Zawgyi
သမားေတာ္လ်ိဳကို အိမ္တံခါးဝအျပင္ဘက္ လိုက္ပို႔ ေပးၿပီးေနာက္ ဝုမိန္ကအခန္းဆီကို ျပန္လွည့္လာ တယ္။ တ်န္းတ်န္းႏွင့္ေကာ္ေကာ္က ဒါဟူႏွင့္ယုယာအာတို႔ႏွင့္ ေပ်ာ္ရႊင္စြာ ကစားေနၾကတုန္းပဲ့။
အခန္းထဲမွာ လ်ိဳခ်င္ကလ်ိဳထံုကို လိမ္းေဆး အခ်ိဳ႕လိမ္းေပးေနတဲ့အခ်ိန္မွာ ႐ွဳရန္က တစ္ေယာက္တည္း ခံုေပၚမွာထိုင္ေနတယ္။
အခန္းထဲကိုဝင္ေနဆဲမွာ ဝုမိန္ရဲ႕အျမင္အာရံုကို လ်ိဳထံုေက်ာေပၚက ႀကီးမားတဲ့ အမဲႏွင့္အျပာ ေရာင္သန္းေနတဲ့ အတြင္းေၾကဒဏ္ရာေတြက ဖမ္းစားသြားတယ္။ လိမ္းေဆးလိမ္းေနတဲ့အခ်ိန္မွာ အရမ္းနာလြန္းလို႔ လ်ိဳထံုမွာ ေခြၽးေတြေတာင္ ထြက္ေနတယ္။ သို႔ေသာ္လည္း သူကသြားကို အံႀကိတ္ေနၿပီးေတာ့ မငိုထုတ္ခဲ့ဘူး။
ဒီျမင္ကြင္းက ဝုမိန္ႏွင့္လ်ိဳခ်င္ႏွစ္ေယာက္စလံုးကို ရင္ထဲထိသြားေစၿပီး မ်က္ရည္ေတာင္က်လာေစခဲ့ တယ္။ လ်ိဳထံုႏွင့္ႏိႈင္းယွဥ္ရရင္ သူတို႔က ဘယ္ေလာက္ေပ်ာ္စရာေကာင္းသလဲဆိုတာကို သူတို႔နားလည္သြားၾကတယ္။
ဝုမိန္ကအသံတစ္ခ်က္ မထြက္ခဲ့ပါဘူး။ အခ်ိန္ခဏ ေလာက္ၾကာေအာင္ ၾကည့္ၿပီးေနာက္ တိတ္ဆိတ္ စြာပဲ့ ျပန္ထြက္လာခဲ့တယ္။
အျပင္ဘက္မွာ ႐ွဳရန္ကေနရာတစ္ေနရာတည္းကို မိန္းေမာေတြေဝစြာ စိုက္ၾကည့္ေနတာကို သူျမင္လိုက္ ရတယ္။
ဝုမိန္ကျပံဳးလိုက္ၿပီး မတတ္ႏိုင္ပဲ့ သက္ျပင္းခ်လိုက္မိ တယ္။ ႐ွဳရန္ကအမွန္တကယ္ကို တကယ္ ကံေကာင္းတာပဲ့။
...
ညေနခင္းမွာ ႐ွဳအန္က အသားတစ္ခ်ိဳ႕ႏွင့္ အခ်ိဳတည္းစရာတစ္ခ်ိဳ႕ႏွင့္အတူ ၿမိဳ႕ကေနျပန္လာခဲ့ တယ္။ သူ႔အိမ္ထဲမွာ လ်ိဳထံုႏွင့္သူမိသားစုကို ေတြ႔လိုက္ရေတာ့ ထူးဆန္းတယ္လို႔မခံစားမိဘူး။ အိမ္ျပန္လမ္းမွာ ရြာထဲကလူေတြ ႐ွဳမိသားစု အေၾကာင္းေျပာေနတာကို ၾကားခဲ့ရတယ္။ ဝုမိန္က လ်ိဳထံုႏွင့္ ေကာင္းမြန္တဲ့ဆက္ဆံေရး႐ွိတာကို သူသိတယ္။ အဲ့ဒါေၾကာင့္ သူတို႔ေတြ သူ႔အိမ္မွာ ေနတာက သဘာဝက်ပါတယ္။
႐ွဳအန္ကဘာမွမေျပာေပမယ့္လည္း လ်ိဳထံုကေတာ့ သူႏွင့္ေတြ႔ရင္ နည္းနည္း႐ွက္သလို ခံစားရတုန္းပဲ့။
ဝုမိန္က ဟင္းပြဲေတြစားပြဲအျပည့္ လုပ္ခဲ့တယ္။ မၾကာခင္မွာပဲ့ ဝုလန္ႏွင့္လ်ိဳခ်င္တို႔မိသားစုေတြလည္း ေရာက္လာၾကတယ္။
မိသားစုႏွစ္စုေရာက္လာတာကိုျမင္ေတာ့ လ်ိဳထံုက သူ႔ကိစၥေၾကာင့္ သူတို႔ကိုလာဖို႔ ဝုမိန္ေခၚထားတယ္ ဆိုတာကို သူနားလည္သြားတယ္။
လ်ိဳထံုသူ႔ရဲ႕လိႈက္လိႈက္လွဲလွဲေက်းဇူးတင္မႈကို အမွန္တကယ္ကို ေဖာ္ျပခ်င္တယ္။ ဒီကိစၥေၾကာင့္ သူ႔ႏွလံုးသားအရမ္းထိသြားတယ္။
အစားအေသာက္စတင္စားတာႏွင့္ ဝုလန္က လ်ိဳထံုကို ဒီေန႔ဘာကိစၥျဖစ္ခဲ႔တာလဲလို႔ ေမးလိုက္ တယ္။
တစ္ျခားသူေတြကလည္းသူ႔ကို မီးတဝင္းဝင္းေတာက္ ေနတဲ့မ်က္လံုးေတြႏွင့္ ၾကည့္ေနၾကတယ္။
လ်ိဳထံုကအကူအညီမဲ့သလို ခံစားလိုက္ရၿပီးေတာ့ အျဖစ္မွန္ကိုအေသးစိတ္က်က် ေျပာျပလိုက္တယ္။
႐ွဳဟိုခိုင္ကလ်ိဳထံုရဲ႕နာမည္ေတြကို ဘယ္လိုေခၚ သလဲဆိုတာကို ၾကားလိုက္ရေတာ့ ဝုလန္ကစားပြဲကို ထုၿပီး ႐ွဳဟိုခိုင္ကိုက်ိန္ဆဲေတာ့တယ္။ ႐ွဳရန္က ယုန္ကို ညစာစားစားပြဲေပၚကို ပစ္တင္လိုက္တာကို ၾကားလိုက္ရတဲ့အခ်ိန္မွာ ဝုလန္ကစားပြဲကို ႐ိုက္ၿပီးေတာ့ လက္ခုပ္တီးေတာ့တယ္။ ႐ွဳဟိုခိုင္က လ်ိဳထံုကိုေပါက္ျပားႏွင့္႐ိုက္တာ ႐ွဳေဟြ႔ႏွင့္ ႐ွဳက်ီရန္က ႐ွဳရန္ကိုကိုက္တာ ၿပီးေတာ့ လ်ိဳထံု မိသားစုကို ပိုင္ဆိုင္မႈေတြခြဲေဝဖို႔ျငင္းတာကို သိၿပီးတဲ့ ေနာက္မွာ ဝုလန္က သူအဲ့လိုမ်ိဳး ဆက္ဆံခံခဲ့ရ သလိုမ်ိဳး ခံစားလိုက္ရတယ္။ သူအရမ္းေဒါသထြက္ ၿပီးေတာ့ ခံုတန္း႐ွည္ႏွင့္႐ွဳမိသားစုကို အခုခ်က္ခ်င္း
သြားသတ္ပစ္ခ်င္လာတယ္။
ဝုလန္ရဲ႕ေဒါသထြက္ေနတဲ့ အမူအရာကိုျမင္ၿပီးေတာ့
လ်ိဳထံုသူ႔ႏွလံုးသားထဲမွာ မခ်ိတင္ကဲေဝဒနာႏွင့္ ေပ်ာ္ရႊင္မႈႏွစ္မ်ိဳးစလံုးကို ခံစားလိုက္ရတယ္။ သူ႔ရဲ႕ အခက္ခဲဆံုးအခ်ိန္မွာ ကူညီေပးတဲ့သူငယ္ခ်င္းေတြ႐ွိ တာက အမွန္တကယ္ကို ဝမ္းေျမာက္စရာေကာင္း တယ္။ ဒါေပမယ့္ သူ႔ရဲ႕မိသားစုဝင္လိုမ်ိဳးျဖစ္ေနတဲ့ သူငယ္ခ်င္းေတြက သူ႔ကိုအမွန္တကယ္အာရံုစိုက္ေန ၿပီးေတာ့ သူ႔ကေလးေတြကလည္း ဒီလိုအေျခအေန မ်ိဳးထဲ က်ေရာက္သြားတာကေတာ့ ဝမ္းနည္းစရာပဲ့။
ေနာက္ဆံုးမွာလ်ိဳခ်င္က ဒီအေျခအေနကို ၿငိမ္သက္ ေအာင္လို႔ ဝင္ပါရေတာ့တယ္။ "ဟုတ္ၿပီ။ ငါတို႔ေတြ ဒီအေၾကာင္း အရင္မေျပာၾကရေအာင္။ လ်ိဳထံု ႏွင့္သူ႔မိသားစု ေနာက္က်ရင္ ဘာလုပ္မလဲဆိုတာကိုပဲ့ ေျပာၾကရေအာင္။ အခုခ်ိန္မွာသူတို႔မွာ ေနဖို႔ေနရာ ေတာင္ မ႐ွိေသးဘူး။ ငါတို႔မိသားစုေတြထဲမွာ ေနတာ ကလည္း သူတို႔အတြက္နည္းလမ္းေကာင္း မဟုတ္ ေသးဘူး။ ငါတို႔က လက္ခံေပမယ့္ တစ္ျခားရြာသား ေတြကေတာ့ ေသခ်ာေပါက္ကို ဒီအေၾကာင္းအတင္း ေျပာၾကမွာပဲ့။"
ဒါကိုၾကားေတာ့ ဒီမွာ႐ွိတဲ့လူတိုင္း ၿငိမ္သက္သြားၾက တယ္။ ဒါကအမွန္တကယ္ကို ျပႆနာတစ္ခုပဲ့။
အခ်ိန္အခ်ိဳ႕ၾကာေအာင္ ၿငိမ္သက္ေနၿပီး ေနာက္ဆံုး မွာေတာ့ လ်ိဳထံုကေျပာလာတယ္။ "ငါမေန႔ကေတာင္ေပၚတက္ၿပီးေတာ့ ဝါးေတြတစ္ပံု တစ္ေခါင္းခုတ္ထားခဲ့တယ္။ ၿပီးေတာ့ အနီးနားက ဂူထဲမွာငါဖြက္ထားခဲ့တယ္။ အရင္ဆံုး ေျမတစ္ကြက္ ဝယ္ၿပီးေတာ့ ေနဖို႔ဝါးအိမ္ေလးတစ္အိမ္ ေဆာက္ခ်င္ တယ္။ အခုရာသီဥတုကလည္း ပူေနတုန္းဆိုေတာ့ ငါတို႔ဒီနည္းအတိုင္း ထိန္းထားႏိုင္တယ္။ ငါေတာင္ေပၚမွာ တိရစာၦန္႐ိုင္းတစ္ခ်ိဳ႕ကို အမဲလိုက္ ၿပီးေတာ့ ေစ်းမွာသြားေရာင္းမယ္။ အဲ့လိုဆို ငါ့မိသားစု မငတ္ေတာ့ဘူးေပါ့။"
လ်ိဳထံုေျပာတာကိုၾကားၿပီးေနာက္ ဝုမိန္ကဒါက နည္းလမ္းေကာင္းျဖစ္လိမ့္မယ္လို႔ ေထာက္ခံတယ္။ အဲ့ဒါေၾကာင့္ သူေျပာလိုက္တယ္။ "ဝါးအိမ္ကလည္း ျဖစ္ႏိုင္ေခ်႐ွိတဲ့ ေျဖ႐ွင္းနည္းတစ္ခုပဲ့။ ေတာင္ေပၚမွာ လည္း ဝါးေတြအမ်ားႀကီး႐ွိတယ္။ တစ္ခုတည္း ေသာ ျပႆနာက မိုးရြာတဲ့အခ်ိန္ ဒါမွမဟုတ္ ေလထန္တဲ့အခ်ိန္ပဲ့။ ဒါေပမယ့္ အခုေတာ့ တစ္ျခား ေျဖ႐ွင္းနည္းေတြလည္း မ႐ွိေသးဘူး။ အရင္ဆံုး ငါတို႔ေတြ ဝါးအိမ္ေဆာက္ၾကရေအာင္! ငါတို႔မိသားစုသံုးခုစလံုး မနက္ျဖန္က်ရင္ ေတာင္ေပၚမွာ ဝါးေတြကိုခုတ္ကူဖို႔ အၾကံေပးခ်င္ တယ္။ အိမ္ကိုျဖစ္ႏိုင္သေလာက္ျမန္ျမန္ ေဆာက္မွ ရမယ္။"
ဝုမိန္ကေဖေဖတစ္ေယာက္ျဖစ္ေပမယ့္လည္း ပံုမွန္ဆို ရင္အိမ္မွာ သူကအရာအားလံုးကို ဆံုးျဖတ္တယ္။ အဲ့တာက ကိစၥႀကီးႀကီးမားမားမဟုတ္သေရြ႔ ႐ွဳအန္က သူ႔ရဲ႕အၾကံညဏ္ကို လိုက္နာတယ္။ တစ္ျခားမိသားစုႏွစ္ခုအတြက္လည္း အေျခအေနက အတူတူပဲ့။ ေျပာရရင္ သူတို႔အားလံုးက လ်ိဳထံု ႏွင့္သူငယ္ခ်င္းေတြဆိုေတာ့ ဝါးအိမ္ေဆာက္ဖို႔ကိစၥက အတည္ျဖစ္သြားၿပီ။
"ဟုတ္ၿပီ။ ဝါးေတြကိုငါတို႔ဘာသာငါတို႔ ခုတ္ႏိုင္ တယ္။ ဒါေပမယ့္ အိမ္တစ္လံုးမွာ အုတ္ျပားေခါင္မိုး ကေတာ့ ႐ွိရမယ္။ ဝုမိန္ အဲ့အခ်ိန္က်ရင္ ရြာထဲက ဘယ္ေနရာမွာ အုတ္ျပားရႏိုင္လဲဆိုတာကို ၾကည့္ၿပီး ငါ့အတြက္ဝယ္ထားေပးလို႔ရမလား။ ပိုက္ဆံအတြက္ ေတာ့ စိတ္ပူစရာမလိုဘူး။ ဒီႏွစ္ေတြမွာ ရန္အတြက္ ဆိုျပီးစုထားတဲ့ ေဆးဖိုးေတြ႐ွိတယ္။ ငါ့လက္ထဲမွာ ေငြတံုးႏွစ္တံုး႐ွိတယ္။ အဲ့တာက အုတ္ျပားဝယ္ဖို႔ လံုေလာက္တယ္။ ဒါေပမယ့္ တစ္ျခားအရာေတြ ကေတာ့ ေစာင့္ရလိမ့္မယ္။" လ်ိဳထံုက ပြင့္ပြင့္ လင္းလင္း ေျပာလိုက္တယ္။
ဝုမိန္ကသူ႔လက္ကို ေဝွ့ယမ္းၿပီးေတာ့ "အဲ့အတြက္ စိတ္မပူနဲ႔။ ငါတို႔မိသားစုသံုးခုစလံုးက မင္းတို႔ကို အရင္ကူညီမယ္။ ငါတို႔ဒီအေၾကာင္းကို မင္းဘဝ ပိုေကာင္းလာတဲ့အခ်ိန္က်မွ ေျပာၾကမယ္။ ငါမင္းကို ေကာင္းေကာင္းသိတယ္။ လ်ိဳထံု သူငယ္ခ်င္း အခ်င္းခ်င္းၾကားမွာ ကိန္းႀကီးခမ္းႀကီးႏိုင္စရာ မလိုပါဘူး။ အိမ္ကိုေဆာက္ဖို႔က အေရးႀကီးဆံုး အရာပဲ့။"
"အင္း။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။" လ်ိဳထံုကထပ္ၿပီး ဘာမွမေျပာေတာ့ဘူး။ သူ႔သူငယ္ခ်င္းေကာင္းေတြရဲ႕ အကူအညီကို စိတ္ထဲ မွာပဲ့ မွတ္ထားလိုက္ေတာ့တယ္။
အခန္းထဲမွာ လူႀကီးေတြက အပူတျပင္းေဆြးေႏြးေန တဲ့အခ်ိန္မွာ ကေလးေတြက အျပင္ဘက္မွာ ကစား ေနၾကတယ္။ ေမွာင္လာတာကိုျမင္ေတာ့ လ်ိဳထံု တို႔မိသားစုက ဝုမိန္တို႔အိမ္မွာ ေနတဲ့အခ်ိန္မွာ ဝုလန္ ႏွင့္လ်ိဳခ်င္တို႔က သူတို႔ရဲ႕ကေလးေတြကို အိမ္ျပန္ေခၚ သြားတယ္။
ဝုမိန္ရဲ႕အိမ္မွာ အိပ္ယာသံုးခု႐ွိတယ္။ ဝုမိန္က ယုယာအာကို သူတို႔ႏွင့္အိပ္ဖို႔ ေခၚသြားတယ္။ လ်ိဳေတာင့္ကေလးႏွစ္ေယာက္က ဒါဟူႏွင့္အိပ္ယာ တူတူအိပ္ၿပီးေတာ့ က်န္တဲ့အိပ္ယာကိုေတာ့ လ်ိဳထံုႏွင့္႐ွဳရန္အတြက္ ေပးလိုက္တယ္။
ေန႔တစ္ေန႔လံုးအလုပ္လုပ္ၿပီးေနာက္ လူတိုင္းက ပင္ပန္းသြားၾကၿပီ။ ဒါေပမယ့္ အိ္ပ္ရာမဝင္ခင္မွာ ႐ွဳရန္က လ်ိဳထံုရဲ႕ေနာက္ေက်ာက အတြင္း ေၾကဒဏ္ရာေတြကို ေဆးလိမ္းရာမွာ ကူညီေပးမယ္ လို႔ အတင္းအက်ပ္ ေတာင္းဆိုလိုက္တယ္။
လ်ိဳထံုကအိပ္ယာေပၚမွာ ေမွာက္လ်က္အိပ္ေနေတာ့ အခုခ်ိန္မွာ သူ႔ကိုကူညီေပးေနတဲ့ ႐ွဳရန္ကို မျမင္ေတာ့ဘူး။ ဒါေပမယ့္ သူ႔ရင္ထဲမွာေတာ့ အရမ္း ကို ခ်ိဳၿမိန္ေနတယ္။ အဆံုးမွာေတာ့ ရန္က ေနေကာင္းသြားၿပီးေတာ့ အရာအားလံုး ကြဲျပား ျခားနားသြားၿပီ။
႐ွဳရန္ကသူ႔ရဲ႕အစီအစဥ္ကို ေျပာျပခ်င္ေပမယ့္ လည္း လ်ိဳထံုအရမ္းပင္ပန္းေနတာကို ျမင္လိုက္ ရတယ္။ ၿပီးေတာ့ေနာက္ေန႔က်ရင္လည္း ေတာင္ေပၚ တက္ရအံုးမယ္ဆိုတာကို ေတြးမိေတာ့ သူ႔စကားလံုး ေတြကို ျပန္မ်ိဳခ်လိုက္ၿပီး အိပ္ယာေပၚကို လဲွခ်လိုက္ ၿပီးေတာ့ မ်က္လံုးကိုမွိတ္လိုက္တယ္။
႐ွဳရန္အိပ္ေမာက်သြားတာႏွင့္ခ်က္ခ်င္း ခါတိုင္းလိုပဲ့ လ်ိဳထံုလက္ေမာင္းၾကားထဲကို လိွမ့္ဝင္လာခဲ့တယ္။
႐ွဳရန္သူ႔လက္ေမာင္းၾကားထဲ တိုးဝင္လာတာကို လ်ိဳထံုအလိုလိုသိေနခဲ့တယ္။ သူကအစကတည္းက နက္နက္ရိွဳင္း႐ွိဳင္းအိပ္ေပ်ာ္မေနခဲ့ဘူး။ သူျပံဳးမိသြားတယ္။ သူထင္ခဲ့တာက ႐ွဳရန္က ေနျပန္ေကာင္းသြားရင္ အရင္တုန္းကႏွင့္ မတူေလာက္ေတာ့ဘူးလို႔။ ဒါေပမယ့္ သူမထင္ခဲ့မိ တာက ဒီအက်င့္ကအခုထိ႐ွိေနတုန္းပဲ့။
သူ႔ေနာက္ေက်ာကဒဏ္ရာေတြက နာေနေပမယ့္ လည္း ဒီေန႔ကသူ႔ရဲ႕အေပ်ာ္ရႊင္ဆံုးေန႔လို႔ လ်ိဳထံု
ခံစားေနရတုန္းပဲ့။ ရန္ကေနျပန္ေကာင္းသြားၿပီ။ ၿပီးေတာ့ အရာအားလံုး အရမ္းေကာင္းသြားၿပီ။
Unicode
Chapter(16):တန်ပြန်အစီအစဉ်အတွက် ဆွေးနွေးခြင်း
သမားတော်လျိုကို အိမ်တံခါးဝအပြင်ဘက် လိုက်ပို့ ပေးပြီးနောက် ဝုမိန်ကအခန်းဆီကို ပြန်လှည့်လာ တယ်။ တျန်းတျန်းနှင့်ကော်ကော်က ဒါဟူနှင့်ယုယာအာတို့နှင့် ပျော်ရွှင်စွာ ကစားနေကြတုန်းပဲ့။
အခန်းထဲမှာ လျိုချင်ကလျိုထုံကို လိမ်းဆေး အချို့လိမ်းပေးနေတဲ့အချိန်မှာ ရှုရန်က တစ်ယောက်တည်း ခုံပေါ်မှာထိုင်နေတယ်။
အခန်းထဲကိုဝင်နေဆဲမှာ ဝုမိန်ရဲ့အမြင်အာရုံကို လျိုထုံကျောပေါ်က ကြီးမားတဲ့ အမဲနှင့်အပြာ ရောင်သန်းနေတဲ့ အတွင်းကြေဒဏ်ရာတွေက ဖမ်းစားသွားတယ်။ လိမ်းဆေးလိမ်းနေတဲ့အချိန်မှာ အရမ်းနာလွန်းလို့ လျိုထုံမှာ ချွေးတွေတောင် ထွက်နေတယ်။ သို့သော်လည်း သူကသွားကို အံကြိတ်နေပြီးတော့ မငိုထုတ်ခဲ့ဘူး။
ဒီမြင်ကွင်းက ဝုမိန်နှင့်လျိုချင်နှစ်ယောက်စလုံးကို ရင်ထဲထိသွားစေပြီး မျက်ရည်တောင်ကျလာစေခဲ့တယ်။ လျိုထုံနှင့်နှိုင်းယှဉ်ရရင် သူတို့က ဘယ်လောက်ပျော်စရာကောင်းသလဲဆိုတာကို သူတို့နားလည်သွားကြတယ်။
ဝုမိန်ကအသံတစ်ချက် မထွက်ခဲ့ပါဘူး။ အချိန်ခဏ လောက်ကြာအောင် ကြည့်ပြီးနောက် တိတ်ဆိတ် စွာပဲ့ ပြန်ထွက်လာခဲ့တယ်။
အပြင်ဘက်မှာ ရှုရန်ကနေရာတစ်နေရာတည်းကို မိန်းမောတွေဝေစွာ စိုက်ကြည့်နေတာကို သူမြင်လိုက် ရတယ်။
ဝုမိန်ကပြုံးလိုက်ပြီး မတတ်နိုင်ပဲ့ သက်ပြင်းချလိုက်မိ တယ်။ ရှုရန်ကအမှန်တကယ်ကို တကယ် ကံကောင်းတာပဲ့။
...
ညနေခင်းမှာ ရှုအန်က အသားတစ်ချို့နှင့် အချိုတည်းစရာတစ်ချို့နှင့်အတူ မြို့ကနေပြန်လာခဲ့ တယ်။ သူ့အိမ်ထဲမှာ လျိုထုံနှင့်သူမိသားစုကို တွေ့လိုက်ရတော့ ထူးဆန်းတယ်လို့မခံစားမိဘူး။ အိမ်ပြန်လမ်းမှာ ရွာထဲကလူတွေ ရှုမိသားစု အကြောင်းပြောနေတာကို ကြားခဲ့ရတယ်။ ဝုမိန်က လျိုထုံနှင့် ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကို သူသိတယ်။ အဲ့ဒါကြောင့် သူတို့တွေ သူ့အိမ်မှာ နေတာက သဘာဝကျပါတယ်။
ရှုအန်ကဘာမှမပြောပေမယ့်လည်း လျိုထုံကတော့ သူနှင့်တွေ့ရင် နည်းနည်းရှက်သလို ခံစားရ တုန်းပဲ့။
ဝုမိန်က ဟင်းပွဲတွေစားပွဲအပြည့် လုပ်ခဲ့တယ်။ မကြာခင်မှာပဲ့ ဝုလန်နှင့်လျိုချင်တို့မိသားစုတွေလည်း ရောက်လာကြတယ်။
မိသားစုနှစ်စုရောက်လာတာကိုမြင်တော့ လျိုထုံက သူ့ကိစ္စကြောင့် သူတို့ကိုလာဖို့ ဝုမိန်ခေါ်ထားတယ် ဆိုတာကို သူနားလည်သွားတယ်။
လျိုထုံသူ့ရဲ့လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မှုကို အမှန်တကယ်ကို ဖော်ပြချင်တယ်။ ဒီကိစ္စကြောင့် သူ့နှလုံးသားအရမ်းထိသွားတယ်။
အစားအသောက်စတင်စားတာနှင့် ဝုလန်က လျိုထုံကို ဒီနေ့ဘာကိစ္စဖြစ်ခဲ့တာလဲလို့ မေးလိုက် တယ်။
တစ်ခြားသူတွေကလည်းသူ့ကို မီးတဝင်းဝင်းတောက် နေတဲ့မျက်လုံးတွေနှင့် ကြည့်နေကြတယ်။
လျိုထုံကအကူအညီမဲ့သလို ခံစားလိုက်ရပြီးတော့ အဖြစ်မှန်ကိုအသေးစိတ်ကျကျ ပြောပြလိုက်တယ်။
ရှုဟိုခိုင်ကလျိုထုံရဲ့နာမည်တွေကို ဘယ်လိုခေါ် သလဲဆိုတာကို ကြားလိုက်ရတော့ ဝုလန်ကစားပွဲကို ထုပြီး ရှုဟိုခိုင်ကိုကျိန်ဆဲတော့တယ်။ ရှုရန်က ယုန်ကို ညစာစားစားပွဲပေါ်ကို ပစ်တင်လိုက်တာကို ကြားလိုက်ရတဲ့အချိန်မှာ ဝုလန်ကစားပွဲကို ရိုက်ပြီးတော့ လက်ခုပ်တီးတော့တယ်။ ရှုဟိုခိုင်က လျိုထုံကိုပေါက်ပြားနှင့်ရိုက်တာ ရှုဟွေ့နှင့် ရှုကျီရန်က ရှုရန်ကိုကိုက်တာ ပြီးတော့ လျိုထုံ မိသားစုကို ပိုင်ဆိုင်မှုတွေခွဲဝေဖို့ငြင်းတာကို သိပြီးတဲ့ နောက်မှာ ဝုလန်က သူအဲ့လိုမျိုး ဆက်ဆံခံခဲ့ရ သလိုမျိုး ခံစားလိုက်ရတယ်။ သူအရမ်းဒေါသထွက် ပြီးတော့ ခုံတန်းရှည်နှင့်ရှုမိသားစုကို အခုချက်ချင်း
သွားသတ်ပစ်ချင်လာတယ်။
ဝုလန်ရဲ့ဒေါသထွက်နေတဲ့ အမူအရာကိုမြင်ပြီးတော့
လျိုထုံသူ့နှလုံးသားထဲမှာ မချိတင်ကဲဝေဒနာနှင့် ပျော်ရွှင်မှုနှစ်မျိုးစလုံးကို ခံစားလိုက်ရတယ်။ သူ့ရဲ့ အခက်ခဲဆုံးအချိန်မှာ ကူညီပေးတဲ့သူငယ်ချင်းတွေရှိတာက အမှန်တကယ်ကို ဝမ်းမြောက်စရာကောင်းတယ်။ ဒါပေမယ့် သူ့ရဲ့မိသားစုဝင်လိုမျိုးဖြစ်နေတဲ့ သူငယ်ချင်းတွေက သူ့ကိုအမှန်တကယ်အာရုံစိုက်နေ ပြီးတော့ သူ့ကလေးတွေကလည်း ဒီလိုအခြေအနေ မျိုးထဲ ကျရောက်သွားတာကတော့ ဝမ်းနည်းစရာပဲ့။
နောက်ဆုံးမှာလျိုချင်က ဒီအခြေအနေကို ငြိမ်သက် အောင်လို့ ဝင်ပါရတော့တယ်။ "ဟုတ်ပြီ။ ငါတို့တွေ ဒီအကြောင်း အရင်မပြောကြရအောင်။ လျိုထုံနှင့်သူ့မိသားစု နောက်ကျရင် ဘာလုပ်မလဲဆိုတာကိုပဲ့ ပြောကြရအောင်။ အခုချိန်မှာသူတို့မှာ နေဖို့နေရာ တောင် မရှိသေးဘူး။ ငါတို့မိသားစုတွေထဲမှာ နေတာ ကလည်း သူတို့အတွက်နည်းလမ်းကောင်း မဟုတ် သေးဘူး။ ငါတို့က လက်ခံပေမယ့် တစ်ခြားရွာသား တွေကတော့ သေချာပေါက်ကို ဒီအကြောင်းအတင်း ပြောကြမှာပဲ့။"
ဒါကိုကြားတော့ ဒီမှာရှိတဲ့လူတိုင်း ငြိမ်သက်သွားကြ တယ်။ ဒါကအမှန်တကယ်ကို ပြဿနာတစ်ခုပဲ့။
အချိန်အချို့ကြာအောင် ငြိမ်သက်နေပြီး နောက်ဆုံး မှာတော့ လျိုထုံကပြောလာတယ်။ "ငါမနေ့ကတောင်ပေါ်တက်ပြီးတော့ ဝါးတွေတစ်ပုံ တစ်ခေါင်းခုတ်ထားခဲ့တယ်။ ပြီးတော့ အနီးနားက ဂူထဲမှာငါဖွက်ထားခဲ့တယ်။ အရင်ဆုံး မြေတစ်ကွက် ဝယ်ပြီးတော့ နေဖို့ဝါးအိမ်လေးတစ်အိမ် ဆောက်ချင် တယ်။ အခုရာသီဥတုကလည်း ပူနေတုန်းဆိုတော့ ငါတို့ဒီနည်းအတိုင်း ထိန်းထားနိုင်တယ်။ ငါတောင်ပေါ်မှာ တိရစ္ဆာန်ရိုင်းတစ်ချို့ကို အမဲလိုက်ပြီးတော့ ဈေးမှာသွားရောင်းမယ်။ အဲ့လိုဆို ငါ့မိသားစု မငတ်တော့ဘူးပေါ့။"
လျိုထုံပြောတာကိုကြားပြီးနောက် ဝုမိန်ကဒါက နည်းလမ်းကောင်းဖြစ်လိမ့်မယ်လို့ ထောက်ခံတယ်။ အဲ့ဒါကြောင့် သူပြောလိုက်တယ်။ "ဝါးအိမ်ကလည်း ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းနည်းတစ်ခုပဲ့။ တောင်ပေါ်မှာ လည်း ဝါးတွေအများကြီးရှိတယ်။ တစ်ခုတည်း သော ပြဿနာက မိုးရွာတဲ့အချိန် ဒါမှမဟုတ် လေထန်တဲ့အချိန်ပဲ့။ ဒါပေမယ့် အခုတော့ တစ်ခြား ဖြေရှင်းနည်းတွေလည်း မရှိသေးဘူး။ အရင်ဆုံး ငါတို့တွေ ဝါးအိမ်ဆောက်ကြရအောင်! ငါတို့မိသားစုသုံးခုစလုံး မနက်ဖြန်ကျရင် တောင်ပေါ်မှာ ဝါးတွေကိုခုတ်ကူဖို့ အကြံပေးချင် တယ်။ အိမ်ကိုဖြစ်နိုင်သလောက်မြန်မြန် ဆောက်မှ ရမယ်။"
ဝုမိန်ကဖေဖေတစ်ယောက်ဖြစ်ပေမယ့်လည်း ပုံမှန်ဆို ရင်အိမ်မှာ သူကအရာအားလုံးကို ဆုံးဖြတ်တယ်။ အဲ့တာက ကိစ္စကြီးကြီးမားမားမဟုတ်သရွေ့ ရှုအန်က သူ့ရဲ့အကြံညဏ်ကို လိုက်နာတယ်။ တစ်ခြားမိသားစုနှစ်ခုအတွက်လည်း အခြေအနေက အတူတူပဲ့။ ပြောရရင် သူတို့အားလုံးက လျိုထုံနှင့်သူငယ်ချင်းတွေဆိုတော့ ဝါးအိမ်ဆောက်ဖို့ကိစ္စက အတည်ဖြစ်သွားပြီ။
"ဟုတ်ပြီ။ ဝါးတွေကိုငါတို့ဘာသာငါတို့ ခုတ်နိုင်တယ်။ ဒါပေမယ့် အိမ်တစ်လုံးမှာ အုတ်ပြားခေါင်မိုး ကတော့ ရှိရမယ်။ ဝုမိန် အဲ့အချိန်ကျရင် ရွာထဲက ဘယ်နေရာမှာ အုတ်ပြားရနိုင်လဲဆိုတာကို ကြည့်ပြီး ငါ့အတွက်ဝယ်ထားပေးလို့ရမလား။ ပိုက်ဆံအတွက် တော့ စိတ်ပူစရာမလိုဘူး။ ဒီနှစ်တွေမှာ ရန်အတွက် ဆိုပြီးစုထားတဲ့ ဆေးဖိုးတွေရှိတယ်။ ငါ့လက်ထဲမှာ ငွေတုံးနှစ်တုံးရှိတယ်။ အဲ့တာက အုတ်ပြားဝယ်ဖို့ လုံလောက်တယ်။ ဒါပေမယ့် တစ်ခြားအရာတွေ ကတော့ စောင့်ရလိမ့်မယ်။" လျိုထုံက ပွင့်ပွင့် လင်းလင်း ပြောလိုက်တယ်။
ဝုမိန်ကသူ့လက်ကို ဝှေ့ယမ်းပြီးတော့ "အဲ့အတွက် စိတ်မပူနဲ့။ ငါတို့မိသားစုသုံးခုစလုံးက မင်းတို့ကို အရင်ကူညီမယ်။ ငါတို့ဒီအကြောင်းကို မင်းဘဝ ပိုကောင်းလာတဲ့အချိန်ကျမှ ပြောကြမယ်။ ငါမင်းကို ကောင်းကောင်းသိတယ်။ လျိုထုံ သူငယ်ချင်း အချင်းချင်းကြားမှာ ကိန်းကြီးခမ်းကြီးနိုင်စရာ မလိုပါဘူး။ အိမ်ကိုဆောက်ဖို့က အရေးကြီးဆုံး အရာပဲ့။"
"အင်း။ ကျေးဇူးအများကြီးတင်ပါတယ်။" လျိုထုံကထပ်ပြီး ဘာမှမပြောတော့ဘူး။ သူ့သူငယ်ချင်းကောင်းတွေရဲ့ အကူအညီကို စိတ်ထဲ မှာပဲ့ မှတ်ထားလိုက်တော့တယ်။
အခန်းထဲမှာ လူကြီးတွေက အပူတပြင်းဆွေးနွေးနေ တဲ့အချိန်မှာ ကလေးတွေက အပြင်ဘက်မှာ ကစား နေကြတယ်။ မှောင်လာတာကိုမြင်တော့ လျိုထုံ တို့မိသားစုက ဝုမိန်တို့အိမ်မှာ နေတဲ့အချိန်မှာ ဝုလန် နှင့်လျိုချင်တို့က သူတို့ရဲ့ကလေးတွေကို အိမ်ပြန်ခေါ် သွားတယ်။
ဝုမိန်ရဲ့အိမ်မှာ အိပ်ယာသုံးခုရှိတယ်။ ဝုမိန်က ယုယာအာကို သူတို့နှင့်အိပ်ဖို့ ခေါ်သွားတယ်။ လျိုထုံ့ကလေးနှစ်ယောက်က ဒါဟူနှင့်အိပ်ယာ တူတူအိပ်ပြီးတော့ ကျန်တဲ့အိပ်ယာကိုတော့ လျိုထုံနှင့်ရှုရန်အတွက် ပေးလိုက်တယ်။
နေ့တစ်နေ့လုံးအလုပ်လုပ်ပြီးနောက် လူတိုင်းက ပင်ပန်းသွားကြပြီ။ ဒါပေမယ့် အိပ်ရာမဝင်ခင်မှာ ရှုရန်က လျိုထုံရဲ့နောက်ကျောက အတွင်းကြေဒဏ်ရာတွေကို ဆေးလိမ်းရာမှာ ကူညီပေးမယ်လို့ အတင်းအကျပ် တောင်းဆိုလိုက်တယ်။
လျိုထုံကအိပ်ယာပေါ်မှာ မှောက်လျက်အိပ်နေတော့ အခုချိန်မှာ သူ့ကိုကူညီပေးနေတဲ့ ရှုရန်ကို မမြင်တော့ဘူး။ ဒါပေမယ့် သူ့ရင်ထဲမှာတော့ အရမ်း ကို ချိုမြိန်နေတယ်။ အဆုံးမှာတော့ ရန်က နေကောင်းသွားပြီးတော့ အရာအားလုံး ကွဲပြား ခြားနားသွားပြီ။
ရှုရန်ကသူ့ရဲ့အစီအစဉ်ကို ပြောပြချင်ပေမယ့်လည်း လျိုထုံအရမ်းပင်ပန်းနေတာကို မြင်လိုက်ရတယ်။ ပြီးတော့နောက်နေ့ကျရင်လည်း တောင်ပေါ် တက်ရအုံးမယ်ဆိုတာကို တွေးမိတော့ သူ့စကားလုံးတွေကို ပြန်မျိုချလိုက်ပြီး အိပ်ယာပေါ်ကို လှဲချလိုက်ပြီးတော့ မျက်လုံးကိုမှိတ်လိုက်တယ်။
ရှုရန်အိပ်မောကျသွားတာနှင့်ချက်ချင်း ခါတိုင်းလိုပဲ့ လျိုထုံ့လက်မောင်းကြားထဲကို လှိမ့်ဝင်လာခဲ့တယ်။
ရှုရန်သူ့လက်မောင်းကြားထဲ တိုးဝင်လာတာကို လျိုထုံအလိုလိုသိနေခဲ့တယ်။ သူကအစကတည်းက နက်နက်ရှိုင်းရှိုင်းအိပ်ပျော်မနေခဲ့ဘူး။ သူပြုံးမိသွားတယ်။ သူထင်ခဲ့တာက ရှုရန်က နေပြန်ကောင်းသွားရင် အရင်တုန်းကနှင့် မတူလောက်တော့ဘူးလို့။ ဒါပေမယ့် သူ
မထင်ခဲ့မိတာက ဒီအကျင့်ကအခုထိရှိနေတုန်းပဲ့။
သူ့နောက်ကျောကဒဏ်ရာတွေက နာနေပေမယ့် လည်း ဒီနေ့ကသူ့ရဲ့အပျော်ရွှင်ဆုံးနေ့လို့ လျိုထုံခံစားနေရတုန်းပဲ့။ ရန်ကနေပြန်ကောင်းသွားပြီ။ ပြီးတော့ အရာအားလုံး အရမ်းကောင်းသွားပြီ။