၁၀။ ရွှေပေါ်မြတင် (၁၀)

466 89 0
                                    

ရွှေပေါ်မြတင် (၁၀)
~~~~~~~~~~~~~~

ရွှီချန်းယွဲ့သည် ယခုပညာသင်နှစ်တွင် စီးပွားရေးဘာသာမေဂျာ ဆည်းပူး လေ့လာသင်ယူနေခဲ့သည်။ သူမက ရွှီမိသားစု၏ တစ်ဦးတည်းသော သမီးဖြစ်သည်မို့ မိဘပိုင် ကုမ္ပဏီ၏ ရှယ်ယာအားလုံး သူမတစ်ဦးတည်း အမွေဆက်ခံရမှာဖြစ်၏။ ထို့ကြောင့် ဤစီးပွားရေးမေဂျာကို အထူးပြုယူထားရန် လိုအပ်နေသည်။

ဖခင်၏ ပါရမီဉာဏ်ကိုပဲ အမွေဆက်ခံရခြင်းလားမသိ။ ရွှီချန်းယွဲ့သည် နန်ကုန်းကျင်းနောက်သို့ တကောက်ကောက် လိုက်နေခဲ့သည့်တိုင် အဆင့်မကျသွားခဲ့ပေ။

ကျောင်းစဖွင့်ချိန်ဖြစ်သောကြောင့် အတန်းချိန်ကလည်း သိပ်မများ။ ထို့ကြောင့် ရှီရှန်း အိမ်ခန်းငှားဖို့ စုံစမ်းနေတော့သည်။ မည်သို့ပင်ဆိုစေ၊ ကျောင်းအနီးအနားရှိ တိုက်ခန်းအိမ်ရာ အားလုံးက အိမ်ငှားပြည့်နေပြီဖြစ်သည်။ အရမ်းဝေးသည့် နေရာငှားရမည်ဆိုလျှင်တော့ အိမ်ကနေ ကျောင်းတက်ရသည်နှင့် ဘာမှမထူးတော့။ သင့်တော်သည့် ဆုံးဖြတ်ချက်တစ်ခု မချဖြစ်သေး၍ ရှီရှန်းသည် လောလောဆယ်၌ အိမ်ခန်းငှားမည့်အကြံကို နောက်ရွှေ့ထားလိုက်လေသည်။

နောက်ပိုင်း အချိန်တွေပို အားယားနေသည့် ရှီရှန်းတစ်ယောက် စာအုပ်တွေသာ အချိန်ရှိသရွေ့ နေ့တိုင်းဖတ်နေတော့လေသည်။ သူမကို သိသူများကတော့ ရွှီချန်းယွဲ့သည် နန်ကုန်းကျင်းနှင့် စေ့စပ်ကြောင်းလမ်းမှု ပျက်သွားသောကြောင့် စိတ်ထွက်ပေါက်အနေဖြင့် စာကိုသာ သည်းကြီးမည်းကြီး လေ့လာနေတော့သည်ဟု ထင်ကြကုန်တော့သည်။

စင်စစ် တကယ်တမ်း လက်တွေ့မှာ၊ ရှီရှန်းသည် Gay အပြာစာအုပ်များဖတ်နေခြင်းသာဖြစ်၏။ သူမ ထိုသို့ စာအုပ်စာပေ လူ့မိတ်ဆွေ လုပ်နေသည့် ကိစ္စကိုတော့ သူမကိုယ်တိုင်ကလွဲ၍ မည်သူမျှ မသိနိုင်။

ထို့နေ့ညဖြစ်ပျက်မှုအပြီး ရှနင်းနှင့် အန်အန်းတို့သည် ရှီရှန်းကို ပို၍ပင် ရှောင်လာကြလေသည်။ စုယိယိ၏ စနက်ကြောင့်( တမင်ဖြစ်စေ၊ မရည်ရွယ်၍ပဲ ဖြစ်စေ) သူမတို့ အမြင်၌ ရှီရှန်းက သိုက်တူးသမား မယားငယ်ခြူဆီအဖြစ် ပြောင်းလဲသွားရလေ၏။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now