Zawgyi
"အ႐ူးေတြ အ႐ူးႀကီးႏွင့္အ႐ူးေသးေသးေလး အျပင္ထြက္ခဲ့!"
"အ႐ူးေတြ မင္းတို႔ဒီေန႔ဘာလို႔ အျပင္မထြက္လာတာလဲ? ငါတို႔ကိုေၾကာက္လို႔လား?"
"Haha...မင္းတို႔ကေၾကာက္ေနတယ္ေပါ့။
အ႐ူးႀကီးနဲ႔ အ႐ူးေသးေသးေလးေတြ haha..."
႐ွဳရန္ကသူကူးေျပာင္းလာတယ္ဆိုတဲ့ အျဖစ္အပ်က္ကို အက်ဥ္းခ်ဳပ္ဖို႔ႀကိဳးစားေနတုန္းမွာပဲ က်ယ္ေလာင္တဲ့ရယ္သံေတြက အျပင္ဘက္ကေနထြက္ေပၚလာခဲ့တယ္။ သူတို႔ဘာေျပာေနလဲဆိုတာကို ၾကားၿပီးတဲ့အခ်ိန္မွာ႐ွဳရန္က ဒီခႏၶာကိုယ္ရဲ႕မိသားစုဘဝက အမွန္တကယ္ကိုခက္ခဲတယ္ဆိုတာကို သူ႐ွာေတြ႔လိုက္ေတာ့မတတ္ႏိုင္ပဲ ေလွာင္ေျပာင္တဲ့အျပံဳးတစ္ခ်က္ကို ေပးလိုက္မိတယ္။
စာေရးရာမွာအာရံုစိုက္ေနတဲ့ ကေလးႏွစ္ေယာက္ကလည္း ဆူညံသံေတြေၾကာင့္ အက်ိဳးသက္ေရာက္မႈ႐ွိခဲ့တယ္။
"ေကာ္ေကာ္ အေဖကိုအိမ္ထဲမွာေစာင့္ၾကည့္ထား။ ငါအျပင္ထြက္ၿပီးေတာ့ တစ္ခ်က္ၾကည့္လိုက္မယ္။" တ်န္းတ်န္းက ေကာ္ေကာ္ကိုေျပာလိုက္တယ္။
"မဟုတ္ဘူး။ တ်န္းတ်န္း မင္းအျပင္ထြက္ရင္ ေသခ်ာေပါက္အႏိုင္က်င့္ခံရလိမ့္မယ္။ မင္းမေန႔ကေျမႀကီး ေပၚတြန္းခ်ခံရတာကို မေမ့နဲ႔။ သူတို႔ေတြကိုအာရံုစိုက္ မေနနဲ႔။ သူတို႔ေတြကအခန္းထဲကို မဝင္လာရဲဘူးဆိုေတာ့ ငါတို႔ေတြအျပင္မထြက္ရင္ အဆင္ေျပလိမ့္မယ္။" ေကာ္ေကာ္က သေဘာမက်တဲ့ေလသံႏွင့္ ေျပာလိုက္ တယ္။
"ဒါေပမယ့္ သူတို႔ရဲ႕အသံက်ယ္က်ယ္က ငါတို႔ရဲ႕ အေဖကိုအေႏွာင့္အယွက္ေပးလိမ့္မယ္။ အေဖကဒီ ရက္ေတြမွာ ဖ်ားေနေတာ့ေကာင္းေကာင္းအနားယူဖို႔ လိုအပ္တယ္လို႔ေဖေဖေျပာထားတယ္ေလ။"
"ဒါေပမယ့္..." ေကာ္ေကာ္ကတစ္စံုတစ္ခုကို ေျပာခ်င္ေနေပမယ့္ တ်န္းတ်န္းရဲ႕စကားျဖတ္ေျပာျခင္း ခံလိုက္ရတယ္။ "ေကာ္ေကာ္ ငါတစ္ခ်က္သြားၾကည့္ၾကည့္မယ္။ ငါျခံဝင္း အျပင္ကိုမထြက္ပါဘူး။"
"မဟုတ္ဘူး။ ငါလည္းမင္းႏွင့္အတူလိုက္ခဲ့မယ္။" ေကာ္ေကာ္က သူတစ္ေယာက္တည္းအျပင္ထြက္ရင္ ေသခ်ာေပါက္အႏိုင္က်င့္ခံရမယ္ဆိုတာသိေနလို႔ အတင္းအက်ပ္တိုက္တြန္းလိုက္တယ္။
"ေကာင္းၿပီေလ။ ငါတို႔တူတူသြားၿပီးေတာ့ အေဖ ေကာင္းေကာင္းအိပ္လို႔ရေအာင္ သူတို႔ေတြကိုေမာင္း ထုတ္ပစ္မယ္။"
ကေလးႏွစ္ေယာက္က အခ်င္းခ်င္းေျပာၿပီးေတာ့ အခန္းအျပင္ဘက္ကိုထြက္သြားၾကတယ္။
ကေလးႏွစ္ေယာက္အျပန္အလွန္ေျပာဆိုေနတာကို ေသေသခ်ာခ်ာၾကားခဲ့ရတဲ့ ႐ွဳရန္လည္းပဲ့ ဒီအခ်ိန္ မွာသူ႔ရဲ႕မ်က္လံုးေတြက ေကာင္းေကာင္းပြင့္ေနၿပီ။
ေနေရာင္ကိုဆန္က်င္ၿပီးေတာ့ တံခါးေပါက္အျပင္ ဘက္ကိုၾကည့္လိုက္ေတာ့ ကေလးေသးေသးေလး ႏွစ္ေယာက္ကလက္ခ်င္းတြဲၿပီး အေဝးကိုတစ္လွမ္း ၿပီးတစ္လွမ္းထြက္သြားတာကိုေတြ႔လိုက္ရတယ္။
႐ွဳရန္တိတ္တဆိတ္သက္ျပင္းခ်ၿပီးေတာ့ ဒီခႏၶာကိုယ္ရဲ႕မူလပိုင္႐ွင္က ေကာင္းခ်ီးေပးခံထားရ တယ္လို႔ သူဘာသာသူေတြးမိတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူ႔မွာအစဥ္အျမဲခ်စ္ေပးၿပီးသစၥာ႐ွိတဲ့ ခင္ပြန္းႏွင့္ ခ်စ္စရာေကာင္းၿပီးေတြးတတ္တဲ့ ကေလး ေလးႏွစ္ေယာက္႐ွိေနလို႔ေပါ့။
ဘယ္ေလာက္ေတာင္သနားစရာ ေကာင္းလိုက္လဲ...
က်ယ္ေလာင္တဲ့ဆူဆူညံညံအသံက အျပင္ဘက္က ေနထပ္ၿပီးထြက္လာျပန္တယ္။ အဲ့တာကအရမ္းကို ဆူညံေနလို႔႐ွဳရန္က႐ွင္း႐ွင္းလင္းလင္းမၾကားရဘူး။
သူအိပ္ယာေပၚကေနထဖို႔႐ုန္းကန္လိုက္တယ္။ သူအားနည္းေနေသးေပမယ့္လည္း သူပထမဆံုးႏိုး လာတာႏွင့္စာရင္ေတာ့ ပိုေကာင္းလာပါၿပီ။ ၿပီးေတာ့ ေခါင္းကိုက္တာလည္းမ႐ွိေတာ့ဘူး။
အဝတ္အစားေတြကိုဝတ္ဆင္ၿပီးတဲ့အခ်ိန္မွာ ႐ွဳရန္ ကသူ႔ကိုစိုးရိမ္ေနတဲ့ကေလးႏွစ္ေယာက္ကိုေတြ႔ခ်င္လို႔ အိပ္ယာေပၚကေနထလိုက္တယ္။
သူတံခါးနားေရာက္တဲ့အခ်ိန္မွာ အမႊာႏွစ္ေယာက္ထဲ ကတစ္ေယာက္ကေျမႀကီးေပၚတြန္းလွဲခံထားရတာကို ေတြ႔လိုက္ရတယ္။ အျခားတစ္ေယာက္က လဲက် သြားတဲ့ေကာင္ေလးရဲ႕ေဘးနားမွာရပ္ေနၿပီးေတာ့ သူ႔ကိုခ်က္ခ်င္းဆြဲထူလိုက္တယ္။ အမႊာႏွစ္ေယာက္ ကိုအႏိုင္က်င့္ေနတဲ့ ကေလးတစ္သိုက္က သူတို႔ကို ေျပာင္ျပၿပီးေတာ့ စပ္ျဖဲျဖဲမ်က္ႏွာေတြႏွင့္ အေဝးကို ထြက္ေျပးသြားတယ္။
ဒီခႏၶာကိုယ္ရဲ႕မူလပိုင္႐ွင္ကေတာ့ တ်န္းတ်န္းႏွင့္ေကာ္ေကာ္ကို တစ္ခ်က္ၾကည့္လိုက္ရံုႏွင့္ေျပာျပႏိုင္တယ္။ တ်န္းတ်န္းကေကာ္ေကာ္ထက္အရပ္ပိုပုတယ္။
ေျမႀကီးေပၚတြန္းလဲခံရတဲ့ကေလးက တ်န္းတ်န္းျဖစ္ တယ္။ အဲ့လူေတြထြက္ေျပးသြားတာကိုၾကည့္ေနရင္း ႏွင့္ေကာ္ေကာ္ကေျပးၿပီးေတာ့ သူတို႔ကိုတားမလို႔လုပ္ခ်င္ေနေပမယ့္ တ်န္းတ်န္းကသူ႔ကိုလွမ္းဆြဲျပီးတားျခင္းကိုခံ လိုက္ရတယ္။ "ေကာ္ေကာ္ မလုပ္နဲ႔။"
ေကာ္ေကာ္ကစိတ္မပါလက္မပါႏွင့္ေျမႀကီးကို
ေျခေဆာင့္နင္းလိုက္တယ္။ ကေလးႏွစ္ေယာက္ကတံခါးကိုပိတ္ၿပီး တာႏွင့္အထဲကိုျပန္ဝင္လာခဲ့တယ္။
သူတို႔လာေနတာတစ္ဝက္ေလာက္ေရာက္ေနတုန္းမွာပဲ့ ႐ွဳရန္ကသူတို႔စကားေျပာေနသံကိုၾကားလိုက္ရ တယ္။
"ေကာ္ေကာ္ မငိုပါနဲ႔။ အဲ့တာကမနာပါဘူး။ အေဖႏွင့္ေဖေဖ ကိုျပန္မေျပာျပနဲ႔ေနာ္။" တ်န္းတ်န္းကစကားေျပာ ျပီးတာႏွင့္သူလည္းစတင္ငိုေတာ့တယ္။ အေပါက္ အဖာေတြႏွင့္ျပည့္ေနတဲ့အဝတ္အစားေတြကို ဝတ္ ဆင္ထားတဲ့ကေလးႏွစ္ေယာက္က အခ်င္းခ်င္းဖက္ ၿပီးတစ္ေယာက္မ်က္ရည္ေတြကိုတစ္ေယာက္သုတ္ ေပးၿပီးေတာ့ အခ်င္းခ်င္းႏွစ္သိမ့္ေပးေနၾကတယ္။
ဒီပံုရိပ္က႐ွဳရန္ရဲ႕ႏွလံုးသားထက္မွာ တိုက္႐ိုက္ထြင္း ထုထားလိုက္သလိုမ်ိဳးပဲ့။ သူအလြန္အမင္းစိတ္ ေသာကေရာက္သြားသလိုခံစားလိုက္ရတယ္။
သူ႔ရဲ႕စိတ္ထဲမွာ အတိတ္ကမွတ္ညဏ္ေတြေရာင္ျပန္ ဟပ္လာတယ္။ အႀကိမ္ေပါင္းမ်ားစြာ သူႏွင့္သူ႔သား ႏွစ္ေယာက္အႏိုင္က်င့္ခံရတိုင္း ကေလးႏွစ္ေယာက္ က သူတို႔ရဲ႕ေသးငယ္တဲ့ခႏၶာကိုယ္ေလးေတြႏွင့္ သူ႔ရဲ႕ အေ႐ွ႕မွာအျမဲတမ္းကာရပ္ေပးေနခဲ့တယ္။ မေရ မတြက္ႏိုင္ေလာက္ေအာင္ သူတို႔ေျမႀကီးေပၚတြန္းလွဲခံ ထိတာေတာင္မွ သူ႔ကိုဒဏ္ရာဘယ္ေတာ့မွမရေစခဲ့ ဘူး။
အခုလက္႐ွိမွာ ကေလးႏွစ္ေယာက္က သူ႔ဒူးနား ေလာက္ထိသာအရပ္႐ွည္ေသးတဲ့ ငါးႏွစ္အရြယ္ ကေလးေလးေတြသာျဖစ္တယ္။
သူတို႔အေဖကိုဘယ္သူ႔မွမႏိုင္မက်င့္ေစနဲ႔ဆိုတဲ့ လ်ိဳထံု႔ေျပာစကားအတိုင္း သူတို႔လုပ္ခဲ့ရံုမွ်သာ ျဖစ္တယ္။
'႐ွဳရန္ မင္းအရမ္းကံေကာင္းတာပဲ့!'
ဒါေပမယ့္အခုေတာ့ သူက႐ွဳရန္ျဖစ္လာၿပီးေတာ့ အဲ့ကေလးႏွစ္ေယာက္ရဲ႕ အေဖျဖစ္လာၿပီ။ သဘာဝ က်က်ကိုပဲ့ သူ႔ကေလးေတြဒီလိုမ်ိဳးအႏိုင္က်င့္ခံ ရတာကို သူဒီအတိုင္းေက်ာ္မသြားႏိုင္ဘူး။
႐ွဳရန္သူ႔လက္သီးကိုက်စ္က်စ္ဆုပ္ၿပီးေတာ့ အနာဂတ္မွာကေလးႏွစ္ေယာက္ကို ဒီလိုမ်ိဳးဘယ္ ေတာ့မွထပ္မခံစားရေစေတာ့ဘူးလို႔ သူ႔စိတ္ထဲမွာ ဆံုးျဖတ္လိုက္တယ္။ ဒါ့အျပင္ကို သူ႔ရဲ႕ကိုယ္ထဲက မူလ႐ွဳရန္ပိုင္ဆိုင္တဲ့အရာေတြကို သူယူထားတာ ေလ။
႐ွဳရန္က လက္သီးက်စ္က်စ္ဆုပ္ၿပီးေတာ့ တံခါးနား မွာ႐ွိတဲ့ကေလးႏွစ္ေယာက္ဆီကို လမ္းေလွ်ာက္ထြက္ လာခဲ့တယ္။ သူတို႔ႏွစ္ေယာက္ကို သူ႔လက္ေမာင္း ၾကားထဲမွာ ဖက္ၿပီးေတာ့ "ေကာ္ေကာ္ တ်န္းတ်န္း မငိုနဲ႔ေတာ့။ အနာဂတ္မွာအေဖက မင္းတို႔ႏွစ္ေယာက္ကိုထပ္ၿပီး ေတာ့ထိခိုက္ခြင့္မေပးေတာ့ဘူး။"
ထို႔ေနာက္သူကေလးႏွစ္ေယာက္ရဲ႕လက္ေလးေတြကို ကိုင္ၿပီးေတာ့ အထဲျပန္ဝင္လာခဲ့တယ္။
တ်န္းတ်န္းႏွင့္ေကာ္ေကာ္က မ်က္ရည္ေတြကိုသုတ္ပစ္ေနတုန္းပဲ့။ ဒါေပမယ့္ သူတို႔ကအသံမထြက္ရဲဘူး။ သူတို႔ရဲ႕ အေဖက အ႐ူးတစ္ေယာက္မဟုတ္ေတာ့ဘူးဆိုတာ ကိုနားလည္သြားလို႔မ်ားလား။
Unicode
"အရူးတွေ အရူးကြီးနှင့်အရူးသေးသေးလေး အပြင်ထွက်ခဲ့!"
"အရူးတွေ မင်းတို့ဒီနေ့ဘာလို့ အပြင်မထွက်လာတာလဲ? ငါတို့ကိုကြောက်လို့လား?"
"Haha...မင်းတို့ကကြောက်နေတယ်ပေါ့။ အရူးကြီး နှင့်အရူးသေးသေးလေးတွေ haha..."
ရှုရန်သူကူးပြောင်းလာတယ်ဆိုတဲ့အဖြစ်အပျက်ကို အကျဉ်းချုပ်ဖို့ကြိုးစားနေတုန်းမှာပဲ့ ကျယ်လောင်တဲ့ ရယ်သံတွေက အပြင်ဘက်ကနေထွက်ပေါ်လာခဲ့ တယ်။ သူတို့ဘာပြောနေလဲဆိုတာကို ကြားပြီးတဲ့ အချိန်မှာရှုရန်က ဒီခန္ဓာကိုယ်ရဲ့မိသားစုဘဝက အမှန်တကယ်ကိုခက်ခဲတယ်ဆိုတာကို သူရှာတွေ့ လိုက်တော့မတတ်နိုင်ပဲ့ လှောင်ပြောင်တဲ့အပြုံး တစ်ချက်ကိုပေးလိုက်မိတယ်။
စာရေးရာမှာအာရုံစိုက်နေတဲ့ ကလေးနှစ်ယောက်က လည်းဆူညံသံတွေကြောင့် အကျိုးသက်ရောက်မှုရှိ ခဲ့တယ်။
"ကော်ကော် အဖေကိုအိမ်ထဲမှာစောင့်ကြည့်ထား။ ငါအပြင် ထွက်ပြီးတော့ တစ်ချက်ကြည့်လိုက်မယ်။"
တျန်းတျန်း ကကော်ကော်ကိုပြောလိုက်တယ်။
"မဟုတ်ဘူး။ တျန်းတျန်း မင်းအပြင်ထွက်ရင် သေချာ ပေါက်အနိုင်ကျင့်ခံရလိမ့်မယ်။ မင်းမနေ့ကမြေကြီး ပေါ်တွန်းချခံရတာကို မမေ့နဲ့။ သူတို့တွေကိုအာရုံစိုက် မနေနဲ့။ သူတို့တွေကအခန်းထဲကို မဝင်လာရဲဘူးဆို တော့ ငါတို့တွေအပြင်မထွက်ရင် အဆင်ပြေလိမ့် မယ်။" ကော်ကော်က သဘောမကျတဲ့လေသံနှင့် ပြောလိုက် တယ်။
"ဒါပေမယ့် သူတို့ရဲ့အသံကျယ်ကျယ်က ငါတို့ရဲ့ အဖေကိုအနှောင့်အယှက်ပေးလိမ့်မယ်။ အဖေကဒီ ရက်တွေမှာ ဖျားနေတော့ကောင်းကောင်းအနားယူဖို့ လိုအပ်တယ်လို့ ဖေဖေပြောထားတယ်လေ။"
"ဒါပေမယ့်..." ကော်ကော်ကတစ်စုံတစ်ခုကိုပြောချင်နေပေ မယ့်တန်တန်ရဲ့စကားဖြတ်ပြောခြင်းခံလိုက်ရတယ်။ "ကော်ကော် ငါတစ်ချက်သွားကြည့်ကြည့်မယ်။ ငါခြံဝင်း အပြင်ကိုမထွက်ပါဘူး။"
"မဟုတ်ဘူး။ ငါလည်းမင်းနှင့်အတူလိုက်ခဲ့မယ်။" ကော်ကော်က သူတစ်ယောက်တည်းအပြင်ထွက်ရင် သေချာ ပေါက်အနိုင်ကျင့်ခံရမယ်ဆိုတာသိနေလို့ အတင်း အကျပ်တိုက်တွန်းလိုက်တယ်။
"ကောင်းပြီလေ။ ငါတို့တူတူသွားပြီးတော့ အဖေ ကောင်းကောင်းအိပ်လို့ရအောင် သူတို့တွေကိုမောင်း ထုတ်ပစ်မယ်။"
ကလေးနှစ်ယောက်က အချင်းချင်းပြောပြီးတော့ အခန်းအပြင်ဘက်ကိုထွက်သွားကြတယ်။
ကလေးနှစ်ယောက်အပြန်အလှန်ပြောဆိုနေတာကို သေသေချာချာကြားခဲ့ရတဲ့ ရှုရန်လည်းပဲ့ ဒီအချိန် မှာသူ့ရဲ့မျက်လုံးတွေက ကောင်းကောင်းပွင့်နေပြီ။
နေရောင်ကိုဆန်ကျင်ပြီးတော့ တံခါးပေါက်အပြင် ဘက်ကိုကြည့်လိုက်တော့ ကလေးသေးသေးလေး နှစ်ယောက်ကလက်ချင်းတွဲပြီး အဝေးကိုတစ်လှမ်း ပြီးတစ်လှမ်းထွက်သွားတာကိုတွေ့လိုက်ရတယ်။
ရှုရန်တိတ်တဆိတ်သက်ပြင်းချပြီးတော့ ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်က ကောင်းချီးပေးခံထားရ တယ်လို့ သူဘာသာသူတွေးမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့မှာအစဉ်အမြဲချစ်ပေးပြီးသစ္စာရှိတဲ့ ခင်ပွန်းနှင့် ချစ်စရာကောင်းပြီးတွေးတတ်တဲ့ ကလေး လေးနှစ်ယောက်ရှိနေလို့ပေါ့။
ဘယ်လောက်တောင်သနားစရာ ကောင်းလိုက်လဲ...
ကျယ်လောင်တဲ့ဆူဆူညံညံအသံက အပြင်ဘက်က နေထပ်ပြီးထွက်လာပြန်တယ်။ အဲ့တာကအရမ်းကို ဆူညံနေလို့ရှုရန်ကရှင်းရှင်းလင်းလင်းမကြားရဘူး။
သူအိပ်ယာပေါ်ကနေထဖို့ရုန်းကန်လိုက်တယ်။ သူအားနည်းနေသေးပေမယ့်လည်း သူပထမဆုံးနိုး လာတာနှင့်စာရင်တော့ ပိုကောင်းလာပါပြီ။ ပြီးတော့ ခေါင်းကိုက်တာလည်းမရှိတော့ဘူး။
အဝတ်အစားတွေကိုဝတ်ဆင်ပြီးတဲ့အချိန်မှာ ရှုရန်ကသူ့ကိုစိုးရိမ်နေတဲ့ကလေးနှစ်ယောက်ကိုတွေ့ချင်လို့ အိပ်ယာပေါ်ကနေထလိုက်တယ်။
သူတံခါးနားရောက်တဲ့အချိန်မှာ အမွှာနှစ်ယောက်ထဲ ကတစ်ယောက်ကမြေကြီးပေါ်တွန်းလှဲခံထားရတာကို တွေ့လိုက်ရတယ်။ အခြားတစ်ယောက်က လဲကျ သွားတဲ့ကောင်လေးရဲ့ဘေးနားမှာရပ်နေပြီးတော့ သူ့ကိုချက်ချင်းဆွဲထူလိုက်တယ်။ အမွှာနှစ်ယောက် ကိုအနိုင်ကျင့်နေတဲ့ ကလေးတစ်သိုက်က သူတို့ကို ပြောင်ပြပြီးတော့ စပ်ဖြဲဖြဲမျက်နှာတွေနှင့် အဝေးကို ထွက်ပြေးသွားတယ်။
ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်ကတော့ တျန်းတျန်းနှင့် ကော်ကော်ကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပြောပြနိုင်တယ်။ တျန်းတျန်းကကော်ကော်ထက် အရပ်ပိုပုတယ်။
မြေကြီးပေါ်တွန်းလဲခံရတဲ့ကလေးက တျန်းတျန်းဖြစ် တယ်။ အဲ့လူတွေထွက်ပြေးသွားတာကိုကြည့်နေရင်း
နှင့်ကော်ကော်ကပြေးပြီးတော့ သူတို့ကိုတားမလို့လုပ်ချင်နေ ပေမယ့် တျန်းတျန်းကသူ့ကိုလှမ်းဆွဲပြီးတားခြင်းကိုခံ လိုက်ရတယ်။ "ကော်ကော် မလုပ်နဲ့။"
ကော်ကော်ကစိတ်မပါလက်မပါနှင့်မြေကြီးကိုခြေဆောင့်နင်း လိုက်တယ်။ ကလေးနှစ်ယောက်ကတံခါးကိုပိတ်ပြီး တာနှင့်အထဲကိုပြန်ဝင်လာခဲ့တယ်။
သူတို့လာနေတာတစ်ဝက်လောက်ရောက်နေတုန်းမှာပဲ့ ရှုရန်ကသူတို့စကားပြောနေသံကိုကြားလိုက်ရ တယ်။
"ကော်ကော် မငိုပါနဲ့။ အဲ့တာကမနာပါဘူး။ အဖေနှင့်ဖေဖေ ကိုပြန်မပြောပြနဲ့နော်။" တျန်းတျန်းကစကားပြော ပြီးတာနှင့်သူလည်းစတင်ငိုတော့တယ်။ အပေါက် အဖာတွေနှင့်ပြည့်နေတဲ့အဝတ်အစားတွေကို ဝတ် ဆင်ထားတဲ့ကလေးနှစ်ယောက်က အချင်းချင်းဖက် ပြီးတစ်ယောက်မျက်ရည်တွေကိုတစ်ယောက်သုတ် ပေးပြီးတော့ အချင်းချင်းနှစ်သိမ့်ပေးနေကြတယ်။
ဒီပုံရိပ်ကရှုရန်ရဲ့နှလုံးသားထက်မှာ တိုက်ရိုက်ထွင်း ထုထားလိုက်သလိုမျိုးပဲ့။ သူအလွန်အမင်းစိတ် သောကရောက်သွားသလိုခံစားလိုက်ရတယ်။
သူ့ရဲ့စိတ်ထဲမှာ အတိတ်ကမှတ်ညဏ်တွေရောင်ပြန် ဟပ်လာတယ်။ အကြိမ်ပေါင်းများစွာ သူနှင့်သူ့သား နှစ်ယောက်အနိုင်ကျင့်ခံရတိုင်း ကလေးနှစ်ယောက် က သူတို့ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်လေးတွေနှင့် သူ့ရဲ့ အရှေ့မှာအမြဲတမ်းကာရပ်ပေးနေခဲ့တယ်။ မရေ မတွက်နိုင်လောက်အောင် သူတို့မြေကြီးပေါ်တွန်းလှဲခံ ထိတာတောင်မှ သူ့ကိုဒဏ်ရာဘယ်တော့မှမရစေခဲ့ ဘူး။
အခုလက်ရှိမှာ ကလေးနှစ်ယောက်က သူ့ဒူးနား လောက်ထိသာအရပ်ရှည်သေးတဲ့ ငါးနှစ်အရွယ် ကလေးလေးတွေသာဖြစ်တယ်။
သူတို့အဖေကိုဘယ်သူ့မှမနိုင်မကျင့်စေနဲ့ဆိုတဲ့ လျိုထုံပြောစကားအတိုင်း သူတို့လုပ်ခဲ့ရုံမျှသာ ဖြစ်တယ်။
'ရှုရန် မင်းအရမ်းကံကောင်းတာပဲ့!'
ဒါပေမယ့်အခုတော့ သူကရှုရန်ဖြစ်လာပြီးတော့ အဲ့ကလေးနှစ်ယောက်ရဲ့ အဖေဖြစ်လာပြီ။ သဘာဝ ကျကျကိုပဲ့ သူ့ကလေးတွေဒီလိုမျိုးအနိုင်ကျင့်ခံ ရတာကို သူဒီအတိုင်းကျော်မသွားနိုင်ဘူး။
ရှုရန်သူ့လက်သီးကိုကျစ်ကျစ်ဆုပ်ပြီးတော့ အနာဂတ်မှာကလေးနှစ်ယောက်ကို ဒီလိုမျိုးဘယ် တော့မှထပ်
မခံစားရစေတော့ဘူးလို့ သူ့စိတ်ထဲမှာ ဆုံးဖြတ်လိုက်တယ်။ ဒါ့အပြင်ကို သူ့ရဲ့ကိုယ်ထဲက မူလရှုရန်ပိုင်ဆိုင်တဲ့အရာတွေကို သူယူထားတာ လေ။
ရှုရန်က လက်သီးကျစ်ကျစ်ဆုပ်ပြီးတော့ တံခါးနား မှာရှိတဲ့ကလေးနှစ်ယောက်ဆီကို လမ်းလျှောက်ထွက် လာခဲ့တယ်။ သူတို့နှစ်ယောက်ကို သူ့လက်မောင်း ကြားထဲမှာ ဖက်ပြီးတော့ "ကော်ကော် တျန်းတျန်း မငိုနဲ့တော့။ အနာဂတ်မှာအဖေက မင်းတို့နှစ်ယောက်ကိုထပ်ပြီး တော့ထိခိုက်ခွင့်မပေးတော့ဘူး။"
ထို့နောက်သူကလေးနှစ်ယောက်ရဲ့လက်လေးတွေကို ကိုင်ပြီးတော့ အထဲပြန်ဝင်လာခဲ့တယ်။
တျန်းတျန်းနှင့်ကော်ကော်က မျက်ရည်တွေကိုသုတ်ပစ်နေတုန်း ပဲ့။ ဒါပေမယ့် သူတို့ကအသံမထွက်ရဲဘူး။ သူတို့ရဲ့ အဖေက အရူးတစ်ယောက်မဟုတ်တော့ဘူးဆိုတာ ကိုနားလည်သွားလို့များလား။