၁၁၅။ ဧကရီအနက်ရောင် (၂၉)

294 62 0
                                    

ဧကရီအနက်ရောင် (၂၉)
~~~~~~~~~~~~~~~~~

ဇွန်ဘီကလေးလေးက သူ့ကို တိုက်ခိုက်နေသည့် အခြားသူတို့ကို လုံးဝ လျစ်လျူရှုကာ သူမအပေါ်၌သာ အားစိုက်ထုတ်လေ၏။ ထိုပုံစံက သူ တစ်ခုခုကို ခိုးချင်နေသည့် ပုံစံကဲ့သို့ ဖြစ်နေသည်။

'ငါသိသားပဲ။ ဒီအစွမ်းက ပြဿနာကလွဲပြီး ဘာမှမဟုတ်ဘူးဆိုတာ'

ရှီရှန်း၏ဓားကနေ လေကိုခွင်းလိုက်သည့် အသံ ထွက်နေပြီး ဇွန်ဘီ ကလေးလေးကို ကြည့်နေသည့် သူမအကြည့်တို့ စူးရှသွား၏။ သူမ သူ့ကို အပြီးသတ်အနိုင်​ယူလိုက်နိုင်သည့်အချိန်၌ ရှီရှန်း၏ လက် ကြေမွသွားသလို ခံစားလိုက်ရသည်။

အကယ်၍ အဆင့်ခုနစ် ရှိသည့် ဇွန်ဘီ နှစ်ကောင်နှင့်သာ တွေ့လိုက်ရရင် သူမ သဲအိတ် အဖြစ်ခံလိုက်ရန်ကိုသာ ရွေးချယ်ရလိမ့်မည်ကို ရှီရှန်း ခံစားလိုက်ရသည်။ ရှောင်ဝူက ဇွန်ဘီ ကလေးလေး၏ စွမ်းအင် အမြုတေကို ဆွဲထုတ်လိုက်ပြီး ရှီရှန်းဆီ လှမ်းပေးလိုက်၏။ သူမ အဆင့်ခြောက်ရှိသည့် စွမ်းအင် အမြုတေကို အရင်က မတွေ့ဖူးသော်ငြား သူမ အဆင့်ငါးကိုတွေ့ဖူးသည်။ အရောင်သည် အဆင့်လေးထက် ပိုတောက်ပလေသည်။

သို့ပေမဲ့ အဆင့်ခုနစ် စွမ်းအင် အမြုတေသည် တစ်ဝက်က ကြည်နေသည်၊ သူ့အရောင်က အရမ်းပါးလွှာပြီး ကျဲကျဲလေး ဖြစ်နေသည်။ သူမ အဲဒါကို စုပ်ယူနိုင်သော်လည်း သူမအတွက် အသုံးမဝင်ချေ။ သူမအစွမ်းနှင့်သာဆို ထိုအမြုတေ ပိုအဆင့်မြှင့်ရန် ၎င်းကို မကြာခဏ သုံးပေးရမည်ဖြစ်သည်။

သူမ ခေတ္တခဏ တွေးလိုက်ပြီးနောက် ကျားဖြူလေးကို ပေးလိုက်လေသည်။ ရှောင်ဝူ၌ သူမအစွမ်း ရှိနေပြီ ဖြစ်တာကြောင့် သူ ဒီအမြုတေကို မလိုအပ်တော့ပေ။

"မြောင်" 'သခင်က အကောင်းဆုံးပဲ'

ကျားဖြူက ရှီရှန်း၏ လည်ပင်းကို ပွတ်သီးပွတ်သပ် လုပ်လေသည်။ ရှီရှန်း သူ့ကို ဆွဲချလိုက်ပြီး သူမဘေးနား၌ ရပ်နေသည့် ရှောင်ဝူဆီ ပစ်ပေးလိုက်သည်။ ရှောင်ဝူ သေချာ မဖမ်းလိုက်နိုင်ဘဲ အမြှီးကိုသာ ဖမ်းလိုက်နိုင်တာကြောင့် ကျားဖြူ အော်လိုက်ကာ ရှောင်ဝူကို လက်သည်းဖြင့် ကုတ်လေသည်။ ထို့နောက် ကြောင်အော်သံနှင့် ဇွန်ဘီတို့၏ မာန်ဖီသံတို့ဖြင့် ဆူနေတော့သည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now