Boss အဆိပ်​မပြင်းလွန်းနဲ့...

By Elysium_Gale

54.9K 9.5K 86

Side Charecter Transmigration: Final Boss is no Joke ကို ဘာသာပြန်​ထားတာပါ။ Zawgyi Ver. ပါ။ Unicode Ver. က သက... More

မိတ်​ဆက်
Synopsis
၁။ ရွှေပေါ်မြတင် (၁)
၂။ ရွှေပေါ်မြတင် (၂)
၃။ ရွှေပေါ်မြတင် (၃)
၎။ ရွှေပေါ်မြတင် (၄)
၅။ ရွှေပေါ်မြတင် (၅)
၆။ ရွှေပေါ်မြတင် (၆)
၇။ ရွှေပေါ်မြတင် (၇)
၈။ ရွှေပေါ်မြတင် (၈)
၉။ ရွှေပေါ်မြတင် (၉)
၁၀။ ရွှေပေါ်မြတင် (၁၀)
၁၁။ ရွှေပေါ်မြတင် (၁၁)
၁၂။ ရွှေပေါ်မြတင် (၁၂)
၁၃။ ရွှေပေါ်မြတင် (၁၃)
၁၄။ ရွှေပေါ်မြတင် (၁၄)
၁၅။ ရွှေပေါ်မြတင် (၁၅)
၁၆။ ရွှေပေါ်မြတင် (၁၆)
၁၇။ ရွှေပေါ်မြတင် (၁၇)
၁၈။ ရွှေပေါ်မြတင်​ (၁၈)
၁၉။ ရွှေပေါ်မြတင် (၁၉)
၂၀။ ရွှေပေါ်မြတင် (၂၀)/သိမ်း
၂၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁)
၂၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂)
၂၃။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၃)
၂၄။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၄)
၂၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၅)
၂၆။ ကြယ်တစ်ပွင့်၏ ဇာတ်​ကြောင်း (၆)
၂၇။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၇)
၂၈။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၈)
၂၉။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၉)
၃၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၀)
၃၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၁)
၃၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၂)
၃၃။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၃)
၃၄။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၄)
၃၅။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၅)
၃၆။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၆)
၃၇။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၇)
၃၈။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၈)
၃၉။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၉)
၄၀။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၀)
၄၁။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၁)
၄၂။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၂)
၄၃။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၃)
၄၄။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၄)
၄၅။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၅)
၄၆။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၆)
၄၇။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၇)
၄၈။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၈)
၄၉။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၉)
၅၀။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၃၀)
၅၁။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၃၁)/ သိမ်း
၅၂။ ဇာမဏီ၏ ခွန်းသံသာ (၁)
၅၃။ ဇာမဏီ၏ ခွန်းသံသာ (၂)
၅၄။ ဇာမဏီ၏ ခွန်းသံသာ (၃)
၅၅။ ဇာမဏီ၏ ခွန်းသံသာ (၄)
၅၆။ ဇာမဏီ၏ ခွန်းသံသာ (၅)
၅၇။ ဇာမဏီ၏ ခွန်းသံသာ (၆)
၅၈။ ဇာမဏီ၏ ခွန်းသံသာ (၇)
၅၉။ ဇာမဏီ၏ ခွန်းသံသာ (၈)
၆၀။ ဇာမဏီ၏ ခွန်းသံသာ (၉)
၆၁။ ဇာမဏီ၏ ခွန်းသံသာ (၁၀)
၆၂။ ဇာမဏီ၏ ခွန်းသံသာ (၁၁)
၆၃။ ဇာမဏီ၏ ခွန်းသံသာ (၁၂)
၆၄။ ဇာမဏီ၏ ခွန်းသံသာ (၁၃)
၆၅။ ဇာမဏီ၏ ခွန်းသံသာ (၁၄)
၆၆။ ဇာမဏီ၏ ခွန်းသံသာ (၁၅)
၆၇။ ဇာမဏီ၏ ခွန်းသံသာ (၁၆)
၆၈။ ဇာမဏီ၏ ခွန်းသံသာ (၁၇)
၆၉။ ဇာမဏီ၏ ခွန်းသံသာ (၁၈)
၇၁။ ဇာမဏီ၏ ခွန်းသံသာ (၂၀)
၇၂။ ဇာမဏီ၏ ခွန်းသံသာ (၂၁)
၇၃။ ဇာမဏီ၏ ခွန်းသံသာ (၂၂)
၇၄။ ဇာမဏီ၏ ခွန်းသံသာ (၂၃)
၇၅။ ဇာမဏီ၏ ခွန်းသံသာ (၂၄)
၇၆။ ဇာမဏီ၏ ခွန်းသံသာ (၂၅)
၇၇။ ဇာမဏီ၏ ခွန်းသံသာ (၂၆)
၇၈။ ဇာမဏီ၏ ခွန်းသံသာ (၂၇)
၇၉။ ဇာမဏီ၏ ခွန်းသံသာ (၂၈)
၈၀။ ဇာမဏီ၏ ခွန်းသံသာ (၂၉)
၈၁။ ဇာမဏီ၏ ခွန်းသံသာ (၃၀)
၈၂။ ဇာမဏီ၏ ခွန်းသံသာ (၃၁)
၈၃။ ဇာမဏီ၏ ခွန်းသံသာ (၃၂)
၈၄။ ဇာမဏီ၏ ခွန်းသံသာ (၃၃)
၈၅။ ဇာမဏီ၏ ခွန်းသံသာ (၃၄)
၈၆။ ယုရှောင်း
၈၇။ ဧကရီ အနက်ရောင် (၁)
၈၈။ ဧကရီ အနက်​ရောင်​ (၂)
၈၉။ ဧကရီ အနက်ရောင် (၃)
၉၀။ ဧကရီ အနက်​ရောင်​ (၄)
၉၁။ ဧကရီ အနက်​ရောင်​ (၅)
၉၂။ ဧကရီ အနက်​ရောင်​ (၆)
၉၃။ ဧကရီ အနက်​ရောင်​ (၇)
၉၄။ ဧကရီ အနက်​ရောင်​ (၈)
၉၅။ ဧကရီ အနက်​ရောင်​ (၉)
၉၆။ ဧကရီ အနက်​ရောင်​ (၁၀)
၉၇။ ဧကရီ အနက်​ရောင်​ (၁၁)
၉၈။ ဧကရီ အနက်​ရောင်​ (၁၂)
၉၉။ ဧကရီ အနက်​ရောင်​ (၁၃)
၁၀၀။ ဧကရီ အနက်​ရောင်​ (၁၄)
၁၀၁။ ဧကရီ အနက်​ရောင်​ (၁၅)
၁၀၂။ ဧကရီ အနက်​ရောင်​ (၁၆)
၁၀၃။ ဧကရီ အနက်​ရောင်​ (၁၇)
၁၀၄။ ဧကရီ အနက်​ရောင်​ (၁၈)
၁၀၅။ ဧကရီ အနက်​ရောင်​ (၁၉)
၁၀၆။ ဧကရီ အနက်​ရောင်​ (၂၀)
၁၀၇။ ဧကရီ အနက်ရောင် (၂၁)
၁၀၈ ။ ဧကရီ အနက်ရောင် (၂၂)
၁၀၉ ။ ဧကရီ အနက်ရောင် (၂၃)
၁၁၀ ။ ဧကရီ အနက်ရောင် (၂၄)
၁၁၁ ။ ဧကရီ အနက်ရောင် (၂၅)
၁၁၂။ ဧကရီအနက်ရောင် (၂၆)
၁၁၃။ ဧကရီအနက်ရောင် (၂၇)
၁၁၄။ ဧကရီအနက်ရောင် (၂၈)
၁၁၅။ ဧကရီအနက်ရောင် (၂၉)
၁၁၆။ ဧကရီအနက်ရောင် (၃၀)
၁၁၇။ ဧကရီ အနက်​ရောင်​ (၃၁)
၁၁၈။ ဧကရီ အနက်​ရောင်​ (၃၂)
၁၁၉။ ဧကရီ အနက်​ရောင်​ (၃၃)
၁၂၀။ ဆေးမှန်​မှန်​သောက်​ (၁)
၁၂၁ ။ ဆေးမှန်မှန်သောက် (၂)
၁၂၂။ ဆေးမှန်မှန်သောက် (၃)
၁၂၃ ။ ဆေးမှန်မှန်သောက် (၄)
၁၂၄ ။ ဆေးမှန်မှန်သောက် (၅)
၁၂၅ ။ ဆေးမှန်မှန်သောက် (၆)
၁၂၆ ။ ဆေးမှန်မှန်သောက် (၇)
၁၂၇။ ဆေးမှန်မှန်သောက် (၈)
၁၂၈ ။ ဆေးမှန်မှန်သောက် (၉)
၁၂၉ ။ ဆေးမှန်မှန်သောက် (၁၀)

၇၀။ ဇာမဏီ၏ ခွန်းသံသာ (၁၉)

242 70 3
By Elysium_Gale

ဇာမဏီ၏ ခွန်းသံသာ (၁၉)
~~~~~~~~~~~~~~~~~~~

ထိုကိစ္စက ရှီရှန်း ထင်ထားသကဲ့သို့ မဟုတ်ပါချေ။ သူမ လည်ချောင်းတစ်လျှောက် နွေးထွေးသောအရာတစ်ခု ဆင်းသွားသည်ကိုသာ ခံစားလိုက်ရသည်။ ထိုအပူငွေ့စီးဆင်းသွားသည့်လမ်းကြောင်းတစ်လျှောက် သူမ ခန္ဓာကိုယ်တစ်​ခုလုံး နွေးထွေးသိမ်မွေ့သော စွမ်းအင်တစ်ခု၏ လွှမ်းခြုံထားခြင်းခံရလိုက်သည့်အလား ခံစားမိသည်။ ဖုန်းစီ သူမကို ပြန်လွှတ်ပေးလိုက်သည်။ သူ့နှုတ်ခမ်းများ စွတ်စိုနေသေးသည်။ "မကြောက်ပါနဲ့၊ စိတ်လျော့ထား..."

ရှီရှန်းမှာ စကားတုန့်ပြန်ဖို့ပင် အချိန်မရလိုက်ပေ၊ အမှောင်ထုက သူမအမြင်ကို စိုးမိုးသွားလေသည်။ ခေတ္တအကြာတွင်တော့၊ မီးလျံများတောက်လောင်နေသော လမ်းကြောင်းများစွာ ပေါ်လာလေသည်။ သူမက ထိုလမ်းကြောင်းများအနက် တစ်ခုအပေါ်၌ ရပ်နေလေသည်။

'ဒါ ဘာနေရာကြီးလဲ...!'

ရှီရှန်း စမ်းသပ်သည့်အနေနှင့် ထိုမီးလျံများကို လက်ဖြင့် လှမ်းကိုင်ကြည့်သည်။ မီးတောက်မီးလျံတို့ သူမ လက်ဖဝါးကို ဖြတ်ဖောက်ထွက်သွားသော်လည်း သူမ မည်သို့မျှ မခံစားရပေ။

"သူ့ကို သေအောင်သာရိုက်...! အထူးအဆန်းကောင်...!"

"သူနဲ့ မဆော့နဲ့ ...! သူက မကောင်းဆိုးဝါးကြီး...!"

"သတ္တဝါဆန်း...! မကောင်းဆိုးဝါး...!"

တစ်သံနှင့် တစ်သံ ထပ်ကာရောယှက်နေသော ကလေးငယ်တို့၏ အသံများကို ကြားလိုက်ရသည်။

ရှီရှန်း ရှေ့ကို မျှော်ကြည့်လိုက်သည်။ မီးများတောက်လောင်နေသော လမ်းပေါ်၌ ကလေးတချို့ တစ်ကိုယ်လုံး မီးလျံများဝန်းရံနေသော ကလေးငယ်ကို ဝိုင်းကြည့်နေကြသည်။ ကောင်လေးက မလှုပ်မယှက်ရပ်နေစဉ် သူတို့က သူ့ကို တုတ်များ ခဲများနှင့် ထုကြ၊ ရိုက်ကြ၊ ပစ်ပေါက်နေကြသည်။ ကောင်လေးကတော့ လုံးဝမလှုပ်၊ သူတို့ ချွန်ထက်သော အရာများနှင့် ပစ်ပေါက်ထိုးနှက်နေသည်ကိုသာ ငြိမ်ခံနေလေသည်။

သိပ်မကြာလိုက်၊ သူ့နဖူးပြင်နှင့် ပါးပြင်တို့မှာ ဒဏ်ရာ အနာတရများ ဖြစ်ပေါ်လာတော့သည်။

သွေးစိမ်းရှင်ရှင်တို့ သူ့မျက်နှာပေါ်မှ စီးကျလာပြီး မျက်နှာပြင်တစ်ဝက်လုံးနီးပါး ပေရေသွားစေခဲ့သော်လည်း သူ ငြိမ်သက်စွာပင် ဆက်ရပ်နေခဲ့သည်။ သူ့အား ရိုက်ပုတ်နေကြသော ထိုကလေးများကတော့ ထိတ်လန့်သွားပုံရသည်။ သူတို့ ထွက်ပြေးသွားကြသည်။

ရှီရှန်း သူ့အနား ပို၍ တိုးကပ်သွားလိုက်သည်။ သူ တစ်စုံတစ်ရာကို အာရုံခံမိသည့်အလား သူမ ရှိရာဘက်ဆီသို့ မော့ကြည့်လာသည်။ ရှီရှန်း ရပ်လိုက်မိသည်။ 'သူ ငါ့ကို မြင်ရတာလား...'

"အိမ်ပြန်..." သူမ အနောက်ဆီမှ အေးစက်စက် မာကြောကြော အသံတစ်ခုကို ကြားလိုက်ရသည်။ ရှီရှန်း အနောက်လှည့်ကြည့်တော့ သူမနှင့် မလှမ်းမကမ်း၌ အလွန်လှသောအမျိုးသမီးတစ်ယောက်ရပ်နေခဲ့ပြီး သူမက ကောင်လေးကို ရွံရှာဟန်နှင့် ကြည့်နေခဲ့သည်။

ကောင်လေးလည်း ခေါင်းပြန်ငုံ့သွားပြီး နဖူးပေါ်မှ သွေးများကို သုတ်လိုက်ကာ ထိုအမျိုးသမီးထံ လျှောက်သွားတော့သည်။

ထိုမြင်ကွင်းက တဖြည်းဖြည်း ဝေဝါးဖျော့မှုန်လာပြီး လူရိပ်နှစ်ခုလည်း ပျောက်ကွယ်သွားတော့သည်။

"မင်းမိဘတွေတောင် မင်းကို မလိုချင်တော့ဘူး... သတ္တဝါဆန်းရဲ့ ...!"

"ဟား ဟား ဟား... သူ့ကို ကြည့်စမ်း... အစွန့်ပစ်ခံလိုက်ရတဲ့ အိမ်မွေးတိရစ္ဆာန်နဲ့ တူမနေဘူးလား... နင်သာ မီးထတောက်နေတဲ့ သတ္တဝါဆန်းဖြစ်မနေရင်... ငါတို့ နင့်ကို အိမ်ခေါ်သွားပါတယ်ဟယ်... သနားလွန်းလို့ ..."

ရှီရှန်း အသံများဘက် လှည့်ကြည့်လိုက်သည်။ အခြား မီးတောက်လမ်းကြောင်းတစ်ခုပေါ်၌ ခုနက ကောင်လေး — ယခုတော့ အနည်းငယ်ပို အသက်ကြီးနေသူ — သူ့ဒူးကို သူပိုက်ကာ မြေပေါ်၌ ထိုင်နေသည်။ မျက်ဝန်းများက ကြမ်းပြင်ကိုသာ ငိုက်စိုက်ကြည့်နေခဲ့သည်။

ထိုသူများ သူ့အား လှောင်ပြောင်ရသည်ကို အားမရသဖြင့်၊ တုတ်များ ခဲများနှင့် ပစ်ပေါက်ကြပြန်သည်။ သူတို့၏ စိတ်အပန်းဖြေစရာ လုပ်ငန်းတစ်ခုအလား၊ သူ့ကိုယ်အပေါ် ခဲမိုးများ ရွာသွန်းနေကြသည်။ ကောင်လေး၏ မျက်နှာတည့်တည့် ခဲနှင့်ပေါက်သည်။

"နင့်လို သတ္တဝါဆန်းကို ဘယ်သူမှ မလိုချင်ဘူး..."

"ဘယ်သူမှ နင့်ကို လက်ခံနိုင်မှာ မဟုတ်ဘူး... သတ္တဝါဆန်းရဲ့ ..."

တစ်ချိန်လုံး ငြိမ်သက်နှုတ်ဆိတ်နေခဲ့သော ကောင်လေး ရုတ်တရက် ထရပ်လိုက်လေသည်။ မူလက ခံစားချက်ကင်းမဲ့နေခဲ့သော သူ့မျက်ဝန်းများမှာ အမုန်းများနှင့် ခက်ထန်နေလေသည်။ သူ့ကိုယ်ပေါ်မှ မီးလျံများ တဟုန်းဟုန်းတောက်လောင်လာကာ ထိုသူတို့ထံသို့ စွဲမြိုက်သွားတော့သည်။ အပြေးမမြန်သော နှစ်ယောက် မီးစွဲသွားပြီး အလူးအလဲအော်နေကြတော့သည်။ ကျန်သူများကတော့ ဤအဖြစ်ကြောင့် အထိတ်လန့်လွန်ပြီး တချိုးတည်း ပြေးကုန်ကြတော့သည်။

……

ဒေါသတကြီး ဆဲဆိုကျိန်းမောင်းသံများ၊ ငိုရှိုက်သံများကိုပါ ကြားနေရသည်။ ကောင်လေးတစ်ယောက် ကြမ်းပြင်ပေါ်၌ လှဲကာ အသက်ကို ခဲယဉ်းစွာ ရှူနေရသည်။ သူ့ကိုယ်ကို ဝန်းရံထားသော မီးလျံတို့ အငြိုးတကြီး တောက်လောင်နေပုံက သူ့အား မီးရှို့လောင်တိုက်သွင်းနေသည့်အလား ထင်ရစေသည်။

မြင်ကွင်းက ပြောင်းလဲသွားပြန်သည်။ ထိုကောင်လေး ဆယ်ကျော်သက်အရွယ်ပင် ရောက်သွားခဲ့ပြီ။ သူ့ကို သံကြိုးများဖြင့် တုပ်နှောင်၍ အခန်းကျဉ်းတစ်ခုတွင်း ပိတ်လှောင်ထားသည်။ သူ့မျက်နှာမှာတော့ ခံစားချက်ကင်းမဲ့လျက်။

"မင်းက တကယ့်ကို သတ္တဝါဆန်းပဲ..." ဆယ်ကျော်သက်လူငယ်ရှေ့တွင်တော့ အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူတစ်ယောက် ရပ်နေသည်။ သူ့မျက်နှာမှာတော့ ကျေနပ် ပျော်ရွှင်မှုတွေနှင့်။ "အန္တရာယ်နဲ့ ဆုလာဘ်ဆိုတာ ဒွန်တွဲနေတတ်တာပဲ...! ဟ ဟ ဟ ငါ ကောင်းကင်ဘုံကို သိမ်းပိုက်နိုင်မယ့် နေ့ နီးကပ်လာပြီ...!"

ထိုလူက ဓားမြောင်တစ်ခုကို ထိန်းချုပ်၍ လူငယ်၏ လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်သည်။ သို့သော် ကြာကြာမလှီးလိုက်ရ၊ ဓားမြောင်မှာ ပြာကျသွားလေသည်။ ထိုသူ့မျက်နှာထား ပြောင်းလဲသွားတော့သည်။ "မင်း စွမ်းရည်တွေ တိုးတက်လာပြန်ပြီ...!"

ထိုသူက လက်သင်္ကေတတချို့ ပြုလိုက်သည်နှင့် လူငယ်ကိုယ်ကို တုပ်နှောင်ထားသော သံကြိုးများက တုန်ယင်လာတော့သည်။ ဆယ်ကျော်သက်လူငယ်မှာမူ နာကျင်စွာ ကွေးလျက်နေတော့လေသည်။

"သတ္တဝါဆန်းကောင်... မင်းရဲ့ မီးကို ထပ်သုံးရဲဦးမလား ကြည့်ကြတာပေါ့...!"

ထိုသူ လိုသမျှ သွေးတို့ကို ခံယူပြီးသောအခါ အောင်နိုင်သူတစ်ဦးပမာ ရယ်နေလေတော့သည်။ အနောက်ရှိ လူငယ်၏ အကြည့်ကို သူ သတိမထားမိပေ။ သူ့အကြည့်က အအေးလှိုင်းဖြတ်သည့် ဆောင်းရာသီတွင်းက ရေအိုင်ငယ်၏ မျက်နှာပြင်ကဲ့သို့ အေးခဲနေသည်။

ရှီရှန်း လမ်းကြောင်းလေးများအတိုင်း ဆက်လျှောက်သွားပြီး သူ မွေးဖွားလာပုံ၊ သူ ကြီးပြင်းလာပုံတို့ကို ကြည့်သည်။ အများသူငါတို့ သူ့ကို ဝိုင်းဝန်းအနိုင်ကျင့်နေပုံ၊ သူ့ကို ရွံရှာနေကြပုံတို့ကို ကြည့်ခဲ့သည်။ သူ အပစ်ပယ်ခံရပုံ၊ သူ အချုပ်နှောင်ခံရပုံတို့ကို ကြည့်သည်။

နောက်ဆုံးမှာတော့. . . သူ အချုပ်အနှောင်များမှ ရုန်းထွက်နိုင်ခဲ့သည်။ ကောင်းကင်ဘုံ၏ အထူးခြားဆုံးသော တည်ရှိမှုတစ်ခု သူ ဖြစ်လာခဲ့သည်။ အားလုံးက သူ့ကို သေစေချင်ပါလျက် မသတ်နိုင်စွမ်းသာ သူတစ်ဦးဖြစ်လာသည်။

ရှီရှန်း ခြေလှမ်းတို့ကို ရပ်လိုက်သည်။ အမြဲလိုလိုတည်ငြိမ်နေခဲ့သော သူမ မျက်ဝန်းများ၌ ပုံမှန်မဟုတ်သော ခံစားချက်တစွန်းတစ ဖြစ်တည်ပေါ်လွင်လာလေသည်။

"ဖုန်းစီ. . ." သူမ အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။ သူမ မျက်ဝန်းတွင်း မီးလျံတို့ ရောင်ပြန်ဟပ်နေသည်။ သူမ နှုတ်ခမ်းထောင့်တွင်တော့ အပြုံးတိမ်တိမ်တစ်ခုက နေရာယူထားသည်။ ထိုအပြုံးက သူမ မျက်လုံးသို့တော့ မတိုင်ခဲ့ပေ။

ဘေးဝန်းကျင်ရှိ လမ်းကြောင်းများအားလုံးပျောက်ကွယ်သွားပြီး အဆုံးမဲ့ မီးပင်လယ်အကြား သူမ တစ်ယောက်သာ ရပ်လျက် ကျန်ရစ်ခဲ့တော့သည်။ အဆက်မပြတ်လောင်မြိုက်နေသော မီးပင်လယ်ပြင်ကျယ်က သူမကို သေးသိမ်သွားသကဲ့သို့ ခံစားရစေသည်။ ဤမြင်ကွင်းက သူမ ဤလောကသို့ စရောက်ရောက်ချင်း တွေ့ကြုံခဲ့ရသည့်မြင်ကွင်း၊ သူမကို ဆီးကြိုနေခဲ့သော မီးပင်လယ်မျိုး ဖြစ်သည်။ 

သို့သော် ထိုစဉ်ကကဲ့သို့သော နာကျင်မှုမျိုး သူမ မခံစားရပေ။ စိတ်ထဲမှာ သက်သောင့်သက်သာနှင့် ရင်းနီးနေသလိုသာ ခံစားရသည်။

ထိုမီးလျံများအားလုံးက ခမ်းစ စမ်းမှ ငါးတို့ ရေတွေ့လိုက်သည့်အလား သူမ ခန္ဓာကိုယ်အတွင်း တိုးဝင်ကြလေသည်။ ထိုမီးလျံတို့က သူမ၏ ကျိုးပျက်သွားသော ဗဟိုချက်၊ အတွင်းအားကြောတို့ကို ပြန်လည် ပြုပြင်ပေးသည်။ အတွင်းဘက်ဆီမှ ရွှေရောင်ဖျော့ဖျော့လင်းတောက်လာသည်ဟု ထင်ရသည်။

အချိန်တို့ ကုန်လွန်သွားသည်။ မည်မျှကြာလိုက်မှန်း သူမလည်း မသိ။ သူမ အတွင်းအားကြောတွင်းရှိ ရွှေရောင်အလင်းထိုးဖောက်ထွက်ကာ သူမ တစ်ကိုယ်လုံးကို အတိုင်းအဆမရှိသော စွမ်းအင်ကြီးက လွှမ်းခြုံသွား သကဲ့သို့ ခံစားမိလေသည်။

ရွှေရောင်ပုလဲတစ်လုံး သူမ အတွင်းအားကြောတွင် ရှိနေပြီး မီးလျံများဝန်းရံထားခံရသည်။ မီးပင်လယ်တွင်းမှ ရွှေရောင်ဆေးလုံးနှင့် တူသည်။ သို့သော် တစ်ခုကို တစ်ခု တွန်းကန်ဆွဲငင်ခြင်းမျိုး မရှိပေ။

'အမြုတေ... ဒါက နတ်အမြုတေအဆင့်ပဲ...!'

……

ရှီရှန်း မျက်လုံးပွင့်လာပြီး သူမ အနား ထိုင်နေသူကို ကြည့်လိုက်သည်။ ရုတ်တရက်၊ သူမ ပြုံးလိုက်ပြီး ကြည်လင်သာယာသော သူမအသံက ငြိမ့်ညောင်းစွာ စီးမြောလာသည်။ "ဖုန်းစီ... အခုကစပြီး... ငါ နင့်ကို အဖော်ပြုပေးမယ်... နင့်အသက်ဆုံးသည့်တိုင်..."

'နင့်အသက်ဆုံးသည့်တိုင်... ငါ ပေးနိုင်တဲ့ ကတိက ဒီပမာဏအတိုင်းအတာပဲ ရှိတယ်...'

ဖုန်းစီ အချိန်အကြာကြီး ငေးကြောင်နေပြီးမှ မျက်တောင် ပုတ်ခတ် ပုတ်ခတ်နှင့် ပြန်အသက်ဝင်လာသည်။ သူ့နှလုံးသားမှာ လှိုင်းထန်နေသည်။ ဤသည်က သူမ သူ့ကို တိကျရေရာသော အဖြေ ပထမဆုံး ပေးခဲ့ခြင်းဖြစ်သည်။

"ကိုယ်လည်း မင်းကို အဖော်ပြုပေးမယ်... ဘယ်လောက်ပဲကြာကြာ..." ဖုန်းစီ အလွန်တည်တံ့သော လေသံနှင့်ဆိုလေသည်။

ရှီရှန်း ပြုံးလိုက်ရာ မျက်ဝန်းများပင် ကွေးမှိတ်သွားသည်။ သူမ ခေါင်းလေးစောင်းကာ မေးလိုက်သည်။ "နင် ငါ့ကို ဘာပေးလိုက်တာလဲ..."

သူမ ကျင့်ကြံအဆင့်များပြန်ရရုံမျှမက နောက်တစ်ဆင့်ပါ တက်သွားလေသည်။ ပြီးတော့. . .

ရှီရှန်း လက်တစ်ဖက်ကို မြောက်လိုက်တော့ မီးတောက်တစ်ခု ပေါ်လာသည်။ သူမ ဖုန်းစီ၏ မီးလျံများကို အသုံးပြုနိုင်သွားလေပြီ။

"အဲ့ဒါ ဘာလဲ ကိုယ်လည်း မသိဘူး..." ဖုန်းစီ မရေမရာ ခေါင်းခါလိုက်သည်။ "ဒါပေမယ့် အဲ့ဒါတော်တော်တော့ အသုံးဝင်တယ်... အခုကစပြီး မင်း ဘယ်သွားသွား... ကိုယ် မင်းကို ရှာတွေ့နိုင်မယ်... ကိုယ်မရှိတုန်း မင်းကို ဘယ်သူမှလည်း ရန်မပြုနိုင်တော့ဘူး..."

ရှီရှန်း သူမ နှလုံးသားနေရာကို ဖိထားလိုက်မိသည်။ ဘာကြောင့်ရယ်တော့ သူမ မသိ၊ သို့သော် ဖုန်းစီ ပေးလိုက်သော ထိုအရာသည် သူမ၏ နှလုံးသားနှင့် ပေါင်းစီးသွားသည်ဟု သူမ ခံစားမိနေသည်။

"ရှောင်ရှု... မင်း ကိုယ့်ကို ထားသွားလို့ မရတော့ဘူးနော်..." ဖုန်းစီ ရှီရှန်းကိုယ်လေးကို ဆွဲယူကာ သူ့ရင်ခွင်မှာ ထားလေသည်။ သူမ ကိုယ်အတွင်း သူ့တစ်စိတ်တစ်ပိုင်း ရှိနေသောကြောင့်လားတော့ မသိ၊ သူ ဒီတစ်ခါ အတင်းအကြပ် အားအင်မသုံးတော့ပေ။ သူမကို သူ့အနားမှာပဲ အမြဲ ရှိနေစေရန် ချုပ်နှောင်ထားမည်ဟု သူ တွေးနေမိသည့် အခါမျိုး ရှိတတ်သည်။ ကံကောင်းစွာနှင့်၊ သူ ထို အတွေးအကြံတို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

ရှီရှန်းလည်း မရုန်းတော့ဘဲ သူ့ကို သူမအား ထွေးပိုက်ထားခွင့် ပြုထားလိုက်သည်။ သူမ နတ်အမြုတေအဆင့်ကို ပေါက်မြောက်သွားပြီ ဖြစ်သော်လည်း အားနည်းနေသေးသည်။ သူမ ရှိရှိသမျှ အားအင်တို့ ကုန်ခမ်းသွားသလို ခံစားနေရသည်။ ဖုန်းစီ သူမကို ကျွေးလိုက်သော ထိုအရာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

___________________________

Author Mo Ling’s note:

Vote ကြပါ ~

"ယူတို့က ပေါက်ကရတွေ သိပ်တွေးတာပဲနော်. . . ╭(╯e╰)╮

ရှောင်ရှန်းရှန်းနဲ့ ဖုန်းစီတို့က ရိုးရိုးသားသားပါနော်. . . အိုကီ...?"

*စလောင်းဖုံးရွက်ကာ ပြေးပြီ*

"ငါ့ကို မရိုက်နဲ့ ... နာရယ်. . . T^T"

Continue Reading

You'll Also Like

40.1K 7.3K 109
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
400K 38.6K 118
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
417K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
316K 7.8K 77
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်