောက်မယ်မထင်ပါဘူး"

ကျိုးရှန့်မင်လည်း ရှေ့ဆက်၍ အမေဖြစ်သူနှင့် အချေအတင်ပြောမနေပါတော့ချေ။ သူစဉ်းစားမိသည်က သူသည် ပွေ့ဖက်ခြင်းနှင့် နမ်းရှုံ့ခြင်းအပြင် ထုန်ရန့် အဆင်ပြေအောင် ဘာများ လုပ်ပေးနိုင်သလဲ၊ သူကတောင်းဆိုလာလျှင် စိတ်ချရသည့်အဖြေတစ်ခု ရမည်မှာ မသေချာရုံသာမက မရင့်ကျက်သည့် လူငယ်လေးတစ်ယောက်ကဲ့သို့ အလှောင်ခံရနိုင်သေးသည်။

နေပါဦး၊ ဘာလို့ သူက သူ့ကိုယ်သူ လှောင်ရမှာတဲ့တုန်း။ ကျိုးရှန့်မင်က အနည်းငယ်ရှက်ရွံ့စွာဖြင့် သူ့စိတ်ထဲတွင် တွေးမိသည်။

ကျိုးရှန့်မင် သူ့အမေဖြစ်သူ လင်ယွဲ့ဟွာအကြောင်း သေသေချာချာကို သိပါသည်။ လင်ယွဲ့ဟာသည် ဘာလုပ်လုပ် ပွင့်ပွင့်လင်းလင်း တည့်တိုးလုပ်ကိုင်သည့် အမျိုးသမီးဖြစ်သည်။ သူက တစ်စုံတစ်ခုကိုပြောလိုက်လျှင် ထိုတစ်စုံတစ်ခုကိုဖြစ်အောင်လုပ်တတ်သည်။ မည်သည့်အတားအဆီးမှ အဖြစ်မခံတတ်ပေ။ လက်ထပ်ရန် စကားပြောဆိုဆွေးနွေးကြပြီးနောက် လင်ယွဲ့ဟွာသည်  ထုန်ရန့်ကို တော်တော်လေးပင် သဘောကျကျေနပ်နေပုံ ပေါ်၏။ ထိုအကြောင်းပြချက်ကပင် ထုန်ရန့်ကို သူနှင့်လက်ထပ်ပေးရန် အကြောင်းဖြစ်လာရခြင်း ဖြစ်နိုင်သည်မှာ အသေအချာပင်။ လက်ထပ်ခြင်းကြောင့် ရလာသော အခြား အကျိုးအမြတ်များကတော့ အဓိကအားဖြင့် သူတို့ အိမ်ထောင်ရေးကို လူသိများစေလိုဟန်တူသောကြောင့်ဖြစ်မည်။
ကျိုးရှန့်မင်က နောက်ပိုင်း ဘာဖြစ်လာနိုင်သလဲဆိုတာကို သူစိတ်အပူအပင်ခံ၍ စဉ်းစားမနေတော့ပဲ လက်ထပ်ရန် ခေါင်းညိတ် လက်ခံလိုက်တော့သည်။

ကျောင်းများပြန်မဖွင့်မီ ထုန်ရန့်ကို ကျိုးရှန့်မင်၏အိမ်သို့ ပြောင်းပေးရန်အလို့ငှာ လူကြီးများကစီစဉ်ကြပြီး  August လနှောင်းပိုင်းထဲတွင် စည်ကားပြီး လူသိများသော မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြသည်။

"ရာစုနှစ်၏ လက်ထပ်ထိမ်းမြားခြင်း"
ဟုပင် ဂုဏ်ရည်သွေး ချီးကျူးထားသော သတင်းခေါင်းစဉ်က သတင်းစာတော်တော်များများနှင့် မဂ္ဂဇင်းမျက်နှာဖုံးများတွင် အပြည့်ပင်ဖြစ်နေတော့သည်။ မီဒီယာ အားလုံးက ဤကဲ့သို့မှော်ဆန်ပြီး ပြီးပြည့်စုံလွန်းသော မင်္ဂလာပွဲအကြောင်းကို ဖောဖောသီသီ ချီးကျူးရင်းဖြင့် ဆွေးနွေးနေကြသည်။

သို့သော်လည်း မင်္ဂလာပွဲ၏ အဓိကဇာတ်ဆောင် သတို့သား အကြင်ခင်ပွန်းလောင်းနှစ်ဦးက ဘုန်းတော်ကြီးရှေ့မှာ "ဤလူကို သစ္စာရှိရှိပေါင်းသင်းနေထိုင်သွားပါ့မည်" ဟူသည့် စကားမပြောခင်၊ မင်္ဂလာပွဲ မစတင်ခင် မိနစ်ပိုင်းအလိုမှသာ တစ်ယောက်နှင့်တစ်ယောက် ပထမဆုံး တွေ့ဖူးကြသည်ဆိုသည်ကို မည်သူကများ သိနိုင်လိမ့်မလဲ။

•°•°•°•°•°•°•

(Zawgyi)
"ထုန္မိသားစုရဲ့ သားအငယ္ဆံုးေလးက omega တဲ့။ အဲ့ေကာင္ေလးက လူမႈဆက္ဆံေရးေကာင္းၿပီး အရည္အခ်င္းရိွတယ္လို႔လည္း ၾကားတယ္။
နည္းနည္းေလး ငယ္ေပမဲ့ ေတာ္ေတာ္ေလးကို စဉ္းစားဆင္ျခင္ႏိုင္စြမ္းရိွတယ္ဆိုပဲ.... အေမကေတာ့ အဲ့ကေလးက မင္းအတြက္ အရမ္းသင့္ေတာ္တယ္လို႔ ထင္တယ္"

လင္ယဲြ႔ဟြာက ထူးထူးျခားျခား က်ိဳးရွန႔္မင္ကို သူ႔ဆီလာဖို႔ေခၚကာ ရွည္လ်ားသည့္ စကားဝိုင္းကို ဦးေဆာင္ၿပီးေနာက္ ေနာက္ဆံုးမွာေတာ့ သူေျပာခ်င္ေနတဲ့ အဓိက လိုရင္းကိုေျပာလိုက္သည္။

"မင္းကငယ္ေတာ့တာလည္းမဟုတ္ဘူး အေမလည္း မင္းကို ကူညီစီစဉ္ေပးႏိုင္မွာမဟုတ္ေတာ့ဘူးေလ၊ တစ္သက္လံုး မင္းရဲ့အလုပ္ကိုပဲ လက္ထပ္ၿပီးေနသြားလို႔မွ မရတာ မဟုတ္ဘူးလား"

ေက်ာင္းၿပီး ဘဲြ႔ရၿပီးလို႔ အလုပ္ခြင္ဝင္ေနတာျဖင့္ ဘယ္ႏွႏွစ္ေတာင္ရိွေနၿပီလဲ၊ သူ႔အေမက သူ႔ ကိုယ္ေရးကိုယ္တာကိစၥေတြမွာ တစ္ခါမွ ဝင္မပါဖူးဘူးေလ။ က်ိဳးရွန႔္မင္ ေခတၲတုန႔္ဆိုင္းသြား ၿပီး အေမျဖစ္သူကိုေမးလိုက္သည္။

"အေမက ကၽြန္ေတာ္ ေနာက္က်မွ အိမ္ေထာင္က်မွာကို စိတ္ရင္းနဲ႔စိုးရိမ္ေနတာလား ဒါမွမဟုတ္ ဒီတိုင္း ထုန္မိသားစုက တစ္ေယာက္ေယာက္နဲ႔ ကၽြန္ေတာ့္ကို လက္ထပ္ေစခ်င္ေနတာလား"

သူတို႔သားအမိႏွစ္ေယာက္က ပြင့္လင္းၾကသည္ပင္ျဖစ္ရာ လင္ယဲြ႔ဟြာသည္ ေကြ့ဝိုက္မေနေတာ့ပဲ ရွင္းရွင္းလင္းလင္း ေျပာခ်လိုက္ေတာ့သည္။

"ထုန္မိသားစုကတစ္ေယာက္ေယာက္နဲ႔ မင္းက ေသခ်ာေပါက္ကို လက္ထပ္ရမွာပဲ ဒါေပမဲ့ မင္းက အိမ္ေထာင္မျပဳျဖစ္ပဲ တစ္သက္လံုး လူပ်ိဳႀကီးျဖစ္သြားမွာကိုလည္း အေမစိတ္ပူတယ္ေလ။ တကယ္လို႔ မင္းသာ ထုန္ရန႔္ကို လက္ထပ္ယူလိုက္ရင္ ကိစၥႏွစ္ခုလံုးကို အေမစိုးရိမ္ေနစရာမလိုေတာ့ဘူးေပါ့"

က်ိဳးရွန႔္မင္ရဲ့ အေဖျဖစ္သူ က်ိဳးက်န႔္သ်ဲသည္ အႏုပညာကို ႏွစ္သက္ခံုမင္သူျဖစ္ၿပီး စီးပြားေရးလုပ္ကိုင္ျခင္းသည္ ဘယ္တုန္းကမွ သူ႔ႏွလံုးသားထဲတြင္ေနရာမရိွခဲ့ေပ။ သို႔ေသာ္ သူ၏ မ်ိဳးဆက္တြင္မူကား သူသည္ တစ္ဦးတည္းေသာ အမ်ိဳးသား Alpha ျဖစ္ခဲ့ေသာေၾကာင့္ ေနာက္ဆံုးတြင္မူ တြန႔္ဆုတ္စြာျဖင့္ပင္ မိသားစုပိုင္စီးပြားေရးလုပ္ငန္းမ်ားကို လက္လႊဲယူခဲ့ရသည္။ သူ႔အသက္ ၂၅ႏွစ္တြင္ လင္ယဲြ႔ဟြာႏွင့္ လက္ထပ္ၿပီးေနာက္ အိမ္ေထာင္စုကိစၥအဝဝကို လင္ယဲြ႔ဟြာထံသို႔ အကုန္အပ္၍ သူကိုယ္တိုင္ကမူ လုပ္ငန္းဆိုင္ရာကိစၥမ်ားကို ဆက္လက္မေတြးေတာ မလုပ္ကိုင္ေတာ့ပါေခ်။

က်ိဳးမိသားစု၏ လုပ္ငန္းအမ်ားစုသည္ စက္မႈလုပ္ငန္းမ်ားတြင္ အေျခစိုက္သၫ့္တိုင္ က်ိဳးက်န႔္မင္ကမူ လူမႈ securities ဆိုင္ရာ ကိစၥမ်ားတြင္သာ အၿမဲတမ္း စိတ္ဝင္စားခဲ့သည္ပင္။ ဘဲြ႔ရၿပီးေနာက္ပိုင္း ကိုယ္ပိုင္စီးပြားေရးကိုစတင္ခဲ့သျဖင့္ စင္စစ္ဆိုရလ်ွင္ ဘ႑ာေရး မဂၢဇင္းမ်ားကိုသာ ေစာင့္ၾကၫ့္ေနသၫ့္ သုေသသီမ်ားထက္စာလ်ွင္ သူသည္ အိမ္၌ထိုင္ေနရင္းကပင္ ဤသို႔ေသာအေျခအေနမ်ားကို ပို၍တိတိက်က်သိသည္။

"လက္ထပ္ဖို႔ကမျဖစ္မေနလိုအပ္လို႔လား"

သူႀကိဳက္သည္ မႀကိဳက္သည္ကိုအသာထား၊ က်ိဳးရွန႔္မင္ကေတာ့ အဲ့ဒါက မျဖစ္မေန လိုအပ္ေနသည္ဟု မထင္မိ။

"ၿမိဳ႔ေတာ္နဲ႔ပက္သက္ၿပီး ျပႆနာတစ္ခုခုရိွေနတယ္ဆိုရင္ ကၽြန္ေတာ္ေျဖရွင္းေပးႏိုင္ ...."

"ပိုက္ဆံလိုအပ္ေနလို႔မဟုတ္ပါဘူး"

လင္ယဲြ႔ဟြာက အနည္းငယ္ ညီးၫူဟန္ျဖင့္ေျပာသည္။

"အိမ္မွာလဲ ဘာမျွဖစ္မေနပါဘူး၊ အဲ့ဒါက ဒီတိုင္း ..... မင္း ရုန္ရွင္းေဈးဝယ္စင္တာနဲ႔ လံုရွန္းျမစ္နဲ႔ ပက္သက္တဲ့ ေဆာက္လုပ္ေရးသေဘာတူညီခ်က္စာခ်ဳပ္ ဖတ္ၿပီးၿပီလား"

က်ိဳးရွန႔္မင္သည္ စက္မႈလုပ္ငန္းမ်ားတြင္ စိတ္မဝင္စားသည့္တိုင္ ထိုသို႔သတင္းမ်ိဳးမ်ားကိုေတာ့ သူ အာရံုစိုက္ျဖစ္သည္။

"အင္း ကၽြန္ေတာ္ေတြ့လိုက္တယ္၊ အေမက အဲ့ ပေရာဂ်က္ကို ေလလံဆဲြႏိုင္ဖို႔ ထုန္မိသားစုနဲ႔ ပူးေပါင္းမလို႔လား"

လံုရွန္းျမစ္၏အက်ယ္ကို ထၫ့္ေျပာရန္မလိုေသာ္လည္း ရုန္ရွင္း ေဈးဝယ္စင္တာသည္ ၿမိဳ႔ေတာ္၏ အဓိကၿမိဳ႔လည္ေခါင္တြင္တည္ရိွၿပီး ထိုေနရာ၏ ေလးပံုတစ္ပံု အက်ယ္အဝန္းရိွရံုသာမက စီးပြားေရးလုပ္ငန္းအမ်ားစုရိွသၫ့္ လမ္းႏွစ္သြယ္၏ၾကား၌ တည္ရိွေပရာ အလြန္ျမင့္ေသာ ေဈးသည္ပင္ ထိုေနရာကိုေဖာ္ျပရန္ လံုေလာက္လိမ့္မည္မဟုတ္ေခ်။
အကယ္၍ လုပ္ငန္းစုႏွစ္စုက အဲ့ဒါကိုရသြားခဲ့လ်ွင္ ၄အေပၚ လူအမ်ား၏စိတ္ဝင္စားမႈသည္ သာမန္လူမ်ားထံမွပင္ သိသိသာသာ ရလာႏိုင္သည္မွာ အမွန္ျဖစ္သည္။

ဤစီးပြားေရးလုပ္ငန္းစုေလာကတြင္ လုပ္ငန္းစုမ်ား၏ သားပ်ိဳသမီးပ်ိဳမ်ားကို ထိမ္းၿမွားေပးျခင္းျဖင့္ မၾကာခဏ အခ်င္းခ်င္းအက်ိဳးတူေပါင္းစပ္ရန္ လုပ္ေဆာင္ၾကေပသည္။ ထို႔ေၾကာင့္ ဤေလာကရိွမိသားစုတြင္ ေမြးဖြားလာသူ တစ္ေယာက္အေနျဖင့္ ဤကိစၥမ်ိဳးကို သတိမျပဳႏိုင္ေလာက္သည္မွာ မျဖစ္ႏိုင္ေသာ အေၾကာင္းတရားျဖစ္သည္။ ဒါမ်ိဳးက သူတို႔အတြက္ထူးဆန္းေနတာမွမဟုတ္ဘဲ။

ထို႔အျပင္ ဤသို႔ေသာ လက္ထပ္ျခင္းမ်ား၏ တည္ရိွေနမႈကလည္း ဒါပဲပင္ျဖစ္သည္။ ပူးေပါင္းျခင္းေၾကာင့္ႏွစ္ဦးႏွစ္ဘက္ အက်ိဳးရိွလက္ထပ္ထားေသာ ဤလက္ထပ္ျခင္းက ၾကာၾကာတည္ၿမဲေလေလ ပေရာဂ်က္၏ ရွယ္ယာရွင္မ်ားက ေသခ်ာမႈကိုခံစားရေလေလျဖစ္သည္။ ရွယ္ယာရွင္မ်ားက ေသခ်ာေလေလ စီအီးအိုမ်ားက ယံုၾကည္မႈရိွေလေလပင္ ျဖစ္သည္။

က်ိဳးရွန႔္မင္သည္ မေဝးလွေသာအနာဂတ္တြင္ အိမ္ေထာင္ျပဳရန္ အစီအစဉ္မရိွေသးေခ်။ အရွင္းဆံုးေျပာရလ်ွင္ သူ႔အိမ္ေထာင္ဖက္ ဖူးစာရွင္သည္ ဤကမ႓ာ၏ ဘယ္အစြန္အဖ်ားတြင္ရိွေနမွန္းေတာင္ သူမသိေပ။ လင္ယဲြ႔ဟြာက ဒီအေၾကာင္းကို ေျပာလာမွေတာ့ သူ တုန႔္ဆိုင္းမေနပဲ တိုတိုတုတ္တုတ္သာေျဖလိုက္သည္။

"ေကာင္းၿပီ ကၽြန္ေတာ္လက္ခံပါတယ္"

က်ိဳးရွန႔္မင္က လက္ထပ္ရန္သေဘာတူလိုက္ေသာ္လည္း လင္ယဲြ႔ဟြာသည္ စိတ္လက္ေပါ့ပါးသြားဟန္မေပၚေသးေခ်။

"အေမ မင္းနဲ႔တိုင္ပင္စရာေနာက္တစ္ခုရိွေသးတယ္"

လင္ယဲြ႔ဟြာက သူ ကိုင္ထားေသာ လက္ဖက္ရည္ခြက္ကို တစ္ခ်က္ တင္းေနေအာင္ ဆုပ္ကိုင္လိုက္ရင္းေျပာသည္။
ဒီကိစၥက ထင္ထားသည္ထက္ စကားစဖို႔ခက္ေနသည္။
သားျဖစ္သူကို အိမ္ေထာင္ျပဳရန္တိုက္တြန္းစဉ္ကပင္ သားအမိအခ်င္းခ်င္းမို႔ သူမ်က္ႏွာမပူမိေခ်။

"ေျပာေလ"

က်ိဳးရွန႔္မင္က စကားစေပးလိုက္သည္။

"ဒီလိုကြယ္ အေမေျပာတာနားေထာင္၊ ထုန္မိသားစုရဲ့ သားငယ္ေလးက ဒီႏွစ္ ၁၈ႏွစ္ျပၫ့္မွာ အထက္တန္းေနာက္ဆံုးႏွစ္ေပါ့။ ဒီစာသင္ႏွစ္မွာ တစ္ေက်ာင္းလံုး အဆင့္ ၃ေတာင္ဝင္တယ္လို႔ၾကား …"

"ဒါကိုကၽြန္ေတာ္သိပါတယ္၊ လိုရင္းကိုသာေျပာပါ"

က်ိဳးရွန႔္မင္က ျဖတ္ေျပာလိုက္သည္။

"သူ ... သူက က်န္းမာေရးသိပ္မေကာင္းဘူး တဲ့"

လင္ယဲြ႔ဟြာက တိုးတိုးသာသာေျပာလိုက္သည္။

"မင္းလည္းသိမွာပါ ထုန္အိမ္ေတာ္ သခင္မက ေစာေစာစီးစီးကြယ္လြန္သြားတာေလ၊ မိသားစုမွာ က်န္ခဲ့တဲ့ ေယာက်္ားသားေတြကလည္း သူ႔အေဖနဲ႔ အစ္ကိုပဲရိွတာ၊ ဒါ့အျပင္ သူ႔အစ္ကိုက Beta တစ္ေယာက္။ အေဖျဖစ္သူေရာ အစ္ကိုျဖစ္သူေရာက Omega တစ္ေယာက္ကို ဘယ္လိုေစာင့္ေရွာက္ရမလဲ ေကာင္းေကာင္းသိၾကတာမဟုတ္ဘူး၊ ၿပီးေတာ့ အေမၾကားတာကေတာ့ ေကာင္ေလး ပထမဆံုး estrus ကာလတုန္းက ထိခိုက္မိထားတယ္တဲ့၊ အဲ့ဒါေၾကာင့္ ေက်ာင္းေတာင္တစ္ႏွစ္နားလိုက္ရေသးတယ္။ အခုေတာ့ အျပင္ထြက္တိုင္း isolation patch ကပ္ေနရတယ္တဲ့"

လင္ယဲြ႔ဟြာက စကားအရွည္ႀကီးကို ေဝေဝဝါးဝါး အၾကမ္းဖ်င္းသိရံုေျပာလိုက္သည္။ သို႔ေသာ္ က်ိဳးရွန႔္မင္ကမူ ပထမဆံုးေက်ာင္းတတ္သၫ့္ေန့ကပင္ AO biology နဲ႔ပက္သက္၍ သိသင့္သိထိုက္သည္မ်ားကို သင္ထားရသူျဖစ္ေလရာ မိခင္ျဖစ္သူ ဆိုလိုခ်င္သည္ကို ခ်က္ခ်င္းပင္ နားလည္လိုက္သည္။

"Pheromone stress disorder လား"

လင္ယဲြ႔ဟြာက ေခါင္းညိတ္သည္။

Pheromone stress disorder သည္ omega မ်ားၾကားတြင္ အျဖစ္မ်ားေသာ ေရာဂါတစ္မ်ိဳးျဖစ္သည္။ ျဖစ္ရန္လြယ္ကူၿပီး ကုသရန္လည္း မခက္ခဲေပ။
Omega မ်ားသည္ ၄တို႔ အစဉ္အဆက္ မ်ိဳးရိုးအရ သိမ္ေမြ့၍ ကာကြယ္ေပးမႈကို လိုအပ္ၾကသည္။ estrus ျဖစ္ခ်ိန္တြင္ ဂရုမစိုက္မိပါက၊ အထူးသျဖင့္ ပထမဆံုး estrus ျဖစ္ခ်ိန္တြင္ ဂရုမစိုက္ပဲ ေပါ့ေပါ့ေနမိပါက ေနာက္ပိုင္းတြင္ သူတို႔သည္ alpha မ်ား၏ pheromone မ်ားကို လိုအပ္သည္ထက္ပို၍ အထိခိုက္မခံႏိုင္ ျဖစ္တတ္ၾကသည္။ ထိုအခါ ေနာက္ပိုင္းတြင္ လြယ္လြယ္ကူကူ လႈံ႔ေဆာ္ခံႏိုင္ျခင္း မရိွၾကေတာ့ေပ။ သူတို႔၏ ခႏၶာကိုယ္ အႏွံ႔အျပားမွလည္း နာက်င္မႈမ်ား ခံစားရလာႏိုင္သည္။

သို႔ေသာ္ျငား omega အမ်ားစုသည္ မ်ားေသာအားျဖင့္ ျပန္လည္ သက္သာလာၾကသည္။ အနည္းငယ္ေသာ သူမ်ားသာ ပို၍ျပင္းထန္ေသာ ကိစၥရပ္မ်ားကို ခံစားရတတ္သည္။ ေရာဂါကို ကုသရန္ လိင္ပိုင္းဆိုင္ရာတြင္ သံုးေသာ ေဆးဝါးမ်ားကလည္း ေရရွည္အတြက္ မေကာင္းေသာေၾကာင့္ ထိုေရာဂါခံစားရေသာ omega မ်ားအဖို႔ အိမ္ေထာင္က်ခ်ိန္ထိေစာင့္ၿပီး သူတို႔၏ alpha မ်ားက အမွတ္အသားျပဳေပးသၫ့္အခ်ိန္ကိုသာ ေစာင့္ရေပသည္။ ထိုအခါမွသာ သူတို႔၏ တဲြဖက္ alpha ၏ pheromone အကူအညီျဖင့္ တျဖည္းျဖည္း ျပန္လည္သက္သာလာၾကသည္။

ေယဘုယ်ဆိုရလ်ွင္ ဤနည္းသည္ omega တစ္ေယာက္၏ ခႏၶာကိုယ္သို႔ ဆိုးက်ိဳးအနည္းဆံုး ကုသနည္းတစ္မ်ိဳးပင္ျဖစ္၏။

ထုန႔ရန႔္၏ အေျခအေနသည္ ေက်ာင္းေခတၲနားရန္ပင္လိုသည္။ ထို႔အျပင္ ယခုထိလည္း မေပ်ာက္ကင္းေသး။ ၾကၫ့္ရသည္မွာ သူ၏ ပထမဆံုး estrus က ေတာ္ေတာ္ေလး ဆိုးရြားခဲ့ပံုေပၚ၏။

"အဲ့ေတာ့ အေမဆိုလိုခ်င္တာက ကၽြန္ေတာ္က သူ႔ကို အမွတ္အသားျပဳေပးရမွာလား"

က်ိဳးရွန႔္မင္က ေမးလိုက္သည္။
လင္ယဲြ႔ဟြာက အလ်ွင္အျမန္ပင္ျငင္းလိုက္သည္။

"မဟုတ္ပါဘူး မဟုတ္ပါဘူး၊ ဒီအေမက ကိုယ့္သားကို အဲ့လိုမ်ိဳးအထိေတာ့ လုပ္ဖို႔ ဖိအားေပးပါ့မလား"

ထို႔ေနာက္ အတန္ၾကာတုန႔္ဆိုင္းေနၿပီးေနာက္ လင္ယဲြ႔ဟြာက ဆက္ေျပာသည္။

"အဲ့ဒါက မင္းထင္ေနသေလာက္ႀကီးဆိုးရြားေနတာမ်ိဳး မဟုတ္ပါဘူး၊ ဒီအတိုင္းဆို ဒီလိုဘဝႀကီးက ထုန္ရန႔္အတြက္ အရမ္းအဆင္မေျပ ျဖစ္ေနတယ္ေလ၊ ထုန္မိသားစုက အေမ့ကိုေမးလာတယ္ တကယ္လို႔ မင္းက ဒီလက္ထပ္ပဲြကို လက္ခံတယ္ဆိုရင္ ေနာက္ပိုင္းမွာ ထုန္ရန႔္ေလးကို မင္းအိမ္ကိုေျပာင္းလာခိုင္းမလားတဲ့၊ ပထမဆံုးအေနနဲ႔ အဲ့လိုေျပာင္းေနျခင္းက မင္းတို႔က အိမ္ေထာင္က်ၿပီးၿပီးခ်င္း အိမ္ခဲြေနတယ္ဆိုတာကို သတင္းေထာက္ေတြကို အလိုလိုေျပာျပၿပီးသား ျဖစ္သြားလိမ့္မယ္။ ဒုတိယအခ်က္အေနနဲ႔ကေတာ့ မင္းက အသက္ပိုႀကီးတဲ့ alpha တစ္ေယာက္ပဲ၊ မင္းနဲ႔အခ်ိန္တခ်ိဳ႕ တူတူကုန္ဆံုးေစျခင္းက ထုန္ရန႔္ေလးအတြက္ အေျခအေန ပိုေကာင္းလာႏိုင္တယ္ေလ"

ဒီလိုစကားအရွည္ႀကီးေျပာၿပီးတာေတာင္မွ လင္ယဲြ႔ဟြာက က်ိဳးရွန႔္မင္ကို နားခ်ႏိုင္ေသးပံုမေပၚေခ်။

သူသေဘာတူလိုက္သၫ့္ အိမ္ေထာင္ေရးသည္ စီးပြားေရး တဲြဖက္အတြက္ အရင္းအႏွီးတစ္ခုအျပင္မပိုခဲ့။ ၿမိဳ႔ေတာ္ရံုးကိုသြားၿပီး လက္ထပ္လက္မွတ္ယူ၊ အသင့္ျပင္ထားသၫ့္ လက္ထပ္ပဲြတြင္ ေရလိုက္ငါးလိုက္ ေကာင္းေကာင္း သရုပ္ေဆာင္ျပၿပီး လုပ္ယူထားေသာ အိမ္ေထာင္ေရးတစ္ခုမွန္း မီဒီယာႏွင့္ အစိုးရအဖဲြ႔အစည္းမ်ားမွ မသိခင္ ျမန္ျမန္ အဆံုးသတ္လိုက္ရန္သာလိုသည္။

သို႔ေသာ္ျငား ယခုအေျခအေနႀကီးက သူေမ်ွာ္မွန္းထားသည့္ အေျခအေနထက္ အနည္းငယ္ ပို၍ ရႈပ္ေထြးသည္။ အရြယ္ေရာက္စ omega တစ္ေယာက္ကို အိမ္ကိုသယ္လာျခင္းသည္ အိမ္ေမြးေၾကာင္တစ္ေကာင္ကို အိမ္သို႔ေခၚလာျခင္း သို႔မဟုတ္ အိမ္အကူစက္ရုပ္တစ္ရုပ္ကို ဝယ္လိုက္ျခင္းကဲ့သို႔ေသာ ကိစၥမ်ားႏွင့္ တူညီမေနေပ။ pheromone ေတြပါလာသည့္အခါမွာ မည္မ်ွပင္ စိတ္ထားျမင့္ျမတ္ၿပီး ႏွလံုးသားႀကီးမားေနပါေစ၊ မည္သၫ့္ AO မဆို ဒါကို အေရးမႀကီးေသာ ကိစၥေသးေသးေလးတစ္ခုအျဖစ္ သေဘာထားေနမည္မဟုတ္။

AO တို႔၏ ဘဝသက္တမ္းတစ္ေလ်ာက္တြင္ pheromone ၏ အေရးပါမႈက မည္မ်ွရိွသည္ကို အတိအက် မသိၾကေသာ္လည္း ထိုအရာက တစ္ခါတစ္ေလ တစ္ေယာက္၏ ေသျခင္း ရွင္ျခင္းကို ဆံုးျဖတ္ေပးသည္ဟူေသာစကားသည္ အပိုလုပ္ေျပာျခင္း မဟုတ္ေပ။

ဤကိစၥႏွင့္ပက္စက္ေသာ ရိုးရာအေတြးအေခၚမ်ားမွာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၈၀၀ခန႔္ကပင္ စြန႔္ပစ္ျခင္းခံလိုက္ရၿပီး ယခုတြင္မူ alpha pheromone ေၾကာင့္ ေနာက္ဆက္တဲြ အက်ိဳးခံစားရသည္မွာ omega တစ္ေယာက္တည္းမဟုတ္ေတာ့ပဲ bonding လုပ္ၿပီးေနာက္ alpha ၏ စိတ္ကူး ဆံုးျဖတ္ခ်က္မ်ားသည္ အလြန္ျပန႔္ကားလာၿပီး သူတို႔၏ omega ကို ဘဝထက္ အေရးႀကီးေသာသူမ်ားဟုပင္ ခံယူတတ္ၾကေပသည္။

Pheromone သည္ AO တို႔၏ ႏွစ္ဦးၾကား အတြင္းအက်ဆံုးေသာ အရာျဖစ္သည္။ ထိုအရာသည္ လွပႏိုင္သည္ သို႔ေသာ္ အႏၲရာယ္လည္းမ်ားႏိုင္သည္။ အရြယ္ေရာက္စဉ္အခ်ိန္က စိတ္မထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းႏွင့္ စိတ္လိုက္မာန္ပါလုပ္ျခင္းတို႔ကို ေတြ့ႄကံုခဲ့ရေသာ က်ိဳးရွန႔္မင္အေနနဲ႔ ဒါေတြအားလံုးကို ေသခ်ာနားလည္ေနသည္။ ထို႔ေၾကာင့္ ထုန္ရန႔္အေနျဖင့္ alpha တစ္ေယာက္၏ သဘာဝ pheromone ကို အနည္းငယ္မ်ွသာ လိုအပ္ေနေသာ္လည္း ထိုအခ်ိန္မ်ိဳးတြင္ က်ိဳးရွန႔္မင္ လြယ္လြယ္ကူကူ သေဘာတူႏိုင္လိမ့္မည္ မဟုတ္ေခ်။

"အေမ အခုလိုေျပာတာက ကၽြန္ေတာ့္ကို ဒါမ်ိဳးေမးတာအတြက္ ဘာအကူအညီမွမျဖစ္ေစဘူး၊ သူတို႔ဘက္ကေရာ ဘာေျပာေသးလဲ"

က်ိဳးရွန႔္မင္ သိလိုစိတ္ျပင္းျပစြာေမးလိုက္သည္။

"သားရယ္ ဒါေတြက မစၥတာထုန္ေျပာျပတာေလ၊ သူသာမေျပာျပရင္ အေမက ဒါေတြဘယ္လိုသိေနႏိုင္မွာလဲ"

"ကၽြန္ေတာ္က ေကာင္ေလး ဘာျပန္ေျပာလဲဆိုတာကို သိခ်င္တာ"

"ဪ ထုန္ရန႔္လား"
လင္ယဲြ႔ဟြာက ေမးလိုက္သည္။

"ဟုတ္တယ္ ကၽြန္ေတာ္က ထုန္ရန႔္အေၾကာင္းေမးေနတာ၊ သူကေရာဘာေျပာလဲ"

က်ိဳးရွန႔္မင္က ေမးလိုက္သည္။

"ရုတ္တရက္ႀကီး တစ္ခါမွမျမင္ဖူးတဲ့ သူစိမ္း alpha တစ္ေယာက္နဲ႔ ေနခိုင္းတာကို သူေရာ လက္ခံတာလား"

"သူကဘာေျပာႏိုင္မွာလဲ၊ ကေလးေလးကခုမွ ၁၈ႏွစ္ပဲရိွေသးတာေလ သူ႔အေဖကသူ႔ကို ဒီလိုေနရာခ်ေပးမွေတာ့ သူ႔မွာ လိုက္နာရံုပဲရိွတာေပါ့"

လင္ယဲြ႔ဟြာက ဆက္ေျပာသည္

"သူ႔ေရာဂါ​က အဓိကအေၾကာင္းအရာမဟုတ္ပါဘူး၊ ႃခံုငံုေျပာရရင္ သူ႔ ျပင္ပပံုပန္းသြင္ျပင္ကို မထိခိုက္သြားဘူး၊ အရင္လိုပဲ က်န္းက်န္းမာမာတက္တက္ႂကြၾကြပဲ ဒါေပမယ့္ အရမ္း မသက္မသာျဖစ္ေနတယ္ေလ။ ထုန္ရန႔္က ငယ္ေသးတယ္ သူလဲျမန္ျမန္ႀကီး လက္ထပ္ခ်င္မွာမဟုတ္ဘူး ဒါေပမဲ့ သူ႔အေျခအေနက သူအိမ္ကေန ခဏတျဖဳတ္ထြက္ရင္ေတာင္မွ သူ႔ကိုခက္ခဲေနေစတယ္ေလ သူကလူထူတဲ့ေနရာေတြကိုေတာင္ မသြားႏိုင္ဘူး၊ အၿမဲတမ္း တစ္သက္လံုး သူက ဒီလိုႀကီးပဲ ေနသြားလို႔မွ မရတာ… ဟုတ္တယ္မလား"

"သူ႔အေဖ မစၥတာထုန္က Alpha မဟုတ္ဘူးလား"

လင္ယဲြ႔ဟြာက သူ႔ကို ဘာေတြေမးေနတာတုန္းဆိုသၫ့္ အၾကၫ့္တစ္ခ်က္ျဖင့္ စိုက္ၾကၫ့္သည္။
တကယ္ေတာ့ က်ိဳးရွန႔္မင္လည္း သူ႔ပါးစပ္မွ ထိုေမးခြန္းထြက္သြားသြားခ်င္း သူ႔ကိုယ္သူ ရူးႏွမ္းသည့္ေမးခြန္းတစ္ခု ေမးလိုက္မိမွန္း သတိထားမိသည္။

Pheromone က အၾကမ္းဖ်င္းဆိုရလ်ွင္ေတာင္မွ လိင္မႈကိစၥေရးရာျဖစ္သည္။ အေဖတစ္ေယာက္က သူ႔သားကို ဘယ္လိုလုပ္ ေက်နပ္ေအာင္ လုပ္ေပးႏိုင္မွာတဲ့တုန္း။

က်ိဳးရွန႔္မင္ နားလည္လိုက္သည္။
ယေန့ေခတ္တြင္ အက်ိဳးတူ ထိမ္းျမားမႈမ်ား ရိွေနေသးေသာ္လည္း အိမ္တိုင္းက သူတို႔အိမ္၏ omega ကေလးမ်ားကို ေရႊကဲ့သို႔ ဥထားၾကသည္ပင္။ အိမ္က သူ႔ညီ omega ကိုပဲ ၾကၫ့္ေလ။

သို႔ေသာ္ omega တစ္ေယာက္အတြက္ ၁၈ႏွစ္ျပၫ့္ျပၫ့္ခ်င္း အိမ္ေထာင္ျပဳျခင္းသည္ အလြန္ကို ပံုမွန္မဟုတ္ေသာ ကိစၥပင္ျဖစ္သည္။
ထုန္ရန႔္၏ ေရာဂါေၾကာင့္ ထုန္မိသားစုတြင္ စိတ္ဖိအားရိွေကာင္းရိွေနႏိုင္သည္။ မိသားစုႏွစ္စု project အတြက္ ေပါင္းစပ္ဖို႔အခြင့္အေရးနဲ႔ လင္ယဲြ႔ဟြာရဲ့ ဇာတ္လမ္းဇာတ္ကြက္ေၾကာင့္ ဒီအေျခအေနျဖစ္လာျခင္းပင္။

အကုန္လံုးကို ေျပာဆိုၿပီးေသာအခါ ထုန္ရန႔္ကဲ့သို႔ မိသားစုေနာက္ခံေကာင္းေသာ သူတစ္ေယာက္အေနျဖင့္ လက္ထပ္ျခင္း၏ ယာယီ အမွတ္အသားေပးျခင္းကို စိတ္ပူရန္ေတာ့မလိုပါေခ်။ လက္ရိွတြင္ အမွတ္အသားေဖ်ာက္သည့္ ဆာဂ်ရီက ေတာ္ေတာ္ေလးတိုးတက္ေနၿပီ မဟုတ္ပါလား။ပေရာဂ်က္ၿပီး၍ ကြာရွင္းၿပီးသည့္အခ်ိန္၊ ဆာဂ်ရီလုပ္လိုက္လ်ွင္ ထုန္ရန႔္ တဲြဖက္အသစ္ရွာတဲ့အခါ ျပႆနာမရိွေလာက္ေပ။

သို႔ေသာ္ ဤကဲ့သို႔ ခ်က္က်လက္ခ် ရွင္းလင္းေျပာဆိုၿပီးတာေတာင္မွ က်ိဳးရွန႔္မင္က ခ်က္ခ်င္းလက္မခံႏိုင္ေသးပါ။ တစ္ဖက္၌ ထုန္ရန႔္သည္ အရမ္းငယ္လြန္းေသးသလို တျခားတစ္ဖက္တြင္လည္း က်ိဳးရွန္႔မင္ ကိုယ္တိုင္ကိုက လက္ထပ္ရန္ သိပ္စိတ္မပါေပ။
သူ႔အသက္ကျဖင့္ ၃၀ပင္ ျပၫ့္ေတာ့မည္။ လူမႈအဖဲြ႔အစည္းတစ္ခုလံုးကေန ကဲြထြက္ေနတာမ်ိဳးမဟုတ္သၫ့္တိုင္ သူ႔ေခတ္သူ႔ခါတုန္းက ဘ႑ာေရးဆိုင္ရာ သင္တန္းေက်ာင္း၏ ၾကယ္ပြင့္တစ္ေယာက္၊ ေက်ာင္း၏ ထိရက္ႏိုင္စရာမရိွေသာ ပန္းတစ္ပြင့္အျဖစ္ သက္မွတ္ခံထားရေသာ က်ိဳးရွန႔္မင္သည္ omega တစ္ေယာက္၏လက္ကိုပင္ တစ္ခါမွမကိုင္ဖူးေပ။

လင္ယဲြ႔ဟြာက သူ႔အေတြးေတြကို သိေနသၫ့္အလား ေျပာလိုက္သည္

" မင္းကိုယ္မင္း အရမ္းေတြ တန္ဖိုးထားျပမေနစမ္းပါနဲ႔၊ ထုန္ထုန႔္ရဲ့မ်က္ႏွာလိုမ်ိဳး ရိွတဲ့လူတစ္ေယာက္ကို ျမင္ရတာနဲ႔တင္ မင္းရဲ့ pheromone တခ်ိဳ႕ကို လႊတ္ေပးဖို႔က တန္တာထက္ပိုေနၿပီ"

က်ိဳးရွန႔္မင္ သူ႔အေမေျပာတာကို စိတ္မဆိုးေပ။ သူ႔အေမက ေကာင္ေလးကို ၾကင္နာျခင္းအျပၫ့္ျဖင့္ ထုန္ထုန္လို႔ေခၚလိုက္တာကို သူသတိထားမိလိုက္သည္။

"အေမက ထုန္ရန႔္ကိုေတြ့ဖူးၿပီးၿပီလား"

က်ိဳးရွန႔္မင္ ေမးလိုက္သည္။

လင္ယဲြ႔ဟြာက ေကြ့ဝိုက္မေနေတာ့ေခ်။ သူ႔မ်က္လံုးထဲရိွ ေက်နပ္မႈမ်ားမွာ အတုအေယာင္မ်ား မဟုတ္မွန္း သိသာလြန္းသည္။

"အေမ သူ႔ကို အရင္အပတ္ ရံုးပိတ္ရက္ကေတြ့ခဲ့တယ္။ ကေလးက မနက္ပိုင္းမွာ တေယာထိုးသင္တယ္တဲ့ေလ။ အေမကသူ႔အေဖနဲ႔ ေစာေစာသြားေတြ့ခဲ့တာ၊ ထုန္ထုန္႔ေလးကေတာ့ သူ႔ဘာသာ ကားစီးၿပီးလာခဲ့တာ၊ သူ႔ေက်ာေပၚမွာ တေယာအိတ္ေလးလြယ္ထားၿပီးေတာ့ တံခါးကေနဝင္လာလာခ်င္းပဲ ကၽြန္ေတာ္ေနာက္က်သြားလို႔ ေတာင္းပန္ပါတယ္ဆိုၿပီး ေတာင္းပန္စကား ေျပာလာတာပဲ"

"ကေလးကအရမ္း ဆင္ဆင္ျခင္ျခင္ေနတတ္ၿပီး စကားလည္းနားေထာင္လြန္းတယ္၊ ဒါတင္မကေသးဘူး ရုပ္ေလးကလည္းေခ်ာလို႔ အေမ့ဘဝမွာ ဒီေလာက္လွလြန္းတဲ့ ကေလးေလး တစ္ခါမွမေတြ့ဖူးခဲ့ဘူး"

ထုန္ရန႔္အေၾကာင္းဆက္တိုက္ေျပာၿပီးေနာက္ လင္ယဲြ႔ဟြာ ႃပံုေနမိတာ ပါးစပ္ကနားရြက္ တက္ခ်ိတ္မိမတတ္ပင္။ သို႔ေပမယ့္ တစ္စံုတစ္ခုကိုေတြးမိသြားသည့္ႏွယ္ ရုတ္တရက္ႀကီး သက္ျပင္းခ်လိုက္သည္။

"သနားဖို႔ေကာင္းလိုက္တာ၊ ဒီလိုေကာင္းျခင္းအျဖာျဖာနဲ႔ ျပၫ့္စံုေနတဲ့ ကေလးေလးက ဘယ္လို အျပစ္ေတြရိွလို႔မ်ား အေမမရိွဘဲ ႀကီးျပင္းလာရတာတဲ့လဲ"

လင္ယဲြ႔ဟြာက စိတ္မကာင္းႀကီးစြာျဖစ္သြားဟန္ျဖင့္ ၿငီးျငဴလိုက္သည္။

"…"

"ဒါေပမဲ့ေလ သူေလးက တကယ္ကို ယဉ္ယဉ္ေက်းေက်းရိွၿပီး ေတာ္ေတာ္ေလး စဉ္းစားဆင္ျခင္ႏိုင္တယ္။ ၿပီးေတာ့ သူက သူ႔အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ေက်ာင္းမွာပဲ ကုန္ဆံုးတတ္ေတာ့ မင္းနဲ႔တူတူေျပာင္းေနၿပီးတဲ့ အခ်ိန္က်ရင္လည္း မင္းကို ဒုကၡေပးရာေရာက္မယ္မထင္ပါဘူး"

က်ိဳးရွန႔္မင္လည္း ေရ႔ွဆက္၍ အေမျဖစ္သူႏွင့္ အေခ်အတင္ေျပာမေနပါေတာ့ေခ်။ သူစဉ္းစားမိသည္က သူသည္ ေပြ့ဖက္ျခင္းႏွင့္ နမ္းရႈံ႔ျခင္းအျပင္ ထုန္ရန္႔ အဆင္ေျပေအာင္ ဘာမ်ား လုပ္ေပးႏိုင္သလဲ၊ သူကေတာင္းဆိုလာလ်ွင္ စိတ္ခ်ရသၫ့္အေျဖတစ္ခု ရမည္မွာ မေသခ်ာရံုသာမက မရင့္က်က္သည့္ လူငယ္ေလးတစ္ေယာက္ကဲ့သို႔ အေလွာင္ခံရႏိုင္ေသးသည္။

ေနပါဦး၊ ဘာလို႔ သူက သူ႔ကိုယ္သူ ေလွာင္ရမွာတဲ့တုန္း။ က်ိဳးရွန႔္မင္က အနည္းငယ္ရွက္ရြံ႔စြာျဖင့္ သူ႔စိတ္ထဲတြင္ ေတြးမိသည္။

က်ိဳးရွန႔္မင္ သူ႔အေမျဖစ္သူ လင္ယဲြ႔ဟြာအေၾကာင္း ေသေသခ်ာခ်ာကို သိပါသည္။ လင္ယဲြ႔ဟာသည္ ဘာလုပ္လုပ္ ပြင့္ပြင့္လင္းလင္း တည့္တိုးလုပ္ကိုင္သၫ့္ အမ်ိဳးသမီးျဖစ္သည္။ သူက တစ္စံုတစ္ခုကိုေျပာလိုက္လ်ွင္ ထိုတစ္စံုတစ္ခုကိုျဖစ္ေအာင္လုပ္တတ္သည္။ မည္သၫ့္အတားအဆီးမွ အျဖစ္မခံတတ္ေပ။ လက္ထပ္ရန္ စကားေျပာဆိုေဆြးေနြးၾကၿပီးေနာက္ လင္ယဲြ႔ဟြာသည္  ထုန္ရန႔္ကို ေတာ္ေတာ္ေလးပင္ သေဘာက်ေက်နပ္ေနပံု ေပၚ၏။ ထိုအေၾကာင္းျပခ်က္ကပင္ ထုန္ရန႔္ကို သူႏွင့္လက္ထပ္ေပးရန္ အေၾကာင္းျဖစ္လာရျခင္း ျဖစ္ႏိုင္သည္မွာ အေသအခ်ာပင္။ လက္ထပ္ျခင္းေၾကာင့္ ရလာေသာ အျခား အက်ိဳးအျမတ္မ်ားကေတာ့ အဓိကအားျဖင့္ သူတို႔ အိမ္ေထာင္ေရးကို လူသိမ်ားေစလိုဟန္တူေသာေၾကာင့္ျဖစ္မည္။
က်ိဳးရွန႔္မင္က ေနာက္ပိုင္း ဘာျဖစ္လာႏိုင္သလဲဆိုတာကို သူစိတ္အပူအပင္ခံ၍ စဉ္းစားမေနေတာ့ပဲ လက္ထပ္ရန္ ေခါင္းညိတ္ လက္ခံလိုက္ေတာ့သည္။

ေက်ာင္းမ်ားျပန္မဖြင့္မီ ထုန္ရန႔္ကို က်ိဳးရွန႔္မင္၏အိမ္သို႔ ေျပာင္းေပးရန္အလို႔ငွာ လူႀကီးမ်ားကစီစဉ္ၾကၿပီး  August လေနွာင္းပိုင္းထဲတြင္ စည္ကားၿပီး လူသိမ်ားေသာ မဂၤလာပဲြ ဆင္ႏႊဲခဲ့ၾကသည္။

"ရာစုႏွစ္၏ လက္ထပ္ထိမ္းျမားျခင္း"
ဟုပင္ ဂုဏ္ရည္ေသြး ခ်ီးက်ူးထားေသာ သတင္းေခါင္းစဉ္က သတင္းစာေတာ္ေတာ္မ်ားမ်ားႏွင့္ မဂၢဇင္းမ်က္ႏွာဖံုးမ်ားတြင္ အျပၫ့္ပင္ျဖစ္ေနေတာ့သည္။ မီဒီယာ အားလံုးက ဤကဲ့သို႔ေမွာ္ဆန္ၿပီး ၿပီးျပၫ့္စံုလြန္းေသာ မဂၤလာပဲြအေၾကာင္းကို ေဖာေဖာသီသီ ခ်ီးက်ူးရင္းျဖင့္ ေဆြးေနြးေနၾကသည္။

သို႔ေသာ္လည္း မဂၤလာပဲြ၏ အဓိကဇာတ္ေဆာင္ သတို႔သား အၾကင္ခင္ပြန္းေလာင္းႏွစ္ဦးက ဘုန္းေတာ္ႀကီးေရ႔ွမွာ "ဤလူကို သစၥာရိွရိွေပါင္းသင္းေနထိုင္သြားပါ့မည္" ဟူသည့္ စကားမေျပာခင္၊ မဂၤလာပဲြ မစတင္ခင္ မိနစ္ပိုင္းအလိုမွသာ တစ္ေယာက္ႏွင့္တစ္ေယာက္ ပထမဆံုး ေတြ့ဖူးၾကသည္ဆိုသည္ကို မည္သူကမ်ား သိႏိုင္လိမ့္မလဲ။

•°•°•°•°•°•°•

Continue Reading

You'll Also Like

4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
1M 65.2K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင္ဒါသစ္ခြေတြကိုျမင္တိုင္း အတိတ္...
233K 35.1K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
242K 39.2K 101
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .