My Lover With Split Personali...

By Mine-Edge

303K 53.3K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၁၉ ။ ဟတ်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)

7.5K 1.4K 83
By Mine-Edge

[Unicode]

သူ့လောင်ကုန်း၏ အမျက်ချောင်းချောင်းဒေါသအကြည့်အောက်တွင် ကျောင်းချီကတော့ ရေဆွဲချသည့်ခလုတ်ကိုနှိပ်လိုက်ပြီး "လောင်ကျန်းမိသားစုမျိုးဆက်" သန်းချီကို ဆေးချလိုက်လေသည်။ အိမ်သာခွက်ထဲတွင် သန့်ရှင်းသော အပြာရောင်ရင့်ရင့်ရေသာ ဝဲကျန်ရစ်နေခဲ့လေ၏။ အထီးကျန်ကာ အဖော်မဲ့သွားသည့်ပုံ ပေါ်နေရှာသည်။

ကျန်းချန်ဖေးက အပြာရင့်ရောင်ရေကွက်ကိုကြည့်ကာ အံကြိတ်ပြီး ပြောလိုက်သည်။
"ကောင်းတယ်၊ အရမ်းကောင်းတယ်၊ အဲလိုဆိုမှတော့ ငါမင်းနဲ့ အချိန်ပိုဖြုန်းပေးရမှာပေါ့၊ မင်းငါ့ကလေးကို မမွေးပေးသရွေ့ မင်းအဖေအကြွေးတွေက တစ်ကျပ်တောင် ကျေမယ်မထင်နဲ့"

"အားးး၊ အဲလိုဆိုတော့ အရမ်းကြောက်တာပါပဲနော်"
ကျောင်းချီက လေသံအတက်အကျမပါဘဲပြောလိုက်ကာ ရေချိုးဖို့လုပ်တော့သည်။ သူက ရေပိုက်ခေါင်းကိုယူရင်း သူ့ခင်ပွန်းရပ်နေသေးသည့် အိမ်သာရှိရာဘက် လှမ်းကြည့်လိုက်သည်။ မြန်မြန်ဆန်ဆန် အိပ်ရာဝင်နိုင်ရန် သူ အတူရေချိုးခိုင်းလိုက်တော့သည်။

သူတို့ စောနတုန်းက အတော်လေးအိပ်ရာထဲလူးလှိမ့်မိထား၍ ပင်ပန်းသည်ထက်လွန်နေကာ ညစာမှာအလိုလိုလျစ်လျူရှုခံလိုက်ရတော့သည်။

ဇနီးလေးမှာ အိပ်ရာပေါ် သက်တောင့်သက်သာဖြင့် အိပ်ပျော်နေ၍ ဥက္ကဌမှာ အလွန်အမင်း မပျော်မရွှင်ဖြစ်သွားလေသည်။ ကျန်းချန်ဖေးက စောင်အပြင်ဘက်တွင် ပေါ်နေသည့် ဖြူဖွေးနေသော ကျောပြင်ကိုစိုက်ကြည့်ရင်း အခန်းကအဲကွန်းဖွင့်ထားသောကြောင့် မျက်မှောင်ကြုတ်မိသွားတော့သည်။သူ့ဇနီးရဲ့ဆင်စွယ်ရောင် အသားအရည်က စိမ်းတစ်လှည့် ပြာတစ်ဖုံ အရိပ်အရာ အမှတ်အသားလေးများ လွှမ်းနေရှာသည်။

သူ့ကိုသနားလာအောင် တမင်ရန်စနေတာလား၊ ဒီမှင်စာစုတ်လေးကတော့!

ခြုံစောင်ကိုကြည့်ရင်း ဒေါသတကြီးဖြင့် သူ စောင်ကိုအပေါ်ထိသေချာခြုံပေးလိုက်ကာ ပိုင်စိုးပိုင်နင်းဖြင့် ရင်ခွင်ထဲ ဇနီးလေးကိုဆွဲသွင်းလိုက်တော့၏။

နောက်နေ့မနက်တွင် ကျန်းချန်ဖေး စောစောအိပ်ရာထခဲ့သည်။ သူ့ခေါင်းက ပတ်တီးကိုဖြည်ကာ အမွှေးကြမ်းများကို ရိတ်လိုက်ပြီးနောက် ပြုံးလိုက်သည်။ မှန်တွင် အရိပ်ထင်နေသည့်အမျိူးသားက ကောင်းကင်ကြီးအက်သွားလောက်သည်အထိ ချောမောခန့်ညားလေ၏။

သူက ဝတ်စုံပြည့်တစ်ထည်ရွေးပေးပြီး အိပ်နေသေးသည့် သူ့ဇနီးထံ ပစ်ပေးလိုက်သည်။
"ဒီနေ့ မင်းငါနဲ့အတူ ကုမ္ပဏီသွားရမယ်"

"ဟမ်၊ ခင်ဗျား ကုမ္ပဏီသွားမှာလား"
ကျောင်းချီက မျက်လုံးများကိုပွတ်ကာ ထထိုင်လိုက်သည်။ သူက အိပ်ရာပေါ်ပစ်တင်ထားသည့် ဝတ်စုံကိုကြည့်လိုက်၏။ ငွေရောင်မီးခိုးကုတ်နှင့် အနီမှိုင်းမှိုင်း ရှပ်အင်္ကျီက အတော်လေး ပူအိုက်စေသည့်အထည်များဖြစ်သည်။
"ခင်ဗျား ငါ့အင်္ကျီတွေနဲ့ ဘာလုပ်နေတာလဲ"

"မင်း ဒီနေ့ဒါဝတ်ရမယ်" ဥက္ကဌက မေးစေ့ကို ပင့်ပြကာ အထက်စီးဆန်လှသည်။ သူနှင့်၇နှစ်တိတိ နေလာသူတစ်ယောက်အနေဖြင့် ကျောင်းချီမှာ သူ့မျက်ဝန်းနောက်က အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းဖတ်နိုင်သည်။
'မင်း ဒီလို သားသားနားနား အင်္ကျီမျိုး ဘယ်တုန်းကမှမမြင်ဖူးမှန်း ငါသိတာပေါ့'

"..."

ကျောင်းချီမှာ ထိုကြီးကျယ်သောအဝတ်အစားများကို တိတ်တဆိတ်သာပြန်ထည့်လိုက်ပြီး အလုပ်အတွက်ဝတ်စုံကိုသာ ရွေးထုတ်ဝတ်လိုက်သည်။

ယွီယွမ်က ဒီနေ့ အလုပ်အချိန်စာရင်းကို ပို့လာသည်။ ကျောင်းချီလည်း သူ့အာရုံစိုက်မှုလိုအပ်သော ကြီးကြီးမားမားအဖြစ်အပျက်မျိုး မရှိတာအတည်ပြုလိုက်ပြီးနောက် ချက်ချင်းဆိုသလို သူ့အတွင်းရေးမှူးကို ညွှန်ကြားလိုက်သည်။
"တကယ်လို့ အရေးပေါ်ကိစ္စတစ်ခုခုရှိရင် ငါ့ကိုရှာဖို့ ရှီးဖေးနည်းပညာဆီ လာခဲ့"

သူဆက်သွယ်ထားသည့် မိသားစုဆရာဝန်က နေ့လယ်ပိုင်းတွင် တွေ့ရန်အချိန်းအချက်ပြုခဲ့သည်။ သူက ဒီကျန်းတာ့တျောင်းလိုအခြေအနေမျိုးနှင့် ဒီမနက် ကုမ္ပဏီကိုတစ်ယောက်တည်းသွားခွင့်ပေးဖို့ စိတ်မချနိုင်ပေ။ဒါကြောင့် ဒီလူမပြောရင်တောင် သူက လိုက်ဖို့အသင့်ဖြစ်နေပြီ။

မနက်စာစားပွဲတွင်ထိုင်ရင်း ညစာမစားသည့်အကျိုးဆက်များက နောက်ဆုံးတော့ပေါ်လာခဲ့လေ၏။ ဆီရွှဲနေသောမုန့်ကြော်များနှင့် ကြက်ဥကြော်များကိုကြည့်ရင်း ကျောင်းချီမှာ သူ့အစာအိမ် ရုတ်တရက်နေလို့မကောင်းပဲ တရွရွဖြစ်နေသည်ကိုသာ ခံစားသွားရသည်။ သူ ဆန်ပြုတ်နောက်တစ်ဇွန်းတောင် မစားနိုင်တော့ပေ။

ကျန်းချန်ဖေးက သူ့ကိုကြည့်ရင်း ဒီအမူအရာကိုမြင်တော့ မျက်ခုံးပင့်ကာ အသံထွက်ရယ်ရင်း ပြောလေ၏။
"ဒါကုမ္ပဏီသွားတာပဲလေ ဘာတွေစိတ်လှုပ်ရှားနေတာလဲ၊ မင်းအဲလိုပုံပေါက်နေရင် ငါ့အတွက်အဆင်မပြေလောက်ဘူး၊ ကြီးမားတဲ့အလားအလာတွေနဲ့လူတစ်ယောက်ဆိုတဲ့ အထင်အမြင်ကို သူများတွေမြင်အောင်ဘယ်လိုပေးသင့်လဲ"

"အပေါက်ပိတ်ထား!"
သူပြောတာကိုကြားပြီး ကျောင်းချီတစ်ယောက် အစာအိမ်သာ ထိုးကြွနေသည်မဟုတ် နဖူးပါ ထိုနည်းတူဖြစ်လာလေသည်။

မနက်စာစားပြီးနောက် နှစ်ယောက်သား ကျန်းချန်ဖေးကုမ္ပဏီ ရှီးဖေးနည်းပညာဆီသွားခဲ့သည်။

ဒါက smart brainများအတွက် ဂိမ်းများ၊ သုံးစွဲစရာ appများထုတ်လုပ်ပေးသည့် ကုမ္ပဏီဖြစ်သည်။ လွန်ခဲ့သည့် ၁၀နှစ်အတွင်း smart brainများက နာမည်အရမ်းကြီးလာပြီး စမတ်ဖုန်းများ၏နေရာကိုလုံးဝအစားထိုးခဲ့ကာ လူနေမှုဘဝ၏အစိတ်အပိုင်းတိုင်းကိုထိုးဖောက်ဝင်ရောက်ခဲ့လေသည်။ ကျန်းချန်ဖေးတည်ထောင်ခဲ့သည့် ရှီးဖေးက ဒီရှယ်ယာရှင်၏ လေပြည်ကိုအခွင့်ကောင်းယူပြီး ပြည်တွင်းသိပ္ပံနည်းပညာနယ်ပယ်တွင် ကုမ္ပဏီအကြီးဆုံးများထဲက တစ်ခုဖြစ်လာခဲ့၏။

မိုးမျှော်အဆောက်အဦးကြီးနှင့် ခေတ်ရှေ့ပြေးသော ဒီဇိုင်းက ပထမဆုံးအကြိမ် လာရောက်သည့်လူတိုင်းကို အံ့သြမင်သက်စေသည်။

ကျန်းချန်ဖေးက သူ့ချစ်စရာဇနီးလေး၏လက်ကိုဆွဲကာ ဝန်ထမ်းအုပ်ကြီး၏အကြည့်အောက် ဥက္ကဌသီးသန့်ဓာတ်လှေကားဆီ ဝင်သွားခဲ့လေသည်။

"ဒီနေ့ခေါ်လာတဲ့ အသည်းလေးက ဘယ်သူလဲ စပ်စုနေကြတာနေမယ်"
ဥက္ကဌက ဂုဏ်ယူစွာဆိုလိုက်၏။ ဓာတ်လှေကားတံခါးပိတ်သွားသည်နှင့် ဝန်ထမ်းများ၏ ရုတ်တရက်ပင့်သပ်ရှိုက်သံကို ကြားလိုက်ရသည်။

"ဟမ်" ကျောင်းချီက အမှုမဲ့အမှတ်မဲ့ မေးလိုက်သည်။
"ခင်ဗျားမှာ တခြားချစ်သူတွေ ရှိတာလား"

"ဘာလို့လဲ၊ မနာလိုတာလား"
ဥက္ကဌက သူ့ဇနီး၏ မေးစေ့ကို ရွှတ်နောက်နောက် ဆွဲညှစ်လိုက်သည်။

ကျောင်းချီ၏အကြည့်က လျင်မြန်စွာပင် ခက်ထန်သွားလေ၏။
ကျန်းတာ့တျောင်း၊ ခင်ဗျားစောင့်ကြည့်နေလိုက်...။

ဓာတ်လှေကားအပြင်ဘက်မှ ရုတ်တရက်ပင့်သက်ရှိုက်သံမှာ ဥက္ကဌ၏ အထင်မှားခြင်းမဟုတ်ပေ။ သိပ္ပံနှင့်နည်းပညာ လက်ရွေးစင်များမှာ ဓာတ်လှေကားအပြင်တွင် မျက်နှာချင်းဆိုင်ရပ်နေကြရင်း ကြက်သီးထနေကြရှာသည်။

"အမေရေ၊ ဥက္ကဌကျောင်း ဒီကိုဘာလို့ရောက်နေရတာလဲ"

"ဖြစ်နိုင်တာကတော့ သူ့ခင်ပွန်းကို လာစစ်တာပဲပေါ့"

ကုမ္ပဏီ၏ အလုပ်သမားအုပ်စုထဲတွင် ပထမအဆင့်သတိပေးချက်က လျင်မြန်လွန်းစွာ မြည်လာလေသည်။

【"အကုန်လုံးပဲ! ဥက္ကဌကျောင်း ကုမ္ပဏီကိုရောက်လာပြီနော်၊ ပါးပါးနပ်နပ်နေကြ!" 】

【ဘုရားသခင် ကျွန်တော့်ကို ဘာအမှားမှမလုပ်မိအောင် ကောင်းချီးပေးတော်မူပါ၊ ဥက္ကဌကျောင်းက အမြဲ ရက်စက်လွန်းတယ် QAQ】

【ပြီးတော့ ကျွန်တော်တို့ဥက္ကဌလည်း ဒီနေ့ဘာအမှားမှ မလုပ်မိဖို့ ကောင်းချီးပေးပါဦး🙏】

【ဥက္ကဌအတွက် ကိုယ်ချင်းစာလိုက်တာ ...】

【ဥက္ကဌအတွက် သနားမှု +၁】

【သနားမှု +၁၀၀၈၆】

[Zawgyi]

သူ႕ေလာင္ကုန္း၏ အမ်က္ေခ်ာင္းေခ်ာင္းေဒါသအၾကည့္ေအာက္တြင္ ေက်ာင္းခ်ီကေတာ့ ေရဆြဲခ်သည့္ခလုတ္ကိုႏွိပ္လိုက္ၿပီး "ေလာင္က်န္းမိသားစုမ်ိဳးဆက္" သန္းခ်ီကို ေဆးခ်လိဳက္ေလသည္။ အိမ္သာခြက္ထဲတြင္ သန႔္ရွင္းေသာ အျပာေရာင္ရင့္ရင့္ေရသာ ဝဲက်န္ရစ္ေနခဲ့ေလ၏။ အထီးက်န္ကာ အေဖာ္မဲ့သြားသည့္ပုံ ေပၚေနရွာသည္။

က်န္းခ်န္ေဖးက အျပာရင့္ေရာင္ေရကြက္ကိုၾကည့္ကာ အံႀကိတ္ၿပီး ေျပာလိုက္သည္။
"ေကာင္းတယ္၊ အရမ္းေကာင္းတယ္၊ အဲလိုဆိုမွေတာ့ ငါမင္းနဲ႕ အခ်ိန္ပိုျဖဳန္းေပးရမွာေပါ့၊ မင္းငါ့ကေလးကို မေမြးေပးသေ႐ြ႕ မင္းအေဖအေႂကြးေတြက တစ္က်ပ္ေတာင္ ေက်မယ္မထင္နဲ႕"

"အားးး၊ အဲလိုဆိုေတာ့ အရမ္းေၾကာက္တာပါပဲေနာ္"
ေက်ာင္းခ်ီက ေလသံအတက္အက်မပါဘဲေျပာလိုက္ကာ ေရခ်ိဳးဖို႔လုပ္ေတာ့သည္။ သူက ေရပိုက္ေခါင္းကိုယူရင္း သူ႕ခင္ပြန္းရပ္ေနေသးသည့္ အိမ္သာရွိရာဘက္ လွမ္းၾကည့္လိုက္သည္။ ျမန္ျမန္ဆန္ဆန္ အိပ္ရာဝင္နိုင္ရန္ သူ အတူေရခ်ိဳးခိုင္းလိုက္ေတာ့သည္။

သူတို႔ ေစာနတုန္းက အေတာ္ေလးအိပ္ရာထဲလူးလွိမ့္မိထား၍ ပင္ပန္းသည္ထက္လြန္ေနကာ ညစာမွာအလိုလိုလ်စ္လ်ဴရႈခံလိုက္ရေတာ့သည္။

ဇနီးေလးမွာ အိပ္ရာေပၚ သက္ေတာင့္သက္သာျဖင့္ အိပ္ေပ်ာ္ေန၍ ဥကၠဌမွာ အလြန္အမင္း မေပ်ာ္မ႐ႊင္ျဖစ္သြားေလသည္။ က်န္းခ်န္ေဖးက ေစာင္အျပင္ဘက္တြင္ ေပၚေနသည့္ ျဖဴေဖြးေနေသာ ေက်ာျပင္ကိုစိုက္ၾကည့္ရင္း အခန္းကအဲကြန္းဖြင့္ထားေသာေၾကာင့္ မ်က္ေမွာင္ၾကဳတ္မိသြားေတာ့သည္။သူ႕ဇနီးရဲ႕ဆင္စြယ္ေရာင္ အသားအရည္က စိမ္းတစ္လွည့္ ျပာတစ္ဖုံ အရိပ္အရာ အမွတ္အသားေလးမ်ား လႊမ္းေနရွာသည္။

သူ႕ကိုသနားလာေအာင္ တမင္ရန္စေနတာလား၊ ဒီမွင္စာစုတ္ေလးကေတာ့!

ၿခဳံေစာင္ကိုၾကည့္ရင္း ေဒါသတႀကီးျဖင့္ သူ ေစာင္ကိုအေပၚထိေသခ်ာၿခဳံေပးလိုက္ကာ ပိုင္စိုးပိုင္နင္းျဖင့္ ရင္ခြင္ထဲ ဇနီးေလးကိုဆြဲသြင္းလိုက္ေတာ့၏။

ေနာက္ေန႕မနက္တြင္ က်န္းခ်န္ေဖး ေစာေစာအိပ္ရာထခဲ့သည္။ သူ႕ေခါင္းက ပတ္တီးကိုျဖည္ကာ အေမႊးၾကမ္းမ်ားကို ရိတ္လိုက္ၿပီးေနာက္ ၿပဳံးလိုက္သည္။ မွန္တြင္ အရိပ္ထင္ေနသည့္အမ်ိဴးသားက ေကာင္းကင္ႀကီးအက္သြားေလာက္သည္အထိ ေခ်ာေမာခန႔္ညားေလ၏။

သူက ဝတ္စုံျပည့္တစ္ထည္ေ႐ြးေပးၿပီး အိပ္ေနေသးသည့္ သူ႕ဇနီးထံ ပစ္ေပးလိုက္သည္။
"ဒီေန႕ မင္းငါနဲ႕အတူ ကုမၸဏီသြားရမယ္"

"ဟမ္၊ ခင္ဗ်ား ကုမၸဏီသြားမွာလား"
ေက်ာင္းခ်ီက မ်က္လုံးမ်ားကိုပြတ္ကာ ထထိုင္လိုက္သည္။ သူက အိပ္ရာေပၚပစ္တင္ထားသည့္ ဝတ္စုံကိုၾကည့္လိုက္၏။ ေငြေရာင္မီးခိုးကုတ္ႏွင့္ အနီမွိုင္းမွိုင္း ရွပ္အကၤ်ီက အေတာ္ေလး ပူအိုက္ေစသည့္အထည္မ်ားျဖစ္သည္။
"ခင္ဗ်ား ငါ့အကၤ်ီေတြနဲ႕ ဘာလုပ္ေနတာလဲ"

"မင္း ဒီေန႕ဒါဝတ္ရမယ္" ဥကၠဌက ေမးေစ့ကို ပင့္ျပကာ အထက္စီးဆန္လွသည္။ သူႏွင့္၇ႏွစ္တိတိ ေနလာသူတစ္ေယာက္အေနျဖင့္ ေက်ာင္းခ်ီမွာ သူ႕မ်က္ဝန္းေနာက္က အဓိပၸါယ္ကို ရွင္းရွင္းလင္းလင္းဖတ္နိုင္သည္။
'မင္း ဒီလို သားသားနားနား အကၤ်ီမ်ိဳး ဘယ္တုန္းကမွမျမင္ဖူးမွန္း ငါသိတာေပါ့'

"..."

ေက်ာင္းခ်ီမွာ ထိုႀကီးက်ယ္ေသာအဝတ္အစားမ်ားကို တိတ္တဆိတ္သာျပန္ထည့္လိုက္ၿပီး အလုပ္အတြက္ဝတ္စုံကိုသာ ေ႐ြးထုတ္ဝတ္လိုက္သည္။

ယြီယြမ္က ဒီေန႕ အလုပ္အခ်ိန္စာရင္းကို ပို႔လာသည္။ ေက်ာင္းခ်ီလည္း သူ႕အာ႐ုံစိုက္မႈလိုအပ္ေသာ ႀကီးႀကီးမားမားအျဖစ္အပ်က္မ်ိဳး မရွိတာအတည္ျပဳလိုက္ၿပီးေနာက္ ခ်က္ခ်င္းဆိုသလို သူ႕အတြင္းေရးမႉးကို ၫႊန္ၾကားလိုက္သည္။
"တကယ္လို႔ အေရးေပၚကိစၥတစ္ခုခုရွိရင္ ငါ့ကိုရွာဖို႔ ရွီးေဖးနည္းပညာဆီ လာခဲ့"

သူဆက္သြယ္ထားသည့္ မိသားစုဆရာဝန္က ေန႕လယ္ပိုင္းတြင္ ေတြ႕ရန္အခ်ိန္းအခ်က္ျပဳခဲ့သည္။ သူက ဒီက်န္းတာ့ေတ်ာင္းလိုအေျခအေနမ်ိဳးႏွင့္ ဒီမနက္ ကုမၸဏီကိုတစ္ေယာက္တည္းသြားခြင့္ေပးဖို႔ စိတ္မခ်နိဳင္ေပ။ဒါေၾကာင့္ ဒီလူမေျပာရင္ေတာင္ သူက လိုက္ဖို႔အသင့္ျဖစ္ေနၿပီ။

မနက္စာစားပြဲတြင္ထိုင္ရင္း ညစာမစားသည့္အက်ိဳးဆက္မ်ားက ေနာက္ဆုံးေတာ့ေပၚလာခဲ့ေလ၏။ ဆီ႐ႊဲေနေသာမုန႔္ေၾကာ္မ်ားႏွင့္ ၾကက္ဥေၾကာ္မ်ားကိုၾကည့္ရင္း ေက်ာင္းခ်ီမွာ သူ႕အစာအိမ္ ႐ုတ္တရက္ေနလို႔မေကာင္းပဲ တ႐ြ႐ြျဖစ္ေနသည္ကိုသာ ခံစားသြားရသည္။ သူ ဆန္ျပဳတ္ေနာက္တစ္ဇြန္းေတာင္ မစားနိုင္ေတာ့ေပ။

က်န္းခ်န္ေဖးက သူ႕ကိုၾကည့္ရင္း ဒီအမူအရာကိုျမင္ေတာ့ မ်က္ခုံးပင့္ကာ အသံထြက္ရယ္ရင္း ေျပာေလ၏။
"ဒါကုမၸဏီသြားတာပဲေလ ဘာေတြစိတ္လႈပ္ရွားေနတာလဲ၊ မင္းအဲလိုပုံေပါက္ေနရင္ ငါ့အတြက္အဆင္မေျပေလာက္ဘူး၊ ႀကီးမားတဲ့အလားအလာေတြနဲ႕လူတစ္ေယာက္ဆိုတဲ့ အထင္အျမင္ကို သူမ်ားေတြျမင္ေအာင္ဘယ္လိုေပးသင့္လဲ"

"အေပါက္ပိတ္ထား!"
သူေျပာတာကိုၾကားၿပီး ေက်ာင္းခ်ီတစ္ေယာက္ အစာအိမ္သာ ထိုးႂကြေနသည္မဟုတ္ နဖူးပါ ထိုနည္းတူျဖစ္လာေလသည္။

မနက္စာစားၿပီးေနာက္ ႏွစ္ေယာက္သား က်န္းခ်န္ေဖးကုမၸဏီ ရွီးေဖးနည္းပညာဆီသြားခဲ့သည္။

ဒါက smart brainမ်ားအတြက္ ဂိမ္းမ်ား၊ သုံးစြဲစရာ appမ်ားထုတ္လုပ္ေပးသည့္ ကုမၸဏီျဖစ္သည္။ လြန္ခဲ့သည့္ ၁၀ႏွစ္အတြင္း smart brainမ်ားက နာမည္အရမ္းႀကီးလာၿပီး စမတ္ဖုန္းမ်ား၏ေနရာကိုလုံးဝအစားထိုးခဲ့ကာ လူေနမႈဘဝ၏အစိတ္အပိုင္းတိုင္းကိုထိုးေဖာက္ဝင္ေရာက္ခဲ့ေလသည္။ က်န္းခ်န္ေဖးတည္ေထာင္ခဲ့သည့္ ရွီးေဖးက ဒီရွယ္ယာရွင္၏ ေလျပည္ကိုအခြင့္ေကာင္းယူၿပီး ျပည္တြင္းသိပၸံနည္းပညာနယ္ပယ္တြင္ ကုမၸဏီအႀကီးဆုံးမ်ားထဲက တစ္ခုျဖစ္လာခဲ့၏။

မိုးေမွ်ာ္အေဆာက္အဦးႀကီးႏွင့္ ေခတ္ေရွ႕ေျပးေသာ ဒီဇိုင္းက ပထမဆုံးအႀကိမ္ လာေရာက္သည့္လူတိုင္းကို အံ့ၾသမင္သက္ေစသည္။

က်န္းခ်န္ေဖးက သူ႕ခ်စ္စရာဇနီးေလး၏လက္ကိုဆြဲကာ ဝန္ထမ္းအုပ္ႀကီး၏အၾကည့္ေအာက္ ဥကၠဌသီးသန႔္ဓာတ္ေလွကားဆီ ဝင္သြားခဲ့ေလသည္။

"ဒီေန႕ေခၚလာတဲ့ အသည္းေလးက ဘယ္သူလဲ စပ္စုေနၾကတာေနမယ္"
ဥကၠဌက ဂုဏ္ယူစြာဆိုလိုက္၏။ ဓာတ္ေလွကားတံခါးပိတ္သြားသည္ႏွင့္ ဝန္ထမ္းမ်ား၏ ႐ုတ္တရက္ပင့္သပ္ရွိုက္သံကို ၾကားလိုက္ရသည္။

"ဟမ္" ေက်ာင္းခ်ီက အမႈမဲ့အမွတ္မဲ့ ေမးလိုက္သည္။
"ခင္ဗ်ားမွာ တျခားခ်စ္သူေတြ ရွိတာလား"

"ဘာလို႔လဲ၊ မနာလိုတာလား"
ဥကၠဌက သူ႕ဇနီး၏ ေမးေစ့ကို ႐ႊတ္ေနာက္ေနာက္ ဆြဲညွစ္လိုက္သည္။

ေက်ာင္းခ်ီ၏အၾကည့္က လ်င္ျမန္စြာပင္ ခက္ထန္သြားေလ၏။
က်န္းတာ့ေတ်ာင္း၊ ခင္ဗ်ားေစာင့္ၾကည့္ေနလိုက္...။

ဓာတ္ေလွကားအျပင္ဘက္မွ ႐ုတ္တရက္ပင့္သက္ရွိုက္သံမွာ ဥကၠဌ၏ အထင္မွားျခင္းမဟုတ္ေပ။ သိပၸံႏွင့္နည္းပညာ လက္ေ႐ြးစင္မ်ားမွာ ဓာတ္ေလွကားအျပင္တြင္ မ်က္ႏွာခ်င္းဆိုင္ရပ္ေနၾကရင္း ၾကက္သီးထေနၾကရွာသည္။

"အေမေရ၊ ဥကၠဌေက်ာင္း ဒီကိုဘာလို႔ေရာက္ေနရတာလဲ"

"ျဖစ္နိုင္တာကေတာ့ သူ႕ခင္ပြန္းကို လာစစ္တာပဲေပါ့"

ကုမၸဏီ၏ အလုပ္သမားအုပ္စုထဲတြင္ ပထမအဆင့္သတိေပးခ်က္က လ်င္ျမန္လြန္းစြာ ျမည္လာေလသည္။

【"အကုန္လုံးပဲ! ဥကၠဌေက်ာင္း ကုမၸဏီကိုေရာက္လာၿပီေနာ္၊ ပါးပါးနပ္နပ္ေနၾက!" 】

【ဘုရားသခင္ ကြၽန္ေတာ့္ကို ဘာအမွားမွမလုပ္မိေအာင္ ေကာင္းခ်ီးေပးေတာ္မူပါ၊ ဥကၠဌေက်ာင္းက အၿမဲ ရက္စက္လြန္းတယ္ QAQ】

【ၿပီးေတာ့ ကြၽန္ေတာ္တို႔ဥကၠဌလည္း ဒီေန႕ဘာအမွားမွ မလုပ္မိဖို႔ ေကာင္းခ်ီးေပးပါဦး🙏】

【ဥကၠဌအတြက္ ကိုယ္ခ်င္းစာလိုက္တာ ...】

【ဥကၠဌအတြက္ သနားမႈ +၁】

【သနားမႈ +၁၀၀၈၆】

Continue Reading

You'll Also Like

269K 13.9K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
2.5M 179K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
111K 14.2K 83
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel