ဧကရီ အနက်ရောင် (၂၄)
~~~~~~~~~~~~~~အမှောင်ထုက မိုးကုတ်စက်ဝန်းဆီမှ အလျင်အမြန်ချည်းကပ်လာလေ၏။ သိပ်မကြာခင်ပင် လှုပ်ရှားနေသောအရာများက ဘာလဲဆိုတာ သိသွားကုန်ကြသည်။
ဇွန်ဘီများ!
ဇွန်ဘီအလုံးအရင်း ဝင်ရောက်တိုက်ခိုင်းခြင်း...!
အဆင့် ၁ ကာကွယ်ရေးသတိပေးသံက စခန်းတစ်လျှောက်မြည်လာသည်။ ကုနန်အတွက် ဂိတ်ဖွင့်ရန်ပြင်နေကြသည့်လူတွေမှာ မလုပ်ရဲတော့ပေ။ ဒုတိယနှင့် တတိယ နံရံအတွက်သံမဏိဂိတ်များလည်း ပိတ်ကုန်သည်။
ဇွန်ဘီများ သူတို့လမ်းဆီ ရောက်လာတာမြင်တော့လုံခြုံရေးစခန်းအပြင်တွင် တန်းစီနေသည့်လူများမှာ ချက်ချင်းဆိုသလို တံခါးကို တဒုန်းဒုန်းထုကြတော့သည်။ နှေးကွေးနေသည့် အလုပ်သမားများမှာ ဒေါသထွက်နေကြသောလူစုလူဝေးကြီး အထဲဝင်ရန်အတွက် ဓားစာခံအဖြစ် လုပ်ခြင်းခံလိုက်ရသည်။ သို့သော်လည်း လုံခြုံရေးစခန်းမှာ အလုပ်သမားအနည်းငယ်အတွက်နှင့် တံခါးဖွင့်ပေးမည်မဟုတ်ပေ။
တကယ်တော့ ဟိုးအထဲရှိတံခါးများမှာလည်း စနစ်ကျစွာ ပိတ်နေပြီဖြစ်သည်။ ရှီရှန်းမှာ တတိယနှင့်စတုတ္ထဂိတ်ကြား ညပ်နေသည်။ ဂိတ်၂ ခုကြားမှအကွာအဝေးမှာ သိပ်မကျယ်ပေ။ အလွန်ဆုံးရှိမှ မီတာ၅၀ ဖြစ်၏။ လုံခြုံရေးစခန်းထဲ ပြန်ဆုတ်ဖို့အချိန်မမီလိုက်သည့်လူများလည်းရှိနေကာ အခုအကုန်ပိတ်မိနေကြတော့သည်။
သို့သော်ငြား သူတို့က အပြင်လူတွေလောက် သွေးမပျက်ပေ။ မည်သို့ပင်ဖြစ်စေ၊ ဤသည်မှာက တတိယဂိတ်နောက်ဖြစ်၍ အပြင်ကသူများထက်တော့ အများကြီး လုံခြုံသည်။
ချန်းရှင်း၏အုပ်စုမှာ စတုတ္ထဂိတ်တွင်ပိတ်မိနေသည်။ သူ့ကို မကြာခင်လာခေါ်သွားကြ၏။ ကုနန်အပေါ် စောင့်ကြည့်ရန် သူက လူတစ်ချို့ထားခဲ့သေးသည်။
![](https://img.wattpad.com/cover/270368087-288-k392495.jpg)
CITEȘTI
Boss အဆိပ်မပြင်းလွန်းနဲ့...! [Zawgyi]
DragosteSide Charecter Transmigration: Final Boss is no Joke ကို ဘာသာပြန်ထားတာပါ။ Zawgyi Ver. ပါ။ Unicode Ver. က သက်သက်ရှိပါတယ်