Zawgyi
လ်ိဳထံုက႐ွဳမိသားစုကို ေအးစက္စြာၾကည့္လိုက္ တယ္။ သူ႔အတြက္ေျပာရရင္ ဒီအခန္းထဲမွာ အမွန္ တကယ္ကိုလြမ္းစရာ ဘာမွမ႐ွိဘူး။ သူ႔ရဲ႕ကိုယ္ပိုင္ မိသားစုကသူႏွင့္အတူထြက္သြားမွာျဖစ္လို႔ အခုက စၿပီးဒီမိသားစုက သူတို႔ႏွင့္ဘာပတ္သက္မႈမွ မ႐ွိ ေတာ့ဘူး။
လ်ိဳထံုက ႐ွဳရန္ကို ေထာက္ပ့ံေပးလိုက္ၿပီး တံခါးဆီကိုလမ္းေလွ်ာက္သြားလိုက္တယ္။ ကေလး ႏွစ္ေယာက္ကစကားတစ္လံုးမွမေျပာပဲ့ ႐ိုေသက်ိဳး ႏြံစြာ သူတို႔ေဖေဖႏွင့္အေဖေနာက္ကေန လိုက္လာခဲ့ တယ္။
႐ွဳမိသားစုက သူတို႔မိသားစုရဲ႕ပစၥည္းေတြကို လ်ိဳထံု ယူေဆာင္သြားမွာ ေၾကာက္ရြံ႔တဲ့အတြက္ သူ႔အေပၚမွာပဲ့အာ႐ံုစိုက္ေနၾကတယ္။
လ်ိဳထံုအေရးႀကီးတဲ့အရာေတြကို အိမ္မွာ ဘယ္ေတာ့မွမထားဘူး။ ဒီအိမ္မွာ႐ွိတဲ့ ဘယ္အရာ မဆို႐ွာေတြ႔လိမ့္မယ္ဆိုတာကို သူသိတယ္။ သူအဲ့ ေလာက္မတံုးဘူး။
႐ွဳမိသားစုက သူတို႔ေတြကိုလက္ဗလာျဖစ္ေနတာက ေနကင္းေဝးတာကို မျမင္မိဘူး။ ဒါေပမယ့္ သူတို႔ တစ္ေယာက္ခ်င္းစီရဲ႕လက္ထဲမွာ ေပါက္ျပားေတြကို ကိုင္ထားၾကတယ္။
သူတို႔တံခါးကိုဖြင့္လိုက္တဲ့အခ်ိန္မွာ ပြဲေကာင္းၾကည့္ ဖို႔အတြက္ အျပင္ဘက္မွာေစာင့္ဆိုင္းေနတဲ့ လူအုပ္စု တစ္စုကိုေတြ႔လိုက္ရတယ္။ အဆံုးသတ္မွာေတာ့ တ်န္းတ်န္းႏွင့္ေကာ္ေကာ္က ရြာလူႀကီးအိမ္ကိုငိုရင္း ထြက္သြားတာကို လမ္းတစ္ေလွ်ာက္လူအမ်ားႀကီး ျမင္လိုက္ရတယ္ေလ။
အခုကလယ္စိုက္ရာသီေႏွာင္းပိုင္းကို ေရာက္လာၿပီ ဆိုေတာ့ အခုလိုမ်ိဳးေက်းလက္ကလူေတြက သူတို႔ ပတ္ဝန္းက်င္ကအတင္းေတြကို ထိုင္ေျပာဖို႔အတြက္ အတူတကြစုေဝးၿပီး စကားစျမည္ေျပာတတ္ၾက တယ္။ သူတို႔ေတြကအဲ့ေနရာမွာ အခ်ိန္တစ္ခ်ိဳ႕ၾကာ ေအာင္ရပ္ေနၿပီးေတာ့ ရြာလူႀကီးက ေအးစက္တဲ့ မ်က္ႏွာႏွင့္ထြက္သြားတာကို ျမင္ခဲ့ၾကတယ္။ ထို႔ေၾကာင့္သူတို႔က ႐ွဳမိသားစုမွာ တစ္စံုတစ္ခုက ေတာ့ျဖစ္ပ်က္ေနၿပီလို႔ ခံစားလိုက္ရတယ္။
သက္ႀကီးေဖေဖ႐ွဳက တံခါးနားမွာရပ္ၿပီး အျပင္က လူေတြကိုၾကည့္ၿပီးေတာ့ ဆဲေရးေတာ့တယ္။ "ဘာၾကည့္ေနၾကတာလဲ? မိသားစုခြဲထုတ္တာကို တစ္ခါမွမျမင္ဖူးၾကဘူးလား?"
ထို႔ေနာက္လ်ိဳထံုႏွင့္ တစ္ျခားသူေတြကပဲ့ ကူးစက္ေ႐ာဂါပိုး႐ွိေနသလိုႏွင့္ လ်ိဳထံုႏွင့္ ကေလးႏွစ္ေယာက္ကို အျပင္ဘက္ကို တြန္းထုတ္ လိုက္ၿပီးေတာ့ တံခါးကိုခ်က္ခ်င္းပိတ္ခ်လိုက္ေတာ့ တယ္။
အဲ့တာကမိသားစုခြဲထုတ္ျခင္းပဲ့!
႐ွဳရန္ရဲ႕သနားစရာေကာင္းတဲ့ အသြင္အျပင္ကေန ၿပီးေတာ့ အျပင္ဘက္ကရြာသားေတြက မိသားစုကို ခြဲထုတ္လိုက္တာလို႔မခံစားရဘူး။ အဲ့အစား အ႐ူး တစ္ေယာက္ကိုစုေပါင္းအႏိုင္က်င့္ေနတာႏွင့္တူၿပီး
ေတာ့ သူ႔ကိုအိမ္အျပင္ေတာင္ ေမာင္းထုတ္လိုက္ ေသးတယ္။
လ်ိဳထံုတင္းတင္းပိတ္ထားတဲ့ တံခါးကိုေခါင္း လွည့္ၾကည့္လိုက္တယ္။ သူဒီမွာခုႏွစ္ႏွစ္အလုပ္ႀကိဳး ႀကိဳးစားစားလုပ္ခဲ့ၿပီးေတာ့ အ႐ူးခင္ပြန္းတစ္ေယာက္ ႏွင့္ ခ်စ္စရာကေလးေလးႏွစ္ေယာက္ကိုရခဲ့တယ္။ အမွန္တကယ္မွာေတာ့ သူအဲ့တာႏွင့္ပတ္သက္ၿပီး တင္းတိမ္အားရသလိုခံစားလိုက္ရတယ္။ အဆံုးသတ္မွာေတာ့ သူတို႔ကအတူတူ႐ွိေနတုန္းပဲ့ ေလ။
လ်ိဳထံုထြက္သြားေတာ့မလို႔ျပင္ေနတဲ့အခ်ိန္မွာပဲ့ ႐ွဳရန္ရဲ႕ဟန္႔တားျခင္းကို ခံလိုက္ရတယ္။ လ်ိဳထံုက႐ွဳရန္ဘက္ကိုစိတ္႐ွဳပ္ေထြးစြာလွည့္လိုက္တယ္။ "ရန္ ဘာျဖစ္လို႔လဲ?"
႐ွဳရန္ကလ်ိဳထံုနားနားကိုကပ္ၿပီးေတာ့ စကားလံုးအခ်ိဳ႕ကို တိုးတိုးေျပာလိုက္တယ္။ ထို႔ေနာက္ သူမ်က္ေမွာင္ၾကဳပ္ၿပီးေတာ့ နာက်င္မႈ ေၾကာင့္ ၿငီးျငဴလိုက္မိတယ္။
႐ွဳရန္ကဒီမိသားစုကို လြယ္လြယ္ကူကူႏွင့္ သြားခြင့္ ေပးမွာမဟုတ္ဘူး။ ဒီေန႔သူ႐ွဳမိသားစုကေန ဘယ္လို ထြက္လာရသလဲဆိုတာရယ္ ႐ွဳမိသားစုကသူ႔ကို ဘယ္ေလာက္ထိဆိုးဆိုးရြားရြားဆက္ဆံတယ္ဆိုတာ ႏွင့္ အနာဂတ္မွာသူဘယ္လိုမ်ိဳး႐ွဳမိသားစုကို ရင္ဆိုင္ တံု႔ျပန္မလဲဆိုတာကို သူရြာသားေတြအမ်ားႀကီးကို သိေစခ်င္တယ္။
အနာဂတ္မွာသူတို႔ခ်မ္းသာလာမယ္ဆိုတာက ေျပာေနစရာေတာင္မလိုဘူး။ အဲ့အခ်ိန္ေရာက္ရင္ တကယ္လို႔ဒီလိုမ်ိဳးေၾကာက္စရာေကာင္းတဲ့ေဆြမ်ိဳးေတြက မိသားစုနာမည္ကိုအမည္ခံၿပီးေတာ့ အက်ိဳး ေက်းဇူးေတြ လိုခ်င္ေနအံုးမယ္ဆိုရင္ ႐ွဳရန္ကသူတို႔ ကိုဘာအခြင့္အေရးမွ ေပးေတာ့မွာမဟုတ္ဘူး။ သူက သူတို႔ျပဳလုပ္ခဲ့တဲ့ေထာင္ေခ်ာက္ကို သူတို႔ျပန္မိသြား တယ္ဆိုတာကို သူတို႔ကိုသတိရေနေစခ်င္တယ္။
ဒါေတြအားလံုးကို လ်ိဳထံုက ေအးေအးေဆးေဆးပဲ့ ရင္ဆိုင္ခဲ့တယ္။ သူက႐ွဳရန္ကိုေထာက္ပ့ံေပး ၿပီးကေလးႏွစ္ေယာက္ကိုေခၚၿပီးေတာ့ သူ႔ေဘးနားမွာ ႐ွိတဲ့ လူေတြကိုလ်စ္လ်ဴ႐ွဳၿပီး တံခါးအျပင္ဘက္က ေန ေျခလွမ္းအနည္းငယ္လမ္းေလွ်ာက္သြားခဲ့တယ္။
သူ႐ုတ္တရက္ ဒူးေထာက္ခ်လိုက္တယ္။ ႐ွဳရန္ လည္းပဲ့ သူ႔လိုလိုက္လုပ္လိုက္တယ္။ ကေလး ႏွစ္ေယာက္ကဘာေတြျဖစ္ေနသလဲဆိုတာကိုမသိေပမယ့္လည္း သူတို႔ေဖေဖႏွင့္အေဖကဒူးေထာက္ေနတာ ကိုျမင္ေတာ့ သူတို႔လည္းသူတို႔ဒူးေတြကို ေထာက္ခ် လိုက္တယ္။
ထို႔ေနာက္လ်ိဳထံုက စတင္ၿပီးက်ယ္ေလာင္စြာ ငို ေႂကြးေတာ့တယ္။ "ေဖေဖႏွင့္အေဖ မိသားစုခြဲထုတ္ ၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ္တို႔ကသားသမီးတာဝန္ေတြကို အေဖတို႔ေ႐ွ႕မွာမလုပ္ႏိုင္ေတာ့ဘူး။ အခု လ်ိဳထံုက အေဖတို႔ႏွစ္ေယာက္ကိုရန္ကို ျပဳစု ပ်ိဳးေထာင္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ ေက်းဇူးျပဳၿပီး စိတ္ေအးလက္ေအးေနလို႔ ရပါတယ္။ ရန္ကအ႐ူးတစ္ေယာက္ျဖစ္ေပမယ့္ ကြၽန္ေတာ္ကသူႏွင့္အတူ ေနသြားမွာပါ။ ကြၽန္ေတာ္ တို႔ကေလးႏွစ္ေယာက္ကိုလည္း ေကာင္းေကာင္း ျပဳစုပ်ိဳးေထာင္ေပးသြားမွာပါ။ ေဖေဖႏွင့္အေဖက ကြၽန္ေတာ္တို႔ကိုဘာမွမေပးေပမယ့္လည္း ကြၽန္ေတာ္ကရန္ႏွင့္ကေလးႏွစ္ေယာက္ႏွင့္ အနာဂတ္မွာဘယ္နားသြားေနရမလဲဆိုတာကို မသိ ေပမယ့္လည္း အေဖတို႔ႏွစ္ေယာက္ကိုအျပစ္မတင္ပါ ဘူး။ ကြၽန္ေတာ္အေဖတို႔ရဲ႕အေျခအေနကိုသိပါ တယ္။ အေဖတို႔ႏွစ္ေယာက္စလံုးက ညီငယ္ေလးႏွင့္ သူ႔ကေလးႏွစ္ေယာက္ကို ခ်စ္တယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ကြၽန္ေတာ္ဒါေတြအားလံုးကို နားလည္ပါ တယ္။"
ေနာက္ဆံုးအေနႏွင့္ လ်ိဳထံုက႐ွဳခ်ိန္ကို ရည္ၫႊန္း ေျပာလိုက္တယ္။ "ညီငယ္ေလးႏွင့္ သူ႔ခင္ပြန္း အခုက စၿပီးမင္းတို႔က ေဖေဖႏွင့္အေဖ ႏွစ္ေယာက္စလံုးကို ဂ႐ုစိုက္ၾကရေတာ့မယ္။ သူတို႔ကိုအဝတ္အစားႏွင့္ အစားအေသာက္မျပတ္လပ္ေစရေအာင္ လုပ္ေပး ၾကပါ။ အခုဆို ေဖေဖနွင့္အေဖနွစ္ေယာက္စလံုးက အိုေနၿပီဆိုေတာ့အရင္ကလိုသန္မာေတာ့မွာမဟုတ္ဘူး။ အဲ့ဒါေၾကာင့္သူတို႔ကို လယ္ထဲမွာအလုပ္သြား မလုပ္ခိုင္းသင့္ေတာ့ဘူး။ သူတို႔ကိုမၾကာခဏ သမားေတာ္ႏွင့္ေပးေတြ႔သင့္တယ္။ ၿပီးေတာ့ တစ္ခါ တစ္ရံသူတို႔အတြက္ က်န္းမာသန္စြမ္းေစတဲ့ အားေဆးေတြလည္းဝယ္ေပးသင့္တယ္။ အိမ္မွာ အစားအေသာက္အတြက္လည္းဂ႐ုစိုက္သင့္တယ္။ အထူးသျဖင့္အသားစားဖို႔အတြက္ေပါ့။ ႏွစ္ရက္မွာ တစ္ႀကိမ္ေလာက္အသားဟင္းတစ္ခြက္႐ွိရင္ ပိုေကာင္းလိမ့္မယ္..."
လ်ိဳထံုက အရပ္႐ွည္တဲ့လူတစ္ေယာက္ျဖစ္
တယ္။ သူငိုတာကိုမ်က္ျမင္ေတြ႔ရတာက လူကိုမခံ မရပ္ႏိုင္ျဖစ္ေစတယ္။ သို႔ေသာ္လည္းသူက သူ႔ကိုယ္ သူအရမ္း႐ိုးသားစြာျပဳမူျပေနေတာ့ ေဘးပတ္ပတ္ လည္မွာ႐ွိတဲ့လူေတြက စိတ္ထဲထိသြားျကၿပီး ႐ွဳမိသားစုကတကယ္ကို အရမ္းလြန္သြားၿပီလို႔ ခံစား လိုက္ရတယ္။
လ်ိဳထံုဒီလိုစကားမ်ိဳးေတြေျပာလိမ့္မယ္လို႔
႐ွဳရန္မေမွ်ာ္လင့္ထားမိဘူး။ သူအျမဲတမ္းေတြးေန တာက ဒီေယာက္်ားကအႏိုင္က်င့္ရလြယ္တယ္လို႔ ေပါ့။ ဒါေပမယ့္အခုၾကည့္ရတာေတာ့ ဒီလိုျဖစ္ပံုမရ ဘူး။ 'ေျပာေနက်အတိုင္းပဲ့ ေဂ်ာင္ပိတ္ခံရတဲ့ေခြး ေတာင္ျပန္ကိုက္တတ္တယ္ဆိုတာ။' အဲ့တာက တကယ္မွန္တာပဲ့။
လ်ိဳထံုကသူ႔ေခါင္းကိုငံု႔ၿပီး ႐ွိဳက္ငိုေနတဲ့အခ်ိန္မွာ ႐ွဳရန္ကနာက်င္မႈေၾကာင့္ဆက္လက္ညည္းတြားေန တယ္။ သူတို႔ေနာက္ကလိုက္ၿပီး ကေလးႏွစ္ေယာက္ ကလည္းပဲ့စတင္ငိုေတာ့တယ္။ မိသားစုတစ္စုလံုးကို ၾကည့္ရတာအလြန္အမင္း သနားဂ႐ုဏာသက္စရာ ေကာင္းေနတယ္။
ျပပြဲကိုရပ္ၾကည့္ေနတဲ့လူေတြကလည္းပဲ့ အပူတျပင္း စတင္ေဆြးေႏြးၾကေတာ့တယ္။ သူတို႔ထင္တာက ႐ွဳမိသားစုကအမည္ခံမိသားစုပိုင္ဆိုင္မႈေတြကို ခြဲေဝၿပီးေတာ့ သီးျခားေနၾကတယ္လို႔ေပါ့။ ဒါေပမယ့္ အမွန္တကယ္မွာေတာ့ ဘာတစ္ခုမွကိုမေပးခဲ့ပါဘူး။ ရလဒ္အေနႏွင့္႐ွဳရန္၊လ်ိဳထံုႏွင့္သူတို႔ရဲ႕ကေလး
ႏွစ္ေယာက္အတြက္ နားေနစရာေနရာေလးေတာင္ မ႐ွိဘူး။ သူတို႔ကအမွန္တကယ္ကို အိမ္ကေန ႏွင္ထုတ္ခံလိုက္ရတာပဲ့။
ဒီရြာမွာ ႐ွဳဟိုခိုင္ႏွင့္သူ႔ခင္ပြန္းဂုဏ္သတင္းနည္းတူ ႐ွဳခ်ိန္ရဲ႕ဂုဏ္သတင္းကလည္းပဲ့ ဟိုးစစကတည္းက ကိုမေကာင္းပါဘူး။ ၿပီးေတာ့အခု သူတို႔ကအ႐ူးႏွင့္ သူ႔ရဲ႕မိသားစုကို ႏွင္ထုတ္လိုက္ျပန္တယ္။ ရြာထဲမွာ ႐ွိတဲ့လူေတြက႐ွဳဟိုခိုင္ႏွင့္သူ႔မိသားစုအေပၚမွာပိုျပီး
ပိုၿပီးအထင္အျမင္ေသးလာၾကတယ္။
တံခါးေ႐ွ႕မွာအခ်ိန္အနည္းငယ္ေလာက္ ဒူးေထာက္ ၿပီးတဲ့ေနာက္မွာ လ်ိဳထံုက႐ွဳရန္ကို မတ္တပ္ရပ္ ဖို႔ကူညီေပးလိုက္တယ္။ လ်ိဳထံုကပတ္ပတ္လည္ကို လွည့္ၾကည့္လိုက္တယ္။ သူတို႔အခုဘယ္ေနရာကို သြားရမလဲဆိုတာကို သူအမွန္တကယ္ကို မသိတဲ့ အတြက္သူဘာလုပ္ရမွန္းမသိျဖစ္ေနတယ္။
သူတို႔ေဘးပတ္လည္ကေဆြးေႏြးသံေတြက ပိုၿပီးပိုၿပီး က်ယ္လာေပမယ့္ လ်ိဳထုံႏွင့္႐ွဳရန္က သူတို႔ကို ဂ႐ုစိုက္မေနပါဘူး။ အဲ့အခ်ိန္မွာ ႐ွဳမိသားစုရဲ႕အိမ္ တံခါးကတင္းက်ပ္စြာပိတ္ထားတုန္းပဲ့။ အဲ့ဒါေၾကာင့္ အထဲမွာရွိတဲ့မိသားစုဝင္ေတြကသဘာဝက်က်ကိုပဲ့အျပင္ဘက္မွာဘာေတြျဖစ္ေနသလဲဆိုတာကို မသိ ၾကဘူး။ သူတို႔ေတြကေနာက္ဆံုးမွာ အသံုးမဝင္တဲ့ ပါးစပ္ေပါက္ေလးေပါက္ကို အေဝးကိုႏွင္ထုတ္ပစ္ ႏိုင္လိုက္လို႔ တိတ္တဆိတ္အခန္းထဲမွာ ပြဲက်င္းပေန ၾကတယ္။
Unicode
လျိုထုံကရှုမိသားစုကို အေးစက်စွာကြည့်လိုက်တယ်။ သူ့အတွက်ပြောရရင် ဒီအခန်းထဲမှာ အမှန် တကယ်ကိုလွမ်းစရာ ဘာမှမရှိဘူး။ သူ့ရဲ့ကိုယ်ပိုင် မိသားစုကသူနှင့်အတူထွက်သွားမှာဖြစ်လို့ အခုက စပြီးဒီမိသားစုက သူတို့နှင့်ဘာပတ်သက်မှုမှ မရှိ တော့ဘူး။
လျိုထုံက ရှုရန်ကို ထောက်ပ့ံပေးလိုက်ပြီး တံခါးဆီကိုလမ်းလျှောက်သွားလိုက်တယ်။ ကလေး နှစ်ယောက်ကစကားတစ်လုံးမှမပြောပဲ့ ရိုသေကျိုး နွံစွာ သူတို့ဖေဖေနှင့်အဖေနောက်ကနေ လိုက်လာခဲ့ တယ်။
ရှုမိသားစုက သူတို့မိသားစုရဲ့ပစ္စည်းတွေကို လျိုထုံယူဆောင်သွားမှာ ကြောက်ရွံ့တဲ့အတွက် သူ့အပေါ်မှာပဲ့အာရုံစိုက်နေကြတယ်။
လျိုထုံအရေးကြီးတဲ့အရာတွေကို အိမ်မှာ ဘယ်တော့မှမထားဘူး။ ဒီအိမ်မှာရှိတဲ့ ဘယ်အရာ မဆိုရှာတွေ့လိမ့်မယ်ဆိုတာကို သူသိတယ်။ သူအဲ့ လောက်မတုံးဘူး။
ရှုမိသားစုက သူတို့တွေကိုလက်ဗလာဖြစ်နေတာက နေကင်းဝေးတာကို မမြင်မိဘူး။ ဒါပေမယ့် သူတို့ တစ်ယောက်ချင်းစီရဲ့လက်ထဲမှာ ပေါက်ပြားတွေကို ကိုင်ထားကြတယ်။
သူတို့တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ ပွဲကောင်းကြည့် ဖို့အတွက် အပြင်ဘက်မှာစောင့်ဆိုင်းနေတဲ့ လူအုပ်စု တစ်စုကိုတွေ့လိုက်ရတယ်။ အဆုံးသတ်မှာတော့ တျန်းတျန်းနှင့်ကော်ကော်က ရွာလူကြီးအိမ်ကိုငိုရင်း ထွက်သွား တာကိုလမ်းတစ်လျှောက်လူအများကြီး မြင်လိုက်ရ တယ်လေ။
အခုကလယ်စိုက်ရာသီနှောင်းပိုင်းကို ရောက်လာပြီ ဆိုတော့ အခုလိုမျိုးကျေးလက်ကလူတွေက သူတို့ ပတ်ဝန်းကျင်ကအတင်းတွေကို ထိုင်ပြောဖို့အတွက် အတူတကွစုဝေးပြီး စကားစမြည်ပြောတတ်ကြ တယ်။ သူတို့တွေကအဲ့နေရာမှာ အချိန်တစ်ချို့ကြာ အောင်ရပ်နေပြီးတော့ ရွာလူကြီးက အေးစက်တဲ့ မျက်နှာနှင့်ထွက်သွားတာကို မြင်ခဲ့ကြတယ်။ ထို့ကြောင့်သူတို့က ရှုမိသားစုမှာ တစ်စုံတစ်ခုက တော့ဖြစ်ပျက်နေပြီလို့ ခံစားလိုက်ရတယ်။
သက်ကြီးဖေဖေရှုက တံခါးနားမှာရပ်ပြီး အပြင်က လူတွေကိုကြည့်ပြီးတော့ ဆဲရေးတော့တယ်။ "ဘာကြည့်နေကြတာလဲ? မိသားစုခွဲထုတ်တာကို တစ်ခါမှမမြင်ဖူးကြဘူးလား?"
ထို့နောက်လျိုထုံနှင့် တစ်ခြားသူတွေကပဲ့ ကူးစက်ရောဂါပိုးရှိနေသလိုနှင့် လျိုထုံနှင့် ကလေးနှစ်ယောက်ကို အပြင်ဘက်ကို တွန်းထုတ် လိုက်ပြီးတော့ တံခါးကိုချက်ချင်းပိတ်ချလိုက်တော့ တယ်။
အဲ့တာကမိသားစုခွဲထုတ်ခြင်းပဲ့!
ရှုရန်ရဲ့သနားစရာကောင်းတဲ့ အသွင်အပြင်ကနေ ပြီးတော့ အပြင်ဘက်ကရွာသားတွေက မိသားစုကို ခွဲထုတ်လိုက်တာလို့မခံစားရဘူး။ အဲ့အစား အရူး တစ်ယောက်ကိုစုပေါင်းအနိုင်ကျင့်နေတာနှင့်တူပြီး
တော့ သူ့ကိုအိမ်အပြင်တောင် မောင်းထုတ်လိုက် သေးတယ်။
လျိုထုံတင်းတင်းပိတ်ထားတဲ့ တံခါးကိုခေါင်း လှည့်ကြည့်လိုက်တယ်။ သူဒီမှာခုနှစ်နှစ်အလုပ်ကြိုး ကြိုးစားစားလုပ်ခဲ့ပြီးတော့ အရူးခင်ပွန်းတစ်ယောက် နှင့် ချစ်စရာကလေးလေးနှစ်ယောက်ကိုရခဲ့တယ်။ အမှန်တကယ်မှာတော့ သူအဲ့တာနှင့်ပတ်သက်ပြီး တင်းတိမ်အားရသလိုခံစားလိုက်ရတယ်။ အဆုံးသတ်မှာတော့ သူတို့ကအတူတူရှိနေတုန်းပဲ့ လေ။
လျိုထုံထွက်သွားတော့မလို့ပြင်နေတဲ့အချိန်မှာပဲ့ ရှုရန်ရဲ့ဟန့်တားခြင်းကို ခံလိုက်ရတယ်။ လျိုထုံကရှုရန်ဘက်ကိုစိတ်ရှုပ်ထွေးစွာလှည့်လိုက်တယ်။ "ရန် ဘာဖြစ်လို့လဲ?"
ရှုရန်ကလျိုထုံနားနားကိုကပ်ပြီးတော့ စကားလုံးအချို့ကို တိုးတိုးပြောလိုက်တယ်။ ထို့နောက် သူမျက်မှောင်ကြုပ်ပြီးတော့ နာကျင်မှု ကြောင့် ငြီးငြူလိုက်မိတယ်။
ရှုရန်ကဒီမိသားစုကို လွယ်လွယ်ကူကူနှင့် သွားခွင့် ပေးမှာမဟုတ်ဘူး။ ဒီနေ့သူရှုမိသားစုကနေ ဘယ်လို ထွက်လာရသလဲဆိုတာရယ် ရှုမိသားစုကသူ့ကို ဘယ်လောက်ထိဆိုးဆိုးရွားရွားဆက်ဆံတယ်ဆိုတာ နှင့် အနာဂတ်မှာသူဘယ်လိုမျိုးရှုမိသားစုကို ရင်ဆိုင် တုံ့ပြန်မလဲဆိုတာကို သူရွာသားတွေအများကြီးကို သိစေချင်တယ်။
အနာဂတ်မှာသူတို့ချမ်းသာလာမယ်ဆိုတာက ပြောနေစရာတောင်မလိုဘူး။ အဲ့အချိန်ရောက်ရင် တကယ်လို့ဒီလိုမျိုးကြောက်စရာကောင်းတဲ့ဆွေမျိုးတွေက မိသားစုနာမည်ကိုအမည်ခံပြီးတော့ အကျိုး ကျေးဇူးတွေ လိုချင်နေအုံးမယ်ဆိုရင် ရှုရန်ကသူတို့ ကိုဘာအခွင့်
အရေးမှ ပေးတော့မှာမဟုတ်ဘူး။ သူက သူတို့ပြုလုပ်ခဲ့တဲ့ထောင်ချောက်ကို သူတို့ပြန်မိသွား တယ်ဆိုတာကို သူတို့ကိုသတိရနေစေချင်တယ်။
ဒါတွေအားလုံးကို လျိုထုံက အေးအေးဆေး ဆေးပဲ့ရင်ဆိုင်ခဲ့တယ်။ သူကရှုရန်ကိုထောက်ပ့ံပေး ပြီးကလေးနှစ်ယောက်ကိုခေါ်ပြီးတော့ သူ့ဘေးနားမှာ ရှိတဲ့ လူတွေကိုလျစ်လျူရှုပြီး တံခါးအပြင်ဘက်က နေ ခြေလှမ်းအနည်းငယ်လမ်းလျှောက်သွားခဲ့တယ်။
သူရုတ်တရက် ဒူးထောက်ချလိုက်တယ်။ ရှုရန်လည်းပဲ့ သူ့လိုလိုက်လုပ်လိုက်တယ်။ ကလေး နှစ်ယောက်ကဘာတွေဖြစ်နေသလဲဆိုတာကိုမသိပေမယ့်လည်း သူတို့ဖေဖေနှင့်အဖေကဒူးထောက်နေတာ ကိုမြင်တော့ သူတို့လည်းသူတို့ဒူးတွေကို ထောက်ချ လိုက်တယ်။
ထို့နောက်လျိုထုံက စတင်ပြီးကျယ်လောင်စွာ ငို ကြွေးတော့တယ်။ "ဖေဖေနှင့်အဖေ မိသားစုခွဲထုတ် ပြီးတဲ့နောက်မှာ ကျွန်တော်တို့ကသားသမီးတာဝန်တွေကို အဖေတို့ရှေ့မှာမလုပ်နိုင်တော့ဘူး။ အခု လျိုထုံက အဖေတို့နှစ်ယောက်ကိုရန်ကို ပြုစု ပျိုးထောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး စိတ်အေးလက်အေးနေလို့ ရပါတယ်။ ရန်ကအရူးတစ်ယောက်ဖြစ်ပေမယ့် ကျွန်တော်ကသူနှင့်အတူ နေသွားမှာပါ။ ကျွန်တော် တို့ကလေးနှစ်ယောက်ကိုလည်း ကောင်းကောင်း ပြုစုပျိုးထောင်ပေးသွားမှာပါ။ ဖေဖေနှင့်အဖေက ကျွန်တော်တို့ကိုဘာမှမပေးပေမယ့်လည်း ကျွန်တော်ကရန်နှင့်ကလေးနှစ်ယောက်နှင့် အနာဂတ်မှာဘယ်နားသွားနေရမလဲဆိုတာကို မသိ ပေမယ့်လည်း အဖေတို့နှစ်ယောက်ကိုအပြစ်မတင်ပါ ဘူး။ ကျွန်တော်အဖေတို့ရဲ့အခြေအနေကိုသိပါ တယ်။ အဖေတို့နှစ်ယောက်စလုံးက ညီငယ်လေးနှင့် သူ့ကလေးနှစ်ယောက်ကို ချစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်ဒါတွေအားလုံးကို နားလည်ပါ တယ်။"
နောက်ဆုံးအနေနှင့် လျိုထုံကရှုချိန်ကို ရည်ညွှန်း ပြောလိုက်တယ်။ "ညီငယ်လေးနှင့် သူ့ခင်ပွန်း အခုက စပြီးမင်းတို့က ဖေဖေနှင့်အဖေ နှစ်ယောက်စလုံးကို ဂရုစိုက်ကြရတော့မယ်။ သူတို့ကိုအဝတ်အစားနှင့် အစားအသောက်မပြတ်လပ်စေရအောင် လုပ်ပေး ကြပါ။ အခုဆို ဖေဖေနှင့်အဖေနှစ်ယောက်စလုံးက အိုနေပြီဆိုတော့အရင်ကလိုသန်မာတော့မှာမဟုတ်ဘူး။ အဲ့ဒါကြောင့်သူတို့ကို လယ်ထဲမှာအလုပ်သွား မလုပ်ခိုင်းသင့်တော့ဘူး။ သူတို့ကိုမကြာခဏ သမားတော်နှင့်ပေးတွေ့သင့်တယ်။ ပြီးတော့ တစ်ခါ တစ်ရံသူတို့အတွက် ကျန်းမာသန်စွမ်းစေတဲ့ အားဆေးတွေလည်းဝယ်ပေးသင့်တယ်။ အိမ်မှာ အစားအသောက်အတွက်လည်းဂရုစိုက်သင့်တယ်။ အထူးသဖြင့်အသားစားဖို့အတွက်ပေါ့။ နှစ်ရက်မှာ တစ်ကြိမ်လောက်အသားဟင်းတစ်ခွက်ရှိရင် ပိုကောင်းလိမ့်မယ်..."
လျိုထုံက အရပ်ရှည်တဲ့လူတစ်ယောက်ဖြစ်
တယ်။ သူငိုတာကိုမျက်မြင်တွေ့ရတာက လူကိုမခံ မရပ်နိုင်ဖြစ်စေတယ်။ သို့သော်လည်းသူက သူ့ကိုယ် သူအရမ်းရိုးသားစွာပြုမူပြနေတော့ ဘေးပတ်ပတ် လည်မှာရှိတဲ့လူတွေက စိတ်ထဲထိသွားကြပြီး ရှုမိသားစုကတကယ်ကို အရမ်းလွန်သွားပြီလို့ ခံစား လိုက်ရတယ်။
လျိုထုံဒီလိုစကားမျိုးတွေပြောလိမ့်မယ်လို့
ရှုရန်မမျှော်လင့်ထားမိဘူး။ သူအမြဲတမ်းတွေးနေ တာက ဒီယောက်ျားကအနိုင်ကျင့်ရလွယ်တယ်လို့ ပေါ့။ ဒါပေမယ့်အခုကြည့်ရတာတော့ ဒီလိုဖြစ်ပုံမရ ဘူး။ 'ပြောနေကျအတိုင်းပဲ့ ဂျောင်ပိတ်ခံရတဲ့ခွေး တောင်ပြန်ကိုက်တတ်တယ်ဆိုတာ။' အဲ့တာက တကယ်မှန်တာပဲ့။
လျိုထုံကသူ့ခေါင်းကိုငုံ့ပြီး ရှိုက်ငိုနေတဲ့အချိန်မှာ ရှုရန် ကနာကျင်မှုကြောင့်ဆက်လက်ညည်းတွားနေတယ်။ သူတို့နောက်ကလိုက်ပြီး ကလေးနှစ်ယောက် ကလည်းပဲ့စတင်ငိုတော့တယ်။ မိသားစုတစ်စုလုံးကို ကြည့်ရတာအလွန်အမင်း သနားဂရုဏာသက်စရာ ကောင်းနေတယ်။
ပြပွဲကိုရပ်ကြည့်နေတဲ့လူတွေကလည်းပဲ့ အပူတပြင်း စတင်ဆွေးနွေးကြတော့တယ်။ သူတို့ထင်တာက ရှုမိသားစုကအမည်ခံမိသားစုပိုင်ဆိုင်မှုတွေကို ခွဲဝေပြီးတော့ သီးခြားနေကြတယ်လို့ပေါ့။ ဒါပေမယ့် အမှန်တကယ်မှာတော့ ဘာတစ်ခုမှကိုမပေးခဲ့ပါဘူး။ ရလဒ်အနေနှင့်ရှုရန်၊လျိုထုံနှင့်သူတို့ရဲ့ကလေးနှစ်ယောက်အတွက် နားနေစရာနေရာလေးတောင် မရှိဘူး။ သူတို့ကအမှန်တကယ်ကို အိမ်ကနေ နှင်ထုတ်ခံလိုက်ရတာပဲ့။
ဒီရွာမှာ ရှုဟိုခိုင်နှင့်သူ့ခင်ပွန်းဂုဏ်သတင်းနည်းတူ ရှုချိန်ရဲ့ဂုဏ်သတင်းကလည်းပဲ့ ဟိုးစစကတည်းက ကို
မကောင်းပါဘူး။ ပြီးတော့အခု သူတို့ကအရူးနှင့် သူ့ရဲ့မိသားစုကို နှင်ထုတ်လိုက်ပြန်တယ်။ ရွာထဲမှာ ရှိတဲ့လူတွေကရှုဟိုခိုင်နှင့်သူ့မိသားစုအပေါ်မှာပိုပြီး
ပိုပြီးအထင်အမြင်သေးလာကြတယ်။
တံခါးရှေ့မှာအချိန်အနည်းငယ်လောက် ဒူးထောက် ပြီးတဲ့နောက်မှာ လျိုထုံကရှုရန်ကို မတ်တပ်ရပ် ဖို့ကူညီပေးလိုက်တယ်။ လျိုထုံကပတ်ပတ်လည် ကို လှည့်ကြည့်လိုက်တယ်။ သူတို့အခုဘယ်နေရာကို သွားရမလဲဆိုတာကို သူအမှန်တကယ်ကို မသိတဲ့ အတွက်သူဘာလုပ်ရမှန်းမသိဖြစ်နေတယ်။
သူတို့ဘေးပတ်လည်ကဆွေးနွေးသံတွေက ပိုပြီးပိုပြီး ကျယ်လာပေမယ့် လျိုထုံနှင့်ရှုရန်က သူတို့ကို ဂရုစိုက်
မနေပါဘူး။ အဲ့အချိန်မှာ ရှုမိသားစုရဲ့အိမ် တံခါးကတင်းကျပ်စွာပိတ်ထားတုန်းပဲ့။ အဲ့ဒါကြောင့် အထဲမှာရှိတဲ့မိသားစုဝင်တွေကသဘာဝကျကျကိုပဲ့အပြင်ဘက်မှာဘာတွေဖြစ်နေသလဲဆိုတာကို မသိ ကြဘူး။ သူတို့တွေကနောက်ဆုံးမှာ အသုံးမဝင်တဲ့ ပါးစပ်ပေါက်လေးပေါက်ကို အဝေးကိုနှင်ထုတ်ပစ် နိုင်လိုက်လို့ တိတ်တဆိတ်အခန်းထဲမှာ ပွဲကျင်းပနေ ကြတယ်။