၅၃။ ဇာမဏီ၏ ခွန်းသံသာ (၂)

356 69 0
                                    

ဇာမဏီ၏ ခွန်းသံသာ (၂)
~~~~~~~~~~~~~~~~~~

ယုရှောင်း ချက်ချင်းလိုလို ရောက်လာသည်။ သူ့မျက်နှာထားက ရေခဲတုံးလို အေးစက်နေသော်လည်း စိုးရိမ်မှုများကတော့ သူ့မျက်ဝန်းများတွင် ခိုအောင်းနေသည်။ သူ လင့်ရီရီကို ကျော်၍ ရှီရှန်းနံဘေး ဝင်ထိုင်လိုက်သည်။ "ရှောင်ရှု မင်း နိုးလာပြီပဲ... မသက်သာတဲ့နေရာရှိရင်... ဆရာ့ကို ပြော..."

သူ့အသံက ကျောက်စိမ်းပုတီးလုံးလေးများ ပြေကျသွားသည့်အလား။ အလွန်နားထောင်၍ကောင်းသည်။ သို့သော် သူ့အသံက အနည်းငယ်လည်း တောင့်နေသည်။ သူမကို မည်သည့်လေသံနှင့် ပြောရမည်ကို မသိတော့သည့်အလား။ ယုရှောင်းမှာ အလွန်နုပျိုပြီး ချောမောခံ့ညားသည်။ သူ့မျက်ဝန်းများမှာ ပန်းချီကားထဲမှအတိုင်း အပြစ်ဆိုဖွယ်မရှိ၊ သူ့တစ်ကိုယ်လုံးမှ အခြားသူများအား မချဉ်းကပ်ဝံ့စေသော အအေးဓာတ်တစ်မျိုးကိုလည်း ထုတ်လွှတ်နေသေးသည်။ 'တားမြစ်ထားသည့် မဖြစ်သင့်သည့် တပ်မက်ခြင်းမျိုး' ကိုဖြစ်စေမည့် ဆရာမျိုးဖြစ်သည်။

'ရှန်းရှုက သောက်ပိန်းလား...! Fuck... ဒီလောက်ချောတဲ့ ဆရာကို ပစ်ထားပြီး ချူရယ့်ဆိုလာ ဘာလားကောင်ကို သွားကြိုက်ရသလား... ဒါ ဒီလောက်ပြီးပြည့်စုံနေတဲ့သူကို အပြစ်မရှိ အပြစ်ရှာတာနဲ့ မတူဘူးလား...!'

ရှီရှန်း အကြည့်လွှဲလိုက်ကာ ခေါင်းအသာခါလိုက်သည်။ "တပည့် မသက်မသာ မခံစားရပါဘူး..."

"ဒါဆို ကောင်းတာပဲ..." ယုရှောင်းကတော့ ခံစားချက်မဲ့သည့် မျက်နှာထားကို ထိန်းထားသည်။ "ဒီတစ်ခေါက် မင်း သင်ခန်းစာရသွားပြီလို့ ဆရာ မျှော်လင့်တယ်... နောက်ဆို အဲ့ဒီ့ယဲ့ချင်းချိုးကို သွား မနှောင့်ယှက်နဲ့တော့..."

'ဗီလိန်တစ်ယောက်ဖြစ်နေမှတော့... ငါ သူ့ကို ရှောင်နိုင်မယ် ထင်လား...!'

"တပည့် နားလည်ပါပြီ..." တကယ်တော့ သူမ ယဲ့ချင်းချိုးကို ပြဿနာသွားရှာမည်ဆိုလျင်တောင် ယုရှောင်းကို ပြောပြ၍ မရပေ။ ပုံမှန် ကလန်ကဆန်လုပ်တတ်သော တပည့်ထံမှ ရိုသေနာခံစွာ ပြန်ပြောပုံကို ကြားရသောအခါ ယုရှောင်းမျက်ဝန်းထဲ အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာလေသည်။ သို့သော် သူမ အမှန်တကယ် သင်ခန်းစာရသွား၍ ဟုသာ သူ မှတ်ယူလိုက်သည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now