Zawgyi
သက္ႀကီးေဖေဖ႐ွဳက အမွန္တကယ္ ဘာျဖစ္တယ္ဆို တာကို သိေပမယ့္ သူမ႐ွင္းျပခဲ့ဘူး။ အဲ့အစား သူတို႔ လ်ိဳထံုကို ဆူခြင့္ျပဳထားလိုက္တယ္။ ေနာက္ၿပီး အဲ့မွာ လ်ိဳထံုကဘာစကားမွမေျပာပဲ့ႏွင့္ ကေလး ႏွစ္ေယာက္ကို စားစရာေတြထည့္ေပးတဲ့အေပၚမွာပဲ့ အာရံုစိုက္ထားတယ္။
႐ွဳရန္ေဒါသထြက္ေနၿပီ။ သူလ်ိဳထံုအေပၚ အမ်ားႀကီးခ်စ္ခင္မႈမ႐ွိေပမယ့္လည္း လ်ိဳထံုလို မ်ိဳးေယာက္်ားေကာင္းတစ္ေယာက္က သူ႔ႏွာေခါင္း ေအာက္မွာပဲ့ အႏိုင္က်င့္ခံေနရတယ္။
႐ွဳရန္စားပြဲကေနထၿပီးေတာ့ မီးဖိုေခ်ာင္ထဲကို အလ်င္အျမန္သြားလိုက္တယ္။ ေသေနတဲ့ယုန္ကို ေကာက္ယူၿပီးအလ်င္အျမန္ျပန္လာၿပီးေတာ့ ညစာ စား စားပြဲေပၚကို ယုန္အေသကိုတိုက္႐ိုက္ပစ္တင္ လိုက္တယ္။ စားပြဲေပၚ မွာ႐ွိတဲ့စားစရာေတြအကုန္ လံုး ဖိတ္က်ကုန္ၿပီးေတာ့ စားပြဲကလူေတြအကုန္လံုး စြပ္ျပဳတ္ရည္စင္ကုန္တယ္။
လူတစ္အုပ္က ေၾကာင္အစြာမတ္တပ္ထရပ္ၿပီးေတာ့ သူတို႔အနားေရာက္လာတဲ့အခ်ိန္မွာ ဆဲေရးတိုင္းထြာ သံေတြေပါက္ကြဲကုန္တယ္။ "ေခြးမသား! မင္း အသက္မ႐ွင္ခ်င္ေတာ့ဘူးလား? ငါမင္းကိုဒီေန႔သတ္ ပစ္မယ္။"
ဆဲေရးေနရင္းႏွင့္ သက္ႀကီးအေဖ႐ွဳက ေပါက္ျပား ကိုေကာက္ယူလိုက္ၿပီးေတာ့ ႐ွဳရန္ကို႐ိုက္ဖို႔ လုပ္ လိုက္တယ္။
လ်ိဳထံုက ကေလးႏွစ္ေယာက္ကို အေဝးကိုေရႊ႕ လိုက္ၿပီးေတာ့ ႐ွဳရန္ကိုသူ႔ရဲ႕ခႏၶာကိုယ္ႏွင့္ ကာကြယ္ ဖို႔ ႐ွဳရန္ေ႐ွ႕ကို အလ်င္စလိုေျပးသြားတယ္။
သို႔ေသာ္လည္း ေပါက္ျပားကက်ေရာက္လာတာ အရမ္းျမန္တယ္။ ႐ွဳရန္မတံု႔ျပန္ႏိုင္ေသးခင္မွာပဲ့ ႐ိုက္ခ်က္ကလ်ိဳေတာင္ကိုထိသြားတယ္။
အဲ့တာၿပီးေနာက္ သက္ႀကီးအေဖ႐ွဳက ရပ္ဖို႔အစီ အစဥ္မ႐ွိဘူး။ ခပ္ခါထပ္ခါ႐ိုက္ေနျပန္တယ္။ ႐ွဳရန္ က အေဝးမွာေနၿပီး ေ႐ွာင္႐ွားလိုစိတ္မရွိေတာ့ဘူး။ ဘာပဲ့ျဖစ္ျဖစ္ လူေတြရဲ႕မ်က္လံုးထဲမွာေတာ့ သူက အ႐ူးတစ္ေယာက္ျဖစ္ေနတုန္းပဲ့။ သူကစားပြဲေဘးမွာ ႐ွိတဲ့ေခြးေျခခံုကို တိုက္႐ိုက္ေကာက္ယူၿပီး သူ႔အေဖ လက္ထဲမွာ႐ွိတဲ့ ေပါက္ျပားကိုတားဆီးၿပီးေတာ့ လ်ိဳထံုကိုေဘးကိုဆြဲလိုက္တယ္။
လ်ိဳထံုလည္းပဲ့ တံု႔ျပန္လိုက္တယ္။ သူလ်င္ျမန္စြာ အေနာက္ကိုျပန္ေျပးၿပီးေတာ့ ေပါက္ျပားကို သက္ႀကီးအေဖ႐ွဳရဲ႕ အေဝးကိုေရႊ႔လိုက္တယ္။
သူ႔လက္ထဲမွာေပါက္ျပားမ႐ွိေတာ့ သက္ႀကီးအေဖ႐ွဳ က လ်ိဳထံုကိုပါးခ်ဟန္ျပင္လာတယ္။ အဲ့တာကို ျမင္ေတာ့ ႐ွဳရန္ကအလ်င္အျမန္ေျပးလာၿပီး လ်ိဳထံုအစား ႐ိုက္ခ်က္ကိုခံေပးလိုက္တယ္။
႐ိုက္ခ်က္ကအရမ္းျပင္းေတာ့ ႐ွဳရန္ရဲ႕ႏႈတ္ခမ္းက ခ်က္ခ်င္းေသြးေတြႏွင့္ ဖံုးလႊမ္းသြားတယ္။
႐ွဳရန္ကမိသားစုတစ္စုလံုးကို ထိတ္လန္႔သြားေစတဲ့ ပါးစပ္အျပည့္ေသြးတစ္လုပ္ကို ေျမႀကီးေပၚကို ေထြး ထုတ္လိုက္တယ္။
သက္ႀကီးအေဖ႐ွဳကလည္း ေျမႇာက္ထားတဲ့လက္ကို ျပန္ခ်လိုက္တယ္။ ဒါေပမယ့္ သူ႐ွဳရန္ႏွင့္ လ်ိဳထံုႏွစ္ေယာက္စလံုးကို ျပင္းျပင္းထန္ထန္ စိုက္ၾကည့္ေနတုန္းပဲ့။ သူတို႔ေဘးမွာ က်န္းယြဲ႔ႏွင့္႐ွဳခ်ိန္ က ပ်က္ရယ္ျပဳေနတဲ့အခ်ိန္မွာ သက္ႀကီးေဖေဖ႐ွဳက ဆက္လက္ဆဲေရးေနတယ္။
လ်ိဳထံုက႐ွဳရန္ကို သူ႔လက္ေမာင္းၾကားထဲကို ဆြဲသြင္းလိုက္ၿပီးေတာ့ "ရန္ ဘာျဖစ္တာလဲ? ပါးစပ္ရဲ႕ဘယ္ေနရာမွာနာသြားတာလဲ? ပါးစပ္ကို ဖြင့္ၿပီးကိုယ့္ကိုျပၾကည့္"
လ်ိဳထံုက႐ွဳရန္ကို ညင္သာစြာေခ်ာ့ၿပီးေတာ့ သူ႔ ႏႈတ္ခမ္းကေနက်ေနတဲ့ ေသြးေတြကို သုတ္ေပးလိုက္ တယ္။
႐ွဳရန္က ဆိုးရြားတဲ့နာက်င္မႈထဲမွာ က်ေရာက္ေန ေတာ့ သူစကားေတာင္မေျပာႏိုင္ဘူး။ ဆက္လက္ ၿငီးျငဴေနရံုသာတတ္ႏိုင္တယ္။
မိသားစုထဲမွာ သူ႔အတြက္ ဘယ္သူကမွေစတနာ့ဝန္ ထမ္းလုပ္ၿပီး ဆရာဝန္ကိုသြားေခၚေပးခ်င္မွာ မဟုတ္ ဘူး။
ခုနကလ်ိဳထံုေနာက္ေက်ာကို ႐ိုက္မိသြားတဲ့ ေပါက္ျပားရဲ႕႐ိုက္ခ်က္ကလည္း အလြန္အမင္းျပင္း ထန္မယ့္ပံုပဲ့။
႐ွဳရန္သူ႔အေဖက ဘယ္သူ႔ကိုမွမသတ္ရဲေသးတာကို ပဲ့ ကံေကာင္းသလိုခံစားလိုက္ရတယ္။ မဟုတ္ရင္ သူ ခုနက႐ိုက္ခ်လိုက္တဲ့ေပါက္ျပားရဲ႕႐ိုက္ခ်က္က လ်ိဳထံုဘဝကိုေတာင္ ဆံုး႐ွံဳးသြားႏိုင္ေျခ႐ွိတယ္။
ဟုတ္တာေပါ့။ ႐ွဳရန္က ဒီေန႔ေတာ့ ဒီကိစၥေတြကို ဒီလိုမ်ိဳးႏွင့္ လြယ္လြယ္ၿပီးသြားခြင့္မျပဳႏိုင္ဘူး။
သူကမိသားစုဆီကေနခြဲထြက္ဖို႔အေၾကာင္း မေျပာခင္ မွာ လ်ိဳထံုအရာအားလံုးအဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ၿပီးတာကိုေစာင့္ဖို႔ စီစဥ္ထားခဲ့တယ္။ အဆံုးသတ္မွာေတာ့ ဘာတစ္ခုမွမယူဘဲ အိမ္ကေန ထြက္သြားတာက သတၱိ႐ွိလြန္းရာက်ေနတယ္။ ၿပီးေတာ့ သူ႔မိသားစုကလည္း စားဖို႔လိုအပ္တယ္ ေလ။
ဒါေပမယ့္ ဒီအစီအစဥ္ကိုအေကာင္အထည္ေဖာ္ဖို႔ အခြင့္အေရးမရလိုက္ပါဘူး။ ဒီမိသားစုက ယုန္ ကေလးတစ္ေကာင္အတြက္ႏွင့္ လူကိုေတာင္ေသတဲ့ အထိ ႐ိုက္သတ္ႏိုင္တယ္။
သူ႔ေဖေဖက ဘာျဖစ္တာလဲဆိုတာကို ေသေသခ်ာခ်ာ သိေနေပမယ့္ သူကလံုးဝကိုကူညီၿပီး႐ွင္းျပဖို႔ မႀကိဳး စားခဲ့ပါဘူး။ သူတို႔ေတြကဘယ္လိုလုပ္ၿပီး သူ႔ရဲ႕ မိသားစုျဖစ္ႏိုင္ပါ့မလဲ?!
အရင္႐ွဳရန္ဒါကိုသာသိရင္ သူလည္းဒီလိုမ်ိဳးလုပ္ လိမ့္မယ္လို႔ ႐ွဳရန္ယံုၾကည္တယ္။ ဘာလို႔လဲဆိုေတာ့ ဒီလိုဘဝမ်ိဳးမွာ ဘယ္သူ႔မွေနႏိုင္မွာမဟုတ္လို႔ေလ။
လ်ိဳထံုရဲ႕လက္ေမာင္းၾကားမွာ မွီထားရင္းႏွင့္ ႐ွဳရန္ကသူ႔ပါးစပ္ကို လ်ိဳထံုနားနားကိုကပ္ၿပီး ေတာ့အလြန္တိုးတဲ့အသံႏွင့္ ေျပာလိုက္တယ္။ "ထံုထံု ရြာလူႀကီးဆီကို သြားဖို႔ကေလး ႏွစ္ေယာက္ကိုေျပာေပးပါ။"
႐ွဳရန္ရဲ႕စကားေတြကို ၾကားလိုက္ေတာ့ လ်ိဳထံုက ေၾကာင္အသြားေပမယ့္ သူဘာမွမေျပာခဲ့ဘူး။ ႐ွဳရန္သူ႔ရဲ႕ပံုမွန္အသိကို ဘယ္လိုျပန္ရသြားလဲဆို တာကို သူမသိေပမယ့္ သူေပ်ာ္သလိုခံစားရတယ္။
လ်ိဳထံုက တ်န္းတ်န္းႏွင့္ေကာ္ေကာ္ကို လက္ေဝွ႕ယမ္းျပလိုက္တယ္။ ကေလးႏွစ္ေယာက္က ေၾကာက္လန္႔ေနၾကေပမယ့္ မငိုမိေအာင္ထိန္းေနၾကတယ္။
လ်ိဳထံုက ႐ွဳရန္ကိုကူညီေပးၿပီးေတာ့ ကေလး ႏွစ္ေယာက္ကိုစကားေျပာဖို႔ ကိုယ္ကိုကိုင္းၫႊတ္လိုက္ တယ္။ "တ်န္းတ်န္း ေကာ္ေကာ္ သားတို႔ရြာလူႀကီးအိမ္ကို သြားၿပီးေတာ့ သူ႕ကိုဒီကိုေခၚလာခဲ့။ ၾကားလား?"
ကေလးႏွစ္ေယာက္က ရြာလူႀကီးအိမ္ကိုသြားဖူးတာ ေၾကာင့္ သူတို႔လမ္းကို သိထားတယ္။
တ်န္းတ်န္းႏွင့္ေကာ္ေကာ္က ႐ိုေသက်ိဳးႏြံစြာ ေခါင္းညိတ္ျပတယ္။ လ်ိဳထံုက ကေလးႏွစ္ေယာက္ရဲ႕ေခါင္းကို ပြတ္သပ္ေပးၿပီးေတာ့ ညင္သာတဲ့အျပံဳးေလးကို ထုတ္ေဖာ္လိုက္တယ္။
သူတို႔ထြက္သြားတဲ့အခ်ိန္မွာ ကေလးႏွစ္ေယာက္ စလံုးက ငိုေနၾကတယ္။ ဒါေပမယ့္ သူတို႔အသံမထြက္ မိေအာင္လည္း ထိန္းေနၾကတယ္။
႐ွဳမိသားစုက ကေလးႏွစ္ေယာက္ကို အေလးအနက္ မထားျကဘူး။ သူတို႔ႏွစ္ေယာက္က အမွားလုပ္မိလို႔ အ႐ိုက္ခံရမွာကိုေၾကာက္တာေၾကာင့္ ထြက္သြားၾက တာလို႔ သူတို႔ထင္လိုက္တယ္။ သူတို႔ေတြက အသံုး မက်ၿပီးမိုက္မဲတဲ့ လ်ိဳထံုႏွင့္႐ွဳရန္ကို မုန္းေပမယ့္ ဘာကိစၥပဲ့ျဖစ္ျဖစ္ ကေလးႏွစ္ေယာက္ရဲ႕မ်ိဳး႐ိုးက ႐ွဳျဖစ္ေနတုန္းဆိုေတာ့ သူတို႔ႀကီးလာတဲ့အခ်ိန္မွာ သူတို႔ အတြက္ အသားတစ္ခ်ိဳ႕ေပးေနသမွ် ကာလ ပတ္လံုး အလုပ္လုပ္ေပးၾကရမွာပဲ့။
Unicode
သက်ကြီးဖေဖေရှုက အမှန်တကယ် ဘာဖြစ်တယ်ဆို တာကို သိပေမယ့် သူမရှင်းပြခဲ့ဘူး။ အဲ့အစား သူတို့ လျိုထုံကို ဆူခွင့်ပြုထားလိုက်တယ်။ နောက်ပြီး အဲ့မှာ လျိုထုံကဘာစကားမှမပြောပဲ့နှင့် ကလေး နှစ်ယောက်ကို စားစရာတွေထည့်ပေးတဲ့အပေါ်မှာပဲ့ အာရုံစိုက်ထားတယ်။
ရှုရန်ဒေါသထွက်နေပြီ။ သူလျိုထုံအပေါ် အများကြီးချစ်ခင်မှုမရှိပေမယ့်လည်း လျိုထုံလို မျိုးယောက်ျားကောင်းတစ်ယောက်က သူ့နှာခေါင်း အောက်မှာပဲ့ အနိုင်ကျင့်ခံနေရတယ်။
ရှုရန်စားပွဲကနေထပြီးတော့ မီးဖိုချောင်ထဲကို အလျင်အမြန်သွားလိုက်တယ်။ သေနေတဲ့ယုန်ကို ကောက်ယူပြီးအလျင်အမြန်ပြန်လာပြီးတော့ ညစာ စား စားပွဲပေါ်ကို ယုန်အသေကိုတိုက်ရိုက်ပစ်တင် လိုက်တယ်။ စားပွဲပေါ် မှာရှိတဲ့စားစရာတွေအကုန် လုံး ဖိတ်ကျကုန်ပြီးတော့ စားပွဲကလူတွေအကုန်လုံး စွပ်ပြုတ်ရည်စင်ကုန်တယ်။
လူတစ်အုပ်က ကြောင်အစွာမတ်တပ်ထရပ်ပြီးတော့ သူတို့အနားရောက်လာတဲ့အချိန်မှာ ဆဲရေးတိုင်းထွာ သံတွေပေါက်ကွဲကုန်တယ်။ "ခွေးမသား! မင်း အသက်မရှင်ချင်တော့ဘူးလား? ငါမင်းကိုဒီနေ့သတ် ပစ်မယ်။"
ဆဲရေးနေရင်းနှင့် သက်ကြီးအဖေရှုက ပေါက်ပြား ကိုကောက်ယူလိုက်ပြီးတော့ ရှုရန်ကိုရိုက်ဖို့ လုပ်လိုက်တယ်။
လျိုထုံက ကလေးနှစ်ယောက်ကို အဝေးကိုရွှေ့ လိုက်ပြီးတော့ ရှုရန်ကိုသူ့ရဲ့ခန္ဓာကိုယ်နှင့် ကာကွယ် ဖို့ ရှုရန်ရှေ့ကို အလျင်စလိုပြေးသွားတယ်။
သို့သော်လည်း ပေါက်ပြားကကျရောက်လာတာ အရမ်းမြန်တယ်။ ရှုရန်မတုံ့ပြန်နိုင်သေးခင်မှာပဲ့ ရိုက်ချက်ကလျိုထုံကိုထိသွားတယ်။
အဲ့တာပြီးနောက် သက်ကြီးအဖေရှုက ရပ်ဖို့အစီ အစဉ်မရှိဘူး။ ခပ်ခါထပ်ခါရိုက်နေပြန်တယ်။ ရှုရန်က အဝေးမှာနေပြီး ရှောင်ရှားလိုစိတ်မရှိတော့ဘူး။ ဘာပဲ့ဖြစ်ဖြစ် လူတွေရဲ့မျက်လုံးထဲမှာတော့ သူက အရူးတစ်ယောက်ဖြစ်နေတုန်းပဲ့။ သူကစားပွဲဘေးမှာ ရှိတဲ့ခွေးခြေခုံကို တိုက်ရိုက်ကောက်ယူပြီး သူ့အဖေ လက်ထဲမှာရှိတဲ့ ပေါက်ပြားကိုတားဆီးပြီးတော့ လျိုထုံကိုဘေးကိုဆွဲလိုက်တယ်။
လျိုထုံလည်းပဲ့ တုံ့ပြန်လိုက်တယ်။ သူလျင်မြန် စွာ အနောက်ကိုပြန်ပြေးပြီးတော့ ပေါက်ပြားကို သက်ကြီးအဖေရှုရဲ့ အဝေးကိုရွှေ့လိုက်တယ်။
သူ့လက်ထဲမှာပေါက်ပြားမရှိတော့ သက်ကြီးအဖေရှု က လျိုထုံကိုပါးချဟန်ပြင်လာတယ်။ အဲ့တာကို မြင်တော့ ရှုရန်ကအလျင်အမြန်ပြေးလာပြီး လျိုထုံအစား ရိုက်ချက်ကိုခံပေးလိုက်တယ်။
ရိုက်ချက်ကအရမ်းပြင်းတော့ ရှုရန်ရဲ့နှုတ်ခမ်းက ချက်ချင်းသွေးတွေနှင့် ဖုံးလွှမ်းသွားတယ်။
ရှုရန်ကမိသားစုတစ်စုလုံးကို ထိတ်လန့်သွားစေတဲ့ ပါးစပ်အပြည့်သွေးတစ်လုပ်ကို မြေကြီးပေါ်ကို ထွေး ထုတ်လိုက်တယ်။
သက်ကြီးအဖေရှုကလည်း မြှောက်ထားတဲ့လက်ကို ပြန်ချလိုက်တယ်။ ဒါပေမယ့် သူရှုရန်နှင့် လျိုထုံနှစ်ယောက်စလုံးကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေတုန်းပဲ့။ သူတို့ဘေးမှာ ကျန်းယွဲ့နှင့်ရှုချိန် က ပျက်ရယ်ပြုနေတဲ့အချိန်မှာ သက်ကြီးဖေဖေရှုက ဆက်လက်ဆဲရေးနေတယ်။
လျိုထုံကရှုရန်ကို သူ့လက်မောင်းကြားထဲကို ဆွဲသွင်းလိုက်ပြီးတော့ "ရန် ဘာဖြစ်တာလဲ? ပါးစပ်ရဲ့ဘယ်နေရာမှာနာသွားတာလဲ? ပါးစပ်ကို ဖွင့်ပြီးကိုယ့်ကိုပြကြည့်"
လျိုထုံကရှုရန်ကို ညင်သာစွာချော့ပြီးတော့ သူ့ နှုတ်ခမ်းကနေကျနေတဲ့ သွေးတွေကို သုတ်ပေးလိုက် တယ်။
ရှုရန်က ဆိုးရွားတဲ့နာကျင်မှုထဲမှာ ကျရောက်နေ တော့ သူစကားတောင်မပြောနိုင်ဘူး။ ဆက်လက် ငြီးငြူနေရုံသာတတ်နိုင်တယ်။
မိသားစုထဲမှာ သူ့အတွက် ဘယ်သူကမှစေတနာ့ဝန် ထမ်းလုပ်ပြီး ဆရာဝန်ကိုသွားခေါ်ပေးချင်မှာ မဟုတ် ဘူး။
ခုနကလျိုထုံနောက်ကျောကို ရိုက်မိသွားတဲ့ ပေါက်ပြားရဲ့ရိုက်ချက်ကလည်း အလွန်အမင်းပြင်း ထန်မယ့်ပုံပဲ့။
ရှုရန်သူ့အဖေက ဘယ်သူ့ကိုမှမသတ်ရဲသေးတာကို ပဲ့ ကံကောင်းသလိုခံစားလိုက်ရတယ်။ မဟုတ်ရင် သူ ခုနကရိုက်ချလိုက်တဲ့ပေါက်ပြားရဲ့ရိုက်ချက်က လျိုထုံဘဝကိုတောင် ဆုံးရှုံးသွားနိုင်ခြေရှိတယ်။
ဟုတ်တာပေါ့။ ရှုရန်က ဒီနေ့တော့ ဒီကိစ္စတွေကို ဒီလိုမျိုးနှင့် လွယ်လွယ်ပြီးသွားခွင့်မပြုနိုင်ဘူး။
သူကမိသားစုဆီကနေခွဲထွက်ဖို့အကြောင်း မပြောခင် မှာ လျိုထုံအရာအားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီးတာကိုစောင့်ဖို့ စီစဉ်ထားခဲ့တယ်။ အဆုံးသတ်မှာတော့ ဘာတစ်ခုမှမယူဘဲ အိမ်ကနေ ထွက်သွားတာက သတ္တိရှိလွန်းရာကျနေတယ်။ ပြီးတော့ သူ့မိသားစုကလည်း စားဖို့လိုအပ်တယ်လေ။
ဒါပေမယ့် ဒီအစီအစဉ်ကိုအကောင်အထည်ဖော်ဖို့ အခွင့်အရေးမရလိုက်ပါဘူး။ ဒီမိသားစုက ယုန် ကလေးတစ်ကောင်အတွက်နှင့် လူကိုတောင်သေတဲ့ အထိ ရိုက်သတ်နိုင်တယ်။
သူ့ဖေဖေက ဘာဖြစ်တာလဲဆိုတာကို သေသေချာချာ သိနေပေမယ့် သူကလုံးဝကိုကူညီပြီးရှင်းပြဖို့ မကြိုး စားခဲ့ပါဘူး။ သူတို့တွေကဘယ်လိုလုပ်ပြီး သူ့ရဲ့ မိသားစုဖြစ်နိုင်ပါ့မလဲ?!
အရင်ရှုရန်ဒါကိုသာသိရင် သူလည်းဒီလိုမျိုးလုပ် လိမ့်မယ်လို့ ရှုရန်ယုံကြည်တယ်။ ဘာလို့လဲဆို တော့ ဒီလိုဘဝမျိုးမှာ ဘယ်သူ့မှနေနိုင်မှာမဟုတ်လို့ လေ။
လျိုထုံရဲ့လက်မောင်းကြားမှာ မှီထားရင်းနှင့် ရှုရန်ကသူ့ပါးစပ်ကို လျိုထုံနားနားကိုကပ်ပြီး တော့အလွန်တိုးတဲ့အသံနှင့် ပြောလိုက်တယ်။ "ထုံထုံ ရွာလူကြီးဆီကို သွားဖို့ကလေး နှစ်ယောက်ကိုပြောပေးပါ။"
ရှုရန်ရဲ့စကားတွေကို ကြားလိုက်တော့ လျိုထုံက ကြောင်အသွားပေမယ့် သူဘာမှမပြောခဲ့ဘူး။ ရှုရန်သူ့ရဲ့ပုံမှန်အသိကို ဘယ်လိုပြန်ရသွားလဲဆို တာကို သူမသိပေမယ့် သူပျော်သလိုခံစားရတယ်။
လျိုထုံက တျန်းတျန်းနှင့်ကော်ကော်ကို လက်ဝှေ့ယမ်းပြ လိုက်တယ်။ ကလေးနှစ်ယောက်က ကြောက်လန့်နေ ကြပေမယ့် မငိုမိအောင်ထိန်းနေကြတယ်။
လျိုထုံက ရှုရန်ကိုကူညီပေးပြီးတော့ ကလေး နှစ်ယောက်ကိုစကားပြောဖို့ ကိုယ်ကိုကိုင်းညွှတ်လိုက် တယ်။ "တျန်းတျန်း ကော်ကော် သားတို့ရွာလူကြီးအိမ်ကို သွားပြီးတော့ သူ့ကိုဒီကိုခေါ်လာခဲ့။ ကြားလား?"
ကလေးနှစ်ယောက်က ရွာလူကြီးအိမ်ကိုသွားဖူးတာ ကြောင့် သူတို့လမ်းကို သိထားတယ်။
တျန်းတျန်းနှင့်ကော်ကော်က ရိုသေကျိုးနွံစွာ ခေါင်းညိတ်ပြ တယ်။ လျိုထုံက ကလေးနှစ်ယောက်ရဲ့ခေါင်းကို ပွတ်သပ်ပေးပြီးတော့ ညင်သာတဲ့အပြုံးလေးကို ထုတ်ဖော်လိုက်တယ်။
သူတို့ထွက်သွားတဲ့အချိန်မှာ ကလေးနှစ်ယောက် စလုံးက ငိုနေကြတယ်။ ဒါပေမယ့် သူတို့အသံမထွက် မိအောင်လည်း ထိန်းနေကြတယ်။
ရှုမိသားစုက ကလေးနှစ်ယောက်ကို အလေးအနက်
မထားကြဘူး။ သူတို့နှစ်ယောက်က အမှားလုပ်မိလို့
အရိုက်ခံရမှာကိုကြောက်တာကြောင့် ထွက်သွားကြ တာလို့ သူတို့ထင်လိုက်တယ်။ သူတို့တွေက အသုံး မကျပြီးမိုက်မဲတဲ့ လျိုထုံနှင့်ရှုရန်ကို မုန်းပေမယ့် ဘာကိစ္စပဲ့ဖြစ်ဖြစ် ကလေးနှစ်ယောက်ရဲ့မျိုးရိုး က ရှုဖြစ်နေတုန်းဆိုတော့ သူတို့ကြီးလာတဲ့အချိန်မှာ သူတို့ အတွက် အသားတစ်ချို့ပေးနေသမျှ ကာလ ပတ်လုံး အလုပ်လုပ်ပေးကြရမှာပဲ့။