၇၁။ ဇာမဏီ၏ ခွန်းသံသာ (၂၀)

274 65 1
                                    

ဇာမဏီ၏ ခွန်းသံသာ (၂၀)
~~~~~~~~~~~~~~~~~~~

တောထဲတောင်ထဲ၌ အချိန်တွေ မည်သို့ကုန်လွန်နေမှန်း မသိတော့တာက အဖြစ်တတ်ဆုံး။ ဘယ်နှရက် ဘယ်နှညရှိပြီရယ်လို့ မှတ်ထား ရေတွက်ထားခြင်း မရှိနိုင်တော့။ ရှီရှန်း ထာဝရရှင်သန်သူအဆင့်ရောက်သည်အထိ ရှီရှန်းနှင့် ဖုန်းစီတို့လည်း ချောက်ကမ်းပါးအောက်ခြေမှာပဲ နေခဲ့ကြသည်။ ထိုမီးလျံများကြောင့် ရှီရှန်း ကျင့်ကြံရာမှာ ခဲယဉ်းကြပ်တည်းမှုများပင် မတွေ့ကြုံရတော့။ ထာဝရှင်သန်သူအဆင့်ရောက်ပြီးလျင် ကောင်းကင်တက်သည့်အဆင့်ဖြစ်သည်။ သို့သော် သည်အဆင့်ကတော့ ကံကြမ္မာပေါ်မှာသာ မူတည်လေသည်။  

ထာဝရရှင်သန်သူအဆင့်ရောက်ပြီးနောက်ပိုင်း နောက်ထပ်အဆင့်ထပ်တက်တာမျိုးတွေ ရှိတော့မှာမဟုတ်ဘဲ၊ ကောင်းကင်ဘုံတက်ဖို့ မိုးကြိုးစမ်းသပ်ချိန်ကျတော့မှသာ ကောင်းကင်တက်ရန်အဆင့်ကို ကျော်ဖြတ်ရတော့မည်မှန်း သိကြရသည်ဖြစ်သည်။

တချို့ တချို့ဆို ကောင်းကင်တက်မိုးကြိုးစမ်းသပ်သည့်အဆင့်ကို နှစ်ရာချီ ထောင်ချီတိုင်အောင် မခံစားရသေးသည်များ ရှိသည်။

ကောင်းကင်တက်တာကို အတင်းတွန်းအားပေးကြံဖန်လို့မရသဖြင့် ရှီရှန်းလည်း လက်လျော့ကာ ဖုန်းစီနှင့်အတူတူ နှစ်ပေါင်းများစွာနေခဲ့သည့် ချောက်ကမ်းပါးကို စွန့်ခွာလာခဲ့တော့သည်။ အပြင်ဘက်မှာတော့ တစပြင်ကြီး။

ရှီရှန်း နှစ်ပေါင်းများစွာ မခေါ်ထုတ်ဖြစ်ခဲ့တဲ့ ပူတင်းကို ခေါ်ထုတ်လိုက်သည်။ ပူတင်းကတော့ မကျေမနပ်နှာမှုတ်လိုက်သည်။ သို့သော် ဖုန်းစီ သူ့ကို မျက်စောင်းထိုးလိုက်သည်နှင့် အရွယ်ကို ကြီးပေးလိုက်တော့သည်။

ဖုန်းစီက ရှီရှန်းကို ပူတင်းကျောပေါ် ပွေ့တင်ပေးလိုက်သည်။ သူမကို ပြန်လွှတ်ပေးဖို့တော့ အစီအစဉ် မရှိပုံဘဲ။ သူ ထိုချောက်ကမ်းပါးအောက်မှာ ရှီရှန်းနှင့် တစ်ချိန်လုံး အတူရှိနေခဲ့သည်ဆိုသော်လည်း ထိုအတူရှိနေချိန်၏ ၉၉ % မှာ ရှီရှန်းက ကျင့်ကြံနေလို့ သူ သူမကို ငေးကြည့်ရုံသာကြည့်နေခဲ့ရသည်။ တခြားအချိန်မှာတော့ အနီးအနားရောက်လာသည့် သတ္တဝါဆိုးများကို သူ နှိမ်နင်းပေးနေခဲ့ရခြင်းဖြစ်သည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Where stories live. Discover now