ဧကရီ အနက်ရောင် (၃၂)
~~~~~~~~~~~~~~~~~~~ရှီရှန်း ဘေးက ဇွန်ဘီတော်တော်များများ သူတို့ လူအဖြစ်တုန်းက မှတ်ဉာဏ်တွေ ပြန်ရကုန်ကြပြီ။ သူတို့၏ အပြင်ပန်း သွင်ပြင်ကတော့ ပုံမှန် လူသားတစ်ယောက်နှင့် မတူသေးသည့် နေရာများရှိနေသော်လည်း နောက်ထပ် အဆင့်များ မြင့်တက်လာလျှင်တော့ အကောင်းပကတိလူပုံစံအတိုင်း ပြန်ဖြစ်တော့မည် ဖြစ်၏။
သူတို့၏ လူ့ဘဝ မှတ်ဉာဏ်များ ပြန်ရလာကတည်းက ထိုဇွန်ဘီများသည် စုတ်ပြဲညစ်ပေနေသော အဝတ်အစားများ မဝတ်ကြတော့။ သန့်ရှင်းသပ်ရပ်သော အဝတ်အစားများ ပြောင်းလဲဝတ်ကြတော့လေသည်။
မှတ်ဉာဏ် ခပ်စောစောပြန်ရကြသော ဇွန်ဘီများမှာ အစကတည်းက အဆင့်ပိုမြင့်နေကြသူများဖြစ်၏။ ထိုဇွန်ဘီများသည် ချင်းယွီတို့ သုံးယောက်အဖွဲ့၏ ညွှန်ကြား အုပ်ချုပ် ခန့်ခွဲ့မှုအောက်တွင် ရှိကြပြီး တရားဝင် အမာခံ အဖွဲ့ဝင်များ ဖြစ်လာကြသော အဦးဆုံး ဇွန်ဘီများဆိုလျှင်လည်း မမှား။
လောလောဆယ်၌ သူတို့မှာ ရေအရင်းအမြစ်ပြန်လည်ရရှိရေးနှင့် လျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ် သုံးစွဲနိုင်ရေးတို့အတွက် အပတ်တကုတ် ကြိုးစားနေကြလေသည်။ အစည်းအဝေးခန်းမှာ တစ်နေကုန် အလစ်အလပ်မရှိ၊ လူပြည့်နေခဲ့တော့သည်။
ရှီရှန်း ချန်လီကို အစည်းအဝေးခန်းဘက်ဆီခေါ်လာတော့ ချင်းယွီတို့ အစည်းအဝေး အဆုံးသတ်ပြီးကာစ ဖြစ်လေသည်။ မူလက ကြည့်ကောင်း ခံ့ညားသော လူငယ်၏ သွင်ပြင်မှာ ယခုတော့ ဖရိုဖရဲဖြစ်နေသည်။ ရက်ပေါင်းများစွာ အိပ်ရေးပျက်ထားဟန် ရှိနေ၏။
"Boss, အရှင်..." ရှီရှန်းကို တွေ့သောအခါ ချင်းယွီ အံ့အားသင့်သွားခဲ့လေသည်။ "ဘယ်တုန်းက ရောက်လာတာလဲ Boss... လုပ်နေတဲ့ ကိစ္စ ပြီးသွားပြီလား"
ရှီရှန်း သူတို့အားလုံးကို ခြုံ၍ ကြည့်လိုက်သည်။ "အင်း၊ ပြီးသလောက်ပဲ... ဒီမှာရော အခြေအနေ ဘယ်လိုလဲ"
YOU ARE READING
Boss အဆိပ်မပြင်းလွန်းနဲ့...! [Zawgyi]
RomanceSide Charecter Transmigration: Final Boss is no Joke ကို ဘာသာပြန်ထားတာပါ။ Zawgyi Ver. ပါ။ Unicode Ver. က သက်သက်ရှိပါတယ်