၁၂၄ ။ ဆေးမှန်မှန်သောက် (၅)

285 54 0
                                    

ဆေးမှန်မှန်သောက် (၅)
~~~~~~~~~~~~~~

"နင့်ကို ဘာလို့ကူရှင်းပြသင့်တာလဲ" ရှီရှန်းက ခေါင်းလေးစောင်းရင်း မေးလိုက်​၏၊ မျက်နှာပေါ်တွင်တော့ အလွန်အမင်းအေးစက်သည့်အမူအရာဖြစ်နေသည်။

ကျိရှောင်ယွီမျက်နှာ ဖြူဖျော့သွားတော့သည်။ သူမက နောက်ပြန်ဆုတ်ပြီး ခန္ဓာကိုယ်က သတိပေးမှုကြောင့် တုန်ရီနေသည်။ 'သူက ဒီနောက်ကွယ်က လူကို၊ ငါ့ကိုဘယ်လိုလုပ်ကူညီမှာလဲ၊ ငါ သူ့ကို အကလေ့ကျင့်ခန်းတုန်းက နည်းနည်းလေးပဲ နှောင့်ယှက်မိတာပါ၊ သူကတော့ ငါ့ကိုဒီလိုမျိုး ပြန်တုံ့ပြန်ခဲ့တယ်ပေါ့...၊ ထင်တဲ့အတိုင်းပဲ လူချမ်းသာ သားသမီးတွေ အကုန်ဆိုးရွားတဲ့သူကြီးပဲ၊ သူတို့နှလုံးသားတွေအကုန်လုံးက တောက်ပတဲ့ အပေါ်ယံ အသွင်အောက်မှာ လိန်​ရှုံ့နေကြတာ...!'

"ကျစ်၊ နင့်မျက်နှာက ဘာလို့အဲလောက်တောင် အရေထူရတာလဲ၊ ကျိရှောင်ယွီ ပထမဆုံး နင် ပေရှောက်ကို မြူစွယ်ခဲ့တယ်၊ အခုကျ သူ့ညီမကိုကပ်နေပြန်ပြီ၊ နင့်ရဲ့ဆိုးယုတ်တဲ့ အဲအတွေးတွေကို သူ မသိဘူးများ တကယ်ထင်နေတာလား"

ကျိရှောင်ယွီက ထိုမိန်းကလေးကို ရက်စက်သောအသွင်ဖြင့် လှည့်ကြည့်လိုက်သည်။ မျက်နှာပေါ် မျက်ရည်စီးကြောင်းနှစ်ကြောင်းနှင့် ထိုအမူအရာက အတော်လေးကြောက်ရွံ့စရာကောင်းသော ပုံရိပ်ဖြစ်နေသည်။

ထိုမိန်းကလေးမှာ ကြောင်အသွားသော်ငြား အသိဝင်လာပြီးနောက် အော်လိုက်သည်။ "ကျိရှောင်ယွီ၊ နင်ဘာကို စိုက်ကြည့်နေတာလဲ...!"

ကျိရှောင်ယွီသည် ဒေါသပေါက်ကွဲထွက်သွားသည့်ဟန် ထိုမိန်းကလေးဆီ ဆတ်ခနဲ ပစ်ထိုးလိုက်တော့သည်။ "နင်ပဲ လူတွေကိုမြူစွယ်တာ...! ငါ ပေရှောက်ကို မမြူစွယ်ခဲ့ပါဘူး...!" နှစ်ယောက်သားမှာ အချင်းချင်း ပါးရိုက်နားရိုက်ရန်ဖြစ်ကုန်ပြီး ဘေးကကြည့်နေသူများ အတော်လေးအားထုတ်လိုက်မှ ခွဲနိုင်သွားသည်။ ရှီရှန်းက ဇာတ်လိုက် စင်ပေါ်ရောက်လာ၍ ရန်ဖြစ်တာအဆုံးသတ်သွားတာကို ကြည့်နေသည်။

ပေကျယ်က အဝေးကနေလှမ်းကြည့်နေသည်။ သူသည်​ အစကတော့ရောက်လာဖို့ရန် စိတ်မကူးထားသည့်ပုံပေ။ မူလက သူ လှည့်ထွက်သွားရန် စဉ်းစားထားသော်ငြား နောက်တစ်ခဏတွင် တစ်စုံတစ်ရာကိုတွေးမိသွားပုံပေါ်ပြီး ကျိရှောင်ယွီအား ရင်ခွင်ထဲထည့်လိုက်သည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now