Zawgyi
ကျန်းယွဲ့ကလျိုထုံ့ပြောစကားတွေကြောင့် တစ်စုံ တစ်ခုပြန်ပြောချင်ပေမယ့်လည်း နောက်ဆုံးမှာတော့ လျိုထုံ့လက်ထဲမှာရှိတဲ့ အသားကိုစဉ်းစားမိပြီးတော့ တွန့်ဆုတ်စွာနှင့်ပဲ့ နောက်ဆုတ်လိုက်ရတယ်။
"ဟေ့?"
"ဖေဖေ ပြန်လာပြီလား။"
သူ့ဆီမှာရှိတဲ့အချိုပွဲအပိုင်းအစလေး နှစ်ခုကိုကြည့် ပြီးတော့ ရှုရန်ကလျိုထုံ့ဆီကို တစ်ခုထည့်ပေး လိုက်တယ်။ ထို့နောက်တစ်ခြားတစ်ခုကို အစိတ် အပိုင်းနှစ်ခုဖြစ်အောင် ခွဲထုတ်လိုက်ပြီးတော့ တစ်ပိုင်းကိုသူ့ပါးစပ်ထဲထည့်လိုက်ပြီး ကျန်တစ်ပိုင်း ကို လျိုထုံ့ပါးစပ်ထဲ ထည့်လိုက်တယ်။
Unicode
လျိုထုံက သူ့ရဲ့ဘယ်ဘက်လက်မှာ ရစ်ငှက် တစ်ကောင်နှင့် ညာဘက်လက်မှာရှုရန်အတွက် ဆေးထုပ်လေးနှစ်ထုပ်သယ်ပြီးတော့ မွန်းတည့်ခါနီး အချိန်မှာ အိမ်ပြန်ရောက်လာခဲ့တယ်။
လျိုထုံအိမ်ထဲဝင်လိုက်တဲ့အချိန်မှာ ကျန်းယွဲ့က မြင်သွားပြီးတော့ လျိုထုံရဲ့လက်ထဲမှာ ရစ်ငှက် ကိုတွေ့လိုက်တော့ အတော်ပျော်သွားတယ်။ သူတို့ တွေလယ်ထဲမှာ မကြာခဏအလုပ်များနေတော့ လျိုထုံက တောင်ပေါ်တက်ပြီး အမဲမလိုက်နိုင် ဘူး။ သူတို့အသားမစားရတာ အချိန်အကြာကြီး ဖြစ် နေပြီ။
ကျန်းယွဲ့ကလျိုထုံရဲ့တစ်ခြားလက်ထဲက ဆေးထုပ် ကိုမြင်လိုက်တော့ ချက်ချင်းပြောလိုက်တယ်။ "ဘာလို့ဆေးတွေဝယ်လာပြန်တာလဲ? အဲ့တာက အသုံးမဝင်ဘူး။ အဲ့အစား အသားများများ ပိုဝယ် လာသင့်တယ်။"
လျိုထုံကသူ့မျက်နှာပေါ်မှာ ဘာအမူအရာမှမရှိပဲ့ နှင့် ကျန်းယွဲ့ကိုကြည့်ပြီးတော့ "ငါ့လမ်းကနေဖယ် မဟုတ်ရင် ငါ့လက်ထဲမှာရှိတဲ့ရစ်ငှက်ကိုလည်း ရောင်းလိုက်မယ်။"
ကျန်းယွဲ့ကလျိုထုံပြောစကားတွေကြောင့် တစ်စုံ တစ်ခုပြန်ပြောချင်ပေမယ့်လည်း နောက်ဆုံးမှာတော့ လျိုထုံလက်ထဲမှာရှိတဲ့ အသားကိုစဉ်းစားမိပြီး တော့ တွန့်ဆုတ်စွာနှင့်ပဲ့ နောက်ဆုတ်လိုက်ရတယ်။
လျိုထုံကရစ်ငှက်ကို မီးဖိုချောင်ထဲယူသွားပြီး တော့ သူ့အခန်းထဲဝင်သွားတယ်။
ရှုမိသားစုရဲ့ဘဝက အရမ်းခက်ခဲတယ်။ ရှုချိန်က တစ်နေကုန်ဘာအလုပ်မှမလုပ်ဘဲ အသုံးမကျတဲ့လူ တစ်ယောက်ဖြစ်နေချိန်မှာ ကျန်းယွဲ့ကလည်း အစား စားဖို့ပဲ့သိတဲ့လူတစ်ယောက်ဖြစ်နေတယ်။ လယ်ထဲ မှာအချိန်တိုင်းစိုက်ပျိုးနေရတဲ့လူက ဒီမိသားစုရဲ့ သက်ကြီးပိုင်းတွေနှင့် လျိုထုံပဲ့ဖြစ်တယ်။ သို့သော်လည်း ရှုမိသားစုရဲ့ သက်ကြီးပိုင်းရှုစုံတွဲက အိုလာပြီဖြစ်လို့ အရင်ကလိုမလုပ်နိုင်တော့ဘူး။ အဲ့တာကြောင့် ဒီဝန်ထုပ်ကြီးက နောက်ဆုံးတော့ လျိုထုံခေါင်းပေါ်ကိုပဲ့ ကျလာတယ်။
ဒါပေမယ့် အဲ့လိုဖြစ်နေတာတောင်မှ ရှုမိသားစုက အဲ့တာကသူလုပ်ရမယ့်တာဝန်လို့တွေးပြီး လျိုထုံကို
မကြိုက်တုန်းပဲ့။
လျိုထုံက ဘယ်လောက်ပဲ့ဒေါသထွက်ပြီး ဆင်းရဲ ဒုက္ခတွေကိုခံစားနေရပါစေ ရှုရန်နှင့်သူ့ကလေး နှစ်ယောက်အတွက် သူမျိုသိပ်ပြီးနေခဲ့တယ်။
ရှုမိသားစုအိမ်မှာ အခန်းငါးခန်းရှိတယ်။ လျိုထုံ နှင့်သူ့မိသားစု စုစုပေါင်းလေးယောက်အတွက် အခန်းတစ်ခန်းသာရတယ်။ သက်ကြီးပိုင်းရှုစုံတွဲက အခန်းတစ်ခန်းရပြီးတော့ ရှုချိန်နှင့်သူ့မိသားစု ကတော့ အခန်းနှစ်ခန်းရတယ်။ ကျန်တဲ့အခန်း တစ်ခန်းကိုတော့ ပစ္စည်းတွေထားဖို့အသုံးပြုထား တယ်။
မီးဖိုချောင်ကိုတော့ သစ်ကယ်အမိုးနှင့်မိုးပြီး နွားတင်း ကုပ်နှင့် ပိုင်းခြားထားတယ်။
လျိုထုံက သူတို့အခန်းတံခါးဆီလျှောက်လာတဲ့ အချိန်မှာ ရှုရန်ရဲ့အလွန်အမင်းကြင်နာသနားတတ် တဲ့အကြည့်နှင့် သူတို့ရဲ့ကလေးနှစ်ယောက်ကို ပုံပြင် ပြောပြနေတယ်။ ရှုရန်မရူးတော့တာနှင့်ပတ်သက် ပြီးရှုရန်တစ်ယောက် တစ်စုံတစ်ခုကွဲပြားနေ သလားဆိုတာကို သူမစဉ်းစားမိဘူး။ နောက်ဆုံးမှာ တော့ သူရှုရန်ကိုခုနှစ်နှစ်ကြာဂရုစိုက်ပေးခဲ့ပြီး သူ မှတ်မိတဲ့အရာအားလုံးက ရှုရန်ကရူးနေတယ် ဆိုတာပဲ့။
လျိုထုံသူတို့ကို တံခါးပေါက်ဝကနေကြည့်နေ ရင်းနှင့် ချစ်စရာကောင်းတဲ့ပုံရိပ်လေးကို တွေ့လိုက်ရ တယ်။ အပြင်မှာသူဘာတွေပဲ့လုပ်နေပါစေ ကိစ္စမရှိ ဘူး။ အနည်းဆုံးတော့ ဒီအခန်းထဲမှာ သူ့မိသားစုနှင့် သူ ပျော်နေနိုင်တယ်။
"ဟေ့?"
"ဖေဖေ ပြန်လာပြီလား။"
ကလေးနှစ်ယောက်က လျိုထုံတံခါးပေါက်ဝ နားမှာ ရပ်နေတာကို ချက်ချင်းရှာတွေ့သွားတယ်။ ပြီးနောက် သူတို့တွေက သူတို့ထိုင်နေတဲ့ခွေးခြေခုံပေါ် ကနေ ချက်ချင်းထရပ်ပြီးတော့ လျိုထုံဆီ ပြေးသွားကြတယ်။
လျိုထုံက သူ့ဆီပြေးလာတဲ့ ကလေးနှစ်ယောက် ကိုချီလိုက်ပြီးတော့ "ဟုတ်တယ်။ ဖေဖေပြန်လာပြီ။ ဒီနေ့အနိုင်ကျင့်ခံရသေးလား?"
ကလေးနှစ်ယောက်က အတူတူသူတို့ခေါင်းတွေကို ခါ ယမ်းလိုက်တယ်။ "သားတို့အနိုင်ကျင့်မခံရပါဘူး။"
အဲ့အချိန်မှာရှုရန်ကသူ့ခေါင်းကို ဝမ်းနည်းစွာလှည့် လိုက်တယ်။ အဲဒါတွေအကုန်လုံးက သူအရမ်းအား နည်းပြီးတော့ အသုံးမဝင်လို့ဖြစ်ရတာ။ အဲ့တာ ကြောင့် လျိုထုံအိမ်ပြန်ရောက်လာတာနဲ့ ပထမဆုံးလုပ်တဲ့အရာက ကလေးတွေအနိုင်ကျင့် ခံရလား မခံရဘူးလားဆိုတာကို မေးတာပဲ့ဖြစ် တယ်။ ရှုရန်အဲ့တာအတွက် လုံးဝစိတ်ဓာတ်ကျ သွားသလို ခံစားရတယ်။
ရှုရန်က ပုံမှန်သူရူးနေကျပုံစံအတိုင်းပဲ့ တံခါးဆီကို လျှောက်လာပြီးတော့ လျိုထုံရဲ့ပွေ့ဖက်မှု အတွက် သူ့လက်ကိုဆန့်ထုတ်လိုက်တယ်။ "ထုံထုံ..."
သူ့ရဲ့မှတ်ညဏ်ထဲမှာ ရှုရန်ကလျိုထုံကို ထုံထုံလို့ခေါ်တယ်။ လျိုထုံကိုအဲ့လိုခေါ် တဲ့တစ်ဦးတည်းသောသူပဲ့။ ဖြစ်ကောင်းဖြစ်နိုင်တာ က အဲ့ဒီအခေါ်အဝေါ်ကြောင့် လျိုထုံက ခုနှစ်နှစ် လုံးသူ့ကို ကောင်းကောင်းဆက်ဆံဖို့ လိုလားခဲ့တာ လည်း ဖြစ်နိုင်တယ်။ အခုကစပြီး လျိုထုံကို ကောင်းကောင်းဆက်ဆံရမှာက သူ့အလှည့်ဖြစ်သွား ပြီ။
လျိုထုံက ရှုရန်ကိုမဖက်ခင် ကလေးနှစ် ယောက်ကို
အရင်ချလိုက်ပြီးတော့ သူ့လက်ထဲမှာရှိ တဲ့ဆေးထုပ်ကို အခန်းထဲက ဘာမှမရှိတဲ့စားပွဲပေါ်မှာ တင်လိုက်တယ်။
"ရန် တျန်းတျန်း ကော်ကော် ငါဒီနေ့ရစ်ငှက်တစ်ကောင်ဖမ်းမိ လာတယ်။ ငါတို့ဒီနေ့အသားစားရပြီ!"
ရှုရန်က စားပွဲပေါ်ကဆေးကိုကြည့်ပြီး မျက်မှောင်
ကြုပ်လိုက်တဲ့အချိန်မှာ ကလေးနှစ်ယောက်က သူတို့ အသားစားရမယ်ဆိုတာကို ကြားလိုက်တော့ အရမ်း ပျော်ရွှင်သွားတယ်။
လျိုထုံက ကလေးနှစ်ယောက်ကို အခန်းထဲကို ခေါ်သွားပြီးတော့ တံခါးကိုပိတ်လိုက်တယ်။ သူ့အဝတ်အတွင်းအိတ်ထဲကနေ အပိုင်းအစလေးခု လေးသာရှိတဲ့ အချိုပွဲအထုပ်လေးကို ယူထုတ်လိုက် တယ်။ လျိုထုံက အပိုင်းအစတစ်ခုစီကို ကလေး နှစ်ယောက်ကိုပေးပြီးတော့ ကျန်တာကို ရှုရန်ကို ပေးလိုက်တယ်။
အချိုပွဲကိုကြည့်ရတာ အထူးကောင်းမွန်ပြီးတော့ ဈေးကြီးပုံရတယ်။ ကလေးနှစ်ယောက်ကလည်း အရမ်းကိုစိတ်လှုပ်ရှားနေတယ်။ ဒါပေမယ့် သူတို့က အဲ့တာကိုချက်ချင်းမစားဘူး။ အဲ့အစား သူတို့က အပိုင်းနှစ်ခုဖြစ်အောင်ချိုးလိုက်ပြီးတော့ တစ်ခုကို သူတို့ယူပြီး ကျန်တစ်ခုကို လျိုထုံကို ပေးလိုက် တယ်။
ဖြစ်ကောင်းဖြစ်နိုင်တာက အဲ့တာက အကျင့်တစ်ခုလို ဖြစ်နေတော့ လျိုထုံကလည်း မငြင်းပဲ့နှင့် အမွှာ နှစ်ယောက်ဆီကနေ သေးငယ်တဲ့အစိတ်ပိုင်းနှစ်ခုကို ယူလိုက်တယ်။ သို့သော်လည်း သူလည်းပဲ့ အဲ့တာကို မစားဘူး။ အဲ့အစား သူ့ရဲ့အတွင်းအိတ်ထဲကနေ အဝတ်စတစ်ခုကို ယူထုတ်လိုက်ပြီးတော့ အဲ့တာကို သင့်တင့်လျောက်ပတ်စွာ ထုပ်ပိုးလိုက်တယ်။
နောက်တစ်ကြိမ်ကျရင် ကလေးနှစ်ယောက်စားဖို့ အတွက် ထိန်းသိမ်းထားမှန်း ရှုရန်သိလိုက်တယ်။
သူ့ဆီမှာရှိတဲ့အချိုပွဲအပိုင်းအစလေး နှစ်ခုကိုကြည့် ပြီးတော့ ရှုရန်ကလျိုထုံဆီကို တစ်ခုထည့်ပေး လိုက်တယ်။ ထို့နောက်တစ်ခြားတစ်ခုကို အစိတ် အပိုင်းနှစ်ခုဖြစ်အောင် ခွဲထုတ်လိုက်ပြီးတော့ တစ်ပိုင်းကိုသူ့ပါးစပ်ထဲထည့်လိုက်ပြီး ကျန်တစ်ပိုင်း ကို လျိုထုံပါးစပ်ထဲ ထည့်လိုက်တယ်။
အဲ့တာက ရုတ်တရက်ဖြစ်သွားတော့ လျိုထုံလည်း ရွေးချယ်စရာမရှိပဲ့နှင့် အချိုပွဲကို စားလိုက်ရ တယ်။
မိသားစုတစ်ခုလုံးက အချိုပွဲအပိုင်းအစနှစ်ခုကို အတူတကွပျော်ရွှင်စွာ ဝေမျှနေကြတယ်။ ထို့နောက် လျိုထုံက အနားယူနေတာကို ရပ်လိုက်ပြီးတော့ သူထမင်းသွားချက်တော့မယ်လို့ ပြောလိုက်တယ်။
ကလေးနှစ်ယောက်က ရှုရန်ကိုစောင့်ရှောက်ဖို့ အတွက် ကျန်ခဲ့တယ်။