၄၃။ ကြယ်​တစ်​ပွင့်​၏ ဇာတ်​ကြောင်း (၂၃)

334 72 1
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၂၃)

~~~~~~~~~~~~~~~~~~~~~~~~~

ရှီမော့ သေချာ ဂဃဂဏနပင် မစုံစမ်းရသေး။ အစောပိုင်းက သတင်းအချက်အလက်များ ထုတ်ဖော်ခဲ့သည့် စတူဒီယိုမှ သတင်းများ ထပ်ထွက်လာလေသည်။ ဒီတစ်ခါမှာတော့ ရိုက်ကွင်းထဲမှာ ရှရွှမ်း မောက်မာနေပုံ၊ ရုပ်ရှင်အဖွဲ့သားများကို အနိုင်ကျင့်နေပုံ သက်သေများ ဖြစ်သည်။ ဓာတ်ပုံများသာမက ဗီဒီယို သက်သေများလည်း ပါရှိနေသည်။

ဗီဒီယိုတွေထဲမှ ရှရွှမ်းမှာ ပရိသတ်ထုအပေါ် ချပြထားသော ရှရွှမ်း၏ သရုပ်အမူအရာနှင့် လုံးဝခြားနားနေလေသည်။ အရင်တစ်ခေါက်က ထွက်ထားသည့် ဓာတ်ပုံများက ရှေ့ဆောင်ဖြစ်နေတော့ ဤအဖြစ်ကို လူထုက အလွယ်တကူ လျင်မြန်စွာ လက်ခံသွားနိုင်ခဲ့၏။ သို့တိုင်အောင် ရှရွှမ်းကို အင်တာနက်ပေါ်၌ ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆထက်တိုး၍ ပွားလာခဲ့ပြန်သည်။

ရှရွှမ်း ထိပ်တန်း မင်းသမီးတစ်လက်ဖြစ်နေစဉ်က ကြောက်ရသဖြင့် ပြန်လှန်ခုခံ မဝံ့ရဲဘဲ ငြိမ်ခံနေခဲ့ရသော အခြား သရုပ်ဆောင်များသည် ယခုအခြေအနေအပေါ် အခွင့်ကောင်းယူလျက် အကောင့်တုတပ်ဖွဲ့များ သုံးကာ မီးလောင်ရာ လေပင့်လာကြတော့သည်။ ရှရွှမ်း ပလ္လင်စင်မြင့်ထက်မှ နန်းမကျမချင်း ရပ်မည့်ပုံမပေါ်။

"ဥက္ကဋ္ဌရှီ အဲဒီစတူဒီယိုမှာ လူတစ်ယောက်ပဲ ရှိပါတယ်၊ တခြား ကြံရာပါရှိတယ်ဆိုတဲ့ သဲလွန်စတော့ မတွေ့ရဘူး"

ရှီမော့၏ အတွင်းရေးမှူးက မိမိသူဌေးအား အထိတ်ထိတ်အလန့်လန့်နှင့် တုန်လှုပ်စွာ ကြည့်နေမိလိုက်သည်။

"IP address ကို ခြေရာခံကြည့်"

"...ရှာလို့ မရခဲ့ပါဘူး" အတွင်းရေးမှူးမှာ ခြေမခိုင်တော့၊ စကားပြောသည့် လေသံပင်လျှင် မဖြောင့်ဖြူးနိုင်တော့ပေ။

"မရှာနိုင်ဘူးလား" ရှီမော့အသံသည်လည်း ပိုမြင့်လာသည်။

"ဒါလေးတောင် ဘာလို့ မစုံစမ်းနိုင်တာလဲ၊ မင်းတို့ မလုပ်နိုင်ရင်လဲ လုပ်နိုင်မဲ့သူကို ရှာလေ၊ ဒီလောက်ရိုးရှင်းတဲ့ ကိစ္စကိုပါ လိုက်သင်ပေးနေရဦးမှာလား"

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now